ကဲ ကျွန်တော့မှာ နည်းပညာနဲ့ မျက်လှည့် နောက်ခံအကြောင်းတစ်ခုရှိတယ်။ မျက်လှည့်ပညာရှင်တွေဟာ စိတ်ဝင်စားရာပါ။ သူတို့ရဲ့ လှည့်စားမှုတွေဟာ နည်းပညာက မဖြစ်မြောက်နိုင်တာကို လုပ်တယ်။ ဒါပေမဲ့ ယနေ့ နည်းပညာဟာ ပဉ္စလက်နီးနီး ဖြစ်နေပုံရတဲ့အခါ ဘာဖြစ်သွားလဲ။ ဒါကို သင်လုပ်နိုင်တယ်ဆိုရင် ဘာဖြစ်သွားလဲ။ (ဂီတသံ) ကဲ လွန်ခဲ့တဲ့ နှစ် ၁၀၀ က ဒါဟာ စျာန်ကြွခြင်းရဲ့ ပဉ္စလက်ဆိုပြီး ဖြစ်ခဲ့လိမ့်မယ်။ အရာတိုင်းကို ဖြစ်စေနိုင်တဲ့ နည်းပညာရှိတဲ့ ကမ္ဘာတစ်ခုထဲမှာ စိတ်လှည့်စားမှုတွေကို ဖန်တီးဖို့ ဖြစ်နိုင်လို့လား။ ခုန်လိုက်ပါဦး။ ကဲ ဒီလှည့်ကွက် လုပ်ပုံကို သိတယ်ဆိုရင် စိတ်လှည့်စားမှုက ဘယ်မှာလဲ။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ စိတ်ကူးစိတ်သန်းက တွေးခေါ်မြှော်မြင်မှုထက် ပိုအစွမ်းရှိပြီး ပင်ကိုယ်လအရည်အသွေးဟာ စက်တွေကြောင့်လို့ အလွယ်မှတ်ယူကြတယ်။ ဒလက် လေးခုပါတဲ့ မောင်းသူမဲ့ယာဉ်တွေပါ။ ဒါပေမဲ့ ဒါတွေဟာ စက်တပ် ပျံနေတဲ့ စက်တွေထက် သာပါတယ်။ သူတိုပတ်လည်က ပတ်ဝန်းကျင်ကို စိစစ်ပိုင်းခြားပြီး ကျွန်တော် လုပ်သမျှကို တုံ့ပြန်ကြတယ်။ ချက်ချင်း အယ်လ်ဂိုရစ်သမ်တွေက ဒီလွတ်လပ်တဲ့ စက်တွေကို နီးစပ်တဲ့ပုံစံမှာ ပျံခွင့်ပေးတယ် အချင်းချင်း သတိပြုမိပြီး ကျွန်တော့ကို သတိပြုမိစေကာ ပင်ကိုယ် အရည်အသွေးအတွက် ဉာဏ်ရည်၊ ဉာဏ်ရည်နဲ့ မှားနိုင်တဲ့ သင်္ချာ၊ ပင်ကိုယ် အရည်အသွေးနဲ့ မှားနိုင်တဲ့ ဉာဏ်ရည်ပါ။ လူသဏ္ဌာန်သွင်းခြင်း၊ ဒါ စိတ်လှည့်စားမှုပါ။ ဉာဏ်ရည်ရှိတဲ စက်ရုပ်ပျံတွေ အသက်ရှိတယ်ထင်ရတဲ့ စက်တစ်ခု ဖြစ်လာဖို့ နည်းပညာက ဖန်တီးပြီး စိတ်ကူ၊ကနေ ကွန့်ထားတဲ့ စိတ်လှည့်စားမှုပါ။ (ဂီတက "Close Encounters of the Third Kind" ကို တီးခတ်သည်း) (မောင်းသူမဲ့ယာဉ်မျာက အသံများလုပ်သည်) "Hello" လို့ ပြောကြတာ ထင်တယ်။ ဟေး ကိုယ့်လူတို့၊ လုပ်ကြဦး။ ဆင်းသက်ဖို့ အချိန်ရောက်ပြီး။ ဒါပါပဲဗျာ။ ကျေးဇူးတင်ပါတယ်။ (လက်ခုပ်သံများ) ကိုယ့်လူတို့၊ အိမ်ပြန်ချိန် ရောက်ပြီ။ အားလုံး ဒီမှာပါ။ အားလုံး လုပ်ကြပါ၊ မြန်မြန်၊ မြန်မြန်။ မတွန်းကြပါနဲ့၊ အကုန် ဆံ့ပါတယ်။ ကဲ သွားတော့ ဘယ်ဘက်ကို နည်းနည်း၊ ညာဘက်ကို နည်းနည်း။ လာကြပါ၊ အကုန်လုံး၊ အကုန်လုံးနော်။ တော်လိုက်ကြတာ။ (အားပေးသံများ) ကျေးဇူးတင်ပါတယ်။ (လက်ခုပ်သံများ) ကျေးဇူးတင်ပါတယ်။ (လက်ခုပ်သံများ)