ကျွန်တော့နေ့တွေဟာ ခင်ဗျာတို့နေ့တွေလိုပဲ စတင်ပါတယ်။ (ရယ်သံများ) ကျွန်တော် မနက်နိုးတဲ့အခါ ဖုန်းကို စစ်ဆေးတယ်၊ ပြီးတော့ ကော်ဖီတစ်ခွက်သောက်တယ်။ ဒါပေမဲ့ ဒီနောက်မှာ ကျွန်တော့နေ့ အစစ်အမှန်စတယ်။ ခင်ဗျားတို့နေ့တွေနဲ့ မတူလောက်တာက ကျွန်တော်က အနုပညာလက်ရာအဖြစ်ဘနေထိုင်လို့ပါ။ ကိုယ့်ကိုယ်ကို ဘဝမှာ မြင်ဖူးတဲ့ လှပတဲ့အရာတွေနဲ့ ရတနာသေတ္တာကြီးထဲမှာလို့ စိတ်ကူးကြည့်ပါ။ ဒီနောက် သင့်ခန္ဓာကိုယ်ကို ပတ္တူစတစ်စလို့ စိတ်ကူးကြည့်ပါ။ ဒီပတ္တူစပေါ်မှာ သင့်ရတနာသေတ္တာကြီးထဲမှာရှိတဲ့ ပစ္စည်းတွေကို သုံးရင်း လက်ရာမွန်တစ်ခုကို ဖန်တီးဖို့ သင့်မှာ တာဝန်ရှိတယ်ပေါ့။ သင့်လက်ရာမွန်ကို ဖန်တီးပြီးတာနဲ့ တွေးမိလောက်တာက "ဝိုး၊ ငါ ဖန်တီးတာကွ၊ ဒါက ဒီနေ့ငါပဲကွ"လို့ပေါ့။ ဒီနောက် အိမ်သော့တွေကို ကောက်ပြီး တံခါးကနေ လက်တွေ့လောကထဲကို ထွက်လိုက်တယ်၊ အများသုံးယာဉ်စီးပြီး မြို့လည်ခေါင်ကိုဖြစ်နိုင်တာပေါ့။ ဖြစ်နိုင်တာက လမ်းတွေပေါ်လျှောက်တာ၊ (သို့) စျေးဝယ်ထွက်တာပေါ့။ ဒါက ကျွန်တော့ဘဝပါ၊ နေ့တိုင်းပါ။ တံခါးကနေ ထွက်လိုက်တဲ့အခါ ဒီအနုပညာလက်ရာတွေဟာ ကျွန်တော်ပါ။ ကျွန်တော်က အနုပညာပါ။ ကျွန်တော့ရဲ့ လူကြီးဘဝတစ်ခုလုံး အနုပညာအဖြစ် နေထိုင်ခဲ့တယ်။ အနုပညာတစ်ခုအဖြစ် နေထိုင်ခြင်းဟာ ကျွန်တော် ဖြစ်လာပုံပါ။ ကျွန်တော်ညက အင်္ဂလန် မှာရှိတဲ့ Fillongley ဆိုတဲ့ရွာလေးတစ်ရွာမှာ ကြီးပြင်းခဲ့ပြီး Domesday Book ထဲမှာ နောက်ဆုံး ဖေါ်ပြခံရတာဆိုတော့ စိတ်သဘောထား တစ်ခုဖြစ်ခဲ့တာပေါ့။ (ရယ်သံများ) ကျွန်တော့ကို အဖိုးအဖွားတွေက ပျိုးထောင်ခဲ့ပြီး ရှေးဟောင်းပစ္စည်း ရောင်းဝယ်သူတွေပါ။ ဒီတော့ သမိုင်းနဲ့ လှပတဲ့အရာတွေ ဝန်းရံပြီး ကြီးပြင်းခဲ့တယ်။ အံ့စရာအကောင်းဆုံး အလှဆင် သေတ္တာရှိခဲ့တယ် ဒီတော့ စိတ်ကူးကြည့်နိုင်တဲ့အတိုင်း အဲဒီအချိန်တည်းက စခဲ့တာပါ။ မော်ဒယ်ဖြစ်လာဖို့ ၁၇ နှစ်မှာ လန်ဒန်ကို ပြောင်းခဲ့တယ်။ ဒီနောက် ဓာတ်ပုံပညာကို သွားလေ့လာခဲ့တယ်၊ အဲဒီတုန်းက သိပ်ပြီး မပျော်ခဲ့တာကြောင့် အမြဲတမ်း လွတ်မြောက်ရာကို ရှာနေခဲ့တယ်။ David LaChapelle နဲ့ Steven Arnold တို့ရဲ့ လက်ရာတွေကို ကျွန်တော် လေ့လာခဲ့တယ်၊ နှစ်ဦးစလုံးက ကျွန်တော့ကို အံ့ဖွယ်သရဲဖြစ်စေတဲ့ လောကတွေကိုရွေးချယ်ဖန်တီးသူ ဓာတ်ပုံဆရာတွေပါ။ ဒီတော့ တစ်နေ့မှာ အပေါ်ယံ ဖက်ရှင်လောကကနေ အပေါ်ယံ အနုပညာလောကဆီ ဖြတ်ကူးဖို့ ဆုံးဖြတ်လိုက်တယ်။ (ရယ်သံများ) ကျွန်တော့ဘဝကို အနုပညာတစ်ခုအဖြစ်နဲ့ နေထိုင်ဖို့ ဆုံးဖြတ်လိုက်တယ်။ အရာတွေဖန်တီးဖို့ နာရီနဲ့ချီ တစ်ခါတစ်လေ လနဲ့ချီကုန်ဆုံးခဲ့တယ်။ ကျွန်တော့ စိတ်ကြိုက်ကိရိယာက တွယ်ချိတ်ပါ၊ ဒီလိုမျိုးပေါ့။ (ရယ်သံများ) ဘယ်တော့မှ အနေတော်မကြီးဘူး (ရယ်သံများ) ကျွန်တော့ရဲ့ရက်ထည်ကို အထပ်ထပ်အသုံးပြုတယ်၊ ဒီတော့ သုံးသမျှကို ပြန်သုံးတာပေါ့။ ကျွန်တော့ကို အဝတ်ဆင်တဲ့အခါ အရောင်၊ အသာနဲ့၊ပုံစံနဲ့ လမ်းညွန်တယ် အကြောင်းအရာ ရှိခဲတယ်။ ကမ္ဘာတစ်လွှားက လှပတဲ့ အရာဝတ္ထုတွေကို ရှာပြီး ကျွန်တော့ကိုယ်သဏ္ဌာန်တစ်ခုလုံးကို လွှမ်းတဲ့အလွှာပေါ်မှာ သုံးဘက်မြင် ရောင်စုံခြည်ထိုးတွေအဖြစ် စီစဉ်ပြသတယ်၊ ကျွန်တော့ခန္ဓာကိုယ်ကို အားမရလို့ပါ။ (ရယ်သည်) ကိုယ့်ဘာသာ မေးတာက "တစ်ခုခု ချွတ်သင့်လား။ (သို့) တစ်ခုခု ဝတ်သင့်လား။ အထည် ၁၀၀ ဖြစ်လောက်လား။" တစ်ခါတစ်ရံမှာ ဒါကိုလုပ်တယ်၊၊ သိပ်တော့ အနေရအထိုင်ရ မခက်ဘူးလို့ ကတိပေးပါတယ်။ နည်းနည်လေးပါပဲ၊ (ရယ်သံများ) တစ်ခါတစ်လေ ထိုးနေတဲ့ တွယ်ချိတ်ရှိနိုင်တယ် စကားပြောနေတဲ့အခါမှာတော့ ဖြုတ်မယ်ဆိုတာမျိုးပေါ့။ (ရယ်သံများ) အမြဲလိုလို အဆင့်သင့်ဖြစ်ဖို့ မိနစ် ၂၀ လောက်ကြာတယ်၊ ဒါကို ဘယ်သူမှ မယုံကြဘူး။ ဒါ အမှန်ပါ။ တစ်ခါတစ်လေ ဒီတော့ ဒါက တီရှပ်နဲ့ ဂျင်းနဲ့ ကျွန်တော့ မူကွဲပါ။ (ရယ်သံများ) အဝတ် ဝတ်တဲ့အခါ ဗိသုကာတစ်ယောက်လို တည်ဆောက်တယ်။ ပစ္စည်းတွေ နေရာကျတယ်လို့ ခံစားရတဲ့အထိ အသေအချာ နေရာချတယ်။ ဒီနောက် ရှင်းလင်းတဲ့အိပ်မက်ကနေ စိတ်ကူးတွေ အများကြီး ဝယ်။ စိတ်ကူးတွေရလာဖို့ တကယ်ကို အိပ်ရာဝင်ပြီး ဒါတွေကို ရေးချဖို့ နိုးထအောင် ကိုယ့်ကိုယ်ကိုယ် သင်တယ်။ တစ်စစီပြုတ်တဲ့အထိ ဒါတွေကို ဝတ်ကာ ဒီနောက်မှာ ၎င်းတို့ကို ဘဝသစ်တစ်ခု ပေးလိုက်တယ်။ ဥပမာ ရွေရောင် ဝတ်စုံဟာ လန်ဒန် လွှတ်တော်မှာ ကျွန်တော့ဝတ်ခဲ့တဲ့ ဝတ်စုံပါ၊ သံချပ်ကာ၊ဘော်ကြယ်နဲ့ ရတနာအကျိုးအပဲ့တွေနဲ့ ပြုလုပ်ထားတာပါ။ ကျွန်တော်ဟာ ၁၇ ရားစုမှာ လွတ်တော်မှာ သံချပ်ကာဝတ်တာကို Oliver Cromwell က တားမြစ်ပြီးကတည်းက ပထမဆုံးဝတ်တဲ့လူပါ။ လှဖို့အတွက် စျေးကြီးတာတွေ ဖြစ်ဖို့မလိုပါဘူးလေ။ အမှိုက်အိတ်တွေ(သို့) လမ်းတွေမှာတွေ့ရတဲ့ အမှိုက်ကနေ ဝတ်စုံတွေ စမ်းပြီးဖန်တီးပါ။ ဒါတွေဟာ "ခေတ်ဆန်တယ်" လို့ဆိုပြီး အဆုံးသတ်သွားလောက်တာ သင်သိမှာမဟုတ်ဘူး။ ကျွန်တော် စုဆောင်းတဲ့အထဲမှာ အထည် ၆၀၀၀ ကျော်တယ်။ နှစ် ၂၆၀၀ သက်တမ်းရှိတဲ့ ရိုမနလက်စွပ်တွေကနေ ရှေးဟောင်း ဗုဒ္ဓဘာသာ အနုလက်ရာတွေအထိပါ။ ကိုယ်လုပ်တာနဲ့ သူများတွေနဲ့ ရှိတာကို မျှဝေတာကို ယုံကြည်တာကြောင့် အနုပညာပြပွဲတစ်ခုဖန်တီးဖို့ ဆုံးဖြတ်ခဲ့တယ်၊ ဒါက လောလောဆယ်မှာ ကမ္ဘာအနှံ့က ပြတိုက်တွေကို ခရီးလှည့်နေတာပါ။ ၎င်းမှာ ကျွန်တော့ရဲ့တပ်မတစ်ခုပါဝင်တယ်၊ နောက်မှာ မြင်ရသလို ပကတိအရွယ် ပန်းပုရုပ်တုတွေပါ ဒီမှာပါ၊ ဒါတွေဟာ ကျွန်တော့ ဘဝပါ၊ အနုပညာခုအဖြစ် နေထိုင်တာရဲ့ ဖြစ်တည်မှုရဲ့သုံးဘက်မြင် ခြည်ထိုးလိုပါ။ စိန်နဲ့ရောထားတဲ့ ပလပ်စတစ်ပုံဆောင်ခဲတွေ၊ ဘီယာဘူးခွံတွေ တစ်ဆင်တည်းရှိတဲ့ တော်ဝင်ပိုတည်းတွေပါဝင်တယ်။ ကြည့်ရှုသူဟာ ဘယ်ဟာ အစစ်၊ ဘယ်ဟာ အတုလို့ ထင်မြင်ချက် မပေးနိုင်တဲ့ အချက်ကို သဘောကျတယ်။ ကျွန်တော့လက်ရာတွေကနေ ယဉ်ကျေးမှုတွေကို စူစမ်း၊မျှဝေဖို့ အရေးကြီးတယ်လို့ ထင်တယ်။ အဝတ်အစားကို တစ်ကမ္ဘာလုံးက လူတွေ လေ့လာ၊တန်ဖိုးထားဖို့ နည်းလမ်းအဖြစ်သုံးတယ်။ တစ်ခါတစ်လေ ကျွန်တော်ဟာ တင်ဆက်သူ (သို့) မိန်းမလျာ ဘုရင်မလို့ လူတွေထင်တယ်၊ မဟုတ်ပါဘူး။ ကျွန်တော့ဝက ဖျော်ဖြေမှု တစ်ခုပုံပေါက်နေပေမဲ့ မဟုတ်ပါဘူး။ ဒါက တကယ်ပါ။ အခြားအနုပညာလက်ရာ အမျိုးအစားကို လိုလားတယ်လို့ လူတွေ တုံ့ပြန်ကြတယ်။ လူတော်တော်များများက စိတ်ဝင်စားပြီး အပ်မိကြပါတယ်။ တစ်ချို့က ကျွန်တော့အနားမှာ လျှောက်တယ်၊အစတော့ ရှက်ရှက်နဲ့ပေါ့။ ကျွန်တော့ဆီလာပြီး ကျွန်တော်လုပ်တာကို ကြိုက်တယ်(သို့) လုံးဝမုန်းတယ်လို့ပြောတယ်။ တစ်ခါတစ်လေ တုံ့ပြန်ပြီး အခြားအချိန်တွေမှာ အနုပညာကပဲပြောခိုင်းလိုက်တယ်။ ကမ္ဘာမှာ စိတ်တိုစရာအကောင်းဆုံးအရာက လူတွေက အနုပညာလက်ရာကို ထိတွေ့ချင်တဲ့အခါပါ။ ဒါပေမဲ့ ကျွန်တော်နားလည်တယ်။ ဒါပေမဲ့ ခေတ်ပြိုင်အနုပညာများစွာလိုပဲ လူအများက အထင်အမြင်သေးတယ်။ တစ်ချို့က အပြစ်ရှာတယ်။ တစ်ချို့က ရင့်သီးတယ်။ ဒါက ခြားနားမှုရဲ့ ကြောက်ရွံ့မှုကနေ လာတယ်လို့ ထင်တယ်။ မသိမှုလေ။ ကျွန်တော်လုပ်တာကို တန်ပြန်မှုတွေ အများကြီးရှိပြီး ဒါတွေကို ပုဂ္ဂိုလ်ရေးအရ မယူမိဖို့ပဲ သင်ယူလိုက်တယ်ေ Daniel Lismore လို လူပုဂ္ဂိုလ်အဖြစ် ကျွန်တော် မနေဖူးပါ Daniel Lismore လို အနုပညာလက်ရာအဖြစ် နေခဲ့တယ်။ အနုပညာလက်ရာအဖြစ် အတားအဆီးတိုင်းကို ရင်ဆိုင်ခဲ့တယ်။ ဒါက ခက်ခဲနိုင်ပါတယ်၊ အထူးသဖြင့် အဝတ်ဘီဒိုက ပေ ၄၀ သေတ္တာ၊ သိမ်းစရာ သုံးခုနဲ့ IKEA က သေတ္တာ ၃၀ လေ။ (ရယ်သံများ) တစ်ခါတစ်ရံမှာ ကားထဲထည့်ဖို့ အတော်ခက်နိုင်ပါတယ်။ တစ်ခါတစ်လေကျတော့ ဒီမနက်တုန်းက ကျွန်တော်ဟာ ရေချိုးခန်းတံခါးနဲ့ မဆန့်တော့ ပြဿနာတက်ခဲ့တာပေါ့။ (ရယ်သံများ) သင့်ကိုယ်ကိုယ်ဖြစ်ဖို့က ဘာကိုဆိုလိုတာလဲ။ လူတွေ ဒါကို တစ်ချိန်လုံးပြောနေပေမဲ့ တကယ့် ဆိုလိုရင်းက ဘာလဲ၊ ဘာက အရေးကြီးတာလဲ၊ နောင်တမဖြစ်ပဲ သင့်ကိုယ်သင်ဖြစ်ဖို့ ရွေးချယ်တဲ့အခါ ဘဝဟာ ဘယ်လိုပြောင်းသွားလဲ။ အနုပညာတစ်ခုအဖြစ် နေထိုင်ရင်း ရုန်ကန်မှုတွေ အောင်ပွဲတွေကို ရင်ဆိုင်ခဲ့ရတယ်။ ကိုယ်ပိုင် ဂျက်လေယာဉွေထဲမှာ အတင်ခံရတယ်၊ ကမ္ဘာပတ်စီးခဲ့တယ်။ ကျွန်တော့လက်ရာကို ဂုဏ်ကြီးတဲ့ ပြတိုက်တွေမှာပြတယ် အခွင့်အလမ်းရရှိခဲ့တယ်၊ စကားမစပ် ဒါကျွန်တော့ ဘိုးဘွားတွေပါ၊ ကျွန်တော်ကို ပျိုထောင်ပေးသူတွေပေါ့၊ ဒီမှာ ကျွန်တော်ပါ။ (ရယ်သည်) (လက်ခုပ်သံများ) ကိုယ်ပိုင် ဂျက်လေယာဉ်တွေထဲမှာ အတင်ခံရတယ်၊ ကမ္ဘာပတ်စီးတယ်၊ ဒါပေမဲ့ ဒီလောက်မလွယ်ခဲ့ အကြောင်းက တစ်ခါတစ်ခါမှာ ကျွန်တော်ဟာ အိမ်ယာမဲ့ခဲ့တယ်၊ တံတွေးနဲ့ အထွေးခံရတယ်။ စော်ကားခံရတယ်၊ တစ်ခါတစ်ခါ နေ့တိုင်းပဲ ဘဝတစ်ခုလုံး အနိုင်ကျင့်ခံရတယ်။ မရေတွက်နိုင်တဲ့ တစ်ဦးချင်းတွေကနေ ငြင်းပယ်တာခံဖူးတယ်၊ ဓားနဲ့ ထိုးခံရဖူးတယ်။ ဒါပေမဲ့ အနာကျင်ဆုံးက "အဆိုးဆုံး ဆင်ယင်မှု"စာရင်းမှာ အသွင်းခံနေတာပါ။ (ရယ်သံများ) သင်ကိုယ်တိုင်ဖြစ်ဖို့က ခက်ခဲနိုင်ပေမဲ့ အကောင်းဆုံးနည်းကို တွေ့ထားပါတယ်။ "အဆိုးဆုံး ဆင်ယင်မှု"ရှိတယ်။ (ရယ်တယ်) အကိုးအကားတစ်ခုရှိတာက "ဒိပြင်လူတိုင်းက ယူကြပြီးပြီ"တဲ့။ ယုံကြည်မှုဟာ သင်ရွေးချယ်နိုင်တဲ့ သဘောထားတစ်ခုဆိုတာ နားလည်လာတယ် စစ်မှန်မှုလိုအပ်ပြီး စွမ်းအားကောင်းတာကို သဘောပေါ်က်လာတယ်။ အခြားသူတွေလိုဖြစ်ဖို့ ကြိုးစား အချိန်ကုန်ခဲ့ပေမဲ့ အလုပ်မဖြစ်ခဲ့ဘူး။ အတော် ကြိုးစားရတာပါ၊ သင်ကိုယ်တိုင်မဖြစ်ဘူး။ အားလုံးအတွက် မေးခွန်းတစ်ချို့ရှိတယ်။ သင် ဘယ်သူလဲ။ သင့်ကိုယ်ခွဲ ဘယ်နှစ်ခုလောက်ရှိလဲ။ နောက်ဆုံး မေးခွန်းက ဒါတွေအားလုံးကို သင့်အကျိုးကျေးဇူး အတွက် အသုံးပြုနေလား။ လက်တော့မှာက လူတိုင်းဟာ ကိုယ့်ကိုယ်ပိုင် လက်ရာမွန်ကို ဖန်တီးနိုင်စွမ်းရှိတယ်။ တစ်ခါတစ်လေ စမ်းသပ်ကြည့်သင့်ပါတယ်။ အတော့ကို ပျော်စရာပါ။ ကျေးဇူးတင်ပါတယ်။ (လက်ခုပ်သံများ) (သြဘာသံများ)