ဒီမှာရှိကြတဲ့ခင်ဗျားတို့ကို မိုနိုပိုလီကစားပွဲတစ်ပွဲ
ကစားတဲ့ အကြောင်းကို
ခဏလောက်စဉ်းစားကြည့် စေချင်ပါတယ်။
ဒီကစားနည်းမှတပါး
ကျွမ်းကျင်မှု၊ပါရမီ နဲ့ ကံတရားတို့ ပေါင်းစပ်ခြင်းခြင်းဟာ
တကယ့် ဘဝမှာလိုပဲ ကစားပွဲတွေမှာ
အောင်မြင်မှုကို ဆောင်ကြဉ်းပေးနိkင်တယ်
ဆိုတာဟာ ဆီလျော်မှုမရှိလှပါဘူး။
ဘာဖြစ်လို့လဲဆိုတော့ ဒီကစားပွဲက
အကြံအဖန်လုပ်ထားတာဖြစ်ပြီး
ခင်ဗျားက အသာစီးရယူထားပြီးသားကြီး
ဖြစ်နေတာကိုး။
ခင်ဗျားမှာ ပိုက်ဆံပိုရှိတယ်။
ကတ်ထူပြားတစ်ခုလုံးပေါ်မှာ
ရွေ့ဖို့ အခွင့်အလမ်းပိုများတယ်။
ဒီတော့အရင်းအမြစ်တွေဆီရောက်ဖို့
လမ်းကြောင်းတွေ ပိုများတော့တာပေါ့။
ဒီအတွေ့အကြုံဆီကို ခင်ဗျားတို့စဉ်းစားနေမိခိုက်မှာ
ကျွန်တော့အနေနဲ့ ခင်ဗျားတို့ကိုယ်ခင်ဗျားတို့
မေးကြည့်စေချင်တာက
" အကြံအဖန်လုပ်ထားတဲ့ကစားပွဲတစ်ခုမှာ
အခွင့်ထူးခံ ကစားသမားတစ်ယောက်
ဖြစ်ရခြင်းဆိုတဲ့ အတွေ့အကြုံက
ခင်ဗျားတို့ကိုယ်တိုင်နဲ့ အခြားကစားသမားကို
ဘယ်လိုများစဉ်းစားရှုမြင်သုံးသပ်ပုံ
ပြောင်းလဲသွားလိမ့်မလဲ"ဆိုတာကိုပါ။
ဒီမေးခွန်းကိုတိတိကျကျ ရှုမြင်ဖို့အတွက် ကယ်လီဖိုးနီးယားတက္ကသိုလ်ရဲ့ဘာကီလေ တက္ကသိုလ်နယ်မြေခွဲမှာ
လေ့လာမှုလေးတစ်ခုပြုလုပ်ခဲ့ ကြတယ်။
လက်တွေ့စမ်းသပ်ခန်းထဲကို
လူစိမ်းအတွဲ (၁၀၀)ကိုခေါ်လာပြီး၊
ဒီအကြံအဖန်ကစားပွဲမှာ
ခေါင်းပန်းလှန်တဲ့ နည်းနဲ့
နှစ်ယောက်ထဲက တစ်ယောက်ကို
ချမ်းသာတဲ့ကစားသမားအဖြစ်
ကျပန်းသတ်မှတ်ပေးလိုက်ပါတယ်။
သူတို့က ပိုက်ဆံ နှစ်ဆပိုရှိတာပေါ့။
"စ"ဆိုတဲ့နေရာကိုသူတို့ဖြတ်သွားတော့
သူတို့လစာငွေနှစ်ဆ ကောက်သိမ်းသွားတာပေါ့။
နောက်ပြီး သူတို့က အန်စာတုံး (၁)တုံးထဲမဟုတ်ပဲ (၂)တုံးလှိမ့် ရတော့
ကတ်ပြားပေါ်မှာအများကြီးပိုရွေ့လို့ရတော့တာပေါ့။
(ရယ်သံများ)
(၁၅)မိနစ်ကျော်ကစားချိန်လောက်မှာ
ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာကို
လျှို့ဝှက်ကင်မရာကနေ
ကျွန်တော်တို့စောင့် ကြည့်ခဲ့ကြတယ်။
ဒီတော့ ပထမဆုံးအနေနဲ့
ဒီနေ့ကျွန်တော်လုပ်ချင်တာက
ကျွန်တော်တို့မြင်တွေ့တာတွေထဲက
အနည်းငယ်ကလေးကို ခင်ဗျားတို့ကို ပြသချင်တာပါ။
တစ်ချို့နေရာလေးတွေမှာတော့ အသံအရည်အသွေးနဲ့
ပတ်သက်ပြီး ခွင့်လွတ်ပေးကြပါ။
ဘာဖြစ်လို့လဲဆိုတော့ ထပ်ပြီးပြောပါရစေ၊
ဒါတွေက လျှို့ဝှက်ကင်မရာတွေ ဖြစ်နေတာကြောင့်ပါ။
ဒါကြောင့်မို့လို့ စာတန်းထိုးပေးထားပါတယ်။
ချမ်းသာတဲ့ ကစားသမား : မင်းမှာ
ငါးရာတန် ဘယ်နှစ်ရွက်ရှိလဲ။
ဆင်းရဲသား ကစားသမား တစ်ရွက်တည်းပဲ။
ချမ်းသာတဲ့ ကစားသမား: မင်းတကယ်ပြောတာနော်။
ဆင်းရဲသား ကစားသမား: ဟုတ်ပါတယ်ဆို။
ချမ်းသာတဲ့ ကစားသမား: ငါ့မှာက (၃) ရွက်ကွ။(ရယ်သံများ)
သူတို့ဘာဖြစ်လို့ငါကိုဒီလောက်
အများကြီးပေးမှန်း မသိဘူးကွ။
ပေါ(လ်) ပစ်(ဖ်) : ကောင်းပါပြီ။ ဒါဆိုရင် ကစားသမားတွေမှာ
တစ်ခုခုဖြစ်နေပြီဆိုတာတော့
အရမ်းကြီးကိုသိသာနေတာပေါ့။
တစ်ယောက်က အခြားတစ်ယောက်ထက်
ပိုက်ဆံအများကြီးပိုရှိနေတယ်
ဆိုတာကတော့ အရှင်းကြီးပဲပေါ့။
နောက်ပြီးတော့ ကစားပွဲက လှစ်ဟပြလိုက်သလို
ကစားသမားနှစ်ယောက်ကြားမှာရှိတဲ့
အရမ်းကိုသိသာပြီး သရုပ်ပါလွန်းတဲ့
ခြားနာချက်တွေလည်း
စတင်ပေါ်ထွက်လာတာကို
ကျွန်တော်တို့ မြင်လိုက်ရတယ်။
ချမ်းသာတဲ့ကစားသမာကတော့
ကတ်ထူပြားပေါ်မှာ အသံပိုကျယ်ကျယ်နဲ့
အကွက်ရွေ့တောတာပေါ့။
တဲ့တဲ့ပြောရရင် သူဟိုရွေ့ဒီရွေ့လုပ်ခိုက်မှာ
ကတ်ပြားကို တုံကင်ပြားနဲ့
တဖြန်းဖြန်းရိုက်ပုတ်နေတော့တာပေါ့။
ချမ်းသာတဲ့ကစားသမားတွေကြားမှာ
လွှမ်းမိုးခြယ်လှယ်ခြင်းလက္ခဏာတွေ၊
နှုတ်အားဖြင့်မဖေါ်ပြတဲ့ အရိပ်အရောင်တွေ၊
ဩဇာအာဏာနဲ့ အောင်ပွဲခံခြင်းပြသမှုတွေကို
မြင်တွေရဖို့အလားအလာပိုများခဲ့တာပေါ့။
ကျွန်တော်တို့ဘေးဖက်မလှမ်းမကမ်းမှာ မုန့်ကြိုးလိမ်တစ်ဇလုံချထားပေးလိုက်တယ်။
ဟောဟိုညာဖက်ထောင့်နားက ခြေရင်းမှာပါ။
ဒါက ပါဝင်သူတွေရဲ့စားသောက်ပြုမူပုံတွေကို
ကျွန်တော်တို့စောင့်ကြည့်ဖို့ အခွင့်အရေးရတာပေါ့။
ဒီလိုနဲ့ ပါဝင်သူတွေ မုန့်ကြိုးလိမ်ဘယ်နှစ်ခု
စားတယ်ဆိုတာကို ခြေရာခံနေတာပေါ့ဗျာ။
ချမ်းသာတဲ့ ကစားသမား: ဒီမုန့်ကြိုးလိမ်တွေက
အကွက်ဆင်ထားလားကွ။
ဆင်းရဲသား ကစားသမား: မသိပါဘူးဗျာ။
ပေါ(လ်) ပစ်(ဖ်) : ဒီတော့ကျွန်တော်တို့တွေဘာလုပ်ထားတယ်
ဆိုတာ လူတွေသိနေတာ ဘာမှအံ့ဩစရာမရှိပါဘူး။
ဒီမုန့်ကြိုးလိမ်ဇလုံကဘာလဲဆိုတာကို
သူတို့ သိချင်နေမှာပေါ့။
ခင်ဗျားတို့ခုနကတွေ့လိုက်ရသလိုပဲ
တစ်ယောက်ကဆို
ဒီမုန့်ကြိုးလိမ်ဇလုံက အကွက်ဆင်ထားတာလားလို့
တောင်မေးလိုက်သေးတယ်လေ။
နောက်ရှိသေးတာက ဒီလိုဖြစ်နေပေမယ့်လည်း
အနေအထားတစ်ခုအပေါ်လွှမ်းမိုးမှုကတော့
ဧကန်မလွဲ သိသာထင်ရှားနေပုံရပြီးတော့
ချမ်းသာတဲ့ ကစားသမားတွေကတော့
မုန့်ကြိုးလိမ်တွေ ပိုစားကြတော့တာပါပဲလေ။
ချမ်းသာတဲ့ ကစားသမား:ငါက မုန့်ကြိုးလိမ် ကြိုက်တယ်ကွ။
(ရယ်သံများ)
ပေါ(လ်) ပစ်(ဖ်) : နောက်ပြီး ကစားပွဲကိုဆက်ကစားတော့
ကျွန်တော်တို့စောင့်ကြည့်ခဲ့တဲ့ အင်မတန်မှ
စိတ်ဝင်စားစရာကောင်းပြီး
သရုပ်ပါလွန်းတဲ့ ပုံစံတွေထဲက တစ်ခုဟာ
စတင်ပေါ်ထွက်လာခဲ့တယ်။
အဲဒါကတော့ ချမ်းသာတဲ့ ကစားသမားတွေဟာ
အခြားသူတစ်ယောက်ကို
တကယ့်ကို ပိုပိုပြီးရိုင်းပျလာတယ်၊
ဆင်းရဲတဲ့ကစားသမားတွေရဲ့
အကျပ်အတည်းတွေကို
စာနာစိတ် နည်းသထက်နည်းပါးလာကြတယ်။
ပြီးတော့ သူတို့ရဲ့ရုပ်ပိုင်းဆိုင်ရာအောင်မြင်မှုတွေကို
ပိုပိုပြီးထုတ်ဖော်ပြတတ်လာကြတယ်။
သူတို့ဘယ်လိုဘယ်ပုံ ဆင်ပြေနေကြောင်းကို
ဟန်ရေးပြဖို့ဖြစ်နိူင်ခြေပိုများလာတယ်။
ချမ်းသာတဲ့ကစားသမား: ငါ့မှာ ရှိရှိသမျှဝယ်ဖို့
ပိုက်ဆံရှိတယ်ကွ။
ဆင်းရဲသား ကစားသမား: ဘယ်လောက်ရှိလို့လဲ။
ချမ်းသာတဲ့ကစားသမား: မင်းဆီမှာငါအကြွေး
(၂၄)ဒေါ်လာ ရစရာရှိတယ်နော်။
ခဏကြာရင် မင်းမှာရှိသမျှပိုက်ဆံတွေ
ရှုံးတော့မှာနော်။
ငါဝယ်ပစ်လိုက်မှာ။
ငါ့မှာ ပိုက်ဆံအမျာကြီးရှိတယ်။
ငါ့မှာ ပိုက်ဆံအမျာကြီးရှိတယ်။
တစ်သက်လုံးရှိနေမှာကွ။
ချမ်းသာတဲ့ကစားသမား(၂): ကတ်တ်ခုလုံးကို
အပြတ်ဝယ်လိုက်တော့မှာနော်။
ချမ်းသာတဲ့ကစားသမား(၃): ခဏနေရင်
မင်းပိုက်ဆံတွေကုန်တော့မှာနော်။
ဒီနေရာမှာတော့ငါ့အနေနဲ့တော်တော်လေး
သေချာနေပြီကွ။
ပါ(လ်) ပစ်(ဖ်) : ကောင်းပါပြီ။ ဒီနေရာမှာ
အရမ်းကိုစိတ်ဝင်စားစရာကောင်းခဲ့တာက
ပွဲပြီးခါနီးနောက်ဆုံး (၁၅)မိနစ်ပဲလို့
ကျွန်တော်ထင်တယ်။
ကစားသမားတွေကို ကစားနေစဉ်အတွင်းခံစားရတဲ့
တွေ့ကြုံခံစားရတာတွေကိုပြောပြခိုင်းခဲ့ကြတယ်။
ချမ်းသာတဲ့ကစားသမားတွေက
ဒီအကြံအဖန်လုပ်ထားတဲ့မိုနိုပိုလီကစားပွဲမှာ
သူတို့ ဘာကြောင့် မလွဲဧကန်နိူင်ခဲ့တဲ့
အကြောင်းကိုပြောပြကြတော့
(ရယ်သံများ)
ကစားပွဲထဲက အဲဒီ အမျိုးမျိုးသော
မြေယာအဆောက်အဦတွေကိုဝယ်ဖို့နဲ့
အောင်မြင်မှုကို ရယူဖို့အတွက်
သူတို့လုပ်ခဲ့တာတွေကို ပြောပြကြတယ်။
ပြီးတော့ သူတို့ကစားခဲ့ကြတဲ့ အနေအထားရဲ့
အခြေခံသဘောတရားလက္ခဏာတွေကို
မသိကျိုးကျွံပြုလာကြတယ်
အစပိုင်းတုန်းက ခေါင်းပန်းလှန်ပြီးတော့
သူတို့တွေ အခွင့်ထူးခံဘဝကို
ကြုံရာကျပန်းရောက်လာတဲ့ အချက်ပါအဝင်ပေါ့။
ဒါဟာဆိုရင် အတွေးစိတ်က
အသာစီးရယူမှုကို ဘယ်လိုဘယ်ပုံ
နားလည်သွားတယ်ဆိုတာကို သိမြင်သွားစေတဲ့
ထူးခြားတဲ့ ထိုးထွင် ဉာဏ်တစ်ခုပေါ့။
အခု ဒီမိုနိုပိုလီကစားပွဲကို လူ့အဖွဲ့အစည်း နဲ့
၎င်းရဲ့ ကြီးစဉ်ငယ်လိုက်တည်ဆောက်ပုံတွေကို
နားလည်ဖို့အတွက် ဥပမာသာဓကဆောင်လို့ရတာပေါ့။
အဲဒီမှာက တချို့လူတွေက ဥစ္စာဓန၊
ရာထူးအဆင့်အတန်း
အမြောက်အမြား ပိုင်ဆိုင်ကြပြီးတော့
အတော်များများကတော့ အဲဒါတွေမရှိကြဘူး။
သူတို့ရဲ့ ဥစ္စာဓန၊ရာထူး
အဆင့်အတန်းပိုင်ဆိုင်မှု ပြီးတော့
တန်ဖိုးရှိတဲငွေပင်ငွေရင်းတွေကို ရောက်နိုင်တဲ့
အခွင့်အလမ်းဆိုတာလည်း အရမ်းကို လျော့နည်းလွန်းပါတယ်။
ကျွန်တော်နဲ့ကျွန်တော်တို့လုပ်ဖော်ကိုင်ဖက်တွေ လွန်ခဲ့
(၇)နှစ်လုံးလုံးလေ့လာနေခဲ့တာကတော့
ဒီအဖုံဖုံသော ရာထူးစဉ်တွေရဲ့ ရိုက်ခတ်မှုတွေကိုပါ။
တစ်နိူင်ငံလုံးအနှံ့ ဒါဇင်နဲ့ချီပြီးရှိတဲ့ လေ့လာမှုတွေ နဲ့
ထောင်နဲ့ချီပြီးရှိတဲ့ဖြေဆိုသူတွေဆီကနေ
တွေ့ရှိနေရတာကတော့
လူတစ်ယောက်ရဲ့ ချမ်းသာကြွယ်ဝမှု
အဆင့်အတန်းတွေမြင့်မားလာတာနဲ့အမျှ၊
သူတို့ရဲ့ စာနာရိုင်းပင်းမှု၊
မျှဝေခံစားမှုတွေဟာ ကျဆင်းပြီးတော့
သူတို့ရဲ့ရပိုင်ခွင့်၊ထိုက်တန်မှုဆိုင်ရာ
ခံစားချက်တွေ နဲ့
ကိုယ်ကျိုးကြည့်မှု အမြင်သဘောထားတွေဟာလည်း
တိုးပွားလာတာပါပဲ။
လေ့လာဆန်းစစ်ချက်တွေအရ
တွေ့ရှိရတာကတော့ တကယ့်ကို
ပိုပြီးချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်တွေဟာ
လောဘကို ကောင်းမွန်စင်ကြယ်ခြင်းဆိုပြီး
လူတတ်လုပ်ပြီးဟောပြောဖို့
ဖြစ်နိုင်ခြေပိုများပြီး၊
ကိုယ်ကျိုးနောက်ကောက်ကောက်
ပါအောင်လိုက်ခြင်းဟာလည်း
ထောက်ခံဖွယ်ရာ၊သမစိတ္တဖြစ်ဖွယ်ရာ
ဖြစ်တယ်လို့ဆိုတာပါပဲ။
အခု ဒီနေ့ ကျွန်တော်ဆွေးနွေးချင်တာကတော့
ဒီကိုယ်ကျိုးရှာမှုသဘောထားရဲ့
ဂယက်ရိုက်မှုတချို့ရယ် ၊
ကျွန်တော်တို့ ဘာဖြစ်လို့ ဒီဂယက်ရိုက်မှုတွေကို ဂရုစိုက်သင့်တယ်ဆိုတဲ့အကြောင်းနဲ့
ဘယ်လိုလုပ်သင့်တယ်ဆိုတာနဲ့အဆုံးသတ်ပါမယ်။
ဒီဒေသမှာ ကျွန်တော်တို့ပြုလုပ်ခဲ့တဲ့
ပထမလေ့လာမှုတွေကတော့
"ဖေးမကူညီခြင်းအပြုအမူ" ကို
လေ့လာတာပါ။
ဒါကို လူမှုစိတ်ပညာရှင်တွေကတော့
"လူမှုရေးအပြုအမူဆိုင်ရာအားပေးမှု
(pro social behaviour)"လို့ ခေါ်ကြပါတယ်။
ကျွန်တော်တို့ တကယ်ကို စိတ်ဝင်စားမိတာက
ဘယ်သူတွေကများ
တစ်ခြားသူတစ်ယောက်ကို
ပေးလှုဖို့ ဖြစ်နိုင်ချေ ပိုများမလဲ ဆိုတာပါ။
ချမ်းသာတဲ့သူလား။
ဒါမှမဟုတ် ဆင်းရဲတဲ့ သူလားပေါ့။
လေ့လာမှုတစ်ခုမှာဆိုရင် လူ့အဖွဲ့အစည်းထဲက
ချမ်းသာတဲ့သူနဲ့ဆင်းရဲတဲ့အသင်းဝင်တွေကို
စမ်းသပ်ခန်းထဲခေါ်ဆောင်လာပြီး
တစ်ဦးစီကို (၁၀)ဒေါ်လာစီ
အညီအမျှပေးလိုက်ပါတယ်။
ပါဝင်သူတွေအနေနဲ့ ဒီပိုက်ဆံကို ကိုယ်ဘာသာကိုယ်
သိမ်းထားလို့ရပါတယ်၊
ဒါမှမဟုတ် သူတို့အနေနဲ့ ဆန္ဒရှိမယ်ဆိုရင်
ဘာမှမသိတဲ့
သူစိမ်းတစ်ရံတစ်ယောက်ကိုလည်း
ဝေစုခွဲပေးလို့ပြောလိုက်ပါတယ်။
သူတို့ဟာ အဲဒီသူစိမ်းကိုဘယ်တော့မှတွေ့မှာမဟုတ်သလို၊
သူစိမ်းကလည်းသူတို့ကိုဘယ်တော့မှတွေ့မှာ မဟုတ်ပါဘူး။
နောက်ပြီးသူတို့ဘယ်လောက်ပေးသလဲဆိုတာကို
စောင့်ကြည့်မှတ်သားထားတယ်။
တစ်နှစ်ကိုဒေါ်လာ နှစ်သောင်းခွဲ
တစ်ခါတစ်ရံကျတော့
တစ်သောင်းခွဲ အောက်ဝင်ငွေရတဲ့
သူတွေကတော့
ဝင်ငွေ ဒေါ်လာတစ်သိန်းခွဲ
ဒါမှမဟုတ် နှစ်သိန်း ရသူတွေထက်
သူတို့ရဲ့ဝင်ငွေထဲက
(၄၄)ရာခိုင်နှုန်း သူစိမ်းကိုပိုပေးကြတယ်။
သူတို့ရဲ့ ဆုတွေကို ရရှိဖို့ အခွင့်အလမ်းတွေ
ပိုမိုတိုးပွားလာစေရေးအတွက် ဘယ်သူကတော့ဖြင့်
အနည်းနဲ့ အများဆိုသလို လိမ်လည်လှည့်စားနိုင်ခြေ
ရှိသလဲဆိုတာ သိရှိဖို့အတွက်
လူတွေကို ကစားပွဲတွေ ကစားခိုင်းခဲ့ပါတယ်။
ကစားပွဲတစ်ခုမှာတော့
အန်စာတုံးတွေလှိမ့်လို့မဖြစ်နိုင်တဲ့
ရမှတ်တစ်ခုကိုပြုလုပ်ဖို့အတွက်
ကွန်ပြူတာကို အကြံအဖန်
လုပ်လုပ်လိုက်ပါတော့တယ်။
ဒီကစားနည်းမှာ အမှတ် (၁၂)မှတ်
သင်မရနိုင်ဘူးလေ။
ဒါပေမယ့် ပိုချမ်းသာလာတာနဲ့အမျှ သင်ဟာ
ဒေါ်လာ (၅၀)ဆုကြေးအတွက်
အမှတ်တွေရဖို့ကို လိမ်လည်လှည့်စားနိုင်ခြေ
ပိုများလာတာပေါ့။
တစ်ခါတစ်လေကျတော့ ဆုကြေးက
(၃)ဆကနေ (၄)ဆအထိ ရှိတာပေါ့။
လူတွေဟာ ပါဝင်တဲ့ကလေးတွေအတွက် ဆိုပြီး
တိတိကျကျ သီးသန့်သတ်မှတ်ထားတဲ့
သကြားလုံးဖန်ဘူးထဲက သကြားလုံးကိုများ
ယူချင်စိတ်ရှိ၊မရှိကို လေ့လာတဲ့
နောက်ထပ်လေ့လာမှုတစ်ခုပြုခဲ့ပါတယ်။
(ရယ်သံများ)
ကျွန်တော် နောက်နေတာမဟုတ်ဘူးနော်။
ဒါဟာ ပြက်လုံးထုတ်နေသလိုမျိုးထင်ရမယ်ဆိုတာ
ကျွန်တော်သိပါတယ်။
လေ့လာမှုမှာ ပါဝင်သူတွေကို ဒီဖန်ဘူးဟာ
အနီးအနားက ဖွံ့ဖြိုးရေး လက်တွေ့ခန်းက
ပါဝင်ဆောင်ရွက်ပေးတဲ့
ကလေးတွေအတွက်ဆိုတာကို
တိတိကျကျကိုပြောထားခဲ့ပါတယ်။
သူတို့တွေက လေ့လာမှုတွေထဲမှာပါ။
ဒါတွေက သူတို့ အတွက်ပါ။
နောက်ပြီး ပါဝင်သူတွေ သကြားလုံးဘယ်လောက်ယူလဲဆိုတာကို
တိတိကျကျ စောင့် ကြည့်မှတ်သားခဲ့ပါတယ်။
ချမ်းသာတယ်လို့ ထင်တဲ့သူတွေက
ဆင်းရဲတယ်လို့ ထင်တဲ့သူတွေထက်
နှစ်ဆပိုယူတာကိုတွေ့ ရတယ်ဗျ။
ကျွန်တော်တို့တွေ ကားတွေကိုတောင်မှ
လေ့လာထားပါတယ်။
ကားတွေချည်းသက်သက်ကို
သာမကပါဘူး။
ဘယ်ကားအမျိုးအစားတွေကိုမာင်းနှင်ကြသူတွေဟာ
ဥပဒေကို အနည်းနဲ့အများဆိုသလို
ချိုးဖောက်တတ်ကြခြင်း
ရှိမရှိဆိုတာကိုရောပါ။
ဒီလေ့လာမှုတွေထဲက တစ်ခုမှာတော့ ကားမောင်းသူတွေဟာ
ကျွန်တော်တို့တွေ လူကူးမျဉ်းကျား တစ်ခုမှာ
လမ်းဖြတ်ကူးဖို့ဟန်ဆောင်
စောင့်ဆိုင်းခိုင်းထားတဲ့
ခြေကျင်လျှောက်သူတစ်ယောက်ကို ကားရပ်ပေး၊
မပေးဆိုတာကို ကြည့်ရှုခဲ့ကြတာပေါ့။
ကဲ အခုတော့ ခင်ဗျားတို့ သိတဲ့ အတိုင်းပဲ
ကျွန်တော်တို့အားလုံးလုပ်ကြတယ်ဆိုတာ
ကျွန်တော်သိပ်သေချာနေလို့ပါ၊
ကယ်လီဖိုးနီးယားမှာ လမ်းဖြတ်ကူးဖို့စောင့်နေတဲ့ ခြေကျင်
လျှောက်သူတစ်ယောက်ကို ကားရပ်ပေးဖို့ဆိုတာဟာ ဥပဒေပဲလေ။
ဒါကတော့ ကျွန်တော်တို့ဘယ်လိုလုပ်ဆောင်ခဲ့လည်း
ဆိုတာ နမူနာတစ်ခုပေါ့ဗျာ။
အဲဒီ လက်ဝဲဖက်စွန်းစွန်းကဟာကတော့
ခြေကျင်လမ်းလျှောက်သူအဖြစ်
ဟန်ဆောင်ထားတဲ့ ကျွန်တော်တို့ရဲ့ ကြံရာပါပေါ့။
သူဟာ အနီရောင် ထရပ်ကား ချောချောမောမော
ရပ်လိုက်တဲ့ အခိုက်မှာ ချဉ်းကပ်လိုက်တာပါ။
ကယ်လီဖိုးနီးယား ဖြစ်နေကျ ပုံစံအတိုင်းဆိုရင်
ဒါဟာ ကျွန်တော်တို့ရဲ့ ခြေကျင်လမ်းလျှောက်သူကို
တက်ကြိတ်လုမိမတတ်ဖြစ်သွားတဲ့ ဘတ်(စ်)ကားတစ်စီးရဲ့
ကျော်တက်ခြင်းခံလိုက်ရပုံကိုပြသထားတာပါ။
(ရယ်သံများ)
ကဲ အခု ဒီဥပမာကတော့ ပိုပြီးဈေးကြီးတဲ့
ကားတစ်စီးပေါ့ဗျာ။
Prius ကားတစ်စီး ဖြတ်မောင်းသွားတယ်။
သူ့လိုပဲ BMW တစ်စီးကလည်း
လုပ်သွားသေးတာပေါ့။
ဒီလေ့လာမှုကို ၂ ရက်မက လုပ်ခဲ့ပါတယ်
ဘယ်ကားကတော့ ရပ်ပေးတယ်၊ ဘယ်ကားကတော့
မရပ်ပေးဘူးဆိုတာ ခြေရာခံရင်းပေါ့
ရာနဲ့ချီပြီးရှိတဲ့ ကားတွေအတွက် လုပ်ခဲ့ပါတယ်။
ကျွန်တော်တို့ တွေ့ရှိတာကတော့
ကားတစ်စီးရဲ့ တန်ဖိုးကြီးမြင့်မှု ပိုလာလေလေ၊
ကားမောင်းသူရဲ့ ဥပဒေချိုးဖောက်ချင်စိတ်တွေဟာလည်း
တိုးတိုးလာလေဖြစ်တာပါပဲ။
ဘယ်ကားတစ်စီးတစ်လေကမှ၊
ကျွန်တော်တို့ရဲ့ ဈေးမကြီးဆုံးအတန်းစားထဲမှာ
ပါဝင်တဲ့ ကားတစ်စီးကမှ
ဥပဒေကို မချိုးဖောက်ခဲ့ကြပါဘူး။
ကျွန်တော်တို့ရဲ့ ဈေးအကြီးဆုံး
အတန်းစားထဲမှာပါဝင်တဲ့
ယာဉ်တွေရဲ့ (၅၀)ရာခိုင်နှုန်းနီးပါးကတော့
ဥပကေို ချိုးဖောက်ခဲ့ကြတာပေါ့။
ပိုပြီး ချမ်းသာတဲ့ပုဂ္ဂိုလ်တွေဟာ စေ့စပ်ဆွေးနွေးမှုတွေမှာ
လိမ်ညာဖို့ အလားအလာပိုရှိနိုင်မရှိနိုင်သိရှိဖို့
ငွေသိမ်းစက်ထဲက ပိုက်ဆံကို ခိုးယူတာမျိုး၊
တံစိုးလက်ဆောင်ယူတာမျိုး၊
ဖောက်သည်တွေကိုလိမ်လည်တာမျိုးစတဲ့
အလုပ်ခွင်ထဲမှာ လူ့ကျင်ဝတ်ကိုသွေဖည်တဲ့
အပြုအမူတွေကိုအတည်ပြုဖို့ အတွက်ကို
နောက်လေ့လာမှုတွေပြုလုပ်ထားပါတယ်။
ကဲ ဒါနဲ့ပဲ ဒီအပြုအမူတွေရဲ့ စံနမူနာတွေကို
ဖော်ပြသူတွေဟာ လူချမ်းသာတွေချည်းပဲလို့
ကျွန်တော်အဆိုပြုလိုခြင်းမဟုတ်ပါဘူး။
တကယ်ကို မဟုတ်ရပါဘူးဗျာ။
တကယ်တမ်းကျတော့ ကျွန်တော့ အထင်ပြောရရင်
ကျွန်တော်တို့အားလုံးပဲ တစ်နေ့ချင်း၊ တစ်မိနစ်ချင်း ဘဝတွေမှာ
ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်အကျိုးစီးပွားကို
အခြားသူတွေရဲ့ အကျိုးစီးပွားအထက်မှာဆင့်ဖို့
"ဘယ်တော့လဲ" ဒါမှမဟုတ် "အကယ်၍များ"လို့ဆိုတဲ့
ဒီပြိုင်ဆိုင်နေတဲ့ စေ့ဆော်မှုတွေနဲ့
နပမ်းလုံးနေကြတာပါ။
ပြီးတော့ ဒါက နားလည်ဖို့မခက်ပါဘူး။
ဘာဖြစ်လို့လဲဆိုတော့
အမေရိကန် စိတ်ကူးအိပ်မက်ဆိုတာက
ကျွန်တော်တို့တွေဟာ အောင်မြင်ဖို့နဲ့
ကြွယ်ဝချမ်းသာဖို့အတွက်
တူညီတဲ့ အခွင့်အလမ်း တစ်ခုရှိကြပါတယ်ဆိုတဲ့
အတွေးအခေါ် တစ်ခုပါ။
ကျွန်တော်တို့ တစ်တွေဟာ ကိုယ့်ကိုကိုယ် ဝါယမစိုက်ပြီး
ကြိုးစားလုပ်ကိုင်နေသရွေ့ပေါ့လေ။
တစ်ခါတစ်လေမှာ တစ်စိတ်တစ်ပိုင်း အနေနဲ့တော့
သင်ဟာ သင့်အနားမှာရှိတဲ့လူတွေရဲ့
ကောင်းကျိုးသုခ ( ပရဟိတ ) အထက်မှာ
သင့်ရဲ့ အတ္တဟိတကို ထားရှိဖို့ လိုအပ်တယ်လို့
အဓိပ္ပါယ်သက်ရောက်ပါသေးတယ်။
ဒါပေမယ့် ကျွန်တော်တို့
ရှာဖွေတွေ့ရှိနေကြတာကတော့
သင်ဟာ ချမ်းသာလာလေလေ၊ သင့်အနားမှာရှိတဲ့
သူတွေကို အကျိုးပျက်ပြားထိခိုက်စေတဲ့
သင့်ရဲ့ကိုယ်ရေးကိုယ်တာအောင်မြင်မှု
၊ဖြစ်ထွန်းမှု၊ပြီးမြောက်မှုတွေရဲ့
မူတစ်ရပ်ကို လက်ကိုင်ပြုဖို့ဖြစ်နိုင်ခြေ
ပိုများလာတော့တာပဲပေါ့။
ဒီမှာ ကျွန်တော် ခင်ဗျားတို့ကို
လွန်ခဲ့တဲ့ အနှစ်(၂၀)ကျော်လောက်က
၅ ပုံ ၁ ပုံစီ ရရှိတဲ့ မိသားစုဝင်ငွေနဲ့
လူဦးရေရဲ့ ထိပ်တန်း ၅ ရာခိုင်နှုန်းကို
ပုံကြမ်းရေးဆွဲပြထားပါတယ်။
၁၉၉၃ ခုနှစ်တုန်းက လူဦးရေရဲ့ မတူညီတဲ့
လူတန်းစား (၅)ရပ်ရဲ့ကွာခြားချက်တွေဟာ
ဝင်ငွေအရဆိုရင်
တော်တော်လေး ကွာဟနေပါတယ်
ဒီကွဲပြားခြားနားမှုတွေကို
ရိပ်စားမိဖို့ဆိုတာဟာ မခက်လှပါဘူး။
ဒါပေမယ့် ဒီအနှစ်(၂၀)အတွင်းမှာပင်
ထိပ်တန်းမှာရှိတဲ့လူတွေနဲ့ ဒိအပြင်
အခြားသူတွေအကြားက ဒီသိသာလှတဲ့
ကွဲပြားခြားနားချက်က မဟာချောက်ကမ်းပါးကြီးလိုမျိုး
ဖြစ်လာပါတော့တယ်။
တကယ်တမ်းကျတော့ ကျွန်တော်တို့လူဦးရေရဲ့
ထိပ်တန်း (၂၀)ရာခိုင်နှုန်းက
ဒီနိူင်ငံရဲ့ စုစုပေါင်း ချမ်းသာကြွယ်ဝမှု
(၉၀)ရာခိုင်နှုန်းနီးပါးကို ပိုင်ဆိုင်ကြတယ်။
ကျွန်တော်တို့ဟာ မကြုံစဖူး စီးပွားရေးဆိုင်ရာ
မညီမျှမှုကို ကြုံတွေ့နေရတာပါ။
ဆိုလိုတာကတော့ ဓနဥစ္စာဆိုတာက
သီးသန့်လူအုပ်စုတစ်စုရဲ့
လက်ဝယ်မှာ တိုး၍တိုး၍ စုစည်းနေရုံမက
အမေရိကန် စိတ်ကူးအိပ်မက်ဆိုတာဟာ
တိုးပွားလာနေတဲ့
ကျွန်တော်တို့အများစုအတွက်တော့
ပို၍ပို၍ မရောက်ရှိနိူင်စရာလည်း
ဖြစ်လာနေပါတယ်။
ပြီးတော့ ကျွန်တော်တို့
လေ့လာဖော်ထုတ်ခဲ့သလိုပဲ
ချမ်းသာလာတာနဲ့အမျှ
သင်ဟာ ဒီကြွယ်ဝမှုကို ပိုပြီး
ခံစားပိုင်ခွင့်ရှိတယ်လို့သဘောရလာတယ်၊
နောက်ပြီးတော့ သင်ဟာ သူတစ်ပါးရဲ့
လုပ်ပိုင်ခွင့်တွေ အထက်မှာ
သင့်ကိုယ်ပိုင်လုပ်ပိုင်ခွင့်တွေကို ဦးစားပေးဖို့ နဲ့
ကိုယ်ပိုင် အကျိုးအမြတ်အတွက်ကို ဖြည့်ဆည်းတဲ့
အရာတွေကို လုပ်ချင်စိတ်တွေဖြစ်လာဖို့
ဖြစ်နိူင်ခြေပိုများလာလေလေဖြစ်လာတယ်ဆိုတဲ့
အနေအထားဖြစ်လာတယ်ဆိုလျှင်တော့
ဒီပုံစံတွေ ပြောင်းလဲသွားမယ်ဆိုတာကို
ထင်စရာ အကြောင်းမရှိပါဘူး။
တကယ်တမ်းအနေနဲ့က ဒါတွေဟာ
ပိုပိုပြီး ဆိုးရွားလာနိုင်တယ်လို့ပဲ
ယူဆစရာ အကြောင်းပဲရှိတော့တာပေါ့။
နောက်ပြီးနောက်အနှစ်(၂၀)ကျော်မှာလည်း
ဖြစ်ရပ်တွေက တသွေမတိမ်း၊ အစဉ်အတိုင်းပုံသေနှုန်းနဲ့
ဆက်ရှိနေခဲ့မယ်ဆိုရင်တော့
ဒီလိုပဲပုံပဲ ဖြစ်နေပါလိမ့်မယ်။
ကဲဒီတော့ မညီမျှမှု၊ စီးပွားရေးဆိုင်ရာ
မညီမျှမှုဆိုတာဟာ
ကျွန်တော်တို့အားလုံး
စိတ်ပူပန်စရာဖြစ်သင့်ပါတယ်။
ဒါဟာ လူမှုရေးဆိုင်ရာ
ဝါစဉ်ရဲ့အောက်ခြေမှာရှိတဲ့
သူတွေကြောင့်မဟုတ်ပါဘူး။
များပြားလှတဲ့ စီးပွားရေးဆိုင်ရာ မညီမျှမှုနဲ့
တသီးပုဂ္ဂလတွေနဲ့ အုပ်စုတွေဟာ
ဆိုးသထက်ဆိုးကာ ပြုမူလာလို့ပါ
အောက်ခြေမှာရှိတဲ့ လူတွေကိုသာ
မဟုတ်ပါဘူး၊ အားလုံးကိုပါ။
ကမ္ဘာတစ်လွှားမှာရှိကြတဲ့ ထိပ်တန်း
လက်တွေ့စမ်းသပ်ခန်းတွေကနေပြီး
စီးပွားရေးဆ်ိုင်ရာ မညီမျှမှု
ပိုပြီးဆိုးရွားလာတာလိုမျိုး
ယိုယွင်းလာနေတဲ့ အကြောင်းအရာ
ပေါင်းစုံကို ဖေါ်ပြနေတဲ့
အလွန်စိတ်ဝင်စားစရားကောင်းတဲ့
ထိပ်တန်းသုသေသနပြုချက်တွေ
အမြောက်အများ ထွက်ပေါ်လာနေပါတယ်။
မညီမျှမှုတွေ မြင့်တက်လာတာနဲ့အမျှ ကျွန်တော်တို့
တကယ်ကို တန်ဖိုးထားတဲ့အရာတွေ၊
လူမှုရေးဆိုင်ရာ ရွေ့လျားနိုင်မှု၊
ကျန်းမာရေးလူမှုရေးဆိုင်ရာ ယုံကြည်မှု
အာလုံးဟာ နိမ့်ဆင်းသွာပါတယ်။
အလားတူပါပဲ လူမှုရေးဆိုင်ရာ
အစုအဝေးတွေနဲ့လူ့ဘောင်အဖွဲ့အစည်းတွေမှာရှိတဲ့
အနုတ်လက္ခဏာဆောင်တဲ့ အကြောင်းအရာတွေ
အဝလွန်ခြင်း၊ပြီးတော့ အကြမ်းဖက်မှု၊
ထောင်ဒဏ်၊နောက်ပြီး ပြစ်ဒဏ်ပေးမှု
စတာတွေမျိုးတွေဟာ
စီးပွားရေးဆိုင်ရာ မညီမျှမှုတွေ တိုးပွားလာသလို
ဆိုးဝါးလာနေပါတယ်။
ထပ်ပြီးတော့ပြောရရင် ဒီအကျိုးရလဒ်တွေကို
အနည်းငယ်ပဲ ခံစားနေရတာမဟုတ်ပဲ
လူ့အဖွဲ့အစည်းရဲ့
အလွာတွေအားလုံးကို ပဲ့တင်ရိုက်ခတ်စေပါတယ်။
ထိပ်တန်းမှာရှိနေတဲ့ လူတွေတောင်မှ
ဒီအကျိုးရလဒ်တွေကို တွေ့ ကြုံခံစားရပါတယ်။
ဒီတော့ကျွန်တော်တို့ ဘာလုပ်ကြမလဲ။
ဒီ သူ့အလိုလို တည်တံ့နေတဲ့၊ပျက်စီးရာပျက်စီးကြောင်း၊
ဆန့်ကျင်ဖက်သဘောထား အကျိုးဆက်တွေရဲ့
အစဉ်အတန်းကြီးကတော့
ထိန်းချုပ်မှုရဲ့ အပြင်ဖက်မှာ
ပတ်ချာလည်နေတဲ့ အရာတစ်ခုလိုမျိုး
ပုံပေါက်နေနိုင်ပြီး၊ ဒါနဲ့ပတ်သက်ပြီး
ကျွန်တောိတို့တွေ ဘာမှ
မတတ်နိုင်ဘူးဖြစ်နေတာပေါ့။
ကျွန်တော်တို့လို တစ်ဦးချင်းအနေနဲ့တော့
ဘာမှမတတ်နိုင်ဘူးဆိုတာအသေအချာပဲပေါ့။
ဒါပေမယ့် တကယ်တော့ ကျွန်တော်တို့တွေဟာ
ကိုယ်ပိုင် သုသေသနလက်တွေ့ခန်းထဲမှာ
ရှာဖွေနေကြတာကတော့
သာတူညီမျှနဲ့ မျှဝေခံစားမှု အဆင့်တွေကို
ပြန်လည်တည့်မတ်ပေးနိူင်တဲ့
သေးဖွဲတဲ့ စိတ်ဓာတ်ရေးရာ စွက်ဖက်မှုလေးတွေ၊
လူတွေရဲ့ တန်ဖိုးထားမှုတွေနဲ့ ပတ်သက်ပြီး
အသေးစား အပြောင်းအလဲလေးတွေ၊
တစ်ချို့သော ဦးတည်ရာတွေမှာ
တွန်းအားပေးခြင်းလေးတွေပါပဲ။
ဥပမာအားဖြင့် လူတွေကို စုပေါင်းဆောင်ရွက်ခြင်းရဲ့
ကေင်းကျိုးတွေကို
ဒါမှမဟုတ် လူ့အဖွဲ့အစည်းရဲ့
တစ်ပန်းသာမှုတွေ အကြောင်း
သတိပေးနှိုးဆော်တာတွေဟာ
ပိုပြီးချမ်းသာတဲ့ ပုဂ္ဂိုလ်တွေကို
ဆင်းရဲတဲ့သူတွေအတိုင်းပဲ သာတူညီမျှတဲ့
စိတ်ဓာတ် ဖြစ်စေတာပေါ့။
လေ့လာမှုတစ်ခုမှာဆို ကျွန်တော်တို့တွေက လူတွေကို
(၄၆)စက္ကန့်လောက်ပဲကြာတဲ့ ကလေးဘဝ ဆင်းရဲမှု အကြောင်း
ဗွီဒီယိုအတိုလေးကို ကြည့်ခိုင်းလိုက်ပါတယ်။
ကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိတဲ့
တစ်ခြားသူတွေရဲ့
လိုအပ်ချက်တွေကို နှိုးဆော်ချက်
တစ်ရပ်အနေနဲ့ပြသပေးတာပါ။
ဒါကိုကြည့်ပြီးတဲ့နောက်မှာတော့
လူတွေဟာ စမ်းသပ်ခန်းထဲမှာ သူတို့တွေကို မိတ်ဆက်ပေးထားတဲ့
စိတ်သောကရောက်နေတဲ့ သူစိမ်းတစ်ယောက်အတွက်
သူတို့ရဲ့ကိုယ်ပိုင်အချိန်ကို
ဘယ်လိုများ ပေးချင်စိတ်ရှိမလဲ
ဆိုတာကိုလေ့လာကြည့်ခဲ့ပါတယ်။
ဒီဗွီဒီယိုကိုကြည့်ပြီး တစ်နာရီအကြာမှာတော့
သူဌေးတွေဟာ ဆင်းရဲသားတစ်ယောက်လိုပါပဲ
ဒီတစ်ခြားသူ သူစိမ်းတစ်ယောက်ကို
သူတို့ရဲ့အချိန်ကို ရက်ရောလာကြပါတယ်။
အရိပ်အမြွက်ပြနေတာကတော့ ဒီခြားနားချက်တွေဟာ
ရှိရင်းစွဲ ဒါမှမဟုတ် ခြွင်းချက်မရှိ မဟုတ်ဘူးဆိုတင်မကပဲ
လူတွေရဲ့တန်ဖိုးထားမှုတွေမှာ
အနည်းငယ်အပြောင်းအလဲလေးတွေ၊
စိုးစဉ်းမျှသော စာနာစိတ်ရဲ့တွန်းအားလေးတွေ၊
မျှဝေခံစားခြင်းရဲ့ တိုးဆောင့်မှုတွေနဲ့
ပုံသွင်းပြုပြင်လို့လွယ်ပါတယ် ဆိုတာကိုပါ။
နောက်ပြီးတော့ ကျွန်တော်တို့ရဲ့စမ်းသပ်ခန်း
နံရံတွေရဲ့အလွန်မှာ ကျွန်တော်တို့တွေ
လူ့အဖွဲ့အစည်းမှာ အပြောင်းအလဲ လက္ခဏာတွေကိုတောင်
စတင်မြင်လာနေရပါတယ်။
ကျွန်တော်တို့နိုင်ငံရဲ့အချမ်းသာဆုံး ပုဂ္ဂိုလ်တွေထဲက
တစ်ယောက်ဖြစ်တဲ့ Bill Gates ကနေပြီး
သူရဲ့ ဟားဗတ်တက္ကသိုလ် ဘွဲ့နှင်းသဘင် မိန့်ခွန်းမှာ
တုန်လှုပ်စရာ အကောင်းဆုံး စိန်ခေါ်မှုတစ်ရပ်အဖြစ်
မညီမျှတဲ့လူ့အဖွဲ့အစည်းမှာ
ရင်ဆိုင်နေရတဲ့ ပြဿနာ အကြောင်းကို ပြောကြားခဲ့ပြီး၊
ဒါကို တိုက်ဖျက်ချေမှုန်းဖို့ဘာလုပ်ရမယ်ဆိုတာနဲ့
ပတ်သက်ပြီးပြောကြားရင်း
ဆိုလိုက်တာကတော့ "လူ့လောကရဲ့
အကြီးမားဆုံးသော တိုးတက်မှုတွေဟာ
၎င်းရဲ့ ရှာဖွေတွေ့ရှိချက်တွေထဲမှာ မဟုတ်ပါဘူး၊
မညီမျှမှုကိုလျှော့ချဖို့ အဲဒီရှာဖွေတွေ့ရှိချက်တွေကို
ဘယ်လို အသုံးချသလဲဆိုတာတွေထဲမှာပဲရှိတာပါ။"တဲ့
နောက်ပြီးတော့ "Giving Pledge"ဆိုတာမှာတော့
ကျွန်တော်တို့ နိုင်ငံရဲ့ အချမ်းသားဆုံးပုဂ္ဂိုလ်(၁၀၀)ကျော်က
သူတို့ရဲ့ ချမ်းသာကြွယ်ဝမှုတွေထဲက တစ်ဝက်ကို
ချို့ငဲ့သူများကို ကူညီသော အသင်းအဖွဲ့ကို ထည့်ဝင်ဖို့
ကတိကဝတ်ပြုနေကြတာပါ။
နောက်ပြီးတော့ အောက်ခြေလူတန်းစား
လှုပ်ရှားမှုတွေဟာ
ဒါဇင်နဲ့ချီပြီးပေါ်ထွက်လာပါတယ်။
We are the One Percent အဖွဲ့၊
the Resource Generation အဖွဲ့
ဒါမှမဟုတ် Wealth for Common Good အဖွဲ့
စတာမျိုးတွေပေါ့။
အဲဒီမှာ လူတွေထဲက အထူးအခွင့်အရေး
အရဆုံးသော အဖွဲ့ဝင်တွေ၊
တစ်ရာခိုင်နှုန်းသောအဖွဲ့ဝင်တွေ နဲ့
အခြားသောနေရာတွေကသူတွေ၊ ချမ်းသာတဲ့သူတွေ
လူကြီး ဒါမှမဟုတ် လူငယ်တွေပါ
သူတို့ကိုယ်ပိုင် စီးပွားရေးဆိုင်ရာ
အရင်းအမြစ်တွေကို အသုံးပြုနေကြပါတယ်။
ကျွန်တော့ကို ရိုက်ခတ်မှုအရှိဆုံးကတော့
သူတို့ကိုယ်ပိုင်အထူးအခွင့်အရေး၊ကိုယ်ပိုင်
စီးပွားရေးအရင်းအမြစ်တွေရဲ့ အရှိန်အဝါကိုသုံးကာ
မညီမျှမှုကို တိုက်ဖျက်ခြေမှုန်းဖို့အတွက်
လူမှုရေးဆိုင်ရာ မူဝါဒတွေ၊
လူမှုရေးဆိုင်ရာ တန်ဖိုးထားမှု အပြောင်းအလဲတွေ၊
လူတွေရဲ့အပြုအမူဆိုင်ရာ အပြောင်းအလဲတွေစတာတွေကို
ထောက်ခံခြင်းအားဖြင့်နဲ့ပေါ့။
ဒီလုပ်ဆောင်မှုက သူတို့ရဲ့ကိုယ်ကျိုး စီးပွားတွေနဲ့တော့
ဆန့်ကျင်နေပေမယ့်လည်း သူတို့တွေဟာ
အမေရိကန် စိတ်ကူးအိပ်မက်ဆိုတာကိုတော့ အဆုံးမှာ
ပြန်လည်ထိန်းသိမ်းပေးနိူင်ကေင်းပေးနိူင်ပါလိမ့်မယ်။
ကျေးဇူးတင်ပါတယ်။
(လက်ခုပ်သံများ)