လောလောဆယ် TED ဝက်ဆိုဒ်မှာ TED Talks တစ်ထောင်ကျော်ရှိပါတယ်။ ကျွန်တော့အထင် ခင်းဗျားတို့ အများအပြားက ဒါကို တော်တော် ကြီးကျယ်တယ်လို့ ထင်ကြမယ်၊ ကျွန်တော်ကလွဲရင်ပေါ့၊ ကျွန်တော် သဘောမတူဘူး။ အနေအထားတစ်ခုရှိတယ် လို့ထင်တယ်။ အကြောင်းက ဒီအကြောင်း ခင်ဗျားတို့တွေးရင် TED Talks ၁၀၀၀၊ ပျံ့နှံ့ထိုက်တဲ့ စိတ်ကူး ၁၀၀၀ ကျော်ပေါ့။ စိတ်ကူးတစ်ထောင်ကို ဘယ်လိုလုပ်ပြီး ပျံ့နှံ့အောင်လုပ်မှာတုန်း။ ဒီ TED ဗီဒီယို တစ်ထောင်လုံးကို ကြည့်ပြီး ခေါင်းထဲမှာ ထည့်ဖို့ ကြိုးစားရင်တောင် လောလောဆယ် ဒီလိုလုပ်ဖို့ နာရီပေါင်း ၂၅၀ ကျော်ကြာလိမ့်မယ်။ ဒီအကြောင်း နည်းနည်း တွက်ခဲ့တယ်။ ဒါလုပ်တဲ့သူ တစ်ဦးချင်းစီကို စီးပွားရေး ထိခိုက်တာက ဒေါ်လာ ၁၅၀၀၀ လောက်ရှိတယ်။ ဒီတော့ ဒီစီးပွားရေးအတွက် အဲဒီဘေးကို မြင်မိလို့ ဒီပြဿနာအတွက် အဖြေတစ်ခု ရှာဖို့လိုတယ်ထင်မိတယ်။ ဒါကတော့ ကျွန်တော့ရဲ့ ချဉ်းကပ်နည်းပါ။ လက်ရှိအနေအထားကိုကြည့်ရင် သင့်မှာ TED Talks တစ်ထောင်ရှိတယ်။ ဒီ TED Talks တစ်ခုချင်းစီမှာ စကားလုံး ၂၃၀၀ လောက် ပျမ်းမျှအရှည်ရှိတယ်။ ကဲ အာလုံးပေါင်းလိုက်ရင် စကားလုံးပေါင်း ၂.၃ သန်းရှိတဲ့ TED Talks ဖြစ်သွားတယ်။ ဒါဟာ သမ္မာကျမ်းစာမှာပါတာရဲ့ သုံးဆလောက်ပါ။ (ရယ်သံများ) ဒီမှာ ရှင်းနေတဲ့ မေးခွန်းက TED Talk တစ်ခုဟာ တကယ်ပဲ စကားလုံး၂၃၀၀ လိုလို့လား။ ပိုပြီးတိုတာရော မရှိဘူးလား။ ဆိုတာက ပျံ့နှံ့ထိုက်တဲ့ စိတ်ကူးတစ်ခုရှိရင် စကားလုံး ၂၃၀၀ ထက် ပိုတိုပြီး တင်ပြနိုင်တာ သေချာပါတယ် မေးစရာရှိတာကတော့ ဘယ်လောက် တိုနိုင်သလဲပေါ့။ TED Talk တစ်ခုလုပ်ဖို့ လိုမယ့်အနည်းဆုံး စကားလုံး ပမာဏက ဘယ်လောက်လဲ။ ဒီမေးခွန်းကို တွေးနေရင်း Ernest Hemingway အကြောင်း ဒီမြို့ပြ ပုံပြင်လေး အမှတ်မထင်တွေ့မိတယ်။ အဆိုအရ ဟောဒီ စကားလုံး ခြောက်လုံးကို ဆိုခဲ့သူပါ။ "ရောင်းရန်။ တစ်ခါမှ မဝတ်ရသေးတဲ့ ကလေး ဖိနပ်" သူတစ်ခါမှ ရေးခဲ့တဲ့ အကောင်းဆုံးဝတ္ထုပါ။ Six-Word Memoirs ဆိုတဲ့ ပရောဂျက်တစ်ခု လည်း ကြုံခဲ့ရတယ်။ အဲဒီမှာ လူတွေကို မေးတာက သင့်ဘဝတစ်ခုလုံး ယူ၊ စကားလုံးခြောက်လုံးနဲ့ အနှစ်ချုပ်ပြပါတဲ့။ ဟောဒါက ဥပမာတွေပါ။ "အချစ်စစ်ကိုတွေ့၊ လက်ထပ်တာက အခြားတစ်ယောက်" (သို့) ဖြစ်တည်မှု လေဟာနယ်မှာ နေထိုင်၊ ဆိုးလိုက်တာ" ဒီတစ်ခုတော့ အတော်ကြိုက်တယ်။ ဒီတော့ ဝတ္ထုတစ်ပုဒ်ကို စကားလုံး ခြောက်လုံးနဲ့ ဘဝမှတ်တမ်းတစ်ခုလုံးကို စကားလုံး ခြောက်လုံးနဲ့ ဖော်ပြနိုင်ရင် TED Talk တစ်ခုအတွက် စကားလုံးခြောက်လုံးထက် ပိုမလိုပါဘူး။ ဒီမှာ နေ့လည်စာမတိုင်ခင် ပြီးသွားနိုင်တယ်။ (ရယ်သံများ) ဒါကို TED Talks တစ်ထောင်လုံးအတွက် လုပ်ရင် စကားလုံး ၂.၃ သန်းကို ၆၀၀၀ အထိလျော့သွားလိမ့်မယ်။ ဒီတော့ အတော်လေး လုပ်ထိုက်တယ်လို့ ထင်တယ် ဒါနဲ့ မိတ်ဆွေအားလုံးကို စမေးတယ်၊ အကြိုက်ဆုံး TED Talk ကို စကားလုံး ခြောက်လုံးနဲ့ ဖော်ပြပါပေါ့။ ဒါတွေက ကျွန်တော်ရခဲ့တဲ့ ရလဒ်တစ်ချို့ပါ။ အတော်လေး ကောင်းတယ် ထင်ပါတယ်။ ဥပမာ Dan Pink ရဲ့ စိတ်ဓာတ်လှုံ့ဆော်မှု ဟောပြောချက်က အတော်ကောင်းတယ် ခင်ဗျား မကြည့်ရသေးရင် "ကြက်တူရွေးကိုချ၊ တုတ်ကိုချ၊ အဓိပ္ပါယ်ယူလာ" အခြေခံအားဖြင့် ဒီအကြောင်းကို ၁၈.၅ မိနစ် အတွင်း ပြောနေတာ(သို့) ဟောပြောသူတွေကို ရည်းညွှန်းတာ တစ်ချို့တောင်ပါတယ်။ ဥပမာ Nathan Myhrvold ရဲ့ ပြောဟန်၊ (သို့) Tim Ferriss ရဲ့တစ်ခုပေါ့။ ဒါက တစ်ခါတစ်လေ နည်းနည်း ပင်ပန်းလောက်တယ်လို့ ယူဆရတယ် ဒီမှာရှိတဲ့ စိန်ခေါ်မှုက ဒါကို ကျွန်တော် စနစ်တကျ ကြိုးစားလုပ်ရင် အနှစ်ချုပ်တွေ အများကြီး ရသွားမှာဖြစ်ပေမဲ့ အဆုံးမှာ မိတ်ဆွေတွေတော့ မဟုတ်ဘူးပေါ့။ ဒီတော့ မတူတဲ့နည်းတစ်ခု ရှာဖို့လိုတယ်။ ဖြစ်နိုင်ရင် လုံးဝ သူစိမ်းတွေပါဝင်တာပေါ့။ ကံကောင်းချင်တော့ ဒီအတွက် Mechanical Turk လို့ခေါ်တဲ့ ဝက်ဘ်ဆိုဒ်တစ်ခုရှိတယ်၊ ဒါက ကိုယ်တိုင် မလုပ်ချင်တဲ့ အလုပ်တွေကို တင်လို့ရတဲ့ ဝက်ဘ်ဆိုဒ်ပါ။ ဥပမာ "ဒီစာပိုဒ်ကို စကားလုံး ခြောက်လုံးနဲ့ အနှစ်ချုပ်ပေးပါ။" တန်ဖိုးနည်း တိုင်းပြည်တွေကို ဒီမှာလုပ်ခွင့် မပေးခဲ့ပေမဲ့ စကားလုံး ခြောက်လုံး အနှစ်ချုပ်ကို ၁၀ ဆင့်နဲ့ ရနိုင်တာကို တွေ့ခဲ့တယ်၊ တော်တော် တန်တဲ့ စျေးလို့ ထင်ပါတယ်။ ဒါတောင်မှ ကံဆိုးချင်တော့ TED Talk တစ်ခုစီကို သီးသန့် အနှစ်ချုပ်ဖို့ မဖြစ်နိုင်ဘူး။ အကြောင်းက တွက်လိုက်ရင် သင့်မှာ TED Talk တစ်ထောင်ရှိပြီး တစ်ခုကို ၁၀ ဆင့်ပေးတော့ ဒီဟောပြောချက်တစ်ခုစီအတွက် အနှစ်ချုပ် တစ်ခုထက်ပိုလုပ်ဖို့လိုတယ် အကြောင်းက တစ်ချို့ဟာတွေက တကယ်ကို ဆိုးသွားနိုင်လို့ပါ။ ဒီတော့ ကျွန်တော် ဒေါ်လာ ရာနဲ့ချီ ပေးလိုက်ရတော့မှာပေါ့။ ဒီတော့ အင်း ဟောပြောချက်တွေက အချို့အကြောင်းအရာတွေ နားမှာပဲ လည်နေတာလို့ တွေးရင်း တစ်ခြားနည်းတစ်ခု တွေးခဲ့တယ်။ ဒီတော့ TED Talks တစ်ခုချင်း စကားလုံး ခြောက်လုံးထိ အနှစ်ချုပ်ခွင့် မပေးပေမဲ့ တစ်ချိန်တည်းမှာ TED Talks ၁၀ ခုပေးပြီး "ဒါကို စကားလုံးခြောက်လုံး အနှစ်ချုပ် လုပ်ပေးပါ"ဆိုရင် ကုန်ကျစရိတ် ၉၀ % လောက် သက်သာလိမ့်မယ်။ ဒီတော့ ဒေါ်လာ ၆၀ ပေါ့။ ကျွန်တော် TED Talks တစ်ထောင်ကို စကားလုံး ၆၀၀ နဲ့ပဲ အကျဉ်းချုပ်နိုင်ပါတယ်။ ဒါဟာ တကယ့်ကို ကောင်းပါလိမ့်မယ်။ ရှင်းနေတာက တစ်ချို့လူတွေ ဒါလုပ်ခဲ့တယ်၊ တကယ်ပါ၊ လူတိုင်းကို ၁၀ ဆင့် ပေးခဲ့တယ်။ ခင်ဗျားတို့ထဲက တစ်ချို့ အခု တွေးနေလောက်တာက TED Talks ၁၀ ခုကို စကားလုံးခြောက်လုံးနဲ့ အနှစ်ချုပ်တာ အရူးသက်သက်ပဲလို့။ ဒါပေမဲ့ တကယ်က မဟုတ်ဘူး။ အကြောင်းက စာရင်းအင်း ပါမောက္ခ Hans Rosling ရဲ့ နမူနာတစ်ခုရှိတယ်။ သူ့ရဲ့ ဟောပြောချက်တစ်ခု မဟုတ် ပိုပြီး ကြည့်ဖူးတယ်ထင်တယ် အွန်လိုင်းမှာ ရှစ် ခုရှိပြီး အခြေခံအားဖြင့်တော့ ဒါတွေကို စကားလုံး လေးလုံးနဲ့ အနှစ်ချုပ်နိုင်တယ်။ အကြောင်းက အခြေခံအားဖြင့် သူပြနေတာက ကျွန်တော်တို့ရဲ့ ဗီဇစိတ်ဟာ တကယ် ဆိုးတာပါ။ မှားတာကို အမြဲ သက်သေပြတယ်။ ဒီတော့ အင်တာနက်ကလူတွေ တစ်ချို့က ကောင်းကာင်းမလုပ်ဘူး။ TED Talks ၁၀ ခုကို တစ်ချိန်တည်းမှာ အနှစ်ချုပ်ပေးဖို့ သူတို့ကိုပြောတော့ သူတို့ အလွယ်လမ်းလုပ်သွားတယ်။ သူတို့မှာ ယျေဘုယျ မှတ်ချက်ပဲရှိတယ်။ အခြားသူတွေက အခြားသူတွေရှိပါတယ်၊ ဒါက အတော်လေး လူပါးဝတယ်လို့ထင်တယ်။ သူတို့ရဲ့ စကာလုံးခြောက်လုံး သုံးကာ ပြန်ပြောပြီး ကျွန်တော်ကို မကြာခင်က Google မှာ အရမ်း များလားတဲ့ (ရယ်သံများ) နောက်ဆုံး ကျွန်တော်လည်းဒါကို ဘယ်တော့မှ နားမလည်ဘူး။ တစ်ချို့တွေက အမှန်တရားရဲ့ သူတို့ကိုယ်ပိုင်မူကို တွေရခဲ့တယ်။ TED Talk တိုင်းမှာ ဒါပါဝင်တာ မသိကြဘူး။ ဒါပေမဲ့ အိုး ဒါပေမဲ့လည်း အဆုံးမတော့ ပြီးတော့ ဒါက အံ့ဩစရာပါ၊ ကျွန်တော် တင်ခဲ့တဲ့ TED Talk ၁၀ ခုတွဲရဲ့ တစ်ခုစီတိုင်းအတွက် အဓိပ္ပါယ်ရှိတဲ့ အနှစ်ချုပ်တွေ ရခဲ့တယ်။ ဟောဒါတွေက အကြိုက်ဆုံးတွေပါ။ ဥပမာ အစားအသောက်အကြောင်း TED Talks တွေအတွက် တစ်ယောက် အနှစ်ချုပ်တာက "အစာက ခန္ဓာ၊ ဦးနှောက်နဲ့ဝန်းကျင်ကို ပုံသွင်းတယ်။" ဒါက အတော်ကောင်းတယ် ထင်တယ်။ (သို့)ပျော်ရွှင်မှု၊ "ပျော်ရွှင်မှုဆီ ကြိုးစား၊ မပျော်ရွှင်မှုဆီလှမ်း" ဟောဒါက ကျွန်တော်ပါ။ TED Talks တစ်ထောင်နဲ့ စခဲ့ပြီး ဒါတွေအတွက် စကားလုံးခြောက်လုံး အနှစ်ချုပ် ၆၀၀ ရခဲ့တယ်။ တကယ်တော့ အစမှာ ကောင်းတဲ့ပုံပေါက်ခဲ့တယ်။ ဒါပေမဲ့ အနှစ်ချုပ် ၆၀၀ ကို ကြည့်လိုက်တော့ အတော်များတယ်၊ ဧရာမ စာရင်းပါ။ (ရယ်သံများ) ဒီတော့ တွေးမိတာက ဒီနောက်တစ်ဆင့် တက်လိုက်ဖို့လိုပြီး အနှစ်ချုပ်ရဲ့အနှစ်ချုပ် ဖန်တီးဖို့ ဖြစ် လောက်တယ်၊ ကျွန်တော်လုပ်ခဲ့တာ အတိအကျပါ ဒါနဲ့ ကိုယ့်ရှိတဲ့ အနှစ်ချုပ် ၆၀၀ ယူပြီး ဟောပြောချက်တွေ TED.com မှာ မူလ ရရှိခဲ့တဲ့ အဆင့်တွေအလိုက် အုပ်စု ကိုးစုခွဲလိုက်ကာ။ လူတွေကို ဒါတွေရဲ့ အနှစ်ချုပ်တွေ လုပ်ဖို့ ပြောပါတယ် ထပ်ပြီးတော့ နားလည်မှုလွဲတာတွေ ရှိခဲ့တယ်။ ဥပမာ "နှစ်သက်ဖွယ်" အားလုံးရဲ့ ဟောပြောချက်အတွဲ ရတဲ့အခါ တစ်ဦးက ကျွန်တော်ဟာ အဆုံးစွန် အဖွင့်စကားတွေ ရှာဖို့ ကြိုးစားနေတာလို့ ထင်ရော ဒါပမဲ့ အဆုံးကျတော့ အံဩစရာပဲ ထပ်ပြောရင် လူတွေ လုပ်နိုင်ခဲ့တယ် ဥပမာ ရဲရင့်တဲ့ TED Talks တွေအားလုံးမှာ "သေလုဆဲ (သို့) ခံစားနေရတဲ့ လူတွေဟာ အနီးမှာ လွယ်ကူတဲ့ အဖြေတွေနဲ့ လူတွေပါ။
" (သို့) ပါးစပ် အဟောင်းသားဖြစ်စေတဲ့ TED Talk အတွက်နည်းက စကြာဝဠာအချင်းချင်း ဂန္ဓဝင် ဂီတစာဆိုရဲ့ Flickr ပုံတွေ" ဆိုလိုတာက ဒါက အားလုံးရဲ့ အနှစ်သာရပါ။ အခု ကျွန်တော့မှာ အုပ်စု ကိုးစုရှိပေမဲ့ ဆိုလိုတာက ဒါက အတော်လေး လျှော့ပြီးပါပြီ။ ဒါပေမဲ့ တကယ်တမ်းက ဒီလောက် ခရီးပေါက်ပြီဆိုတာနဲ့ တကယ်ကို အားမရပါဘူး။ TED Talks တစ်ထောင်ကနေစပြီး အဆီအနှစ် ထုတ်တဲ့ဆီအထိကို တောက်လျှာက် ကျွန်တော် သွားချင်ခဲ့တယ်၊ TED Talks တစ်ထောင်ကို စကားလုံး ခြောက်လုံးနဲ့ အနှစ်ချုပ်ချင်ခဲ့တယ်။ ဒါက ပါဝင်တာရဲ့ ၉၉.၉၉၉၇ ရာခိုင်နှုန်း လျှော့ချတာဖြစ်လိမ့်မယ်။ ကျွန်တော်က ၉၉.၅၀ ဒေါ်လာပဲ ပေးမှာဆိုတော့ ဒါအတွက် ဒေါ်လာ ၁၀၀ အောက်မှာတောင် ရှိမယ်။ ဒါနဲ့ စုစုပေါင်း ၅၀ လုပ်ခိုင်းတယ်။ ဒီတစ်ခါ ၂၅ ဆင့် ပေးခဲ့ပါတယ်၊ ဒီအလုပ်က ပိုခက်တယ်လို့ ထင်တာကြောင့်ပါ။ ကံဆိုးချင်တော့ ဒီအဖြေတွေ ပထမရတော့ ဟောဒီမှာ မြင်ရတဲ့ အဖြေ ခြောက်ခုပါ။ နည်းနည်း စိတ်ပျက်သွားတယ်။ အကြောင်းက သဘောတူမယ်ထင်ပါတယ်၊ TED ရဲ့ ရှုထောင့်ကို အနှစ်ချုပ်ပေမဲ့ ကျွန်တော့အတွက်တော့ သူတို့ နည်းနည်း ရောထားတယ်၊ (သို့) ဒါတွေထဲမှာ TED ရဲ့ ရှုထောင့် တစ်ခုခု ရှိရုံပဲလေ။ ဒါနဲ့ စွန့်လွတ်ခါနီးနီးမှာ တစ်ည ဒီစာကြောင်းတွေနဲ့ ဆော့တော့ ဒီမှာ နှစ်သက်ဖွယ် အဖြေတစ်ခု ရှိတာ တွေ့လိုက်ရတယ်။ ဟောဒီမှာပါ။ အစုအဝေး အရင်းမြစ်၊ ဒေါ်လာ ၉၉.၅၀ တန် TED Talks ရဲ့ စကားလုံး ခြောက်လုံး အနှစ်ချုပ်ပါ။ "ဘာကြောင့် စိတ်ပူတာလဲ၊ အံ့တောင်ဩမိတယ်" ကျေးဇူးအများကြီး တင်ပါတယ်။ (လက်ခုပ်သံများ)