ကျွန်မဟာ ပြဿနာကိုရှာရာမှာ ကျွမ်းသူပါ။ (ရယ်သံများ) ကျွန်မရဲ့အလုပ်က ကမ္ဘာကြီးကို၊ ကရောကမည် စနစ်တွေကို၊ ပိုကောင်းအောင်လုပ်ဖို့ ငြင်းဆန်သူတွေကို ဝေဖန်ဖို့ဖြစ်လို့၊ စာရေးဆရာ၊ ဟောပြောသူ ကလိမ်ကကျစ် နိုက်ဂျီးရီးယန်းအဖြစ်နဲ့ပါ။ (ရယ်သံများ) ကျွန်မရဲ့ ရည်ရွယ်ချက်က ဒီကြောင်လိုဖြစ်ဖို့လို့ ခံစားမိတယ်။ (ရယ်သံများ) ကျွန်မက အခြားသူတွေကို ကြည့်နေတဲ့ လူပါ။ ဥပမာ၊ "ငါက မင်းအဲဒါ ပြင်ပေးစေချင်တယ်" ဒါက ကျွန်မပါ။ ကျွန်မတို့ တွေ့ခဲ့တဲ့ ဒီကမ္ဘာကို ပိုကောင်းကောင်း ထားရစ်စေချင်တယ်။ ထိရောက်တဲ့ အပြောင်းအလဲကို ရွေးချယ်ပုံက ပွင့်လင်းစွာ ပြောခြင်း၊ ပထမဆုံးဖြစ်ခြင်းနဲ့ ဒိုမီနိုဖြစ်ခြင်းပါ။ ဒိုမီနိုတန်းတစ်ခု လဲကျဖို့အတွက် တစ်ခုက အရင်လဲကျဖို့လိုပါတယ်၊ နောက်ပြီး ဒါကနေ အခြားရွေးစရာမရှိတာတွေကို အလားတူဖြစ်စေတယ်လေ။ ဒါက လဲကျသွားတဲ့ ဒိုမီနိုပါ၊ ကျွန်မတို့ ဒါကို မျှော်လင့်နေတယ်၊ ဟုတ်။ ဒါကိုမြင်တဲ့ နောက်တစ်ယောက်ကို ဒိုမီနိုတစ်ခု ဖြစ်ဖို့ စေ့ဆော်ပေးတယ်။ ကျွန်မအတွက်တော့ ဒိုမီနိုဖြစ်ခြင်းဟာ ပွင့်လင်းစွာပြောခြင်းနဲ့ တကယ်ခက်ခဲတာတွေကို လုပ်ခြင်းပါ၊ အထူးသဖြင့် သူတို့တွေ လိုအပ်တဲ့အခါ၊ အခြားသူတွေ အံကျ လိုက်လုပ်မယ် မျှော်လင့်ချက်နဲ့ပါ တစ်ခုရှိတာက ကျွန်မက သင်တွေးမိလောက်ပေမဲ့ မပြောရဲတာကို ပြောတဲ့သူပါ။ အကြိမ်တော်များများမှာ လူတွေဟာ အကြောက်တရားမဲ့တယ် ထင်ကြတယ်၊ ဒီလိုလုပ်သူတွေဟာ အကြောက်တရားမဲ့တယ်။ အကြောက်တရားမဲ့တာ မဟုတ်ပါ အကျိုးဆက်တွေကို (သို့) အင်အားကို အမှန်တရားနဲ့ ပြောခြင်းနဲ့ ကိုယ်စွန့်လွှတ်ရမှာကို မကြောက်တာပါ။ ဖြစ်တာက ကျွန်မတို့လုပ်ဖို့ လိုတယ် ခံစားမိတယ်။ အကြောင်းက ကမ္ဘာမှာ ဒိုမီနိုဖြစ်ဖို့ ဆန္ဒရှိသူက အင်မတန် နည်းတယ်၊ ဒီလိုလဲကျဖို့ ဆန္ဒရှိသူက အင်မတန် နည်းလို့ပါ။ ဒါကို မကြောက်ပဲ လုပ်နေတာမဟုတ်ဘူး။ အကြောက်အကြောင်း ပြောရအောင်။ ကြီးလာတဲ့အခါ ကိုယ်ဘာဖြစ်တာ ကျွန်မ အတိအကျသိခဲ့တယ်။ ဒီလိုမျိုးပေါ့၊ "ငါ ဆရာဝန်ဖြစ်တော့မယ်"။ Doctor Luvvie က ကျွန်မ အိပ်မက်ပါ။ ဖြစ်မလာခင်ကို ကျွန်မဟာ Doc McStuffins ဖြစ်ခဲ့တယ် (ရယ်သံများ) ကျွန်မ ကောလိပ်တက်ခဲ့တာ အမှတ်ရမိတယ်၊ ကျွန်မရဲ့ ပထမနှစ်မှာ ဆေးအကြို အဓိကအတွက် ဓာတုဗေဒ ၁၀၁ ကို ယူခဲ့ရတယ်။ ကျွန်မရဲ့ ပညာရေး သက်တမ်းမှာ ပထမဆုံးနဲ့ နောက်ဆုံး D ရခဲ့တာပါ။ (ရယ်သံများ) ဒါနဲ့ ကျွန်မရဲ့ အကြံပေးဆီသွားပြီး ပြောခဲ့တာက၊ "အိုကေ ဆေးအကြိုကို ဖြုတ်လိုက်ရအောင်၊ ဘာလို့ဆို ဒီဆရာဝန်ဆိုတာ အလုပ်ဖြစ်မှာ မဟုတ်ဘူး၊ ဆေးရုံတွေတောင် ကျွန်မ မကြိုက်ဘူး ဆိုတော့..." (ရယ်သံများ) "ဒါက ပြီးပြီလို့ပဲ ယူဆလိုက်ရအောင်" အဲဒီစာသင်ကာလမှာပဲ ကျွန်မ ဘလော့ဂ်လုပ်တာ စခဲ့တယ်။ ဒါက ၂၀၀၃ ပါ။ အိပ်မက်တစ်ခု အဆုံးသတ်ခိုက်မှာ နောက်အိပ်မက်တစ်ခု စတင်နေတာပါ။ ဒီနောက် ၂၀၁၀ မှာ စျေးကွက်ရှာတဲ့အလုပ် ပြုတ်သွားတော့ ချစ်စရာ ဝါသနာတစ်ခုက ကျွန်မရဲ့ အချိန်ပြည့်အလုပ်ဖြစ်လာတယ်။ ဒါပေမဲ့ "ကျွန်မဟာ စာရေးဆရာ"လို့ ပြောဖို့ နောက်နှစ်နှစ် အချိန်ယူခဲ့ရတယ်။ စာစရေးပြီး ကိုးနှစ်ကြာ "ကျွန်မဟာ စာရေးဆရာ"လို့ မပြောခင်ပါ၊ ကျွန်မ ကြောက်တဲ့အကြောင်းက စုငွေမပါပဲ "ကျွန်မရဲ့ ဖိနပ်အကျင့်တွေ ဘယ်လို ထိန်းမလဲ" ဆိုတာမပါပဲ ဖြစ်လာမှာကိုပါ။ ဒါ ကျွန်မအတွက် အရေးပါတယ် (ရယ်သံများ) ဒါကြောင့် ကျွန်မ ရည်ရွယ်ချက်က ဘာလဲဆိုတာကို ပိုင်ဆိုင်ဖို့ ဒီလောက်အချိန်ယူခဲ့ရတာပါ။ ဒီနောက် သဘောပေါက်မိတာက ကြောက်စိတ်ဟာ ကျွန်မတို့ရဲ့ ရည်ရွယ်ချက်တွေကို လုပ်ခြင်း၊ ပြောခြင်းကနေ တားဆီးတဲ့ အရမ်း ခိုင်လုံတဲ့ အစွမ်းရှိတာပါ။ ကျွန်မပြောတာက "ဘာလဲသိလား"။ ကြောက်စိတ်က ကျွန်မဘဝကို လွှမ်းမိုးခွင့် ပေးမှာမဟုတ်ဘူး။ ကြောက်စိတ်က ကျွန်မလုပ်တာကို ဩဇာပေးခွင့် မပြုဘူး။ ဒီနောက်မှာ ဒီအံ့ဖွယ်ရာတွေ စဖြစ်လာပြီး ဒိုမီနိုတွေ စလဲကျလာတယ်။ ဒါနဲ့ ဒါကိုသဘောပေါက်တော့ ဆိုပါတော့ "အိုကေ၊ ၂၀၁၅၊ ငါ့အသက် ၃၀ ပြည့်ပြီ၊ "ဘာဖြစ်ဖြစ်လုပ်ပါ"ဆိုတဲ့ ငါ့နှစ်ဖြစ်တော့မယ်၊ ငါ့ကိုလန့်စေတဲ့ ဘာဖြစ်ဖြစ်ပေါ့၊ စိတိဝင်တစားကို လိုက်လုပ်မယ်" ဒါနဲ့ ကျွန်မက မကရရာသီဖွားပါ။ ထိတွေ့မှုကို မြေကြီးမှာ ခိုင်ခံတာ ကြိုက်တယ်၊ တစ်ကိုယ်တော် အားလပ်ရက်ခရီး ထွက်ဖို့ဆုံးဖြတ်လိုက်တာ နိုင်ငံအပြင်ဘက်ကနေ Dominican Republic ကိုပါ။ ဒါနဲ့ ကျွန်မရဲ့ မွေးနေ့မှာ ဘာလုပ်ခဲ့လဲ။ Punta Cana ရဲ့ သစ်တောတွေဖြတ်ပြီး ခြေကုန်သုတ်ခဲ့တယ်။ ထူးဆန်းတဲ့ အကြောင်းပြချက်အတွက် လုပ်ငန်းက သာမန်ပဲ။ ဘာကြောင့်လဲတော့ မမေးနဲ့။ (ရယ်သံများ) ကျွန်မမှာ အံဩဖွယ် ကာလတစ်ခု ရှိခဲ့တယ်။ ပြီးတော့ ရေထဲမှာ နစ်နေရတာလည်း မကြိုက်ဘူး၊ မြေပြင်ပေါ် မှာ ခိုင်ခိုင်မာမာ ထပ်ဖြစ်ချင်တယ်။ ဒါနဲ့ မက္ကစီကို သွားခဲ့ပြီး လင်းပိုင်တွေနဲ့ ရေအောက်မှာ ကူးခဲ့တယ်။ ဒီနောက် အဲဒီနှစ်ပဲ ကျွန်မလုပ်ခဲ့တဲ့ ခပ်မိုက်မိုက်က ကျွန်မရဲ့ စာအုပ် "I'm Judging You: The Do-Better Manual" ရေးခဲ့တဲ့ ကျွန်မရဲ့တောင်ပါ။ ကျွန်မ ပိုင်ဖို့လိုတဲ့ (လက်ခုပ်သံများ) အခု ရေးသာခြင်းအားလုံး၊ ဟုတ်တယ်နော် ဟုတ်တယ်လေ။ ဒါပေမဲ့ အဲဒီနှစ်က လုပ်ခဲ့တဲ့ ကျွန်မကို ဆန့်ကျင်တဲ့အရာက ကျွန်မကို ကြောက်ချေးပါတဲ့ဟာလေ-- လေထီးခုန်တာ လုပ်ခဲ့တယ်။ ကျွန်မတို့ဟာ လေယာဉ်ကနေ ကျတော့မလို့ပါ။ ကျွန်မပြောမိတာက "ဘဝမှာ မိုက်မဲတာတွေ လုပ်ဖူးတယ်၊ ဒါကတစ်ခုပဲ"လို့ပါ။ (ရယ်သံများ) ဒီနောက်မှာ မြေပြင်ဆီ ကျွန်မတို့ ကျလာကာ မြေကြီးကို မြင်တော့ အသက်ရှူရပ်မတတ်ပဲ၊ ကျွန်မက "ငါ လေယာဉ်ကနေ တမင်တကာ အကောင်းပကတိ ပြုတ်ကျခဲ့တာပဲ" (ရယ်သံများ ) "ငါဘာများ မှားလို့လဲ" ဒါပေမဲ့ နောက် လှပမှုကို ငုံ့ကြည့်လိုက်ကာ ပြောတာက "ဒါဟာ ငါလုပ်ဖူးသမျှမှာ အကောင်းဆုံးပဲ၊ ဒါဟာ အံ့ဩဖွယ် ဆုံးဖြတ်ချက်ဖြစ်ခဲ့တယ်။" နောက် အမှန်ကို ကျွန်မ ပြောဖို့လိုတဲ့ အချိန်တွေကို တွေးမိတယ်။ လေယာဉ်ကနေ ပြုတ်ကျနေသလိုမျိုး ခံစားရပါတယ်။ လေယာဉ်ရဲ့ အစွန်းမှာ ရောက်နေတဲ့ ကာလလိုမျိုးခံစားရပါတယ်။ ပြောတာက "နင် ဒါကို မလုပ်သင့်ဘူး" ဒါပေမဲ့ နောက်တော့ လုပ်တာပဲလေ၊ အကြောင်းက လုပ်ဖို့လိုတာ သိလို့ပါ။ လေယာဉ်ပေါ်နေရတာမျိုးက ကျွန်မကို စိတ်သက်သာစေတယ်လေ။ နေ့တိုင်းခံစားမိတာမျိုးက အဖွဲ့အစည်းကြီးတွေနဲ့ ကိုယ်ထက် ပိုကြီးမားတဲ့ လူတွေ ကိုယ်ထက် ပိုစွမ်းအားကောင်းတဲ့ အင်အားစုတွေကို ဆန့်ကျင်ကာ အမှန်ကို ပြောနေတယ်လို့ပါ လေယာဉ်ပေါ်က ပြုတ်ကျသလိုမျိုး ခံစားရပေမဲ့၊ သင့်တောက်သက်သာဖြစ်မှုကို သိဒ္ဓိတင်တာသိခဲ့တယ်။ အကြောင်းက ဆိတ်ဆိတ်နေတာဟာ သက်တောင့်သက်တာရှိလို့ပါ။ အရာတွေကို သူတို့အရှိအတိုင်းထားတာ သက်တောင့်သက်သာဖြစ်တယ်လေ။ သက်တောင့်သက်သာရှိမှုက လုပ်တာက ရှိမြဲအခြေအနေကို ထိန်းတာပါ။ ဒီတော့ လိုအပ်တဲ့အခါ ဒီခက်ထန်တဲ့ အမှန်တရားတွေကိုပြောရင်း သက်တောင့်သက်သာမရှိမှုကို သက်တောင့်သက်သာ လုပ်ယူဖို့လိုတယ်။ ဒါနဲ့ ကျွန်မ (လက်ခုပ်သံများ) ကျွန်မအတွက်တော့ ဒီအမှန်တရားတွေကို ပြောဖို့လိုတာ သဘောပေါက်တာကနေ ရိုးသားမှုက ကျွန်မအတွက် သိပ် အရေးပါလို့ပါ။ ကျွန်မရဲ့ ဂုဏ်သိက္ခာကို ကျွန်မ တန်ဖိုးထားတာပါ။ တရားမျှတမှုဟာ ရွေးချယ်မှုတစ်ခု ဖြစ်သင့်တယ်လို့ မထင်ဘူး တရာမျှတမှု အမြဲရှိသင့်တယ်။ ဒါ့အပြင် ရှိးရာ ထောပတ်က်ု အဓိက တန်ဖိုးအဖြစ် ကျွန်မယုံကြည်တယ်။ (ရယ်သံများ) ပြီး ကျွန်မတို့ အလှဆီပိုလိမ်းထားရင် ကမ္ဘာကြီး ပိုကောင်းမယ်လို့ ထင်တာပဲ။ ဒါပေမဲ့ ဒါ့အပြင် ကျွန်မရဲ့ အဓိက တန်ဖိုးတွေဖြစ်တဲ့ ဒါတွေနဲ့ ကျွန်မ အမှန်ပြောဖို့လိုတယ်။ ဒီကိစ္စမှာ အခြားရွေးစရာ ကျွန်မမှာ မရှိပါ။ ဒါပေမဲ့ ကျွန်မလို ပြဿနာရှာရာမှာ တော်သူတွေဟာ ဒီဒိုမီနိုတွေဖြစ်ခြင်းကို ရည်စူးသူတွေတင်မက လေယာဉ်ကနေ အမြဲ ပြုတ်ကျသူတွေ (သို့) ဒါကို ပထမဆုံးကြုံသူတွေ ဖြစ်သင့်တယ်။ လူတွေက အခန်းတွေထဲကို အကြိမ်များစွာ ဝင်ပြီး ဒီအခန်းတွေမှာ စွမ်းအားအကောင်းဆုံး တစ်ဦးဆိုတာ မသိရလောက်အောင်ကို ဒီပြင်းထန်တဲ့ အကျိုးဆက်တွေကို အရမ်းကြောက်ကြတယ်။ ကျွန်မတို့ဟာ ဒုတိယ၊ တတိယ စွမ်းအားအရှိဆုံး ဖြစ်လောက်တယ်လေ။ ခိုင်မာစွာ ယုံကြည်မိတာက ဒီအချိန်တွေမှာ ကျွန်မတို့အလုပ်က ဖြစ်ပျက်နေတာကို အလျဉ်ပြတ်စေဖို့ပါ။ နောက် ကျွန်မတို့ စွမ်းအားအရှိဆုံးမဟုတ်ရင် နှစ်ယောက်ထက်ပိုပြီး စုရုံးလိုက်ရင် ကျွန်မတို့ကို စွမ်းအားရှိစေတယ်။ အစည်းအဝေးမှာ အမျိုးသမီးကို လွှဲအပ်လိုက်တာမျိုးပါ၊ သိတဲ့အတိုင်း သူမရဲ့ စကားလုံး ထွက်လို့မရနိုင်ဘူးထင်ရတဲ့ (သို့) ဆိုစရာရှိတာ မဆိုနိုင်တဲ့ အခြားသူတစ်ယောက်ကို သေချာအောင်လုပ်နေတဲ့ အမျိုးသမီးကို နားထောင်နေတယ်။ ကျွန်မတို့အလုပ်က ဒါအတွက် သူတို့နေရာရှိတာ သေချာဖို့ပါ။ လူတိုင်းရဲ့ ကောင်းကျိုးသုခဟာ လူစုရဲ့ လုပ်ငန်းပါ။ ဒါကို မှတ်သားမိရင် ဒါကို ကျွန်မတို့ နားလည်တယ်၊ အခြားသူတစ်ဦးရဲ့ အကူအညီ သေချာရင် ကျွန်မတို့အကူအညီလိုတဲ့ အချိန်တွေအတွက် ဘေးဘီကို အသည်းအသန် ကြည့်ဖို့လိုမှာမဟုတ်ပါဘူး။ အများရှေ့မှာ လိမ့်ကျ၊ လဲကျတာတွေ ဖြစ်တယ်လို့ ခံစားမိတဲ့ အချိန်တွေရှိခဲ့တယ်၊ ဥပမာ အစည်းဝေးကြီးတစ်ခုမှာ ကျွန်မကို စကားပြောခိုင်းတုန်းက သူတို့က ကျွန်မကို အဲဒီမှာ စရိတ်ကာမိစေချင်တာပေါ့။ ဒီနောက် လေ့လာမှုလုပ်တော့ တွေ့ရှိရတာက အဲဒီမှာ စကားပြောတဲ့ လူဖြူအမျိုးသားတွေဟာ ထေမိပြီး သူတို့ခရီးစရိတ်ကို ကျခံပေးတယ်။ အဲဒီမှာ စကားပြောတဲ့ လူဖြူအမျိုးသမီးတွေ ခရီးစရိတ်ကို ကျခံပေးတယ်။ အဲဒီမှာ စကားပြောတဲ့ လူမည်းအမျိုးသမီးတွေကို စကားပြောဖို့ ကျခံပေးမယ်လို့ မျှော်ခဲ့ရတယ်။ ကျွန်မက "ငါဘာလုပ်တာလဲ"။ ဒီအကြောင်း လူသိရှင်ကြား ပြောရင် ငွေကြေးဆုံးရှုံးမှု ကြုံရနိုင်တယ်။ နောက်တော့ တိတ်ဆိတ်မှုက ဘယ်သူ့ကိုမှ အကျိုးမရှိတာပါ နားလည်ခဲ့တယ်။ ဒါနဲ့ ကြောက်ကြောက်နဲ့ ဒီအကြောင်း လူသိရှင်ကြား ပြောခဲ့တယ်၊ အခြားအမျိုးသမီးတွေလည်း ပြောဖို့ စထွက်လာတယ်။ "ကျွန်မလည်း ဒီမညီမျှတဲ့ ပေးချေမှုမျိုး ကြုံတွေ့ခဲ့တယ်" ဒီအစည်းအဝေးကြီးပါဝင်နေတဲ့ ခွဲခြားတဲ့ ပေးချေမှု အလေ့အထတွေအကြောင်း ဆွေးနွေမှုတစ်ခု စတင်ခဲ့တယ်။ လူသိထင်ရှား ပုဂ္ဂိုလ်တစ်ဦးရဲ့ အနှောက်အယှက်ပေးတဲ့ မှတ်တမ်း ဖတ်မိတော့ ဒိုမီနိုလို့ ခံစားကာ ဒါကို တစ်ပိုင်းတစရေးလိုက်တယ်။ ဒီလူက ကျွန်မထက် ပိုစွမ်းအားရှိပြီး ကျွန်မရဲ့အလုပ်ကို သက်ရောက်မှုရှိနိုင်တာ သိခဲ့ပေမဲ့ "ငါ ဒါလုပ်ဖို့လိုတာပေါ့"။ ဒီလေယာဉ်ရဲ့ အစွန်းမှာ ထိုင်ဖို့လိုတာပေါ့၊ နှစ်နာရီလောက်ဖြစ်ဖြစ်ပေါ့။" ကျွန်မ လုပ်ခဲ့တယ်၊ "ပုံနှိပ်"ကို နှိပ်၊ ပြေးသွားတယ်။ (ရယ်သံများ) ဗိုင်းရပ်လိုပျံ့နေတဲ့ ပို့စ်ဆီပြန်လာတော့ ပြောနေကြတာက "အိုး၊ ဘုရာရေ၊ တစ်ယောက်က နောက်ဆုံး ဒါကိုပြောတာ အရမ်းဝမ်းသာတယ်" ဒါကနေစိတ်ကျန်းမာရေးနဲ့ ကိုယ့််ကိုယ်ကို စောင့်ရှောက်ရေးအကြောင်း ဆွေးနွေးပွဲစခဲ့တယ် ကျွန်မက"ကောင်းပြီ။ ဒါက ကျွန်မလုပ်နေတာပါ၊ အဆင်ပြေတယ်၊ တစ်ခုခုလုပ်နေတယ်လို့ထင်မိတယ်"။ စွမ်းကားရှိတဲ့ အမျိုးသားတွေရဲ့ စော်ကားတာ ခံရပုံအကြောင်း သူတို့ ဆွေးနွေးတဲအခါ လူအတော်များများဟာ ဒိုမီနိုဖြစ်ဖူးတာပါ။ ဒါ သန်းချီတဲ့ အမျိုးသမီးတွေကို ပါဝင်စေကာ "ငါရောပဲ"လို့ပြောစေတယ်။ ဒီတော့ ဒီလှုပ်ရှားမှု စတာအတွက် Tarana Burke ကို အော်ပြောတာပါ။ (လက်ခုပ်သံများ) ကိုယ်ရှိရာ အတိအကျ ထားဖို့ လူတွေ၊စနစ်တွေဟာ ကျွန်မတို့ရဲ့တိတ်ဆိတ်မှုကို အားကိုးတယ်။ ဒီမီနိုဖြစ်တာဟာ တစ်ခါတစ်လေ ကိုယ် ဘယ်သူ ဆိုတာကို ပြင်ဆင်လှုပ်ရှားတယ်။ ဒီတော့ ကျွန်မဟာ သုံးနှစ်ကတည်းက ကလိမ်ကကျစ် ဖြစ်နေတာပါ။ (ရယ်သံများ) ဒါက ကျွန်မရဲ့ တတိယမြောက် မွေးနေ့မှာ ဒါပေမဲ့ တစ်ဘဝလုံး ဒီမိန်းကလေးဖြစ်ခဲ့ပြီး ဒါက ဒိုမီနိုဖြစ်ခဲ့ပြီတောင် ခံစားမိတယ်၊ အကြောင်းက မိမိကိုယ်တိုင်ရဲ့ ကိုယ်စားလှယ်တွေအဖြစ် ကျွန်မတို့ကို လှည့်စေချင်တဲ့ ကမ္ဘာမှာ ကိုယ်တိုင်ဖြစ်တာဟာ တော်လှန်တဲ့ လုပ်ဆောင်မှုပါ။ ကျွန်မတို့ကို တိုးတိတ်စေချင်တဲ့ ကမ္ဘာမှာ ကျွန်မက အော်ဟစ်ဖို့ ရွေးလိုက်တယ်။ (လက်ခုပ်သံများ) ဒီခက်ခဲတာတွေကို ပြောဖို့အချိန်ရောက်တဲ့အခါ၊ ကိုယ့်ကိုယ်ကို သုံးခုမေးကြည့်တယ်။ တစ်၊ မင်း ဒါကတကယ်လား။ နှစ်၊ မင်း ဒါကို ကာကွယ်နိုင်လား။ သုံး၊ ဒါကို မေတ္တာနဲ့ ပြောခဲ့လား။ အဖြေက ဟုတ်တယ်လို့ သုံးခုလုံးဖြစ်ရင် ဒါကို ပြောပြီး တိုကင်ပြားတွေ ချလိုက်တယ်။ ဒါက အရေးကြီးပါတယ်။ ကိုယ်ကိုယ်တိုင်နဲ့ စစ်ဆေးဂိတ်က "အေး၊ မင်းဒါကို လုပ်သင့်တယ်"လို့ ကျွန်မကို အမြဲပြောတယ် အမှန်ကို ပြောခြင်း လေးနက်တဲ့ အမှန်ကို ပြောခြင်းဟာ တော်လှန်ရေး လုပ်ဆောင်မှု မဖြစ်သင့်ပါ။ အင်အားကို အမှန်ကို ပြောတာဟာ စွန့်လွှတ်တာ မဖြစ်သင့်ပေမဲ့ စွန့်လွှတ်တာပါ။ ဒါပေမဲ့ ကျွန်မထင်တာက ပိုကြီးကျယ်တဲ့ ကောင်းတာအတွက် ပိုရွေးချယ်ရင် လက်ရှိထက် ပိုကောင်းတဲ့ နေရာတွေမှာ ရှိပါလိမ့်မယ်။ ပိုကြီးတဲ့ ကောင်းတာကို ပြောတာဟာ အခြေခံတူညီမှုအတွက် တံတားတွေဆောက်ဖို့ အမှန်တရားတွေ ပြောဖို့ မိမိကိုယ်ကို ရည်စူးတာလို့ထင်တယ်။ အမှန်တရားကို အခြေမခံတဲ့ တံတားတွေဟာ ပြိုကျပါလိမ့်မယ်။ ဒီတော့ အင်းအားကို အမှန်တရားကို ပြောဖို့၊ ဒိုမီနိုဖြစ်ဖို့က ကျွန်မတို့အလုပ်၊ ကျွန်မတို့ရဲ့ ဝတ္တရား၊ ကျွန်မတို့ရဲ့ တာဝန်ပါ။ ခက်ခဲတဲ့အခါတင်မဟုတ်ပဲ-- အထူးသဖြင့်ကို ခက်ခဲတဲ့အခါမှာပါ။ ကျေးဇူးတင်ပါတယ်။ (လက်ခုပ်သံများ)