1 00:00:00,920 --> 00:00:05,126 ကျွန်တော်က ဆီရဲရာ လီယွန်းမှာ မွေးဖွားကြီးပြင်းခဲ့တာပါ။ 2 00:00:05,126 --> 00:00:07,371 အနောက်အာဖရိကမှာရှိတဲ့ သေးငယ်ပြီး 3 00:00:07,371 --> 00:00:09,076 အရမ်းလှပတဲ့ နိူင်ငံတစ်ခုပေါ့။ 4 00:00:09,076 --> 00:00:11,980 ရုပ်ပိုင်းဆိုင်ရာ အရင်းအမြစ်တွေနဲ့ တီထွင်ဖန်တီးမှုဆိုင်ရာ ပင်ကိုယ်စွမ်းရည် 5 00:00:11,980 --> 00:00:14,312 နှစ်မျိုးစလုံး ကြွယ်ဝတဲ့ နိုင်ငံတစ်နိုင်ငံပါ။ 6 00:00:14,312 --> 00:00:16,274 ဒါပေမယ့် ဆယ်စုနှစ်တစ်ခုစာကြာခဲ့ပြီး ရွာလုံးကျွတ်လိုက်ဆိုသလို မီးရှို့ခံခဲ့ရတဲ့ 7 00:00:16,274 --> 00:00:18,688 (၉၀)ခုနှစ်ပ်ိုင်းက ပုန်ကန်စစ်ပွဲကြောင့် 8 00:00:18,688 --> 00:00:21,778 ဆီရဲရာ လီယွန်းဟာ နာမည်ဆိုးနဲ့ ကျော်ကြားနေပါတယ် 9 00:00:21,778 --> 00:00:25,990 ဒီကာလအတွင်းမှာ ခန့်မှန်းခြေ (၈၀၀၀)လောက်ရှိတဲ့ ယောက်ျား၊ မိန်းမ၊ ကလေးတွေဟာ 10 00:00:25,990 --> 00:00:30,256 သူတို့ရဲ့ လက်တွေ၊ခြေထောက်တွေ ဆုံးရှုံးခဲ့ပါတယ်။ 11 00:00:30,256 --> 00:00:33,240 ကျွန်တော် (၁၂)နှစ်သားအရွယ်မှာ အဲဒီတိုက်ပွဲ တစ်ခုကနေ 12 00:00:33,240 --> 00:00:35,932 ကျွန်တော်နဲ့ ကျွန်တော့်မိသားစုဟာ ဘေးလွတ်ရာကို ရှောင်ပြေးစဉ်မှာ 13 00:00:35,932 --> 00:00:39,364 ငါတို့ ကြုံတွေ့ခဲ့တဲ့ အတွေ့အကြုံမျိုး 14 00:00:39,364 --> 00:00:41,644 ငါတို့ရဲ့ကလေးတွေ မကြုံစေဖို့ 15 00:00:41,644 --> 00:00:45,030 ငါလုပ်နိုင်တာမှန်သမျှ လုပ်မယ်လို့ ကျွန်တော် သန္နိဋ္ဌာန်ချလိုက်ပါတယ်။ 16 00:00:45,030 --> 00:00:47,644 အမှန်တကယ်တော့ သူတို့လေးတွေဟာ စစ်ပွဲ နဲ့ ကိုယ်အင်္ဂါဖြတ်တောက်ကုသခြင်းတွေက 17 00:00:47,644 --> 00:00:50,132 အာဏာရရှိရေးအတွက် နည်းဗျူဟာတစ်ခုမဟုတ်တော့တဲ့ ဆီရဲရာ လီယွန်းရဲ့ 18 00:00:50,132 --> 00:00:54,838 အစိတ်အပိုင်းတစ်ခု ဖြစ်လာနိုင်ပါတယ် 19 00:00:54,838 --> 00:00:58,571 ကျွန်တော် သိကျွမ်းတဲ့ ၊ချစ်ခင်ရတဲ့ သူတွေ 20 00:00:58,571 --> 00:01:00,462 ဒီဝမ်းနည်းကြေကွဲစရာ အဖြစ်ဆိုးကနေ နာလန်ထူလာတာကို ကြည့်နေမိတဲ့အခိုက်မှာ 21 00:01:00,462 --> 00:01:03,126 ကျွန်တော့်ကို အလွန်အမင်း စိတ်သောကဖြစ်စေတာက 22 00:01:03,126 --> 00:01:05,630 ဒီနိုင်ငံမှာရှိတဲ့ ခြေလက်ဖြတ်တောက်ခံထားရတဲ့သူတွေအများစုဟာ 23 00:01:05,630 --> 00:01:07,686 ခြေတု၊လက်တုတွေသုံးကြမှာ မဟုတ်ဘူးဆိုတာပါ။ 24 00:01:07,686 --> 00:01:09,642 ကျွန်တော်တွေ့တွေ့နေခဲ့တဲ့ အကြောင်းပြချက်ကတော့ 25 00:01:09,642 --> 00:01:11,977 သူတို့တွေရဲ့ ခြေတု၊လက်တုစွပ်တဲ့ အံစွပ်တွေက 26 00:01:11,977 --> 00:01:17,437 သိပ်ပြီး ခွင်ကျမဟုတ်တော့ နာကျင်စေတာကြောင့်ပါတဲ့ 27 00:01:17,437 --> 00:01:19,623 ခြေတု၊လက်တုစွပ်တဲ့ အံဆိုတာကတော့ 28 00:01:19,623 --> 00:01:23,019 ခြေ၊လက်ဖြတ်ခံထားရသူတွေက သူတို့ရဲ့ကြွင်းကျန်တဲ့ ခြေ၊လက်အင်္ဂါကို ထည့်သွင်းတဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး၊ 29 00:01:23,019 --> 00:01:25,299 ဒါက ခြေချင်းဝတ်အတုကို ဆက်ပေးထားတာပါ။ 30 00:01:25,299 --> 00:01:27,037 ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာတောင် 31 00:01:27,037 --> 00:01:30,529 လူနာတစ်ယောက်အတွက် သက်တောင့်သက်သာဖြစ်တဲ့ အံစွပ်တစ်ခုရနိုင်မယ်ဆိုရင်တောင် 32 00:01:30,529 --> 00:01:34,791 အချိန် (၃)လ ကနေ တစ်ခါတစ်ရံ နှစ်နဲ့ချီပြီး အချိန်ယူရတာမျိုးရှိတွေရှိတတ်တော့ဗျာ။ 33 00:01:34,791 --> 00:01:37,673 ခြေတု၊လက်တု ပညာရှင်တွေဟာ ကုန်ကြမ်းပစ္စည်း တစ်မျိုးတည်းပါတဲ့ 34 00:01:37,673 --> 00:01:40,029 ခြေ၊လက်အတု အစွပ်တွေကို ဖန်တီးဖို့ ပုံသွင်းခြင်းနဲ့ပုံလောင်းခြင်းတွေမျိုးလို 35 00:01:40,029 --> 00:01:43,747 သမာရိုးကျ နည်းစနစ်တွေကိုပဲ အသုံးပြုနေကြတုန်းပဲလေ။ 36 00:01:43,747 --> 00:01:46,535 ဒီလို အစွပ်မျိုးတွေက မကြာခဏဆိုသလို လူနာရဲ့ ခြေလက်အင်္ဂါပေါ်ကို 37 00:01:46,535 --> 00:01:49,363 မခံရပ်နိုင်လောက်တဲ့ ဖိအား ပမာဏတွေ ဖြစ်ပေါ်စေတတ်တယ်လေ။ 38 00:01:49,363 --> 00:01:53,663 ဖိမိပြီးတော့ဖြစ်တဲ့ နာကျင်တာတွေ၊ အရည်ကြည်ဖုပေါက်တာတွေ ဖြစ်ကျန်ခဲ့တာပေါ့။ 39 00:01:53,663 --> 00:01:55,775 ခြေကျင်းဝတ်အတုဟာ ဘယ်လောက်ပဲ 40 00:01:55,775 --> 00:01:58,997 အားကောင်းကောင်း အရေးမကြီးပါဘူး။ 41 00:01:58,997 --> 00:02:01,693 ခြေတုအစွပ်က သက်တောင့်သက်သာ မဖြစ်ဘူးဆိုရင်တော့ 42 00:02:01,693 --> 00:02:03,265 ခြေထောက်ကို သုံးလို့ရမှာ မဟုတ်သလို 43 00:02:03,265 --> 00:02:05,365 ဒါဟာ ကျွန်တော်တို့ ခေတ်မှာ လက်ခံနိုင်စရာလည်း မရှိဘူးဆိုရုံပဲပေါ့။ 44 00:02:07,465 --> 00:02:09,565 ဒီလိုနဲ့ တစ်နေ့မှာ လွန်ခဲ့တဲ့ (၂)နှစ်ခွဲလောက်က 45 00:02:09,565 --> 00:02:11,090 ပါမောက္ခ ဟာ့(ဂ်) ဟား(ရ်)နဲ့ဆုံမိတုန်းက 46 00:02:11,090 --> 00:02:13,577 သူကျွန်တော့ကို မေးတာက ကျွန်တော် ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ သိလားတဲ့။ 47 00:02:13,577 --> 00:02:15,677 ကျွန်တော်က မသိသေးပါဘူးဗျာ၊ 48 00:02:15,677 --> 00:02:18,287 ဒါပေမဲ့ ဒါကို နည်းလမ်းရှာကြည့်ချင်ပါတယ်လို့ဖြေလိုက်ပါတယ်။ 49 00:02:18,287 --> 00:02:21,577 ဒီလိုနဲ့ MIT Media Lab မှာ ကျွန်တော့်ရဲ့ ပါရဂူဘွဲ့အတွက် 50 00:02:21,577 --> 00:02:24,470 သမာရိုးကျ ခြေတုအစွပ်တွေထက် 51 00:02:24,470 --> 00:02:27,377 ပိုပြီးသက်တောင့်သက်သာဖြစ်တဲ့ စိတ်တိုင်းကျခြေတုစွပ်တွေကို 52 00:02:27,377 --> 00:02:29,232 မြန်မြန်ဆန်ဆန် ဈေးသက်သက်သာသာနဲ့ 53 00:02:29,232 --> 00:02:32,229 ပုံစံထုတ်ခဲ့ပါတယ်။ 54 00:02:32,229 --> 00:02:34,471 လူနာရဲ့ကိုယ်ခန္ဓာတည်ဆောက်ပုံသဏ္ဍာန်အမှန်ကို ဖမ်းယူဖို့အတွက် 55 00:02:34,471 --> 00:02:38,360 သံလိုက် အသံလှိုင်း လှုံ့ဆော်မှုစနစ်ပါတဲ့ ပုံရိပ်ဖမ်းခြင်းကို အသုံးပြုခဲ့ပါတယ်။ 56 00:02:38,360 --> 00:02:41,464 နောက်ပြီးတော့ သာမန် တွန်းအားတွေ အပေါ်မှာ သက်ရောက်နေတဲ့ 57 00:02:41,464 --> 00:02:43,407 ကိုယ်တွင်းပိုင်းဆိုင်ရာ ဖိညှစ်အားနဲ့ ဝန်ပိခြင်းတွေကို ပိုပြီးကောင်းကောင်းမွန်မွန် ကြိုတင်ခန့်မှန်းနိူင်ဖို့အတွက် 58 00:02:43,407 --> 00:02:45,405 ကန့်သတ်ထားတဲ့ အစိတ်အပိုင်းဆိုင်ရာ ပုံစံငယ်ပြုလုပ်ခြင်းအတတ်ပညာကို သုံးပါတယ်။ 59 00:02:45,405 --> 00:02:50,018 ဒီနောက်မှာတော့ ခြေတုအစွပ်တစ်ခု ထုတ်လုပ်ဖို့အတွက် ဖန်တီးပါတယ်။ 60 00:02:50,018 --> 00:02:53,432 လူနာရဲ့ ကိုယ်ခန္ဓာတည်ဆောက်မှု အပေါ်ရှိ 61 00:02:53,432 --> 00:02:57,248 ဖိအားကို လိုအပ်တဲ့ နေရာမှာ သက်သာစေတဲ့ 62 00:02:57,248 --> 00:02:59,714 ကုန်ကြမ်းမျိုးစုံပါဝင်တဲ့ ခြေတုအစွပ်တစ်ခုကို ဖန်တီးဖို့ 63 00:02:59,714 --> 00:03:03,246 သုံးဖက်မြင် ပုံနှိပ် ကိရိယာကို သုံးပါတယ်။ 64 00:03:03,246 --> 00:03:06,177 တိုတိုပြောရရင် ဆန်းသစ်တဲ့ အစွပ်တွေကို မြန်မြန်ဆန်ဆန်နဲ့ 65 00:03:06,177 --> 00:03:09,976 ဈေးသက်သက်သာသာနဲ့ ထုတ်လုပ်ဖို့အတွက် ကိန်းဂဏန်းအချက်အလက်တွေကို အသုံးပြုနေပါတယ်။ 66 00:03:09,976 --> 00:03:11,772 Media Lab မှာ လက်စသတ်ခဲ့တဲ့ 67 00:03:11,772 --> 00:03:13,534 တလောက စမ်းသပ်စစ်ဆေးမှုတစ်ခုမှာ 68 00:03:13,534 --> 00:03:16,044 ကျွန်တော်တို့ရဲ့ လူနာတွေထဲက တစ်ယောက်ဖြစ်တဲ့ 69 00:03:16,044 --> 00:03:18,970 အနှစ်(၂၀)လောက် ခြေတစ်ဖက် ဖြတ်ခံထားရသူ အမေရိကန် စစ်ပြန်ကြီးတစ်ယောက်၊ 70 00:03:18,970 --> 00:03:22,052 ခြေထောက်အတုတွေ အများကြီးလည်း တပ်ခဲ့ဖူးသူပါ။ 71 00:03:22,052 --> 00:03:26,140 ကျွန်တော်တို့ ပုံနှိပ်ထုတ်လုပ်ထားတဲ့ အစိတ်အပိုင်းတစ်ခုနဲ့ပတ်သက်ပြီး သူပြောတာကတော့ 72 00:03:26,140 --> 00:03:29,544 " ဒါက အရမ်းကို နူးညံ့တာပဲဗျာ၊ ခေါင်းအုံးတွေပေါ်မှာ လမ်းလျှောက်ရသလိုမျိုးပဲဗျ။ 73 00:03:29,544 --> 00:03:32,480 နောက်ပြီးတော့ သောက်ရမ်းကို မိုက်တယ်ဗျာ။ 74 00:03:32,480 --> 00:03:36,198 (ရယ်သံများ) 75 00:03:36,198 --> 00:03:39,474 ကျွန်တော်တို့ခေတ်မှာ မသန်စွမ်းဖြစ်ခြင်းဟာ 76 00:03:39,474 --> 00:03:41,107 ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ အဓိပ္ပါယ်ရှိတဲ့ ဘဝနေထိုင်မှုမျိုးကနေ 77 00:03:41,107 --> 00:03:43,970 တားဆီးနေခြင်းမျိုး မဖြစ်သင့်ပါဘူး။ 78 00:03:43,970 --> 00:03:47,313 ကျွန်တော့်ရဲ့ မျှော်လင့်ချက်နဲ့ ဆန္ဒကတော့ 79 00:03:47,313 --> 00:03:49,311 ကျွန်တော်တို့ သုသေသနအဖွဲ့ကနေ တီထွင်ဖန်တီးတဲ့ ကိရိယာတွေနဲ့ လုပ်ငန်းစဉ်တွေဟာ 80 00:03:49,311 --> 00:03:52,249 စွမ်းဆောင်ရည်မြင့်ကိုယ်အင်္ဂါအတုတွေကို လိုအပ်နေသူတွေအတွက် 81 00:03:52,249 --> 00:03:54,540 ဖန်တီးဆောင်ကြဉ်းလာဖို့ အသုံးပြုနိုင်ဖို့ပါ 82 00:03:54,540 --> 00:03:59,991 ကျွန်တော့်အနေနဲ့တော့ စစ်ပွဲနဲ့ အနာရောဂါ ဖြစ်ခြင်းကြောင့် 83 00:03:59,991 --> 00:04:03,880 ထိခိုက်ခံစားကြရသူတွေရဲ့ စိတ်နှလုံးတွေကို စတင် ကုစားဖို့ နေရာတစ်ခုဆိုတာဟာ 84 00:04:03,880 --> 00:04:07,629 သူတို့ရဲ့ ကိုယ်ခန္ဓာတွေအတွက် သက်တောင့်သက်သာဖြစ်ပြီး၊ တတ်နိူင်လောက်တဲ့ကြားခံပေါင်းကူးပေးတဲ့ စနစ်တွေ 85 00:04:07,629 --> 00:04:09,585 ဖန်တီးပေးခြင်းနည်းလမ်းပဲ ဖြစ်ပါတယ်။ 86 00:04:09,585 --> 00:04:12,813 ဆီရဲယာ လီယွန်းပဲဖြစ်ဖြစ်၊ ဘော့စတန်မှာပဲဖြစ်ဖြစ်ပါ၊ 87 00:04:12,813 --> 00:04:16,418 ဒါဟာဆိုရင် သူတို့ရဲ့လူသားဆိုင်ရာစွမ်းပကား အသိတရားကို ပြန်လည်ထိန်းသိမ်းပေးရုံမကပဲ၊ 88 00:04:16,418 --> 00:04:19,680 အမှန်တကယ်ကို ပြောင်းလဲပေးနိူင်တယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ 89 00:04:19,680 --> 00:04:22,591 ကျေးဇူးအများကြီး တင်ပါတယ်။ 90 00:04:22,591 --> 00:04:26,540 (လက်ခုပ်သံများ)