အခုအချိန်မှာ ကွယ်လွန်သွားပြီဖြစ်တဲ့ ပါမောက္ခ တစ်ယောက်က ရှင်းလင်းတင်ပြခဲ့တဲ့ ကြာမြင့်လှပြီဖြစ်တဲ့ ပညာရေး သီအိုရီဟောင်း တစ်ခုကို အခြေခံပြီး စာမျက်နှာ (၆၀)ပါတဲ့ စာတမ်းတစ်ခုကိုပြုစုနေတဲ့ ပြင်းပြတဲ့ဆန္ဒနဲ့ ဆရာတစ်ယောက်ရှိပါတယ်။ ပါမောက္ခ ကိုယ်တိုင်ကလည်း သူမလုပ်ဆောင်နေတဲ့ အကြောင်းရပ်ဟာ သူမ ဘဝမှာလုပ်ချင်တာနဲ့ ဘယ်လိုများ ဆက်စပ်နေတယ် ဆိုတာနဲ့ပတ်သက်ပြီး စူးစမ်းနေမိတာပေါ့။ ပညာသင်ကြားပေးသူ အဖြစ်လား။ ဘဝတွေ ပြောင်းလဲဖို့လား၊ ပဉ္စလက်အတတ်ကို အစပျိုးပေးဖို့လား စသည်ဖြင့်ပေါ့။ အခုအခါမှာတော့ ပြင်းပြတဲ့ စိတ်ဆန္ဒနဲ့ ပညာရေးတက္ကသိုလ်က ဆရာတစ်ယောက်ဟာ အတတ်နိုင်ဆုံး ဖယ်ခွာနေတဲ့ နည်းလမ်းထဲက ဆက်စပ်မှုအကြောင်းကို ထပ်ကာ ထပ်ကာ ဗလုံးဗထွေးပြောနေတဲ့ ပါမောက္ခကို ကြည့်ရှုနေပါတယ်။ အခုအချိန်မှာ အိမ်မှာရှိနေတဲ့ ပထမနှစ် ဆရာတစ်ယောက်ဟာ ကြိုတင် သင်ခန်းစာ အစီအစဉ်တွေကို သွန်ချနေရင်း စံချိန်စံညွှန်းဆိုတာတွေကို သဘောပေါက် နားလည်အောင် ကြိုးစားနေပါတယ်။ သူဟာ ကျောင်းသားတွေကို ဘယ်လို ဆီလျော်အောင် အဆင့်သတ်မှတ်ဖို့ဆိုတာကို နားလည်အောင်ကြိုးစားရင်း တစ်ချိန်တည်းမှာပဲ "နိုဝင်ဘာလ မရောက်မချင်း မပြုံးပါနဲ့။" ဆိုတာကို ထပ်တလဲလဲ ရွတ်ဆိုနေလေရဲ့။ အကြောင်းကတော့ ဒါကို သူမ ဆရာဖြစ် ပညာရေး အစီအစဉ်မှာ သင်ကြားပေးခဲ့ကြတာ ကြောင့်ပါ။ အခုအချိန်မှာ ကျောင်းသားတစ်ယောက်ဟာ သူဟာ အရမ်းကြီးကို နေမကောင်းဖြစ်နေပြီး မနက်ဖြန် ကျောင်းမတက်နိုင်တာကို သူ့ အမေ ဒါမှမဟုတ် သူ့အဖေကို ယုံကြည်လက်ခံလာအောင်ပြောဖို့ နည်းလမ်းတစ်ခု ရလာပါတယ်။ တစ်ဖက်မှာလည်း လောလောဆယ်မှာတော့ အံ့သြစရာကေင်းတဲ့ ကျောင်းဆရာတွေဟာ သတင်းအချက်အလက်တွေကို မျှဝေနေပါတယ်။ ဒီလောက်တောင် နှစ်သက်ဖွယ်ဖြစ်အောင် မျှဝေလိုက်တဲ့ သတင်းအချက်အလက်တွေကို ကျောင်းသားတွေဟာ သူတို့ခုံတွေရဲ့အစွန်းမှာထိုင်ပြီးတော့ အဲဒီ အသိပညာ အားလုံးကို စုပ်ယူနိုင်ဖို့ ဒီပုဂ္ဂိုလ်ရဲ့ မျက်နှာပေါ်က ချွေးသီးပေါက်တစ်လုံး ကျလာတာကို စောင့်စားနေကြပါတယ်။ အခုအချိန်မှာ့ ပရိတ်သတ် အကုန်လုံးက မမှိတ်မသုန်တဲ့ အာရုံစိုက်မှုကို ရရှိထားတဲ့ လူတစ်ယောက်လည်း ရှိပါသေးတယ်။ သူ့ကို နားထောင်နေကြတဲ့ သူတွေ အရင်က တစ်ခါမှ စိတ်မကူးကြည့်ဖူးတဲ့ ဒါမှမဟုတ် မမြင်ဖူးသေးတဲ့ ကမ္ဘာလောက တစ်ခု အကြောင်း အားကောင်းလွန်းတဲ့ ဇာတ်လမ်း တစ်ပုဒ်ကို ဖွဲ့သီနေတဲ့ ပုဂ္ဂိုလ် တစ်ယောက်ပေါ့။ ဒါပေမဲ့ တကယ်လို့ ဒီလူတွေဟာ သူတို့ရဲ့ မျက်လုံးတွေကို တင်းတင်းကျပ်ကျပ် မှိတ်ထားလိုက်မယ်ဆိုရင် အဲဒီ ကမ္ဘာလောကကို သူတို့ မှန်းကြည့်လို့ရနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပုံပြောပြနေပုံက အရမ်းကို စိတ်ဝင်စားစရာ ကောင်းနေတာကိုး။ အခုအချိန်မှာ ပရိတ်သတ်ကို သူတို့ရဲ့ လက်တွေ လေထဲကို မြှောက်ထားဖို့ ပြောနိုင်တဲ့ လူတစ်ယောက်ရှိတယ်။ ပြီးတော့ သူက "လက်တွေကို ချလိုက်တော့"လို့ မပြောမချင်း သူတို့ ဟာ လက်တွေမြှောက်ကို မြှောက်ထားနေမှာပဲပေါ့။ အခုအချိန်မှာ။ ဒီတော့ လူတွေက ကျွန်တော့ကို ပြောကြတော့မှာက "ကဲ ခရစ်ရေ၊ မင်းက တော်တော်ဆိုးဝါးတဲ့ သင်တန်းကို တက်ရောက်သင်ယူနေရတဲ့ ကောင်လေး တစ်ယောက်အကြောင်းကို ပြောပြတယ်။ ဒါပေမယ့် သြဇာညောင်းတဲ့ ကျောင်းဆရာတွေ အကြောင်းလည်း ပြောနေသေးတယ်နော်။ တကယ်လို့ကွာ မင်အနေနဲ့ ပညာရေးလောကအကြောင်း၊ အထူးသဖြင့်တော့ မြို့ပြ ပညာရေး အကြောင်း စဉ်းစားနေတယ်ဆိုရင် အဲဒီ ပုဂ္ဂိုလ်တွေဟာ တစ်ယောက်ကို တစ်ယောက် ဘဲစားဘဲချေ ဖြစ်နေပြီးတော့မှာပေါ့ကွာ။ ဒီလိုဆိုရင် တော့ ငါတို့တွေ အဆင်ပြေသွားမှာပေါ့ကွာ၊" လို့ပေါ့။ တကယ့်တမ်းက ကျွန်တော်ပြောပြခဲ့တဲ့ အကျော်အမော် ကျောင်းဆရာကြီးတွေ၊ အကျော်အမော် ဇာတ်လမ်းဖွဲ့သူတွေ၊ အကျော်အမော် စာဟောဆရာတွေ ဆိုတဲ့ ပုဂ္ဂိုလ်ကြီးတွေဟာ စာသင်ခန်းတွေကနေ အတော်ကြီးကို အလှမ်းကွာနေပါပြီ။ ဘယ်လိုသင်ကြားပေးပြီး ပရိတ်သတ်ကို ဆွဲဆောင်ရမလဲဆိုတဲ့ အတတ်တွေကို ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တွေဟာ ဆရာဖြစ် သင်တန်းဆင်း လက်မှတ်ဆိုတာ ဘာမှန်းဆိုတာကို သိကြသူတွေ မဟုတ်ကြပါဘူး။ သူတို့တွမှာ ပညာရေး ဆိုပြီး တစ်ခုခု ခေါ်ဝေါ်လို့ရနိုင်မယ့် ဘွဲ့၊ ဒီဂရီတို့ ရှိကြမှာတောင်မဟုတ်ဘူး။ ပြီးတော့ ဒါက ကျွန်တော့ အတွက်တော့ စိတ်မကောင်းစရာပါ။ စိတ်မကောင်းစရာဖြစ်တဲ့ အကြောင်းက ကျွန်တော် ပြောပြခဲ့တဲ့ လူတွေ၊ သူတို့တွေဟာ လေ့လာသင်ယူခြင်း လုပ်ငန်းစဉ်ကို စိတ်ဝင်စားခြင်းမရှိပဲ၊ ထိရောက်ပီပြင်တဲ့ ဆရာတွေ ဖြစ်ချင်စိတ်ပဲ ရှိခဲ့တာပါ။ ဒါပေမယ့် သူတို့မှာ စံနမူနာထားစရာ မရှိကြဘူး။ Mark Twain ပြောခဲ့တဲ့ စကားချပ်ကလေးကို ပြန်ပြီးပြောလိုက်ပါဦးမယ်။ Mark Twain ပြောခဲ့တာက "နည်းစနစ်တကျ ပြင်ဆင်ထားခြင်း ဒါမှမဟုတ် သင်ကြားခြင်းဟာ အရမ်းကို အင်အားကြီးမားလွန်းတော့ မကောင်းတဲ့ အကျင့်စာရိတ္တတွေကို အကောင်းဖြစ်အောင် ပြောင်းလဲပေးနိုင်တယ်။ အင်မတန်ဆိုးဝါးတဲ့ အလေ့အထတွေကို အစွမ်းထက်တဲ့ ဟာတွေအဖြစ် ပြောင်းလဲပေးနိုင်တယ်။ လူတွေကို ပြောင်းလဲပေးနိုင်ပြီး သူတို့တွေကို ကောင်းကင်တမန် အဖြစ် အသွင်ပြောင်းပေးနိုင်တယ်။" ကျွန်တော် စောစောက ပြောပြခဲ့တဲ့ပုဂ္ဂိုလ်တွေဟာ သင်ကြားရေးမှာ ။ စည်းစနစ်တကျ ပြင်ဆင်မှုရှိခဲ့ကြတယ်။ ကောလိပ်တွေ၊ တက္ကသိုလ်တွေမှာမှမဟုတ်ဘူး၊ သူတို့ပါဝင်တဲ့ အလားတူ နေရာတွေရောမှာပါမကျန် သူတို့ ရှိနေခြင်းဆိုတဲ့ ကောင်းမြတ်ခြင်းဆိုတာနဲ့ပေါ့။ ဒီနေရာတွေဟာ ဘယ်နေရာတွေလဲဆိုတာ မှန်းကြည့်လိုက်ပါဦး။ ဆံသဆိုင်တွေ၊ ရက်(ပ်)ဂီတ ဖျော်ဖြေပွဲတွေနဲ့ အရေးအကြီးဆုံးက လူမည်းတွေ ကိုးကွယ်တဲ့ ဘုရားကျောင်းမှာပေါ့။ ကျွန်တော်က ဒီအယူအဆကို သန့်ရှင်းသော ဝိဥာဉ်တော်ဆိုင်ရာ သင်ကြားရေးပညာ လို့ ခေါ်ဝေါ်ပြီး ဘောင်ကန့်သတ်ထားပါတယ်။ ဘယ်သူတွေ လူမည်းတွေ ကိုးကွယ်တဲ့ ဘုရားကျောင်းကို သွားဖူးလဲ။ ။တစ်ယောက်စ နှစ်ယောက်စတော့ရှိတာပေါ့။ သင်တို့ဟာ လူမည်းတွေ ကိုးကွယ်တဲ့ ဘုရားကျောင်းကို သွားလိုက်တယ်။ တရားဟောဆရာက စလိုက်ပြီး သူဟာပရိတ်သတ်နဲ့ အံဝင်ခွင်ကျဖြစ်ဖို့ လိုတယ်ဆိုတာကို သူသဘောပေါက်လိုက်တယ်။ ဒါကြောင့် အစပိုင်းမှာ မကြာခဏ ဆိုသလိုပဲ အဓိပ္ပါယ်လိုသလိုကောက်ယူလို့ရတဲ့ စကားလုံးမျိုးတွေနဲ့ စတင်တာပေါ့။ နောက်တော့ ခဏရပ်လိုက်ပြီး ပြောလိုက်တာက"အိုး ဘုရားသခင်၊ သူတို့တွေဟာ သိပ်ပြီး အရေးတစိုက် မရှိကြပါလား။" ဒီလိုနဲ့ သူပြောလိုက်တာကတော့ "အာမင်လို့ လိုက်ဆိုပေးလို့ရမလား။" ပရိတ်သတ်။ အာမင်။ ခရစ်(စ်) အမ်ဒင်။ ကဲ ဒီလိုဆို ကျွန်တော်ကို အာမင်လို့ လိုက်ဆိုပေးပါလား။ ပရိတ်သတ်။ အာမင်။ ဒီတော့ ရုတ်တရက်ကြီးပဲ လူတိုင်းဟာ ပြန်သတိဝင်လာတော့တာပေါ့။ အဲဒီ တရားဟောဆရာက သတိထားမိအောင် တရားဟောစင်မြင့်ကို ဘုန်းကနဲ့ ပုတ်လိုက်ပါတယ်။ သူကလူတွေ သူ့ကို အာရုံစိုက်စေချင်တဲ့အခါမှာ သူ့အသံကို အရမ်းကြီးကို တိုးတိုးလေးဖြစ်အောင် နှိမ့်ချပစ်လိုက်တယ်။ ဒီအကြာင်းအရာတွေက ဆွဲဆောင်မှုအရှိဆုံး ဆရာတွေအတွက် ကျွန်တော်တို့ လိုအပ်တဲ့အရည်အချင်းတွေပဲပေါ့။ ကဲ ဒါဆိုရင် ဘာဖြစ်လို့ ဆရာအတတ်သင် ပညာရေးက ခင်ဗျားတို့ကို သီအိုရီပြီး သီအိုရီဆိုတာကိုပဲ ပေးပြီး၊ စံချိန်စံညွန်းတွေ အကြောင်းပဲ ပြောပြောနေရတာလဲ။ ဒါတွေအားလုံးဟာဆိုရင် ခင်ဗျားတို့ရဲ့ ပရိတ်သတ်၊တွေ စိတ်ဝင်စားဖို့ ခင်ဗျားတို့ရဲ့ကျေုာင်းသား တစ်ယောက်က စိတ်ဝင်စားဖို့ လိုအပ်တဲ့ဆွဲဆောင်မှု၊ အခြေခံ အရည်အချင်းတွေနဲ့ ဘာမှပတ်သက်မှု မရှိတာတွေပါ။ ဒါကြောင့်မို့လို့ ဆရာအတတ်သင် ပညာရေးကို ပြန်လည်ရေးဆွဲတာကို အကြောင်းပြချက် ပေးလိုက်တာပါ။ ကျွန်တော်တို့ ပါဝင်တဲ့အကြောင်းအရာပိုင်းကို အလေးထားနိုင်ဖို့၊ ဒါက ကောင်းတယ်လေ။ သီအိုရီပိုင်းကို အလေးထားနိုင်ဖို့။ ဒါလည်း ကောင်းတာပဲလေ။ ဒါပေမယ့် သင်ကြားခြင်းနဲ့ သင်ယူခြင်းတို့ရဲ့ ပဉ္စလက်အတတ် ကင်းမဲ့နေတဲ့ ပါဝင်တဲ့အကြောင်းအရာပိုင်းနဲ့ သီအိုရီဆိုတာဟာ ဘာမှ အဓိပ္ပါယ်မရှိလှပါဘူး။ အခုတော့ လူတွေ မကြာခဏပြောကြတာက "အေး၊ ဟုတ်ပါပြီ၊ ပဉ္စလက်အတတ်ဆိုတာက ပဉ္စလက်အတတ်ပဲလေကွာ။" စိန်ခေါ်မှုတွေရှိနေပေမယ့်လည်း အဲဒီ အရည်အချင်းတွေ ပိုင်ဆိုင်ထားတဲ့ အဲဒီကျောင်းတွေမှာဝင်ခွင့်ရပြီး ပရိတ်သတ်ကို ဆွဲဆောင်နိုင်တဲ့ ဆရာတွေရှိပါတယ်၊၊ နောက်ပြီး အုပ်ချုပ်ရေးမှုး ဖြတ်လျှောက်သွားတုန်း ပြော လိုက်တာက "သူက တော်လှချည်လား၊ ငါတို့ဆရာတွေအားလုံး ဒီလိုတော်စေချင်လိုက်တာကွာ" လို့ပေါ့။ နောက်ပြီး ဒါဟာဘာလဲလို့ဆိုတာကို သူတို့ကြိုးစားပြီး ပြန်ပြောပြကြတာကတော့ "သူက ပဉ္စလက်အတတ် တတ်တယ်"တဲ့လေ။ ကျွန်တော် ဒီမှာရှိနေတာက ဒီပဉ္စလက်အတတ်ဟာ သင်ယူလို့ရတယ်ဆိုတာကို ပြောပြဖို့ပါ။ ပဉ္စလက်အတတ်ဆိုတာဟာ သင်ယူလို့ရတယ်။ ပဉ္စလက်အတတ်ဆိုတာဟာ သင်ယူလို့ရတယ်။ ကဲဒီတော့ ခင်ဗျားက ဒါကိုဘယ်လိုသင်ပေးမှာလဲ။ ပဉ္စလက်အတတ် ဖြစ်ပေါ်နေတဲ့ အဲဒီနေရာမျိုးတွေကို လူတွေကို သွားဖို့ လမ်းဖွင့်ပေးတဲ့နည်းနဲ့ ခင်ဗျား ဒီအတတ်ကို သင်ပေးလိုက်ပေါ့။ ခင်ဗျားဟာ မြို့ပြ ပညာရေးမှာ ပြင်းပြတဲ့ ဆန္ဒရှိနေတဲ့ ဆရာတစ်ယောက် ဖြစ်ချင်တယ်ဆိုရင်တော့ အဲဒီတက္ကသိုလ်ရဲ့ နယ်နိမိတ်ကို စွန့်ခွာပြီး၊ ဘ၀ပုံစံကို ပြောင်းပစ်ဖို့တော့ လိုတာပေါ့။ အဲဒီကိုသွားပြီး ဆံသဆိုင်မှာ အချိန်ဖြုန်းဖို့ လိုတာပေါ့။ လူမည်းတွေ ကိုးကွယ်တဲ့ ဘုရားကျောင်းကို တက်ဖို့လိုတာပေါ့။ ပြီးတော့ အဲဒီ ဆွဲဆောင်ဖို့ စွမ်းအားရှိတဲ့လူတွေကို လေ့လာဖို့လိုမှာဖြစ်ပြီးတော့ သူတို့လုပ်တာကို မှတ်သားထားဖို့လိုတာပေါ့။. ကျွန်တော့ တက္ကသိုလ်မှာရှိတဲ့ ဆရာဖြစ်ပညာရေး သင်တန်းတွေမှာဆို ကျောင်းသားတစ်ဦးချင်းစီ ဝင်လာ၊ ပြီတော့ ထိုင်ပြီး ရပ်(ပ်) တေးဂီတဟ ဖျော်ဖြေကို ကြည့်ကြတဲ့နေရာမှာ ပရို့ဂျက် တစ်ခုကို အစပြုထားပါတယ်။ သူတို့တွေဟာ ရပ်(ပ်)အဆိုတော်တွေ လှုပ်ရှားတာတွေ၊ သူတိုရဲ့လက်တွေကိုနဲ့ စကးပြောဆိုပုံတွေကို စောင့်ကြည့်ကြပါတယ်။ စင်မြင့်ထက်မှာ သူ့ရဲ့ ဂုဏ်ယူဝင့်ကြွားစွာ လျှောက်လှမ်းပုံကို လေ့လာကြတယ်။ သူ့ရဲ့ ဥပစာတင်စားချက်တွေ၊ နှိုင်းယှဉ်ချက်တွေကို နားထောင်ကြပါတယ်။ သူတို့အတော်အတန် လေ့ကျင့်လိုက်ရငိတော့ ဆွဲဆောင်ခြင်းရဲ့ အဓိကသော့ချက် ဖြစ်လာပါတယ်ဆိုတဲ့ ဒီအသေးအဖွဲကလေးတွေကို သူတို့ စတင် သဘောပေါက်မိကြပါတယ်။ သင်ဟာ ကျေင်းသား တစ်ယောက်ကို စိုက်ကြည့်လိုက်ပြီး၊ မျက်ခုံးကို တစ်လက်မရဲ့ တစ်စိတ်လောက် ပင့်လိုက်တဲ့အခါမှာ သင့်အနေနဲ့ စကားတစ်ခွန်းမှ ပြောစရာမလိုတော့တာကို သူတို့ သဘောပေါက်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအဓိပ္ပါယ်က သင်ဟာ ဒီထက်ကိုပိုပြီး ဆန္ဒရှိနေတယ် ဆိုတာကို သူတို့ သိနေကြလို့ပါ။ အကယ်၍ ကျွန်တော်တို့ဟာ ဆရာတွေကို ပဉ္စလက်အတတ် ဖန်တီးတတ်အောင် သင်ကြားပေးခြင်းကို အလေးပေးဖို့ ဆရာအတတ်သင် ပညာရေးကို ပြောင်းလဲနိုင်မယ်ဆိုရင်တော့ဗျာ၊ " ဥုံဖွ"ဆိုသလိုမျိုးပေါ့၊ ကျွန်တော်တို့တွေဟာ ငြီးငွေ့ဖွယ်ရာကောင်းတဲ့ စာသင်ခန်းတွေကို အသက်ဝင်စေပြီးတော့ စိတ်ကူးစိတ်သန်းတွေကို ပြန်လည်နိုးကြားစေနိုင်မှာပါ။ ပြီးတော့ ပညာရေးစနစ်ကို ပြောင်းလဲနိုင်တာပေါ့။ ကျေးဇူးတင်ပါတယ်။ (လက်ခုပ်သံများ)