သိပ်နာကျင်၊စိတ်ရှုပ်ထွေးရပြီး သင်လုပ်ချင်တာဆိုလို့ ဒါအားလုံးကို နားလည်ဖို့ တတ်နိုင်သမျှ များများသင်ယူဖိုတဲ့ ကာလတစ်ခု ဘဝမှာ ကြုံတွေ့ဖူးလား။ ၁၃ နှစ်တုန်းက ကျွန်တော့ ဦးလေးလိုဖြစ် နေတဲ့ ရင်းနှီးတဲ့ မိသားစုမိတ်ဆွေတစ်ဦးဟာ ပန်ကရိယ ကင်ဆာနဲ့ ကွယ်လွန်ခဲ့ပါတယ်။ ဒီရောဂါက အရင်းအချာမှာ လာဖြစ်တော့ ပိုလေ့လာဖို့လိုတယ်လို့ သိလိုက်တယ်။ ဒါနဲ့ အဖြေတွေရှာဖို့ အွန်လိုင်းတက်ခဲ့တယ်။ အင်တာနက်သုံးရင်း ပန်ကရိယ ကင်ဆာအကြောင်း စာရင်းအင်းအစုံကို တွေ့ရှိခဲ့တယ်၊ ကျွန်တော့ကို လန့်သွားစေတဲ့ တွေ့ရှိမှုက ပန်ကရိယ ကင်ဆာအားလုံးရဲ့ ၈၅ ရာခိုင်နှုန်း ကျော်ဟာ အချိန်နှောင်းမှ ရှာဖွေတွေ့ရှိတာပါ၊ လူတစ်ဦးမှာ ရှင်ကျန်ခွင့် နှစ်ရာခိုင်နှုန်းထက်ပိုနည်းတဲ့အခါမှာပါ။ ဘာကြောင့် ပန်ကရိယ ကင်ဆာကိုရှာဖွေရာမှာ ဒီလောက် ခက်ခဲတာလဲ။ အကြောင်းရင်းက ဘာများလဲ။ ဒီနေ့ လက်ရှိ "ခေတ်မီ" ဆေးဝါးဟာ နှစ် ၆၀ သက်တမ်း နည်းစနစ်တစ်ခုပါ။ ဒါက ကျွန်တော့အဖေထက် အသက်ပိုကြီးတယ်။ (ရယ်သံများ) ဒါပေမဲ့ စျေးလည်း အင်မတန်ကြီးတယ်၊ စမ်းသပ်မှုတစ်ခုအတွက် ဒေါ်လာ ၈၀၀ ကုန်ကျတယ်။ အလွန်အကျွံ မတိကျဘူး၊ ပန်ကရိယ ကင်ဆာ အားလုံးရဲ့၃၀ ရာခိုင်နှုန်းက လွဲနေတယ်။ သင့်ဆရာဝန်ဟာ သင့်ကို စမ်းသပ်မှုလုပ်ဖို့ သင့်မှာ ကင်ဆာရှိတာကို မတော်မတရားကြီးကို သံသယရှိနေမယ်။ ဒါကိုသိရပြီး ပိုကောင်းတဲ့နည်းလမ်းတစ်ခု ရှိဖို့လိုတာ သိခဲ့တယ်။ ဒါနဲ့ သိပ္ပံနည်းကျ စံတစ်ခု ဆင်လိုက်တယ်။ ပန်ကရိယ ကင်ဆာကို ထိရောက်စွာ ရှာဖွေဖို့ ဘယ်အာရုံခံပုံပေါက်ဖို့လိုမယ်ဆိုတာ အတွက်ပါ။ အာရုံခံဖြစ်ဖို့လိုမှာက စျေးမကြီးတဲ့၊ မြန်ဆန်တဲ့ရိုးစင်းတဲ့ အနုစိတ်တိုင်းနိုင်တဲ့ စိစစ်နိုင်ပြီး အနည်းဆုံး ထိုးဖောက်ပြန့်နှံ့တာမျိုးပါ။ ဘာလို့ ဒီစမ်းသပ်မှုဟာ နှစ်ခြောက်ဆယ်ကျော် မမွမ်းမံတဲ့အကြောင်းပြချက်တစ်ခုရှိတယ်။ ဒါကတော့ ပန်ကရိယ ကင်ဆာကို ရှာဖွေတဲ့အခါ လည်ပတ်နေတဲ့ သွေးကိုကြည့်တာကြောင့်ပါ ဒါက တန်ချီ ရှိနေပြီးဖြစ်တဲ့ များပြားလှတဲ့ ပရိုတင်းပါ၊ ပရိုတင်းရဲ့ သေးငယ်တဲ့ ပမာဏထဲက ဒီအသေးစား ခြားနားမှုကို ရှာနေတာပါ။ ဒီပရိုတင်းတစ်ခုတည်းပါ။ ဒါက မဖြစ်နိုင်သလောက်နီးနီးပါ။ ဒါပေမဲ့ ကျွန်တော့ရဲ့ ဆယ်ကော်သက် အကောင်းမြင်မှုကြောင့် မဖြုံပါဘူး။ (ရယ်သံများ) (လက်ခုပ်သံများ) ဆယ်ကျော်သက်ရဲ့ အခင်ဆုံးသူငယ်ချင်းနှစ်ယောက် Google နဲ့ Wikipedia ဆီ သွားခဲ့တယ်။ ဒီရင်းမြစ်နှစ်ခုကနေ ကျွန်တော့ အိမ်စာအတွက် အကုန်ရခဲ့တယ်။ (ရယ်သံများ) ကျွန်တော်တွေ့ရှိတာက ပန်ကရိယ ကင်ဆာဖြစ်တဲ့အခါ တွေ့ရတဲ့ ပရိုတင်းအမျိုး ၈၀၀၀ကျော်ရဲ့ အချက်အလက်တွေကို စာရင်းပြုစုထားတဲ့ ဆောင်းပါးတစ်စောင်ပါ။ ဒါနဲ့ သွားပြီး ဒီပရိုတင်းအားလုံးကို ရှာကြည့်ဖို့ ဒါကိုကျွန်တော့ရဲ့ အထူးတာဝန်သစ် ဖန်တီးဖို့ ဆုံးဖြတ်ပြီး ပန်ကရိယ ကင်ဆာအတွက် ဇီဝ အမှတ်အသား အဖြစ် ဘယ်ဟာက အသုံ;ကျမလဲ ကြည့်တယ်။ ကိုယ်တိုင်အတွက် နည်းနည်း ပိုရှင်းအောင်လုပ်ဖို့ သိပ္ပံနည်းကျ စံကို ပုံစံထုတ်ဖို့ ဆုံဖြတ်ခဲ့တယ်၊ ဒီမှာပါ။ နောက်ဆုံးတော့ ပထမ ပရိုတင်းဟာ ပန်ကရိယ ကင်ဆာအားလုံးမှာ တွေ့ရလိမ့်မယ်။ လည်ပတ်တဲ့သွေးထဲက မြင့်တဲ့အဆင့်တွေမှာ အစောဆုံး အဆင့်တွေဆိုပေမဲ့ ကင်ဆာမှာလည်းပဲရှိတာပါ။ ဒါနဲ့ ဒီဧရာမ တာဝန်ကြီးကနေ တကုတ်ကုတ်နဲ့ လုပ်နေခဲ့တာပေါ့၊ နောက်ဆုံး အကြိမ် ၄၀၀၀ မြောက်စမ်းသပ်မှုမှာ၊ ရူးမတတ်ဖြစ်လုလုအချိန်မှာ ပရိုတင်းကို တွေ့တယ်။ ကျွန်တော် ရှာတွေ့ခဲ့တဲ့ ပရိုတင်းအမည်ကို mesothelin လို့ခေါ်ပါတယ်။ ဒါက သင့်ရဲ့ သာမန် သာမည ပရိုတင်းအမျိုးအစားပါ၊ တကယ်က သင့်မှာ ပန်ကရိယ၊ သားအိမ် (သို့) အဆုတ်ကင်ဆာမရှိရင်ပေါ့၊ ဒီကိစ္စမှာ လည်ပတ်နေတဲ့သွေးထဲက အလွန်မြင့်တဲ့ အဆင့်တွေမှာတွေ့နိုင်တာပါ။ ဒါပေမဲ့ အဓိကက ရောဂါရဲ အစောဆုံး အဆင့်တွေမှာ တွေ့ရသေးတယ်ဆိုတာပါ၊ လူတစ်ယောက် ရာနှုန်းပြည့်နီးပါး ရှင်ကျန်ခွင့်ရှိတဲ့အခါပါ။ ဒီတော့ ကျွန်တော်ရှာဖွေနိုင်တဲ့ စိတ်ချရတဲ့ ပရိုတင်းတစ်ခုတွေ့ခဲ့တာပေါ့၊ ဒီနောက် အာရုံစိုက်မှုကို တကယ်ရှာတဲ့ ပရိုတင်းဆီ ပြောင်းခဲ့တယ်။ ဒီလိုနဲ့ ပန်ကရိယ ကင်ဆာဆီပါ၊ အခု ကျွန်တော့ တီထွင်မှုက သိပ်မဖြစ်နိုင်နေရာတစ်ခုမှာ ရောက်ခဲ့တယ် ဆန်းသစ်မှုအတွက် မဖြစ်နိုင်ဆုံး နေရာတစ်ခုဖြစ်လောက်တာပါ။ ကျွန်တော့ရဲ့ အထက်တန်း ဇီဝဗေဒအတန်း၊ ဆန်းသစ်မှုရဲ့ လုံးဝ မွန်းကျပ်စေတာလေ (ရယ်သံများ) (လက်ခုပ်သံများ) ဒီကာဘွန် နာနိုကျု့ဘ်လို့ခေါ်တာတွေအကြောင်း ဒီဆောင်းပါးမှာ ပိတ်မိနေခဲ့တယ်။ ဒါက ရှည်ရှည်၊ ပါးပါး ကာဗွန်ပိုက်တစ်ခုပါ။ ဒါက အက်တမ်တစ်ခု၊ အထူက ဆံပင်အချင်းရဲ့ ၅၀၀၀၀ ပုံ ၁ ပုံပါ။ အလွန်အမင်းသေးတဲ့ အရွယ်တွေ ဖြစ်ပေမဲ့ ဒီမယုံနိုင်စရာ ဂုဏ်သတ္တိတွေရှိတယ်။ ဒါတွေဟာ ရုပ်ဝတ္ထု သိပ္ပံပညာရဲ့ အာဂသူရဲကောင်းတွေလိုပါပဲ။ ကျွန်တော့ရဲ့ဇီဝဗေဒ အတန်းက ခုံအောက်မှာ ဒီဆောင်းပါးကို ခိုးကြောင်ခိုးဝှက်နေပေမဲ့ ပဋိပစ္စည်းတွေလို့ခေါ်တဲ့ အခြား မော်လီးကျူးတွေကို အာရုံစိုက်နေသင့်တာပါ။ ဒါတွေက အတော်မိုက်တာက ၎င်းတို့ဟာ သီးခြားပရိုတင်း တစ်ခုနဲ့သာ ဓာတ်ပြုပေမဲ့ ကာဗွန်န်နာနိုကျု့ဘ်တွေနီးပါး စိတ်ဝင်စားစရာမကောင်းလို့ပါ။ ဒါနဲ့ နောက်တော့ အတန်းထဲမှာထိုင်နေရင်း ရုတ်တရက် သတိရသွားတယ်၊ ကျွန်တော်ဖတ်နေတဲ့ ကာဗွန် နာနိုကျု့ဘ်အကြောင်းကို ကျွန်တော်တွေးနေသင့်တဲ့ ပဋိပစ္စည်းတွေနဲ့ ပေါင်းစပ်နိုင်တာပဲပေါ့။ အခြေခံက ဒီပဋိပစ္စည်း အတွဲကို ကာဗွန် နာနိုကျု့ဘ်တွေရဲ့ ကွန်ရက်အဖြစ် ရက်လုပ်နိုင်ခဲ့တယ်၊ ဥပမာ ပရိုတင်းတစ်ခုနဲ့သာ ဓာတ်ပြုတဲ့ ကွန်ရက်တစ်ခုရှိပြီး ဒါ့အပြင် ဒီနာနိုကျု့ဘ်တွေရဲ့ ဂုဏ်သတ္တိတွေကြောင့် ပရိုတင်းရှိမှု ပမာဏကို အခြေခံပြီး ၎င်းရဲ့ လျှပ်စစ်ဆိုင်ရာ ဂုဏ်သတ္တိတွေ ပြောင်းမှာပါ။ ဒါပေမဲ့ မြှပ်ကွက်တစ်ခုရှိတယ်။ ဒီနာနိုကျု့ဘ်တွေရဲ့ ကွန်ရက်တွေဟာ အင်မတန်ကို မခိုင့်တခိုင်ပါ။ တော်တော်ချည့်နဲ့တာကြောင့် ထောက်ကန်ပေးဖို့လိုတယ်။ ဒါနဲ့ အသုံးပြုဖို့ စက္ကူကိုရွေးတယ်။ ကင်ဆာ အာရုံခံကို စက္ကူကနေလုပ်တာက ကျွန်တော်ကြိုက်တဲ့ ချောကလက်တွေ၊ ကွတ်ကီးတွေကိုလုပ်ရတာလို ရိုးပါတယ်။ (ရယ်သံများ) ရေနဲ့ စလိုက်တယ်၊ နာနိုကျု့ဘ်တွေထဲ လောင်းချ၊ ပဋိပစ္စည်းတွေထည့်၊ ဒါကို ရော၊စက္ကူကိုယူ၊ နှစ်လိုက်၊ ဒါကို အခြောက်ခံလိုက်တယ်၊ ကင်ဆာကို ရှာနိုင်ပြီလေ။ (လက်ခုပ်သံများ) ဒီနောက် ရုတ်တရက် အတွေးတစ်ခု ဖြစ်လာတာက ဒါက ကျွန်တော့ရဲ့ ဟောဒီက အံ့သြစရာ အစီအစဉ်မှာ အစွန်းအထင်းတစ်ခု ထင်တာမျိုးပါ။ ကျွန်တော့ မီးဖိုချောင် စားပွဲပေါ်မှာ ကင်ဆာသုတသန လုပ်လို့မရဘူး။ အမေက ဒါကိုကြိုက်မှာမဟုတ်ဘူး။ ဒီတော့ ဒီအစား စမ်းသပ်ခန်းတစ်ခုကို သွားဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါကြောင့် ကုန်ကျစရိတ်၊ ပစ္စည်းစာရင်း၊ ကာလစဉ်နဲ့၊ လုပ်ငန်းစဉ်ကို စာရိုက်ပြီး Johns Hopkins University၊ National Institutes of Health တို့မှာရှိတဲ့ မတူတဲ့ ပါမောက္ခ ၂၀၀ ဆီ အီးမေးလ်ပို့ခဲ့တယ်၊ အဓိကကတော့ ပန်ကရိယ ကင်ဆာနဲ့ ပတ်သက်ပြီး တစ်ခုခုလုပ်ခဲ့တဲ့ တစ်ဦးဦးပါ၊ အပြုသဘောဆောင်တဲ့ အီးမေးလ်တွေ လှိမ့်ဝင်လာမှာ ထိုင်စောင့်နေတာပေါ့။ "မင်းက ဉာဏ်ကြီးရှင်ပဲကွ၊ ငါတို့အားလုံးကို ကယ်တင်တော့မှာပဲ" ဒါနဲ့... (ရယ်သံများ) ဒိနောက် အမှန်တရားက တင်းခံနေပြီး တစ်လတာကာလမှာ အီးမေးလ် ၂၀၀ ထဲက ငြင်းစာ ၁၉၉ စောင်ရခဲ့တယ်။ ပါမောက္ခတစ်ယောက်က လုပ်ငန်းစဉ်တစ်ခုလုံးတောင်ကြည့်ခဲ့တယ် အပတ်တကုတ်နဲ့ပါ၊ သူဒီလောက် အချိန်ရဲ့လား ကျွန်တော် မသေချာဘူး။ သူကြည့်ပြီး ပြောတာက ဘာလို့ အဆင့်တိုင်းဟာ ကျွန်တော်လုပ်ခဲ့သမျှမှာ အမှားဆုံးလို ဖြစ်တာလဲတဲ့။ ရှင်းနေတာက ပါမောက္ခတွေဟာ ကျွန်တော့အလုပ်ကို ကျွန်တော့လောက်အထင်မကြီးခဲ့တာပါ။ ဒါပေမဲ့ ငွေရောင် အနားကွပ်တစ်ခုရှိခဲ့တယ်။ ပါမောက္ခတစ်ယောက် ပြောတာက "ကလေး မင်းကို ငါကူညီပေးနိုင်လောက်တယ်။" ဒါနဲ အဲဒီဘက်ကို သွားလိုက်တယ်။ (ရယ်သံများ) ကလေးတစ်ယောက်ကို ငြင်းလို့မှမရတာကိုး။ ဒီလိုနဲ့ နောက်သုံးလအကြာမှာ နောက်ဆုံးဒီလူနဲ့ ရက်စက်တဲ့ နောက်ဆုံးအချိန်ကို သတ်မှတ်ခဲ့တယ်။ သူ့လက်တွေခန်းထဲ ဝင်ခဲ့တယ်၊ ကျွန်တော် စိတ်လှုပ်ရှားခဲ့ပြီး ထိုင်တယ်။ ပါးစပ်စဖွင့်ပြီး ပြောနေခဲ့တယ်၊ နောက် ငါးစက္ကန့်အကြာမှာ အခြားပါရဂူကို ခေါ်လိုက်တယ်။ ပါရဂူတွေ ဒီအခန်းလေးထဲကို အုံလာပြီး ဒီမေးခွန်းတွေ ကျွန်တော့ကို မေးနေခဲ့တယ်၊ မဆုံးခင်တော့ ကျွန်တော်ဟာ လူရွှင်တော် ကားထဲမှာရောက်နေသလိုပဲ ပါရဂူ အယောက် ၂၀၊ ပြီးတော့ ကျွန်တော်နဲ့ ပါမောက္ခ ဒီရုံးခန်းလေးထဲမှာ ပြွတ်သိပ်နေတာပေါ့၊ သူတို့က ကျွန်တော့ကို မေးခွန်းတွေ တရစပ်မေးနေတယ်၊ လုပ်ငန်းစဉ်ကို ဒုက္ခပေးဖို့ ကြိုးစားနေတာပါ မဖြစ်နိုင်လောက်လိုက်တာ၊ ဆိုလိုတာက ဖွတ်ချီး (ရယ်သံများ) ဒါပေမဲ့ ကိုယ်တိုင် ဒီစစ်မေးမှုတာကိုခံရင်း သူတို့ရဲ့ မေးခွန်းအားလုံးကိုဖြေခဲ့ပြီး တော်တော် မှန်းဆခဲ့ရပေမဲ့ အမှန်ရခဲ့ပါတယ်။ နောက်ဆုံး ကျွန်တော်လိုအပ်တဲ့ လက်တွေ့ခန်းနေရာကို ရောက်ခဲ့တယ်။ ဒါပေမဲ့ ဒီအထဲမှာ အပေါက် တစ်သန်းရှိသလို ရှိတဲ့ ကျွန်တော့ရဲ့အလွန်ကောင်းတဲ့ လုပ်ငန်းစဉ်ကိုတွေ့ပြီး မကြာခင်မှာပဲ ခုနှစ်လတာ ကာလအကြာ ဒီအပေါက်တွေထဲက တစ်ခုစီတိုင်းကို ဒုက္ခခံကာ ဖြည့်ခဲ့တယ်။ ရလဒ်လား။ သုံးဆင့်ကုန်ကျပြီး လုပ်ဆောင်ဖို့ ငါးမိနစ်ကြာတဲ့ စက္ကူအာရုံခံလေးတစ်ခုပါ။ ဒါက ၁၆၈ ဆ ပိုမြန်စေပြီး အဆပေါင်း ၂၆၀၀၀ ကျော် စျေးသက်သာကာ ပန်ကရိယ ကင်ဆာ ရှာဖွေရေးအတွက် လက်ရှိ စံချိန်ထက် အဆ ၄၀၀ ကျော် ပိုပြီး အနုစိတ်တိုင်နိုင်ပါတယ်။ (လက်ခုပ်သံများ) ဒါပေမဲ့ ဒီအာရုံခံရဲ့ အကောင်းဆုံး အပိုင်းတစ်ခုက ရာနှုန်နီးပါး တိကျမှုရှိပြီး ကင်ဆာကို အစောဆုံး အဆင့်တွေမှာ သိရှိနိုင်ပါတယ်၊ လူတစ်ယောက်ဟာ ရာနှုန်းပြည့်နီးပါး ရှင်ကျန်ခွင့်ရှိတဲ့အခါပါ ဒီလိုနဲ့ နောက် နှစ်နှစ်ကနေ ငါးနှစ်အတွင်း ဒီအာရုံခံက ပန်ကရိယ ကင်ဆာ ရှင်ကျန်မှု နှုန်းကို ဒဿမ ၅.၅ ရာခိုင်နှုန်းကနေ ရာနှုန်းပြည့်နီး ပါး မြှင်တင်ပေးနိုင်ဖို့ အလားအလာရှိပါတယ်။ သားအိမ်နဲ့ အဆုတ် ကင်ဆာအတွက်လည်း အလားတူဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ဒီမှာ ရပ်သွားမှာမဟုတ်ပါဘူး။ ဒီပဋိပစ္စည်းကို ပြောင်းလိုက်ခြင်းက မတူတဲ့ ပရိုတင်းတစ်ခု၊ ဒီလို ရောဂါတစ်ခုကို ကြည့်နိုင်တာပါ။ တစ်ကမ္ဘာလုံး အလားအလာရှိတဲ့ ရောဂါမှန်သမျှပါ။ ဒီတော့ ဒါက နှလုံးရောဂါကနေ ငှက်ဖျား၊ HIV၊ AIDS အထိပါပြီး ကင်ဆာရဲ့ အခြားပုံစံမှန်သမျှရောပါ။ ဒီလိုနဲ့ မှန်းခြေအားဖြင့် တစ်နေ့မှာ အားလုံးမှာ အပို ဦးလေးတစ်ယောက်၊ အမေတစ်ယောက်၊ အကိုတစ်ယောက်၊ ညီမတစ်ယောက်နိုင်ပါတယ်။ ချစ်ရမယ့် နောက် မိသားစုဝင်တစ်ယောက် ရှိနိုင်တယ်။ ကျွန်တော်တို့ နှလုံးသားတွေဟာ ပန်ကရိယ၊ သားအိမ်နဲ့ အဆုတ် ကင်ဆာနဲ့ အလားအလာရှိတဲ့ ရောဂါမှန်သမျှ ကနေလာတဲ့ ရောဂါဝန်ထုပ်တစ်ခုကို ရှင်းထုတ်ပေးလိမ့်မယ်။ ဒါပေမဲ့ အင်တာနက်ကနေ အရာတိုင်း ဖြစ်နိုင်ပါတယ်။ အယူအဆတွေကို မျှဝေနိုင်ပြီး သင့်စိတ်ကူးတွေကို တန်ဖိုးထားခံရဖို့ ဘွဲ့ပေါင်းစုံနဲ့ ပါမောက္ခတစ်ဦး ဖြစ်စရာမလိုပါဘူး။ ဒါက ကြားနေ နယ်ပယ်တစ်ခုပါ၊ သင် ဘယ်ပုံပေါက်တာ၊ အသက်၊ လိင်ဆိုတာက အရေးမကြီးပါ။ အရေးပါတာက စိတ်ကူးတွေပါ။ ကျွန်တော့အတွက်တော့ အွန်လိုင်း သင်ကိုယ်တိုင်ရဲ့ ဘဲမျက်နှာကိုတင်တာထက် ဒါထက်ပိုတာ အများကြီးရှိတာကို နားလည်ဖို့ လုံးဝသစ်တဲ့ နည်းလမ်းတစ်ခုနဲ့ အင်တာနက်ကို ကြည့်တဲ့အကြောင်းပါ။ (ရယ်သံများ) သင်ဟာ ကမ္ဘာကို ပြောင်းလဲနေနိုင်တယ် ဒီတော့ ပန်ကရိယဆိုတာ ဘာမှန်းတောင် မသိတဲ့ ၁၅ နှစ်သားတစ်ယောက်ဟာ ပန်ကရိယ ကင်ဆာကိုရှာဖွေဖို့ နည်းလမ်းသစ်ရှာနိုင်ရင် သင်တို့လုပ်နိုင်တာ စိတ်ကူးကြည့်ကြပါ ကျေးဇူတင်ပါတယ်။ (လက်ခုပ်သံများ)