ဘူးထဲမှာဘာရှိလဲ။ ဘာပဲရှိရှိ၊အတော်တော်လေး အရေးကြီးတာဖြစ်လိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က ဒါနဲ့ခရီးထွက်လာခဲ့လို့ပါ၊ တိုက်ခန်းတစ်ခုကနေ တစ်ခုပြီးတစ်ခု ပြောင်းရွေ့နေတာကိုးဗျ။ (ရယ်သံများ) (လက်ခုပ်သံများ) ကြားဖူးကြတယ်မို့လား။ အမေရိကန်တွေဟာ လွန်ခဲ့တဲ့ နှစ် ၅၀ တုန်းကနဲ့စာရင် နေရာထိုင်မှု နေရာ ပမာဏ သုံးဆမှာ နေထိုင်နေကြတာကို သိကြလား။ ၃ ဆကြီးနော်။ ဒီတော့ ခင်ဗျားတို့တွေးမိမှာက ဒီအပိုနေရာလွတ်တွေနဲ့ဆိုရင် ကျွန်တော်တို့ပစ္စည်းတွေ အားလုံးအတွက် နေရာတွေ အများကြီးရှိတော့မှာ ပဲလို့ပေါ့။ မဟုတ်ပါဘူးဗျာ။ မြို့ထဲမှာ စက်မှုလုပ်ငန်းသစ်တစ်ခုရှိတယ်၊ ဒေါ်လာဘီလီယံ ၂၂ သန်းတန်ပြီး ဘီလီယံ၂.၂သန်း စတုရန်းပေ နေရာယူတဲ့ စက်မှုလုပ်ငန်းပါ။ အဲလောက်ရှိတဲ့ ကိုယ်ပိုင် သိုလှောင်ရုံပါ။ ဒီတော့ ကျနော်တို့ဆီမှာ နေရာ ၃ဆရှိနေပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့က ဒီလောက်တော်တဲ့ စျေးဝယ်သူတွေ ဖြစ်လာတော့ နေရာပိုလို့တောင် လိုတာပေါ့။ ဒီတော့ ဒါကဘယ်ကို ဦးတည်နေလဲ။ များပြားလှတဲ့ကြွေးဝယ်ကဒ်တွေနဲ့ ဝယ်တဲ့အကြွေးတွေ၊ ကြီးမားတဲ့ ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုတွေ၊ တိုက်ဆိုင်မှုအနေနဲ့ မဟုတ်ရင်တောင် ကျွန်တော်တို့ရဲ့ပျော်ရွင်မှု အဆင့်တွေက နှစ်၅၀ကျော် ပြားချပ်သွားခဲ့ပါတယ်။ ကဲ ဒီမှာကျွန်တော်က ပိုကောင်းတဲ့ နည်းလမ်းတစ်ခုအကြံပြုဖို့ပါ။ တကယ်တော့ ပိုပြီးတူညီဖို့ ဖြစ်နိူင်ခြေနည်းပါတယ်။ ကျွန်တော်တို့အများစုဟာ တစ်ချိန်ချိန်မှာတော့ လျော့နည်းခြင်းရဲ့ အရသာကို ခံစားဖူးပါတယ်။ ကောလိပ်က အဆောင်မှာ၊ ခရီးထွက်တုန်း၊ ဟိုတယ်အခန်းမှာ၊ တောစခန်းထွက်ခြင်း၊ ဘာမှမဟုတ်တာလေးနဲ့ တဲထိုးနေခြင်း လှေတစ်စင်း ဖြစ်ချင်ဖြစ်မယ်လေ။ သေချာတာက ကျန်တာတွေထဲက ခင်ဗျားအတွက် ဘာပဲဖြစ်ဖြစ်ဗျာ ဒါက လွတ်လပ်မှုနဲ့ အချိန်နည်းနည်း ပိုပေးပါတယ်။ ဒီတော့ ကျွန်တော်အကြံပြုချင်တာက ပစ္စည်းနည်းနည်းနဲ့ နေရာနည်းနည်းဟာ ပိုပြီးသေးငယ်တဲ့ ခြေရာတစ်ခုနဲ့ညီမျှပါတယ်။ ဒါဟာ တကယ်တော့ ငွေသက်သာဖို့ နည်းလမ်းတစ်ခုပါ။ ခင်ဗျားဘဝမှာ နည်းနည်းလေးပိုပြီး သက်သာမှုပေးပါလိမ့်မယ်။ ဒါနဲ့ lifeedited.org မှာ Life Edited ဆိုတဲ့ ပရောဂျက်တစ်ခုကို စတင်ခဲ့ပါတယ်။ ဒီပြောဆိုမှုကို အကျိုးပြုဖို့နဲ့ ဒီနေရာမှာ ကြီးကျယ်တဲ့ ဖြေရှင်းနည်းတွေကို ရှာနိုင်ဖို့ပါ။ ပထမက ပရိတ်သတ်ရှာခြင်းပါ Manhattan မှာရှိတဲ့ ၄၂၀ စတုရန်းပေရှိတဲ့ ကျွန်တော့တိုက်ခန်းမှာ တွဲဖက်တွေဖြစ်တဲ့ Mutopo နဲ့ Jovoto.com ပါ။ ကျွန်တော်လိုချင်တာက အကုန်လုံးပဲ။ နေအိမ်ရုံးခန်း၊ လူ၁၀ယောက် ထိုင်ရာမထ စားရတဲ့ညစာအတွက်၊ ဧည့်သည်တွေအတွက် အခန်းနဲ့ စွန်လွတ်လှိုင်းစီးရတဲ့ တန်ဆာပလာပါ။ တစ်ကမ္ဘာလုံးက စာရင်းသွင်းချက် ၃၀၀ နဲ့ ကျွန်တော့ကိုယ်ပိုင် အဖိုးတန် သေတ္တာရပြီပေါ့။ စတုရန်းပေ ၆၀၀ ဝယ်မယ့်အစား ပေ ၄၂၀ ပဲ ဝယ်လိုက်တော့ ဒေါ်လာ ၂ သိန်းသက်သာသွားတယ်။ ပိုသေးတဲ့နေရာဟာ ပိုသေးတဲ့ အသုံးအဆောင်တွေအတွက် ဖြစ်တော့မှာပေါ့။ ဒီမှာပိုက်ဆံပိုသက်သာပြီး ပိုသေးငယ်တဲ့ နေရာယူမှုလည်းဖြစ်တာပေါ့။ ပြီးတော့ ဒါက စီစစ်ထားတဲ့ပိုင်ဆိုင်မှု တစ်စုံကို တကယ်ကို အကြမ်းဖျင်းပုံစံ ထုတ်ထားလို့ပါ။ ကျွန်တော့ အကြိုက်ဆုံး ပစ္စည်းတွေပေါ့။ တကယ်ကို ကျွန်တော့အတွက်ပုံစံ ထုတ်ထားတာပါ အဲဒီမှာရှိတာကို အရမ်းကို စိတ်လှုပ်ရှားမိတယ်ဗျာ။ ဒီတော့ နည်းနည်းလေးနဲ့ ဘယ်လိုနေလို့ရမလဲ။ အဓိကလုပ်နည်း ၃ နည်းရှိပါတယ်။ ပထမဆုံးက ရက်ရက်စက်စက်ကို သုတ်သင်လိုက်ဖို့လိုပါတယ်။ ကျွန်တော်တို့အသက်တာရဲ့ ပင်မလမ်းကြောင်းတွေကို ရှင်းလိုက်ဖို့လိုပါတယ်။ ဒါ နှစ်နဲ့ချီပြီးကျွန်တော်မဝတ်ဖြစ်ခဲ့တဲ့ အင်္ကျီတစ်ထည်လား။" ဒါကိုစွန့်ပစ်ဖို့ အချိန်ရောက်ပါပြီ။ ကျွန်တော်တို့ဘဝတွေထဲက အပိုဆာဒါးတွေကို ဖြတ်တောက်ဖို့ လိုပါတယ်။ ပြီးတော့ စီးဝင်မှုကို ပိတ်ဆို့ဖို့ သင်ယူရပါမယ်။ မဝယ်ခင် စဉ်းစားဖို့လိုပါတယ်။ မိမိကိုယ်ကို မေးကြည့်လိုက်ပါ။ "ဒါကငါ့ကို တကယ်ပဲ ပျော်ရွှင်အောင် လုပ်ပေးမှာမို့လိုလား။" "တကယ်လား။" ရပါတယ်ဗျာ၊ ကျွန်တော်တိုဟာ တစ်ချို့ ကြီးကြီးမားမား ပစ္စည်းတွေကိုတော့ ဝယ်ပြီး ပိုင်ဆိုင်သင့်တာပေါ့ဗျာ။ ဒါပေမဲ့ နှစ်ပေါင်းများစွာ ကျွန်တော်တို့ မြတ်နိုးနေမယ့် ပစ္စည်းတွေပဲလိုချင်တာနော်၊ ပစ္စည်းချည်းသက်သက်တော့ မဟုတ်ဘူး။ ဒုတိယအနေနဲ့ ကျွန်တော်တို့ရဲ့ မန္တန်အသစ်ပါ။ အသေးလေးက နှစ်လိုဖွယ်ရာလေးတဲ့။ နေရာနဲ့ပတ်သက်ပြီး ခရီးရောက်ချင်တာပါ။ ကျယ်ပြောလှတဲ့ကာလကြီးမှာ ဒါတွေကိုဘယ်လိုသုံးဖို့ ပုံစံထုတ်ထားတဲ့ပစ္စည်းတွေ ကျွန်တော်တို့လိုချင်တာပါ။ ရှားရှားပါးပါးဖြစ်ရပ်အတွက် မဟုတ်ပါဘူး။ မီးထွက်ပေါက် ၃ခုပဲ ရံဖန်ရံခါလောက် သုံးပေမဲ့ ဘာဖြစ်လို့ ၆ခု ပါတဲ့မီးဖိုရှိရမှာလဲ။ ဒီတော့ ကျွန်တော်တို့လိုချင်တာက ပုံထားတဲ့ပစ္စည်းတွေ၊ ထပ်ထားတဲ့ပစ္စည်းတွေပါ။ နောက်ပြီး ဒီဂျီတယ် လုပ်လိုက်တယ်။ စာရွက်စာတမ်းတွေ၊ စာအုပ်တွေ၊ ရုပ်ရှင်တွေကို ခင်ဗျား ယူလို့ရပါတယ်၊ နောက်ပြီးဒါကို ဖျောက်ဖျက်ပစ်နိုင်တယ်။ ဒါဟာ မျက်လှည့်ပါ။ နောက်ဆုံးက ဘက်စုံသုံးလို့ရတဲ့ နေရာတွေ၊ အိမ်သုံးပစ္စည်းတွေ လိုချင်တယ်။ ရေအိမ်တွဲပါတဲ့ လက်ဆေးကန်တစ်ခု၊ အိပ်ရာဖြစ်သွားတဲ့ ထမင်းစားစားပွဲတစ်လုံး၊ တစ်နေရာတည်းပဲ၊ လူ ၁၀ ယောက်ထိုင်ဖို့ ဆန့်ထွက်တဲ့ အရံစားပွဲလေးတစ်လုံး။ ဒီမှာ တင်ဆက်ချက်တစ်ခုထဲက အောင်မြင်နေတဲ့ Life Edited အစီအစဉ်မှာ နေရလွတ် တော်တော်များများရဖို့ နံရံအရှင်တစ်ခုနဲ့ ထရန်စဖော်မာ ပရိဘောဂကိုပေါင်းစပ် လိုက်တယ်။ ဒီကော်ဖီစားပွဲကိုကြည့်ပါ လူ၁၀ယောက်ထိုင်ဖို့ အမြင့်ရောအကျယ်ပါ တိုးထားပါတယ်။ ကျွန်တော့ရုံးက ခေါက်လို့ရပြီး၊ လွယ်လွယ်လေး ဝှက်ထားနိုင်ပါတယ်။ ကျွန်တော့ အိပ်ရာကို လက်ချောင်း ၂ ချောင်းနဲ့ နံရံထဲမှ ထုတ်ယူနိုင်ပါတယ်။ ဧည့်သည်တွေကျတော့ရော။ နံရံအရှင်ကိုရွှေ့လိုက်ပါ။ ဧည့်သည်တွေအတွက် ခေါက်ထားတဲ့ အိပ်ရာတွေကိုယူလိုက်ပါ။ တကယ်တော့ ကျွန်တော့ကိုယ်ပိုင် ရုပ်ရှင်ရုံပါ။ အားလုံးနေထိုင်ဖို့ လိုတာ ၄၂၀ စတုရန်းပေပါလို့ ပြောနေတာမဟုတ်ဘူးနော်။ ဒါပေမဲ့ ပြင်ဆင်ထားတဲ့ဘဝတစ်ခုရဲ့ ကောင်းကျိုးတွေကို စဉ်းစား ကြည့်လိုက်ပါဦး။ ၃၀၀၀ ကနေ၂၀၀၀၊ ၁၅၀၀ ကနေ ၁၀၀၀။ ကျွန်တော်တို့အများစု၊ အားလုံးဖြစ်ချင်ဖြစ်မယ်။ အိတ်လေး ၁ လုံး၂ လုံးနဲ့ နေ့တော်တော်များများမှာ တော်တော်ပျော်ရွှင်ကြမှာပေါ့၊ နေရာကျဉ်းကျဉ်းလေးတစ်ခု ဟိုတယ်ခန်း တစ်ခုဖြစ်ချင်ဖြစ်မယ်။ ဒီတော့ ခင်ဗျားတို့ အ်မ်ပြန်ရောက်လို့ အိမ်ရှေ့တံခါးကို ဖြတ်လျှောက်တဲ့အခါ ခဏလောက်အချိန်ယူပြီး ကိုယ့်ကိုကိုယ် မေးကြည့်လိုက်ပါ။ "ငါဒီပြင်ဆင်ထားတဲ့ ဘဝလေးမှာ နေနိုင်ပါသလား။" "ဒါကငါ့ကို လွတ်လပ်မှု နည်းနည်းလေး ပိုပြီးပေးမှာလား။" အချိန်ပို နည်းနည်းလေးဖြစ်ဖြစ်ပေါ့။ သေတ္တာထဲမှာ ဘာရှိလဲ။ ဒါကအရေးမပါပါဘူး။ ဒါမလိုဘူးဆိုတာ ကျွန်တော်သိပါတယ်။ ခင်ဗျားတို့ဆီမှာရောဗျာ။ ဖြစ်နိုင်တာက၊ အင်းဖြစ်နိုင်တာက နည်းနည်းလေး ပိုပြီးတူနိုင်တာပေါ့။ ဒီတော့ ပစ္စည်းကောင်းတွေအတွက် နေရာဖန်တီး ရအောင်ဗျာ။ ကျေးဇူးတင်ပါတယ်။ (လက်ခုပ်သံများ)