Hour of Code မှ ကြိုဆိုပါ၏ ဟိုင်း..ကျွန်မက ကက်သလင်း ပါ။ Star Wars: The Force Awakens ရဲ့ထုတ်လုပ်သူပါ။ ဒီနေ့ သင့်အနေနဲ့ ကျွန်မတို့ရဲ့ သရုပ်ဆောင် တစ်ဦး ဖြစ်တဲ့ BB - 8 နှင့် အတူ လုပ်ကိုင်ရပါမယ်။ BB - 8 ကတော့ ထုလုံးပုံ စက်ရုပ်ပါ။ သူလုပ်သမျှ အားလုံး နဲ့ သူ့ရဲ့လှုပ်ရှား မှု အားလုံး ကို ကွန်ပြူတာ ဆော့ဖ်ဝဲ ကထိန်းချုပ်ပါတယ်။ ကွန်ပြူတာနည်းညာက ကျန်းမာရေးဝန်ဆောင်မှု၊အရောင်းမြှင့်တင်ရေးမှအစ ရုပ်ရှင်လုပ်ငန်းအဆုံး ကဏ္ဌများစွာ အပေါ် သက်ရောက်မှုများစွာရှိပါတယ်။ The Force Awakens လိုရုပ်ရှင် တစ်ကားအတွက် ရာကျော်ချီတဲ့ ကွန်ပြူတာအင်ဂျင်နီယာ များအတူတကွ လုပ်ဆောင်ကြရတာပါ။ ဟိုင်း..ကျွန်မ ရေချယ်ရိုစ့်ပါ..ILM ကုမ္ပဏီ မှာ အထက်တန်း R&D(သုတေသနနှင့် ဖော်ဆောင်ရေး) အင်ဂျင်နီယာ ပါ။ Animation and creature development team ( ပုံဆောင်လှုပ်ရှားမှု နှင့် သရုပ်ပုံဖော်ဆောင်ရေး) အဖွဲ့ကိုဦးဆောင်ပါတယ်။ The Force Awakens ထဲမှာတော့ ကျွန်မ အနေနဲ့ သရုပ်ဆောင် ရဲ့လှုပ်ရှားမှု ဟိုး စကြာဝဠာ အဝေးဝေး မှာ ရုပ်တိရှိအောင် ပုံကြမ်းထုတ်ပေး ရတဲ့တာဝန်ရှိပါတယ်။ နောက်တစ်နာရီအတွင်းမှာ ကျွန်မတို့ ကိုယ်ပိုင် Star Wars ဂိမ်း ကို သင့်ကို အခြေခံ ကွန်ပြူတာ ပရိုဂရမ်းမိန်း သင်ပေးတဲ့အနေနဲ့ လုပ်သွားကြရအောင်။ ယေဘုယ တော့ ပရိုဂရမ်းမိန်း က အားလုံး စာသားတွေချည်းပါပဲ။ ဒီနေရာမှာတော့ အတုံးအကွက် ကလေးတွေကို သုံးပြီး ဆွဲရွှေ့နေရာချ ရုံနဲ့ ပရိုဂရမ် တွေရေးသွားမှာပါ။ အစမှာ၊ ရေး( Rey) နဲ့တွဲပြီး အစိတ်အပိုင်းအပျက်တွေကို လိုက်စုဆောင်းဖို့ BB-8 ကို ပရိုဂရမ်လုပ်ရအောင်။ သင့် ဖန်သားပြင်မှာ အပိုင်းသုံးခု ကွဲနေပါမယ်။ ဘယ်ဘက်က ကုဒ်တွေသွားနေမယ့် Star Wars game နေရာပါ။ အဆင့်တစ်ခုချင်းစီအတွက် လမ်းညွှန်ချက်တွေ game နေရာအောက်မှာ ရေးထားပါမယ်။ အလယ်ကတော့် ကိရိယာများ (toolbox) ရှိရာနေရာဖြစ်ပြီး အတုံးအကွက်တစ်ခုတိုင်းကတော့ BB-8 ကနားလည်နိုင်တဲ့ အမိန့်ပေးလမ်းညွှန်ချက် (command) များ ပါ။ ညာဖက်က အဖြူရောင်နေရာ ကို လုပ်ငန်းခွင် လို့ခေါ်ပြီး ကျွန်မတို့ရဲ့ ပရိုဂရမ်တွေကို အဲဒီနေရာမှာ တည်ဆောက်သွားရမှာပါ။ ဘယ်ရွေ့ (moveLeft ) ဆိုတဲ့ အတုံး ကို လုပ်ငန်းခွင် (workspace )ထဲ ကျွန်မရွှေ့ လိုက်ရင် ဘာဖြစ်သွားမလဲ? ဇယားကွက်ရဲ့ ဘယ်ဘက် တစ်ကွက် သို့ BB-8 ရွေ့သွားပါတယ်။ ဘယ်ရွေ့ (moveLeft ) အတုံးပြီးရင် BB-8 ကိုတစ်ခုခု ထပ်ခိုင်းချင်ရင်ဘာလုပ်ရမလဲ။ နောက်ထပ် အတုံးအကွက် တစ်ခု ပရိုဂရမ်ထဲကို ထပ်ပေါင်းရပါမယ်။ အထက်တက် (moveUp) ကိုရွေးလိုက်ပါမယ်။ အရောင်ထူးပြတဲ့အထိ ဘယ်ရွေ့ (moveLeft ) ရဲ့အောက်ကို ဆွဲသွားပါမယ်။ ပြီး အဲဒီမှာ ချလိုက်ရင် အတုံးနှစ်ခု တေ့ဆက်သွားပါမယ်။ "Run" ကိုနှိပ်လိုက်ရင် BB-8 ဟာ လုပ်ငန်းခွင် (workspace )ထဲ မှာ ထပ်ဆင့်ထားတဲ့ အမိန့်ပေးလမ်းညွှန်ချက်များ (commands)အတိုင်း အလုပ်လုပ်သွားပါမယ်။ အတုံး တစ်ခုခုကို ပြန်ဖျက်လိုရင် အထပ်ထဲကနေ ဆွဲထုတ်ပြီး ကိရိယာများ (toolbox) ထဲကိုသာ ပြန်ဆွဲထည့်လိုက်ပါ။ "Run" ကို နှိပ်ပြီးရင် reset button ကိုနှိပ်ပြီး BB-8 ကိုအစနေရာမှာ ပြန်စခိုင်းလို့ရပါတယ်။ ကဲ...စလိုက်ကြစို့လား!