1 00:00:00,614 --> 00:00:04,379 ကျွန်တော်ဟာ ကွန်ပျူတာများ နှင့် နည်းပညာတွေကို အစဉ်စိတ်ဝင်စားခဲ့တယ်၊ 2 00:00:04,406 --> 00:00:06,618 iPhone၊ iPod Touch၊ နှင့် iPad တို့အတွက် 3 00:00:06,618 --> 00:00:08,359 အက်ပ်အချို့ကိုတောင် ပြုစုခဲ့ပါတယ်။ 4 00:00:08,399 --> 00:00:11,714 ဒီနေ့ နှစ်ခုလောက်ကို မိတ်ဆက်ပေးချင်ပါတယ်။ 5 00:00:11,756 --> 00:00:15,049 ကျွန်တော်ရဲ့ ပထမဦးဆုံး အက်ပ်က တမူထူးတဲ့ ဗေဒင်ဟောဆရာ Earth Fortune ပါ၊ 6 00:00:15,114 --> 00:00:18,521 ခင်ဗျားတို့ရဲ့ အနာဂတ်ကို လိုက်ပြီး အဲဒါဟာ ကမ္ဘာကြီးကို 7 00:00:18,622 --> 00:00:21,047 အရောင် အမျိုးမျိုးဖြင့် ပြသပေးပါတယ်။ 8 00:00:21,047 --> 00:00:23,891 ကျွန်တော့ အကြိုက်ဆုံးနဲ့ အအောင်မြင်ဆုံး အက်ပ်က 9 00:00:23,891 --> 00:00:28,196 Bustin Jieber ပါ- (ရယ်မောသံများ) - 10 00:00:28,196 --> 00:00:31,353 အဲဒါက Justin Bieber Whac-A-Mole လေ။ 11 00:00:31,353 --> 00:00:33,587 တော်တော်များများက Justin Biebe မကြိုက်ခဲ့ကြလို့ 12 00:00:33,587 --> 00:00:35,688 ကျွန်တော်က သူ့ကို 13 00:00:35,838 --> 00:00:40,458 အက်ပ်အဖြစ် လုပ်ရန် ဆုံးဖြတ်ခဲ့တာပါ။ 14 00:00:41,588 --> 00:00:44,384 အဲဒါနဲ့ အဲဒါကို ပရိုဂရမ် ရေးဆွဲလာလိုက်တာ 15 00:00:44,384 --> 00:00:46,500 ၂၀၁၀ ခုနှစ် ကျောင်းမပိတ်မီ ဖြန့်ချိနိုင်ခဲ့တယ်။ 16 00:00:46,500 --> 00:00:49,500 လူတော်တော်များများက မင်းဒါတွေကို ဘယ်လိုလုပ်နိုင်တာလဲ? မေးကြတယ်။ 17 00:00:49,730 --> 00:00:53,053 အဲဒီလို မေးကြတဲ့ လူတွေဟာ မကြာခဏဆိုသလို သူတို့ကိုယ်တိုင်ကလည်း 18 00:00:53,114 --> 00:00:56,025 အက်ပ်ကို ထုတ်လုပ်ချင်ကြလို့ မေးကြတာပါ။ 19 00:00:56,176 --> 00:00:58,238 ဒီခေတ်မှာ ကလေးတို့ဟာ ဂိမ်းတွေ ကစားချင်တယ်၊ 20 00:00:58,662 --> 00:01:01,206 အခုတော့ ဂိမ်းတွေကို သူတို့ ပြုလုပ်ချင်ကြတယ်၊ 21 00:01:01,216 --> 00:01:03,133 အဲဒါဟာ ခဲယဉ်းပါတယ်၊ 22 00:01:03,133 --> 00:01:05,073 ကလေး အများအပြားတို့ဟာ ပရိုဂရမ် ရေးဆွဲဖို့ 23 00:01:05,073 --> 00:01:07,751 ဘယ်သွားရမှန်း မသိကြလို့ပါ။ 24 00:01:07,751 --> 00:01:09,806 ဘောလုံးကစားချင်ရင် ဘောလုံး အသင်းကို သွားနိုင်တယ်။ 25 00:01:09,806 --> 00:01:12,177 တယော တီးချင်ရင် တယောတီး သင်ခန်းစာကို သွားယူနိုင်တယ်။ 26 00:01:12,640 --> 00:01:15,437 ဒါပေမဲ့ အက်ပ် တခုခုကို ပြုလုပ်ချင်ရင်ကော? 27 00:01:15,647 --> 00:01:17,707 အဲဒီ ကလေးတွေရဲ့ မိဘတွေက သူတို့ ငယ်စဉ်တုန်းက 28 00:01:17,866 --> 00:01:20,414 အဲဒီလို အရာတွေကို ပြုလုပ်ခဲ့နိုင်ပေမဲ့၊ 29 00:01:20,615 --> 00:01:22,702 အက်ပ်ကို ပြုစုခဲ့တဲ့ မိဘတွေတော့ မများနိုင်ပါ။ (ရယ်မောသံများ) 30 00:01:22,732 --> 00:01:25,451 ဒီတော့ အက်ပ်ကို ပြုလုပ်ချင်ရင် ဘယ်မှာ သွားရှာရမှာလဲ? 31 00:01:25,552 --> 00:01:27,999 ကောင်းပြီ၊ ကျွန်တော် လုပ်ခဲ့ပုံက ဒီလိုပါ။ 32 00:01:28,020 --> 00:01:31,020 ပထမဦးဆုံး အနေနဲ့၊ ကျွန်တော် ပရိုဂရမ်တွေကို ရေးဆွဲတယ် 33 00:01:31,148 --> 00:01:33,614 ပရိုဂရမ် ရေးသားရေး အခြေခံတွေ သိရဖို့ ဘာသာစကားအမျိုးမျိုး 34 00:01:34,234 --> 00:01:38,412 Python၊ C၊ Java၊ စတာတွေကို လေ့လာနေခဲ့တယ်။ 35 00:01:39,001 --> 00:01:42,001 အဲဒီနောက်မှာ Apple က iPhone ကို ထုတ်ရောင်းလာရာ 36 00:01:42,358 --> 00:01:44,885 အဲဒါနဲ့အတူ iPhone ဖွံ့ဖြိုးရေး ဆော့ဝဲ တစုံပါလာတယ်၊ 37 00:01:44,885 --> 00:01:47,766 အဲဒီ ဖွံ့ဖြိုးရေး ဆော့ဝဲ အစုံထဲမှာ iPhone အက်ပ်တွေကို 38 00:01:47,978 --> 00:01:51,650 ဖန်တီးရန် နဲ့ ပရိုဂရမ် ရေးဆွဲရေး ကိရိယာတွေ ပါရှိပါတယ်။ 39 00:01:52,071 --> 00:01:55,071 အဲဒါ ကျွန်တော့အတွက် အလားအလာသစ် ကမ္ဘာကြီးကို ဖွင့်ပေးလိုက်တယ်၊ 40 00:01:55,743 --> 00:01:58,743 အဲဒီ ဆော့ဝဲ ပစ္စည်းတွေနဲ့ နဲနဲလေး ကစားကြည့်ပြီးတဲ့ နောက်မှာ၊ 41 00:01:58,817 --> 00:02:02,333 အက်ပ် နှစ်ခုလောက်၊ စမ်းသပ်ရေး အက်ပ် အချို့ကို ထုတ်လုပ်ခဲ့တယ်။ 42 00:02:02,723 --> 00:02:05,724 အဲဒါ တခုက Earth Fortune ဆိုတာ ဖြစ်လာတယ်။ 43 00:02:05,915 --> 00:02:08,682 Earth Fortune ကို App Store မှာ တင်ဖို့ အသင့်ရှိလာလို့ 44 00:02:08,942 --> 00:02:11,766 ကျွန်တော့ အက်ပ်ကို App Store မှာ တင်ပေးဖို့ ပေးရမယ့် 45 00:02:11,866 --> 00:02:15,657 အခ ၉၉ ဒေါ်လာကို ပေးဖို့ မိဘတွေကို စည်းရုံးခဲ့ရပါတယ်။ 46 00:02:15,657 --> 00:02:18,712 သဘောတူလိုက်လို့ ကျွန်တော့ အက်ပ်တွေ App Store မှာ ရှိနေပြီ။ 47 00:02:21,066 --> 00:02:24,066 ကျွန်တော့ကို ကျွန်တော့ မိသာစု၊ မိတ်ဆွေများ၊ ဆရာများ၊ 48 00:02:24,440 --> 00:02:26,753 ပြီးတော့ Apple Store မှ လူတွေမှအစ 49 00:02:27,085 --> 00:02:29,023 အားလုံးတို့က အကြီးအကျယ် အားပေးခဲ့တာဟာ 50 00:02:29,055 --> 00:02:30,867 ကျွန်တော့အတွက် တကယ့်ကို အားတက်စရာကြီးပါ။ 51 00:02:30,907 --> 00:02:33,265 Steve Jobs ထံမှ လှုံ့ဆော်ချက်တွေ အများကြီး ရခဲ့ပါတယ်၊ 52 00:02:33,265 --> 00:02:35,776 အခုတော့ ကျွန်တော်ဟာ ကျောင်းမှာ အက်ပ် ကလပ်ကို စတင်ခဲ့ပါတယ်၊ 53 00:02:35,819 --> 00:02:39,377 ကျွန်တော့ ကျောင်းဆရာများကလည်း ကျွန်တော့ အက်ပ် ကလပ်ကို ထောက်ပံ့ကြပါတယ်။ 54 00:02:39,416 --> 00:02:43,289 ကျွန်တော့ ကျောင်းထဲက ဘယ်ကျောင်းသားမဆို 55 00:02:43,342 --> 00:02:45,890 အက်ပ်ကို ပုံစံရေးဆွဲမှုကို သင်ယူနိုင်တယ်။ 56 00:02:46,737 --> 00:02:48,763 အတွေ့အကြုံကို အခြားသူတွေ မျှပေးနိုင်လာတယ်။ 57 00:02:50,587 --> 00:02:53,587 ကျွန်တော်တို့ဆီမှာ iPad Pilot Program ဆိုတာ ရှိပါတယ်၊ 58 00:02:54,991 --> 00:02:58,551 တချို ပညာရေး ဌာနတွေမှာလည်း ရှိပါတယ်။ 59 00:02:58,641 --> 00:03:00,634 ကျွန်တော် အဲဒီပါဝင်နေရတာ သိပ်ကံကောင်းတယ်။ 60 00:03:00,646 --> 00:03:03,210 iPad တွေကို ဘယ်လို သုံးကြရမလဲ၊ အဲဒီ iPad တွေမှာ 61 00:03:03,210 --> 00:03:07,203 ဘယ်လို အက်ပ်တွေကို တပ်ဆင်ကြမလဲ ဆိုတာဟာ တကယ့်စိန်ခေါ်မှုကြီးပါ။ 62 00:03:07,243 --> 00:03:10,373 ကျွန်တော်တို့ဟာ ကျောင်းဆရာများထံမှနေပြီး သူတို့ လိုချင်တဲ့ 63 00:03:10,373 --> 00:03:14,184 အက်ပ်တွေဆိုင်ရာ တုံ့ပြန်ချက်တွေကို ရရှိနေပါတယ်။ 64 00:03:14,236 --> 00:03:17,176 ကျွန်တော်တို့ ပြုစုပေးလိုက်လို့ ဈေးကွက် တင်လိုက်တဲ့ 65 00:03:17,176 --> 00:03:19,908 အက်ပ်တွေ ဒီဒေသ နှင့် ကျန် ပညာရေး ဌာနတွေအတွက် အခမဲ့ပါ၊ 66 00:03:20,909 --> 00:03:24,536 ကျွန်တော်တို့ ရောင်းလို့ ရမယ့် ငွေအားလုံးကို 67 00:03:24,536 --> 00:03:27,576 ဒေသထဲက ပညာရေး ရန်ပုံငွေအဖွဲ့များ ရရှိကြမှာပါ။ 68 00:03:27,576 --> 00:03:30,347 ကျွန်တော်တို့ ခေတ်ထဲမှာ၊ ကျောင်းသားတွေဟာ ဆရာတွေနဲ့စာရင် 69 00:03:31,427 --> 00:03:35,428 နည်းပညာ နယ်ပယ်ထဲမှာ နဲနဲလေး ပိုသိကြပါတယ်။ (ရယ်မောသံများ) 70 00:03:38,903 --> 00:03:42,430 ဒီတော့- (ရယ်မောသံများ) - 71 00:03:42,698 --> 00:03:45,698 ဆောရီးပဲ - (ရယ်မောသံများ) - 72 00:03:47,103 --> 00:03:50,659 ဒါဟာ ဆရာများအတွက် အရင်းအမြစ် ဖြစ်လာတယ်၊ ပညာရေး နယ်ပယ်ထဲက 73 00:03:50,879 --> 00:03:53,170 ပို့ချသူတွေက ဒီအရင်းအမြစ်ကို ကောင်းစွာ အသုံးချသင့်တယ်။ 74 00:03:56,137 --> 00:03:59,386 ကျွန်တော်ဟာ အနာဂတ်ထဲမှာ ဘာတွေ လုပ်ကိုင်လိုတာ ပြောပြလိုပါတယ်။ 75 00:04:00,566 --> 00:04:03,935 ပထမဦးဆုံးအနေနဲ့ အက်ပ် အသစ်တွေ ဂိမ်းအသစ်တွေကို ပြုစုထုတ်လုပ်သွားပါမယ်။ 76 00:04:04,402 --> 00:04:08,262 အက်ပ် တခုကို ထုတ်လုပ်ဖို့ကို ဘေးမှ အဖွဲ့အစည်းတခုနဲ့ လုပ်ကိုင်နေတယ်။ 77 00:04:08,323 --> 00:04:12,245 ကျွန်တော်ဟာ Android ပရိုဂရမ်ရေးဆွဲမှုနဲ့ ဖွံ့ဖြိုးမှုထဲမှာလည်း ပါဝင်ချင်တယ်၊ 78 00:04:12,245 --> 00:04:15,492 ကျွန်တော့ အက်ပ် ကလပ်ကိုလည်း ဆက်လုပ်ကိုင်သွားမှာပါ၊ 79 00:04:15,492 --> 00:04:18,198 အသိပညာတွေကို ကျောင်းသားတွေ မျှဝေပေးဖို့ 80 00:04:18,208 --> 00:04:21,095 တခြားနည်းလမ်းတွေကို ရှာကြံသွားမှာပါ။ ကျေးဇူးတင်ပါတယ်။ (လက်ခုပ်သံများ) 81 00:04:22,367 --> 00:04:24,314