ကျွန်တော်ဟာ ကွန်ပျူတာများ နှင့်
နည်းပညာတွေကို အစဉ်စိတ်ဝင်စားခဲ့တယ်၊
iPhone၊ iPod Touch၊ နှင့် iPad တို့အတွက်
အက်ပ်အချို့ကိုတောင် ပြုစုခဲ့ပါတယ်။
ဒီနေ့ နှစ်ခုလောက်ကို
မိတ်ဆက်ပေးချင်ပါတယ်။
ကျွန်တော်ရဲ့ ပထမဦးဆုံး အက်ပ်က တမူထူးတဲ့
ဗေဒင်ဟောဆရာ Earth Fortune ပါ၊
ခင်ဗျားတို့ရဲ့ အနာဂတ်ကို လိုက်ပြီး
အဲဒါဟာ ကမ္ဘာကြီးကို
အရောင် အမျိုးမျိုးဖြင့် ပြသပေးပါတယ်။
ကျွန်တော့ အကြိုက်ဆုံးနဲ့
အအောင်မြင်ဆုံး အက်ပ်က
Bustin Jieber ပါ- (ရယ်မောသံများ) -
အဲဒါက Justin Bieber Whac-A-Mole လေ။
တော်တော်များများက
Justin Biebe မကြိုက်ခဲ့ကြလို့
ကျွန်တော်က သူ့ကို
အက်ပ်အဖြစ် လုပ်ရန် ဆုံးဖြတ်ခဲ့တာပါ။
အဲဒါနဲ့ အဲဒါကို ပရိုဂရမ် ရေးဆွဲလာလိုက်တာ
၂၀၁၀ ခုနှစ် ကျောင်းမပိတ်မီ
ဖြန့်ချိနိုင်ခဲ့တယ်။
လူတော်တော်များများက မင်းဒါတွေကို
ဘယ်လိုလုပ်နိုင်တာလဲ? မေးကြတယ်။
အဲဒီလို မေးကြတဲ့ လူတွေဟာ မကြာခဏဆိုသလို
သူတို့ကိုယ်တိုင်ကလည်း
အက်ပ်ကို ထုတ်လုပ်ချင်ကြလို့ မေးကြတာပါ။
ဒီခေတ်မှာ ကလေးတို့ဟာ
ဂိမ်းတွေ ကစားချင်တယ်၊
အခုတော့ ဂိမ်းတွေကို သူတို့
ပြုလုပ်ချင်ကြတယ်၊
အဲဒါဟာ ခဲယဉ်းပါတယ်၊
ကလေး အများအပြားတို့ဟာ
ပရိုဂရမ် ရေးဆွဲဖို့
ဘယ်သွားရမှန်း မသိကြလို့ပါ။
ဘောလုံးကစားချင်ရင် ဘောလုံး
အသင်းကို သွားနိုင်တယ်။
တယော တီးချင်ရင် တယောတီး
သင်ခန်းစာကို သွားယူနိုင်တယ်။
ဒါပေမဲ့ အက်ပ် တခုခုကို ပြုလုပ်ချင်ရင်ကော?
အဲဒီ ကလေးတွေရဲ့ မိဘတွေက
သူတို့ ငယ်စဉ်တုန်းက
အဲဒီလို အရာတွေကို
ပြုလုပ်ခဲ့နိုင်ပေမဲ့၊
အက်ပ်ကို ပြုစုခဲ့တဲ့ မိဘတွေတော့
မများနိုင်ပါ။ (ရယ်မောသံများ)
ဒီတော့ အက်ပ်ကို ပြုလုပ်ချင်ရင်
ဘယ်မှာ သွားရှာရမှာလဲ?
ကောင်းပြီ၊ ကျွန်တော် လုပ်ခဲ့ပုံက
ဒီလိုပါ။
ပထမဦးဆုံး အနေနဲ့၊ ကျွန်တော်
ပရိုဂရမ်တွေကို ရေးဆွဲတယ်
ပရိုဂရမ် ရေးသားရေး အခြေခံတွေ
သိရဖို့ ဘာသာစကားအမျိုးမျိုး
Python၊ C၊ Java၊ စတာတွေကို လေ့လာနေခဲ့တယ်။
အဲဒီနောက်မှာ Apple က iPhone ကို
ထုတ်ရောင်းလာရာ
အဲဒါနဲ့အတူ iPhone ဖွံ့ဖြိုးရေး
ဆော့ဝဲ တစုံပါလာတယ်၊
အဲဒီ ဖွံ့ဖြိုးရေး ဆော့ဝဲ အစုံထဲမှာ
iPhone အက်ပ်တွေကို
ဖန်တီးရန် နဲ့ ပရိုဂရမ် ရေးဆွဲရေး
ကိရိယာတွေ ပါရှိပါတယ်။
အဲဒါ ကျွန်တော့အတွက် အလားအလာသစ်
ကမ္ဘာကြီးကို ဖွင့်ပေးလိုက်တယ်၊
အဲဒီ ဆော့ဝဲ ပစ္စည်းတွေနဲ့ နဲနဲလေး
ကစားကြည့်ပြီးတဲ့ နောက်မှာ၊
အက်ပ် နှစ်ခုလောက်၊ စမ်းသပ်ရေး
အက်ပ် အချို့ကို ထုတ်လုပ်ခဲ့တယ်။
အဲဒါ တခုက Earth Fortune ဆိုတာ ဖြစ်လာတယ်။
Earth Fortune ကို
App Store မှာ တင်ဖို့ အသင့်ရှိလာလို့
ကျွန်တော့ အက်ပ်ကို App Store မှာ
တင်ပေးဖို့ ပေးရမယ့်
အခ ၉၉ ဒေါ်လာကို ပေးဖို့
မိဘတွေကို စည်းရုံးခဲ့ရပါတယ်။
သဘောတူလိုက်လို့
ကျွန်တော့ အက်ပ်တွေ App Store မှာ ရှိနေပြီ။
ကျွန်တော့ကို ကျွန်တော့ မိသာစု၊
မိတ်ဆွေများ၊ ဆရာများ၊
ပြီးတော့ Apple Store မှ လူတွေမှအစ
အားလုံးတို့က အကြီးအကျယ်
အားပေးခဲ့တာဟာ
ကျွန်တော့အတွက် တကယ့်ကို အားတက်စရာကြီးပါ။
Steve Jobs ထံမှ
လှုံ့ဆော်ချက်တွေ အများကြီး ရခဲ့ပါတယ်၊
အခုတော့ ကျွန်တော်ဟာ ကျောင်းမှာ
အက်ပ် ကလပ်ကို စတင်ခဲ့ပါတယ်၊
ကျွန်တော့ ကျောင်းဆရာများကလည်း
ကျွန်တော့ အက်ပ် ကလပ်ကို ထောက်ပံ့ကြပါတယ်။
ကျွန်တော့ ကျောင်းထဲက ဘယ်ကျောင်းသားမဆို
အက်ပ်ကို ပုံစံရေးဆွဲမှုကို သင်ယူနိုင်တယ်။
အတွေ့အကြုံကို
အခြားသူတွေ မျှပေးနိုင်လာတယ်။
ကျွန်တော်တို့ဆီမှာ iPad
Pilot Program ဆိုတာ ရှိပါတယ်၊
တချို ပညာရေး ဌာနတွေမှာလည်း
ရှိပါတယ်။
ကျွန်တော် အဲဒီပါဝင်နေရတာ သိပ်ကံကောင်းတယ်။
iPad တွေကို ဘယ်လို သုံးကြရမလဲ၊
အဲဒီ iPad တွေမှာ
ဘယ်လို အက်ပ်တွေကို တပ်ဆင်ကြမလဲ
ဆိုတာဟာ တကယ့်စိန်ခေါ်မှုကြီးပါ။
ကျွန်တော်တို့ဟာ ကျောင်းဆရာများထံမှနေပြီး
သူတို့ လိုချင်တဲ့
အက်ပ်တွေဆိုင်ရာ
တုံ့ပြန်ချက်တွေကို ရရှိနေပါတယ်။
ကျွန်တော်တို့ ပြုစုပေးလိုက်လို့ ဈေးကွက်
တင်လိုက်တဲ့
အက်ပ်တွေ ဒီဒေသ နှင့် ကျန်
ပညာရေး ဌာနတွေအတွက် အခမဲ့ပါ၊
ကျွန်တော်တို့ ရောင်းလို့
ရမယ့် ငွေအားလုံးကို
ဒေသထဲက ပညာရေး
ရန်ပုံငွေအဖွဲ့များ ရရှိကြမှာပါ။
ကျွန်တော်တို့ ခေတ်ထဲမှာ၊
ကျောင်းသားတွေဟာ ဆရာတွေနဲ့စာရင်
နည်းပညာ နယ်ပယ်ထဲမှာ နဲနဲလေး
ပိုသိကြပါတယ်။ (ရယ်မောသံများ)
ဒီတော့- (ရယ်မောသံများ) -
ဆောရီးပဲ - (ရယ်မောသံများ) -
ဒါဟာ ဆရာများအတွက် အရင်းအမြစ် ဖြစ်လာတယ်၊
ပညာရေး နယ်ပယ်ထဲက
ပို့ချသူတွေက ဒီအရင်းအမြစ်ကို
ကောင်းစွာ အသုံးချသင့်တယ်။
ကျွန်တော်ဟာ အနာဂတ်ထဲမှာ ဘာတွေ
လုပ်ကိုင်လိုတာ ပြောပြလိုပါတယ်။
ပထမဦးဆုံးအနေနဲ့ အက်ပ် အသစ်တွေ
ဂိမ်းအသစ်တွေကို ပြုစုထုတ်လုပ်သွားပါမယ်။
အက်ပ် တခုကို ထုတ်လုပ်ဖို့ကို ဘေးမှ
အဖွဲ့အစည်းတခုနဲ့ လုပ်ကိုင်နေတယ်။
ကျွန်တော်ဟာ Android ပရိုဂရမ်ရေးဆွဲမှုနဲ့
ဖွံ့ဖြိုးမှုထဲမှာလည်း ပါဝင်ချင်တယ်၊
ကျွန်တော့ အက်ပ် ကလပ်ကိုလည်း
ဆက်လုပ်ကိုင်သွားမှာပါ၊
အသိပညာတွေကို ကျောင်းသားတွေ မျှဝေပေးဖို့
တခြားနည်းလမ်းတွေကို ရှာကြံသွားမှာပါ။
ကျေးဇူးတင်ပါတယ်။ (လက်ခုပ်သံများ)