1 00:00:23,760 --> 00:00:25,176 ကျွန်တော်ဟာ အင်ဂျင်နီယာပါ၊ 2 00:00:25,200 --> 00:00:27,176 ရိုဘော့တွေကို ပြုစုထုတ်လုပ်ပါတယ်။ 3 00:00:27,200 --> 00:00:30,696 အခုတော့ ရိုဘော့ ဆိုတာ ဘယ်လိုဟာမှန်း လူတိုင်း သိတယ်၊ မဟုတ်လား။ 4 00:00:30,720 --> 00:00:32,896 သိတဲ့သူဟာ Google ကို ဝင်ပြီး ရိုဘော့ဆိုတာ 5 00:00:32,920 --> 00:00:34,776 ဘာလဲ မေးကြည့်ရုံပါပဲ။ 6 00:00:34,800 --> 00:00:36,040 ဒီတော့ စမ်းကြည့်ရအောင်။ 7 00:00:36,680 --> 00:00:39,416 Google ထဲမှာ မေးလိုက်တော့ ရလာတာက ဒါပါပဲ။ 8 00:00:39,440 --> 00:00:42,616 ဒီမှာ ရိုဘော့ ပုံစံတွေ အမျိုးမျိုးကို မြင်တွေ့နိုင်ပေမဲ့ 9 00:00:42,640 --> 00:00:46,376 အများဆုံး မြင်ရတာတွေဟာ ဖွဲ့စည်းမှုအရ လူနဲ့ ဆင်တူကြပါတယ်။ 10 00:00:46,400 --> 00:00:48,056 ပြီးတော့ ၎င်းတို့ဟာ တွေ့မြင်နေကျ 11 00:00:48,080 --> 00:00:50,536 ပုံစံမျိုးတွေပါ၊ ပလတ်စတစ် ပါတယ်၊ သတ္ထုပါတယ်၊ 12 00:00:50,560 --> 00:00:52,856 မော်တာတွေ နဲ့ ဂီယာတွေ စသဖြင့်ပေါ့လေ။ 13 00:00:52,880 --> 00:00:54,496 တချို့ကို ကြည့်ရတာ ခင်မင်ဖွယ်ရာပါ၊ 14 00:00:54,520 --> 00:00:56,576 သူတို့နား သွားပြီး ပွေ့ဖက်လို့ တောင် ရတယ်။ 15 00:00:56,600 --> 00:00:58,016 တချို့ကျတော့ ခင်မင်စရာမျိုး 16 00:00:58,040 --> 00:01:00,496 မဟုတ်ဘဲ "Terminator"ထဲက များလား ထင်ရပါတယ်။ 17 00:01:00,520 --> 00:01:03,056 တကယ်တမ်းမှာလည်း "Terminator" မှ ဖြစ်နိုင်ပါတယ်။ 18 00:01:03,080 --> 00:01:05,810 အဲဒီ ရိုဘော့တွေနဲ့ တကယ့်ကို မိုက်တဲ့ အရာတွေ လုပ်နိုင်တယ်၊ 19 00:01:05,810 --> 00:01:08,476 အဲဒီ ရိုဘော့တွေနဲ့ တကယ့်ကို မိုက်တဲ့ အရာတွေ လုပ်နိုင်တယ်၊ 20 00:01:08,476 --> 00:01:10,606 ဒါပေမဲ့ အခု ပြောချင်တာက ရိုဘော့တမျိုးတွေပါ၊ 21 00:01:10,606 --> 00:01:12,806 ကျွန်တော်ဟာ ရိုဘော့တစ်မျိုး ထုတ်လုပ်ချင်တယ်။ 22 00:01:12,806 --> 00:01:15,856 အပြင်ပမ်းအားဖြင့် ကျွန်တော်တို့နဲ့ မတူတဲ့ ဒီလိုအရာမျိုးမှ 23 00:01:15,880 --> 00:01:17,280 စိတ်ကူးတွေကို ယူချင်တယ်။ 24 00:01:17,720 --> 00:01:20,296 ဒါတွေဟာ သဘာဝထဲက ဇီဝအကောင်တွေပါ၊ 25 00:01:20,320 --> 00:01:22,896 ၎င်းတို့ဟာ ကျွန်ုပ်တို့ရော လက်ရှိ ရိုဘော့များပါ 26 00:01:22,920 --> 00:01:25,416 မလုပ်နိုင်တဲ့ မိုက်တဲ့ အရာတွေကို လုပ်နိုင်ကြတယ်။ 27 00:01:26,040 --> 00:01:29,216 ၎င်းတို့ဟာ ကြမ်းပေါ်မှာ လှုပ်ရှားခြင်း၊ ဥယျာဉ်ထဲ သွားခြင်းနဲ့ 28 00:01:29,240 --> 00:01:31,496 သီးနှံတွေ စားခြင်းလို လုပ်နိုင်တာ အများကြီး၊ 29 00:01:31,520 --> 00:01:32,776 သစ်ပင်ပေါ် တက်နိုင်ခြင်း၊ 30 00:01:32,800 --> 00:01:35,016 ရေထဲ ဝင်နိုင်ပြီး ရေထဲမှ ထွက်လာခြင်း၊ 31 00:01:35,040 --> 00:01:37,360 အင်းဆက်တွေကို ဖမ်းနိုင်၊ စားနိုင်ကြပါတယ်။ 32 00:01:37,360 --> 00:01:39,456 သူတို့ လုပ်နိုင်တာ တကယ့် စိတ်ဝင်စားစရာတွေပါ။ 33 00:01:39,480 --> 00:01:42,856 ၎င်းတို့ဟာ အသက်ရှင်နိုင် သေနိုင်ကြပြီး 34 00:01:42,880 --> 00:01:44,696 ပတ်ဝန်းကျင်ထဲက အရာတွေ စားသုံးနိုင်တယ်။ 35 00:01:44,720 --> 00:01:47,296 ကျွန်ုပ်တို့ရဲ့ လက်ရှိ ရိုဘော့တွေ အဲဒါတွေ မလုပ်တတ်ကြပါ။ 36 00:01:47,320 --> 00:01:48,536 ဒီတော့၊ ဒီလို ထူးခြားတဲ့ 37 00:01:48,560 --> 00:01:52,216 လက္ခဏာအချို့ကို အနာဂတ် ရိုဘော့တွေထဲ အသုံးပြုလျက် တကယ့်ကို 38 00:01:52,240 --> 00:01:54,936 အရေးကြီးတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ရင် မကောင်းပေဘူးလား။ 39 00:01:54,960 --> 00:01:57,776 ကျွန်တော်ဟာ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာ အချို့ကို ယူပြီး 40 00:01:57,776 --> 00:02:00,752 အကောင်များနဲ့ အပင်များထံမှ ရယူနိုင်ကြတဲ့ လုပ်နိုင်စွမ်းများနဲ့ 41 00:02:00,800 --> 00:02:03,016 နည်းပညာတွေကို အသုံးပြုကာ 42 00:02:03,016 --> 00:02:04,696 အဲဒီပြဿနာတွေကို ဖြေရှင်းနိုင်အောင် 43 00:02:04,696 --> 00:02:06,496 လုပ်ကိုင်နိုင်တာကို ပြပေးချင်ပါတယ်။ 44 00:02:06,520 --> 00:02:08,880 ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာ နှစ်ရပ်ကို လေ့လာကြပါစို့။ 45 00:02:09,160 --> 00:02:11,014 အဲဒီနှစ်ခုစလုံး လူသားရဲ့ လက်ချက်ပါ၊ 46 00:02:11,038 --> 00:02:13,496 လူသားက ပတ်ဝန်းကျင်နဲ့ တုံ့ပြန်ရင်း လုပ်ပစ်လိုက်တဲ့ 47 00:02:13,520 --> 00:02:15,896 စိတ်ပျက်စရာ အရာတွေပါ။ 48 00:02:15,920 --> 00:02:19,560 ပထမ တစ်ခုက လူဦးရေ တိုးလာမှုရဲ့ ဖိအားပေးမှုနဲ့ ဆက်စပ်နေတယ်။ 49 00:02:20,080 --> 00:02:22,496 တကမ္ဘာလုံး လူဦးရေ တိုးလာမှုရဲ့ ဖိအားပေးမှုကြောင့် 50 00:02:22,520 --> 00:02:26,656 လယ်ယာစိုက်ပျိုးရေး လုပ်ငန်းတွေဟာ သီးနှံတွေ တိုးတိုးပြီး ထုတ်လုပ်ရန် လိုတယ်။ 51 00:02:26,680 --> 00:02:27,896 အဲဒီလို တိုးထုတ်နိုင်ဖို့ 52 00:02:27,920 --> 00:02:31,056 လယ်သမားတွေဟာ စိုက်ခင်းတွေမှာ ဓာတုပစ္စည်းတွေကို တိုးတိုးသုံးကြတယ်။ 53 00:02:31,056 --> 00:02:33,806 သူတို့ဟာ ဓာတ်မြေဩဇာ၊ နိုင်ထရိတ်များ ပိုးသတ်ဆေးများ စသဖြင့် 54 00:02:33,806 --> 00:02:36,856 သီးနှံတိုးလာစေမယ့် အရာမျိုးစုံကို များစွာ သုံးနေကြရာ 55 00:02:36,880 --> 00:02:39,016 အနှုတ်လက္ခဏာ အကျိုးဆက်တွေ ရှိလာတယ်။ 56 00:02:39,040 --> 00:02:42,200 အဲဒီလို အနှုတ်လက္ခဏာ အကျိုးဆက် တစ်ခုက၊ စိုက်ခင်းထဲ ဓာတ်မြေဩဇာတွေ 57 00:02:42,200 --> 00:02:45,116 များစွာ သုံးရင် အားလုံးဟာ အပင်တွေထဲသို့ ဝင်မသွားခြင်းပါ။ 58 00:02:45,116 --> 00:02:47,536 တော်တော်များများက မြေထဲ ကျန်ရစ်ခဲ့တယ်၊ 59 00:02:47,560 --> 00:02:49,016 မိုးရွာတဲ့ အခါမှာ၊ အဲဒီလို 60 00:02:49,040 --> 00:02:51,536 ဓာတုပစ္စည်းတွေဟာ မြေအောက် ရေထုထဲ စိမ့်ဝင်သွားတယ်။ 61 00:02:51,560 --> 00:02:52,816 တဖန် အဲဒီ မြေထုရေဟာ 62 00:02:52,840 --> 00:02:56,336 ချောင်းတွေ၊ ရေကန်တွေ၊ မြစ်တွေထဲ ရောက်ရှိသွားလျက် 63 00:02:56,360 --> 00:02:57,560 ပင်လယ်ထဲကို ရောက်လာပါတယ်။ 64 00:02:57,740 --> 00:03:00,440 ဒီတော့ ခုနက ဓာတုပစ္စည်းတွေ အားလုံး၊ 65 00:03:00,440 --> 00:03:02,296 နိုင်ထရိတ်တွေ အားလုံးကို ပတ်ဝန်းကျင် 66 00:03:02,320 --> 00:03:06,096 ထဲသို့ ထည့်ကြမယ်ဆိုရင် အဲဒီမှာ နေကြတဲ့ အကောင်တွေကို သက်ရောက်မှု ရှိပါမယ်၊ 67 00:03:06,120 --> 00:03:07,736 ဥပမာ၊ ရေညှိဆိုပါစို့။ 68 00:03:07,760 --> 00:03:10,296 ရေညှိဟာ နိုင်ထရိတ်တွေကို၊ ဓာတုမြေဩဇာကိုကြိုက်တော့၊ 69 00:03:10,320 --> 00:03:12,416 အဲဒီ ဓာတုပစ္စည်းတွေ အားလုံးကို စုပ်ယူမှာပါ၊ 70 00:03:12,440 --> 00:03:15,376 အခြေအနေတွေ ကောင်းမယ်ဆိုရင် ၎င်းဟာ အကြီးအကျယ် ပွားလာမယ်။ 71 00:03:15,400 --> 00:03:17,656 ရေညှိအသစ်တွေ ထပ်ပြီးရင် ထပ်ပြီး ပွားများလာမှာပါ။ 72 00:03:17,680 --> 00:03:19,216 အဲဒါကို ပန်းပွင့်ခြင်း ခေါ်တယ်။ 73 00:03:19,240 --> 00:03:22,416 ပြဿနာက ရေညှိတွေ အဲဒီလို ပွားလာရင် ၎င်းတို့ဟာ 74 00:03:22,440 --> 00:03:24,680 ရေထဲက အောက်ဆီဂျင်ကို စားသုံးပစ်ကြတယ်။ 75 00:03:25,120 --> 00:03:26,376 အဲဒီနောက်မှာ ရေထဲက 76 00:03:26,400 --> 00:03:29,320 တခြားအကောင်တွေဟာ အသက်ရှင် မရနိုင်တော့ပါ။ 77 00:03:29,720 --> 00:03:31,736 ဒီတော့ ကျွန်တော်တို့ ဘာလုပ်ကြလဲ။ 78 00:03:31,760 --> 00:03:35,720 ရေညှိတွေကို စားပစ်လျက်၊ သုံးဆောင်လျက် ပတ်ဝန်းကျင်ကို လုံခြုံအောင် 79 00:03:35,720 --> 00:03:37,649 လုပ်ပေးမယ့် ရိုဘော့ကို ထုတ်လုပ်ကြပါတယ်။ 80 00:03:37,673 --> 00:03:39,379 ကဲ ဒါက အဲလောက်ကြီးတဲ့ ပြဿနာပါ။ 81 00:03:39,403 --> 00:03:41,236 ဟောဒီ ဆလိုက်မှာ မြင်နိုင်ပါတယ်။ 82 00:03:41,260 --> 00:03:44,244 Cornwall ကမ်းလွန်မှာ ရေညှိ ပန်းပွင့် ရှိပါတယ်။ 83 00:03:44,268 --> 00:03:45,435 ၁၉၉၉ မှာ 84 00:03:45,459 --> 00:03:47,525 ၎င်းဟာ အလျား ကီလိုမီတာ ၅၀ ရှိခဲ့တယ်။ 85 00:03:47,633 --> 00:03:48,895 ကြီးမားတဲ့ ပြဿနာပါ။ 86 00:03:48,919 --> 00:03:52,356 ဒါက ငါးလုပ်ငန်းတွေ၊ အခွံမာကောင်တွေ စတာတွေကို ထိခိုက်ပါလိမ့်မယ်။ 87 00:03:52,380 --> 00:03:53,740 အဲဒါက ပထမ ပြဿနာပါ။ 88 00:03:54,300 --> 00:03:56,796 ဒုတိယ ပြဿနာဟာလည်း လူသားရဲ့ လက်ချက် ဖြစ်ပြီး 89 00:03:56,820 --> 00:03:58,700 ပတ်ဝန်းကျင် ညစ်ညမ်းမှုနဲ့ ဆိုင်တယ်။ 90 00:03:59,140 --> 00:04:02,876 အားလုံးသိကြတဲ့ အတိုင်း၊ ဆီဟာ ကျွန်ုပ်တို့ သုံးကြတဲ့ အင်ဂျင်များ၊ 91 00:04:02,900 --> 00:04:04,236 လှေများမှ စီးထွက်လာတတ်တယ်။ 92 00:04:04,260 --> 00:04:07,506 ရေနံတင် သင်္ဘောတွေလည်း တိုင်ကီတွေကို ဆေးပြီး ပင်လယ်ထဲ သွန်းတတ်ကြတယ်။ 93 00:04:07,506 --> 00:04:09,596 အဲဒီလိုနည်းဖြင့် ရေနံဟာ ပင်လယ်ထဲ ရောက်လာတယ်။ 94 00:04:09,872 --> 00:04:12,467 ကပ်ဘေးတွေ ကြုံရတဲ့ အခါမျိုးလည်း ရှတတ်ပါတယ်- 95 00:04:12,491 --> 00:04:15,157 ရေနံပိုက်လိုင်း၊ ရေနံကွက်ဆိုင်ရာ ကပ်ဘေးကြီးတွေပါ။ 96 00:04:15,459 --> 00:04:19,736 ၂၀၁၀ ခုနှစ်တုန်းက Deepwater Horizon ရေနံယိုဖိတ်မှု ရှိတယ်။ 97 00:04:19,856 --> 00:04:23,705 ဂြိုဟ်တု ပုံတွေမှာ ဧရာမ ရေနံကွက်ကြီးကို မြင်နိုင်ကြပါတယ်။ 98 00:04:23,864 --> 00:04:27,379 အဲဒါတွေဟာ ပတ်ဝန်းကျင်ကို၊ ငှက်များကို၊ ငါးများ နဲ့ 99 00:04:27,403 --> 00:04:30,760 ကမ်းခြေဒေသမျာကို အကြီးအကျယ် ထိခိုက်မှု ရှိစေခဲ့ပါတယ်။ 100 00:04:31,370 --> 00:04:33,946 အဲဒါကို တနည်းနည်းနဲ့ တခုခုလုပ်လိုက်ပြီး ရေနံကွက်ကြီးတွေ 101 00:04:33,970 --> 00:04:38,690 ညစ်ညမ်းနေတာကို စာပစ်ကြမယ့် ရိုဘော့တွေကို သုံးနိုင်မယ် ဆိုရင်ကော။ 102 00:04:39,250 --> 00:04:40,866 ဒီတော့ကျွန်ုပ်တို့ လုပ်နေတာက 103 00:04:40,890 --> 00:04:43,490 ညစ်ညမ်းမှုကို စားပစ်ကြမယ့် ရိုဘော့တွေပါ။ 104 00:04:43,970 --> 00:04:45,306 အဲဒီ ရိုဘော့တွေကို လက်တွေ့ 105 00:04:45,330 --> 00:04:47,530 ထုတ်လုပ်ရန် အကောင်နှစ်ခုထံမှ အကြံဉာဏ် ယူခဲ့တယ်။ 106 00:04:47,990 --> 00:04:50,506 ညာဘက်မှာ ခင်ဗျားတို့ မြင်ရတာက ငါးမန်းကောင်ကြီးပါ။ 107 00:04:50,530 --> 00:04:53,066 ဧရာမ ငါးမန်းကောင်ပါ။ 108 00:04:53,090 --> 00:04:55,666 ၎င်းဟာ အသားစားကောင် မဟုတ်လို့ ၎င်းနဲ့အတူ ရေကူးနိုင်တယ်။ 109 00:04:55,690 --> 00:04:57,146 ဒီမှာ မြင်ရတဲ့ အတိုင်းပဲ။ 110 00:04:57,170 --> 00:04:59,026 အဲဒီငါးမန်းမျိုးဟာ ပါးစပ်ကို ဖွင့်လျက် 111 00:04:59,050 --> 00:05:01,890 ရေထဲကူးသွားရင်း ရေမျောတွေကို လိုက်စုစည်းတယ်။ 112 00:05:02,970 --> 00:05:05,186 အဲဒီလို လုပ်နေချိန်မှာ အစာကို ချေဖျက်လိုက်လို့ 113 00:05:05,210 --> 00:05:08,730 ရတဲ့စွမ်းအင်ကို ဆက်လှုပ်ရှားရန် အသုံးပြုပါတယ်။ 114 00:05:09,490 --> 00:05:11,346 ဒီတော့၊ ခုနက ငါးမန်းကောင်နဲ့ တူတဲ့ 115 00:05:11,370 --> 00:05:13,906 ရိုဘော့ကို ထုတ်လုပ်လိုက်ကာ ရေထဲ ကူးသွားစေလျက် 116 00:05:13,930 --> 00:05:15,750 ညစ်ညမ်းမှုကို စားခိုင်းနိုင်မလား။ 117 00:05:16,250 --> 00:05:17,986 လုပ်နိုင်မနိုင်ကို ကြည့်ကြရအောင်။ 118 00:05:18,010 --> 00:05:21,066 တချိန်တည်းမှာ ကျွန်ုပ်တို့ဟာ အခြား အကောင်များဆီမှပါ အကြံရသေးတယ်။ 119 00:05:21,090 --> 00:05:23,376 ဒီနေရာမှာ ရှိတဲ့ အကောင်ကို ကျွန်တော် ပြချင်တယ်။ 120 00:05:23,376 --> 00:05:25,146 ဒီငါးဟာ သိပ်ကို စိတ်ဝင်စားစရာကြီးပါ။ 121 00:05:25,146 --> 00:05:26,586 ၎င်းဟာ ရေထဲကူးရန် လှော်တက်နဲ့ 122 00:05:26,610 --> 00:05:29,090 တူတဲ့ ခြေတွေကို သုံးပြီး ရှေ့ကို တွန်းယူတယ်။ 123 00:05:29,450 --> 00:05:31,706 အဲဒီအကောင် နှစ်မျိုးကို ကျွန်တော်တို့ ယူပြီး 124 00:05:31,730 --> 00:05:34,730 ပေါင်းလိုက်ကာ ရိုဘော့ အသစ်တမျိုးကို ဖန်တီးလိုက်ကြတယ်။ 125 00:05:35,410 --> 00:05:38,586 ကျွန်တော်တို့က လှော်တတ်တဲ့ ငါးကို အတုယူပြီး လုပ်ခဲ့တဲ့ ရိုဘော့ဟာ 126 00:05:38,610 --> 00:05:41,370 ရေပေါ်မှာ ဝပ်နေလျက် နေတတ်တာမို့ 127 00:05:41,370 --> 00:05:42,666 ကျွန်တော်တို့ရဲ့ ရိုဘော့ကို 128 00:05:42,690 --> 00:05:44,906 "Row-bot" လို့ ခေါ်ပါတယ်။ 129 00:05:44,930 --> 00:05:48,786 ဒီတော့ Row-bot လှော်တတ်တဲ့ ရိုဘော့ စက်ရုပ်ပါ။ 130 00:05:48,810 --> 00:05:51,506 ကောင်းပြီ၊ အဲဒါ လက်တွေ့မှာ ဘယ်လိုများ ရှိလဲ။ 131 00:05:51,530 --> 00:05:53,266 Row-bot ရဲ့ ပုံအချို့ကို ပြထားပါတယ်။ 132 00:05:53,290 --> 00:05:54,576 ခင်ဗျားတို့ သတိထားမိကြမှာက 133 00:05:54,576 --> 00:05:57,590 ကျွန်တော်တို့ အစပိုင်းတွင် မြင်ခဲ့ကြရတဲ့ ရိုဘော့တွေနဲ့ မတူပါဘူး။ 134 00:05:57,590 --> 00:06:00,306 Google ဟာ မှားတယ်၊ ရိုဘော့တွေ အဲဒီလို ပုံစံမျိုး မဟုတ်ဘဲ 135 00:06:00,306 --> 00:06:01,476 ဒီလို ပုံစံမျိုးတွေပါ။ 136 00:06:01,476 --> 00:06:03,206 အဲဒီ Row-bot ကို ကျွန်တော် ယူလာတယ်။ 137 00:06:03,206 --> 00:06:04,506 ခင်ဗျားတို့အတွက် ပြပေးမယ်။ 138 00:06:04,530 --> 00:06:06,186 စကေးကို ခန့်မှန်းသိနိုင်ဖို့ပါ။ 139 00:06:06,210 --> 00:06:08,346 ပြီးတော့ ၎င်းဟာ အခြားဟာတွေနဲ့ မတူပါ။ 140 00:06:08,370 --> 00:06:09,986 အဲဒါကို ပလတ်စတစ်နဲ့ လုပ်ထားတယ်၊ 141 00:06:10,010 --> 00:06:12,066 ပါတဲ့ အပိုင်းတွေကို အခု ကြည့်ကြပါမယ်၊ 142 00:06:12,090 --> 00:06:13,406 Row-bot ထဲ ပါဝင်တာက- 143 00:06:13,430 --> 00:06:15,110 ၎င်းကို အထူးဖြစ်အောင် လုပ်ပေးတာက- 144 00:06:15,110 --> 00:06:18,666 Row-bot ထဲ ပါဝင်ကြတဲ့ အပိုင်း သုံးပိုင်းပါ၊ 145 00:06:18,690 --> 00:06:21,986 အဲဒီ သုံးပိုင်းဟာ သက်ရှိ အကောင်တိုင်း ထဲက အတိုင်းပါပဲ။ 146 00:06:22,010 --> 00:06:23,666 ၎င်းဆီမှာ ဦးနှောက်ရှိတယ်၊ 147 00:06:23,690 --> 00:06:25,066 ခန္ဓာကိုယ် ရှိတယ်၊ 148 00:06:25,090 --> 00:06:27,386 ပြီးတော့ အစာအိမ် ရှိတယ်။ 149 00:06:27,410 --> 00:06:29,770 စွမ်းအင်ကို ထုတ်လုပ်ရန် အစာအိမ် လိုအပ်တယ်။ 150 00:06:29,770 --> 00:06:32,066 Row-bot ဆီမှာ အဲဒီလို အပိုင်း သုံးပိုင်း ရှိတယ်၊ 151 00:06:32,090 --> 00:06:34,856 သက်ရှိ အကောင်တိုင်းမှာလည်း အဲဒီ အပိုင်း သုံးပိုင်း ရှိတယ်။ 152 00:06:34,856 --> 00:06:36,536 အဲဒါတွေကို တစ်ခုချင်းစီ လေ့လာကြမယ်။ 153 00:06:36,536 --> 00:06:37,876 ၎င်းဆီမှာ ခန္ဓာကိုယ် ရှိရာ၊ 154 00:06:37,876 --> 00:06:39,556 အဲဒါကို ပလတ်စတစ်နဲ့ ပြုလုပ်ထားတယ်၊ 155 00:06:39,556 --> 00:06:41,706 ၎င်းဟာ ရေပေါ်မှာ ဝပ်ထိုင်နေတတ်တယ်။ 156 00:06:41,730 --> 00:06:44,666 ပြီးတော့ ဘေးမှာ ရေယက်ပြားတွေ ရှိပြီး 157 00:06:44,690 --> 00:06:46,186 ရွေ့ရှားရန် သုံးတဲ့ လှော်တက်ပါ၊ 158 00:06:46,210 --> 00:06:48,010 ခုနက ပြခဲ့တဲ့ အကောင် အတိုင်းပါပဲ။ 159 00:06:48,090 --> 00:06:49,626 ၎င်းရဲ့ ကိုယ်ထည်ဟာ ပလတ်စတစ်ပါ၊ 160 00:06:49,650 --> 00:06:52,190 ဒါပေမဲ့ ရော်ဘာနဲ့ လုပ်ထားတဲ့ ပါးစပ် ဒီမှာ ရှိတယ်၊ 161 00:06:52,190 --> 00:06:54,435 ဒီမှာ နောက်ပါးစပ် ရှိတယ်- ပါးစပ် နှစ်ခု ရှိတယ်။ 162 00:06:54,459 --> 00:06:55,866 ပါးစပ် နှစ်ခုက ဘာ့အတွက်လဲ။ 163 00:06:55,890 --> 00:06:57,706 တစ်ခုက အစာကို အထဲကို ထည့်သွင်းရန်၊ 164 00:06:57,730 --> 00:06:59,966 နောက်တစ်ခုက အစာကို အပြင်ကို ထုတ်ပစ်ရန် အတွက်ပါ။ 165 00:06:59,966 --> 00:07:03,186 ဒီတော့ ၎င်းဆီမှာ ပါးစပ်တစ်ပေါက်နဲ့ စအိုပေါက် 166 00:07:03,210 --> 00:07:04,426 ဒါမှမဟုတ်-- 167 00:07:04,450 --> 00:07:05,466 (ရယ်မောသံများ) 168 00:07:05,490 --> 00:07:07,226 လိုအပ်တာတွေ အပြင်ကို ထွက်လာတဲ့ နေရာ၊ 169 00:07:07,250 --> 00:07:08,770 တကယ့် အကောင်တွေ အတိုင်းပါပဲ။ 170 00:07:08,770 --> 00:07:11,786 ဒီတော့ ကျွန်တော်တို့ မြင်ခဲ့ကြရတဲ့ ငါးမန်းကောင်ကြီးနဲ့ ဆင်လာပြီ။ 171 00:07:11,810 --> 00:07:13,186 ဒါက ခန္ဓာကိုယ်ပါ။ 172 00:07:13,210 --> 00:07:16,346 ဒုတိယ အကန့်က အစာအိမ် ဖြစ်နိုင်တယ်။ 173 00:07:16,370 --> 00:07:20,266 ကျွန်တော်တို့ဟာ ရိုဘော့အတွက် စွမ်းအင် လိုအပ်ပြီး ညစ်ညမ်းမှုကို ရှင်းပေးရမယ်၊ 174 00:07:20,290 --> 00:07:21,826 ညစ်ညမ်းမှုဟာ အထဲကို ဝင်သွားကာ 175 00:07:21,850 --> 00:07:23,346 အဲဒီမှာ တစ်ခုခု ဖြစ်လာမယ်။ 176 00:07:23,370 --> 00:07:26,946 အလယ်မှာ ပိုးမွှား လောင်စာ ဆဲလ် ဆိုတာ ရှိပါတယ်။ 177 00:07:26,970 --> 00:07:29,730 ကျွန်တော် ဒီမှာ ချထားလိုက်ပြီး ဆဲလ်ကို မတင်ပြပါမယ်။ 178 00:07:30,050 --> 00:07:32,146 ဒီမှာ။ ဒါကြောင့်မို့လို့ ဘက်ထရီများ အစား 179 00:07:32,170 --> 00:07:34,346 သမရိုးကျ စွမ်းအင်စနစ်ကို ထားရှိမယ့် အစား၊ 180 00:07:34,370 --> 00:07:35,626 ကျွန်တော် ဒါကို သုံးပါတယ်။ 181 00:07:35,650 --> 00:07:36,906 အဲဒါက ၎င်းရဲ့ အစာအိမ်ပါ။ 182 00:07:36,930 --> 00:07:38,186 အဲဒါဟာ တကယ့် အစာအိမ်ပါပဲ။ 183 00:07:38,210 --> 00:07:41,626 အဲဒီထဲကို ဒီဘက်ကနေပြီး ညစ်ညမ်းမှုဆိုတဲ့ လောင်စာကို ထည့်ပေးနိုင်တယ်၊ 184 00:07:41,650 --> 00:07:43,306 ၎င်းက လျှပ်စစ်ကို ထုတ်လုပ်ပေးမယ်။ 185 00:07:43,330 --> 00:07:44,546 ဒီတော့ ဒါဘာလဲ။ 186 00:07:44,570 --> 00:07:46,326 ပိုးမွှား လောင်စာ ဆဲလ် လို့ ခေါ်တယ်။ 187 00:07:46,326 --> 00:07:48,306 ဓာတုဗေဒ လောင်စာ ဆဲလ်နဲ့ နည်းနည်း ဆင်တူတယ်။ 188 00:07:48,306 --> 00:07:50,512 ခင်ဗျားတို့ ကျောင်းမှာ ဒါမှမဟုတ် သတင်းများထဲမှာ 189 00:07:50,512 --> 00:07:52,026 မြင်တွေ့ခဲ့ဘူးကြမှာပါ။ 190 00:07:52,050 --> 00:07:55,106 ဓာတုဗေဒ လောင်စာ ဆဲလ်တွေဟာ ဟိုက်ဒရိုဂျင် နဲ့ အောက်ဆီဂျင်ကို ယူပြီး 191 00:07:55,106 --> 00:07:57,306 ပေါင်းစပ်ပေးလိုက်ကာ လျှပ်စစ်ကို ထုတ်ပေးကြတယ်။ 192 00:07:57,306 --> 00:08:00,466 အားလုံးသိကြတဲ့ နည်းပညာ ဖြစ်ပြီး Apollo အာကာသယာဉ်ထဲ သုံးခဲ့ကြတယ်။ 193 00:08:00,490 --> 00:08:02,390 အဲဒါက လွန်ခဲ့တဲ့ နှစ် ၄၀၊ ၅၀ တုန်းကပါ။ 194 00:08:02,530 --> 00:08:03,786 ဒါကတော့ ပိုသစ်ပါတယ်။ 195 00:08:03,810 --> 00:08:05,266 ဒါက ပိုးမွှား လောင်စာ ဆဲလ်ပါ။ 196 00:08:05,290 --> 00:08:06,546 လုပ်ပုံ အခြေခံမူ တူတယ်။ 197 00:08:06,570 --> 00:08:07,986 တစ်ဘက်မှာ အောက်ဆီဂျင် ရှိတယ်၊ 198 00:08:08,010 --> 00:08:10,106 အခြားတစ်ဘက်တွင် ဟိုက်ဒရိုဂျင် ရှိရမယ့်အစား 199 00:08:10,130 --> 00:08:11,426 စွပ်ပြုတ် ရှိတယ်၊ 200 00:08:11,450 --> 00:08:14,266 တဖန် အဲဒီစွပ်ပြုတ်ထဲတွင် ကျတော့ သက်ရှိ ပိုးမွှားတွေပါ။ 201 00:08:14,290 --> 00:08:16,986 ခင်ဗျားတို့က ဇီဝပစ္စည်းကို ယူမယ်ဆိုရင်၊ 202 00:08:17,010 --> 00:08:19,080 စွန့်ပစ်ချင်တဲ့ စားကုန်၊ အစားအစာ၊ 203 00:08:19,080 --> 00:08:20,700 ခင်ဗျားရဲ့ အသားညှပ်ပေါင်မုန့်ကို၊ 204 00:08:20,700 --> 00:08:23,986 အဲဒီထဲကို ထည့်ပေးလိုက်ရင်၊ ပိုးမွှားတွေက အဲဒီအစာကို စားကြပြီး 205 00:08:23,986 --> 00:08:26,120 အဲဒါကို လျှပ်စစ်အဖြစ် ထုတ်လုပ်ပေးကြမယ်။ 206 00:08:26,490 --> 00:08:29,986 အဲဒါတင်မက၊ ကိုယ်က မှန်ကန်တဲ့ ပိုးမွှားတွေကို ရွေးနိုင်ရင် 207 00:08:30,010 --> 00:08:33,770 ပိုးမွှား လောင်စာ ဆဲလ်ကို ညစ်ညမ်းမှု အချို့ကို ရှင်းရန် သုံးနိုင်မယ်။ 208 00:08:33,980 --> 00:08:36,106 မှန်ကန်တဲ့ ပိုးမွှားတွေကို ရွေးခဲ့ရင် 209 00:08:36,130 --> 00:08:38,746 ပိုးမွှားတွေက ရေညှိကို စားကြလိမ့်မယ်။ 210 00:08:38,770 --> 00:08:41,106 ကိုယ်က အခြားမျိုးပိုးမွှားများကို သုံးရင်၊ 211 00:08:41,130 --> 00:08:44,650 ၎င်းတို့ဟာ ဓာတ်ဆီ၊ အရက်ပျံနဲ့ ရေနံစိမ်းကို စားကြမယ်။ 212 00:08:45,050 --> 00:08:47,746 ဒီတော့ ဒီအစာအိမ်ကို ညစ်ညမ်းမှုကို ရှင်းရန်အတွက်သာမက 213 00:08:47,770 --> 00:08:51,026 အသုံးပြုလို့ ရနိုင်ရုံသမာက 214 00:08:51,050 --> 00:08:53,850 ညစ်ညမ်းမှုမှ လျှပ်စစ် ထုတ်လုပ်ရန်လည်း သုံးနိုင်တယ်။ 215 00:08:54,490 --> 00:08:57,266 ဒီလိုနည်းဖြင့် ရိုဘော့ဟာ ပတ်ဝန်းကျင်ထဲ ရွေ့ရှားရင်း 216 00:08:57,290 --> 00:08:59,386 အစားအစာကို အစာအိမ်သို့ ပို့သွားမယ်၊ 217 00:08:59,410 --> 00:09:01,906 အစာကို ချေဖျက်လျက် လျှပ်စစ်ကို ထုတ်လုပ်မယ်၊ 218 00:09:01,930 --> 00:09:04,426 ပတ်ဝန်းကျင်ထဲ လှုပ်ရှားဖို့ လျှပ်စစ်ကို သုံးနိုင်ပြီး 219 00:09:04,450 --> 00:09:05,826 ဒါကို ထပ်တလဲလဲ လုပ်နိုင်တယ်။ 220 00:09:05,826 --> 00:09:09,050 ကောင်းပြီ၊ Row-bot ကို လွှတ်ပေးလိုက်လို့ ၎င်းက လှော်နေတဲ့ အခါမှာ 221 00:09:09,050 --> 00:09:10,626 ဖြစ်လာမှာကို စောင့်ကြည့်ကြရအောင်။ 222 00:09:10,650 --> 00:09:12,736 ကျွန်တော်တို့ ပြစရာ ဗီဒီယို တချို့ ရှိတယ်။ 223 00:09:12,736 --> 00:09:15,636 ခင်ဗျားတို့ ပထမဦးဆုံး မြင်ရမှာက၊ မြင်ရတယ်လို့ မျှော်လင့်ပါတယ် 224 00:09:15,636 --> 00:09:16,826 ပွင့်နေတဲ့ ပါးစပ်ပေါက်ပါ။ 225 00:09:16,826 --> 00:09:18,990 ရှေ့ပါးစပ်နဲ့ အောက်ပိုင်း ပါးစပ်ကို ဖွင့်ထား၊ 226 00:09:18,990 --> 00:09:20,906 ပြီးတော့ လုံလောက်စွာ ပွင့်လျက် ရှိနေမယ်၊ 227 00:09:20,930 --> 00:09:23,346 အဲဒီနောက် ရိုဘော့ဟာ ရှေ့ကို စပြီး လှုပ်ရှားတော့မယ်။ 228 00:09:23,346 --> 00:09:24,606 ၎င်းဟာ ရေကို ဖြတ်သွားလျက် 229 00:09:24,606 --> 00:09:27,346 အစာဟာ အထဲကို ဝင်သွားမှာ ဖြစ်ပြီး စွန့်ပစ်မယ်ဟာက ထွက်လာမယ်။ 230 00:09:27,370 --> 00:09:29,226 လုံလောက်စွာ လှုပ်ရှားပြီးတဲ့ နောက်မှာ၊ 231 00:09:29,226 --> 00:09:31,586 ၎င်းဟာ ရပ်လိုက်ကာ ပါးစပ်ကို ပိတ်လိုက်မယ်၊ 232 00:09:31,610 --> 00:09:34,026 တဖြည်းဖြည်းနဲ့ ပါးစပ်ကို ပိတ်မယ်၊ 233 00:09:34,050 --> 00:09:35,826 ပြီးတော့ ၎င်းဟာ အဲဒီမှာ ထိုင်နေမယ်၊ 234 00:09:35,826 --> 00:09:37,370 ရှိနေတဲ့ အစားအစာကို ချေဖျက်မယ်။ 235 00:09:37,690 --> 00:09:40,380 အဲဒီ ပိုးမွှား လောင်စာ ဆဲလ်တွေထဲမှာ 236 00:09:40,380 --> 00:09:42,066 ပိုးမွှားတွေ ရှိကြတာ အမှန်ပါပဲ။ 237 00:09:42,090 --> 00:09:44,456 ကျွန်တော်တို့ တကယ်လိုချင်တာက စွမ်းအင် အများကြီးကို 238 00:09:44,456 --> 00:09:46,906 ပိုးမွှားများထံမှ အတတ်နိုင်ဆုံး အမြန်ဆုံး ရချင်တယ်။ 239 00:09:46,906 --> 00:09:49,196 ဒါပေမဲ့ ပိုးမွှာတွေ စက္ကန့်တိုင်းမှာ ထုတ်ပေးတဲ့ 240 00:09:49,196 --> 00:09:52,226 လျှပ်စစ်ဟာ နည်းတယ်၊ တိုးထုတ်ဖို့ ပိုးမွှားတွေကို မခိုင်နိုင်ပါ။ 241 00:09:52,226 --> 00:09:55,126 သူတို့ ထုတ်ပေးနိုင်တာက မီလီဝပ် ဒါမှမဟုတ် မိုက်ခရိုဝပ်မျှပါ။ 242 00:09:55,126 --> 00:09:56,220 ဒါကို ရှင်းပြပါရစေ။ 243 00:09:56,220 --> 00:09:58,146 ခင်ဗျားတို့ရဲ့ မိုဘိုင်းဖုန်း ဆိုပါစို့၊ 244 00:09:58,146 --> 00:09:59,346 ခေတ်အမှီဆုံး တစ်ခုဆိုရင်၊ 245 00:09:59,370 --> 00:10:01,586 ခင်ဗျားတို့ သုံးရင် တစ်ဝပ်ခန့် လိုတယ်။ 246 00:10:01,610 --> 00:10:05,426 ဒီတော့ ဖုန်း သုံးတာက ခုနက ပိုးမွှားလောင်စာဆဲလ်နဲ့ ယှဉ်ပြောရရင် 247 00:10:05,450 --> 00:10:07,410 အကြိမ် တစ်ထောင်၊ တသန်း အထိကို များပါတယ်။ 248 00:10:08,090 --> 00:10:09,666 ဒီပြဿနာကို ဘယ်လို ကိုင်တွယ်မလဲ။ 249 00:10:09,690 --> 00:10:12,546 ကောင်းပြီ၊ Row-bot က အစာကို ချေပြီးသွားတဲ့ အခါမှာ 250 00:10:12,570 --> 00:10:14,116 အစားအစာကို အထဲကို ယူထည့်လိုက်ကာ 251 00:10:14,116 --> 00:10:17,586 ထိုင်နေလျက် အစာအားလုံးကို သုံးဆောင်ပြီးတဲ့အထိ စောင့်နေမယ်။ 252 00:10:17,610 --> 00:10:20,826 အဲဒါ နာရီအနည်းငယ်၊ ရက်အနည်းငယ် အထိ ကြာနိုင်တယ်။ 253 00:10:20,850 --> 00:10:24,160 Row-bot ရဲ့ ပုံမှန် စက်ဝန်းက ဒီလို ရှိတတ်တယ်- 254 00:10:24,160 --> 00:10:25,826 ၎င်းဟာ ပါးစပ်ကို ဖွင့်လိုက်တယ်၊ 255 00:10:25,850 --> 00:10:27,106 ရှေ့ကို ရွေ့တယ်၊ 256 00:10:27,130 --> 00:10:28,386 ၎င်းဟာ ပါးစပ်ကို ပိတ်တယ်၊ 257 00:10:28,410 --> 00:10:30,070 ပြီးရင် ၎င်းဟာ ခဏကြာ ထိုင်နေမယ်။ 258 00:10:30,070 --> 00:10:31,666 အစားအစာတွေကို ချေဖျက်ပြီးတာနဲ့ 259 00:10:31,690 --> 00:10:34,586 ထို့နောက် ရှေ့ဆက် လှုပ်ရှားလျက် အဲဒါကို ထပ်ပြီး လုပ်နိုင်တယ်။ 260 00:10:34,586 --> 00:10:37,506 ဒါပေမဲ့၊ ဒါဟာ တကယ့် သက်ရှိအကောင်နဲ့ တူတယ် မဟုတ်လား။ 261 00:10:37,530 --> 00:10:39,556 အဲဒါ ကျွန်ုပ်တို့ လုပ်ကိုင်ပုံ အတိုင်းပဲ။ 262 00:10:39,556 --> 00:10:41,996 စနေညနေတွင် ကျွန်ုပ်တို့ ကိုယ့်ပါးစပ်ကို ဖွင့်ကြတယ်၊ 263 00:10:41,996 --> 00:10:43,546 ကိုယ့်အစာအိမ်တွေကို ဖြည့်ကြတယ်၊ 264 00:10:43,546 --> 00:10:45,986 တီဗီရှေ့မှာ ထိုင်ရင်း အစာကို ချေကြတယ်။ 265 00:10:46,010 --> 00:10:48,626 အတော်လေး ချေပြီးတဲ့ နောက်မှာ အဲဒီအတိုင်း ထပ်လုပ်ကြတယ်။ 266 00:10:48,626 --> 00:10:51,266 အဲဒီလို လုပ်ပြီးတဲ့ နောက်မှာ 267 00:10:51,290 --> 00:10:54,826 ခုနက စက်ဝန်းအဆုံးမှာ ကိုယ့်ဆီမှာ စွမ်းအင် ကျန်နေသေးရင် 268 00:10:54,850 --> 00:10:56,986 ကျွန်ုပ်တို့ နောက်တစ်ခုခုကို လုပ်ရဦးမှာပါ။ 269 00:10:57,010 --> 00:10:59,026 ကျွန်ုပ်တို့ဟာ စာတိုကို ပို့နိုင်တယ်၊ ဥပမာ၊ 270 00:10:59,050 --> 00:11:00,936 အခုလို ပါတဲ့ စာတိုကို ပို့နိုင်ကြပါတယ်၊ 271 00:11:00,936 --> 00:11:03,526 "ခုနလေးတင် ကျွန်တော် စားပစ်တဲ့ ညစ်ညမ်းမှုက ဒီလောက်ကြီး" 272 00:11:03,526 --> 00:11:05,506 ဒါမှမဟုတ် "ငါရဲ့ ပြဿာက ဒီလိုပါ။" 273 00:11:05,530 --> 00:11:07,210 ဒါမှမဟုတ် "ငါရှိနေတာ ဒီနေရာမှာ။" 274 00:11:07,890 --> 00:11:11,146 "ငါရှိနေတာ ဒီနေရာမှာ။"ဆိုတဲ့ စာတိုကို ပို့နိုင်တဲ့ 275 00:11:11,170 --> 00:11:13,100 လုပ်နိုင်စွမ်းဟာ သိပ်သိပ်ကို အရေးကြီးတယ် 276 00:11:13,100 --> 00:11:15,946 အစောပိုင်းတွင် ကျွန်ုပ်တို့ မြင်ခဲ့ရတဲ့ ရေနံယိုဖိတ်မှုတွေကို 277 00:11:15,946 --> 00:11:18,076 ဒါမှမဟုတ် ပွင့်လာကြတဲ့ ရေညှိတွေကို စဉ်းစားရင် 278 00:11:18,076 --> 00:11:20,216 တကယ်လုပ်နိုင်တာက Row-bot ကို ချထားပေးရန်ပါပဲ၊ 279 00:11:20,216 --> 00:11:22,186 ၎င်းဟာ ညစ်ညမ်းမှုအားလုံးကို စားပစ်မှာပါ။ 280 00:11:22,186 --> 00:11:24,026 ပြီးရင် အဲဒါကို လိုက် ကောက်ရုံပါပဲ။ 281 00:11:24,050 --> 00:11:25,266 ဘာဖြစ်လို့လဲ။ 282 00:11:25,290 --> 00:11:27,070 လောလောဆယ်မှာ ဒီ Row-bot တွေဟာ 283 00:11:27,070 --> 00:11:28,466 ဒီမှာ ရှိနေတဲ့ Row-bot ထဲတွင် 284 00:11:28,490 --> 00:11:30,346 မော်တာတွေ၊ ဝိုင်ယာကြိုးတွေ ပါရှိပါတယ်၊ 285 00:11:30,370 --> 00:11:33,826 ဇီဝသဘောအရ ဆွေးမြေ့မှာ မဟုတ်တဲ့ အစိတ်အပိုင်းတွေ ပါတယ်။ 286 00:11:33,850 --> 00:11:36,586 လက်ရှိ Row-bot တွေထဲတွင် အဆိပ်အတောက် ဘက်ထရီ ရှိပါတယ်။ 287 00:11:36,610 --> 00:11:38,626 အဲဒါတွေကို ပတ်ဝန်းကျင်ထဲ ထားမရနိုင်ပါဘူး။ 288 00:11:38,626 --> 00:11:40,782 ဒါကြောင့် ၎င်းတို့ကို စောင့်ကြည့်ရန် လိုတယ်၊ 289 00:11:40,782 --> 00:11:42,546 ၎င်းတို့ရဲ့ အလုပ်ကို လုပ်ပြီးသွားရင် 290 00:11:42,546 --> 00:11:43,986 ၎င်းတို့ကို ကောက်ယူရန် လိုတယ်။ 291 00:11:43,986 --> 00:11:46,386 အဲဒါကြောင့် Row-bot သုံးရာတွင် ကန့်သတ်ချက် ရှိတယ်။ 292 00:11:46,386 --> 00:11:47,526 နောက်းတစ်ဖက်မှ ကျတော့၊ 293 00:11:47,526 --> 00:11:50,546 ကိုယ့်ရိုဘော့က သက်ရှိ အကောင်နဲ့ နည်းနည်းလေး တူပါက၊ 294 00:11:50,570 --> 00:11:52,666 အဲဒါက သက်တမ်း ကုန်ဆုံးသွားရင်၊ 295 00:11:52,690 --> 00:11:55,146 ၎င်းဟာ သေသွားလျက် ကျေပျက်သွားမှာပါ။ 296 00:11:55,170 --> 00:11:57,506 အဲဒါကြောင့်မို့လို့ ဒီရိုဘော့တွေဟာ 297 00:11:57,530 --> 00:11:59,769 ဒီလို ပလတ်စတစ်နဲ့ လုပ်မယ့်အစား 298 00:11:59,793 --> 00:12:01,400 ကျွန်ုပ်တို့ စွန့်ပစ်ကြတဲ့ အခါမှာ 299 00:12:01,400 --> 00:12:03,776 ကျေပျက်လွယ်တဲ့ ပစ္စည်းများဖြင့် လုပ်ထားမယ် ဆိုရင် 300 00:12:03,776 --> 00:12:05,830 ဘာမှမကျန် ဇီဝပျက်စီးသွားရင် မကောင်းပေဘူးလား။ 301 00:12:05,830 --> 00:12:08,066 ဒီလိုဆို ရိုဘော့တွေ သုံးပုံ ပြောင်းလဲသွားမယ်။ 302 00:12:08,066 --> 00:12:10,166 ပတ်ဝန်းကျင် ထဲတွင် ၁၀ ဒါမှမဟုတ် ၁၀၀ ချထားမယ်၊ 303 00:12:10,166 --> 00:12:11,566 ၎င်းတို့ကို စောင့်ကြည့်ရမယ်၊ 304 00:12:11,566 --> 00:12:12,666 ၎င်းတို့ သေတဲ့အခါမှာ 305 00:12:12,690 --> 00:12:13,906 လိုက်ပြီး စုစည်းရမယ့်အစား 306 00:12:13,930 --> 00:12:15,626 ကျွန်ုပ်တို့ဟာ ထောင်ချီ၊ သန်းချီ 307 00:12:15,650 --> 00:12:18,200 ဘီလီယံချီ ရိုဘော့တွေကို ပတ်ဝန်းကျင်ထဲ ချထားနိုင်ကြမယ်။ 308 00:12:18,200 --> 00:12:20,226 ၎င်းတို့ကို ဝန်းကျင်ထဲမှာ ဖြန့်ထားနိုင်မယ်။ 309 00:12:20,250 --> 00:12:23,870 ၎င်းတို့ရဲ့ သက်တမ်း ဆုံးတဲ့အခါ ဘာမှမကျန်ဘဲ ပျက်ပြုန်းသွားကြမှာပါ။ 310 00:12:23,894 --> 00:12:26,226 ၎င်းတို့ အကြောင်း ကျွန်ုပ် စဉ်းစားရန် မလိုတော့ပါ။ 311 00:12:26,226 --> 00:12:29,046 ဒီတော့ ရိုဘော့အကြောင်း ကျွန်ုပ်တို့ စဉ်းစားပုံ၊ အသုံးချပုံ 312 00:12:29,046 --> 00:12:29,796 ပြောင်းသွားမယ်။ 313 00:12:29,796 --> 00:12:32,206 အခုမေးစရာက - ကျွန်ုပ်တို့ အဲဒီလို လုပ်နိုင်ကြလား။ 314 00:12:32,206 --> 00:12:34,066 လုပ်ရနိုင်တာကို ကျွန်ုပ်တို့ ပြခဲ့ပြီ။ 315 00:12:34,066 --> 00:12:36,086 ဇီဝဆွေးလွယ်တဲ့ ရိုဘော့တွေ လုပ်နိုင်ပါတယ်။ 316 00:12:36,086 --> 00:12:38,766 အဲဒီလို ဇီဝဆွေးလွယ် ရိုဘော့များကို အိမ်သုံးပစ္စည်းများနဲ့ 317 00:12:38,766 --> 00:12:40,706 လုပ်နိုင်ခြင်းဟာ စိတ်ဝင်စားစရာ ကောင်းတယ် 318 00:12:40,706 --> 00:12:43,526 ကျွန်တော် တချို့ကိုပြပါမယ်၊ ခင်ဗျားတို့ အံ့သြသွားကြမှာပါ။ 319 00:12:43,750 --> 00:12:46,646 ရိုဘော့ကို ဂျယ်လီနဲ့ လုပ်နိုင်တယ်။ 320 00:12:46,670 --> 00:12:49,270 လောလောဆယ်မှာ သုံးထားတဲ့ မော်တာအစား 321 00:12:49,270 --> 00:12:51,926 ကျွန်ုပ်တို့ဟာ ကြွက်သား အတုဆိုတာတွေကို ပြုလုပ်နိုင်တယ်။ 322 00:12:51,950 --> 00:12:53,960 ကြွက်သားအတုများဟာ စမတ်ကျတဲ့ အရာပါ၊ 323 00:12:53,960 --> 00:12:55,726 ၎င်းတို့ဆီ လျှပ်စစ် သွယ်ပေးလိုက်ရင်၊ 324 00:12:55,750 --> 00:12:57,926 ၎င်းတို့ဟာ ကျုံ့မယ်၊ ကွေးမယ်၊ တွန့်လိမ်ကြမယ်။ 325 00:12:57,950 --> 00:13:00,166 ၎င်းတို့ဟာ တကယ့် ကြွက်သားနဲ့ တူပါတယ်။ 326 00:13:00,190 --> 00:13:03,190 ဒီတော့ မော်တာအစား ဒီလို ကြွက်သားအတုတွေ သုံးကြမယ်။ 327 00:13:03,214 --> 00:13:06,046 အဲဒီလို ကြွက်သားအတုကို ဂျယ်လီနဲ့ လုပ်နိုင်တယ်။ 328 00:13:06,070 --> 00:13:08,006 ဂျယ်လီနည်းနည်း ဆားနည်းနည်း ယူလိုက်ပြီး 329 00:13:08,030 --> 00:13:09,550 နည်းနည်းလေး မွမ်းမံပေးလိုက်ရင်၊ 330 00:13:09,550 --> 00:13:11,503 ကျွန်ုပ်တို့ဟာ ကြွက်သားအတု လုပ်နိုင်ပြီ။ 331 00:13:11,503 --> 00:13:14,066 သဘာဝရဘာနဲ့လည်း အလားတူ လုပ်ရနိုင်တယ်။ 332 00:13:14,741 --> 00:13:17,352 လေပူပေါင်းဖြင့်လည်း ရိုဘော့ကို လုပ်နိုင်တယ်။ 333 00:13:17,376 --> 00:13:19,773 ရာဘာလက်အိတ်နဲ့လည်း ရိုဘော့ လုပ်နိုင်တယ်။ 334 00:13:19,797 --> 00:13:21,995 စက္ကူနဲ့တောင် ရိုဘော့ကို လုပ်နိုင်တယ်။ 335 00:13:22,019 --> 00:13:25,114 အရာတွေကို လျှပ်စစ်ဖြင့် လှုပ်ရှားစေနိုင်တဲ့ 336 00:13:25,138 --> 00:13:27,266 စက်တွေကိုလည်း စက္ကူနဲ့ လုပ်နိုင်တယ်။ 337 00:13:27,290 --> 00:13:30,866 ပိုးမွှား လောင်စာ ဆဲလ်ဖြင့် အစာအိမ် ပြုလုပ်ပုံကိုး ကျွန်ုပ်တို့ ပြခဲ့ပြီ၊ 338 00:13:30,890 --> 00:13:32,306 စက္ကူနဲ့ လုပ်နိုင်တယ်။ 339 00:13:32,330 --> 00:13:36,290 ဒီတော့ ကျွန်ုပ်တို့ဟာ ရိုဘော့ တစ်ခုလုံးကို ဇီဝဆွေးလွယ် ပစ္စည်းများနဲ့ လုပ်နိုင်တယ်။ 340 00:13:36,290 --> 00:13:39,010 လိုတဲ့နေရာမှာ ချထားလိုက်ရင် ဘာမှ မကျန်ဘဲ ဆွေးသွားမှာပါ။ 341 00:13:39,730 --> 00:13:41,760 အဲဒါဟာ တကယ့်ကို စိတ်လှုပ်ရှားစရာကြီးပါ။ 342 00:13:41,760 --> 00:13:45,321 အဲဒါက ကျွန်ုပ်တို့ရဲ့ ရိုဘော့ အကြောင်း အတွေးအခေါ်ကို လုံးဝ ပြောင်းပစ်ပါမယ်။ 343 00:13:45,345 --> 00:13:48,186 တချိန်တည်းမှာ ကျွန်ုပ်တို့အား ဖန်တီးခွင့်တွေ ပေးပါလိမ့်မယ်။ 344 00:13:48,186 --> 00:13:51,806 ကိုယ်တွေးခေါ်ပုံ၊ ရိုဘော့နဲ့ လုပ်လို့ ရနိုင်တာတွေ စဉ်းစားပုံ ပြောင်းသွားမယ်။ 345 00:13:51,806 --> 00:13:53,136 ကျွန်တော် ဥပမာတစ်ခုပြမယ်။ 346 00:13:53,136 --> 00:13:55,026 ရိုဘော့ လုပ်ရန် ဂျယ်လီကို သုံးနိုင်ရင်၊ 347 00:13:55,026 --> 00:13:56,746 ဂျယ်လီကို ကျွန်ုပ်တို့ စားကြတယ်နော်။ 348 00:13:56,770 --> 00:13:59,266 ဒါမျိုး တစ်ခုခု လုပ်လို့ မရနိုင်ဘူးလား။ 349 00:13:59,290 --> 00:14:01,210 စေးကပ် ဝက်ဝံပုံ ရိုဘော့ ဆိုပါစို့။ 350 00:14:01,770 --> 00:14:04,546 ကြိုပြီး ပြင်လာခဲ့တာ တချို့ ယူလာတယ်။ 351 00:14:04,570 --> 00:14:06,170 ဟောဒီမှာ၊ အထုပ်တစ်ထုပ်။- 352 00:14:07,210 --> 00:14:09,090 သံပုရာ အနံ့နဲ့ဟာ ရှိတယ်။ 353 00:14:10,250 --> 00:14:12,790 အဲဒီ စေးကပ် ဝက်ဝံကို ယူမယ်၊ ရိုဘော့ မဟုတ်ဘူးနော်။ 354 00:14:12,790 --> 00:14:14,226 ဒါပေမဲ့ ဟန်လုပ်နေလိုက်မယ်။ 355 00:14:14,250 --> 00:14:17,266 အဲဒါ တစ်ခုကို ကိုယ့်ပါးစပ်ထဲ ထည့်လိုက်မယ်ဆိုရင်- 356 00:14:17,290 --> 00:14:18,530 သံပုရာ အရသာ ကောင်းတယ်ဗျ။ 357 00:14:19,160 --> 00:14:22,275 ရိုဘော့ ဆိုတော့ သိပ်ဝါးမပစ်ပါနဲ့၊ အဲဒါကို ကြိုက်ချင်မှ ကြိုက်မှာ။ 358 00:14:23,170 --> 00:14:25,390 ပြီးတော့ မျိုချလိုက်မယ်။ 359 00:14:25,390 --> 00:14:27,426 အဲဒါနဲ့ ၎င်းဟာ သင့်အစာအိမ်ထဲ ဝင်သွားမယ်။ 360 00:14:27,450 --> 00:14:31,266 အစာအိမ်ထဲ ရှိနေစဉ် ၎င်းဟာ လှုပ်ရှားမယ်၊ စဉ်းစားမယ်၊ တွန့်လိမ် ကွေးမယ်၊ 361 00:14:31,290 --> 00:14:32,506 တစ်ခုခု လုပ်နေမှာပါ။ 362 00:14:32,530 --> 00:14:34,706 ၎င်းဟာ ရှေ့ဆက်ပြီး သင့် အူမဆီ သွားမယ်၊ 363 00:14:34,730 --> 00:14:37,066 အစာအိမ်နာ ဒါမှမ ဟုတ် ကင်ဆာ ရှိမရှိ စူးစမ်းမယ်၊ 364 00:14:37,090 --> 00:14:39,186 လိုရင် ဆေးထိုးပေးမယ် စသဖြင့် ပေါ့လေ။ 365 00:14:39,210 --> 00:14:42,066 ၎င်းဟာ သူ့အလုပ်ကို လုပ်ကိုင်လို့ ပြီးသွားရင် 366 00:14:42,090 --> 00:14:44,306 ၎င်းကို သင့် အစာအိမ်ကို စားသုံးပစ်နိုင်တယ်၊ 367 00:14:44,330 --> 00:14:46,020 ဒါမှမဟုတ် သင်က အဲဒီလို အစားချင်ရင်၊ 368 00:14:46,020 --> 00:14:48,096 ၎င်းဟာ သင့်ခန္ဓာကိုယ်အတိုင်း ဖြတ်သွားပြီး 369 00:14:48,096 --> 00:14:49,446 အိမ်သာသို့ ဆင်းထွက်သွားမယ် 370 00:14:49,446 --> 00:14:51,856 ပြီးတော့ ပတ်ဝန်းကျင်အတွက် အန္တရာယ်မရှိ ဆွေးသွားမယ်။ 371 00:14:51,856 --> 00:14:55,390 ဒီလိုနည်းဖြင့် ရိုဘော့တွေ အကြောင်း ကျွန်ုပ်တို့ တွေးခေါ်ပုံ ပြောင်းသွားမယ်။ 372 00:14:55,390 --> 00:14:59,450 ကျွန်ုပ်တို့ ညစ်ညမ်းမှုကို စားပစ်မယ့် ရိုဘော့ အကြောင်းနဲ့ စတင်ခဲ့ကြကား 373 00:14:59,450 --> 00:15:02,346 ကျွန်ုပ်တို့ စားနိုင်မယ့် ရိုဘော့တွေဖြင့် အဆုံးသတ်လိုက်ကြတယ်။ 374 00:15:02,370 --> 00:15:04,786 ခင်ဗျားတို့ဆီမှာ အနာဂတ် ရိုဘော့တွေနဲ့ လုပ်လို့ရမယ့် 375 00:15:04,786 --> 00:15:07,670 အရာအချို့တို့ရဲ့ စိတ်ကူးတွေ ပေါ်လာကြမယ်လို့ မျှော်လင့်ပါတယ်။ 376 00:15:07,750 --> 00:15:10,106 အခုလို အာရုံပြု နားထောင်ကြတာ ကျေးဇူးတင်ပါတယ်။ 377 00:15:10,130 --> 00:15:13,613 (လက်ခုပ်သံများ)