0:00:01.000,0:00:03.000 တကယ်လို့ ရှင့်ဘဝဟာ စာအုပ်တစ်အုပ် 0:00:03.000,0:00:07.000 ပြီးတော့ ရှင်ကိုယ်တိုင်က[br]စာရေးဆရာသာ ဖြစ်မယ်ဆိုရင် 0:00:07.000,0:00:10.000 ရှင့်ဇာတ်လမ်းကို ဘယ်လိုဖြစ်စေချင်ပါသလဲ 0:00:10.573,0:00:15.002 ဒီမေးခွန်းက ကျွန်မဘဝတစ်ခုလုံးကို[br]ထာဝရပြောင်းလဲစေခဲ့တာပေါ့ 0:00:15.002,0:00:18.000 ပူပြင်းတဲ့Last Vegas ရဲ့ကန္တာရထဲမှာ[br]ကြီးပြင်းလာခဲ့တဲ့ 0:00:18.000,0:00:20.992 ကျွန်မအတွက်လိုချင်တာကတော့ လွတ်လပ်ခြင်းပါ 0:00:21.000,0:00:25.000 ကမ္ဘာပတ်ပြီးခရီးထွက်တာ၊ နှင်းတွေကျတဲ့ 0:00:25.000,0:00:28.000 နေရာတစ်ခုမှာ နေတာတွေကို 0:00:28.000,0:00:31.000 စိတ်ကူးယဉ်ယဉ်နေခဲ့ပြီး[br]ကြုံရမယ့်ဇာတ်လမ်းစုံကို 0:00:31.000,0:00:34.000 ပြဖို့ မြင်ယောင်နေမိခဲ့တာပေါ့ 0:00:34.000,0:00:36.000 ကျွန်မအသက် (၁၉) နှစ်အရွယ် 0:00:36.000,0:00:39.000 အထက်တန်းကျောင်းပြီးတဲ့ နောက်တစ်နေ့မှာပဲ 0:00:39.000,0:00:42.000 နှင်းတွေကျတဲ့နေရာတစ်ခုကို ပြောင်းသွားပြီး 0:00:42.000,0:00:44.000 အနှိပ်ကုထုံးပညာရှင် ဖြစ်လာခဲ့ပါတယ် 0:00:44.000,0:00:47.000 ဒီအလုပ်အတွက် လိုအပ်တာဆိုလို့ ကျွန်မလက်အစုံရယ်၊ 0:00:47.000,0:00:50.000 ကျွန်မဘေးမှာရှိတဲ့ နှိပ်နယ်တဲ့စားပွဲပါပဲ 0:00:50.000,0:00:53.240 ပြီးတော့ သွားချင်တဲ့နေရာ သွားလို့ရပါတယ်။ 0:00:53.245,0:00:56.000 ကျွန်မဘဝမှာ ပထမဆုံးအကြိမ်အဖြစ် 0:00:56.000,0:00:59.530 လွတ်လပ်မှု၊ အမှီအခိုကင်းမှု၊ 0:00:59.530,0:01:04.574 ကိုယ့်ဘဝကိုယ် လုံးဝပိုင်တယ်လို့ ခံစားရတယ် 0:01:04.574,0:01:10.010 ဒါက ကျွန်မဘဝတစ်ဆစ်ချိုးမတိုင်မီကပါ။ 0:01:10.010,0:01:12.000 တစ်နေ့မှာ အလုပ်ကနေ အိမ်ကိုစောစောပြန်ခဲ့ပါတယ် 0:01:12.000,0:01:14.820 ကျွန်မအထင် တုပ်ကွေးမိတာပေါ့ 0:01:14.820,0:01:17.988 နောက် (၂၄) နာရီမပြည့်ခင်မှာ 0:01:18.000,0:01:19.420 ကျွန်မဆေးရုံရောက်နေပါပြီ 0:01:19.420,0:01:22.000 ၂ ရာခိုင်နှုန်းတောင် မရှိတဲ့[br]အသက်ရှင်ဖို့အခွင့်လမ်းနဲ့ 0:01:22.000,0:01:25.010 အသက်ကယ်စက်ပေါ်မှာ မှီခိုနေရပါတယ် 0:01:25.010,0:01:27.520 ကျွန်မ ကိုမာရောဂါနဲ့ မေ့မြောသွားပြီး 0:01:27.520,0:01:30.000 ရက်အတော်ကြာမှာသာ ဆရာဝန်တွေက 0:01:30.000,0:01:32.000 ကျွန်မမှာ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ 0:01:32.000,0:01:35.000 ဦးနှောက်အမြှေးရောင်ရောဂါ[br]ဖြစ်မှန်း စမ်းသပ်မိတာပါ 0:01:35.000,0:01:39.560 ကာကွယ်ဆေးနဲ့ ကြိုတင်တားလို့ရတဲ့ [br]သွေးကကူးစက်တဲ့ရောဂါပါ 0:01:39.563,0:01:41.978 ၂လခွဲကြာကာလမှာ 0:01:41.978,0:01:45.670 သရက်ရွက်၊ ကျောက်ကပ်၊ 0:01:45.670,0:01:48.000 ညာဘက်အကြားအာရုံနဲ့ ဒူးအောက်က 0:01:48.000,0:01:53.000 ခြေနှစ်ချောင်းလုံး ဆုံရှုံးခဲ့ရပါတယ် 0:01:53.000,0:01:55.824 မိဘတွေက ကျွန်မကိုဆေးရုံက လှည်းနဲ့တွန်းထုတ်လာတော့ 0:01:55.824,0:01:58.682 စပ်ချုပ်ထားတဲ့အရုပ်လို အပိုင်းပိုင်း 0:01:58.682,0:02:02.008 ပြန်အဆက်ခံထားရသလို ခံစားမိလိုက်ပါတယ် 0:02:02.008,0:02:04.000 အဆိုးဆုံးက ပြီးသွားပြီလို့ ထင်မိနေတုန်းမှာပဲ 0:02:04.607,0:02:07.000 သီတင်းပတ်တွေကြာပြီး ခြေထောက်သစ်တွေကို 0:02:07.000,0:02:09.000 ပထမဆုံးမြင်လိုက်ပါတော့တယ် 0:02:09.000,0:02:13.790 ခြေသလုံးကြွက်သားတွေက ခြေကျင်းဝတ်တွေအတွက် 0:02:13.792,0:02:17.530 မူလီစုပ်ထားတဲ့ပိုက်တွေပါတဲ့ သတ္တုတုံးကြီးတွေ 0:02:17.530,0:02:20.011 အဝါရောင် ရာဘာခြေထောက်၊ 0:02:20.011,0:02:23.971 ခြေချောင်းကနေ ခြေကျင်းဝတ်ထိ ပင့်ထားတဲ့ 0:02:23.971,0:02:26.000 အကြောတစ်ခုလို ရာဘာလိုင်းတစ်ကြောင်းနဲ့။ 0:02:26.000,0:02:29.000 ဘာကိုမျှော်လင့်ရမှန်း မသိခဲ့ပေမယ့် 0:02:29.000,0:02:32.000 ဒါကိုတော့ မမျှော်လင့်ခဲ့ပါဘူး။ 0:02:32.000,0:02:35.000 ဘေးမှာရှိတဲ့အမေနဲ့ ကျွန်မတို့မျက်နှာတွေမှာ 0:02:35.000,0:02:40.716 မျက်ရည်တွေကစီးနေပြီး 0:02:40.716,0:02:44.000 ဒီခြေထောက် တောင့်တောင့်ကြီးတွေကို 0:02:44.000,0:02:46.997 သိုင်းပြီး မတ်တပ်ရပ်လိုက်တယ်။ 0:02:47.000,0:02:51.280 နာလွန်း၊ ကျပ်လွန်းလို့ 0:02:51.280,0:02:54.010 တွေးမိလိုက်တာက 0:02:54.010,0:02:56.710 ဒါကြီးတွေနဲ့ဘယ်လိုလုပ် ကမ္ဘာပတ်လို့ 0:02:56.710,0:02:58.000 ရတော့မှာတုန်းလို့ပေါ့။ 0:02:58.000,0:03:00.000 ကျွန်မလိုချင်ခဲ့တဲ့ စွန့်စားမှုတွေ၊ 0:03:00.000,0:03:02.728 ဖြစ်ရပ်တွေနဲ့ ပြည့်နေတဲ့ဘဝ 0:03:02.728,0:03:05.000 ဘယ်လိုလုပ်ပြီး နေရတော့မှာတုန်း။ 0:03:05.000,0:03:09.844 ဘယ်လိုလုပ်ပြန်ပြီး နှင်းလျှောစီးလို့ရတော့မှာတုန်း။ 0:03:09.844,0:03:13.000 အဲဒီနေ့က အိမ်ပြန်လာပြီး အိပ်ရာဆီ 0:03:13.000,0:03:15.000 တွားသွားခဲ့ပြီး ဒါကတော့ နောက်လအနည်းငယ် 0:03:15.000,0:03:17.440 ကျွန်မဖြစ်နေတဲ့ပုံပါ။ 0:03:17.441,0:03:21.640 သတိလစ်သွားတယ်၊ လက်တွေ့ဘဝက လွတ်မြောက်ပြီး 0:03:21.640,0:03:26.013 ခြေထောက်တွေကဘေးမှာပုံလျက်သားပေါ့။ 0:03:26.013,0:03:34.290 လုံးဝကို စိတ်ရောကိုယ်ပါချုံးကျသွားခဲ့တယ်။ 0:03:34.290,0:03:38.000 ဒါပေမဲ့ ကျွန်မသိတာက ရှေ့ကိုဆက်ဖို့ 0:03:38.000,0:03:43.230 အေမီ အဟောင်းကို စွန့်လိုက်ပြီး 0:03:43.230,0:03:49.020 အေမီ အသစ်ကိုလက်ခံဖို့ သင်ယူဖို့ လိုတယ်ဆိုတာပါ 0:03:49.020,0:03:52.350 ဆိုလိုတာက ၅ပေ ၅လက္မ ရှိဖို့ မလိုတော့ဘူးဆိုတာ 0:03:52.350,0:03:56.080 တဖြည်းဖြည်း နားလည်သွားတဲ့အခါမှာပေါ့။ 0:03:56.080,0:03:59.000 ကျွန်မကြိုက်သလောက်ရှည်လို့ရတယ်လေ 0:03:59.000,0:04:04.680 (ရယ်သံများ) (လက်ခုပ်သံများ) 0:04:04.680,0:04:08.011 ဒါမှမဟုတ် ကိုယ်တွဲနေတဲ့ [br]လူနဲ့အလိုက် တိုလို့ရတယ် 0:04:08.011,0:04:10.000 (ရယ်သံများ) 0:04:10.000,0:04:12.570 ကျွန်မ နှင်းလျှောပြန်စီးလို့ရရင် 0:04:12.570,0:04:14.430 ခြေထောက်တွေ အေးတော့မှာ မဟုတ်တော့ဘူးလေ 0:04:14.430,0:04:16.214 (ရယ်သံများ) 0:04:16.214,0:04:18.450 အကောင်းဆုံးကတော့ 0:04:18.450,0:04:22.176 အရောင်းစင်ပေါ်က ဖိနပ်အရွယ်တွေအတိုင်း 0:04:22.176,0:04:24.675 ခြေထောက်တွေကို လုပ်ယူလို့ရတာပေါ့ (ရယ်သံများ) 0:04:24.676,0:04:26.590 ကျွန်မလုပ်ခဲ့တာပေါ့။ 0:04:26.590,0:04:29.000 ဒီတော့ ဒါတွေက ကောင်းကျိုးတွေပါ။ 0:04:29.000,0:04:31.665 ဒီအချိန်မှာပဲ ဘဝအဓိပ္ပါယ်ဖွင့်တဲ့ 0:04:31.665,0:04:34.590 မေးခွန်းကို ကိုယ့်ကိုကိုယ် မေးခဲ့ပါတယ်။ 0:04:34.592,0:04:36.932 ကိုယ့်ဘဝဟာ စာအုပ်တစ်အုပ်ဖြစ်ပြီး 0:04:36.932,0:04:40.150 ကိုယ်ဟာ စာရေးဆရာ တစ်ယောက်ဖြစ်ခဲ့ရင် 0:04:40.150,0:04:42.960 ဘယ်လို ဇာတ်လမ်းဖြစ်ချင်တာပါလိမ့်။ 0:04:42.960,0:04:45.450 နောက် စပြီးစိတ်ကူးယဉ်မိတယ်။ 0:04:45.450,0:04:48.240 ကလေးဘဝကလိုပဲ စိတ်ကူးယဉ်တာပေါ့ 0:04:48.240,0:04:51.000 ကျွန်မ စိတ်ကူးမိတာက 0:04:51.000,0:04:54.000 ကြော့ကြော့မော့မော့လေး လမ်းလျှောက် 0:04:54.000,0:04:56.441 ခရီးတစ်လျှောက်လူတွေကို ကူညီရင်း 0:04:56.441,0:04:59.000 နှင်းလျှောလည်းပြန်စီးရင်းပေါ့ 0:04:59.000,0:05:01.000 နှင်းမှုန်တောင်တစ်ခုကို 0:05:01.000,0:05:03.000 ထွင်းထုနေတာကို မြင်ရုံသာမက 0:05:03.000,0:05:06.000 ဒါကို တကယ်ပဲ ခံစားမိပါတယ်။ 0:05:06.000,0:05:09.000 လေက မျက်နှာကို ဖြတ်တိုက်သွားပြီး 0:05:09.000,0:05:12.000 တလှပ်လှပ်ခုန်နေတဲ့[br]နှလုံးခုန်သံကို ခံစားနေရပြီး 0:05:12.000,0:05:17.010 ဒါကလက်တွေ့မှာ တကယ် ဖြစ်နေခဲ့သလိုမျိုးပါ။ 0:05:17.010,0:05:23.400 ဒီလိုနဲ့ ဘဝရဲ့ ကဏ္ဍအသစ် စခဲ့တဲ့အချိန်ပါ။ 0:05:23.400,0:05:26.830 ၄ လကြာပြီး နှင်းလျှောပြားကို ပြန်စီးခဲ့တယ်၊ 0:05:26.830,0:05:29.420 ထင်သလောက်တော့ အဆင်မပြေခဲ့ဘူးပေါ့။ 0:05:29.420,0:05:32.000 ဒူးတွေနဲ့ ခြေကျင်းဝတ်တွေက ကွေးမနေတော့ 0:05:32.000,0:05:36.710 တစ်ခါများဆို ကျွန်မ လဲကျတော့[br]မိုးပျံထိုင်ခုံပေါ်မှာစီးလာတဲ့သူတွေကို 0:05:36.710,0:05:40.090 အလန့်တကြားဖြစ်စေခဲ့တယ် 0:05:40.090,0:05:43.000 ခြေထောက်တွေက နှင်းလျှောပြားမှာ[br]တန်းလန်းကြီးလေ 0:05:43.000,0:05:47.000 (ရယ်သံများ) 0:05:47.000,0:05:50.000 တောင်အောက်ကိုထိုးဆင်းပေမဲ့ 0:05:50.000,0:05:53.000 တောင်ထိပ်မှာ ရှိနေသေးတုန်းပဲ ဖြစ်နေတယ် 0:05:53.000,0:05:55.000 ကျွန်မ အရမ်းလန့်သွားတယ် 0:05:55.000,0:05:59.308 ဒီ့ပြင်လူတွေလိုပဲ လန့်သွားပြီး[br]အရမ်းစိတ်ပျက်သွားတယ် 0:05:59.308,0:06:03.000 ဒါပေမဲ့ သင့်တော်တဲ့ ဖိနပ်တစ်စုံသာရမယ်ဆိုရင် 0:06:03.000,0:06:05.000 ဒါကိုပြန်လုပ်နိုင်မှာပဲဆိုတာ ကျွန်မသိတယ်။ 0:06:05.000,0:06:08.000 ဒါကနေ ကျွန်မတို့ရဲ့ နယ်နိမိတ်တွေနဲ့ [br]အတားအဆီးတွေဟာ 0:06:08.000,0:06:12.028 ၂ခုပဲ လုပ်နိုင်တယ်ဆိုတာ သဘောပေါက်လိုက်တယ် 0:06:12.028,0:06:15.000 ၁။ လမ်းကြောင်းတွေထဲမှာ [br]ကျွန်မတို့ကို တားဆီးတယ် 0:06:15.000,0:06:18.400 ၂။ တီထွင်ကြံဆတတ်အောင် တွန်းအားပေးတယ်။ 0:06:18.400,0:06:20.490 ၁နှစ်တာ လေ့လာမှု လုပ်ခဲ့ပြီးတဲ့[br]အခုအချိန်ထိ 0:06:20.490,0:06:22.540 ဘယ်ခြေထောက်မျိုးကို [br]သုံးရမှန်း မသိသေးပါဘူး 0:06:22.540,0:06:25.287 ကိုယ့်ကို ကူညီထောက်ပံ့ပေးနိုင်မယ့် [br]အရာတွေလည်း မတွေ့ခဲ့ဘူး 0:06:25.287,0:06:28.580 ဒီတော့ ကိုယ့်ဘာသာပဲလုပ်ဖို့ [br]ဆုံးဖြတ်လိုက်တယ်။ 0:06:28.580,0:06:31.637 ခြေတုလုပ်သူနဲ့ကျွန်မ အစိတ်အပိုင်းတွေ[br]ကြုံရာကောက်တပ်ပြီး 0:06:31.637,0:06:34.902 နှင်းလျှောစီးလို့ရတဲ့ ခြေတစ်စုံလုပ်ခဲ့တယ်။ 0:06:34.902,0:06:37.000 မြင်တဲ့အတိုင်းပဲ 0:06:37.000,0:06:44.000 သံချေးတက်နေတဲ့မူလီတွေ၊ ရာဘာ၊ [br]သစ်သားနဲ့ နီယွန်ပန်းရောင် တိပ်တွေနဲ့လေ 0:06:44.000,0:06:47.000 အား ဟုတ်တာပေါ့၊ ခြေသည်းဆိုးဆေးလည်း [br]ပြောင်းဆိုးလို့ရတယ်ရှင့် 0:06:47.000,0:06:49.000 ဒီခြေတုတွေနဲ့ 0:06:49.000,0:06:52.965 ၂၁ နှစ်မြောက် မွေးနေ့မှာရခဲ့တဲ့ အကောင်းဆုံး 0:06:52.965,0:06:55.452 လက်ဆောင်ကတော့ အဖေ့ဆီက ကျောက်ကပ် အသစ်တစ်ခုဟာ 0:06:55.452,0:06:58.310 ကျွန်မအိပ်မက်တွေကို ပြန်လည်အကောင်အထည်[br]ဖော်ခွင့်ပေးခဲ့ပါတယ် 0:06:58.310,0:07:00.000 ကျွန်မ နှင်းလျှောစစီးတယ် 0:07:00.020,0:07:02.362 အလုပ်ပြန်လုပ်တယ်၊ပြီး ကျောင်းပြန်တက်တယ်။ 0:07:02.362,0:07:05.585 ဒါနဲ့ ၂၀၀၅မှာ သက်ငယ်နဲ့ သက်လတ်ပိုင်း [br]ကိုယ်လက်အင်္ဂါ မသန်စွမ်းကြသူတွေ 0:07:05.585,0:07:08.382 အပြင်းစား အားကစားတွေမှာ ပါဝင်လာနိုင်ဖို့ 0:07:08.382,0:07:12.480 အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းကို [br]ပူးပေါင်းတည်ထောင်ခဲ့တယ် 0:07:12.480,0:07:16.060 အဲဒီကနေ တောင်အာဖရိကကိုသွားဖို့ [br]အခွင့်အလမ်းရခဲ့ပြီး၊ 0:07:16.060,0:07:19.255 ထောင်နဲ့ချီတဲ့ ကလေးတွေ ကျောင်းတက်လို့ရအောင် 0:07:19.255,0:07:21.461 သူတို့ရဲ့ခြေထောက်တွေမှာ[br]ဖိနပ်စီးဖို့ ကူညီခဲ့တယ် 0:07:21.461,0:07:23.670 ပြီးခဲ့တဲ့ ဖေဖော်ဝါရီကပဲ 0:07:23.670,0:07:28.360 ကမ္ဘာ့ဖလားရွှေတံဆိပ်၂ ခု ဆက်တိုက်ရခဲ့ပါတယ် 0:07:28.360,0:07:33.392 (လက်ခုပ်သံများ) 0:07:37.156,0:07:38.750 ဒါက ကျွန်မကို 0:07:38.750,0:07:40.943 ကမ္ဘာမှာအမြင့်ဆုံး[br]အလိုက်သင့်ပြောင်းလဲနိုင်တဲ့ 0:07:40.943,0:07:43.740 အမျိုးသမီး နှင်းလျှောစီးသူ[br]ဖြစ်လာစေခဲ့ပါတယ် 0:07:43.759,0:07:47.000 လွန်ခဲ့တဲ့၁၁နှစ်က[br]ခြေထောက်တွေ ဆုံးရှုံးသွားတော့ 0:07:47.000,0:07:49.259 ဘာကို မျှော်လင့်ရမှန်းမသိ ဖြစ်ခဲ့တယ်။ 0:07:49.259,0:07:52.000 ဒါပေမဲ့ ဒီကနေ့ [br]ကျွန်မက အခြေအနေကို ပြောင်းချင်လားလို့ 0:07:52.000,0:07:54.000 ကျွန်မကိုမေးလာရင် 0:07:54.000,0:07:56.260 ဟင့်အင်းလို့ပဲ ပြောရတော့မှာပေါ့။ 0:07:56.260,0:07:59.000 အကြောင်းကတော့ ခြေထောက်တွေက [br]ကျွန်မကိုဒုက္ခိတ မဖြစ်စေလို့ပါ 0:07:59.000,0:08:01.540 သူတို့တွေက ကျွန်မကိုအထောက်အကူပေးသလားဆို 0:08:01.540,0:08:05.000 သူတို့တွေက ကျွန်မကို စိတ်ကူးဉာဏ်ကိုမှီခိုဖို့ 0:08:05.000,0:08:07.800 ဖြစ်နိုင်ချေတွေကို ယုံကြည်ဖို့ တွန်းအားပေးတယ် 0:08:07.800,0:08:09.780 ဒါကြောင့် ကျွန်မတို့ရဲ့ စိတ်ကူးဉာဏ်တွေကို 0:08:09.780,0:08:11.540 နယ်နိမိတ်တွေကို ကျော်ဖြတ်ဖို့ 0:08:11.540,0:08:14.000 ကိရိယာတွေအဖြစ်သုံးနိုင်တယ်လို့ [br]ကျွန်မ ယုံကြည်ပါတယ် 0:08:14.000,0:08:17.000 အကြောင်းကတော့ ကျွန်မတို့စိတ်ထဲမှာ[br]ဘာမဆိုလုပ်နိုင်ပြီး၊ 0:08:17.000,0:08:20.000 ဘာမဆိုဖြစ်နိုင်တာပါ။ 0:08:20.000,0:08:22.000 ဒီအိပ်မက်တွေကို ယုံကြည်ပြီး 0:08:22.000,0:08:25.000 ကြောက်ရွံ့မှုတွေကို ထိပ်တိုက်ရင်ဆိုင်ခြင်းက 0:08:25.000,0:08:27.570 ကျွန်မတို့ကို ကန့်သတ်ချက်တွေရဲ့အလွန်မှာ 0:08:27.570,0:08:30.490 ရှင်သန်ခွင့်ပေးတာပါ။ 0:08:30.490,0:08:33.860 ဒီနေ့ခေတ်ဟာ 0:08:33.860,0:08:37.000 အကန့်အသတ်မဲ့ တီထွင်ဆန်းသစ်မှုတွေရဲ့ [br]ခေတ်ဖြစ်ပေမဲ့ 0:08:37.000,0:08:39.428 ကျွန်မဘဝမှာ တီထွင်ဆန်းသစ်မှု ဖြစ်လာတာဟာ 0:08:39.428,0:08:42.600 အကန့်အသတ်တွေကြောင့်ပဲလို့ ပြောရမှာပါ။ 0:08:42.600,0:08:47.005 ကျွန်မသိရှိလိုက်တာက အကန့်အသတ်တွေဆိုတာ[br]လက်တွေ့သဘောတွေ 0:08:47.005,0:08:50.000 အဆုံးသတ်သွားရာဖြစ်ပြီး [br]စိတ်ကူးဉာဏ် နဲ့ ဘဝဇာတ်လမ်း 0:08:50.000,0:08:51.760 အစပြုရာလည်း ဖြစ်ပါတယ်ဆိုတာပါ။ 0:08:51.760,0:08:55.916 ဒါကြောင့် ကျွန်မအထင်ဒီနေ့ အားလုံးကို[br]မေးမိချင်တဲ့ အယူအဆတစ်ရပ်ကတော့ 0:08:55.916,0:08:59.994 ကျွန်မတို့ရဲ့ စိန်ခေါ်မှုတွေနဲ့[br]ကန့်သတ်ချက်တွေကို အနုတ်သဘော 0:09:00.000,0:09:03.000 ဒါမှမဟုတ် မကောင်းတာအဖြစ် ကြည့်မယ့်အစား 0:09:03.000,0:09:06.000 ကျွန်မတို့စိတ်ကူးတွေကို အစပျိုးလာစေအောင် [br]လုပ်ပေးစေနိုင်တဲ့ 0:09:06.000,0:09:11.525 ကျွန်မတို့သွားနိုင်တယ်လို့ ထင်ထားထက်ကို 0:09:11.525,0:09:17.015 ပိုပြီးသွားဖို့ ကူညီပေးနိုင်တဲ့ 0:09:17.027,0:09:21.000 ခမ်းနားတဲ့ လက်ဆောင်တွေအဖြစ် ရှုမြင်ဖို့ပါ 0:09:21.000,0:09:24.330 တကယ်တော့ အကန့်အသတ်တွေဆိုတာ[br]ဖြိုချဖို့မဟုတ်ပါဘူး။ 0:09:24.340,0:09:26.300 ဒါတွေကို တွန်းထုတ်ပြီး၎င်းတို့က 0:09:26.300,0:09:29.040 ကျွန်မတို့ဆီ ယူလာနိုင်တဲ့ [br]အံ့ဖွယ်နေရာတွေကို မြင်ကြည့်ကြဖို့ပါ 0:09:29.040,0:09:30.540 ကျေးဇူးတင်ပါတယ်ရှင်။