တကယ်လို့ ရှင့်ဘဝဟာ စာအုပ်တစ်အုပ်
ပြီးတော့ ရှင်ကိုယ်တိုင်က
စာရေးဆရာသာ ဖြစ်မယ်ဆိုရင်
ရှင့်ဇာတ်လမ်းကို ဘယ်လိုဖြစ်စေချင်ပါသလဲ
ဒီမေးခွန်းက ကျွန်မဘဝတစ်ခုလုံးကို
ထာဝရပြောင်းလဲစေခဲ့တာပေါ့
ပူပြင်းတဲ့Last Vegas ရဲ့ကန္တာရထဲမှာ
ကြီးပြင်းလာခဲ့တဲ့
ကျွန်မအတွက်လိုချင်တာကတော့ လွတ်လပ်ခြင်းပါ
ကမ္ဘာပတ်ပြီးခရီးထွက်တာ၊ နှင်းတွေကျတဲ့
နေရာတစ်ခုမှာ နေတာတွေကို
စိတ်ကူးယဉ်ယဉ်နေခဲ့ပြီး
ကြုံရမယ့်ဇာတ်လမ်းစုံကို
ပြဖို့ မြင်ယောင်နေမိခဲ့တာပေါ့
ကျွန်မအသက် (၁၉) နှစ်အရွယ်
အထက်တန်းကျောင်းပြီးတဲ့ နောက်တစ်နေ့မှာပဲ
နှင်းတွေကျတဲ့နေရာတစ်ခုကို ပြောင်းသွားပြီး
အနှိပ်ကုထုံးပညာရှင် ဖြစ်လာခဲ့ပါတယ်
ဒီအလုပ်အတွက် လိုအပ်တာဆိုလို့ ကျွန်မလက်အစုံရယ်၊
ကျွန်မဘေးမှာရှိတဲ့ နှိပ်နယ်တဲ့စားပွဲပါပဲ
ပြီးတော့ သွားချင်တဲ့နေရာ သွားလို့ရပါတယ်။
ကျွန်မဘဝမှာ ပထမဆုံးအကြိမ်အဖြစ်
လွတ်လပ်မှု၊ အမှီအခိုကင်းမှု၊
ကိုယ့်ဘဝကိုယ် လုံးဝပိုင်တယ်လို့ ခံစားရတယ်
ဒါက ကျွန်မဘဝတစ်ဆစ်ချိုးမတိုင်မီကပါ။
တစ်နေ့မှာ အလုပ်ကနေ အိမ်ကိုစောစောပြန်ခဲ့ပါတယ်
ကျွန်မအထင် တုပ်ကွေးမိတာပေါ့
နောက် (၂၄) နာရီမပြည့်ခင်မှာ
ကျွန်မဆေးရုံရောက်နေပါပြီ
၂ ရာခိုင်နှုန်းတောင် မရှိတဲ့
အသက်ရှင်ဖို့အခွင့်လမ်းနဲ့
အသက်ကယ်စက်ပေါ်မှာ မှီခိုနေရပါတယ်
ကျွန်မ ကိုမာရောဂါနဲ့ မေ့မြောသွားပြီး
ရက်အတော်ကြာမှာသာ ဆရာဝန်တွေက
ကျွန်မမှာ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့
ဦးနှောက်အမြှေးရောင်ရောဂါ
ဖြစ်မှန်း စမ်းသပ်မိတာပါ
ကာကွယ်ဆေးနဲ့ ကြိုတင်တားလို့ရတဲ့
သွေးကကူးစက်တဲ့ရောဂါပါ
၂လခွဲကြာကာလမှာ
သရက်ရွက်၊ ကျောက်ကပ်၊
ညာဘက်အကြားအာရုံနဲ့ ဒူးအောက်က
ခြေနှစ်ချောင်းလုံး ဆုံရှုံးခဲ့ရပါတယ်
မိဘတွေက ကျွန်မကိုဆေးရုံက လှည်းနဲ့တွန်းထုတ်လာတော့
စပ်ချုပ်ထားတဲ့အရုပ်လို အပိုင်းပိုင်း
ပြန်အဆက်ခံထားရသလို ခံစားမိလိုက်ပါတယ်
အဆိုးဆုံးက ပြီးသွားပြီလို့ ထင်မိနေတုန်းမှာပဲ
သီတင်းပတ်တွေကြာပြီး ခြေထောက်သစ်တွေကို
ပထမဆုံးမြင်လိုက်ပါတော့တယ်
ခြေသလုံးကြွက်သားတွေက ခြေကျင်းဝတ်တွေအတွက်
မူလီစုပ်ထားတဲ့ပိုက်တွေပါတဲ့ သတ္တုတုံးကြီးတွေ
အဝါရောင် ရာဘာခြေထောက်၊
ခြေချောင်းကနေ ခြေကျင်းဝတ်ထိ ပင့်ထားတဲ့
အကြောတစ်ခုလို ရာဘာလိုင်းတစ်ကြောင်းနဲ့။
ဘာကိုမျှော်လင့်ရမှန်း မသိခဲ့ပေမယ့်
ဒါကိုတော့ မမျှော်လင့်ခဲ့ပါဘူး။
ဘေးမှာရှိတဲ့အမေနဲ့ ကျွန်မတို့မျက်နှာတွေမှာ
မျက်ရည်တွေကစီးနေပြီး
ဒီခြေထောက် တောင့်တောင့်ကြီးတွေကို
သိုင်းပြီး မတ်တပ်ရပ်လိုက်တယ်။
နာလွန်း၊ ကျပ်လွန်းလို့
တွေးမိလိုက်တာက
ဒါကြီးတွေနဲ့ဘယ်လိုလုပ် ကမ္ဘာပတ်လို့
ရတော့မှာတုန်းလို့ပေါ့။
ကျွန်မလိုချင်ခဲ့တဲ့ စွန့်စားမှုတွေ၊
ဖြစ်ရပ်တွေနဲ့ ပြည့်နေတဲ့ဘဝ
ဘယ်လိုလုပ်ပြီး နေရတော့မှာတုန်း။
ဘယ်လိုလုပ်ပြန်ပြီး နှင်းလျှောစီးလို့ရတော့မှာတုန်း။
အဲဒီနေ့က အိမ်ပြန်လာပြီး အိပ်ရာဆီ
တွားသွားခဲ့ပြီး ဒါကတော့ နောက်လအနည်းငယ်
ကျွန်မဖြစ်နေတဲ့ပုံပါ။
သတိလစ်သွားတယ်၊ လက်တွေ့ဘဝက လွတ်မြောက်ပြီး
ခြေထောက်တွေကဘေးမှာပုံလျက်သားပေါ့။
လုံးဝကို စိတ်ရောကိုယ်ပါချုံးကျသွားခဲ့တယ်။
ဒါပေမဲ့ ကျွန်မသိတာက ရှေ့ကိုဆက်ဖို့
အေမီ အဟောင်းကို စွန့်လိုက်ပြီး
အေမီ အသစ်ကိုလက်ခံဖို့ သင်ယူဖို့ လိုတယ်ဆိုတာပါ
ဆိုလိုတာက ၅ပေ ၅လက္မ ရှိဖို့ မလိုတော့ဘူးဆိုတာ
တဖြည်းဖြည်း နားလည်သွားတဲ့အခါမှာပေါ့။
ကျွန်မကြိုက်သလောက်ရှည်လို့ရတယ်လေ
(ရယ်သံများ) (လက်ခုပ်သံများ)
ဒါမှမဟုတ် ကိုယ်တွဲနေတဲ့
လူနဲ့အလိုက် တိုလို့ရတယ်
(ရယ်သံများ)
ကျွန်မ နှင်းလျှောပြန်စီးလို့ရရင်
ခြေထောက်တွေ အေးတော့မှာ မဟုတ်တော့ဘူးလေ
(ရယ်သံများ)
အကောင်းဆုံးကတော့
အရောင်းစင်ပေါ်က ဖိနပ်အရွယ်တွေအတိုင်း
ခြေထောက်တွေကို လုပ်ယူလို့ရတာပေါ့ (ရယ်သံများ)
ကျွန်မလုပ်ခဲ့တာပေါ့။
ဒီတော့ ဒါတွေက ကောင်းကျိုးတွေပါ။
ဒီအချိန်မှာပဲ ဘဝအဓိပ္ပါယ်ဖွင့်တဲ့
မေးခွန်းကို ကိုယ့်ကိုကိုယ် မေးခဲ့ပါတယ်။
ကိုယ့်ဘဝဟာ စာအုပ်တစ်အုပ်ဖြစ်ပြီး
ကိုယ်ဟာ စာရေးဆရာ တစ်ယောက်ဖြစ်ခဲ့ရင်
ဘယ်လို ဇာတ်လမ်းဖြစ်ချင်တာပါလိမ့်။
နောက် စပြီးစိတ်ကူးယဉ်မိတယ်။
ကလေးဘဝကလိုပဲ စိတ်ကူးယဉ်တာပေါ့
ကျွန်မ စိတ်ကူးမိတာက
ကြော့ကြော့မော့မော့လေး လမ်းလျှောက်
ခရီးတစ်လျှောက်လူတွေကို ကူညီရင်း
နှင်းလျှောလည်းပြန်စီးရင်းပေါ့
နှင်းမှုန်တောင်တစ်ခုကို
ထွင်းထုနေတာကို မြင်ရုံသာမက
ဒါကို တကယ်ပဲ ခံစားမိပါတယ်။
လေက မျက်နှာကို ဖြတ်တိုက်သွားပြီး
တလှပ်လှပ်ခုန်နေတဲ့
နှလုံးခုန်သံကို ခံစားနေရပြီး
ဒါကလက်တွေ့မှာ တကယ် ဖြစ်နေခဲ့သလိုမျိုးပါ။
ဒီလိုနဲ့ ဘဝရဲ့ ကဏ္ဍအသစ် စခဲ့တဲ့အချိန်ပါ။
၄ လကြာပြီး နှင်းလျှောပြားကို ပြန်စီးခဲ့တယ်၊
ထင်သလောက်တော့ အဆင်မပြေခဲ့ဘူးပေါ့။
ဒူးတွေနဲ့ ခြေကျင်းဝတ်တွေက ကွေးမနေတော့
တစ်ခါများဆို ကျွန်မ လဲကျတော့
မိုးပျံထိုင်ခုံပေါ်မှာစီးလာတဲ့သူတွေကို
အလန့်တကြားဖြစ်စေခဲ့တယ်
ခြေထောက်တွေက နှင်းလျှောပြားမှာ
တန်းလန်းကြီးလေ
(ရယ်သံများ)
တောင်အောက်ကိုထိုးဆင်းပေမဲ့
တောင်ထိပ်မှာ ရှိနေသေးတုန်းပဲ ဖြစ်နေတယ်
ကျွန်မ အရမ်းလန့်သွားတယ်
ဒီ့ပြင်လူတွေလိုပဲ လန့်သွားပြီး
အရမ်းစိတ်ပျက်သွားတယ်
ဒါပေမဲ့ သင့်တော်တဲ့ ဖိနပ်တစ်စုံသာရမယ်ဆိုရင်
ဒါကိုပြန်လုပ်နိုင်မှာပဲဆိုတာ ကျွန်မသိတယ်။
ဒါကနေ ကျွန်မတို့ရဲ့ နယ်နိမိတ်တွေနဲ့
အတားအဆီးတွေဟာ
၂ခုပဲ လုပ်နိုင်တယ်ဆိုတာ သဘောပေါက်လိုက်တယ်
၁။ လမ်းကြောင်းတွေထဲမှာ
ကျွန်မတို့ကို တားဆီးတယ်
၂။ တီထွင်ကြံဆတတ်အောင် တွန်းအားပေးတယ်။
၁နှစ်တာ လေ့လာမှု လုပ်ခဲ့ပြီးတဲ့
အခုအချိန်ထိ
ဘယ်ခြေထောက်မျိုးကို
သုံးရမှန်း မသိသေးပါဘူး
ကိုယ့်ကို ကူညီထောက်ပံ့ပေးနိုင်မယ့်
အရာတွေလည်း မတွေ့ခဲ့ဘူး
ဒီတော့ ကိုယ့်ဘာသာပဲလုပ်ဖို့
ဆုံးဖြတ်လိုက်တယ်။
ခြေတုလုပ်သူနဲ့ကျွန်မ အစိတ်အပိုင်းတွေ
ကြုံရာကောက်တပ်ပြီး
နှင်းလျှောစီးလို့ရတဲ့ ခြေတစ်စုံလုပ်ခဲ့တယ်။
မြင်တဲ့အတိုင်းပဲ
သံချေးတက်နေတဲ့မူလီတွေ၊ ရာဘာ၊
သစ်သားနဲ့ နီယွန်ပန်းရောင် တိပ်တွေနဲ့လေ
အား ဟုတ်တာပေါ့၊ ခြေသည်းဆိုးဆေးလည်း
ပြောင်းဆိုးလို့ရတယ်ရှင့်
ဒီခြေတုတွေနဲ့
၂၁ နှစ်မြောက် မွေးနေ့မှာရခဲ့တဲ့ အကောင်းဆုံး
လက်ဆောင်ကတော့ အဖေ့ဆီက ကျောက်ကပ် အသစ်တစ်ခုဟာ
ကျွန်မအိပ်မက်တွေကို ပြန်လည်အကောင်အထည်
ဖော်ခွင့်ပေးခဲ့ပါတယ်
ကျွန်မ နှင်းလျှောစစီးတယ်
အလုပ်ပြန်လုပ်တယ်၊ပြီး ကျောင်းပြန်တက်တယ်။
ဒါနဲ့ ၂၀၀၅မှာ သက်ငယ်နဲ့ သက်လတ်ပိုင်း
ကိုယ်လက်အင်္ဂါ မသန်စွမ်းကြသူတွေ
အပြင်းစား အားကစားတွေမှာ ပါဝင်လာနိုင်ဖို့
အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းကို
ပူးပေါင်းတည်ထောင်ခဲ့တယ်
အဲဒီကနေ တောင်အာဖရိကကိုသွားဖို့
အခွင့်အလမ်းရခဲ့ပြီး၊
ထောင်နဲ့ချီတဲ့ ကလေးတွေ ကျောင်းတက်လို့ရအောင်
သူတို့ရဲ့ခြေထောက်တွေမှာ
ဖိနပ်စီးဖို့ ကူညီခဲ့တယ်
ပြီးခဲ့တဲ့ ဖေဖော်ဝါရီကပဲ
ကမ္ဘာ့ဖလားရွှေတံဆိပ်၂ ခု ဆက်တိုက်ရခဲ့ပါတယ်
(လက်ခုပ်သံများ)
ဒါက ကျွန်မကို
ကမ္ဘာမှာအမြင့်ဆုံး
အလိုက်သင့်ပြောင်းလဲနိုင်တဲ့
အမျိုးသမီး နှင်းလျှောစီးသူ
ဖြစ်လာစေခဲ့ပါတယ်
လွန်ခဲ့တဲ့၁၁နှစ်က
ခြေထောက်တွေ ဆုံးရှုံးသွားတော့
ဘာကို မျှော်လင့်ရမှန်းမသိ ဖြစ်ခဲ့တယ်။
ဒါပေမဲ့ ဒီကနေ့
ကျွန်မက အခြေအနေကို ပြောင်းချင်လားလို့
ကျွန်မကိုမေးလာရင်
ဟင့်အင်းလို့ပဲ ပြောရတော့မှာပေါ့။
အကြောင်းကတော့ ခြေထောက်တွေက
ကျွန်မကိုဒုက္ခိတ မဖြစ်စေလို့ပါ
သူတို့တွေက ကျွန်မကိုအထောက်အကူပေးသလားဆို
သူတို့တွေက ကျွန်မကို စိတ်ကူးဉာဏ်ကိုမှီခိုဖို့
ဖြစ်နိုင်ချေတွေကို ယုံကြည်ဖို့ တွန်းအားပေးတယ်
ဒါကြောင့် ကျွန်မတို့ရဲ့ စိတ်ကူးဉာဏ်တွေကို
နယ်နိမိတ်တွေကို ကျော်ဖြတ်ဖို့
ကိရိယာတွေအဖြစ်သုံးနိုင်တယ်လို့
ကျွန်မ ယုံကြည်ပါတယ်
အကြောင်းကတော့ ကျွန်မတို့စိတ်ထဲမှာ
ဘာမဆိုလုပ်နိုင်ပြီး၊
ဘာမဆိုဖြစ်နိုင်တာပါ။
ဒီအိပ်မက်တွေကို ယုံကြည်ပြီး
ကြောက်ရွံ့မှုတွေကို ထိပ်တိုက်ရင်ဆိုင်ခြင်းက
ကျွန်မတို့ကို ကန့်သတ်ချက်တွေရဲ့အလွန်မှာ
ရှင်သန်ခွင့်ပေးတာပါ။
ဒီနေ့ခေတ်ဟာ
အကန့်အသတ်မဲ့ တီထွင်ဆန်းသစ်မှုတွေရဲ့
ခေတ်ဖြစ်ပေမဲ့
ကျွန်မဘဝမှာ တီထွင်ဆန်းသစ်မှု ဖြစ်လာတာဟာ
အကန့်အသတ်တွေကြောင့်ပဲလို့ ပြောရမှာပါ။
ကျွန်မသိရှိလိုက်တာက အကန့်အသတ်တွေဆိုတာ
လက်တွေ့သဘောတွေ
အဆုံးသတ်သွားရာဖြစ်ပြီး
စိတ်ကူးဉာဏ် နဲ့ ဘဝဇာတ်လမ်း
အစပြုရာလည်း ဖြစ်ပါတယ်ဆိုတာပါ။
ဒါကြောင့် ကျွန်မအထင်ဒီနေ့ အားလုံးကို
မေးမိချင်တဲ့ အယူအဆတစ်ရပ်ကတော့
ကျွန်မတို့ရဲ့ စိန်ခေါ်မှုတွေနဲ့
ကန့်သတ်ချက်တွေကို အနုတ်သဘော
ဒါမှမဟုတ် မကောင်းတာအဖြစ် ကြည့်မယ့်အစား
ကျွန်မတို့စိတ်ကူးတွေကို အစပျိုးလာစေအောင်
လုပ်ပေးစေနိုင်တဲ့
ကျွန်မတို့သွားနိုင်တယ်လို့ ထင်ထားထက်ကို
ပိုပြီးသွားဖို့ ကူညီပေးနိုင်တဲ့
ခမ်းနားတဲ့ လက်ဆောင်တွေအဖြစ် ရှုမြင်ဖို့ပါ
တကယ်တော့ အကန့်အသတ်တွေဆိုတာ
ဖြိုချဖို့မဟုတ်ပါဘူး။
ဒါတွေကို တွန်းထုတ်ပြီး၎င်းတို့က
ကျွန်မတို့ဆီ ယူလာနိုင်တဲ့
အံ့ဖွယ်နေရာတွေကို မြင်ကြည့်ကြဖို့ပါ
ကျေးဇူးတင်ပါတယ်ရှင်။