၁၉၄၁ ခုနှစ်မေလ၂၇ရက်တွင် ဂျာမန်တိုက်သင်္ဘော Bismarck တိုက်ပွဲကြောင့် နစ်မြှုပ်သွားရာ၊ သင်္ဘောသား ၂၂၀၀ အနက် ၁၁၈ ဦးသာ အသက်ရှင် ကျန်ရစ်ခဲ့ကြတယ်။ ဒါပေမဲ့ ဗြိတိသျှဖျက်သင်္ဘောက အကျဉ်းသားတွေကို ကယ်တင်ဖို့ လာတော့၊ လုံးဝ မျှော်လင့်မရတဲ့ အသက်ရှင် ကျန်ရစ်သူကို တွေ့ခဲ့ကြတယ် - ရေထဲမျောနေတဲ့ ပျဉ်ပြားကို ဖက်နေခဲ့တဲ့ ဖြူနက်ရောင် ကြောင်ပါ။ နောက်ပိုင်း လအတော်ကြာ အဲဒီကြောင်ဟာ ကြွက်တွေဖမ်းရင်း ဗြိတိသျှ ဝန်ထမ်းဖြစ်လာတာ တော်ပီဒို ပစ်ခတ်မှုကြောင့် သင်္ဘော နစ်မြုပ်သွားတဲ့အထိပါပဲ။ ဒါပေမဲ့၊ အံ့ဖွယ်ကောင်းတာက ကြောင်ဟာ မြုပ်မသွားခဲ့ပါ။ ချစ်စနိုးအမည် Unsinkable Sam ကို ရခဲ့တဲ့ ကြောင်ဟာ ကယ်တင်ခံခဲ့ကြရတဲ့ သင်္ဘောသား တွေနဲ့ ဂျီဘရောလ်တာကို ရောက်သွားပြီး နောက် သင်္ဘော သုံးစီးမှာ သင်္ဘောကြောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တယ် - ၎င်းတို့ထဲက တစ်စီးဟာ မြုပ်သွားခဲ့ပေမဲ့ Belfast Home for Sailors မှာ အနားယူခဲ့တယ်။ လူအများစုက ကြောင်တွေဟာ သင်္ဘောသားအဖြစ် ဝန်ထမ်းနိုင်ကြတာကို ဒါမှမဟုတ် တနည်းနည်းနဲ့ အသုံးဝင်နိုင်တာ မယုံချင်ကြပါ။ ဒါပေမဲ့ ကြောင်တွေဟာ နှစ်တွေထောင်နဲ့ချီပြီး လူတွေနဲ့ အတူတူ နေထိုင် လုပ်ကိုင်ခဲ့ကြတယ်- ကျုပ်တို့က သူတို့ကို ကူညီပေးကြသလိုပဲ သူတို့ကပါ ကျုပ်တို့ကို ကူပေးလာခဲ့ကြတာပါ။ အသားစား အရိုင်းကောင်ကနေပြီး ၎င်းတို့ဟာ ရေတပ်အမှုထမ်းတွေနဲ့ ဆိုဖာ ပေါ်မှာ လှဲနေသူတွေ ဘယ်လိုလုပ် ဖြစ်လာကြတာလဲ။ မျက်မှောက်ခေတ် ကြောင်တွေကို အိမ်မွေး တိရစ္ဆာန်အဖြစ် မွေးမြူမှုကို လွန်ခဲ့တဲ့ နှစ် ၁၀၀၀၀ ကျော်အထိ ခြေရာခံ ရနိုင်ပြီး ကျောက်ခေတ်သစ်ရဲ့ အစပိုင်း မြေဩဇာ ကောင်းခဲ့တဲ့ လခြမ်း ဒေသမှာ စတင်ခဲ့တယ်။ လူတွေ သဘာဝကို သူတို့အတွက် အသုံးချရန် ကြိုးပမ်းနေချိန်မှာ လယ်သမားတွေ တစ်ကြိမ်စားရန် လိုတာထက်ကို ပိုများပြားစွာ ထုတ်လုပ်လာချိန်မှာပါ။ ကျောက်ခေတ်သစ် လယ်သမားတွေဟာ ပိုလျှံတဲ့ စပါး ကို တွင်းကြီးများ၊ စဉ့်အိုးများထဲ ထားကြတယ် ဒါပေမဲ့ သိုလှောင်ထားတဲ့ အစားအစာတွေဟာ ကြွက်တွေအတွက်ရော သူတို့ကို စားကြပြီး မြောက်အာဖရိကနဲ့ အရှေ့တောင်အာရှမှာ ကြက်စားတဲ့ Felis silvestris lybica ခေါ် ကြောင်ရိုင်း အတွက်ပါ မက်လုံးကြီး ဖြစ်လာတယ်။ အဲဒီကြောင်ရိုင်းတွေဟာ ဖြတ်လတ်ပြီး ကြောက် စရာ ကောင်းလျက် အသားစားမုဆိုးတွေပါ။ ၎င်းတို့ဟာ ဒီနေ့ အိမ်မွေး ကြောင်တွေနဲ့ ဆင်တူလျက် အရွယ်လည်း တူခဲ့ကြတယ်။ ရှေးခေတ် ကြောင်ရိုင်းတွေရဲ့ အဓိက ခြားနား ချက်က ကြွက်သားပိုအားကောင်းပြီး၊ အရေခွံမှာ အစင်းတွေပါခဲ့ပြီး ဒီပြင်ကြောင် များနဲ့ လူတွေနဲ့ သိပ် မဆက်ဆံခဲ့ကြပါ။ စပါးကျီများထဲမှာ ကြွက်တွေနဲ့ ပြည့်နေခဲ့ခြင်းက အဲဒီလို အသားစား အကောင်တွေကို ဆွဲဆောင်ခဲ့ကြပါတယ်။ အဲဒီ ကြောင်ရိုင်းတွေက လူသားတွေနဲ့ ကြောင်တွေ အနီးမှာ ရှိနေကြတာကို သည်းခံလျက် ကျက်စားလာခဲ့ကြတယ်။ လယ်သမားတွေကလည်း ပိုးသတ်ဆေး သုံးရန်မလိုလို့ ကြောင်တွေကို လက်ခံလာခဲ့ကြပုံ ရတယ်။ သူတို့ရဲ့ ဆက်ဆံမှုဟာ သိပ်အကျိုးရှိခဲ့လို့ ကြောင်တွေဟာ ကျောက်ခေတ် လယ်သမားတွေနဲ့အတူ Anatolia မှ ဥရောပနဲ့ မြေထဲပင်လယ်ဒသေကို ရွေ့ပြောင်းခဲ့ကြတယ်။ အဖျက်ကောင်တွေဟာ သမုဒ္ဒရာထဲ သွားလာသူအတွက် အဓိက အန္တရာယ်ပါ။ သူတို့ဟာ စားနပ်ရိက္ခာကို စားကြတဲ့အပြင် ကြိုးတွေကို ကိုက်ဖဲ့ခဲ့ကြရာ၊ ကြောင်တွေဟာ ပင်လယ်ကို ကူးဖြတ်ရာတွင် အရေးပါတဲ့ အပေါင်းအဘော် ဖြစ်လာခဲ့ကြတယ်။ Anatolia မှ ကြောင်တွေ ပင်လယ်ထဲ ကူးလူးသွားနေချိန် လောက်မှာပဲ အီဂျစ်လူမျိုးတို့ကလည်း သူတို့ရဲ့ကိုယ်ပိုင် ကြောင်တွေကို အိမ်မှာ မွေးလာခဲ့ကြတယ်။ အဆိပ်ပြင်း မြွေတွေကို တွန်းလှန်နိုင်ပြီး ငှက်တွေ ဖမ်းခြင်းနဲ့ ကြွက်တွေကို သတ်ခြင်း အိမ်မွေးကြောင်တွေဟာ အီဂျစ်ရဲ့ ဘာသာရေ အတွက်ပါ အရေးပါလာခဲ့ကြတယ်။ သူတို့ကို နံရံပန်းချီများ၊ ရုပ်စာများ၊ ရုပ်ထုများနဲ့ သင်္ချိုင်းဂူများထဲမှာ သူတို့ရဲ့ပိုင်ရှင်များရဲ့ ဘေးမှာ သဂြိုဟ်ခံခဲ့ကြရတယ်။ အီဂျစ် သင်္ဘောကြောင်တွေဟာ နိုင်းမြစ် တစ်လျှောက် ကင်းလှည့်ခဲ့ကြလို့ အဆိပ်ပြင်းတဲ့ မြစ်ထဲက မြွေတွေကို ပင်လယ်ကွေ့မှာ ထိန်းပေးခဲ့ကြတယ်။ နောက်မှာ ပိုကြီးတဲ့ သင်္ဘောတွေပေါ် တက်လိုက်လာကြခြင်းဖြင့် ၎င်းတို့ဟာလည်း ဆိပ်ကမ်း တစ်ခုမှ တစ်ခုသို့ ရွှေ့ပြောင်းလာကြတယ်။ ရောမအင်ပါယာ ခေတ်တုန်းက အိန္ဒိယနဲ့ အီဂျစ် အကြားမှာ သွားလာနေကြတဲ့ သင်္ဘောတွေဟာ ဗဟိုအာရှမှ F. s. ornata ကြောင်ရိုင်းတွေ ကိုပါ သယ်ဆောင်လာခဲ့ကြတယ်။ ရာစုနှစ်ချီ ကြာလာလို့ ခေတ်လယ်ပိုင်းမှာ အီဂျစ်ကြောင်များဟာ ဘောလ်တစ် ပင်လယ်ဆီကို ဗိုက်ကင်းသင်္ဘောသားများနဲ့ ခရီးထွက်ခဲ့ကြတယ်။ အနီးပိုင်း အရှေ့ဒေသနဲ့ မြောက် အာဖရိက တောင်ရိုင်းများဟာ အဲဒီအချိန်မှာ ယာဉ်ပါးနေကြပြီ ဖြစ်ပုံရလျက် ဥပရာပ တစ်ဝမ်းမှာ သွားလာနေကြပြီး နောက်ဆုံးမှာတော့ သြစတြေးလျနဲ့ အမေရိကတိုက်သို့ ကူးသွားခဲ့ကြပါတယ်။ ဒီနေ့ ကြောင်များကို လိုက်ကြည့်ရင် အများစုတို့ဟာ အနီးပိုင်း အရှေ့ဒေသ သို့မဟုတ် F.s.lybica အီဂျစ် အမျိုးမှ ဆင်းသက်ခဲ့ကြတာပါ။ ကြောင်တွေရဲ့ ဗီဇရင်းမြစ်များနဲ့ မျက်မှောက် ကြောင်များရဲ့ အဆင်ကို ကြည့်ရခြင်းအားဖြင့် ရာစုနှစ်နဲ့ချီပြီး မျိုးစပ်လာခဲ့ကြတဲ့ ခွေးတွေနဲ့မတူဘဲ မျက်မှောက်ခေတ် ကြောင်တွေဟာ မျိုရိုးဗီဇအရ ရှေးခေတ်ကြောင်တွေနဲ့ သိပ်ကို ဆင်တူကြပါတယ်။ ၎င်းတို့ကို လူတွေနဲ့ ဆက်ဆံလာစေရန်နဲ့ အိမ်မှာ မွေးရန် လုပ်နိုင်ခဲ့တာက လွဲလို့ ၎င်းတို့ရဲ့ သဘာဝ ပြုမူပုံကိုတော့ နည်းနည်းလေးသာ ပြောင်းလဲနိုင်ခဲ့ပါတယ်။ တနည်းပြောရရင်၊ ဒီနေ့ ကြောင်တွေဟာ ထာဝရ တိရိစ္ဆာန် အရိုင်းတွေ ဖြစ်နေကြတုန်းပါပဲ။ မကြောက်မရွံ အမဲလိုက်သူတွေ၊ ကျုပ်တို့ကို သူတို့ရဲ့ ပိုင်ရှင်များရယ်လို့ မမြင်ပါဘူး။ ကျွန်ုပ်တို့ အတူနေတဲ့ သမိုင်းက ကြာလှပြီ ဆိုတော့ သူတို့ မမှားကြဘူးနဲ့ တူပါတယ်။