~ jazzy music ~
ကျွန်တော်တို့ Vatican ပြတိုက်မှာပါ
အခု မြင်နေရတာက အနောက်တိုင်းယဉ်ကျေးမှုမှာ
အအောင်မြင်ဆုံး လက်ရာတွေထဲက တစ်ခုပေါ့
ဒါကတော့ Apoxyomenos the "Scraper" ဆိုတဲ့
ပန်းပု ရုပ်ထုကြီးပါ
[Beth] နာမည်ကြော် ရှေးခေတ်
ဂရိပန်းပု ပညာရှင်Lysippos လက်ရာပေါ့
ရှေးခေတ် ရောမ ပုံတူ ရုပ်ထု တစ်ခု ပါ
[Steven] ဒီ ဗီဒီယိုမှာ ဘာပြောမှာ လဲဆိုတော့
နာမည်ကြီး ဂရိပန်းပု ပညာရှင် ဖန်တီးထားတဲ့
ဒီလို လက်ရာက
ရောမမှာရှိတဲ့ဗာတီကန်နယ်မြေထဲမှာ
ရောမရုပ်ထုအဖြစ်
၁ရာစု၊၂ရာစု၊၃ရာစုနှစ်တွေမှာ
အဆုံးသတ်ခဲ့ပါတယ်။
ရောမလူမျိုးတွေက ဂရိကို အနိုင်ရရုံသာမက
ဂရိရဲ့နယ်မြေတွေအများအပြားကို
သိမ်းပိုက်ခဲ့ပြီး
စစ်နိုင်လာတဲ့ ရောမ စစ်ဗိုလ်ချုပ်ကြီးတွေက
ဂရိ ပန်းပုရုပ်ထုကြီးတွေ၊ ပန်းချီကားတွေနဲ့
ဗိသုကာလက်ရာ အပိုင်းအစတွေကို
သယ်ဆောင်လာကြတယ်
[Beth]ရောမတွေကစစ်အတွင်းမှာနိုင်လာတဲ့
ပစ္စည်းတွေကို
သုတ်ပြေးတဲ့နေရာမှာတော်မနေပါဘူး။
ဒါအတွက်သာဓကဟောင်း
တွေရှိခဲ့ပါတယ်။
ဒါပေမယ့်ရောမတွေကဂရိကိုရင်ဆိုင်ခဲ့ပြီး
သူတို့ရဲ့အနုပညာတွေကို
ရောမမြို့ဆီပြန်သယ်ဆောင်လာချိန်မှာတော့
ဒီအရာကသူတို့အတွက်အတွေ့အကြုံအပြောင်းအလဲ
ဖြစ်ခဲ့ပါတယ်။
တကယ်တော့ ဟောရေ့စ်ဆိုသူက
ရောမတွေကဂရိကိုအောင်နိုင်ခဲ့ပေမယ့်
ဂရိတွေကယဉ်ကျေးမှုအားဖြင့်
ရောမကိုအောင်နိုင်ပြီးသားဖြစ်တယ်လို့
ရေးသားခဲ့ဖူးပါတယ်။
[Steven]ဒါက ရောမတွေကသူတို့ကိုယ်သူတို့
ကြီးကျယ်ခမ်းနားတဲ့ဉာဏ်ပညာဓလေ့ကို
အမွေဆက်ခံသူလို့ထင်နေကြတဲ့အပေါ်အမှတ်အသား
လုပ်လိုက်ခြင်းဖြစ်တယ်။
[Beth] ဒါဟာရှေးဟောင်းရောမတွေရဲ့လက်ရှိ
အခြေအနေတွေနဲ့ကွာခြားပုံပေါ်တဲ့
ဇိမ်ခံပစ္စည်းတစ်မျိုး၊အရည်အချင်းပြည့်ဝတဲ့
ယဉ်ကျေးမှုဆိုင်ရာခန့်ညားထည်ဝါမှုအဖြစ်
လက္ခဏာဆောင်ဖော်ပြလိုက်တာဖြစ်ပါတယ်။
[Steven]ဒါဆိုရင်ဒီကိစ္စကဘယ်လိုဖြစ်လာလဲ
ဆိုတာဆက်ကြည့်ရအောင်။
ရောမကဂရိအပိုင်နယ်မြေမြို့တစ်မြို့(သို့)
ဂရိနဲ့နှီးနွယ်နေတဲ့မဟာမိတ်နယ်မြေလေးတစ်ခု
ကိုသိမ်းပိုက်နိုင်ခဲ့ပြီး
မကြာခင်မှာပဲတန်ဖိုးရှိတယ်လို့ယူဆတဲ့
သွင်းကုန်တွေကို
သင်္ဘောတွေပေါ်တင်ပြီးရောမမြို့တော်ဆီကို
မြို့ပတ်အောင်ပွဲခံချီတက်လှည့်လည်
ပြသဖို့အတွက်
သယ်ဆောင်လာခဲ့တယ်။
[Beth]ထိုအောင်မြင်မှုကစစ်ပွဲနိုင်
ဗိုလ်ချုပ်အတွက်
သူတို့ရဲ့စစ်တပ်အောင်ပွဲမှတ်တိုင်အဖြစ်
သယ်ဆောင်လာခဲ့တဲ့
တန်ဖိုးကြီးပစ္စည်းတွေကို
ခင်းကျင်းပြသဖို့
အခွင့်အရေးတစ်ရပ်ဖြစ်ခဲ့တယ်
ပြီးတော့ဒါကရောမမြို့ကနေမှအဝေးကြီး
မသွားဖူးတဲ့
မြို့သူမြို့သားတွေကို
ကြီးကျယ်လှတဲ့ရောမစစ်တပ်၏သိမ်းပိုက်ခံနယ်မြေတွေရဲ့
ကြွယ်ဝချမ်းသာမှုနဲ့အင်အားတွေကို
မြင်သာအောင်ပြသလိုက်တာလဲဖြစ်ပါတယ်။
[Steven]အောင်ပွဲခံပြီးတာနဲ့
အလွန့်အလွန်များပြားလှတဲ့
ဥစ္စာပစ္စည်းတွေကိုမြို့တော်ရဲ့
မတူညီတဲ့နေရာတိုင်းမှာလူထုအားရှုစေဖို့
ပြသခဲ့ပါတယ်။သို့သော်
မြို့တော်
ရုံးစိုက်ရာနယ်ဘေးဖက်ရှိ
Temple of Peaceတွင်ထင်ရှားစွာပြသခဲ့ပါတယ်။
ရှေးဟောင်းရောမတွေမှာပြတိုက်သီးသန့်တွေမရှိခဲ့ပါဘူး
ဒါပေမယ့်Temple of Peaceလိုနေရာမျိုးတွေက
သူတို့ရဲ့ရှေးဦးပထမပြတိုက်ဖြစ်လာခဲ့ပါတယ်။
ဂရိနဲ့ပတ်သက်တဲ့ဤပစ္စည်းတွေကမူလက
ဘာသာရေးဆိုင်ရာ(သို့)မြို့တော်
ဆိုင်ရာနေရာများအတွက်သာအသုံးပြုခဲ့ပါတယ်။
သို့ရာတွင်