~ jazzy music ~ ကျွန်တော်တို့ Vatican ပြတိုက်မှာပါ အခု မြင်နေရတာက အနောက်တိုင်းယဉ်ကျေးမှုမှာ အအောင်မြင်ဆုံး လက်ရာတွေထဲက တစ်ခုပေါ့ ဒါကတော့ Apoxyomenos the "Scraper" ဆိုတဲ့ ပန်းပု ရုပ်ထုကြီးပါ [Beth] နာမည်ကြော် ရှေးခေတ် ဂရိပန်းပု ပညာရှင်Lysippos လက်ရာပေါ့ ရှေးခေတ် ရောမ ပုံတူ ရုပ်ထု တစ်ခု ပါ [Steven] ဒီ ဗီဒီယိုမှာ ဘာပြောမှာ လဲဆိုတော့ နာမည်ကြီး ဂရိပန်းပု ပညာရှင် ဖန်တီးထားတဲ့ ဒီလို လက်ရာက ရောမမှာရှိတဲ့ဗာတီကန်နယ်မြေထဲမှာ ရောမရုပ်ထုအဖြစ် ၁ရာစု၊၂ရာစု၊၃ရာစုနှစ်တွေမှာ အဆုံးသတ်ခဲ့ပါတယ်။ ရောမလူမျိုးတွေက ဂရိကို အနိုင်ရရုံသာမက ဂရိရဲ့နယ်မြေတွေအများအပြားကို သိမ်းပိုက်ခဲ့ပြီး စစ်နိုင်လာတဲ့ ရောမ စစ်ဗိုလ်ချုပ်ကြီးတွေက ဂရိ ပန်းပုရုပ်ထုကြီးတွေ၊ ပန်းချီကားတွေနဲ့ ဗိသုကာလက်ရာ အပိုင်းအစတွေကို သယ်ဆောင်လာကြတယ် [Beth]ရောမတွေကစစ်အတွင်းမှာနိုင်လာတဲ့ ပစ္စည်းတွေကို သုတ်ပြေးတဲ့နေရာမှာတော်မနေပါဘူး။ ဒါအတွက်သာဓကဟောင်း တွေရှိခဲ့ပါတယ်။ ဒါပေမယ့်ရောမတွေကဂရိကိုရင်ဆိုင်ခဲ့ပြီး သူတို့ရဲ့အနုပညာတွေကို ရောမမြို့ဆီပြန်သယ်ဆောင်လာချိန်မှာတော့ ဒီအရာကသူတို့အတွက်အတွေ့အကြုံအပြောင်းအလဲ ဖြစ်ခဲ့ပါတယ်။ တကယ်တော့ ဟောရေ့စ်ဆိုသူက ရောမတွေကဂရိကိုအောင်နိုင်ခဲ့ပေမယ့် ဂရိတွေကယဉ်ကျေးမှုအားဖြင့် ရောမကိုအောင်နိုင်ပြီးသားဖြစ်တယ်လို့ ရေးသားခဲ့ဖူးပါတယ်။ [Steven]ဒါက ရောမတွေကသူတို့ကိုယ်သူတို့ ကြီးကျယ်ခမ်းနားတဲ့ဉာဏ်ပညာဓလေ့ကို အမွေဆက်ခံသူလို့ထင်နေကြတဲ့အပေါ်အမှတ်အသား လုပ်လိုက်ခြင်းဖြစ်တယ်။