(ဂျက်ဇ်သီချင်းသံ) ကျွန်တော်တို့ Vatican ပြတိုက်မှာပါ အခု မြင်နေရတာက အနောက်တိုင်းယဉ်ကျေးမှုမှာ အအောင်မြင်ဆုံး လက်ရာတွေထဲက တစ်ခုပေါ့ ဒါကတော့ Apoxyomenos the "Scraper" ဆိုတဲ့ ပန်းပုရုပ်ထုကြီးပါ [Beth] နာမည်ကျော်ရှေးခေတ် ဂရိပန်းပု ပညာရှင်Lysipposလက်ရာပေါ့။ ရှေးခေတ်ရောမပုံတူရုပ်ထုတစ်ခုပါ။ [Steven] ဒီဗီဒီယိုမှာဘာပြောမှာလဲဆိုတော့ နာမည်ကြီးဂရိပန်းပုပညာရှင်ဖန်တီးထားတဲ့ ဒီလိုလက်ရာက ရောမမှာရှိတဲ့ဗာတီကန်နယ်မြေထဲမှာ ရောမရုပ်ထုအဖြစ် ၁ရာစု၊၂ရာစု၊၃ရာစုနှစ်တွေမှာ အဆုံးသတ်ခဲ့ပါတယ်။ ရောမလူမျိုးတွေကဂရိကိုအနိုင်ရရုံသာမက ဂရိရဲ့နယ်မြေတွေအများအပြားကို သိမ်းပိုက်ခဲ့ပြီး စစ်နိုင်လာတဲ့ရောမစစ်ဗိုလ်ချုပ်ကြီးတွေက ဂရိ ပန်းပုရုပ်ထုကြီးတွေ၊ပန်းချီကားတွေနဲ့ ဗိသုကာလက်ရာအပိုင်းအစတွေကို သယ်ဆောင်လာကြတယ်။ [Beth]ရောမတွေကစစ်အတွင်းမှာနိုင်လာတဲ့ ပစ္စည်းတွေကိုယူဆောင်တဲ့နေရာမှာ တော်တဲ့သူတွေတော့မဟုတ်ပါဘူး ဒါအတွက်သာဓကဟောင်း တွေရှိခဲ့ပါတယ်။ ဒါပေမယ့်ရောမတွေကဂရိကိုရင်ဆိုင်ခဲ့ပြီး သူတို့ရဲ့အနုပညာတွေကို ရောမမြို့ဆီပြန်သယ်ဆောင်လာချိန်မှာတော့ ဒီအရာကသူတို့အတွက်အတွေ့အကြုံအပြောင်းအလဲ ဖြစ်ခဲ့ပါတယ်။ တကယ်တော့ ဟောရေ့စ်ဆိုသူက ရောမတွေကဂရိကိုအောင်နိုင်ခဲ့ပေမယ့် ဂရိတွေကယဉ်ကျေးမှုအားဖြင့် ရောမကိုအောင်နိုင်ပြီးသားဖြစ်တယ်လို့ ရေးသားခဲ့ဖူးပါတယ်။ [Steven]ဒါက ရောမတွေကသူတို့ကိုယ်သူတို့ ကြီးကျယ်ခမ်းနားတဲ့ဉာဏ်ပညာဓလေ့ကို အမွေဆက်ခံသူလို့ထင်နေကြတဲ့အပေါ်အမှတ်အသား လုပ်လိုက်ခြင်းဖြစ်တယ်။ [Beth] ဒါဟာရှေးဟောင်းရောမတွေရဲ့လက်ရှိ အခြေအနေတွေနဲ့ကွာခြားပုံပေါ်တဲ့ ဇိမ်ခံပစ္စည်းတစ်မျိုး၊အရည်အချင်းပြည့်ဝတဲ့ ယဉ်ကျေးမှုဆိုင်ရာခန့်ညားထည်ဝါမှုအဖြစ် လက္ခဏာဆောင်ဖော်ပြလိုက်တာဖြစ်ပါတယ်။ [Steven]ဒါဆိုရင်ဒီကိစ္စကဘယ်လိုဖြစ်လာလဲ ဆိုတာဆက်ကြည့်ရအောင်။ ရောမကဂရိအပိုင်နယ်မြေမြို့တစ်မြို့(သို့) ဂရိနဲ့နှီးနွယ်နေတဲ့မဟာမိတ်နယ်မြေလေးတစ်ခု ကိုသိမ်းပိုက်နိုင်ခဲ့ပြီး မကြာခင်မှာပဲတန်ဖိုးရှိတယ်လို့ယူဆတဲ့ သွင်းကုန်တွေကို သင်္ဘောတွေပေါ်တင်ပြီးရောမမြို့တော်ဆီကို မြို့ပတ်အောင်ပွဲခံချီတက်လှည့်လည် ပြသဖို့အတွက် သယ်ဆောင်လာခဲ့တယ်။ [Beth]ထိုအောင်မြင်မှုကစစ်ပွဲနိုင် ဗိုလ်ချုပ်အတွက် သူတို့ရဲ့စစ်တပ်အောင်ပွဲမှတ်တိုင်အဖြစ် သယ်ဆောင်လာခဲ့တဲ့ တန်ဖိုးကြီးပစ္စည်းတွေကို ခင်းကျင်းပြသဖို့ အခွင့်အရေးတစ်ရပ်ဖြစ်ခဲ့တယ် ပြီးတော့ဒါကရောမမြို့ကနေမှအဝေးကြီး မသွားဖူးတဲ့ မြို့သူမြို့သားတွေကို ကြီးကျယ်လှတဲ့ရောမစစ်တပ်၏သိမ်းပိုက်ခံနယ်မြေတွေရဲ့ ကြွယ်ဝချမ်းသာမှုနဲ့အင်အားတွေကို မြင်သာအောင်ပြသလိုက်တာလဲဖြစ်ပါတယ်။ [Steven]အောင်ပွဲခံပြီးတာနဲ့ အလွန့်အလွန်များပြားလှတဲ့ ဥစ္စာပစ္စည်းတွေကိုမြို့တော်ရဲ့ မတူညီတဲ့နေရာတိုင်းမှာလူထုအားရှုစေဖို့ ပြသခဲ့ပါတယ်။သို့သော် မြို့တော် ရုံးစိုက်ရာနယ်ဘေးဖက်ရှိ Temple of Peaceတွင်ထင်ရှားစွာပြသခဲ့ပါတယ်။ ရှေးဟောင်းရောမတွေမှာပြတိုက်သီးသန့်တွေမရှိခဲ့ပါဘူး ဒါပေမယ့်Temple of Peaceလိုနေရာမျိုးတွေက သူတို့ရဲ့ရှေးဦးပထမပြတိုက်ဖြစ်လာခဲ့ပါတယ်။ ဂရိနဲ့ပတ်သက်တဲ့ဤပစ္စည်းတွေကမူလက ဘာသာရေးဆိုင်ရာ(သို့)မြို့တော် ဆိုင်ရာနေရာများအတွက်သာအသုံးပြုခဲ့ပါတယ်။ သို့ရာတွင်ရောမများကဂရိတို့ရဲ့မူလ ရည်ရွယ်ချက်မှသွေဖယ်ကာ ထိုလက်ရာများကိုအနုသုခုမပစ္စည်းများ ဇိမ်ခံအလှပြပစ္စည်းများအဖြစ်အသွင် ပြောင်းခဲ့သည်။ [Beth]ထိုလက်ရာတွေလုယူခံရချိန်မှာ ရှေးဟောင်းကာလမှာဖြစ်စေလက်ရှိကာလမှာ ဖြစ်စေ သူတို့ရဲ့မူလအဓိပ္ပာယ်ပျောက်ကွယ်သွားပါတယ်။ [Steven]the Apoxyomenosဟာပြီးပြည့်စုံတဲ့ သာဓကဖြစ်ပါတယ် ကျွန်တော်တို့ကသူ့ရဲ့မူလတည်နေရာကိုမသိရဘူး ထိုအရာကိုစာပေတွေထဲမှာရောဘယ်အထောက်အထား တွေကမှ ဘယ်နေရာမှာတည်ရှိခဲ့ပါတယ်ဆိုတာမဖော်ပြထားဘူး သိရတာကတော့ရောမတွေယူလာလို့ ဒီကိုရောက်လာတယ်ဆိုတာပဲ ဒါပေမယ့်သတိထားကြည့်မယ်ဆိုရင် ရောမတွေယူလာတယ်လို့ပြောတဲ့နေရာမှာ သူတို့ကမူလကြေးသတ္တုကို ဂရိအနုပညာအား မြတ်နိုးစိတ်ကြောင့် ယူလာခြင်းဖြစ်တယ်။ နောက်ဆုံးထိုလက်ရာရဲ့ပုံတူများစွာ ပေါ်လာခဲ့တယ်။ များစွာအနက်အလှပဆုံးကတော့ ဤဗာတီကန်ပြတိုက်ထဲမှာပါ။ the Apoxyomenosကိုရောမသို့ စစ်နိုင်ဆုလာဘ်အဖြစ် ယူလာပြီးAgrippaဆိုသူက သူဆောက်ခဲ့တဲ့အများသုံးရေချိုးဆောင်ရှေ့မှာ တည်ထားခဲ့တယ်။ [Steven}ရောမပြည်သူတွေနှစ်သက်ကြတဲ့ ပန်းပုကတော့Agrippaရေချိုးဆောင်မှာ တည်ရှိခဲ့ပါတယ်။ ရေချိုးဆောင်တွေကမရှိမဖြစ်လိုအပ်တဲ့ အများသုံးနေရာတွေဖြစ်ခဲ့သလို ရှေးဟောင်းဂရိပန်းပုရုပ်ထုတွေကို သာမာန်ပြည်သူတွေ မြင်နိုင်တဲ့နေရာဖြစ်ခဲ့ပါတယ် [Beth]ဒါကြောင့်Agrippaရဲ့လုပ်ရပ်က ရက်ရောတယ်လို့ဆိုလိုလို့ရပါတယ်။ သူ့လုပ်ရပ်ဟာယခုခေတ်ပုဂ္ဂလိကစုဆောင်းသူက အများပြည်သူရှုမြင်ခံစားရအောင် ပြတိုက်ထံလှူဒါန်းသကဲ့သို့ ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ [Steven]ဒါ့ကြောင့်Tiberiusဘုရင်ကဤလက်ရာကို ရေချိုးဆောင်မှသူ့ကိုယ်ပိုင် အိမ်တော်သို့ အိပ်ခန်းထဲထည့်ထားရန် ယူခဲ့ချိန် လူထုဒေါသကိုပုံဖော်ကြည့်ကြည့်ပါ။ [Beth]PlincyကLysipposဟာတခြားသော အနုပညာရှင်တွေထက်ရုပ်ထုများ ပိုဖန်တီးခဲ့ပြီးအနုပညာနယ်ပယ်မှာ အထင်ရှားဖြစ်တယ်လို့ပြောထားပါတယ်။ အားလုံးထဲမှာတော့MarcusAgrippaက သူ့ရေချိုးဆောင် အရှေ့ဖက်မှာတည်ထားတဲ့လူတစ်ယောက်က ခန္ဓာကိုယ်ခြစ်တံအသုံးပြုနေတဲ့ရုပ်ထုက ဆန်းကြယ်စွာနဲ့Emperor Tiberiusကို စိတ်ကျေနပ်သဘောကျမှုပေးခဲ့တယ်။ ဧကရာဇ်ကထိုဆွဲဆောင်မှုကို မတောင့်ခံနိုင်တော့ဘဲ ၎င်းရဲ့အိပ်ခန်းထဲအားထိုရုပ်ထုကို ရွှေ့လိုက်ကာ ရေချိုးခန်းအတွက်ကိုအခြားရုပ်ထုတစ်ခုနဲ့ အစားထိုးခဲ့တယ်။ သို့သော်လည်းပြည်သူတွေကထိုကိစ္စကို လုံးဝသဘောမတူကြဘဲ Apoxyomenosကိုပြန်လာထားပေးဖို့ပြဇာတ်ရုံမှာ ပွက်ပွက်ညံအောင်တောင်းဆိုခဲ့ကြတယ်။ ဧကရာဇ်ကလည်းသူ့ဆန္ဒကိုလျစ်လျုရှုပြီး ရေချိုးဆောင်မှာပြန်လည်ထားပေးလိုက်ရတယ်။ [Steven]ဒါဆိုရင်လူထုရဲ့အမြင်က အရမ်းကိုကျယ်လောင်ခဲ့ကာ ဧကရာဇ်ကတောင်ပြည်သူတွေဆန္ဒကို သဘောတူခဲ့တာက ပန်းပုရုပ်တွေကကိုယ်ပိုင်ပစ္စည်းနဲ့ ပြည်သူပိုင်ပစ္စည်းကို ပိုင်းခြားသိမြင်လာအောင် ပြုလုပ်ပေးနိုင်တဲ့အင်အားရှိပါတယ်။ [Beth]ဒီကိစ္စကတော့Catoနဲ့Ciceroလိုမျိုး စစ်နိုင်ပစ္စည်းတွေကို ပြည်သူတွေနဲ့လည်းသက်ဆိုင်တယ်ဆိုတဲ့ အမြင်ကိုယုံကြည်တဲ့သူနဲ့ထိုပစ္စည်းတွေကို သူတို့ရဲ့ကိုယ်ပိုင်ပိုင်ဆိုင်မှုအတွက်သာ အသုံးပြုချင်တဲ့လူတွေကြားဖြစ်ပေါ်လာတဲ့ ရောမမှာရေရှည်တည်တံ့နေတဲ့ အငြင်းပွားမှုတွေရဲ့ အစိတ်အပိုင်းတစ်ခုမျှသာဖြစ်ပါတယ်။ [Steven]ဒီအငြင်းပွားမှုကိစ္စတွေက ယနေ့ထိအရေးကြီးနေဆဲပါ။ ယနေ့ခေတ်ပြတိုက်တွေမှာ မတူညီတဲ့ဒေသတွေကလာတဲ့ လက်ရာပစ္စည်းတွေနဲ့ဖြည့်သွင်းထားပြီး ယင်းအနက်အများအပြားကတော့ ဖောက်ထွင်းခိုးယူခံခဲ့ရပါတယ်။ ပြတိုက်တွေကအခုဆိုရင် သူတို့ရဲ့စုဆောင်းမှုတွေကိုစိစစ်ရင်း အချို့ကိုတော့သူတို့ရဲ့မူလနိုင်ငံသို့ ပြန်ပို့သင့်လားဆိုတာစဉ်းစားနေကြပါတယ်။ ဘာလို့လဲဆိုတော့ပြတိုက်ကို ယူဆောင်လာတဲ့အချိန်မှာ သူတို့ရဲ့နဂိုမူလအနက်အဓိပ္ပာယ်က ပျောက်ကွယ်သွားပြီး တခြားသောအဓိပ္ပာယ်တစ်ခုကို လုံးလုံးပြောင်းလဲခြင်းခံလိုက်ရလို့ပါ။ [Beth]ရောမတွေကသူတို့လက်အောက်ခံ စစ်ရှုံးပြည်သူတွေအပေါ် ကရုဏာတရားမရှိတာတော့ မဟုတ်ပါဘူး။ LivyဆိုသူကSyracuseဘုရင်အကြောင်းကို အခုလိုကရုဏာသက်စွာရေးခဲ့ဖူးတယ်။ တကယ်လို့ထိုဘုရင်သာသူ့ရဲ့တစ်ဝက်လောက် ဖျက်ဆီးလုယက်ခံလိုက်ရတဲ့ Syracuseလို့ပဲအမည်တပ်ရမလား Romeလို့ပြောင်းလဲခေါ်ရမလားမသိဖြစ်နေတဲ့ အဖနိုင်ငံတော်ကိုကြည့်ပြီး လက်အောက်ခံနိုင်ငံအဖြစ်ကနေ ပုန်ကန်ခဲ့မယ်ဆိုရင် Romeမြို့ရိုးဝင်ပေါက်နားလေးကို စဝင်လာတာနဲ့တောင် သူ့နိုင်ငံဖျက်ဆီးခံလိုက်ရမှာကို မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရလိမ့်မယ်။ [Steven]ဒါဆိုရင်၂၁ရာစုဗာတီကန်မှာပြသထားတဲ့ the Apoxyomenosကိုကြည့်တဲ့အခါမှာ ကျွန်တော်တို့ကယေဘုယျအားဖြင့် ရှေးဟောင်းဂရိလူမျိုးတွေရဲ့ စံပြအနုပညာအဖြစ်နဲ့သာမြင်တတ်ကြပြီး ဒီပန်းပုတွေကဘယ်လိုမျိုးလုယက်ခံခဲ့ရတယ်၊ ရောမတွေရဲ့အပိုင်ယူ၊ကူးယူခြင်းခံခဲ့ရကာ ဒီနေရာမှာအဆုံးသတ်ခဲ့တယ်ဆိုတဲ့ ရှုပ်ထွေးတဲ့ဇာတ်ကြောင်းကို မကြာခဏမေ့နေတတ်ကြတယ်။(ဂျက်ဇ်သီချင်းသံ)