(ဂျက်ဇ်သီချင်းသံ)
ကျွန်တော်တို့ Vatican ပြတိုက်မှာပါ
အခု မြင်နေရတာက အနောက်တိုင်းယဉ်ကျေးမှုမှာ
အအောင်မြင်ဆုံး လက်ရာတွေထဲက တစ်ခုပေါ့
ဒါကတော့ Apoxyomenos the "Scraper" ဆိုတဲ့
ပန်းပုရုပ်ထုကြီးပါ
[Beth] နာမည်ကျော်ရှေးခေတ်
ဂရိပန်းပု ပညာရှင်Lysipposလက်ရာပေါ့။
ရှေးခေတ်ရောမပုံတူရုပ်ထုတစ်ခုပါ။
[Steven] ဒီဗီဒီယိုမှာဘာပြောမှာလဲဆိုတော့
နာမည်ကြီးဂရိပန်းပုပညာရှင်ဖန်တီးထားတဲ့
ဒီလိုလက်ရာက
ရောမမှာရှိတဲ့ဗာတီကန်နယ်မြေထဲမှာ
ရောမရုပ်ထုအဖြစ်
၁ရာစု၊၂ရာစု၊၃ရာစုနှစ်တွေမှာ
အဆုံးသတ်ခဲ့ပါတယ်။
ရောမလူမျိုးတွေကဂရိကိုအနိုင်ရရုံသာမက
ဂရိရဲ့နယ်မြေတွေအများအပြားကို
သိမ်းပိုက်ခဲ့ပြီး
စစ်နိုင်လာတဲ့ရောမစစ်ဗိုလ်ချုပ်ကြီးတွေက
ဂရိ ပန်းပုရုပ်ထုကြီးတွေ၊ပန်းချီကားတွေနဲ့
ဗိသုကာလက်ရာအပိုင်းအစတွေကို
သယ်ဆောင်လာကြတယ်။
[Beth]ရောမတွေကစစ်အတွင်းမှာနိုင်လာတဲ့
ပစ္စည်းတွေကိုယူဆောင်တဲ့နေရာမှာ
တော်တဲ့သူတွေတော့မဟုတ်ပါဘူး
ဒါအတွက်သာဓကဟောင်း
တွေရှိခဲ့ပါတယ်။
ဒါပေမယ့်ရောမတွေကဂရိကိုရင်ဆိုင်ခဲ့ပြီး
သူတို့ရဲ့အနုပညာတွေကို
ရောမမြို့ဆီပြန်သယ်ဆောင်လာချိန်မှာတော့
ဒီအရာကသူတို့အတွက်အတွေ့အကြုံအပြောင်းအလဲ
ဖြစ်ခဲ့ပါတယ်။
တကယ်တော့ ဟောရေ့စ်ဆိုသူက
ရောမတွေကဂရိကိုအောင်နိုင်ခဲ့ပေမယ့်
ဂရိတွေကယဉ်ကျေးမှုအားဖြင့်
ရောမကိုအောင်နိုင်ပြီးသားဖြစ်တယ်လို့
ရေးသားခဲ့ဖူးပါတယ်။
[Steven]ဒါက ရောမတွေကသူတို့ကိုယ်သူတို့
ကြီးကျယ်ခမ်းနားတဲ့ဉာဏ်ပညာဓလေ့ကို
အမွေဆက်ခံသူလို့ထင်နေကြတဲ့အပေါ်အမှတ်အသား
လုပ်လိုက်ခြင်းဖြစ်တယ်။
[Beth] ဒါဟာရှေးဟောင်းရောမတွေရဲ့လက်ရှိ
အခြေအနေတွေနဲ့ကွာခြားပုံပေါ်တဲ့
ဇိမ်ခံပစ္စည်းတစ်မျိုး၊အရည်အချင်းပြည့်ဝတဲ့
ယဉ်ကျေးမှုဆိုင်ရာခန့်ညားထည်ဝါမှုအဖြစ်
လက္ခဏာဆောင်ဖော်ပြလိုက်တာဖြစ်ပါတယ်။
[Steven]ဒါဆိုရင်ဒီကိစ္စကဘယ်လိုဖြစ်လာလဲ
ဆိုတာဆက်ကြည့်ရအောင်။
ရောမကဂရိအပိုင်နယ်မြေမြို့တစ်မြို့(သို့)
ဂရိနဲ့နှီးနွယ်နေတဲ့မဟာမိတ်နယ်မြေလေးတစ်ခု
ကိုသိမ်းပိုက်နိုင်ခဲ့ပြီး
မကြာခင်မှာပဲတန်ဖိုးရှိတယ်လို့ယူဆတဲ့
သွင်းကုန်တွေကို
သင်္ဘောတွေပေါ်တင်ပြီးရောမမြို့တော်ဆီကို
မြို့ပတ်အောင်ပွဲခံချီတက်လှည့်လည်
ပြသဖို့အတွက်
သယ်ဆောင်လာခဲ့တယ်။
[Beth]ထိုအောင်မြင်မှုကစစ်ပွဲနိုင်
ဗိုလ်ချုပ်အတွက်
သူတို့ရဲ့စစ်တပ်အောင်ပွဲမှတ်တိုင်အဖြစ်
သယ်ဆောင်လာခဲ့တဲ့
တန်ဖိုးကြီးပစ္စည်းတွေကို
ခင်းကျင်းပြသဖို့
အခွင့်အရေးတစ်ရပ်ဖြစ်ခဲ့တယ်
ပြီးတော့ဒါကရောမမြို့ကနေမှအဝေးကြီး
မသွားဖူးတဲ့
မြို့သူမြို့သားတွေကို
ကြီးကျယ်လှတဲ့ရောမစစ်တပ်၏သိမ်းပိုက်ခံနယ်မြေတွေရဲ့
ကြွယ်ဝချမ်းသာမှုနဲ့အင်အားတွေကို
မြင်သာအောင်ပြသလိုက်တာလဲဖြစ်ပါတယ်။
[Steven]အောင်ပွဲခံပြီးတာနဲ့
အလွန့်အလွန်များပြားလှတဲ့
ဥစ္စာပစ္စည်းတွေကိုမြို့တော်ရဲ့
မတူညီတဲ့နေရာတိုင်းမှာလူထုအားရှုစေဖို့
ပြသခဲ့ပါတယ်။သို့သော်
မြို့တော်
ရုံးစိုက်ရာနယ်ဘေးဖက်ရှိ
Temple of Peaceတွင်ထင်ရှားစွာပြသခဲ့ပါတယ်။
ရှေးဟောင်းရောမတွေမှာပြတိုက်သီးသန့်တွေမရှိခဲ့ပါဘူး
ဒါပေမယ့်Temple of Peaceလိုနေရာမျိုးတွေက
သူတို့ရဲ့ရှေးဦးပထမပြတိုက်ဖြစ်လာခဲ့ပါတယ်။
ဂရိနဲ့ပတ်သက်တဲ့ဤပစ္စည်းတွေကမူလက
ဘာသာရေးဆိုင်ရာ(သို့)မြို့တော်
ဆိုင်ရာနေရာများအတွက်သာအသုံးပြုခဲ့ပါတယ်။
သို့ရာတွင်ရောမများကဂရိတို့ရဲ့မူလ
ရည်ရွယ်ချက်မှသွေဖယ်ကာ
ထိုလက်ရာများကိုအနုသုခုမပစ္စည်းများ
ဇိမ်ခံအလှပြပစ္စည်းများအဖြစ်အသွင်
ပြောင်းခဲ့သည်။
[Beth]ထိုလက်ရာတွေလုယူခံရချိန်မှာ
ရှေးဟောင်းကာလမှာဖြစ်စေလက်ရှိကာလမှာ
ဖြစ်စေ
သူတို့ရဲ့မူလအဓိပ္ပာယ်ပျောက်ကွယ်သွားပါတယ်။
[Steven]the Apoxyomenosဟာပြီးပြည့်စုံတဲ့
သာဓကဖြစ်ပါတယ်
ကျွန်တော်တို့ကသူ့ရဲ့မူလတည်နေရာကိုမသိရဘူး
ထိုအရာကိုစာပေတွေထဲမှာရောဘယ်အထောက်အထား
တွေကမှ
ဘယ်နေရာမှာတည်ရှိခဲ့ပါတယ်ဆိုတာမဖော်ပြထားဘူး
သိရတာကတော့ရောမတွေယူလာလို့
ဒီကိုရောက်လာတယ်ဆိုတာပဲ
ဒါပေမယ့်သတိထားကြည့်မယ်ဆိုရင်
ရောမတွေယူလာတယ်လို့ပြောတဲ့နေရာမှာ
သူတို့ကမူလကြေးသတ္တုကို
ဂရိအနုပညာအား
မြတ်နိုးစိတ်ကြောင့်
ယူလာခြင်းဖြစ်တယ်။
နောက်ဆုံးထိုလက်ရာရဲ့ပုံတူများစွာ
ပေါ်လာခဲ့တယ်။
များစွာအနက်အလှပဆုံးကတော့
ဤဗာတီကန်ပြတိုက်ထဲမှာပါ။
the Apoxyomenosကိုရောမသို့
စစ်နိုင်ဆုလာဘ်အဖြစ်
ယူလာပြီးAgrippaဆိုသူက
သူဆောက်ခဲ့တဲ့အများသုံးရေချိုးဆောင်ရှေ့မှာ
တည်ထားခဲ့တယ်။
[Steven}ရောမပြည်သူတွေနှစ်သက်ကြတဲ့
ပန်းပုကတော့Agrippaရေချိုးဆောင်မှာ
တည်ရှိခဲ့ပါတယ်။
ရေချိုးဆောင်တွေကမရှိမဖြစ်လိုအပ်တဲ့
အများသုံးနေရာတွေဖြစ်ခဲ့သလို
ရှေးဟောင်းဂရိပန်းပုရုပ်ထုတွေကို
သာမာန်ပြည်သူတွေ
မြင်နိုင်တဲ့နေရာဖြစ်ခဲ့ပါတယ်
[Beth]ဒါကြောင့်Agrippaရဲ့လုပ်ရပ်က
ရက်ရောတယ်လို့ဆိုလိုလို့ရပါတယ်။
သူ့လုပ်ရပ်ဟာယခုခေတ်ပုဂ္ဂလိကစုဆောင်းသူက
အများပြည်သူရှုမြင်ခံစားရအောင်
ပြတိုက်ထံလှူဒါန်းသကဲ့သို့
ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။
[Steven]ဒါ့ကြောင့်Tiberiusဘုရင်ကဤလက်ရာကို
ရေချိုးဆောင်မှသူ့ကိုယ်ပိုင်
အိမ်တော်သို့
အိပ်ခန်းထဲထည့်ထားရန်
ယူခဲ့ချိန်
လူထုဒေါသကိုပုံဖော်ကြည့်ကြည့်ပါ။
[Beth]PlincyကLysipposဟာတခြားသော
အနုပညာရှင်တွေထက်ရုပ်ထုများ
ပိုဖန်တီးခဲ့ပြီးအနုပညာနယ်ပယ်မှာ
အထင်ရှားဖြစ်တယ်လို့ပြောထားပါတယ်။
အားလုံးထဲမှာတော့MarcusAgrippaက
သူ့ရေချိုးဆောင်
အရှေ့ဖက်မှာတည်ထားတဲ့လူတစ်ယောက်က
ခန္ဓာကိုယ်ခြစ်တံအသုံးပြုနေတဲ့ရုပ်ထုက
ဆန်းကြယ်စွာနဲ့Emperor Tiberiusကို
စိတ်ကျေနပ်သဘောကျမှုပေးခဲ့တယ်။
ဧကရာဇ်ကထိုဆွဲဆောင်မှုကို
မတောင့်ခံနိုင်တော့ဘဲ
၎င်းရဲ့အိပ်ခန်းထဲအားထိုရုပ်ထုကို
ရွှေ့လိုက်ကာ
ရေချိုးခန်းအတွက်ကိုအခြားရုပ်ထုတစ်ခုနဲ့
အစားထိုးခဲ့တယ်။
သို့သော်လည်းပြည်သူတွေကထိုကိစ္စကို
လုံးဝသဘောမတူကြဘဲ
Apoxyomenosကိုပြန်လာထားပေးဖို့ပြဇာတ်ရုံမှာ
ပွက်ပွက်ညံအောင်တောင်းဆိုခဲ့ကြတယ်။
ဧကရာဇ်ကလည်းသူ့ဆန္ဒကိုလျစ်လျုရှုပြီး
ရေချိုးဆောင်မှာပြန်လည်ထားပေးလိုက်ရတယ်။
[Steven]ဒါဆိုရင်လူထုရဲ့အမြင်က
အရမ်းကိုကျယ်လောင်ခဲ့ကာ
ဧကရာဇ်ကတောင်ပြည်သူတွေဆန္ဒကို
သဘောတူခဲ့တာက
ပန်းပုရုပ်တွေကကိုယ်ပိုင်ပစ္စည်းနဲ့
ပြည်သူပိုင်ပစ္စည်းကို
ပိုင်းခြားသိမြင်လာအောင်
ပြုလုပ်ပေးနိုင်တဲ့အင်အားရှိပါတယ်။
[Beth]ဒီကိစ္စကတော့Catoနဲ့Ciceroလိုမျိုး
စစ်နိုင်ပစ္စည်းတွေကို
ပြည်သူတွေနဲ့လည်းသက်ဆိုင်တယ်ဆိုတဲ့
အမြင်ကိုယုံကြည်တဲ့သူနဲ့ထိုပစ္စည်းတွေကို
သူတို့ရဲ့ကိုယ်ပိုင်ပိုင်ဆိုင်မှုအတွက်သာ
အသုံးပြုချင်တဲ့လူတွေကြားဖြစ်ပေါ်လာတဲ့
ရောမမှာရေရှည်တည်တံ့နေတဲ့
အငြင်းပွားမှုတွေရဲ့
အစိတ်အပိုင်းတစ်ခုမျှသာဖြစ်ပါတယ်။
[Steven]ဒီအငြင်းပွားမှုကိစ္စတွေက
ယနေ့ထိအရေးကြီးနေဆဲပါ။
ယနေ့ခေတ်ပြတိုက်တွေမှာ
မတူညီတဲ့ဒေသတွေကလာတဲ့
လက်ရာပစ္စည်းတွေနဲ့ဖြည့်သွင်းထားပြီး
ယင်းအနက်အများအပြားကတော့
ဖောက်ထွင်းခိုးယူခံခဲ့ရပါတယ်။
ပြတိုက်တွေကအခုဆိုရင်
သူတို့ရဲ့စုဆောင်းမှုတွေကိုစိစစ်ရင်း
အချို့ကိုတော့သူတို့ရဲ့မူလနိုင်ငံသို့
ပြန်ပို့သင့်လားဆိုတာစဉ်းစားနေကြပါတယ်။
ဘာလို့လဲဆိုတော့ပြတိုက်ကို
ယူဆောင်လာတဲ့အချိန်မှာ
သူတို့ရဲ့နဂိုမူလအနက်အဓိပ္ပာယ်က
ပျောက်ကွယ်သွားပြီး
တခြားသောအဓိပ္ပာယ်တစ်ခုကို
လုံးလုံးပြောင်းလဲခြင်းခံလိုက်ရလို့ပါ။
[Beth]ရောမတွေကသူတို့လက်အောက်ခံ
စစ်ရှုံးပြည်သူတွေအပေါ်
ကရုဏာတရားမရှိတာတော့
မဟုတ်ပါဘူး။
LivyဆိုသူကSyracuseဘုရင်အကြောင်းကို
အခုလိုကရုဏာသက်စွာရေးခဲ့ဖူးတယ်။
တကယ်လို့ထိုဘုရင်သာသူ့ရဲ့တစ်ဝက်လောက်
ဖျက်ဆီးလုယက်ခံလိုက်ရတဲ့
Syracuseလို့ပဲအမည်တပ်ရမလား
Romeလို့ပြောင်းလဲခေါ်ရမလားမသိဖြစ်နေတဲ့
အဖနိုင်ငံတော်ကိုကြည့်ပြီး
လက်အောက်ခံနိုင်ငံအဖြစ်ကနေ
ပုန်ကန်ခဲ့မယ်ဆိုရင်
Romeမြို့ရိုးဝင်ပေါက်နားလေးကို
စဝင်လာတာနဲ့တောင်
သူ့နိုင်ငံဖျက်ဆီးခံလိုက်ရမှာကို
မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရလိမ့်မယ်။
[Steven]ဒါဆိုရင်၂၁ရာစုဗာတီကန်မှာပြသထားတဲ့
the Apoxyomenosကိုကြည့်တဲ့အခါမှာ
ကျွန်တော်တို့ကယေဘုယျအားဖြင့်
ရှေးဟောင်းဂရိလူမျိုးတွေရဲ့
စံပြအနုပညာအဖြစ်နဲ့သာမြင်တတ်ကြပြီး
ဒီပန်းပုတွေကဘယ်လိုမျိုးလုယက်ခံခဲ့ရတယ်၊
ရောမတွေရဲ့အပိုင်ယူ၊ကူးယူခြင်းခံခဲ့ရကာ
ဒီနေရာမှာအဆုံးသတ်ခဲ့တယ်ဆိုတဲ့
ရှုပ်ထွေးတဲ့ဇာတ်ကြောင်းကို
မကြာခဏမေ့နေတတ်ကြတယ်။(ဂျက်ဇ်သီချင်းသံ)