မော်လီကျူးတစ်လုံးရဲ့ ပုံစံဆိုတာ ဘာပါလဲ။
မော်လီကျူးတစ်လုံးမှာဆို
နေရာလွတ်ဟာ အများစုပါ။
၎င်းရဲ့ဒြပ်ထု အားလုံးနီးပါကို
အက်တမ်တွေထဲက အလွန်သိပ်သည်းတဲ့
နျူးကလိယပ်တွေမှာ စုပုံထားတာပါ။
အက်တမ်တွေ တခုနဲ့တခု
စည်းနှောင်ပုံကို ပြဌာန်းပေးတဲ့
အီလက်ထရွန်တွေဟာ
သီးသန့်၊ တလုံးစီနေခြင်းထက်
လျှပ်မဓာတ်ဆောင်
တိမ်စိုင်များနှယ် ဆင်တူဖွယ်ရှိပါတယ်။
ဒီတော့ မော်လီကျူးတစ်လုံးဟာ...
ဥပမာ၊ ရုပ်တုမှာရှိတဲ့ ပုံစံလိုမျိုး
ပုံသဏ္ဌာန်ရယ်လို့မရှိပါဘူး။
ဒါပေမဲ့...
မော်လီကျူးတိုင်းအတွက်
နျူးကလိယပ်တွေ၊ အီလက်ထရွန်တွေ
နေရာချဖို့ နည်းလမ်းတခုတော့
အနည်းဆုံးရှိပါတယ်
ဒီနည်းက ဆန့်ကျင်ဘက်
လျှပ်စစ်ဓာတ်တွေ
ဆွဲငင်မှု အမြင့်ဆုံးနဲ့
မျိုးတူလျှပ်စစ်ဓာတ်တွေ
တွန်းကန်မှု အနိမ့်ဆုံးဖြစ်ဖို့ပါ။
မော်လီကျူးပုံကို ဖော်ဖို့ အရေးပါတဲ့
အီလက်ထရွန်တွေဟာ၊
ပါဝင်တဲ့ အက်တမ်
တစ်လုံးစီ၏ အပြင်ဘက်ဆုံးက
အီလက်ထရွန်တွေကိုသာ စဉ်းစားပါစို့။
အက်တမ်တွေကြားက
အီလက်ထရွန် တိမ်စိုင်တွေ၊
တနည်းဆိုသော်
မော်လီကျူး ဓာတ်စည်း
တစ်ခုကို အသားချောင်းလို
ပုံသဏ္ဌာန်မျိုးလို့ ယူဆတာပါ။
နျူးကလိယပ်တွေက အဖိုဓာတ်နဲ့
အီလက်ထရွန်တွေက
အမဓာတ်ဆောင်ကြောင်းကို သတိရပေးပါဦး။
မော်လီကျူး၏
နျူးကလိယပ်အားလုံးကို
တစ်စု သို့မဟုတ်
အီလက်ထရွန်အားလုံးကို တစ်စု စုရင်.
အုပ်စုတွင်း
အချင်းချင်း တွန်းကန်လို့
ဘယ်သူမှ တားမရအောင်
ကွဲထွက်သွားပါလိမ့်မယ်။
၁၇၇၆မှာ Alessandro Voltaက
မီသိန်းကို ရှာတွေ့ခဲ့ပါတယ်။
ဒါက သူ့ရဲ့ ဘက္ထရီ တီထွင်မှု ဖြစ်မလာခင်
ဆယ်နှစ်ကျော် ကာလမှာပါ။
အခုတော့ မီသိန်းရဲ့ ဓာတုဗေဒဆိုင်ရာ
ပုံသေနည်းက CH4 ပါ။
ဒီပုံသေနည်းက
မီသိန်း မော်လီကျူးတိုင်းဟာ
ကာဗွန်တစ်ခု၊ ဟိုက်ဒရိုဂျင် အက်တမ်လေးခုနဲ့
ပြုလုပ်ကြောင်း ဖော်ပြပါတယ်။
ဒါပေမဲ့ ဘယ်ဟာက ဘယ်ဟာကို
စည်းနှောင်ကြောင်း သို့မဟုတ် 3D
ဟင်းလင်းပြင်မှာ ယင်းအက်တမ်တွေကို
စီစဉ်ထားပုံကို ဒါက ဖော်ပြမထားပါဘူး။
၎င်းတို့ရဲ့အီလက်ထရွန် အနေအထားတွေအရ၊
ကာဗွန်က ဟိုက်ဒြိုဂျင်အက်တမ်
လေးလုံးထိ ဓာတ်စည်းနိုင်ပြီး
ဟိုက်ဒြိုဂျင်တစ်လုံးစီက
တခြား တစ်လုံးနဲ့သာ
ဓာတ်စည်းနိုင်တာကို သိထားပါတယ်။
ဒီတော့ ကာဗွန်က ဟိုက်ဒြိုဂျင်
အားလုံးကို အလယ်ခေါင်
နေရာမှ အုပ်စည်းတဲ့
အက်တမ် ဖြစ်သင့်ကြောင်းကို
ကျုပ်တို့ ခန့်မှန်းနိုင်ပါတယ်။
အခု၊ ဓာတ်စည်းတစ်ခုစီဟာ
အီလက်ထရွန် ၂လုံး
ဝေမျှခြင်းဖြစ်ပြီး
မျှဝေတဲ့ အီလက်ထရွန် တစ်စုံစီကို
မျဉ်းကြောင်းလို ဆွဲသားပါတယ်။
ဒီတော့၊ အခု ကျုပ်တို့မှာ
ဒီမော်လီကျူးရဲ့
ချပ်ပြားပုံစံ သရုပ်ပေါ်ပါပြီ။
ဒါပေမဲ့ သုံးဘက်တိုင်းမှာဆို
ဘယ်လို ပုံပေါ်လိမ့်မလဲ။
ချိန်ဆပြောနိုင်တာက၊
ဒီအစည်း တစ်စည်းစီက
လျှပ်မဓာတ်နယ် ဖြစ်တာရယ်၊
မျိုးတူ လျှပ်စစ်တွေဟာ
တစ်ခုကိုတစ်ခု တွန်းကန်တာရယ်ကြောင့်
အက်တမ်တွေကို ဦးစားပေးသင့်ဆုံး
အနေအထားက
ဓာတ်စည်းတွေကြားမှာ အကွာအဝေး
အများဆုံးဖြစ်ပါလိမ့်မယ်။
ပြီးတော့ စည်းတွေအားလုံးကို
စုစည်းလိုက်ရင် တစ်ခုနဲ့တစ်ခု
ဝေးနိုင်သမျှ
ဝေးသွားကြပါမယ်၊
ဒါ အသင့်တော်ဆုံး ပုံစံပါ။
ဒါကို လေးမျက်နှာထုပုံလို့ ခေါ်ပါတယ်။
အခု၊ ပါဝင်တဲ့ မျိုးကွဲအက်တမ်တွေ
အပေါ်မူတည်ကာ
ကွဲပြားတဲ့ ပုံစံမြားစွာကို
အမှန်ပင်ရရှိနိုင်ပါတယ်။
အမိုးနီးယား(NH3)က
ပိရိမစ်လို ပုံသဏ္ဌာန်ဖြစ်ပြီး
ကာဗွန်ဒိုင်အောက်ဆိုဒ်(CO2)က
မျဉ်းဖြောင့်တစ်ကြောင်းပုံဖြစ်၏။
ရေ(H2O)က သင့် တံတောင်ဆစ်ကွေးလို
အကွေးဖြစ်ပြီး
ကလိုရင်း ထရိုင်ဖလိုရိုက်(CLF3)က
အက္ခရာ T လို ပုံသဏ္ဌာန်ဖြစ်၏။
ဒီနေရာမှာ
ကျုပ်တို့လုပ်နေတာက 3Dပုံသဏ္ဌာန်
တည်ဆောက်ဖို့ အက်တမ်တွေနဲ့
အီလက်ထရွန်တွေကို ကျုပ်တို့ရဲ့
ပုံစံမှာ ချဲ့ထွင်နေခြင်းဖြစ်ကြောင်း
သတိရပေးပါဦး။
ဒီမော်လီကျူးတွေဟာ
ခန့်မှန်းတဲ့ပုံသဏ္ဌာန်
ဟုတ်၊မဟုတ် ဖော်ထုတ်ဖို့
စမ်းသပ်ချက်လုပ်ဖို့လိုတယ်
စဖို့အချက်ပြပါပြီ။
အများစုက ဟုတ်ပေမဲ့
တချိုတလေကြတော့ မဟုတ်ပါဘူး။
အခုနေ အက်တမ် အရေအတွက်ကို
တိုးရင် ပုံသဏ္ဌာန်တွေ ပိုရှုပ်ကုန်မှာပါ။
ကျုပ်တို့ ဖော်ပြခဲ့တဲ့
ဥပမာအားလုံးက
ဗဟိုမှာ အက်တမ်တစ်လုံးရှိတဲ့
မော်လီကျူးတွေ အကြောင်းပါ။
ဒါပေမဲ့ မော်လီကျူးအများစုက
အတော် သေးငယ်တဲ့ ဆေးဝါးတွေမှ
မျိုးဗီဇ သို့မဟုတ် အသားဓာတ်လို
ရှည်လျားတဲ့ ပိုလီမာတွေထိ
ဆက်တိုက်ဖြစ်လာတာ မဟုတ်ပါ။
မှတ်မိဖို့ အဓိကအချက်ဟာ
ဓာတ်စည်းတဲ့ အက်တမ်တွေက
မျိုးကွဲဓာတ်တွေကြား
ဆွဲငင်မှု အမြင့်ဆုံးနဲ့
မျိုးတူ ဓာတ်တွေကြား
တွန်းကန်မှု အနိမ့်ဆုံးဖြစ်ဖို့
၎င်းတို့ကိုယ်တိုင်သာ စီစဉ်တာကိုပါ။
မော်လီကျူးတချို့မှာ နှစ်ခုမက
တည်မြဲတဲ့ အက်တမ်
စီစဉ်မှုတွေရှိပြီး၊ ၎င်းရဲ့
အက်တမ်အရေအတွက်နဲ့ အမျိုးအစားဆိုတဲ့
ဒီမော်လီကျူးတွေရဲ့ အချိုးကျပါဝင်မှုကို
လုံး၀ မပြောင်းတောင်၊ ထိုအနေအထားတွေကြား
တစ်ခုမှ တစ်ခု ကူးပြောင်းလျက်
တကယ်ပဲ ဆန်းကြယ်တဲ့
ဓာတုအာနိသင်ကို အမှန်ပင် ရရှိနိုင်ပါသည်။