အသေအကြေတိုက်မယ့်ရန်သူက သင့်ကို ဖမ်းကာ ထူးဆန်းတဲ့စမ်းသပ်မှုမှာ ချိတ်ထားတယ်။ သူက မီတာ ၇၀ အကွာမှာရှိတဲ့ ပစ်မှတ်တစ်ခုဆီ အလွန် ရှည်လျားတဲ့ နူရွန်းတစ်ခုနဲ့ သင့်အာရုံကြော စနစ်ကို ဆန့်ထုတ်လိုက်တယ်။ တစ်ချိန်ချိန်မှာတော့ သူက မြားတစ်စင်းကို ပစ်လွတ်လိမ့်မယ်။ မြားက ပစ်မှတ်ကို မထိခင် ပစ်မှတ်ဆီ အတွေးတစ်ခုကို ရောက်အောင် ပို့ပေးနိုင်ရင် သူက သင့်ကို လွှတ်ပေးလိမ့်မယ်။ ဒီတော့ ဘယ်သူက အဲ့ပြိုင်ပွဲထဲမှာ နိုင်မလဲ။ ဖြေဖို့အတွက် အတွေးရဲ့ အမာထည် နူရွန်းတွေကို ဆန်းစစ်ကြည့်ဖို့လိုတယ်။ လူ့ဦးနှောက်မှာ ဒီဆဲလ်တွေ ၈၆ ဘီလီယံခန့် ရှိတယ်။ ဒါတွေက လျှပ်စစ်ဆိုင်ရာ နှိုးဆွမှုတွေ၊ (သို့) လုပ်ဆောင်မှု စွမ်းပကားတွေက တစ်ဆင့် ၎င်းတို့ရဲ့ axon တွေကို အချက်ပြတယ်။ ဒီနောက် နူရွန်းတစ်ခုဟာ အဆက်တစ်ခုမှာ ဒီအချက်ပြမှုကို ဓာတု နူရွန်းသယ်ဆောင်သူတွေက တစ်ဆင့် နောက်တစ်ခုဆီ ပို့တယ်။ နူရွန်းရဲ့ ကိုင်းခွဲတွေကနေ အချက်ပြမှုကို လက်ခံရရှိပြီး ၎င်းရဲ့ axon တစ်လျှောက် မျိုးပွားပေးပြီး တောက်လျှောက် ထပ်ပြီး ပို့ပေးတယ်။ ဒီတော့ သင် ဘယ်လို လျင်မြန်စွာ တွေးတာကို အဆုံးအဖြတ်ပေးတဲ့ အဓိက အကြောင်းရင်းတွေမှာ ကနဦး လုပ်ဆောင်မှု စွမ်းအားတစ်ခု ဖြစ်ပေါ်စေဖို့ ဘယ်လောက် အချိန်ယူလဲဆိုတာပါ။ axon အလျားတစ်လျှောက် မျိုးပွားပြီး ဆက်ကြောင်းတောက်လျှောက် ပို့ဆောင်ပေးတယ်။ ပါဝင်တဲ့ နူရွန်း အရေအတွက်နဲ့ အချက်ပြမှု ဖြတ်သန်းဖို့လိုတဲ့ အကွာအဝေးကိုပါ ထည့်တွက်ရမှာပါ။ ရိုးရိုးလမ်းကြောင်းတစ်ခုမှာ အလိုအလျောက် တုံ့ပြန်မှုကဘယ်လိုလဲဆိုတာ ကြည့်ရအောင်။ ခုံညင်း အရွတ်ကို ရိုက်ခတ်မှုတစ်ခုက လျှပ်စစ် စေ့ဆော်မှုတစ်ခုကို အစပြုတယ်။ ၎င်းက သင့်ကျောရိုးဆီ အာရုံခံ နူရွန်းတစ်ခုကနေ ဖြတ်သန်းတယ်။ အဲဒီမှာ အချက်ပြ ကိုင်းခွဲတွေနဲ့ ရိုးစင်းမှုအတွက် မော်တာ နူရွန်းတစ်ခုအတွင်းကို ခုန်ဝင်ပြီး ခြေထောက်တစ်လျှောက် ပြန်သွားတဲ့ အပိုင်းကို ထည့်စဉ်းစားရမှာပါ။ လမ်းကြောင်းထဲက နူရွန်းတွေရဲ့ စုစုပေါင်း အလျားက ၅ ပေ ၅ လက်မရှိတဲ့ လူတစ်ဦးမှာ ၁ မီတာခန့် ရှည်ပြီး ပျမ်းမျှအနေနဲ့ ထိရိုက်မှုကနေ ကန်ဖို့အထိ ၁၅ ကနေ ၃၀ မီလီစက္ကန့် ကြာတယ်။ အမြန်နှုန်းက အချိန်နဲ့ စားထားတဲ့ အကွာအဝေးဆိုတော့ အချက်ပြမှုက တစ်နာရီ ကီလိုမီတာ ၁၂၀ နဲ့ ၂၄၀ ကြားက တစ်နေရာကို ဖြတ်သွားတယ်။ ကနဦး လုပ်ဆောင်မှု စွမ်းအားက ၁ ကနေ ၅ မီလီစက္ကန့်လို့ တွက်လို့ရပြီး ဆင်နက်ပ်တစ် ပို့လွှတ်မှုတွေက ၁ ကနေ ၅ မီလီစက္ကန့်ပဲ ကြာတာဆိုတော့ အချိန်ရဲ့ ဒီပမာဏကြီးက အက်ဆင်တွေ အတွင်းမှာ ကုန်သွားတယ်။ ဒါက ပျမ်းမျှ သီးခြား နူရွန်းက တစ်နာရီကို ၁၈၀ ကီလိုမီတာ အချက်ပြမှုတွေ ပို့တယ်ဆိုတဲ့ သုတေသန တွေ့ရှိချက်တွေနဲ့ ကိုက်ညီတယ်။ ဒါပေမဲ့ မြန်နှုန်းတွေကို မိုင်လင်နေးရှင်း နဲ့မြှင့်ကာ အက်ဆင်အချင်းကို တိုးနိုင်တယ်။ မိုင်လင်က axon တစ်ခုကို ကာကွယ်ပေးတဲ့ အဆီ အကာတစ်ခုပါ၊ လျှပ်စစ် စီးကြောင်းတွေ ယိုထွက်ခြင်းကနေ ကာကွယ်ပေးတာပါ။ တစ်ချိန်တည်းမှာ ပိုကြီးတဲ့ အချင်းတွေရှိတဲ့ အက်ဆင်တွေက အတွင်း ခုခံမှုပေးတာ ပိုနည်းတယ်။ ဒီပေါင်းစပ်ထားတဲ့ ကိန်းတွေက လုပ်ဆောင်မှု စွမ်းအားရဲ့ အမြန်နှုန်းကို တစ်နာရီမှာ ၄၃၂ ကီလိုမီတာ အမြင့်အထိ မြှင့်ပေးနိုင်တယ်။ အပြောင်းအလဲ များစွာရှိပါတယ်။ လူတချို့က အခြားသူတွေထက် ပိုမြန်မြန် တွေးပြီး သင့်ကိုယ်ပိုင် အတွေးရဲ့ အမြန်နှုန်းက ဘဝတာတစ်လျှောက် ပြောင်းလဲတယ်။ အထူးသဖြင့် သင် အိုမင်းတဲ့အရွယ် ရောက်တဲ့အခါ သင့်အက်ဆင်ကို ဖုံးထားတဲ့ မိုင်လင် အကာဟာ ပွန်းသွားပြီး အခြား အာရုံကြောဆိုင်ရာ ဖွဲ့စည်းမှုတွေဟာ ပြိုကွဲသွားတယ်။ ယုတ်မာတဲ့ စမ်းသပ်ချက်ကို ပြန်သွားရအောင်။ မြားတွေက ပြောင်းပြန် လေးကိုင်းတွေကနေ ပစ်လွတ်တယ်၊ ပျမ်းမျှ တစ်နာရီကို ၂၄၀ ကီလိုမီတာခန့် နှုန်းနဲ့ပါ။ ဆိုလိုတာက အသင့်အတင့် ရှည်တဲ့ မိုင်လက်နိတ် (သို) အချင်းကြီးတဲ့ နူရွန်းဖြစ်တာကြောင့် သင့်အတွေးတွေဟာ တကယ်တော့ ပြိုင်ပွဲကို အနိုင်ရနိုင်ပါတယ်။ ဒါပေမဲ့ ပြဿနာလေးတစ်ခုတော့ရှိတယ် မြားနဲ့ အတွေးဟာ ဂိတ်ကနေ တစ်ချိန်တည်း မထွက်ဘူး။ ပထမ မြားကို ပစ်လိုက်တယ်၊ နောက်တော့ ဒါကို သင်သိလိုက်တာနဲ့ သင့်အချက်ပြမှုက ၎င်းရဲ့လမ်းကြောင်း တစ်လျှောက် စနိုင်တယ်။ ပုံရိပ်တွေ (သို့) ဂီတကို ထုတ်လုပ်စီမံတာ၊ စိတ်တွင်းစကား မှာ ပါဝင်တာနဲ့ အမှတ်တရများကို မှတ်မိတာ အားလုံးဟာ အလိုလို တုံ့ပြန်မှုရဲ့ အစဉ်အတိုင်းဖြစ်မှုနဲ့ ဘယ်နေရာမှာမ မနီးစပ်တဲ့ ရှုပ်ထွေးတဲ့ အာရုံကြောဆိုင်ရာ လမ်းကြောင်းတွေလိုအပ်တယ်။ ဒီအတွေးတွေ ဖြစ်ပေါ်တဲ့ အမြန်နှုန်းဟာ မိုင်လင်နေးရှင်းနဲ့ axon အချင်း အပေါ် အခြေခံတဲ့ ပြောင်းလဲမှုတွေနဲ့အတူ အများစု တစ်သမတ်တည်းဖြစ်နေတယ်။ ဒါပေမဲ့ အတွေးတစ်ခုရဲ့ ကြာချိန်ဟာ ၎င်းရဲ့လမ်းကြောင်းတွေ၊ တစ်ထောက်နားတာတွေနဲ့ ပန်းတိုင်အပေါ် မူတည်ကာ သိသာစွာ ကွဲပြားနေမယ်။ ဒီဖြစ်ရပ်မှာ ခြိမ်းခြောက်တဲ့ လှုံဆော်မှု တစ်ခု သင်ခံစားရတဲ့အခါ သင်ဟာ ကြောက်လန့် တုန်လှုပ်တဲ့ တုံ့ပြန်မှုကို ပန်ကြားမယ်။ အလိုအလျောက် တောင်းခံမှုနဲ့ ဆင်တူတဲ့ တုန်လှုပ်မှုတစ်ခုက တမင်တကာမဟုတ်ဘဲ အတော့ကို မြန်နိုင်တယ်။ ကြိုးက ကျယ်လောက်အောင် မြည်ရင် သင်ဟာ ၆၅ မီလီစက္ကန့် မရှိတရှိမှာ တုံ့ပြန်နိုင်လောက်တယ်။ ဒါပေမဲ့ ပိုဖြစ်နိုင်တာက သင့်တုန်လှုပ်တဲ့ တုံ့ပြန်မှုကအမြင်မှာ အခြေခံမယ်။ မျက်လုံးတွေဟာ ပုံရိပ်တစ်ခုကို ၁၃ မီလီ စက္ကန့် မြန်မြန် ထုတ်လုပ်စီမံနိုင်ပေမဲ့ သင် မြင်နေတာရဲ့ တွက်ချက်ခြင်းနဲ့ ဒါက ဖြစ်စေတဲ့ အန္တရာယ်ကို ဆုံးဖြတ်ခြင်းက ၁၈၀ ကနေ ၂၀၀ မီလီစက္ကန့် ကြာချိန်ပါတယ်။ အဲဒီအချိန်မှာ မြားက ၁၃ မီတာခန့် အသားစီး ရပြီးဖြစ်မှာပါ။ ပစ်မှတ်က သင် အချိန်မီဖို့ အခွင့်အလမ်း ရနိုင်လောက်တဲ့ အကွာအဝေးမှာပါ။ သင်ကသာ တကယ့်ကို လျင်မြန်ဖြတ်လတ်စွာ ကိုယ့်လွတ်လမ်းကို တွေးနိုင်ရင်ပေါ့။