ဒီ ၀.၈ ကိန်းကို အပိုင်းကိန်းလို ရေးရအောင်။ ၀.၈ . . . ၈ကတော့ ဆယ်နေရာမှာ ရှိပါတယ်။ ဒါ့ကြောင့် ဆယ်ကိန်းက ရှစ် လို့ဖတ်နိုင်တယ်။ ဒါမှမဟုတ် ၁၀ ပိုင်း ၈ ပိုင်း လို့ပြောနိုင်ပါတယ်။ အခု ကျွန်တော်တို့ အပိုင်းကိန်းလို ရေးလိုက်ပြီ။ ပြီးတော့ ဒီအပိုင်းကိန်းကို ရှင်းနိုင်တယ်။ ၈ နဲ့ ၁၀ နှစ်ခုလုံးက ဘုံဆခွဲကိန်း ဖြစ်ပါတယ်။ နှစ်ခုစလုံးကို ၂နဲ့ ခွဲလို့ ရပါတယ်။ ပိုင်းဝေ နှင့် ပိုင်းခြေကို ၂နဲ့ စားရအောင်။ ဒီအပိုင်းကိန်းက တန်ဖိုး မပြောင်းသွားပါဘူး ဘာလို့လဲဆိုတော့ အပေါ် နဲ့ အောက် ကို ကိန်းတူနဲ့ စားလို့ဖြစ်ပါတယ်။ ၈ ကို ၂နဲ့ စားလိုက်ရင် ၄ ရပါတယ်။ ၁၀ ကို ၂နဲ့ စားလိုက်ရင် ၅ ရပါတယ်။ ပြီးသွားပါပြီ။ ၀.၈ က ဆယ်ပုံ ပုံ ရှစ်ပုံ (၈ / ၁၀) (သို့မဟုတ်) ငါးပုံ ပုံ လေးပုံ (၄ / ၅) ဖြစ်ပါတယ်