0:00:00.287,0:00:04.534 အင်တာနက်ကိုဘယ်သူများဖန်တီးခဲ့လဲလို့ တွေးမိပါသလား 0:00:05.117,0:00:08.274 အချို့တွေကတော့ အင်တာနက်ကျေးဇူးကြောင့် ကုဋေကြွယ်သူဌေးတွေဖြစ်ကုန်ကြပြီ 0:00:08.594,0:00:11.645 ဒါပေမယ့်သူတို့အားလုံးက အင်တာနက်ကိုကောင်းကောင်း အသုံးချတတ်သွားကြလို့ပဲလေ 0:00:12.125,0:00:15.957 ဒါဆို အင်တာနက်ကို ထွင်ခဲ့တဲ့သူဆိုရင် ဘီလျီနာထက်တောင် ပိုချမ်းသာဦးမှာပေါ့ 0:00:15.957,0:00:17.939 လုံးဝ ဘုရားသခင် လို ဖြစ်သွားမှာပဲ ။ မဟုတ်ဘူးလား 0:00:18.799,0:00:20.498 ဒါဆို ဘယ်သူက နာမည်ကောင်းရသင့်တာလဲ 0:00:20.828,0:00:23.039 ဆွစ်ဇာလန် မြေအောက် ဓာတ်ခွဲခန်းထဲက ဗြိတိသျှ ပညာရှင်ကြီးတစ်ယောက်လား 0:00:23.469,0:00:24.007 ဟုတ်ရင်လည်း ဟုတ်မှာပေါ့လေ 0:00:24.227,0:00:27.527 ရုရှားတွေကနူးကလီးယားနဲ့ ခြိမ်းခြောက် ခံနေရတဲ့အမေရိကန်က လူတော်တွေလား 0:00:28.087,0:00:28.775 ကောင်းလိုက်တဲ့စိတ်ကူး. 0:00:29.385,0:00:34.700 သူတို့ကွန်ပျူတာ နက်ဝက်ကို "လီအင်တာနက်"ဆိုပြီးနာမည် ပေးဖို့ဆုံးဖြတ်ခဲ့တဲ့ ပြင်သစ်သိပ္ပံပညာရှင်တွေလား 0:00:34.980,0:00:35.682 စိတ်ဝင်စားစရာပဲ 0:00:36.542,0:00:39.902 ဒါမှမဟုတ်လည်း တစ်ခုခုဖြစ်လာဖို့ ကြိုးစားခဲ့ကြတဲ့ များစွာသော သိပ္ပံပညာရှင်တွေကို ပဲကျေးဇူးတင်သင့်တာလား 0:00:39.902,0:00:43.818 သူတို့က အသုံးဝင်မယ်ဆိုတာတော့ မြင်ခဲ့တယ်။ ဒါပေမယ့် ဒီလောက်ထိ ကြီးမားလာမယ်ဆိုတာတော့ မသိခဲ့ကြဘူး 0:00:51.198,0:00:53.252 ကောင်းပြီလေ။ ကွေ့ဝိုက်ပြီးပြောမနေတော့ဘူး 0:00:53.661,0:00:57.708 ကွန်ပျူတာ ကွန်ယက်နက်ဝက်တွေအားလုံး တစ်ခုနဲ့တစ်ခု ချိတ်ဆက်ပြီး လုပ်ဆောင်နေတဲ့ အင်တာနက်ဆိုတာ ရှိတယ် 0:00:57.708,0:01:01.954 နောက်ပြီး တော့ World Wide Web လို့ခေါ်တဲ့ ကွန်ပျူတာ တစ်ခုနဲ့တစ်ခု အချက်အလက်တွေမျှဝေရာမှာ 0:01:01.954,0:01:05.392 လွယ်ကူအောင်လုပ်ထားတဲ့နည်းလမ်း လည်း ရှိတယ် 0:01:06.042,0:01:10.046 ကျွန်တော်တို့ ယခု သိနေတဲ့ အင်တာနက်ဖြစ်လာဖို့ နှစ်ပေါင်း၄၀ လောက်ကြာခဲ့တယ် 0:01:10.716,0:01:14.970 လူသိများပြီး မှားယွင်းနေတဲ့အချက်တစ်ခုကတော့ နူးကလီးယားစစ်ပွဲ ဖြစ်ရင် ဆက်သွယ်မှုမပြတ်တောက်ဖို့အတွက် 0:01:14.970,0:01:19.135 အင်တာနက်ကို အမေရိကန်ပြည်ထောင်စု က ဖန်တီးခဲ့တယ်ဆိုတာပါပဲ 0:01:19.805,0:01:23.753 ၁၉၆၀ ခုနှစ် ARPANET လို့ခေါ်တဲ့ ပထမဆုံး ကွန်ယက်ကို တည်ထောင်ခဲ့တဲ့ သူတစ်ယောက်ရဲ့ အဆိုအရဆိုရင် 0:01:23.753,0:01:27.767 ပထမဆုံး ကွန်ယက် ချိတ်ဆက်စမ်းသပ်မှုက ဆက်သွယ်ဖို့အတွက် မဟုတ်ခဲ့ဘူး 0:01:27.767,0:01:31.362 အဲဒါက ပရိုဆက်ဆာတွေ အကောင်းဆုံးအသုံးပြုဖို့နဲ့ အချိန်တွေ ဝေမျှ ဖို့ပဲ 0:01:31.362,0:01:34.857 ဆိုလိုတာက သိပ္ပံပညာရှင်တွေ စူပါကွန်ပျူတာတွေကို လည်းမျှသုံးနိုင်မယ် ထင်ခဲ့တာ 0:01:35.637,0:01:40.283 ဒါကြောင့်ပဲ ၁၉၆၀ လောက်ထိ ကွန်ယက်ချိတ်ဆက်မှုဆိုတာမရှိပဲ 0:01:40.283,0:01:44.570 ပင်မဖရိမ်လို့ခေါ်ပြီးအခန်းထဲအထိုင်ချထားတဲ့ 0:01:44.570,0:01:45.456 တစ်ကြိမ်မှာတော့ တွက်ချက်မှုတွေ များစွာလုပ် နိုင်တဲ့ စက်အကြီးကြီးတွေပဲရှိခဲ့တာ 0:01:46.176,0:01:49.903 အချိန်ခွဲဝေမှုနဲ့ အတူ ဒီဧရာမစက်ကြီးတွေဟာ တစ်ကြိမ်ကို တွက်ချက်မှုများစွာလုပ်နိုင်ခဲ့ကြတယ် 0:01:49.903,0:01:53.667 သိပ္ပံပညာရှင်တွေက တစ်ပြိုင်နက်တည်း ဒီစက်တွေရဲ့ပါဝါကို သုံးနိုင်ကြတယ် 0:01:54.427,0:01:57.570 သိသိသာသာကိုပဲ.. ကွန်ပျူတာတွေအားလုံး ချိတ်ဆက်လိုက်တာနဲ့ 0:01:57.570,0:02:00.176 မင်းဘာလုပ်ဖို့လိုမလဲဆိုတာကို စပြီးဆန်းစစ်မိလိမ့်မယ် 0:02:00.176,0:02:02.717 သူတို့ကြားမှာရှိတဲ့ ချိတ်ဆက် မှုကို ပိုလွယ်ကူအောင်ပေါ့လေ 0:02:03.487,0:02:06.530 တစ်ကမ္ဘာလုံးကသိပွံပညာရှင်တွေက ဒီပြဿနာကိုဖြေရှင်းဖို့ကြိုးစားခဲ့ကြတယ် 0:02:06.990,0:02:10.587 ဒါဆို အခြားတစ်နေရာမှာ ပေါ်ပေါက်လာတဲ့ အဓိက အယူအဆ တစ်ချို့ကို ကြည့်ကြည့်ရအောင် 0:02:11.427,0:02:13.064 packet switching နဲ့စတာပေါ့ 0:02:13.424,0:02:16.106 ဗြိတန်မှာ အမျိုးသားရူပဗေဒစမ်းသပ်ခန်းကနေ ပြုလုပ်ထားတဲ့ အခပေး ကွန်ယက်တစ်ခုရှိတယ်။ 0:02:16.106,0:02:19.391 ဒါပေမယ့် ထောက်ပံ့ကြေးမရတဲ့အတွက် 0:02:19.391,0:02:20.944 တစ်ခါမှ အောင်မြင်အောင်ဆက်မလုပ်နိင်ခဲ့ဘူး 0:02:21.684,0:02:25.103 ဒါပေမယ့် သူတို့ Packet switching ဆိုတဲ့ ဒေတာတွေကို သေးသေးလေးတွေထုပ်တဲ့ စိတ်ကူးတစ်ခုရခဲ့တယ် 0:02:25.103,0:02:28.866 အလုပ်များတဲ့ ကွန်ယက်တွေမှာ ဒေတာတွေ စုပြုံပိတ်ဆို့တာမျိုးရှောင်ကြဉ်ဖို့ 0:02:28.866,0:02:30.453 တစ်ဖက်မှ ဒေတာတွေကို တစ်စစီစိတ်ဖြာပြီး အခြားတစ်ဖက်မှ ပြန်ပြောင်းစည်းတဲ့နည်းကိုတွေ့ခဲ့တယ် 0:02:31.463,0:02:33.192 ပြင်သစ်ကလည်း တစ်နေရာမှာပါဝင်ခဲ့တယ် 0:02:33.392,0:02:36.650 သူတို့ဟာ CYCLADES လို့ခေါ်တဲ့သိပ္ပံ ကွန်ရက်တစ်ခုကို လုပ်နေကြတယ် 0:02:36.650,0:02:41.533 ဒါပေမယ့်သူတို့မှာ ရန်ပုံငွေများများစားစားမရှိတာကြောင့် ကွန်ပျူတာအချင်းချင်းတိုက်ရိုက်ချိတ်ဆက်လုပ်ဖို့ဆုံးဖြတ်ခဲ့တယ် 0:02:41.533,0:02:45.144 ဂိတ်ဝေး ကွန်ပျူတာ တွေမှာလုပ်တာနဲ့ ဆန့်ကျင်ဘက်ပေါ့ 0:02:45.894,0:02:49.696 ဒါလည်းအရမ်း တော့ သိပ္ပံနည်းကျမဟုတ်လှဘူး 0:02:49.696,0:02:54.820 သီအိုရီတစ်ခုအရဆိုရင် ဒီရှာဖွေစူးစမ်းမှုရဲ့ရလဒ်ကနေ အင်တာနက်ဆိုတဲ့စကားလုံးဖြစ်လာတယ်။ 0:02:55.420,0:02:57.468 ဒါပေမယ့် ခင်ဗျားမယုံချင်လည်း မယုံလို့ရပါတယ်။ 0:02:58.318,0:03:00.615 အခု ၁၉၇၀ ရောက်ပြီ 0:03:00.815,0:03:03.680 အခုအချိန်မှာ ကွန်ပျူတာ အခြေခံစက်တွေတော့ အများကြီးရှိနေပြီ 0:03:03.680,0:03:07.489 ဒါပေမယ့် အဆက်အသွယ်ကတော့ ကောင်းကောင်းမဖြစ်သေးဘူး ။မတူတဲ့ ကွန်ရက်တွေအချင်းချင်းစကားပြောလို့မရဘူးလေ 0:03:08.239,0:03:10.823 TCP/IP ကဒီပြဿနာကိုရှင်းခဲ့တယ် 0:03:11.273,0:03:15.585 TCP/IP ကနေ အင်တာနက်အတွက် အခြေခံကျတဲ့ ဆက်သွယ်တဲ့ဘာသာစကားတစ်ခုကိုဖန်တီးခဲ့တယ် 0:03:15.585,0:03:18.336 သူက ဒေတာအစု လေးတွေကို အမည်တပ်ပေးတယ် 0:03:18.336,0:03:21.329 မတူတဲ့ လမ်းကြောင်းတွေမှာ တူညီတဲ့ဒေတာအစိတ်အပိုင်းတွေ သွားနေရင်တောင်မှပေါ့ 0:03:21.329,0:03:24.990 စုရပ်နေရာရောက်ရင် ဒေတာအားလုံး ပြန်ပေါင်းထုပ် ပြီး ပုံပြန်ဖော်နိုင်တယ် 0:03:25.690,0:03:29.500 ၁၉၇၅ ရောက်မှ ကွန်ရက်တွေအချင်းချင်းဆက်သွယ်မှုစတင်ခဲ့တယ် 0:03:29.500,0:03:32.618 ဒါမှ တကယ့်အင်တာနက်အစ လို့ခင်ဗျားငြင်းနိုင်တယ် 0:03:33.248,0:03:35.185 အီးမေးလ် ကလည်း တကယ့်အရမ်းကိုအရေးပါခဲ့တယ် 0:03:35.255,0:03:37.534 သူ့ကို ARPANET က ၁၉၇၂မှာ စတင်ဖန်တီးခဲ့တယ် 0:03:38.324,0:03:42.959 ၁၉၇၂ မှာ အင်တာနက် အသွားအလာတော်တော်မျာများက အီးမေးလ်အတွက်ကြည့်ပဲ 0:03:42.959,0:03:45.252 . 0:03:46.142,0:03:49.965 ကွန်ရက်ရှိလာပြီဆိုတော့ တစ်ဦးနဲ့တစ်ဦးစကားပြောရာမှာ ပိုပြီးလွယ်ကူလာတယ် 0:03:50.525,0:03:55.351 ဒါပေမယ့် ဒီ ဆက်သွယ်မှုအားလုံးက စာနဲ့ကြည့်ပဲ။ အရမ်းလည်းရုပ်ဆိုးတယ် 0:03:56.321,0:03:58.931 ၁၉၈၀ မှာ Timothy Berners-Lee လို့ခေါ်တဲ့လူတစ်ယောက် က 0:03:58.931,0:04:02.808 CERN၊ နူးကလီးယားစမ်းသမှုဆိုင်ရာ ဥရောပ အဖွဲ့အစည်း မှာ အချိိန်ကုန်ခဲ့တယ် 0:04:02.808,0:04:07.143 အဲဒီမှာ ရူပဗေဒပညာရှင်တွေက စကြာဝဌါ ကြီးကဘယ်လိုတည်ဆောက်ထားလဲသိအောင်ကြိုးပမ်းနေကြတယ်[br] 0:04:07.623,0:04:11.190 သူက သိပ္ပံပညာရပ်ဆိုင် ရာအချက်အလက်တွေကို စီမံပြီး ပညာရှင်တွေအတွက် 0:04:11.190,0:04:13.346 သူတို့အလုပ်တွေ မျှဝေပြီးလွယ်လွယ်ကူကူ ချိတ်ဆက်လုပ်ဆောင်နိုင်တာ ကိုလိုချင်ခဲ့တယ် 0:04:13.346,0:04:15.511 ပိုပြီး တိုးတက်မှုရရှိအောင်ပေါ့ 0:04:16.301,0:04:21.575 HTTP, HTML, နဲ့ URLsတွေကို သုံးပြီး ကြားခံစနစ်တစ်ခုကိုဖန်တီးခဲ့တယ် 0:04:21.575,0:04:23.734 ဒါက အင်တာနက်ဘရောက်ဇာတွေ ဖန်တီးဖို့ ဖြစ်လာတဲ့အကြောင်းအရင်းပါ 0:04:24.164,0:04:26.713 သူ့ရဲ့ ဘရောက်ဇာကို World Wide Web လို့ခေါ်ခဲ့တယ် 0:04:26.933,0:04:31.390 ဒါကြောင့် သူက အင်တာနက်ကိုတီထွင်ခဲ့တာတော့မဟုတ်ဘူး။ Web ကို တော့ တီထွင်ခဲ့တယ် 0:04:31.950,0:04:37.217 သူပထမဆုံးတီထွင်ခဲ့တဲ့ ပထမဆုံး ဝက်ဘ် က ပြင်သစ်နိုင်ငံ CERN မှာ ဖြစ်ပါတယ် ။သြဂုတ်လ ၁၉၉၁ မှာပေါ့ 0:04:37.827,0:04:40.290 ဒါကြောင့် အဦးဆုံးအခြေခံလိုအပ်ချက်တွေကိုနေရာချပြီးတာနဲ့ 0:04:40.290,0:04:42.249 သော့ချက် နည်းပညာတွေကို တီထွင်လိုက်သလိုပဲ 0:04:42.249,0:04:45.217 အင်တာနက် သတင်းပို့ခြင်းက ၁၉၈၀ မှာ အရမ်းပေါက်မြောက်ခဲ့တယ် 0:04:45.217,0:04:48.563 ဖုန်းကုမ္ပဏီတွေက ဒီဂျစ်တယ် ဆက်သွယ်မှု ရဲ့ စီးပွားဖြစ်နိုင်မှုကို မြင်ခဲ့ကြတယ် 0:04:48.563,0:04:51.905 ၁၉၉၀ အစောပိုင်းမှာ ဝက် ဘရောက်ဇာတွေက တောမီးလိုပဲပြန့်နှံ့ခဲ့တယ် 0:04:51.905,0:04:53.734 သာမာန်လူတွေက အီးမေးလ်ကို စတွေ့ရှိခဲ့တယ် 0:04:53.734,0:04:57.371 အင်တာနက် ရဲ့ကျယ်ပြန့်မှုကလည်း လျင်လျင်မြန်မြန်နဲ့ ပုံမှန်ပဲ တိုးပွားလာတယ် 0:04:57.371,0:05:01.083 ၁၉၉၅ လောက်မှာတော့ အမြောက်အများကိုဖြစ်နေပြီ 0:05:01.963,0:05:05.714 နေပါဦး ... အမေရိကန်သမ္မတAl Gore က အင်တာနက်ကိုတီထွင်ခဲ့တာ မဟုတ်ဘူးလား 0:05:06.204,0:05:07.195 အမ်း... မဟုတ်.. 0:05:07.365,0:05:11.512 သူပြောခဲ့တာကို သေသေချာချာဖတ်ကြည့်မယ်ဆိုရင် သူလုပ်ခဲ့ပါတယ်လို့ဘယ်တုန်းကမှ အခိုင်အမာ မပြောခဲ့တာကို သိရပါလိမ့်မယ် 0:05:11.992,0:05:15.403 ဒါပေမယ့် လူတော်တော်များများကတော့ သူက အင်တာနက်ပြန့်နှံ့ဖို့ ဥပဒေထွက်ရှိအောင် 0:05:15.403,0:05:17.556 အင်တိုက်အားတိုက် တွန်းအားပေးခဲ့သူဆိုပြီး အမှတ်ပေးကြတယ် 0:05:18.676,0:05:21.762 အင်တာနက် ပေါ်လာရတာက ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက်ဆက်သွယ်ဖို့လိုလို့ပါ 0:05:21.762,0:05:24.252 တော်တော်များများက လည်း နှစ်သက်ကြတယ် 0:05:24.782,0:05:28.123 ဒါကြောင့်လဲ လူတွေက ကမ္ဘာပေါ်မှ စိုးမိုးနိုင်တဲ့မျိုးစိတ်ဖြစ်လာတာပေါ့ 0:05:28.743,0:05:32.538 အင်တာနက်က သဘာဝအတိုင်း ဆင့်ကဲပြောင်းလဲလာမှုတစ်ခုလို့ခင်ဗျား ငြင်းရင်ငြင်းလိမ့်မယ် 0:05:32.538,0:05:35.581 ပြီးတော့ လိုအပ်ချက်ကြောင့် ပေါ်ထွက်လာတာမျိုးပေါ့ 0:05:36.141,0:05:38.672 အင်တာနက်ကို တစ်ဦးတစ်ယောက်တည်းကထွင်ခဲ့တာတော့မဟုတ်ပါဘူး 0:05:38.672,0:05:42.345 ဒါပေမယ့် အရမ်းတော်တဲ့ သိပ္ပံပညာရှင်တွေက နေရာပေါင်းစုံက တည်ဆောက်ဆဲ အပိုင်းအစတွေကို ဆက်လိုက် တဲ့အခါကျတော့ 0:05:42.345,0:05:45.988 အင်တာနက်က တကယ့် ဆက်သွယ်ရေး ကိရိယာတစ်ခုဖြစ်လာတော့တယ် 0:05:45.988,0:05:50.526 လက်လီရောင်းတဲ့နေရာ၊ ရှာဖွေရေးကိရိယာ၊ ဝါဒဖြန့် ကိရိယာ၊ ထောက်လှန်းရေးကိရိယာ 0:05:50.526,0:05:53.923 စျေးဝယ်ကိရိယာ၊ ချိန်းတွေ့ရန်နေရာ၊ ဖျော်ဖြေရေးကိရိယာ 0:05:53.923,0:05:57.958 ဒါမှဟုတ် အလုပ်လုပ်ချင်ယောင် စာလုပ်ချင်ယောင်ဆောင်ပြီး လစ်ပြေးဖို့လည်းသုံးလို့ရတာပေါ့ 0:05:57.958,0:05:59.976 အခုခင်ဗျားအဲဒီလိုလစ်ပြီးကြည့်နေတာလည်းဖြစ်ရင်ဖြစ်လိမ့်မယ် 0:06:00.316,0:06:04.673 နောက်ဆုံးမှာတော့ ဒီမှာသာ ကွန်မန့်လေးချန်ခဲ့လို့ရှိရင် ခင်ဗျားလည်းပဲ ဆက်သွယ်ဖို့ကြိုးစားနေသူတစ်ဦးဖြစ်မှာပါပဲ 0:06:04.673,0:06:07.487 ဒါကပဲခင်ဗျားကို ပိုကောင်းတဲ့လူသားဖြစ်စေမှာလေ ဘာသာပြန် − အာသာချမ်း fb.com/mobiology68 (2.10.2016)