စာဆို Homer လက်ထက်ကတည်းက မြေထဲပင်လယ်နယ်မြေအကျော်မှာ နေထိုင်ကြပြီး ရှေးပဝေသဏီက သြဇာအရှိဆုံးအင်ပါယာတွေကတောင် ကြောက်ရွံ့ရိုသေရတဲ့ ရဲရင့်ခက်ထန်တဲ့ စစ်သည်တော်တွေရဲ့ဒဏ္ဍာရီတွေပေါ်ထွန်းခဲ့တာပါ သူတို့ရဲ့ စွန့်စားခန်းတွေကို များစွာသော စာဆိုကြီးတို့က မှတ်တမ်းတင်ခဲ့ကြပါတယ် ဒဏ္ဍာရီ Trojan War မှာဝင်တိုက် စစ်တပ်က အေသင်ကိုကျူးကျော်တယ် Jason နဲ့ Argonauts တို့က ကမ်းခြေတွေကို ကျော်ဖြတ်ရာမှာ သေစေနိုင်တဲ့ မြားချက်တွေကနေ ရှောင်တိမ်းနိုင်ရုံတမယ်ပါပဲ ဒီလို ခက်ထန်တဲ့ တိုက်ခိုက်သူတွေဟာ ဒဏ္ဍာရီလာ အောင်နိုင်သူကြီးတွေဖြစ်တဲ့ Heracles ရယ် Theseus ရယ် Achilles ရယ်တို့နဲ့ ရင်ဆိုင်ခဲ့ဖူးပါတယ် ပြီးတော့ ဒီစစ်သည်တော်တွေဟာ တစ်ယောက်မကျန် အမျိုးသမီးတွေဖြစ်နေတာပါပဲ စစ်ကို ခုံမင်တဲ့ Amazon စစ်သည်တော်တစ်ဖြစ်လဲ သတ္တိနဲ့ အရည်အချင်းမှာ ယောက်ျားသားတွေနဲ့ သာတူညီမျှရှိသူတွေဟာ ရှေးခေတ် ဂရိပြည်သူပြည်သားတိုင်းနဲ့ အကျွမ်းတဝင် ရှိခဲ့ပါတယ် Amazon တိုက်ပွဲဖြစ်ရပ်တွေကို အေသင်မြို့ အက်ကရိုပိုလစ်တောင်ထိပ်ရှိ ပါသီနွန်ဘုရားကျောင်းမှာ မွန်းမံထားပြီး Amazon တို့ရဲ့ ပန်းချီနဲ့ ရုပ်တုတွေကိုတော့ ဘုရားကျောင်းတွေနဲ့ ပြည်သူပိုင်နေရာတွေမှာ ထားရှိတယ် သမီးမိန်းကလေးတွေဟာ Amazon အရုပ်ကလေးတွေနဲ့ ဆော့ကစားကြပြီး Amazon တွေဟာ ဂရိပန်းအိုးပန်းချီတွေမှာလည်း နေရာအများအပြား ယူထားခဲ့ပါတယ် ဂရိစာပေနဲ့ အနုပညာမှာဆိုရင် သူတို့ကို ရဲရင့်ခက်ထန်ပြီး တပ်မက်ဖွယ် ကောင်းလှသလို တုန်လှုပ်ဖွယ် သေစေနိုင်လောက်ပြီး ဂရိသူရဲကောင်းတွေရဲ့ လက်ချက်နဲ့ အရေးနိမ့်ခဲ့ရတယ်လို့ သရုပ်ဖော်ထားခဲ့ပါတယ် Amazon တွေဟာ ဒဏ္ဍာရီလာ ရုပ်ပြသာသာပဲလား ဒါမှမဟုတ် ဒီထက်ပိုနိုင်ဦးမလား သူတို့ကို မနွဿတွေနဲ့ ဆိုက်ကလော့ပ်ဘီလူးကြီး တွေလို စိတ်ကူးယဉ်သက်သက်ပဲလို့ ကာလရှည်ကြာစွာ ယူဆခဲ့ကြပါတယ် ဒါပေမဲ့ တိုက်ဆိုင်စွာနဲ့ပဲ ရှေးခေတ်အီဂျစ် ပါရှား အရှေ့အလယ်ပိုင်းဒေသ ဗဟိုအာရှနယ်မြေ အိန္ဒိယ နဲ့ တရုတ် တို့က ပုံပြင်တွေမှာ Amazon တို့လို အမျိုးသမီး စစ်သည်တွေကို ထည့်သွင်းထားခဲ့ပါတယ် Amazon တွေကို ယုံတမ်းပုံပြင်သာသာတင်မဟုတ်ဘဲ ရှေးဟောင်းသမိုင်းဖြစ်စဉ်တွေမှာလည်း ဖော်ပြခဲ့ကြပါတယ် စာဆိုပညာရှင်တွေဖြစ်တဲ့ Herodotus Plato နဲ့ Strabo တို့ဟာ သူတို့ရဲ့ တည်ရှိမှုကို သံသယအလျှင်း မဝင်ခဲ့ပါဘူး ဒါဆိုရင် Amazon တွေလို့ သိထားခဲ့တဲ့ တကယ့်အမျိုးသမီးစစ်သည်တွေဟာ ဘယ်သူတွေလဲ ရှေးဟောင်းသမိုင်းပညာရှင်တွေကတော့ Amazon တို့ရဲ့ မွေးရပ်ဌာနေကို ဆစ်သီးရားဒေသ တစ်ဖြစ်လဲ ကျယ်ပြောလှတဲ့ ပိုင်နက်ဖြစ်တဲ့ ပင်လယ်နက်ကနေ ဗဟိုအာရှနယ်မြေရဲ့ စတက်လွင်ပြင်အထိ အခြေတည်ထားပါတယ် ဒီလို ကျယ်ပြန့်လှတဲ့နယ်မြေမှာ မှီတင်း နေထိုင်ကြတဲ့ အခြေတကျမရှိတဲ့ လူမျိုးစုတွေဟာ သူတို့ရဲ့အသက်မွေးမှုကို မြင်းတွေ လေးအတတ်ပညာ နဲ့ စစ်မက်ရေးရာ အပေါ် အားထားရပါတယ် သူတို့ယဉ်ကျေးမှုဟာ ဘီစီ ၈၀၀ ဝန်းကျင်ကစလို့ နှစ် ၁၀၀၀ ခန့်အထိ စည်ပင်ဖွံ့ဖြိုးခဲ့ပါတယ် ဂရိ ပါရှားနဲ့ တရုတ်လူမျိုးတို့ ကြောက်ရွံ့ခဲ့ရတဲ့ ဆစ်သီးရားအနွယ်ဝင်တို့ဟာ မှတ်တမ်းမှတ်ရာ ထားရှိခဲ့ခြင်းမရှိပါဘူး ဒါပေမဲ့ သဲလွန်စအနေနဲ့ အိမ်နီးချင်းတွေရဲ့ သူတို့အပေါ် ဖော်ပြချက်တွေအပြင် ရှေးဟောင်း သုတေသနပညာရပ်မှာလည်း ရှာတွေ့နိုင်ပါတယ် ဆစ်သီးရားတို့ရဲ့ ဘိုးဘေးဘီဘင်တွေဟာ ကနဦးမြင်းစီးသူတွေ ဖြစ်ကြပြီး ကွေးညွတ်ပုံသဏ္ဌာန်ရှိ လေးအမျိုးအစားကို တီထွင်ခဲ့ကြပါတယ် အမျိုးသမီးမြင်းစီး လေးသည်တော်တစ်ယောက်ဟာ ယောက်ျားအားတမျှ သေသေကျေကျေနဲ့ လျင်မြန်မှုရှိနိုင်တာကြောင့် ကလေးငယ်တွေအားလုံးကို မြင်းစီးအတတ် လေးအတတ်တို့ကို သင်ယူစေခဲ့ပါတယ် မိန်းမတွေဟာ ယောက်ျားတွေနဲ့ ယှဉ်တွဲပြီး တူညီတဲ့လက်နက်တွေနဲ့ အမဲလိုက် တိုက်ခိုက် ကြပါတယ် ကြမ်းတမ်းတဲ့ တောတောင်ရေမြေနဲ့ အခြေတကျမရှိတဲ့ နေထိုင်မှုပုံစံကပဲ တန်းတူညီမျှရေးကို ကိုယ်ပိုင်ဟန်အဖြစ်နဲ့ ပေါ်ပေါက်စေခဲ့ပါတယ် ဒီဖြစ်စဉ်ဟာ မိမိတို့ရဲ့အိမ်သူတွေကို အိမ်တွင်းအောင်းစေတဲ့ ရှေးခေတ်ဂရိသားတို့ကို အံ့အားသင့်စေခဲ့ပါတယ် ဆစ်သီးရားတွေနဲ့ Amazon တို့ရဲ့ အစောဆုံး ပုံပြင်တွေဟာ ချဲ့ကားထားတဲ့ ကောလာဟလတွေ ဖြစ်ကောင်းဖြစ်နိုင်ပါတယ် ဒါပေမဲ့ ဂရိတွေဟာ ပင်လယ်နက်တစ်ဝိုက်နဲ့ အရှေ့ပိုင်းနယ်မြေတွေကို ကုန်သွယ်ကြရာကနေ သူတို့ရဲ့ ပုံဖော်ပြသမှုတွေက ပိုပြီး လက်တွေ့ဆန်လာခဲ့ပါတယ် Amazon တွေရဲ့ အစောပိုင်းဖော်ပြမှုတွေမှာ ဂရိလက်နက်နဲ့ ချပ်ဝတ်တန်ဆာတွေနဲ့ပါ ဒါပေမဲ့ ခေတ်နှောင်းတင်ပြချက်တွေမှာတော့ လေးတွေ တိုက်ပွဲပုဆိန်တွေကို ကိုင်စွဲပြီး မြင်းစီးကာ အခြေတကျမနေထိုင်တဲ့ စတက်လူမျိုးတွေရဲ့ ပင်ကိုလက္ခဏာဖြစ်တဲ့ ခေါင်းဆောင်းအချွန်ရယ် ပုံစံဖော်ထားတဲ့ ဘောင်းဘီရှည်တွေရယ်ကို ဆင်မြန်းထားပါတယ် သိပ်မကြာသေးခင်အထိ ဘယ်သူကမှ ဆစ်သီးရားတွေနဲ့ ဂရိဒဏ္ဍာရီထဲက Amazon တွေကြားက ဆက်နွယ်မှုအား ဘယ်လောက်ခိုင်မာသလဲဆိုတာကို သေချာမသိရှိခဲ့ကြပါဘူး ဒါပေမဲ့ မကြာသေးမီက ရှေးဟောင်း သုတေသနဆိုင်ရာ တွေ့ရှိချက်တွေကနေ လုံလောက်တဲ့သက်သေတွေ ရရှိထားပါတယ် အရေအတွက် ၁၀၀၀ ထက်ပိုတဲ့ ရှေးဟောင်းဆစ်သီးရားတွေရဲ့ ကာဂန်သင်္ချိုင်းတောင်ပို့မြေတွေကို တူးဖော်မိရာမှ အရိုးစုတွေနဲ့ လက်နက်တွေပါဝင်နေတာကို တွေ့လိုက်ရပါတယ် နှောင်းပိုင်း ရှေးဟောင်းသုတေသီတွေ ယူဆကြတာကတော့ လက်နက်တွေဟာ အမျိုးသားစစ်သည်တော်တွေနဲ့ပဲ သက်ဆိုင်လိမ့်မယ်ဆိုတာပါပဲ ဒါပေမဲ့ ခေတ်သစ်ဒီအန်အေ နဲ့ စိစစ်လိုက်တဲ့အခါမှာတော့ လက်နက်တွေနဲ့အတူ မြုပ်နှံထားတဲ့ အရိုးစု ၃၀၀ ခန့်ဟာ အသက်၁၀ နှစ်မှ ၄၅နှစ်အထိ အပိုင်းအခြားရှိတဲ့ အမျိုးသမီးတွေနဲ့ သက်ဆိုင်တယ်လို့သိရပြီး အရိုးစုတွေကို နှစ်စဉ်နှစ်တိုင်း ပိုမိုတူးဖော်တွေ့ရှိနေရပါတယ် မိန်းမအရိုးစုတွေမှာ တိုက်ပွဲဒဏ်ရာတွေဖြစ်တဲ့ နံရိုးကို ဓားနဲ့ပိုင်းထားတဲ့ ဒဏ်ရာတွေ ဦးခေါင်းခွံကို တိုက်ပွဲပုဆိန်နဲ့ ထုရိုက်ထားခြင်းတွေ အရိုးတွင်း မြားစိုက်နေတဲ့ ဒဏ်ရာတွေကို ညွှန်ပြထားပါတယ် ဂန္ထဝင်အနုပညာနဲ့ စာပေလက်ရာတွေမှာဆိုရင် ကြောက်မက်ဖွယ်ကောင်းတဲ့ Amazon တို့ကို သူရသတ္တိနှင့် ပြည့်စုံသူများလို့ သမုတ်လေ့ရှိပါတယ် ယောက်ျားသားတွေ စိုးမိုးထားတဲ့ ဂရိစာပေတွေမှာတော့ မဆီလျော်ပါဘဲနဲ့ လွတ်လပ်မှုနဲ့စစ်ပွဲတွေမှာ ဂုဏ်ယူရတဲ့ အာဂအမျိုးသမီးတို့ကို စိတ်ခံစားချက်တွေ ရောထွေးတတ်ပါတယ်တဲ့ ဒါတောင်မှပဲ ဂရိသားတွေကို သာတူညီမျှတဲ့ နေရာမှာ စံနမူနာအဖြစ် မှတ်ချက်ချခဲ့ကြပါတယ် ရင်ဖိုစရာကောင်းတဲ့ Amazon ပုံပြင်တွေရဲ့ စိတ်ကူးယဉ်လောကဟာ ကျားရော မကိုပါ သာတူညီမျှတဲ့ အောင်နိုင်သူတွေအဖြစ် ထင်မှတ်လို့ရခဲ့တဲ့ နည်းလမ်းတစ်ခုဆိုတာ ဖြစ်နိုင်ပါ့မလား