1 00:00:07,779 --> 00:00:09,628 စာဆို Homer လက်ထက်ကတည်းက 2 00:00:09,628 --> 00:00:14,578 မြေထဲပင်လယ်နယ်မြေအကျော်မှာ နေထိုင်ကြပြီး ရှေးပဝေသဏီက သြဇာအရှိဆုံးအင်ပါယာတွေကတောင် 3 00:00:14,578 --> 00:00:18,669 ကြောက်ရွံ့ရိုသေရတဲ့ ရဲရင့်ခက်ထန်တဲ့ စစ်သည်တော်တွေရဲ့ဒဏ္ဍာရီတွေပေါ်ထွန်းခဲ့တာပါ 4 00:00:18,669 --> 00:00:22,380 သူတို့ရဲ့ စွန့်စားခန်းတွေကို များစွာသော စာဆိုကြီးတို့က မှတ်တမ်းတင်ခဲ့ကြပါတယ် 5 00:00:22,380 --> 00:00:25,189 ဒဏ္ဍာရီ Trojan War မှာဝင်တိုက် စစ်တပ်က အေသင်ကိုကျူးကျော်တယ် 6 00:00:27,729 --> 00:00:30,300 Jason နဲ့ Argonauts တို့က ကမ်းခြေတွေကို ကျော်ဖြတ်ရာမှာ 7 00:00:30,300 --> 00:00:32,998 သေစေနိုင်တဲ့ မြားချက်တွေကနေ ရှောင်တိမ်းနိုင်ရုံတမယ်ပါပဲ 8 00:00:32,998 --> 00:00:37,280 ဒီလို ခက်ထန်တဲ့ တိုက်ခိုက်သူတွေဟာ ဒဏ္ဍာရီလာ အောင်နိုင်သူကြီးတွေဖြစ်တဲ့ 9 00:00:37,280 --> 00:00:38,311 Heracles ရယ် 10 00:00:38,311 --> 00:00:39,291 Theseus ရယ် 11 00:00:39,291 --> 00:00:41,321 Achilles ရယ်တို့နဲ့ ရင်ဆိုင်ခဲ့ဖူးပါတယ် 12 00:00:41,321 --> 00:00:45,841 ပြီးတော့ ဒီစစ်သည်တော်တွေဟာ တစ်ယောက်မကျန် အမျိုးသမီးတွေဖြစ်နေတာပါပဲ 13 00:00:45,841 --> 00:00:47,839 စစ်ကို ခုံမင်တဲ့ Amazon စစ်သည်တော်တစ်ဖြစ်လဲ 14 00:00:47,839 --> 00:00:51,019 သတ္တိနဲ့ အရည်အချင်းမှာ ယောက်ျားသားတွေနဲ့ သာတူညီမျှရှိသူတွေဟာ 15 00:00:51,019 --> 00:00:54,111 ရှေးခေတ် ဂရိပြည်သူပြည်သားတိုင်းနဲ့ အကျွမ်းတဝင် ရှိခဲ့ပါတယ် 16 00:00:54,111 --> 00:00:57,171 Amazon တိုက်ပွဲဖြစ်ရပ်တွေကို အေသင်မြို့ အက်ကရိုပိုလစ်တောင်ထိပ်ရှိ 17 00:00:57,171 --> 00:00:58,991 ပါသီနွန်ဘုရားကျောင်းမှာ မွန်းမံထားပြီး 18 00:00:58,991 --> 00:01:01,842 Amazon တို့ရဲ့ ပန်းချီနဲ့ ရုပ်တုတွေကိုတော့ ဘုရားကျောင်းတွေနဲ့ 19 00:01:01,842 --> 00:01:03,362 ပြည်သူပိုင်နေရာတွေမှာ ထားရှိတယ် 20 00:01:03,362 --> 00:01:06,031 သမီးမိန်းကလေးတွေဟာ Amazon အရုပ်ကလေးတွေနဲ့ ဆော့ကစားကြပြီး 21 00:01:06,031 --> 00:01:09,062 Amazon တွေဟာ ဂရိပန်းအိုးပန်းချီတွေမှာလည်း 22 00:01:09,062 --> 00:01:10,402 နေရာအများအပြား ယူထားခဲ့ပါတယ် 23 00:01:10,402 --> 00:01:12,141 ဂရိစာပေနဲ့ အနုပညာမှာဆိုရင် 24 00:01:12,141 --> 00:01:15,131 သူတို့ကို ရဲရင့်ခက်ထန်ပြီး တပ်မက်ဖွယ် ကောင်းလှသလို 25 00:01:15,131 --> 00:01:16,915 တုန်လှုပ်ဖွယ် သေစေနိုင်လောက်ပြီး 26 00:01:16,915 --> 00:01:21,082 ဂရိသူရဲကောင်းတွေရဲ့ လက်ချက်နဲ့ အရေးနိမ့်ခဲ့ရတယ်လို့ သရုပ်ဖော်ထားခဲ့ပါတယ် 27 00:01:21,082 --> 00:01:24,981 Amazon တွေဟာ ဒဏ္ဍာရီလာ ရုပ်ပြသာသာပဲလား ဒါမှမဟုတ် ဒီထက်ပိုနိုင်ဦးမလား 28 00:01:24,981 --> 00:01:28,407 သူတို့ကို မနွဿတွေနဲ့ ဆိုက်ကလော့ပ်ဘီလူးကြီး တွေလို စိတ်ကူးယဉ်သက်သက်ပဲလို့ 29 00:01:28,407 --> 00:01:29,692 ကာလရှည်ကြာစွာ ယူဆခဲ့ကြပါတယ် 30 00:01:29,692 --> 00:01:33,113 ဒါပေမဲ့ တိုက်ဆိုင်စွာနဲ့ပဲ ရှေးခေတ်အီဂျစ် 31 00:01:33,113 --> 00:01:34,324 ပါရှား 32 00:01:34,324 --> 00:01:35,397 အရှေ့အလယ်ပိုင်းဒေသ 33 00:01:35,397 --> 00:01:36,463 ဗဟိုအာရှနယ်မြေ 34 00:01:36,463 --> 00:01:37,422 အိန္ဒိယ နဲ့ 35 00:01:37,422 --> 00:01:38,122 တရုတ် တို့က 36 00:01:38,122 --> 00:01:41,553 ပုံပြင်တွေမှာ Amazon တို့လို အမျိုးသမီး စစ်သည်တွေကို ထည့်သွင်းထားခဲ့ပါတယ် 37 00:01:41,553 --> 00:01:44,433 Amazon တွေကို ယုံတမ်းပုံပြင်သာသာတင်မဟုတ်ဘဲ 38 00:01:44,433 --> 00:01:46,883 ရှေးဟောင်းသမိုင်းဖြစ်စဉ်တွေမှာလည်း ဖော်ပြခဲ့ကြပါတယ် 39 00:01:46,883 --> 00:01:49,604 စာဆိုပညာရှင်တွေဖြစ်တဲ့ Herodotus Plato နဲ့ Strabo တို့ဟာ 40 00:01:49,604 --> 00:01:52,024 သူတို့ရဲ့ တည်ရှိမှုကို သံသယအလျှင်း မဝင်ခဲ့ပါဘူး 41 00:01:52,024 --> 00:01:56,379 ဒါဆိုရင် Amazon တွေလို့ သိထားခဲ့တဲ့ တကယ့်အမျိုးသမီးစစ်သည်တွေဟာ ဘယ်သူတွေလဲ 42 00:01:56,379 --> 00:01:57,907 ရှေးဟောင်းသမိုင်းပညာရှင်တွေကတော့ 43 00:01:57,907 --> 00:02:00,507 Amazon တို့ရဲ့ မွေးရပ်ဌာနေကို ဆစ်သီးရားဒေသ တစ်ဖြစ်လဲ 44 00:02:00,507 --> 00:02:02,248 ကျယ်ပြောလှတဲ့ ပိုင်နက်ဖြစ်တဲ့ 45 00:02:02,248 --> 00:02:05,701 ပင်လယ်နက်ကနေ ဗဟိုအာရှနယ်မြေရဲ့ စတက်လွင်ပြင်အထိ အခြေတည်ထားပါတယ် 46 00:02:05,701 --> 00:02:09,455 ဒီလို ကျယ်ပြန့်လှတဲ့နယ်မြေမှာ မှီတင်း နေထိုင်ကြတဲ့ အခြေတကျမရှိတဲ့ လူမျိုးစုတွေဟာ 47 00:02:09,455 --> 00:02:10,979 သူတို့ရဲ့အသက်မွေးမှုကို မြင်းတွေ 48 00:02:10,979 --> 00:02:11,688 လေးအတတ်ပညာ နဲ့ 49 00:02:11,688 --> 00:02:13,120 စစ်မက်ရေးရာ အပေါ် အားထားရပါတယ် 50 00:02:13,120 --> 00:02:18,535 သူတို့ယဉ်ကျေးမှုဟာ ဘီစီ ၈၀၀ ဝန်းကျင်ကစလို့ နှစ် ၁၀၀၀ ခန့်အထိ စည်ပင်ဖွံ့ဖြိုးခဲ့ပါတယ် 51 00:02:18,535 --> 00:02:22,916 ဂရိ ပါရှားနဲ့ တရုတ်လူမျိုးတို့ ကြောက်ရွံ့ခဲ့ရတဲ့ ဆစ်သီးရားအနွယ်ဝင်တို့ဟာ 52 00:02:22,916 --> 00:02:26,676 မှတ်တမ်းမှတ်ရာ ထားရှိခဲ့ခြင်းမရှိပါဘူး ဒါပေမဲ့ သဲလွန်စအနေနဲ့ အိမ်နီးချင်းတွေရဲ့ 53 00:02:26,676 --> 00:02:30,486 သူတို့အပေါ် ဖော်ပြချက်တွေအပြင် ရှေးဟောင်း သုတေသနပညာရပ်မှာလည်း ရှာတွေ့နိုင်ပါတယ် 54 00:02:30,486 --> 00:02:33,490 ဆစ်သီးရားတို့ရဲ့ ဘိုးဘေးဘီဘင်တွေဟာ ကနဦးမြင်းစီးသူတွေ ဖြစ်ကြပြီး 55 00:02:33,490 --> 00:02:36,060 ကွေးညွတ်ပုံသဏ္ဌာန်ရှိ လေးအမျိုးအစားကို တီထွင်ခဲ့ကြပါတယ် 56 00:02:36,060 --> 00:02:38,927 အမျိုးသမီးမြင်းစီး လေးသည်တော်တစ်ယောက်ဟာ 57 00:02:38,927 --> 00:02:41,637 ယောက်ျားအားတမျှ သေသေကျေကျေနဲ့ လျင်မြန်မှုရှိနိုင်တာကြောင့် 58 00:02:41,637 --> 00:02:44,635 ကလေးငယ်တွေအားလုံးကို မြင်းစီးအတတ် လေးအတတ်တို့ကို သင်ယူစေခဲ့ပါတယ် 59 00:02:44,635 --> 00:02:47,398 မိန်းမတွေဟာ ယောက်ျားတွေနဲ့ ယှဉ်တွဲပြီး တူညီတဲ့လက်နက်တွေနဲ့ 60 00:02:47,398 --> 00:02:49,208 အမဲလိုက် တိုက်ခိုက် ကြပါတယ် 61 00:02:49,208 --> 00:02:52,157 ကြမ်းတမ်းတဲ့ တောတောင်ရေမြေနဲ့ အခြေတကျမရှိတဲ့ နေထိုင်မှုပုံစံကပဲ 62 00:02:52,157 --> 00:02:55,007 တန်းတူညီမျှရေးကို ကိုယ်ပိုင်ဟန်အဖြစ်နဲ့ ပေါ်ပေါက်စေခဲ့ပါတယ် 63 00:02:55,007 --> 00:02:58,727 ဒီဖြစ်စဉ်ဟာ မိမိတို့ရဲ့အိမ်သူတွေကို အိမ်တွင်းအောင်းစေတဲ့ 64 00:02:58,727 --> 00:03:00,797 ရှေးခေတ်ဂရိသားတို့ကို အံ့အားသင့်စေခဲ့ပါတယ် 65 00:03:00,797 --> 00:03:03,888 ဆစ်သီးရားတွေနဲ့ Amazon တို့ရဲ့ အစောဆုံး ပုံပြင်တွေဟာ 66 00:03:03,888 --> 00:03:06,619 ချဲ့ကားထားတဲ့ ကောလာဟလတွေ ဖြစ်ကောင်းဖြစ်နိုင်ပါတယ် 67 00:03:06,619 --> 00:03:10,739 ဒါပေမဲ့ ဂရိတွေဟာ ပင်လယ်နက်တစ်ဝိုက်နဲ့ အရှေ့ပိုင်းနယ်မြေတွေကို ကုန်သွယ်ကြရာကနေ 68 00:03:10,739 --> 00:03:13,646 သူတို့ရဲ့ ပုံဖော်ပြသမှုတွေက ပိုပြီး လက်တွေ့ဆန်လာခဲ့ပါတယ် 69 00:03:13,646 --> 00:03:17,539 Amazon တွေရဲ့ အစောပိုင်းဖော်ပြမှုတွေမှာ ဂရိလက်နက်နဲ့ ချပ်ဝတ်တန်ဆာတွေနဲ့ပါ 70 00:03:17,539 --> 00:03:19,758 ဒါပေမဲ့ ခေတ်နှောင်းတင်ပြချက်တွေမှာတော့ 71 00:03:19,758 --> 00:03:22,220 လေးတွေ တိုက်ပွဲပုဆိန်တွေကို ကိုင်စွဲပြီး 72 00:03:22,220 --> 00:03:22,957 မြင်းစီးကာ 73 00:03:22,957 --> 00:03:26,621 အခြေတကျမနေထိုင်တဲ့ စတက်လူမျိုးတွေရဲ့ ပင်ကိုလက္ခဏာဖြစ်တဲ့ ခေါင်းဆောင်းအချွန်ရယ် 74 00:03:26,621 --> 00:03:29,238 ပုံစံဖော်ထားတဲ့ ဘောင်းဘီရှည်တွေရယ်ကို ဆင်မြန်းထားပါတယ် 75 00:03:29,238 --> 00:03:32,862 သိပ်မကြာသေးခင်အထိ ဘယ်သူကမှ ဆစ်သီးရားတွေနဲ့ ဂရိဒဏ္ဍာရီထဲက Amazon တွေကြားက 76 00:03:32,862 --> 00:03:36,170 ဆက်နွယ်မှုအား ဘယ်လောက်ခိုင်မာသလဲဆိုတာကို သေချာမသိရှိခဲ့ကြပါဘူး 77 00:03:36,170 --> 00:03:39,021 ဒါပေမဲ့ မကြာသေးမီက ရှေးဟောင်း သုတေသနဆိုင်ရာ တွေ့ရှိချက်တွေကနေ 78 00:03:39,021 --> 00:03:40,851 လုံလောက်တဲ့သက်သေတွေ ရရှိထားပါတယ် 79 00:03:40,851 --> 00:03:43,144 အရေအတွက် ၁၀၀၀ ထက်ပိုတဲ့ ရှေးဟောင်းဆစ်သီးရားတွေရဲ့ 80 00:03:43,144 --> 00:03:46,234 ကာဂန်သင်္ချိုင်းတောင်ပို့မြေတွေကို တူးဖော်မိရာမှ 81 00:03:46,234 --> 00:03:48,817 အရိုးစုတွေနဲ့ လက်နက်တွေပါဝင်နေတာကို တွေ့လိုက်ရပါတယ် 82 00:03:48,817 --> 00:03:51,065 နှောင်းပိုင်း ရှေးဟောင်းသုတေသီတွေ ယူဆကြတာကတော့ 83 00:03:51,065 --> 00:03:54,164 လက်နက်တွေဟာ အမျိုးသားစစ်သည်တော်တွေနဲ့ပဲ သက်ဆိုင်လိမ့်မယ်ဆိုတာပါပဲ 84 00:03:54,164 --> 00:03:56,781 ဒါပေမဲ့ ခေတ်သစ်ဒီအန်အေ နဲ့ စိစစ်လိုက်တဲ့အခါမှာတော့ 85 00:03:56,781 --> 00:03:59,825 လက်နက်တွေနဲ့အတူ မြုပ်နှံထားတဲ့ အရိုးစု ၃၀၀ ခန့်ဟာ 86 00:03:59,825 --> 00:04:04,092 အသက်၁၀ နှစ်မှ ၄၅နှစ်အထိ အပိုင်းအခြားရှိတဲ့ အမျိုးသမီးတွေနဲ့ သက်ဆိုင်တယ်လို့သိရပြီး 87 00:04:04,092 --> 00:04:07,166 အရိုးစုတွေကို နှစ်စဉ်နှစ်တိုင်း ပိုမိုတူးဖော်တွေ့ရှိနေရပါတယ် 88 00:04:07,166 --> 00:04:09,543 မိန်းမအရိုးစုတွေမှာ တိုက်ပွဲဒဏ်ရာတွေဖြစ်တဲ့ 89 00:04:09,543 --> 00:04:11,762 နံရိုးကို ဓားနဲ့ပိုင်းထားတဲ့ ဒဏ်ရာတွေ 90 00:04:11,762 --> 00:04:14,211 ဦးခေါင်းခွံကို တိုက်ပွဲပုဆိန်နဲ့ ထုရိုက်ထားခြင်းတွေ 91 00:04:14,211 --> 00:04:17,473 အရိုးတွင်း မြားစိုက်နေတဲ့ ဒဏ်ရာတွေကို ညွှန်ပြထားပါတယ် 92 00:04:17,473 --> 00:04:19,744 ဂန္ထဝင်အနုပညာနဲ့ စာပေလက်ရာတွေမှာဆိုရင် 93 00:04:19,744 --> 00:04:21,504 ကြောက်မက်ဖွယ်ကောင်းတဲ့ Amazon တို့ကို 94 00:04:21,504 --> 00:04:24,654 သူရသတ္တိနှင့် ပြည့်စုံသူများလို့ သမုတ်လေ့ရှိပါတယ် 95 00:04:24,654 --> 00:04:27,295 ယောက်ျားသားတွေ စိုးမိုးထားတဲ့ ဂရိစာပေတွေမှာတော့ 96 00:04:27,295 --> 00:04:32,032 မဆီလျော်ပါဘဲနဲ့ လွတ်လပ်မှုနဲ့စစ်ပွဲတွေမှာ ဂုဏ်ယူရတဲ့ အာဂအမျိုးသမီးတို့ကို 97 00:04:32,032 --> 00:04:34,162 စိတ်ခံစားချက်တွေ ရောထွေးတတ်ပါတယ်တဲ့ 98 00:04:34,162 --> 00:04:38,044 ဒါတောင်မှပဲ ဂရိသားတွေကို သာတူညီမျှတဲ့ နေရာမှာ စံနမူနာအဖြစ် မှတ်ချက်ချခဲ့ကြပါတယ် 99 00:04:38,044 --> 00:04:41,167 ရင်ဖိုစရာကောင်းတဲ့ Amazon ပုံပြင်တွေရဲ့ စိတ်ကူးယဉ်လောကဟာ 100 00:04:41,167 --> 00:04:43,647 ကျားရော မကိုပါ သာတူညီမျှတဲ့ အောင်နိုင်သူတွေအဖြစ် 101 00:04:43,647 --> 00:04:46,194 ထင်မှတ်လို့ရခဲ့တဲ့ နည်းလမ်းတစ်ခုဆိုတာ ဖြစ်နိုင်ပါ့မလား