စာဆို Homer လက်ထက်ကတည်းက
မြေထဲပင်လယ်နယ်မြေအကျော်မှာ နေထိုင်ကြပြီး
ရှေးပဝေသဏီက သြဇာအရှိဆုံးအင်ပါယာတွေကတောင်
ကြောက်ရွံ့ရိုသေရတဲ့ ရဲရင့်ခက်ထန်တဲ့
စစ်သည်တော်တွေရဲ့ဒဏ္ဍာရီတွေပေါ်ထွန်းခဲ့တာပါ
သူတို့ရဲ့ စွန့်စားခန်းတွေကို များစွာသော
စာဆိုကြီးတို့က မှတ်တမ်းတင်ခဲ့ကြပါတယ်
ဒဏ္ဍာရီ Trojan War မှာဝင်တိုက်
စစ်တပ်က အေသင်ကိုကျူးကျော်တယ်
Jason နဲ့ Argonauts တို့က
ကမ်းခြေတွေကို ကျော်ဖြတ်ရာမှာ
သေစေနိုင်တဲ့ မြားချက်တွေကနေ
ရှောင်တိမ်းနိုင်ရုံတမယ်ပါပဲ
ဒီလို ခက်ထန်တဲ့ တိုက်ခိုက်သူတွေဟာ
ဒဏ္ဍာရီလာ အောင်နိုင်သူကြီးတွေဖြစ်တဲ့
Heracles ရယ်
Theseus ရယ်
Achilles ရယ်တို့နဲ့
ရင်ဆိုင်ခဲ့ဖူးပါတယ်
ပြီးတော့ ဒီစစ်သည်တော်တွေဟာ
တစ်ယောက်မကျန် အမျိုးသမီးတွေဖြစ်နေတာပါပဲ
စစ်ကို ခုံမင်တဲ့
Amazon စစ်သည်တော်တစ်ဖြစ်လဲ
သတ္တိနဲ့ အရည်အချင်းမှာ
ယောက်ျားသားတွေနဲ့ သာတူညီမျှရှိသူတွေဟာ
ရှေးခေတ် ဂရိပြည်သူပြည်သားတိုင်းနဲ့
အကျွမ်းတဝင် ရှိခဲ့ပါတယ်
Amazon တိုက်ပွဲဖြစ်ရပ်တွေကို အေသင်မြို့
အက်ကရိုပိုလစ်တောင်ထိပ်ရှိ
ပါသီနွန်ဘုရားကျောင်းမှာ မွန်းမံထားပြီး
Amazon တို့ရဲ့ ပန်းချီနဲ့ ရုပ်တုတွေကိုတော့
ဘုရားကျောင်းတွေနဲ့
ပြည်သူပိုင်နေရာတွေမှာ
ထားရှိတယ်
သမီးမိန်းကလေးတွေဟာ Amazon
အရုပ်ကလေးတွေနဲ့ ဆော့ကစားကြပြီး
Amazon တွေဟာ ဂရိပန်းအိုးပန်းချီတွေမှာလည်း
နေရာအများအပြား ယူထားခဲ့ပါတယ်
ဂရိစာပေနဲ့ အနုပညာမှာဆိုရင်
သူတို့ကို ရဲရင့်ခက်ထန်ပြီး
တပ်မက်ဖွယ် ကောင်းလှသလို
တုန်လှုပ်ဖွယ် သေစေနိုင်လောက်ပြီး
ဂရိသူရဲကောင်းတွေရဲ့ လက်ချက်နဲ့
အရေးနိမ့်ခဲ့ရတယ်လို့ သရုပ်ဖော်ထားခဲ့ပါတယ်
Amazon တွေဟာ ဒဏ္ဍာရီလာ ရုပ်ပြသာသာပဲလား
ဒါမှမဟုတ် ဒီထက်ပိုနိုင်ဦးမလား
သူတို့ကို မနွဿတွေနဲ့ ဆိုက်ကလော့ပ်ဘီလူးကြီး
တွေလို စိတ်ကူးယဉ်သက်သက်ပဲလို့
ကာလရှည်ကြာစွာ ယူဆခဲ့ကြပါတယ်
ဒါပေမဲ့ တိုက်ဆိုင်စွာနဲ့ပဲ
ရှေးခေတ်အီဂျစ်
ပါရှား
အရှေ့အလယ်ပိုင်းဒေသ
ဗဟိုအာရှနယ်မြေ
အိန္ဒိယ နဲ့
တရုတ် တို့က
ပုံပြင်တွေမှာ Amazon တို့လို အမျိုးသမီး
စစ်သည်တွေကို ထည့်သွင်းထားခဲ့ပါတယ်
Amazon တွေကို
ယုံတမ်းပုံပြင်သာသာတင်မဟုတ်ဘဲ
ရှေးဟောင်းသမိုင်းဖြစ်စဉ်တွေမှာလည်း
ဖော်ပြခဲ့ကြပါတယ်
စာဆိုပညာရှင်တွေဖြစ်တဲ့ Herodotus
Plato နဲ့ Strabo တို့ဟာ
သူတို့ရဲ့ တည်ရှိမှုကို
သံသယအလျှင်း မဝင်ခဲ့ပါဘူး
ဒါဆိုရင် Amazon တွေလို့ သိထားခဲ့တဲ့
တကယ့်အမျိုးသမီးစစ်သည်တွေဟာ ဘယ်သူတွေလဲ
ရှေးဟောင်းသမိုင်းပညာရှင်တွေကတော့
Amazon တို့ရဲ့ မွေးရပ်ဌာနေကို
ဆစ်သီးရားဒေသ တစ်ဖြစ်လဲ
ကျယ်ပြောလှတဲ့ ပိုင်နက်ဖြစ်တဲ့
ပင်လယ်နက်ကနေ ဗဟိုအာရှနယ်မြေရဲ့
စတက်လွင်ပြင်အထိ အခြေတည်ထားပါတယ်
ဒီလို ကျယ်ပြန့်လှတဲ့နယ်မြေမှာ မှီတင်း
နေထိုင်ကြတဲ့ အခြေတကျမရှိတဲ့ လူမျိုးစုတွေဟာ
သူတို့ရဲ့အသက်မွေးမှုကို မြင်းတွေ
လေးအတတ်ပညာ နဲ့
စစ်မက်ရေးရာ အပေါ် အားထားရပါတယ်
သူတို့ယဉ်ကျေးမှုဟာ ဘီစီ ၈၀၀ ဝန်းကျင်ကစလို့
နှစ် ၁၀၀၀ ခန့်အထိ စည်ပင်ဖွံ့ဖြိုးခဲ့ပါတယ်
ဂရိ ပါရှားနဲ့ တရုတ်လူမျိုးတို့
ကြောက်ရွံ့ခဲ့ရတဲ့ ဆစ်သီးရားအနွယ်ဝင်တို့ဟာ
မှတ်တမ်းမှတ်ရာ ထားရှိခဲ့ခြင်းမရှိပါဘူး
ဒါပေမဲ့ သဲလွန်စအနေနဲ့ အိမ်နီးချင်းတွေရဲ့
သူတို့အပေါ် ဖော်ပြချက်တွေအပြင် ရှေးဟောင်း
သုတေသနပညာရပ်မှာလည်း ရှာတွေ့နိုင်ပါတယ်
ဆစ်သီးရားတို့ရဲ့ ဘိုးဘေးဘီဘင်တွေဟာ
ကနဦးမြင်းစီးသူတွေ ဖြစ်ကြပြီး
ကွေးညွတ်ပုံသဏ္ဌာန်ရှိ လေးအမျိုးအစားကို
တီထွင်ခဲ့ကြပါတယ်
အမျိုးသမီးမြင်းစီး လေးသည်တော်တစ်ယောက်ဟာ
ယောက်ျားအားတမျှ သေသေကျေကျေနဲ့
လျင်မြန်မှုရှိနိုင်တာကြောင့်
ကလေးငယ်တွေအားလုံးကို မြင်းစီးအတတ်
လေးအတတ်တို့ကို သင်ယူစေခဲ့ပါတယ်
မိန်းမတွေဟာ ယောက်ျားတွေနဲ့ ယှဉ်တွဲပြီး
တူညီတဲ့လက်နက်တွေနဲ့
အမဲလိုက် တိုက်ခိုက် ကြပါတယ်
ကြမ်းတမ်းတဲ့ တောတောင်ရေမြေနဲ့
အခြေတကျမရှိတဲ့ နေထိုင်မှုပုံစံကပဲ
တန်းတူညီမျှရေးကို ကိုယ်ပိုင်ဟန်အဖြစ်နဲ့
ပေါ်ပေါက်စေခဲ့ပါတယ်
ဒီဖြစ်စဉ်ဟာ မိမိတို့ရဲ့အိမ်သူတွေကို
အိမ်တွင်းအောင်းစေတဲ့
ရှေးခေတ်ဂရိသားတို့ကို အံ့အားသင့်စေခဲ့ပါတယ်
ဆစ်သီးရားတွေနဲ့ Amazon တို့ရဲ့
အစောဆုံး ပုံပြင်တွေဟာ
ချဲ့ကားထားတဲ့ ကောလာဟလတွေ
ဖြစ်ကောင်းဖြစ်နိုင်ပါတယ်
ဒါပေမဲ့ ဂရိတွေဟာ ပင်လယ်နက်တစ်ဝိုက်နဲ့
အရှေ့ပိုင်းနယ်မြေတွေကို ကုန်သွယ်ကြရာကနေ
သူတို့ရဲ့ ပုံဖော်ပြသမှုတွေက
ပိုပြီး လက်တွေ့ဆန်လာခဲ့ပါတယ်
Amazon တွေရဲ့ အစောပိုင်းဖော်ပြမှုတွေမှာ
ဂရိလက်နက်နဲ့ ချပ်ဝတ်တန်ဆာတွေနဲ့ပါ
ဒါပေမဲ့ ခေတ်နှောင်းတင်ပြချက်တွေမှာတော့
လေးတွေ တိုက်ပွဲပုဆိန်တွေကို ကိုင်စွဲပြီး
မြင်းစီးကာ
အခြေတကျမနေထိုင်တဲ့ စတက်လူမျိုးတွေရဲ့
ပင်ကိုလက္ခဏာဖြစ်တဲ့ ခေါင်းဆောင်းအချွန်ရယ်
ပုံစံဖော်ထားတဲ့ ဘောင်းဘီရှည်တွေရယ်ကို
ဆင်မြန်းထားပါတယ်
သိပ်မကြာသေးခင်အထိ ဘယ်သူကမှ ဆစ်သီးရားတွေနဲ့
ဂရိဒဏ္ဍာရီထဲက Amazon တွေကြားက
ဆက်နွယ်မှုအား ဘယ်လောက်ခိုင်မာသလဲဆိုတာကို
သေချာမသိရှိခဲ့ကြပါဘူး
ဒါပေမဲ့ မကြာသေးမီက ရှေးဟောင်း
သုတေသနဆိုင်ရာ တွေ့ရှိချက်တွေကနေ
လုံလောက်တဲ့သက်သေတွေ ရရှိထားပါတယ်
အရေအတွက် ၁၀၀၀ ထက်ပိုတဲ့
ရှေးဟောင်းဆစ်သီးရားတွေရဲ့
ကာဂန်သင်္ချိုင်းတောင်ပို့မြေတွေကို
တူးဖော်မိရာမှ
အရိုးစုတွေနဲ့ လက်နက်တွေပါဝင်နေတာကို
တွေ့လိုက်ရပါတယ်
နှောင်းပိုင်း ရှေးဟောင်းသုတေသီတွေ
ယူဆကြတာကတော့
လက်နက်တွေဟာ အမျိုးသားစစ်သည်တော်တွေနဲ့ပဲ
သက်ဆိုင်လိမ့်မယ်ဆိုတာပါပဲ
ဒါပေမဲ့ ခေတ်သစ်ဒီအန်အေ နဲ့
စိစစ်လိုက်တဲ့အခါမှာတော့
လက်နက်တွေနဲ့အတူ မြုပ်နှံထားတဲ့
အရိုးစု ၃၀၀ ခန့်ဟာ
အသက်၁၀ နှစ်မှ ၄၅နှစ်အထိ အပိုင်းအခြားရှိတဲ့
အမျိုးသမီးတွေနဲ့ သက်ဆိုင်တယ်လို့သိရပြီး
အရိုးစုတွေကို နှစ်စဉ်နှစ်တိုင်း
ပိုမိုတူးဖော်တွေ့ရှိနေရပါတယ်
မိန်းမအရိုးစုတွေမှာ
တိုက်ပွဲဒဏ်ရာတွေဖြစ်တဲ့
နံရိုးကို ဓားနဲ့ပိုင်းထားတဲ့ ဒဏ်ရာတွေ
ဦးခေါင်းခွံကို တိုက်ပွဲပုဆိန်နဲ့
ထုရိုက်ထားခြင်းတွေ
အရိုးတွင်း မြားစိုက်နေတဲ့ ဒဏ်ရာတွေကို
ညွှန်ပြထားပါတယ်
ဂန္ထဝင်အနုပညာနဲ့
စာပေလက်ရာတွေမှာဆိုရင်
ကြောက်မက်ဖွယ်ကောင်းတဲ့ Amazon တို့ကို
သူရသတ္တိနှင့် ပြည့်စုံသူများလို့
သမုတ်လေ့ရှိပါတယ်
ယောက်ျားသားတွေ စိုးမိုးထားတဲ့
ဂရိစာပေတွေမှာတော့
မဆီလျော်ပါဘဲနဲ့ လွတ်လပ်မှုနဲ့စစ်ပွဲတွေမှာ
ဂုဏ်ယူရတဲ့ အာဂအမျိုးသမီးတို့ကို
စိတ်ခံစားချက်တွေ ရောထွေးတတ်ပါတယ်တဲ့
ဒါတောင်မှပဲ ဂရိသားတွေကို သာတူညီမျှတဲ့
နေရာမှာ စံနမူနာအဖြစ် မှတ်ချက်ချခဲ့ကြပါတယ်
ရင်ဖိုစရာကောင်းတဲ့ Amazon ပုံပြင်တွေရဲ့
စိတ်ကူးယဉ်လောကဟာ
ကျားရော မကိုပါ သာတူညီမျှတဲ့
အောင်နိုင်သူတွေအဖြစ်
ထင်မှတ်လို့ရခဲ့တဲ့ နည်းလမ်းတစ်ခုဆိုတာ
ဖြစ်နိုင်ပါ့မလား