လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၃၀၀ ခန့်က
Alexandria နယ် ရဲ့ အုပ်ချုပ်သူများက
လူသားလိုအပ်ချက်တခုကို ဖြည့်ဖို့
ကြိုးစားခဲ့ကြပါတယ်
ကမ္ဘာပေါ်က အသိပညာအားလုံးကို တစ်နေရာထဲ
စုစည်းဖို့ပါ။
အဓိကအားဖြင့်
Alexandria စာကြည့်တိုက်အနေနဲ့
ပုရပိုက်ပေါင်းများစွာ သိမ်းဆည်းခဲ့ပြီး
ဂရိခေတ်ရဲ့ ဉာဏ်ကြီးရှင်တွေကို
ဆွဲဆောင်ခဲ့ပါတယ်
ဒါပေမဲ့ ၅ ရာစု အကုန်မှာ
စာကြည့်တိုက်ကြီးတခုလုံး ဖျက်စီးခံခဲ့ရတယ်။
အများစု က မီးလောင်တိုက်သွင်းခံခဲ့ရတယ်လို့
ယုံကြည်ခဲ့ကြပါတယ်။
စာကြည့်တိုက် တိုးတက်ချိန်၊ကျဆုံးချိန် ရဲ့
အမှန်တရားက ရှုပ်ထွေးလှပါတယ်။
စာကြည့်တိုက် ဆိုတဲ့ အကြံဉာဏ်က
အလက်ဇန်းဒါးဘုရင် ဆီက ဖြစ်လာခဲ့တာပါ။
သူ့ကိုယ်သူ အုပ်ချုပ်သူ အဖြစ်
ကြေညာအပြီးမှာ
Aristotle ရဲ့ တပည့်ရင်းဖြစ်သူ ဘုရင်ဟာ
သူ့နယ် မှာ ပညာရပ်ဝန်းတခုကို တည်ဆောက်ဖို့
အာရုံစိုက်ခဲ့တယ်
တည်ဆောက်မှု မစတင်ခင်မှာ
သူ သေဆုံးသွားခဲ့ပေမဲ့
သူ့နောက် ဆက်ခံသူ
Ptolemy ဘုရင် ၁ က
ပြတိုက်နဲ့ စာကြည့်တိုက်အတွက်
အလက်ဇန်းဒါးရဲ့ အစီအစဉ်ကို ဆက်လုပ်ခဲ့တယ်။
မြို့တော်ရဲ့ အချက်အချာနေရာမှာ
တည်ရှိတဲ့
Ptolemy စာကြည့်တိုက် ကို
ကြီးမားတဲ့ Hellenistic လက်ရာ
ကျောက်တိုင်တွေ
ခေတ်ဟောင်း အီဂျစ်ရိုးရာ လွှမ်းမိုးမှုတွေ
ဒီပေါင်းစပ်မှုတွေကြောင့်
ဗိသုကာလက်ရာ က သြဇာကြီးမားခဲ့တယ်။
၎င်းမှာ ဟောပြောခန်းမကြီးတွေ၊ စာသင်ခန်းတွေ
နဲ့အတူ စာအုပ်စင်ကြီးတွေ ပါဝင်ပါတယ်။
အဆောက်အဦး တည်ဆောက်ပြီးပြီးချင်းမှာ
Ptolemy ဘုရင် ၁ ဟာ ရှေးဟောင်းဂရိ နဲ့
အီဂျစ်ရှေးစာလိပ်တွေကို စတင်စုဆောင်းခဲ့တယ်
ဘုရင့်ထောက်ပံ့မှုစရိတ်နဲ့ ပညာတော်သင်တွေကို
Alexandria မှာ နေထိုင်ပညာသင်စေခဲ့တယ်။
သူတို့ရဲ့ ကိုယ်ပိုင်စာပေတွေကြောင့်
စာကြည်တိုက် က ဖွံ့ဖြိုးလာပါတယ်၊
ဒါပေမဲ့ အုပ်ချုပ်သူတွေအနေနဲ့ တစ်ကမ္ဘာလုံးက
စာအုပ်တိုင်းရဲ့မိတ္တူတွေ လိုချင်နေတုန်းပါ။
ကံကောင်းစွာနဲ့ Alexandria မြို့မှာ
မြေထဲပင်လယ် ဆိပ်ကမ်း ရှိခဲ့တယ်။
Ptolemy ဘုရင် ၃ လက်ထက်မှာ
အဲဒီဆိပ်ကမ်းကပ် သင်္ဘောတွေအတွက်
မိတ္တူကူးဖို့စာအုပ်တွေယူခဲ့ရမယ့်
မူဝါဒကို ထုတ်ခဲ့တယ်။
စာကြည့်တိုက်က စာတွေကို
မိတ္တူပွားပြီးးတဲ့အခါ
မူရင်းတွေကို သိမ်းထားပြီး မိတ္တူတွေကို
သင်္ဘောတွေဆီ ပြန်ပေးခဲ့တယ်
ကြေးစားစာအုပ်မုဆိုးတွေကလဲ
မြေထဲပင်လယ် တလျှောက်
စာအုပ်စာပေ အသစ်တွေ ရှာဖွေခဲ့ကြပြီး
Alexandria ရဲ့ အုပ်ချုပ်သူတွေက
ပြိုင်ဘက်တွေကို အလဲထိုးဖို့
ပုရပိုက်ပြုလုပ်ရာမှာ အသုံးပြုတဲ့ အီဂျစ်
papyrus အချပ်များကို ရပ်တန့်ခဲ့ပါတယ်
ဒီတွန်းအားတွေကြောင့် စာအုပ်သန်းချီကို
Alexandria ဆီသို့ ယူဆောင်လာနိုင်ခဲ့တယ်။
စာကြည့်တိုက် ဖွံ့ဖြိုးတာနှင့်မျှ
သတင်းအချက်အလက်တွေကို အရင်ကထက်
ပိုမိုလွယ်ကူစွာ ရှာဖွေနိုင်လာတယ်။
ဒါပေမဲ့ အသေးစိတ်အကြောင်းအရာများကို
အတိအကျ အလွယ်တကူရှာဖွေဖို့ ခက်ခဲနေဆဲပါ။
ကံကောင်းစွာနဲ့ Cyrene မှ Callimachus
ပညာတော်သင်တဦးက
ဇယားချပ်များ ဖန်တီး၍ ဖြေရှင်းရန်
ကြိုးစားခဲ့တယ်၊
စာကြည့်တိုက်အချက်အလက်များပါဝင်သော
စာရင်းစာအုပ်တွဲပေါင်း ၁၂၀ သည်
ဖြေရှင်းနည်း၏ လမ်းစ ဖြစ်ခဲ့သည်
စာရင်းဇယားများကိုအသုံးပြုပြီး
စာကြည့်တိုက်၏ စုဆောင်းမှုများကို
မည်သူမဆို ရှာဖွေနိုင်လာသည်။
သူတို့ အံ့သြဖွယ် ရှာဖွေမှုအသစ်များ
ပြုလုပ်နိုင်လာခဲ့သည်။
Columbus ရွက်မလွှင့်ခင်
နှစ်ပေါင်း ၁၆၀၀ ခန့်က
Eratosthenes သည် ကမ္ဘာကြီး
လုံးဝန်းသည်ဟု မယုံကြည်ခဲ့ပါ၊
သို့သော် ၎င်း၏အဝန်းနှင့်အချင်း ကို
တကယ့်အရွယ်အစား၏ မိုင်အနည်းငယ်အထိ
တွက်ချက်ခဲ့သည်။
Alexandria မှ Heron လို့နာမည်ကြီးသူက
ကမ္ဘာ့ပထမဆုံးရေနွေးငွေ့အင်ဂျင်ကို
စက်မှုတော်လှန်ရေးအတွင်း ကျမှ
ပြန်တီထွင်နိုင်ခဲ့ကြသည်ထက်
နှစ် ၁၀၀၀ ကျော် စောပြီး တီထွင်
ထုတ်လုပ်နိုင်ခဲ့တယ်။
ဘီစီ ၂၈၃ မှတည်ထောင်ပြီး နှစ် ၃၀၀ အတွင်း
စာကြည့်တိုက် အရှိန်အဟုန်ဖွံ့ဖြိုးလာခဲ့သည်။
သို့သော် ဘီစီ ၄၈တွင် Julius Caesar မှ
Alexandria နယ်ကို စီးနင်းသိမ်းပိုက်ပြီး
ဆိပ်ကမ်းရှိ သင်္ဘောများကို မီးရှို့ခဲ့သည်။
နှစ်များစွာ ပညာတော်သင်များက စာကြည့်တိုက်
မြို့နှင့်အတူ မီးရှို့ခံခဲ့ရသည် ယုံခဲ့သည်။
မီးသည် မြို့၏အရေးကြီးနေရာများကို
ဖျက်စီးသည်မှာ ဖြစ်နိုင်သော်လည်း
ရှေးဟောင်းစာများအရ ပညာတော်သင်များသည်
တိုက်ခိုက်မှုအပြီး ရာစုနှစ်များစွာထိ
စာကြည်တိုက်တွင် ဆက်လေ့လာခဲ့သည်ဟု သိရသည်။
အဆုံးတွင် စာကြည့်တိုက်သည်
ဂရိ မှ ရောမခေတ်အပြောင်းတွင် တဖြည်းဖြည်း
ပျောက်ကွယ်သွားခဲ့သည်။
ထို့နောက် ခရစ်ယာန်
နှင့် မူစလင်များ လက်ထဲတွင် ပျက်စီးခဲ့သည်။
အုပ်ချုပ်သူအဆက်ဆက်သည် ၎င်းတည်ရှိမှုကို
ဂုဏ်ယူစရာ အရင်းအမြစ်တခုထက်
အနှောက်အယှက်အဖြစ်သာ မြင်ခဲ့ကြသည်
ခရစ်နှင် ၄၁၅ တွင်
ခရစ်ယာန်အုပ်ချုပ်သူများသည် Hypatia ဆိုသူ
သင်္ချာပညာရှင်တဦးကို
စာကြည့်တိုက်မှ ရှေးဟောင်းဂရိစာများလေ့လာမှု
ကြောင့် ဘာသာမဲ့အရိုင်းအစိုင်းအဖြစ်
သတ်မှတ်ကာ သေဒဏ်စီရင်ခဲ့သည်။
Alexandria စာကြည့်တိုက်နှင့် ၎င်း၏
မရေတွက်နိုင်သောစာများ ပျောက်သွားသည့်အခါ
ကျွန်တော်တို့အနေနဲ့ အသိပညာများကို
ပြန်လည်စုဆောင်းရန်
ပိုင်ဆိုင်ရန် နှင့်
ထိန်းသိမ်းရန် အကောင်းဆုံးကြိုးစားကြရမည်။
ယခုအခါ အချက်အလက်များကို
အလွယ်တကူ ရရှိနိုင်ပြီး
၎င်းကို ထိန်းသိမ်းနိုင်သည့် အဆင့်မြင့်
နည်းပညာရှိသော်လဲ
ကျွန်တော်တို့အနေဖြင့် ဒစ်ဂျစ်တယ်
ပိုင်ဆိုင်မှုများကို Alexandria ၏
မှင်နှင့်စာရွက်လိပ်များကဲ့သို့
မပျက်စီးပဲ ရေရှည်ကာကွယ်ရန်မှာ
မသေချာပေ။
ဒါ့အပြင် ကျွန်တော်တို့၏ အသိပညာရေချိန်သည်
ရုပ်ဝတ္ထုအရ လုံခြုံနိုင်သော်လည်း
အတွင်းစိတ်အန္တရာယ်များကို ကာကွယ်ရဦးမည်။
စာကြည့်တိုက်ကို တစ်စစီ
ဖြစ်စေသောအကြောင်းများ
ဖြစ်သော အသိပညာကိုကြောက်ခြင်း၊
အတိတ်အကြောင်းများကို ခေတ်ကုန်နေပြီလို့
တစ်ဖက်စွန်းတွေးခြင်းများဖြစ်သည်။
ကွာခြားချက်မှာ ဘယ်အရာကိုပြင်ဆင်ရမလဲဆိုတာ
ကျွန်တော်တို့ ယခု သိနေကြပါပြီ။