ကျွန်တော်က Olafur Eliasson ပါ။
အနုပညာရှင်တစ်ယောက်ပါ။
သဘာဝ ဖြစ်စဉ်တွေ၊ မိုးလေဝသ၊
ရာသီဥတု၊ ပတ်ဝန်းကျင်
ပြီးတော့ ကျွန်တော်တို့ အနာဂတ်လို့
အရာတွေကို
တွဲဖက် လုပ်ကိုင်သူလို့ ဆိုနိုင်ပါတယ်။
( နူးညံ့တဲ့ အသံ)
လူငယ်လှုပ်ရှားမှုတွေက
ကျွန်တော့ကို စေ့ဆော်ပေးခဲ့တာပါ၊
သူတို့တွေကို နားထောင်လာကြဖို့
လူငယ်လူရွယ်တွေ
သူတို့ဘာသာ စည်းရုံခဲ့ကြပုံပါ။
အခုဆို အချိန်အတော်ကြာကြာ
လူငယ်တွေနဲ့အတူ ကျွန်တော်
တကယ်ကို ပူးပေါင်းလုပ်ခဲ့တာပါ။
ဒီကိစ္စမှာ "Earth Speakr" ပရောဂျက်
တစ်ခုကို ဖန်တီးဖို့
သူတို့တွေဟာလည်း အနုပညာရှင်တွေပါပဲ။
ကျွန်တော်တို့ လူကြီးတွေ
သူတို့ကို နားထောင်နိုင်တဲ့နေရာပေါ့။
ဒီတော့ ပတ်ဝန်းကျင်အကြောင်း၊
ရာသီဥတုနဲ့ အနာဂတ်အကြောင်း
သူတို့ပြောတာကို နားထောင်ဖို့နဲ့
သူတို့တွေ ပြောဖို့လိုတာ သိဖို့
ကျွန်တော်နဲ့ ပူးပေါင်းပါဝင်ပါ။
ကောင်မလေး ၁ - "Earth Speakr" နဲ့ ကိုယ်မြင်
တာတိုင်းအတွက် ကိုယ့်အသံကို မျှဝေနိုင်တယ်။
ဒါက ကမ္ဘာဘက်က ကျွန်မတို့ ရပ်တည်
ပြောဆိုတာကို ကြားနိုင်ဖို့ စင်မြင့်ပါ။
ကိုယ့်နားက အရာတစ်ခုခုမှာ မျက်နှာတစ်ခု
တပ်ပေးပြီး ကိုယ့်တင်ပြချင်တာ ပြောနိုင်တယ်။
ဟေး၊ တဆိတ်လောက်၊
သင့်ကို ကျွန်မ မြင်တယ်နော်။
(အသံသွင်း စကားသံ)
ဟေး၊ တဆိတ်လောက်၊ သင့်ကို မြင်တယ်နော်။
ကလေးငယ်တွေဟာ ပါရဂူတွေဖြစ်နိုင်တယ်။
ကျွန်မတို့ အတူစုလိုက်တဲ့အခါ
အဖြေတွေကို ရှာနိုင်ပါတယ်။
သင်တို့ လုပ်ဖို့လိုတာက နားထောင်ပေးဖို့ပါ။
ကောင်လေး ၁ - အနာဂတ်အတွက် တိုက်ပွဲဝင်ပါ။
(အီတလီ) နောက်ထပ် နှစ် ၁၀၀၀
နေရဖို့ ကျွန်တော့ကို ကူညီပါ။
(ဂျာမန်) ကျွန်တော် ဗိုက်ဆာတယ်။
ကောင်လေး ၂ - ဒါ ကျွန်တော်တို့ အနာဂတ်၊
ပိုပြီး ပူနွေးလာနေတယ်။
(အသံသွင်း စကားသံ) ဒါ ကျွန်တော်တို့
အနာဂတ် ပိုပြီးပူနွေးလာနေတယ်။
ကြိုက်တဲ့ သတင်းစကားကို မြင်ရင်
သူငယ်ချင်းတွေနဲ့ မိသားစုကို မျှဝေနိုင်တယ်။
ကောင်မလေး ၂ - ဒါက အြပတ်မိုက်တာက
အသံတွေကို မျှဝေလို့ရတာကြောင့်ပါ။
သူများကိုနားထောင်နိုင်တယ်၊
ဒါက ဒီတိုက်ပွဲမှာ ကျွန်မတို့ချည်း
မဟုတ်တာ သိရပုံပါ။
ကျွန်မတို့ အတော်များများက
သတင်းစကားတွေ ဖန်တီးရင်
လူကြီးတွေလည်း ကျွန်မတို့ကို
နားထောင်ကြဖို့ လိုမယ်။
ဒါဆို ကမ္ဘာထဲမှာ အပြောင်းအလဲတစ်ခု
တကယ် လုပ်နိုင်တယ်။
(ပိုလန်) ရေလောင်းမခံရခင်
တော်တော် ခြောက်သွေ့တာ။
(ပေါ်တူဂီ) ဟဲလို၊ ကျွန်တော့ သတင်းစကားက
အိမ်အားလုံးမှာ ဆိုလာပြားတွေ ရှိသင့်တာပါ။
(ပြင်သစ်) ဟေး၊ ကျွန်တော်က
ကမ္ဘာမြေပေါ်က Willy ပါ၊
ကောင်မလေး ၃ - နေရာတိုင်း ကျွန်မလိုပဲ
စိမ်းလန်းနေတယ်။
ဒါက သင့်အနာဂတ်ဖြစ်နိုင်တယ်။
OE - မြင်ကြတယ်နော်။
သူတို့ရဲ့ စိတ်ကူးက
အတော့ကို စေ့ဆော်ပေးပြီး
ပွင့်ပွင်းလင်းဆို ကျွန်တော့ကိုပါ
မျှော်လင့်ချက်ပေးတယ်လို့ ထင်တယ်။
ဒီတော့ "Earth Speakr" မှာ
ကလေးငယ်တွေပဲ ပြောနိုင်ပြီး
လူကြီးတွေက နားထောင်နေတာလား။
တကယ်တမ်းက သင်တိုကို
မေတ္တာရပ်ခံချင်တာ တစ်ခုရှိသေးတယ်၊
လူကြီးတစ်ဦးအနေနဲ့ ကလေးငယ် တစ်ယောက်နဲ့အတူ
Speakr သတင်းစကားတစ်ခု သွားပြီး ဖန်တီးကာ
ကမ္ဘာကြီးထဲကို ပို့လွှတ်လိုက်ပါ။
ကလေးငယ်ကို "အိုး၊ တစ်ယောက်ယောက်က
ငါ့ကို နားထောင်နေပါကလား"လို့ ခံစားမိပါစေ။
အကြောင်းက ဒါကို လုပ်ရင်
အနာဂတ်ကို မှန်ကန်တဲ့ ဦးတည်ရာဆီကို
ပုံဖော်ပေးနေလောက်တယ်လို့ ထင်လို့ပါ။
ကျေးဇူးတင်ပါတယ်။