အဝေးေရာက် အလုပ်က တသီးတသန့်
နေသူရဲ အိပ်မက်လို့ တွေးမိလောက်တယ်။
သင်ဟာ သင့်အိမ်ထဲမှာ
ကွန်ပြူတာနောက်မှာ ကွယ်နေတယ်၊
အိပ်ရာဝင် ဝတ်စုံနဲ့ဖြစ်လောက်တယ်
ဒါပေမဲ့ အမှန်ကတော့
တသီးတသန့်နေသူများစွ ာအတွက်
အဝေးမှ အလုပ်ဟာ အိပ်မက်ဆိုးတစ်ခုလိုပါ။
[TED:ကျွန်ုပ်တို အလုပ်လုပ်ပုံ]
[Dropbox ၏ ပံ့ပိုးမှုဖြင့်
ပေါ်ထွန်းလာသည်]
အခု ဒီကမ္ဘာ့ကပ်ရောဂါက အတော်များများကို
ရုံးခန်းတွေကနေ မောင်းထုတ်လိုက်ပြီ။
အလုပ်ရဲ့ အဝေးရောက်စည်းမျဉ်း
အသစ်တွေအောက်မှာ ကသိကအောက်ဖြစ်တယ်၊
စခရင် ကြည့်ချိန်များလွန်းတာ၊
အလုပ်နဲ့ အိမ်ကြား
ဘောင်ခတ်ကန့်သတ် မရတာ၊
မဆုံးတဲ့ ဗီဒီယိုခေါ်ဆိုမှုတွေ၊
တသီးတသန့် နေတတ်သူတွေအတွက်
ခက်ခဲအောင်လုပ်တဲ့ အရာတွေကပဲ
လူတိုင်းကို ခက်ခဲစေတာပါ။
အဝေးရောက် အလုပ်ရဲ့ အဆိုးတကာ့
အဆိုးဆုံး အပိုင်းက ဗီဒီယိုခေါ်ဆိုမှုတွေပါ။
ကင်မရာမှာ ရှိနေခြင်းက လုပ်ဆောင်မှုတစ်ခုလေ။
မဆင်မခြင် အချိန်ဇယား ရေးဆွဲမှုကြောင့်
သင်ဟာ အခြေခံအားဖြင့် တစ်ရက်ကို ရှစ်နာရီ
စင်ပေါ်မှာ လုပ်ဆောင်နေတာပါ။
အခန်းတစ်ခုကို သင်မှန်းဆဖို့ ကူပေးမယ့်
ကွဲပြားတဲ့ သဲလွန်စ တစ်ခုမှမရှိဘူး။
ဖျော့တော့တဲ့ လူသား ဆက်သွယ်မှု
အတုတစ်ခုကိုသာပေးတဲ့
စခရင်ပေါ်က ကိုယ်မပါတဲ့
ခေါင်းတွေကို စိုက်ကြည့်ရင်းပါ။
လူမှုရေး ပူပန်မှုက ဒါကို ပိုလို့ကို
ဆိုးလာစေတာပါ၊
သင့်မျက်နှာ ကင်မရာ ထိုးကြည့်နေခြင်းက
သင့်ရဲ့ လူမှုရေး ပူပန်မှုကို
အစပျိုးစေနိုင်တယ်။
တက်ကြွနေဖို့က စွမ်းအင်လိုတယ်။
ဒီတော့ အဝေးရောက် အလုပ်ကို စီမံခြင်းရဲ့
အဓိကက သင့်စွမ်းအင်ကို ကာကွယ်ဖို့ပါ။
ပထမ အလေ့အထနဲ့ လုပ်ရိုးလုပ်စဉ်ကို
အာရုံစိုက်ပါ။
အလုပ် အသွား၊အလာတွေကို မုန်းကြသလောက်
ဒါတွေက အလုပ်နဲ့ အိမ်ကြား ဘောင်ခတ်ရေး
အလေ့အထတစ်ခုပါ။
ကျွန်မတို့ ဒါကို လိုအပ်တယ်။
အများအပြားအတွက် အလုပ်ဆင်းရက်မှာ
တည်ဆောက်မယ့် ဒီကြားကာလလေးတွေပါ၊
ကော်ဖီတစ်ခွက် သွားယူမယ်
(သို့) အလုပ်ဖော်နဲ့ စကားပြောမယ်
ဒါတွေလည်း မရှိတော့ဘူး ။
ကျွန်မအတွက်တော့ ဒီအလေ့အထတွေက
စွမ်အင်း စုဆောင်းတာ၊
အလုပ် စရိုက်ကို ပုံဖမ်းတာနဲ့
စိတ်နှစ်လုပ်ဖို့ မှန်ကန်တဲ့
စိတ်ထား ရောက်တဲ့အခါပါ။
အိမ်မှာ နားချိန်တွေနဲ့ ဘောင်ခတ်
ကန့်သတ်မှုတွေကို ဘယ်လို ပြန်ဖန်တီးနိုင်လဲ။
အဓိကက ရည်ရွယ်ချက်နဲ့ လုပ်ဖို့ပါ။
ဒါက ဂီတ (သို့) အလင်းကျပုံ၊
မိတ်ဆွေတစ်ယောက်နဲ့
အားပေးစကားဖြစ်နိုင်တယ်။
နေ့ရဲ့ တစ်ချိန်ချိန်မှာ အိမ်နားမှာ
လမ်းလျှောက်ထွက်နိုင်တယ်၊
(သို့) မထိုင်ခင် အသက်ရှူတဲ့
ကိုယ်လက်ဆန့်တဲ့
အကျင့်တစ်ခုတောင်ပါ။
အလုပ်နဲ့ အိမ်ကြားက
အကူးအပြောင်းကို အကွက်ချဖို့
သင့်အတွက် လိုတာမှန်သမျှပေါ့။
ဒုတိယ၊ ကျွန်မတို့ရဲ့ အရှိန်၊ နေရာနဲ့၊
ဝန်းကျင်ကို စီမံဖို့လိုတယ်။
အရှိန်နှုန်းကို သင့်ကို အားဖြည့်ပေးတာနဲ့
သင့်စွမ်းအင် သုံးရမှုတို့ရဲ့
အပြန်အလှန် ဆက်သွယ်မှုကို
စီမံခန့်ခွဲမှုအဖြစ် သင်တွေးမိနိုင်တယ်။
ဗီဒီယို ဆွေးနွေးပွဲတွေကို ပိုနည်းအောင်
အစီအစဉ်ချနိုင်တယ်၊
အကြောင်းက ဒါတွေက လုပ်ဆောင်မှုတွေဆိုတာ
သတိရနေပါ။
လုပ်ဆောင်မှုတွေနောက်မှာ အလုပ်ရပ်ချိန်
(သို့) ပြန်အားဖြည့်ချိန်ကို စီစဉ်နိုင်တယ်။
များစွာသော တသီးတသန့်သမား
ဖျော်ဖြေသူတွေနဲ့ CEO တွေလိုပဲ
Oprah က ဒါကို လုပ်တယ်။
နေ့တာအချိန်ကို ထည့်သွင်း စဉ်းစားနိုင်တယ်။
တက်ကြွဖို့ စွမ်းအင်ကို ပုံမှန်
သင် စေ့ဆော်နိုင်တဲ့ အချိန်ကို စဉ်းစားပြီး
အခြားအချိန်တွေကို တိတ်ဆိတ်တဲ့
အလုပ်အတွက် ချန်ထားပါ။
နေရာအတွက်က ကောင်းမွန်တဲ့
ဘောင်ကန့်သတ်ချက်တွေကို ကူညီပြဌာန်းရန်
လုပ်ငန်းခွင်ကို သုံးပါ။
သင့်စားပွဲက မီးဖိုချောင်မှာ ဆိုတာတောင်
လုပ်ငန်းခွင်လို ဖြစ်အောင်လုပ်ပါ။
နေရာလပ်အတွက် နေ့စဉ်
တစ်ဦးတည်းရှိချိန် တည်ဆောက်ပါ။
ဒါက ကလေးတွေနဲ့
ဝေးတဲ့အချိန် ပါဝင်ပါတယ်။
ကိုယ်စိတ်ပင်ပန်းမှု ရှောင်ရှားဖို့က
တကယ့် အဓိကပါ။
နောက်ဆုံးတော့ သင်ဟာ မန်နေဂျာဆိုရင်
ဝန်ထမ်းတွေအတွက် အရှိန်၊ နေရာ၊ ဝန်းကျင်ကို
ကူညီ ကာကွယ်ပေးရာမှာ
ပါဝင်ဖို့ အထူး ကဏ္ဍတစ်ခုရှိပါတယ်။
ဗီဒီယို ခေါ်ဆိုမှုတွေအတွင်းမှာ
အခန်းကို စီမံပါ။
ကွာလှမ်းတဲ့ ဘွင်းဘွင်းသမား လေအိုးတွေက
ကြီးစိုးတတ်တာတောင်ပါ။
လူတိုင်းကို ကြားနိုင်တဲ့
နေရာတစ်ခု ဖန်တီးဖို့
အစီအစဉ်တွေ တည်ဆောက်ပါ၊
တင်ပြခြင်း စည်းမျဉ်းတွေကို သတ်မှတ်ပြီး
ခေါင်းချင်းဆိုင် အဖြေရှာတာကို
နည်းနိုင်သမျှနည်းပါစေ။
ခေါင်းချင်းရိုက် အဖြေရှာတာက
လူမှုရေး ပူပန်မှုကို စပေးကာ
တသီးတသန့်သမားတွေကို
အမ်းသွားစေနိုင်တယ်။
ဒီအစား ခေါင်းချင်းရိုက် အဖြေမရှာခင်
လူတွေ သူတို့ စိတ်ကူးတွေ ရေးနိုင်တဲ့
ဘုံနေရာတစ်ခုကို ဖန်တီးပါ။
ဗီဒီယို ခေါ်ဆိုမှုတွေထက် အသံကို အလေးပေးပါ၊
သုတေသနက ပြတာက ကျွန်မတိုဟာ
အသံတစ်ခုတည်းကနေ ခံစားမှုနဲ့ ကွဲပြားမှုကို
ပိုပြီး ဆက်သွယ်ကြတာပါ။
ပိုရှုပ်ထွေးတဲ့( သို့) ဆွပေးနိုင်တဲ့
မျက်နှာချင်းဆိုင် တွေဆုံပွဲတွေ အတွက်
ဆက်သွယ်ရေးမှုချိန် ခြားပေးဖို့ ကြိုးစားပါ။
ဒီစိတ်ကူးကို နောက်ထပ်
Robert Glazer ဆီက ခိုးယူနိုင်တယ်။
သင့်အမြင်ကို ရှင်းပြတဲ့ အသံ မှတ်တမ်း
(သို့) ဗီဒီယိုကို ဖုန်းမှာ ရိုက်ကူးပြီး
ဒါကို သင့်လုပ်ဖော်ဆီ ပို့ပါ။
ဒီနည်းနဲ့ သူတို့က သူတို့ရဲ့ ကိုယ်ပိုင်
အချိန်မှာ ဖြေဆို တုံ့ပြန်နိုင်ပါတယ်။
အခုလို စိန်ခေါ်မှုများတဲ့ အချိန်မျိုးမှာ
အခွင့်အလမ်းတစ်ခု ရှိပါတယ်။
အဝေးရောက် အလုပ်က ရှိနေမှာဆိုတော့
အကျင့်ဟောင်းတွေနဲ့ ကုမ္ပဏီ ယဉ်ကျေးမှုကို
အဝေးရောက် အလုပ်ဆီ
လွှဲပြောင်းရုံမဟုတ်ပါ။
ပိုကောင်းတာ တစ်ခုခု တည်ဆောက်ပါ။
စတင်ဖို့
ရုံးက တသီးတသန့် နေတတ်သူတွေကို သူတို့ရဲ့
အကောင်းဆုံးနေ့ဟာ ဘယ်လိုဆိုတာမေးပြီး
အဲဒီကနေ အရိပ်နိမိတ်ယူပါ။