WEBVTT 00:00:06.549 --> 00:00:07.989 ၁၉၉၂ ခုနှစ်တွင် 00:00:07.989 --> 00:00:12.211 ရေချိုးရာတွင် သုံးရန်ကစားစရာတွေ တင်ဆောင် လာတဲ့ ကုန်တင်သင်္ဘော မုန်တိုင်းမိသွားတယ်။ 00:00:12.211 --> 00:00:14.647 သင်္ဘောပေါ်က ကွန်တိန်နာတွေ ရေထဲ မျောပါသွားကြလို့ 00:00:14.647 --> 00:00:19.457 လှိုင်းတွေဟာ ရော်ဘာ ဘဲ ကောင်ရေး ၂၈၀၀၀ ကို မြောက်ပစိဖိတ်သို့ တွန်းပို့ခဲ့တယ်။ 00:00:19.457 --> 00:00:22.167 ဒါပေမဲ့ ၎င်းတို့ဟာ အတူတူ တစ်နေရာတည်းမှာ မဟုတ်ခဲ့ကြပါ။ 00:00:22.167 --> 00:00:23.977 ပြောင်းပြန် ဖြစ်ခဲ့တယ်လို့ ဆိုရပါမယ်- 00:00:23.977 --> 00:00:26.707 အဲဒီ ဘဲကောင်တွေဟာ တစ်ကမ္ဘာလုံး အဝမ်းကို မျောပါသွားကြတယ်။ 00:00:26.707 --> 00:00:29.557 အဲဒါနဲ့ သုတေသီတွေဟာ ၎င်းတို့ရဲ့ လမ်းကြောင်းကို အသုံးပြုပြီး 00:00:29.557 --> 00:00:33.337 သမုဒ္ဒရာ ရေစီးကြောင်းတွေကို ပိုကောင်း မွန်စွာ နားလည်ရန် ဇယားကို ရေးဆွဲခဲ့ကြတယ်။ 00:00:33.337 --> 00:00:36.493 သမုဒ္ဒရာရေစီးကြောင်းတွေကို မောင်းနှင်ပေးတဲ့ ရင်းမြစ်တွေ စုံလှပါတယ်- 00:00:36.493 --> 00:00:40.043 လေ၊ ဒီရေများ၊ ရေရဲ့ သိပ်သည်းဆ မတူခြင်း၊ 00:00:40.043 --> 00:00:43.073 ပြီးတော့ ကမ္ဘာကြီး လည်ပတ်မှုလဲ ပါတယ်။ 00:00:43.073 --> 00:00:47.733 သမုဒ္ဒရာကြမ်းပြင်ရဲ့ မြေမျက်နှာသွင်ပြင်နဲ့ ကမ်းခြေလိုင်းတွေကလည်း ရေစီးကြောင်းတွေကို 00:00:47.733 --> 00:00:48.790 အရှိန်ပိုရလာစေသလို၊ 00:00:48.790 --> 00:00:52.070 နှေးကွေးလာစေခြင်း သို့မဟုတ် ဦးတည်ချက်ကို ပြောင်းလဲသွားနိုင်ပါတယ်။ 00:00:52.070 --> 00:00:55.150 သမုဒ္ဒရာရေစီးကြောင်းတွေ အဓိက အမျိုးအစား နှစ်မျိုး ခွဲရနိုင်တယ်- 00:00:55.150 --> 00:00:58.280 မျက်နှာပြင် ရေစီးကြောင်းနဲ့ သမုဒ္ဒရာ အနက်ပိုင်း ရေစီးကြောင်းတွေပါ။ 00:00:58.280 --> 00:01:01.700 မျက်နှာပြင် ရေစီးကြောင်းတွေဟာ သမုဒ္ဒရာ ရေအားလုံးရဲ့ ၁၀ ရာခိုင်နှုန်းကို 00:01:01.700 --> 00:01:03.430 ထိန်းချုပ် ထားတယ်လို့ ဆိုနိုင်ပြီး၊ 00:01:03.430 --> 00:01:06.950 နက်ရှိုင်းတဲ့ သမုဒ္ဒရာရေစီးကြောင်းတွေ ကျတော့ ကျန် ၉၀ ရာခိုင်နှုန်း ပါပါတယ်။ 00:01:06.950 --> 00:01:09.010 ၎င်းတို့ဖြစ်ပေါ်လာပုံ အကြောင်းတွေ မတူပေမဲ့၊ 00:01:09.010 --> 00:01:11.780 မျက်နှာပြင်နှင့်အနက်ပိုင်း ရေစီးကြောင်းတို့ဟာ အပြန်အလှန် 00:01:11.780 --> 00:01:15.480 သက်ရောက်မှုရှိပြီး သမုဒ္ဒရာ တစ်ခုလုံးကို ရွေ့လျားစေနေတဲ့ အကတမျိုးနဲ့ တူပါတယ်။ 00:01:15.480 --> 00:01:16.655 ကမ်းခြေ အနီးမှာဆိုရင်၊ 00:01:16.655 --> 00:01:19.635 မျက်နှာပြင် ရေစီးကြောင်းကို လေရော ဒီရေကပါ မောင်းနှင်ပေးကြတယ်၊ 00:01:19.635 --> 00:01:24.505 ရေကို နောက်နဲ့ရှေ့ကို လှုပ်ရှားစေလျက် ရေမျက်နှာပြင်ဟာ နိမ့်လိုက်မြင့်လိုက်ပါ။ 00:01:24.505 --> 00:01:29.773 တချိန်တည်းမှာ လဟာပြင် သမုဒ္ဒရာထဲမှာ မျက်နှ ာပြင်ရေစီးကြောင်းအတွက် လေဟာ အဓိကအားပါ။ 00:01:29.773 --> 00:01:31.517 လေဟာ သမုဒ္ဒရာရဲ့ အထက်မှ တိုက်ခတ်စဉ်၊ 00:01:31.517 --> 00:01:34.207 ၎င်းဟာ ရေရဲ့ အပေါ်ယံအလွှာကို မိမိနဲ့အတူ ဆွဲယူသွားပါတယ်။ 00:01:34.207 --> 00:01:37.477 အဲဒီလို ရွေ့လျားနေတဲ့ အလွှာက အောက်ပိုင်းရှိ အလွှာများကို ဆွဲယူလို့ 00:01:37.477 --> 00:01:40.097 အဲဒီ အလွှာတွေ ၎င်းတို့အောက်ရှိ အလွှာကို ဆွဲခေါ်ကြပါတယ်။ 00:01:40.097 --> 00:01:43.197 လက်တွေ့တွင်၊ မီတာ ၄၀၀ အထိ နက်တဲ့ ရေဟာ 00:01:43.197 --> 00:01:47.027 သမုဒ္ဒရာ မျက်နှာပြင်ပေါ်က လာရဲ့ သက်ရောက်မှုကို ခံရပါတယ်။ 00:01:47.027 --> 00:01:51.337 တစ်ကမ္ဘာလုံး မျက်နှာပြင် ရေစီးကြောင်းတွေ စီးဆင်းပုံ ဇယားအဖြစ် ဆွဲကြည့်မယ် ဆိုရင်၊ 00:01:51.337 --> 00:01:54.820 ၎င်းတို့ဟာ gyres ခေါ် ဧရာမပတ်လမ်းတွေနဲ့ တူတာကို မြင်ရပါမယ်၊ 00:01:54.820 --> 00:01:57.580 အဲဒီ ပတ်လမ်းဟာ ကမ္ဘာ့မြောက်ပိုင်းခြမ်းမှ လက်ယာရစ် ပတ်နေပြီး 00:01:57.580 --> 00:02:00.210 ကမ္ဘာ့ တောင်ပိုင်းခြင်းမှာ ကျတော့ လက်ဝဲရစ် ပတ်နေတတ်တယ်။ 00:02:00.210 --> 00:02:02.670 အဲဒါရဲ့ အကြောင်းရင်းက ကမ္ဘာကြီရဲ့ လည်ပတ်မှု ဖြစ်ပြီး 00:02:02.670 --> 00:02:06.630 အဲဒီ ရေစီးကြောင်းတွေကို အဲဒီလို ပုံစံမျိုးဖြင့် လည်ပတ်လာစေတာပါ။ 00:02:06.630 --> 00:02:08.280 ကမ္ဘာကြီသာ မလည်ပတ်ခဲ့ပါက၊ 00:02:08.280 --> 00:02:09.960 အီကွေတာက ဖိအားနည်း ဒေသနဲ့ 00:02:09.960 --> 00:02:12.260 ဝင်ရိုးစွန်း ဒေသများက ဖိအားများ ဒေသ တွေ အကြားမှာ 00:02:12.260 --> 00:02:14.610 လေနဲ့ ရေတို့ဟာ ရှေ့နောက်သာ လှုပ်ရှားနေခဲ့မှာပါ၊ 00:02:14.610 --> 00:02:16.350 ဒါပေမဲ့ ကမ္ဘာကြီးဟာ လည်နေတော့၊ 00:02:16.350 --> 00:02:20.860 အီကွေတာမှ မြောက်ဝင်ရိုးစွန်းဆီ တိုက်တဲ့ လေဟာ အရှေ့ဘက်ကို ပါသွားမှာ ဖြစ်ပြီး၊ 00:02:20.860 --> 00:02:23.709 နောက်ကို ပြန်တိုက်တဲ့ လေကျတော့ အနောက်ဘက်ကို ရွေ့ပါသွားမှာပါ။ 00:02:23.709 --> 00:02:27.389 အဲဒါရဲ့ ထင်ဟပ် မြင်ရနိုင်တဲ့ ပုံစံမျိုးကို တောင်ပိုင်း ကမ္ဘာခြမ်းမှာ မြင်ရပြီး 00:02:27.389 --> 00:02:29.489 လေကြောင့် ပေါ်လာကြတဲ့ အဓိကရ ရေစီးကြောင်းတွေဟာ 00:02:29.489 --> 00:02:32.789 သမုဒ္ဒရာ တဝမ်းမှာ ခုနက ပြောခဲ့သလို ကွင်းဆက်ပုံစံတွေ ပေါ်လာရတာပါ။ 00:02:32.789 --> 00:02:35.679 အဲဒါကို Coriolis Effect လို့ခေါ်ပါတယ်။ 00:02:35.679 --> 00:02:40.129 တိုက်တဲ့ လေဟာ ၎င်းတို့အောက်ရှိ သမုဒ္ဒရာကို ခုနက လည်ပတ်နေတဲ့ gyres ထဲ တွန်းပို့ပါတယ်။ 00:02:40.129 --> 00:02:43.793 ရေဟာ အနွေးဓာတ်ကို လေထက် ပိုထိရောက်စွာ ထိန်းထားနိုင်တာမို့လို့ 00:02:43.793 --> 00:02:47.653 အဲဒီ ရေစီးကြောင်းတွေဟာ အနွေးဓာတ်ကို ကမ္ဘာတစ်ဝှမ်းသို့ ဖြန့်ဖြူးပေးပါတယ်။ 00:02:47.653 --> 00:02:49.864 မျက်နှာပြင်ရေစီးကြောင်းနဲ့ မတူဘဲ၊ 00:02:49.864 --> 00:02:55.014 အနက်ပိုင်း ရေစီးကြောင်းတွေကို မောင်းနှင် ပေးတာက ပင်လယ်ရေရဲ့ သိပ်သည်းဆပါ။ 00:02:55.014 --> 00:02:57.326 မြောက်ဝင်ရိုးစွန်းဆီသို့ ရွေ့လျားလာတဲ့ ရေဟာ 00:02:57.326 --> 00:02:58.496 ပိုအေးလာပါတယ်။ 00:02:58.496 --> 00:03:01.036 ၎င်းထဲမှာ ပါတဲ့ ဆားဟာလည်း ပိုပြစ်ပါတယ်။ 00:03:01.036 --> 00:03:05.956 ရေထဲ ပေါ်လာကြတဲ့ ရေခဲပွင့်တွေဟာ ဆားကို သူတို့ နောက်မှာ ချန်ရစ်ခဲ့ကြလို့ပါ။ 00:03:05.956 --> 00:03:08.386 အေးနေပြီး ဆားဓာတ်များတဲ့ ရေဟာ ပိုသိပ်သည်းလို့ 00:03:08.386 --> 00:03:09.866 အောက်ကို နစ်မြုပ်သွားလျက်၊ 00:03:09.866 --> 00:03:12.616 ပိုနွေးတဲ့ မျက်နှာပြင်ရေက ၎င်းရဲ့ နေရာကို ဝင်ယူခြင်းဖြင့်၊ 00:03:12.616 --> 00:03:17.076 thermohaline ခေါ် အထက်အောက် ရေစီးကြောင်းကို ပေါ်လာစေပါတယ်။ 00:03:17.076 --> 00:03:21.563 Thermohaline အနက်ပိုင်းရေနဲ့ လေက တိုက်ပေးတဲ့ မျက်နှာပြင် ရေစီးကြောင်းတွေဟာ 00:03:21.563 --> 00:03:26.319 Global Conveyor Belt ခေါ် လိမ်ရစ်နေတဲ့ ကွင်းဆက်ကို ဖြစ်ပေါ်စေတယ်။ 00:03:26.319 --> 00:03:29.486 ရေဟာ သမုဒ္ဒရာ အနက်ပိုင်းမှနေပြီး မျက်နှာပြင်ဆီကို ရွေ့လျားရင်း 00:03:29.486 --> 00:03:32.606 သမုဒ္ဒရာ အစားအစာ ကွင်းဆက်များကို ဖန်တီးပေးကြတဲ့ 00:03:32.606 --> 00:03:35.726 အဏုဇီဝကောင်တွေ မှီဝဲကြတဲ့ အာဟာရတွေကို သယ်ပေးလာပါတယ်။ 00:03:35.726 --> 00:03:39.146 Global Conveyor Belt ဟာ ကမ္ဘပေါ်က အရှည်လျားဆုံးသော ရေစီးကြောင်း 00:03:39.146 --> 00:03:41.306 ဖြစ်ပြီး ကမ္ဘာကြီးကို မြွေလို ရစ်ပတ်ထားတာပါ။ 00:03:41.306 --> 00:03:44.906 ဒါပေမဲ့ ၎င်းဟာတစ်စက္ကန့်မှာ စင်တီမီတာ အနည်းငယ်မျှသာ ရွေ့လျားတာပါ။ 00:03:44.906 --> 00:03:49.456 ဒီတော့ အဲဒီထဲ ပါလာတဲ့ ရေစက်ဟာဖြင့် တပတ်လုံး လည်ပတ်ရန် နှစ်ထောင်ချီ ကြာပါမယ်။ 00:03:49.456 --> 00:03:52.906 ကြည့်ရတာ ပင်လယ် အပူချိန် မြင့်တက်လာမှုက လည်နေတဲ့ ခါးပတ်ကို 00:03:52.906 --> 00:03:54.366 နှေးကွေးလာစေနေတာ ထင်ရှားပါတယ်။ 00:03:54.366 --> 00:03:57.746 ပုံစံပြုလုပ်ပြီး စမ်းသပ်ကြည့်ရာ အဲဒါက အတ္တလန္တိတ်ရဲ့ ဘက်နှစ်ဘက်စလုံးမှာ 00:03:57.746 --> 00:03:59.616 ရာသီဥတုစနစ်ကို ကမောက်ကမ ဖြစ်စေပြီး 00:03:59.616 --> 00:04:02.856 ရေစီးနှုန်းဟာ ဆက်ပြီး နှေးလာပါက ဘာတွေ ဖြစ်ပျက်လာနိုင်ကြောင်း 00:04:02.856 --> 00:04:05.146 ဒါမှမဟုတ် လုံးဝ ရပ်သွားနိုင်တာကို ဘယ်သူမှ မသိပါ။ 00:04:05.146 --> 00:04:09.136 ကျုပ်တို့ မှန်ကန်စွာ ခန့်မှန်းနိုင်ရန်နဲ့ လိုအပ်သလို ပြင်ဆင်ထားနိုင်ရန် နည်းလမ်းမှာ 00:04:09.136 --> 00:04:13.826 ရေစီးကြောင်းတွေနဲ့ ၎င်းတို့ဖြစ်ပေါ်စေတဲ့ စွမ်းအင်များကို ဆက်လေ့လာကြည့်နေဖို့ပါပဲ။