1 00:00:06,549 --> 00:00:07,989 ၁၉၉၂ ခုနှစ်တွင် 2 00:00:07,989 --> 00:00:12,211 ရေချိုးရာတွင် သုံးရန်ကစားစရာတွေ တင်ဆောင် လာတဲ့ ကုန်တင်သင်္ဘော မုန်တိုင်းမိသွားတယ်။ 3 00:00:12,211 --> 00:00:14,647 သင်္ဘောပေါ်က ကွန်တိန်နာတွေ ရေထဲ မျောပါသွားကြလို့ 4 00:00:14,647 --> 00:00:19,457 လှိုင်းတွေဟာ ရော်ဘာ ဘဲ ကောင်ရေး ၂၈၀၀၀ ကို မြောက်ပစိဖိတ်သို့ တွန်းပို့ခဲ့တယ်။ 5 00:00:19,457 --> 00:00:22,167 ဒါပေမဲ့ ၎င်းတို့ဟာ အတူတူ တစ်နေရာတည်းမှာ မဟုတ်ခဲ့ကြပါ။ 6 00:00:22,167 --> 00:00:23,977 ပြောင်းပြန် ဖြစ်ခဲ့တယ်လို့ ဆိုရပါမယ်- 7 00:00:23,977 --> 00:00:26,707 အဲဒီ ဘဲကောင်တွေဟာ တစ်ကမ္ဘာလုံး အဝမ်းကို မျောပါသွားကြတယ်။ 8 00:00:26,707 --> 00:00:29,557 အဲဒါနဲ့ သုတေသီတွေဟာ ၎င်းတို့ရဲ့ လမ်းကြောင်းကို အသုံးပြုပြီး 9 00:00:29,557 --> 00:00:33,337 သမုဒ္ဒရာ ရေစီးကြောင်းတွေကို ပိုကောင်း မွန်စွာ နားလည်ရန် ဇယားကို ရေးဆွဲခဲ့ကြတယ်။ 10 00:00:33,337 --> 00:00:36,493 သမုဒ္ဒရာရေစီးကြောင်းတွေကို မောင်းနှင်ပေးတဲ့ ရင်းမြစ်တွေ စုံလှပါတယ်- 11 00:00:36,493 --> 00:00:40,043 လေ၊ ဒီရေများ၊ ရေရဲ့ သိပ်သည်းဆ မတူခြင်း၊ 12 00:00:40,043 --> 00:00:43,073 ပြီးတော့ ကမ္ဘာကြီး လည်ပတ်မှုလဲ ပါတယ်။ 13 00:00:43,073 --> 00:00:47,733 သမုဒ္ဒရာကြမ်းပြင်ရဲ့ မြေမျက်နှာသွင်ပြင်နဲ့ ကမ်းခြေလိုင်းတွေကလည်း ရေစီးကြောင်းတွေကို 14 00:00:47,733 --> 00:00:48,790 အရှိန်ပိုရလာစေသလို၊ 15 00:00:48,790 --> 00:00:52,070 နှေးကွေးလာစေခြင်း သို့မဟုတ် ဦးတည်ချက်ကို ပြောင်းလဲသွားနိုင်ပါတယ်။ 16 00:00:52,070 --> 00:00:55,150 သမုဒ္ဒရာရေစီးကြောင်းတွေ အဓိက အမျိုးအစား နှစ်မျိုး ခွဲရနိုင်တယ်- 17 00:00:55,150 --> 00:00:58,280 မျက်နှာပြင် ရေစီးကြောင်းနဲ့ သမုဒ္ဒရာ အနက်ပိုင်း ရေစီးကြောင်းတွေပါ။ 18 00:00:58,280 --> 00:01:01,700 မျက်နှာပြင် ရေစီးကြောင်းတွေဟာ သမုဒ္ဒရာ ရေအားလုံးရဲ့ ၁၀ ရာခိုင်နှုန်းကို 19 00:01:01,700 --> 00:01:03,430 ထိန်းချုပ် ထားတယ်လို့ ဆိုနိုင်ပြီး၊ 20 00:01:03,430 --> 00:01:06,950 နက်ရှိုင်းတဲ့ သမုဒ္ဒရာရေစီးကြောင်းတွေ ကျတော့ ကျန် ၉၀ ရာခိုင်နှုန်း ပါပါတယ်။ 21 00:01:06,950 --> 00:01:09,010 ၎င်းတို့ဖြစ်ပေါ်လာပုံ အကြောင်းတွေ မတူပေမဲ့၊ 22 00:01:09,010 --> 00:01:11,780 မျက်နှာပြင်နှင့်အနက်ပိုင်း ရေစီးကြောင်းတို့ဟာ အပြန်အလှန် 23 00:01:11,780 --> 00:01:15,480 သက်ရောက်မှုရှိပြီး သမုဒ္ဒရာ တစ်ခုလုံးကို ရွေ့လျားစေနေတဲ့ အကတမျိုးနဲ့ တူပါတယ်။ 24 00:01:15,480 --> 00:01:16,655 ကမ်းခြေ အနီးမှာဆိုရင်၊ 25 00:01:16,655 --> 00:01:19,635 မျက်နှာပြင် ရေစီးကြောင်းကို လေရော ဒီရေကပါ မောင်းနှင်ပေးကြတယ်၊ 26 00:01:19,635 --> 00:01:24,505 ရေကို နောက်နဲ့ရှေ့ကို လှုပ်ရှားစေလျက် ရေမျက်နှာပြင်ဟာ နိမ့်လိုက်မြင့်လိုက်ပါ။ 27 00:01:24,505 --> 00:01:29,773 တချိန်တည်းမှာ လဟာပြင် သမုဒ္ဒရာထဲမှာ မျက်နှ ာပြင်ရေစီးကြောင်းအတွက် လေဟာ အဓိကအားပါ။ 28 00:01:29,773 --> 00:01:31,517 လေဟာ သမုဒ္ဒရာရဲ့ အထက်မှ တိုက်ခတ်စဉ်၊ 29 00:01:31,517 --> 00:01:34,207 ၎င်းဟာ ရေရဲ့ အပေါ်ယံအလွှာကို မိမိနဲ့အတူ ဆွဲယူသွားပါတယ်။ 30 00:01:34,207 --> 00:01:37,477 အဲဒီလို ရွေ့လျားနေတဲ့ အလွှာက အောက်ပိုင်းရှိ အလွှာများကို ဆွဲယူလို့ 31 00:01:37,477 --> 00:01:40,097 အဲဒီ အလွှာတွေ ၎င်းတို့အောက်ရှိ အလွှာကို ဆွဲခေါ်ကြပါတယ်။ 32 00:01:40,097 --> 00:01:43,197 လက်တွေ့တွင်၊ မီတာ ၄၀၀ အထိ နက်တဲ့ ရေဟာ 33 00:01:43,197 --> 00:01:47,027 သမုဒ္ဒရာ မျက်နှာပြင်ပေါ်က လာရဲ့ သက်ရောက်မှုကို ခံရပါတယ်။ 34 00:01:47,027 --> 00:01:51,337 တစ်ကမ္ဘာလုံး မျက်နှာပြင် ရေစီးကြောင်းတွေ စီးဆင်းပုံ ဇယားအဖြစ် ဆွဲကြည့်မယ် ဆိုရင်၊ 35 00:01:51,337 --> 00:01:54,820 ၎င်းတို့ဟာ gyres ခေါ် ဧရာမပတ်လမ်းတွေနဲ့ တူတာကို မြင်ရပါမယ်၊ 36 00:01:54,820 --> 00:01:57,580 အဲဒီ ပတ်လမ်းဟာ ကမ္ဘာ့မြောက်ပိုင်းခြမ်းမှ လက်ယာရစ် ပတ်နေပြီး 37 00:01:57,580 --> 00:02:00,210 ကမ္ဘာ့ တောင်ပိုင်းခြင်းမှာ ကျတော့ လက်ဝဲရစ် ပတ်နေတတ်တယ်။ 38 00:02:00,210 --> 00:02:02,670 အဲဒါရဲ့ အကြောင်းရင်းက ကမ္ဘာကြီရဲ့ လည်ပတ်မှု ဖြစ်ပြီး 39 00:02:02,670 --> 00:02:06,630 အဲဒီ ရေစီးကြောင်းတွေကို အဲဒီလို ပုံစံမျိုးဖြင့် လည်ပတ်လာစေတာပါ။ 40 00:02:06,630 --> 00:02:08,280 ကမ္ဘာကြီသာ မလည်ပတ်ခဲ့ပါက၊ 41 00:02:08,280 --> 00:02:09,960 အီကွေတာက ဖိအားနည်း ဒေသနဲ့ 42 00:02:09,960 --> 00:02:12,260 ဝင်ရိုးစွန်း ဒေသများက ဖိအားများ ဒေသ တွေ အကြားမှာ 43 00:02:12,260 --> 00:02:14,610 လေနဲ့ ရေတို့ဟာ ရှေ့နောက်သာ လှုပ်ရှားနေခဲ့မှာပါ၊ 44 00:02:14,610 --> 00:02:16,350 ဒါပေမဲ့ ကမ္ဘာကြီးဟာ လည်နေတော့၊ 45 00:02:16,350 --> 00:02:20,860 အီကွေတာမှ မြောက်ဝင်ရိုးစွန်းဆီ တိုက်တဲ့ လေဟာ အရှေ့ဘက်ကို ပါသွားမှာ ဖြစ်ပြီး၊ 46 00:02:20,860 --> 00:02:23,709 နောက်ကို ပြန်တိုက်တဲ့ လေကျတော့ အနောက်ဘက်ကို ရွေ့ပါသွားမှာပါ။ 47 00:02:23,709 --> 00:02:27,389 အဲဒါရဲ့ ထင်ဟပ် မြင်ရနိုင်တဲ့ ပုံစံမျိုးကို တောင်ပိုင်း ကမ္ဘာခြမ်းမှာ မြင်ရပြီး 48 00:02:27,389 --> 00:02:29,489 လေကြောင့် ပေါ်လာကြတဲ့ အဓိကရ ရေစီးကြောင်းတွေဟာ 49 00:02:29,489 --> 00:02:32,789 သမုဒ္ဒရာ တဝမ်းမှာ ခုနက ပြောခဲ့သလို ကွင်းဆက်ပုံစံတွေ ပေါ်လာရတာပါ။ 50 00:02:32,789 --> 00:02:35,679 အဲဒါကို Coriolis Effect လို့ခေါ်ပါတယ်။ 51 00:02:35,679 --> 00:02:40,129 တိုက်တဲ့ လေဟာ ၎င်းတို့အောက်ရှိ သမုဒ္ဒရာကို ခုနက လည်ပတ်နေတဲ့ gyres ထဲ တွန်းပို့ပါတယ်။ 52 00:02:40,129 --> 00:02:43,793 ရေဟာ အနွေးဓာတ်ကို လေထက် ပိုထိရောက်စွာ ထိန်းထားနိုင်တာမို့လို့ 53 00:02:43,793 --> 00:02:47,653 အဲဒီ ရေစီးကြောင်းတွေဟာ အနွေးဓာတ်ကို ကမ္ဘာတစ်ဝှမ်းသို့ ဖြန့်ဖြူးပေးပါတယ်။ 54 00:02:47,653 --> 00:02:49,864 မျက်နှာပြင်ရေစီးကြောင်းနဲ့ မတူဘဲ၊ 55 00:02:49,864 --> 00:02:55,014 အနက်ပိုင်း ရေစီးကြောင်းတွေကို မောင်းနှင် ပေးတာက ပင်လယ်ရေရဲ့ သိပ်သည်းဆပါ။ 56 00:02:55,014 --> 00:02:57,326 မြောက်ဝင်ရိုးစွန်းဆီသို့ ရွေ့လျားလာတဲ့ ရေဟာ 57 00:02:57,326 --> 00:02:58,496 ပိုအေးလာပါတယ်။ 58 00:02:58,496 --> 00:03:01,036 ၎င်းထဲမှာ ပါတဲ့ ဆားဟာလည်း ပိုပြစ်ပါတယ်။ 59 00:03:01,036 --> 00:03:05,956 ရေထဲ ပေါ်လာကြတဲ့ ရေခဲပွင့်တွေဟာ ဆားကို သူတို့ နောက်မှာ ချန်ရစ်ခဲ့ကြလို့ပါ။ 60 00:03:05,956 --> 00:03:08,386 အေးနေပြီး ဆားဓာတ်များတဲ့ ရေဟာ ပိုသိပ်သည်းလို့ 61 00:03:08,386 --> 00:03:09,866 အောက်ကို နစ်မြုပ်သွားလျက်၊ 62 00:03:09,866 --> 00:03:12,616 ပိုနွေးတဲ့ မျက်နှာပြင်ရေက ၎င်းရဲ့ နေရာကို ဝင်ယူခြင်းဖြင့်၊ 63 00:03:12,616 --> 00:03:17,076 thermohaline ခေါ် အထက်အောက် ရေစီးကြောင်းကို ပေါ်လာစေပါတယ်။ 64 00:03:17,076 --> 00:03:21,563 Thermohaline အနက်ပိုင်းရေနဲ့ လေက တိုက်ပေးတဲ့ မျက်နှာပြင် ရေစီးကြောင်းတွေဟာ 65 00:03:21,563 --> 00:03:26,319 Global Conveyor Belt ခေါ် လိမ်ရစ်နေတဲ့ ကွင်းဆက်ကို ဖြစ်ပေါ်စေတယ်။ 66 00:03:26,319 --> 00:03:29,486 ရေဟာ သမုဒ္ဒရာ အနက်ပိုင်းမှနေပြီး မျက်နှာပြင်ဆီကို ရွေ့လျားရင်း 67 00:03:29,486 --> 00:03:32,606 သမုဒ္ဒရာ အစားအစာ ကွင်းဆက်များကို ဖန်တီးပေးကြတဲ့ 68 00:03:32,606 --> 00:03:35,726 အဏုဇီဝကောင်တွေ မှီဝဲကြတဲ့ အာဟာရတွေကို သယ်ပေးလာပါတယ်။ 69 00:03:35,726 --> 00:03:39,146 Global Conveyor Belt ဟာ ကမ္ဘပေါ်က အရှည်လျားဆုံးသော ရေစီးကြောင်း 70 00:03:39,146 --> 00:03:41,306 ဖြစ်ပြီး ကမ္ဘာကြီးကို မြွေလို ရစ်ပတ်ထားတာပါ။ 71 00:03:41,306 --> 00:03:44,906 ဒါပေမဲ့ ၎င်းဟာတစ်စက္ကန့်မှာ စင်တီမီတာ အနည်းငယ်မျှသာ ရွေ့လျားတာပါ။ 72 00:03:44,906 --> 00:03:49,456 ဒီတော့ အဲဒီထဲ ပါလာတဲ့ ရေစက်ဟာဖြင့် တပတ်လုံး လည်ပတ်ရန် နှစ်ထောင်ချီ ကြာပါမယ်။ 73 00:03:49,456 --> 00:03:52,906 ကြည့်ရတာ ပင်လယ် အပူချိန် မြင့်တက်လာမှုက လည်နေတဲ့ ခါးပတ်ကို 74 00:03:52,906 --> 00:03:54,366 နှေးကွေးလာစေနေတာ ထင်ရှားပါတယ်။ 75 00:03:54,366 --> 00:03:57,746 ပုံစံပြုလုပ်ပြီး စမ်းသပ်ကြည့်ရာ အဲဒါက အတ္တလန္တိတ်ရဲ့ ဘက်နှစ်ဘက်စလုံးမှာ 76 00:03:57,746 --> 00:03:59,616 ရာသီဥတုစနစ်ကို ကမောက်ကမ ဖြစ်စေပြီး 77 00:03:59,616 --> 00:04:02,856 ရေစီးနှုန်းဟာ ဆက်ပြီး နှေးလာပါက ဘာတွေ ဖြစ်ပျက်လာနိုင်ကြောင်း 78 00:04:02,856 --> 00:04:05,146 ဒါမှမဟုတ် လုံးဝ ရပ်သွားနိုင်တာကို ဘယ်သူမှ မသိပါ။ 79 00:04:05,146 --> 00:04:09,136 ကျုပ်တို့ မှန်ကန်စွာ ခန့်မှန်းနိုင်ရန်နဲ့ လိုအပ်သလို ပြင်ဆင်ထားနိုင်ရန် နည်းလမ်းမှာ 80 00:04:09,136 --> 00:04:13,826 ရေစီးကြောင်းတွေနဲ့ ၎င်းတို့ဖြစ်ပေါ်စေတဲ့ စွမ်းအင်များကို ဆက်လေ့လာကြည့်နေဖို့ပါပဲ။