0:00:06.549,0:00:07.989 ၁၉၉၂ ခုနှစ်တွင် 0:00:07.989,0:00:12.211 ရေချိုးရာတွင် သုံးရန်ကစားစရာတွေ တင်ဆောင်[br]လာတဲ့ ကုန်တင်သင်္ဘော မုန်တိုင်းမိသွားတယ်။ 0:00:12.211,0:00:14.647 သင်္ဘောပေါ်က ကွန်တိန်နာတွေ[br]ရေထဲ မျောပါသွားကြလို့ 0:00:14.647,0:00:19.457 လှိုင်းတွေဟာ ရော်ဘာ ဘဲ ကောင်ရေး ၂၈၀၀၀ ကို[br]မြောက်ပစိဖိတ်သို့ တွန်းပို့ခဲ့တယ်။ 0:00:19.457,0:00:22.167 ဒါပေမဲ့ ၎င်းတို့ဟာ အတူတူ[br]တစ်နေရာတည်းမှာ မဟုတ်ခဲ့ကြပါ။ 0:00:22.167,0:00:23.977 ပြောင်းပြန် ဖြစ်ခဲ့တယ်လို့ ဆိုရပါမယ်- 0:00:23.977,0:00:26.707 အဲဒီ ဘဲကောင်တွေဟာ တစ်ကမ္ဘာလုံး[br]အဝမ်းကို မျောပါသွားကြတယ်။ 0:00:26.707,0:00:29.557 အဲဒါနဲ့ သုတေသီတွေဟာ ၎င်းတို့ရဲ့[br]လမ်းကြောင်းကို အသုံးပြုပြီး 0:00:29.557,0:00:33.337 သမုဒ္ဒရာ ရေစီးကြောင်းတွေကို ပိုကောင်း[br]မွန်စွာ နားလည်ရန် ဇယားကို ရေးဆွဲခဲ့ကြတယ်။ 0:00:33.337,0:00:36.493 သမုဒ္ဒရာရေစီးကြောင်းတွေကို[br]မောင်းနှင်ပေးတဲ့ ရင်းမြစ်တွေ စုံလှပါတယ်- 0:00:36.493,0:00:40.043 လေ၊ ဒီရေများ၊ ရေရဲ့ သိပ်သည်းဆ မတူခြင်း၊ 0:00:40.043,0:00:43.073 ပြီးတော့ ကမ္ဘာကြီး လည်ပတ်မှုလဲ ပါတယ်။ 0:00:43.073,0:00:47.733 သမုဒ္ဒရာကြမ်းပြင်ရဲ့ မြေမျက်နှာသွင်ပြင်နဲ့[br]ကမ်းခြေလိုင်းတွေကလည်း ရေစီးကြောင်းတွေကို 0:00:47.733,0:00:48.790 အရှိန်ပိုရလာစေသလို၊ 0:00:48.790,0:00:52.070 နှေးကွေးလာစေခြင်း သို့မဟုတ်[br]ဦးတည်ချက်ကို ပြောင်းလဲသွားနိုင်ပါတယ်။ 0:00:52.070,0:00:55.150 သမုဒ္ဒရာရေစီးကြောင်းတွေ[br]အဓိက အမျိုးအစား နှစ်မျိုး ခွဲရနိုင်တယ်- 0:00:55.150,0:00:58.280 မျက်နှာပြင် ရေစီးကြောင်းနဲ့[br]သမုဒ္ဒရာ အနက်ပိုင်း ရေစီးကြောင်းတွေပါ။ 0:00:58.280,0:01:01.700 မျက်နှာပြင် ရေစီးကြောင်းတွေဟာ သမုဒ္ဒရာ[br]ရေအားလုံးရဲ့ ၁၀ ရာခိုင်နှုန်းကို 0:01:01.700,0:01:03.430 ထိန်းချုပ် ထားတယ်လို့ ဆိုနိုင်ပြီး၊ 0:01:03.430,0:01:06.950 နက်ရှိုင်းတဲ့ သမုဒ္ဒရာရေစီးကြောင်းတွေ[br]ကျတော့ ကျန် ၉၀ ရာခိုင်နှုန်း ပါပါတယ်။ 0:01:06.950,0:01:09.010 ၎င်းတို့ဖြစ်ပေါ်လာပုံ [br]အကြောင်းတွေ မတူပေမဲ့၊ 0:01:09.010,0:01:11.780 မျက်နှာပြင်နှင့်အနက်ပိုင်း [br]ရေစီးကြောင်းတို့ဟာ အပြန်အလှန် 0:01:11.780,0:01:15.480 သက်ရောက်မှုရှိပြီး သမုဒ္ဒရာ တစ်ခုလုံးကို[br]ရွေ့လျားစေနေတဲ့ အကတမျိုးနဲ့ တူပါတယ်။ 0:01:15.480,0:01:16.655 ကမ်းခြေ အနီးမှာဆိုရင်၊ 0:01:16.655,0:01:19.635 မျက်နှာပြင် ရေစီးကြောင်းကို[br]လေရော ဒီရေကပါ မောင်းနှင်ပေးကြတယ်၊ 0:01:19.635,0:01:24.505 ရေကို နောက်နဲ့ရှေ့ကို လှုပ်ရှားစေလျက်[br]ရေမျက်နှာပြင်ဟာ နိမ့်လိုက်မြင့်လိုက်ပါ။ 0:01:24.505,0:01:29.773 တချိန်တည်းမှာ လဟာပြင် သမုဒ္ဒရာထဲမှာ မျက်နှ[br]ာပြင်ရေစီးကြောင်းအတွက် လေဟာ အဓိကအားပါ။ 0:01:29.773,0:01:31.517 လေဟာ သမုဒ္ဒရာရဲ့ အထက်မှ တိုက်ခတ်စဉ်၊ 0:01:31.517,0:01:34.207 ၎င်းဟာ ရေရဲ့ အပေါ်ယံအလွှာကို[br]မိမိနဲ့အတူ ဆွဲယူသွားပါတယ်။ 0:01:34.207,0:01:37.477 အဲဒီလို ရွေ့လျားနေတဲ့ အလွှာက[br]အောက်ပိုင်းရှိ အလွှာများကို ဆွဲယူလို့ 0:01:37.477,0:01:40.097 အဲဒီ အလွှာတွေ ၎င်းတို့အောက်ရှိ[br]အလွှာကို ဆွဲခေါ်ကြပါတယ်။ 0:01:40.097,0:01:43.197 လက်တွေ့တွင်၊ မီတာ ၄၀၀ အထိ နက်တဲ့[br]ရေဟာ 0:01:43.197,0:01:47.027 သမုဒ္ဒရာ မျက်နှာပြင်ပေါ်က[br]လာရဲ့ သက်ရောက်မှုကို ခံရပါတယ်။ 0:01:47.027,0:01:51.337 တစ်ကမ္ဘာလုံး မျက်နှာပြင် ရေစီးကြောင်းတွေ[br]စီးဆင်းပုံ ဇယားအဖြစ် ဆွဲကြည့်မယ် ဆိုရင်၊ 0:01:51.337,0:01:54.820 ၎င်းတို့ဟာ gyres ခေါ် ဧရာမပတ်လမ်းတွေနဲ့[br]တူတာကို မြင်ရပါမယ်၊ 0:01:54.820,0:01:57.580 အဲဒီ ပတ်လမ်းဟာ ကမ္ဘာ့မြောက်ပိုင်းခြမ်းမှ[br]လက်ယာရစ် ပတ်နေပြီး 0:01:57.580,0:02:00.210 ကမ္ဘာ့ တောင်ပိုင်းခြင်းမှာ ကျတော့[br]လက်ဝဲရစ် ပတ်နေတတ်တယ်။ 0:02:00.210,0:02:02.670 အဲဒါရဲ့ အကြောင်းရင်းက ကမ္ဘာကြီရဲ့[br]လည်ပတ်မှု ဖြစ်ပြီး 0:02:02.670,0:02:06.630 အဲဒီ ရေစီးကြောင်းတွေကို[br]အဲဒီလို ပုံစံမျိုးဖြင့် လည်ပတ်လာစေတာပါ။ 0:02:06.630,0:02:08.280 ကမ္ဘာကြီသာ မလည်ပတ်ခဲ့ပါက၊ 0:02:08.280,0:02:09.960 အီကွေတာက ဖိအားနည်း ဒေသနဲ့ 0:02:09.960,0:02:12.260 ဝင်ရိုးစွန်း ဒေသများက ဖိအားများ ဒေသ[br]တွေ အကြားမှာ 0:02:12.260,0:02:14.610 လေနဲ့ ရေတို့ဟာ ရှေ့နောက်သာ[br]လှုပ်ရှားနေခဲ့မှာပါ၊ 0:02:14.610,0:02:16.350 ဒါပေမဲ့ ကမ္ဘာကြီးဟာ လည်နေတော့၊ 0:02:16.350,0:02:20.860 အီကွေတာမှ မြောက်ဝင်ရိုးစွန်းဆီ တိုက်တဲ့[br]လေဟာ အရှေ့ဘက်ကို ပါသွားမှာ ဖြစ်ပြီး၊ 0:02:20.860,0:02:23.709 နောက်ကို ပြန်တိုက်တဲ့ လေကျတော့[br]အနောက်ဘက်ကို ရွေ့ပါသွားမှာပါ။ 0:02:23.709,0:02:27.389 အဲဒါရဲ့ ထင်ဟပ် မြင်ရနိုင်တဲ့ ပုံစံမျိုးကို[br]တောင်ပိုင်း ကမ္ဘာခြမ်းမှာ မြင်ရပြီး 0:02:27.389,0:02:29.489 လေကြောင့် ပေါ်လာကြတဲ့[br]အဓိကရ ရေစီးကြောင်းတွေဟာ 0:02:29.489,0:02:32.789 သမုဒ္ဒရာ တဝမ်းမှာ ခုနက ပြောခဲ့သလို[br]ကွင်းဆက်ပုံစံတွေ ပေါ်လာရတာပါ။ 0:02:32.789,0:02:35.679 အဲဒါကို Coriolis Effect လို့ခေါ်ပါတယ်။ 0:02:35.679,0:02:40.129 တိုက်တဲ့ လေဟာ ၎င်းတို့အောက်ရှိ သမုဒ္ဒရာကို[br]ခုနက လည်ပတ်နေတဲ့ gyres ထဲ တွန်းပို့ပါတယ်။ 0:02:40.129,0:02:43.793 ရေဟာ အနွေးဓာတ်ကို လေထက် ပိုထိရောက်စွာ[br]ထိန်းထားနိုင်တာမို့လို့ 0:02:43.793,0:02:47.653 အဲဒီ ရေစီးကြောင်းတွေဟာ အနွေးဓာတ်ကို[br]ကမ္ဘာတစ်ဝှမ်းသို့ ဖြန့်ဖြူးပေးပါတယ်။ 0:02:47.653,0:02:49.864 မျက်နှာပြင်ရေစီးကြောင်းနဲ့ မတူဘဲ၊ 0:02:49.864,0:02:55.014 အနက်ပိုင်း ရေစီးကြောင်းတွေကို မောင်းနှင်[br]ပေးတာက ပင်လယ်ရေရဲ့ သိပ်သည်းဆပါ။ 0:02:55.014,0:02:57.326 မြောက်ဝင်ရိုးစွန်းဆီသို့ ရွေ့လျားလာတဲ့[br]ရေဟာ 0:02:57.326,0:02:58.496 ပိုအေးလာပါတယ်။ 0:02:58.496,0:03:01.036 ၎င်းထဲမှာ ပါတဲ့ ဆားဟာလည်း ပိုပြစ်ပါတယ်။ 0:03:01.036,0:03:05.956 ရေထဲ ပေါ်လာကြတဲ့ ရေခဲပွင့်တွေဟာ ဆားကို[br]သူတို့ နောက်မှာ ချန်ရစ်ခဲ့ကြလို့ပါ။ 0:03:05.956,0:03:08.386 အေးနေပြီး ဆားဓာတ်များတဲ့ [br]ရေဟာ ပိုသိပ်သည်းလို့ 0:03:08.386,0:03:09.866 အောက်ကို နစ်မြုပ်သွားလျက်၊ 0:03:09.866,0:03:12.616 ပိုနွေးတဲ့ မျက်နှာပြင်ရေက[br]၎င်းရဲ့ နေရာကို ဝင်ယူခြင်းဖြင့်၊ 0:03:12.616,0:03:17.076 thermohaline ခေါ် အထက်အောက်[br]ရေစီးကြောင်းကို ပေါ်လာစေပါတယ်။ 0:03:17.076,0:03:21.563 Thermohaline အနက်ပိုင်းရေနဲ့ လေက[br]တိုက်ပေးတဲ့ မျက်နှာပြင် ရေစီးကြောင်းတွေဟာ 0:03:21.563,0:03:26.319 Global Conveyor Belt ခေါ် လိမ်ရစ်နေတဲ့[br]ကွင်းဆက်ကို ဖြစ်ပေါ်စေတယ်။ 0:03:26.319,0:03:29.486 ရေဟာ သမုဒ္ဒရာ အနက်ပိုင်းမှနေပြီး[br]မျက်နှာပြင်ဆီကို ရွေ့လျားရင်း 0:03:29.486,0:03:32.606 သမုဒ္ဒရာ အစားအစာ ကွင်းဆက်များကို[br]ဖန်တီးပေးကြတဲ့ 0:03:32.606,0:03:35.726 အဏုဇီဝကောင်တွေ မှီဝဲကြတဲ့[br]အာဟာရတွေကို သယ်ပေးလာပါတယ်။ 0:03:35.726,0:03:39.146 Global Conveyor Belt ဟာ[br]ကမ္ဘပေါ်က အရှည်လျားဆုံးသော ရေစီးကြောင်း 0:03:39.146,0:03:41.306 ဖြစ်ပြီး ကမ္ဘာကြီးကို မြွေလို[br]ရစ်ပတ်ထားတာပါ။ 0:03:41.306,0:03:44.906 ဒါပေမဲ့ ၎င်းဟာတစ်စက္ကန့်မှာ စင်တီမီတာ[br]အနည်းငယ်မျှသာ ရွေ့လျားတာပါ။ 0:03:44.906,0:03:49.456 ဒီတော့ အဲဒီထဲ ပါလာတဲ့ ရေစက်ဟာဖြင့်[br]တပတ်လုံး လည်ပတ်ရန် နှစ်ထောင်ချီ ကြာပါမယ်။ 0:03:49.456,0:03:52.906 ကြည့်ရတာ ပင်လယ် အပူချိန် မြင့်တက်လာမှုက[br]လည်နေတဲ့ ခါးပတ်ကို 0:03:52.906,0:03:54.366 နှေးကွေးလာစေနေတာ ထင်ရှားပါတယ်။ 0:03:54.366,0:03:57.746 ပုံစံပြုလုပ်ပြီး စမ်းသပ်ကြည့်ရာ အဲဒါက[br]အတ္တလန္တိတ်ရဲ့ ဘက်နှစ်ဘက်စလုံးမှာ 0:03:57.746,0:03:59.616 ရာသီဥတုစနစ်ကို ကမောက်ကမ ဖြစ်စေပြီး 0:03:59.616,0:04:02.856 ရေစီးနှုန်းဟာ ဆက်ပြီး နှေးလာပါက[br]ဘာတွေ ဖြစ်ပျက်လာနိုင်ကြောင်း 0:04:02.856,0:04:05.146 ဒါမှမဟုတ် လုံးဝ ရပ်သွားနိုင်တာကို [br]ဘယ်သူမှ မသိပါ။ 0:04:05.146,0:04:09.136 ကျုပ်တို့ မှန်ကန်စွာ ခန့်မှန်းနိုင်ရန်နဲ့[br]လိုအပ်သလို ပြင်ဆင်ထားနိုင်ရန် နည်းလမ်းမှာ 0:04:09.136,0:04:13.826 ရေစီးကြောင်းတွေနဲ့ ၎င်းတို့ဖြစ်ပေါ်စေတဲ့[br]စွမ်းအင်များကို ဆက်လေ့လာကြည့်နေဖို့ပါပဲ။