လုံခြုံ တဲ့ လျှို့ဝှက်စာတစ်ခုဆိုတာ သင်ရဲ့ လက်ဗွေရာကို ခွဲခြားနိုင်တဲ့ အရာပါပဲ
ပိုပြီးပေါ့ပါးတဲ့ လက်ဗွေရာတစ်ခုကို ရင်ဆိုဖို့ဆိုတာ
လျှို့ဝှက်စာမှာပါတဲ့ စာလုံးတစ်လုံးချင်းစီရဲ့ အကြိမ်အရေကို ဖြန့်ထုတ်ရမှာဖြစ်ပါတယ်။
ဒါကို အကောင်အထည် ဖော်ဖို့ ၁၅ ရာစုလောက်မှာ
ကိန်းများကို အကြိမ်များစွာ အစားသွင်းပြီး
လျှို့ဝှက်စာကို ဖော်ထုတ်တဲ့ နည်းကို အကောင်အထည်ဖော်ခဲ့ကြတယ်။
ဥပမာ Alice နဲ့ Bob က ( ရွှေ့ပြောင်းလို့ ရတဲ့ ) စကားဝှက်တစ်ခုကို ဝေမျှလိုက်တယ် ဆိုပါစို့။
အရင်ဆုံး Alice က စကားဝှက်မှာပါတဲ့ စကားလုံးတွေရဲ့ အက္ခရာ အစီအစဉ်အတိုင်း
စကားလုံးတွေကို ကိန်းဂဏန်း အဖြစ်ပြောင်းလိမ့်မယ်
ပြီးရင် ရလာတဲ့ကိန်းစဉ်တန်းကို စာပိုဒ်တစ်လျှောက်လုံး ထပ်ခါထပ်ခါ ပြန်ရေးလိုက်မယ်။
ဒီစာဝှက်တစ်ခုလုံးမှာရှိတဲ့ စကားလုံးတစ်လုံးချင်းစီကို
အဲ့ဒီ့စကားလုံးရဲ့ အောက်မှာ ၀ှက်ထားတဲ့ ဂဏန်းအစီအစဉ် အတိုင်းပြန်ပြောင်းကြည့်ရအောင်။
အခုအချိန်ဆိုရင် စာပိုဒ်တစ်လျှောက်မှာ သူက ရွှေ့ပြောင်းမှုတစ်ခုကို အစားရွှေ့ပြောင်းမှုအများကြီးကို လုပ်နေပြီ။
ဒီနည်းက Caesar လုပ်ဖူးတဲ့ ပုံစံ အတိုင်းပေါ့။
ပြီးရင် ဒီပုံစံ ပြောင်းပြီး သား စကားဝှက်ကို Bob ဆီကို ပို့လိုက်မယ်။
Bob က သူ့ဆီမှာ လည်းရှိနေတဲ့ စကားဝှက်ကို
Alice ပေးတဲ့ စကားဝှက်ထဲ မှာပါတဲ့ ရွှေ့ပြောင်းမှု အကြိမ်အရေအတွက်တွေကို နုတ်လိုက်ခြင်းဖြင့် ထိုစကားဝှက် ကို ပြန်လည် ဖော်ထုတ်နိုင်တယ်။
ကဲ အခု code ဖြေရှင်းသူ ( ဖော်ထုတ်သူ ) ဖြစ်တဲ့ Eve က
စကားဝှက်ထဲက စကားလုံးအကြိမ်အရေအတွက်တွေ ကို တွက်ခြင်းအားဖြင့်
ထိုစကားဝှက် ကို ဖော်ထုတ် တော့မယ်ဆိုပါစို့ ။
ဒါဆို သူက ရှေ့ က ပြောထားတဲ့ အတိုင်း စကားဝှက်ထဲမှာ ပို ပေါ့ပါးတဲ့ လက်ဗွေရာ ဒါမှမဟုတ် ပိုပြီး ပြန့််ကြဲစွာ ဖြန့်ဝေထားတဲ့ စကားလုံးတွေကို တွေ့ရမှာ ဆိုတော့
သူဘယ်လို ဒီစကားဝှက်ကို ဖော်ထုတ်မှာလဲ ကြည့်ရအောင်။
ဒီစကားဝှက်တွေကို ဖော်ထုတ်သူတွေဆိုတာ လိုအပ်နေတဲ့ သတင်းအချက်အလက်တွေကို အမြဲ ရှာဖွေနေ တာဆိုတာ မှတ်ထားပါ။
ဒါကလက်ဗွေရာ တစ်စိတ်တစ်ပိုင်း ကို လိုက်ရှာရတာနဲ့ အတူတူပါပဲ။
စကားလုံးတွေရဲ့ အကြိမ်အရေအတွက် မှာ ခြားနားချက် တစ်ခုခု ပေါ်လာတိုင်း
သတင်းအချက်အလက် တစ်ခုခု မပြည့်စုံတာတွေ ဖြစ်လာတယ်။
ဒီခြားနားချက် ကတော့ ပုံစံ ပြောင်းပြီးသား စကားဝှက်တွေကို ကိန်းဂဏန်းတွေဲ ခဏခဏ ထပ်နေရခြင်းကြောင့် ဖြစ်တယ်။
ဒီကိစ္စ မှာ Alice ရဲ့ စကားဝှက်မှာ ထပ်နေတဲ့ စကားလုံးတွေ ပါဝင်နေလို့ ဖြစ်တယ်။
ဒီပုံစံထားတဲ့ စကားဝှက်ကို ဖြေထုတ်ဖို့ အတွက် ပထမဆုံး အနေနဲ့ Eve လုပ်ရမှာက
စကားဝှက်ထဲက စကားလုံးတစ်လုံး တစ်ခုချင်းစီရဲ့ တိုင်းအတာကို စကြည့်ရမှာ မဟုတ်ဘဲ ရွှေ့ပြောင်းထားတဲ့ စကားလုံးတွေရဲ့ အတိုင်းအတာကို စကြည့်ရမှာ ဖြစ်တယ်။
ဒီတော့သူလုပ်ရမှာ
မတူညီတဲ့ ကိန်းတွေရဲ့ အကြိမ်အရေအတွက်တွေကို ဖြန့်ဝေခြင်း ကို စမ်းသပ်ကြည့်ရမယ်။
သူဟာ ငါးခုမြောက်စာလုံးတိုင်းရဲ့ အကြိမ်အရေအတွက် ဖြန့်ဝေမှုစစ်ဆေးပြီ ဆိုတာနဲ့
လက်ဗွေရာ ဟာသူ့အလိုလိုပေါ်လာလိမ့်မယ်။
အခု ကိစ္စ မှာတော့ Caesar ရဲ့  စကားဝှက် ၅ ခု ကို
ထပ်ခါထပ်ခါ ပြုလုပ်ထားတဲ့ အစီအစဉ်အတိုင်း ဖော်ထုတ်ကြည့်ရအောင်
သီးခြားစီရမယ်ဆိုရင် ဒါက ကျွန်တော်တို့ မြင်ဖူးပြီးသား
အသေးအဖွဲ ကိစ္စတစ်ခုပါပဲ
စကားဝှက်ရဲ့ လုံခြုံမှုစွမ်းက
စကားဝှက်ဖြေရတဲ့ကြာချိန် (စကားလုံးတွေကို ရွှေ့ပြောင်းရတဲ့ကြာချိန် ) ပေါ်မူတည်တယ်။
စကားဝှက်ထဲက ရွှေ့ပြောင်းရတဲ့ စကားလုံး များလေလေ စကားဝှက် လုံခြုံမှုရှိလေ ဖြစ်တယ်။