ဘယ်သူမှမသေတဲ့ အနာဂတ်မျိုးကို
မြင်ယောင်ကြည့်ပါ—
အဲဒီအစား ကျုပ်တို့ရဲ့ အသိစိတ်တွေကို
ဒီဂျစ်တယ်ကမ္ဘာဆီကို အပ်လုပ်လုပ်ကြတယ်။
သူတို့ဟာ လက်တွေ့ ကိုယ်ပွားတွေ နေထိုင်ကြတဲ့
ပတ်ဝန်းကျင် အတုထဲမှာ နေထိုင်လျက်
ဇီဝဗေဒကမ္ဘာဆီကို ခေါ်ဆိုနိုင်ပြီး
ပံ့ပိုးပေးချင် ပေးနိုင်ကြဦးမှာပါ။
အသိစိတ်ကို အပ်လုဒ်လုပ်ခြင်းဟာ အားတက်ဖွယ်
ကောင်းတယ်လို့ ထင်ရပေမဲ့—
လူရဲ့ ဦးနှောက်ကို စကင်ဖတ်ပြီး ထိုသူရဲ့ အသိ
စိတ်ကို ဘယ်လိုများ အပ်လုဒ် လုပ်နိုင်မလဲ။
အဓိကစိန်ခေါ်မှုက အသိစိတ်ကို လုံလောက်စွာ
အသေးစိတ် စကင်ဖတ်ပြီး အသိစိတ်ကို ဖမ်းယူပြီး
အဲဒီ အသေးစိတ်တွေကို ပြန်ပြီး အတုအဖြစ်
ပြည့်စုံစွာ ဖန်တီးပေးဖို့ပါပဲ။
ပထမအချက်အနေနဲ့ ဘာတွေကို စကင်
လုပ်ရမှာကို သိဖို့ လိုအပ်ပါတယ်။
လူ့ဦးနှောက်ထဲတွင် အာရုံခံဆဲလ်
၈၆ ဘီလီယံခန့် ရှိပါတယ်၊
၎င်းတို့ဟာ အနည်းဆုံးအားဖြင့် synapse တွေ
အနည်းဆုံး ထရီလီယံ တစ်ရာနဲ့ ဆက်နွှယ်နေတယ်။
ဦးနှောက်ထဲက အာရုံခံဆဲလ်များ အကြားက
ဆက်သွယ်မှုကို၊ တနည်းအားဖြင့်
၎င်းတို့ အချင်းအချင်း
အကြားက ဆက်သွယ်မှု ပုံစံကို
connectome လို့ ခေါ်ဝေါ်ကြပါတယ်။
ကျုပ်တို့ဟာ connectome ရဲ့ မြေပုံကို
ရေးဆွဲနိုင်စွမ်း မရှိကြတဲ့ အပြင်၊
အာရုံကြောတွေရဲ့ အချက်ပြမှုကိုလည်း
အတော်လေ့လာဖို့ လိုအပ်ပါသေးတယ်။
အခု ကြည့်ရတဲ့ အတိုင်းဆိုရင်၊ ဆက်သွယ်ရေး
အမျိုအစားတွေ ဒါမှမဟုတ်
synapse တွေဟာ ထောင်ပေါင်းများစွာ
ရှိနိုင်ကြပါတယ်။
တစ်ခုချင်းစီ လုပ်ကိုင်ပုံ
မသိမသာ ကွဲပြားကြပါတယ်။
တချို့က မြန်ပြီ၊ တချို့က နှေးကြတယ်။
အချို့က သင်ယူရေး ဖြစ်စဉ်အတွင်း တမဟုတ်ချင်း
ကြီးထွား ဒါမှမဟုတ် ကျုံ့သွားနိုင်တယ်၊
အချို့ကျတော့ အချိန်အတော်ကြာ
တည်ငြိမ်စွာ ရှိတတ်ကြတယ်။
ပြီးတော့ အာရုံခံဆဲလ်တွေအကြား ၁ ခုနဲ့ ၁ ခု
ဆက်သွယ်မှုတွေ ရှိကြတဲ့ အပြင်
အချို့သော အာရုံခံဆဲလ်တွေဟာ အခြား
အာရုံခံဆဲလ်တွေ တစ်ပုံကြီး တချိန်တည်း
သက်ရောက်မှုရှိတဲ့ အာရုံထုတ်လွှင့်မှုကို
ပြုလုပ်နိုင်သေးတယ်။
လူတစ်ယောက်ရဲ့ အသိစိတ်ကို
ကူးယူနိုင်ဖို့အတွက်
အဲဒီလို ပြန်လှန်တုံ့ပြန်မှုများကို
မြေပုံဖေါ်ထုတ်ပေးရန် လိုအပ်ပါတယ်။
ပြီးတော့ ကျုပ်တို့ သိရှိတာ အားနည်း
ဒါမှမဟုတ် ရှာမတွေ့ရသေးတဲ့
အာရုံကြော အချက်ပြမှု အပေါ် သက်ရောက်မှုတွေ
အများအအများ ရှိကြပါသေးတယ်။
ဥပမာတစ်ခုတည်းကို ဖေါ်ပြပေးပါရစေ။
အာရုံခံဆဲလ်တွေအကြား
လှုပ်ရှားမှုပုံစံများကို
glia လို့ခေါ်တဲ့ ဆဲလ်အမျိုးအစားက
လွှမ်းမိုးပုံရတယ်။
သိပ္ပံပညာရှင်တချို့တို့က Glia ဟာ အာရုံခံ
ဆဲလ်ကို ဝန်းရံထားပြီး အရေအတွက်အရ
၎င်းတို့ထက် အရေအတွက် ဆယ်ဆ
ပိုများတယ်လို့ ယူဆကြတယ်။
တစ်ချိန်တုန်းက Glia တွေဟာ ဖွဲ့စည်းမှုကို
ပံ့ပိုးဖို့ သက်သက်လို့ ထင်ခဲ့ကြပေမဲ့၊
၎င်းတို့ လုပ်ဆောင်ပုံ ကောင်းကောင်း
နားလည် မရသေးပေမဲ့၊
၎င်းတို့ထဲက တချို့က ကိုယ်ပိုင်
အချက်ပြမှုများကို ထုတ်လွှင့်နိုင်ပြီး
အချက်အလက်များ စီမံဆောင်ရွက်ပုံ
အကျိုးအသက်ရောက်နိုင်ကြတယ်။
ဦးနှောက်ကို ကျွန်ုပ်တို့ သိရှိကြတာ
မလုံလောက်သေးလို့
အသိစိတ်ကို ပွားယူရန် ဘာတွေ စကင်ဖတ်ဖို့
လိုအပ်တာ ကျုပ်တို့ မသေချာပေမဲ့၊
ကျုပ်တို့ရဲ့ အသိပညာက အဲဒီလိုအဆင့်ကို
ရောက်ရှိသွားပြီလို့ ယူဆရင်
အဲဒါ ကျုပ်တို့ ဘယ်လို စကင်ဖတ်ကြမလဲ။
လောလောဆယ်မှာ ကျုပ်တို့ဟာ သက်ရှိလူသားရဲ့
ဦးနှောက်ကို
မီလီမီတာဝက် တိကျမှုဖြင့် ကျုပ်တို့ရဲ့
ထိုးဖောက်ရန် မလိုအပ်တဲ့ စကင်ဖတ်နည်း MRI
ကို သုံးပြီး ပြုလုပ်နိုင်ကြတယ်။
synapse တစ်ခုကို တိုင်းကြည့်ရန် ကျုပ်တို့
တစ် micron တိကျမှုဖြင့် စကင်ဖတ်ရန် လိုတယ်။
တစ်မီလီမီတာရဲ့ ထောင်ပုံတစ်ပုံ တိကျမှုပါ။
synapse ရဲ့ အမျိုးအစားကို ပြီးတော့ synaps
တစ်ခုချင်းရဲ့ စွမ်းအားကို ခွဲခြားသိရှိရန်
ကျုပ်တို့ဟာ ပိုပြီး တိကျစွ
တိုင်းထွာဖို့ လိုပါမယ်။
MRI ဟာ အစွမ်းထက်တဲ့ သံလိုက်စက်ကွင်းတွေကို
အားကိုးရပါတယ်။
synapse တစ်ခုချင်း အသေးစိတ်
စကင်ဖတ်ဖို့ လိုတဲ့ တိကျမှုအတွက်
လိုအပ်မယ့် စက်ကွင်း စွမ်းအားဟာဖြင့်
လူသားရဲ့ တစ်ရှူးများကို ချက်ပြုတ်နိုင်
လောက်အောင်ကို အားကောင်းရမှာ ဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ တိကျမှုကို
ဒီလိုမြင့်မားစွာ လိုအပ်ချက်က
အခြေခံအားဖြင့် လုံးဝအသစ်ဖြစ်တဲ့
စကင်ဖတ်နည်းကို တောင်းဆိုပါလိမ့်မယ်။
အီလက်ထရွန်နစ် အဏုကြည့်မှန်ပြောင်းဖြင့်
လူသေရဲ့ ဦးနှောက်ကို စကင်ဖတ်ရနိုင်ပေမဲ့၊
အဲဒီနည်းပညာဟာ သိပ်အသုံးမဝင်တဲ့အပြင်
လေ့လာမယ့်သူကို အရင်သတ်ပစ်ရန် လိုပါသေးတယ်။
ကျုပ်တို့ နောက်ဆုံးမှာ ဘာတွေ စကင်ဖတ်ဖို့
လိုအပ်ကြောင်း ဦးနှောက်ကို နားလည်ကြလို့
အဲဒီလိုပြတ်သားမှုဖြင့် ဘေးကင်းစွာ
စကင်ဒီလုပ်တတ်လာကြပြီ ဆိုတောင်
နောက် စိန်ခေါ်မှုက အဲဒီအချက်အလက်တွေကို
ဒီဂျစ်တယ်နည်းဖြင် ပြန်လည်ဖန်တီးဖို့ပါပဲ။
အဲဒါ ပြုလုပ်နိုင်ဖို့ အဓိက အတားအဆီးက ကွန်
ပျူတာရဲ့ တွက်စွမ်းနဲ့ သိုလှောင်ထားဖို့ပါ၊
အဲဒီ နှစ်ခုစလုံး နှစ်တိုင်း ပိုပိုတိုးတက်
လာနေကြတာ အမှန်ပါပဲ။
တကယ်တော့ ကျုပ်တို့ဟာ အဲဒီလို နည်းပညာတွေကို
ရယူဖို့ နီးစပ်နိုင်ပေမဲ့၊
ကျုပ်တို့ရဲ့ အသိစိတ်ကို နားလည်ဖို့နဲ့ စကင်
ဖတ်ဖို့ကတော့ ဝေးနေတုန်းပါပဲ။
အာရုံကြောကွန်ယက် အတုတွေဟာ အင်တာနက်
ရှာဖွေရေးအင်ဂျင်တွေကို စီစဉ်ပေးလျက်
ဒီဂျီတယ် ကူညီပေးသူ၊ ယာဉ်မောင်းမဲ့ ကားတွေ၊
Wall Street ကုန်သွယ်ရေး စက်တွေ၊
နှင့် စမတ်ဖုန်းတွေကို သုံးနေကြပါပြီ။
ဘယ်သူမှာမှ အာရုံခံဆဲလ် ၈၆ ဘီလီယံပါတဲ့
ကွန်ယက်အတုကို မဆောက်လုပ်နိုင်သေးပေမဲ့၊
ကွန်ပျူတာနည်းပညာတွေ တိုးတက်လာနေတာနဲ့အမျှ
အဲဒီလို ကြီးမလားလှတဲ့ ဒေတာတွေကို
ခြေရာခံ သိမ်းဆည်းရနိုင်ဖွယ် ရှိပါတယ်။
စကင်ဖတ်ခြင်းနဲ့ အပ်လုဒ် လုပ်ပေးတဲ့
အဆင့်တိုင်းတွင်
ကျုပ်တို့ဟာ လိုအပ်တဲ့ အချက်အလက်အားလုံးကို
တိကျစွာ ဖမ်းယူနိုင်တာ သေချာရပါမယ်—
အဲဒီလိုသာမဟုတ်ရင် ပျက်စီးနေတဲ့ အသိစိတ်ကို
ရရှိလာကြမှာ စိုးရိမ်ရပါတယ်။
အသိစိတ်ကို အပ်လုဒ် လုပ်ရေးကို
သီအိုရီအရ လုပ်လို့ ရနိုင်ပေမဲ့၊
အုဒီလို လုပ်ကိုင်ဖို့ ကျုပ်တို့
လက်တွေ့ လုပ်ကိုင်နိုင်ကြမယ့်
နည်းပညာတွေနဲ့ သိပ္ပံနည်းကျ
နားလည်ဖို့ကို ကျတော့
နှစ်ပေါင်း ရာနဲ့ချီ
စောင့်စားကြရဖို့ ရှိပါတယ်။
ပြီးတော့ အဲဒီလိုအရှိတရားနဲ့အတူ
လူ့ကျင့်ဝတ်နှင့် ဒသနိက စဉ်းစားစရာတွေ၊
အဲဒီလို အသိစိတ် အပ်လုဒ်လုပ်ရေးကို
ဘယ်သူတွေကို လုပ်ပိုင်ခွင့် ရှိကြမှာလဲ။
အပ်လုဒ် လုပ်ပေးတဲ့ အသိစိတ်ထံမှာ
ဘယ်လို လုပ်ပိုင်ခွင့်တွေ ရှိကြမလဲ။
ဒီလိုနည်းပညာကို တစ်ဦးဦးက
အလွဲသုံးစားလုပ်နိုင်မှာလား။
ကျုပ်တို့က နောက်ဆုံးမှာ ကျုပ်တို့ရဲ့ အသိ
စိတ်တွေကို အပ်လုဒ် လုပ်နိုင်တောင်မှ၊
ကျုပ်တို့ ဆက်ပြီး ရှိနေသင့်လား
ဆိုတာ မေးစရာ ဖြစ်ပါတယ်။