သင်ရဲ့ မြင်သာသည့် ဝိသေသလက္ခဏာရပ်တွေ ဖြစ်သည့် ဖီနိုတိုက်(ပ်) (phenotype) တွေဟာ သင်ရဲ့ ဗီဇမျိုးစေ့ (genes) တွေ နှင့် ပတ်ဝန်းကျင် ကြား ဆက်ဆံမှုတွေရဲ့ အကျိုးရလာဒ်တွေ ဖြစ်ပါတယ်။ ဒီဆက်ဆံမှုတွေဟာ သားအိမ်ထဲက စတင်ပြီး သင်ရဲ့ ဘဝတစ်လျှောက်လုံး ဆက်ဖြစ်ပါတယ်။ တချို့ ကွဲပြားချက်တွေဖြစ်သည့် အရပ်အမြင့်လိုဟာမျိုးကို များသောအားဖြင့် ဗီဇမျိုးစေ့တွေက ဖြစ်စေတာပါ။ အကယ်၍ သင့်မှာ ပုသည့် မိဘနှင့် ဘိုးဘွားတွေ ရှိခဲ့မည်ဆိုလျှင် သင်ဟာ သင့်အဖော်တွေထက် ပိုရှည်လိမ့်မည် မဟုတ်ဘူး။ ပတ်ဝန်းကျင်သက်ရောက်မှုတွေဖြစ်သည့် အစာအာဟာရလိုအရာမျိုးက သင်ရဲ့အရပ်ပေါ်မှာ သက်ရောက်မှုရှိနိုင်သော်လည်းပဲ။ သင့်မှာ ကျန်းမာရေးနှင့်ညီသည့် ခန္ဓာကိုယ်အလေးချိန် ရှိမရှိဆိုတာ ဗီဇမျိုးစေ့တွေနှင့်လည်း ဆိုင်ပါတယ်။ ဒါပေမယ့် အစားသောက်ဆင်ခြင်မှုနှင့် လေ့ကျင့်ခန်းလုပ်ခြင်းတို့က သင်ရဲ့ အလေးချိန်ပေါ်မှာ အတော်လေး သက်ရောက်မှုရှိနိုင်ပါတယ်။ ဗီဇမျိုးစေ့တွေက သင်ရဲ့စိတ်နေစိတ်ထားအပေါ် သက်ရောက်မှုကိုတော့ သိပ်နားမလည်သေးဘူး။ အခု သင်ရဲ့ ဂျီနုမ်း(မ်) (မျိုးရိုး) ထဲက တစ်သန်းကျော်သာသာ စနစ်(ပ်) (SNP) တွေအကြောင်းကို တစ်ခါတည်းနှင့် သင်ယူနိုင်နေပါပြီ။ ဒီ့အပြင် နေ့စဉ်ကို သိပ္ပံပညာရှင်တွေက သင်ရဲ့ ဖီနိုတိုက်(ပ်) တွေကို ဒီ စနစ်(ပ်) တွေက ဘယ်လိုအကျိုးသက်ရောက်တယ် ဆိုတာကို တွေ့ရှိနေကြပါပြီ။ သင်ရဲ့ မျိုးရိုးကို သိရခြင်းက သင်ဟာ ဘာလို့ ဒီပုံစံဖြစ်နေတယ် ဆိုတာနှင့် မိသားစုဝင်များ၊ မိတ်ဆွေများ နှင့် အိမ်နီးနားချင်းများတို့ နှင့် တူတာ၊ မတူတာကို ပိုနားလည်စေနိုင်ပါတယ်။