ကျောင်းသွားဖို့ နှိုးတဲ့ နှိုးစက်သံ
ကြားရတဲ့ နေ့များစွာရှိပြီး
အိပ်ရာကထဖို့ ကျွန်မ အလွန်ကြောက်တယ်။
ကျွန်မမှာ လိုတာထက်ကို ပိုရှိပါတယ်။
လှပတဲ့မြို့က ကျွန်မနေထိုင်တဲ့ အံ့ဖွယ်
အိမ်ထဲမှာ နေ့စဉ် ကျွေးမွေးပြုစုခံရ၊
ကျောင်းကောင်း တစ်ကျောင်းတက်ရတာ
တောင် မသွားချင်ဘူးတဲ့လေ။
ကျောင်းမှာက အပျက်သဘောတွေ
တွေ့ဖို့က သိပ်လွယ်တယ်။
စိတ်ဖိစီးမှုနဲ့ အတန်းတွေမှာ
စိတ်မဝင်စာတာမျိုးတွေဟာ
ကောင်းတာကို ချိုးနှိမ်တဲ့ အပျက်သဘောတွေပါ။
ဒါပေမဲ့ အခြားတစ်ယောက်ရဲ့ အမြင်မှာတော့
သူတို့ အမြင်ဟာ လုံးဝကို ကွဲပြားပါလိမ့်မယ်။
အာဖရိကန် တိုင်းပြည်တစ်ခုမှာ နေထိုင်တဲ့
၁၄ နှစ်အရွယ် မိန်းကလေးကို မြင်ကြည့်ပါ။
သူမရဲ့ အမည်က Adisa ဖြစ်ပြီး
သူမဟာ တစ်ခန်းအိမ် တစ်လုံးမှာ နေတဲ့
မိသားစု ခြောက်ယောက်ရဲ့ အစိတ်အပိုင်းပါ။
ပညာသင်ဖို့ အခွင့်အလမ်းရဖို့ဆို
ဘာမဆို သူမ ပေးမှာဖြစ်ပေမဲ့
သူမရဲ့ မိသားစုက မတတ်နိုင်ဘူးလေ။
သူမအတွက်တော့ ကျောင်းဆိုတာ ကျွန်မမြင်သလို
မကောင်းဆိုးဝါးတစ်ကောင် ဖြစ်မှာမဟုတ်ဘူး။
အပြုသဘောတွေကို သူမတွေ့လိမ့်မယ်။
ကျောင်းဆိုတာကို
မိတ်ဆွေဖွဲ့ဖို့၊ သူမ ဝန်းကျင်က ကမ္ဘာ
အကြောင်း လေ့လာနည်းလို့ မြင်မိလိမ့်မယ်။
Adisa နဲ့ သူမလို အခြေအနေက အခြားသူတွေကို
တွေးရင်း အရမ်း လိပ်ပြာမလုံဖြစ်မိတယ်။
ဒီမှာ လိုတာအကုန်ရှိပြီး ပိုနေတဲ့
ကျွန်မရဲ့ဘဝကို မကျေမနပ် ပြောနေတယ်။
ကျွန်မလိုမျိုး ဘဝမျိုးနေဖို့ဆို
သူမဆို အိပ်မက်ပဲ မက်နေလိမ့်မလား။
ကျွန်မကို ဘဝမှာ အောင်မြင်ဖို့ ပြောကြတယ်။
ကျောင်းမှာ အောင်မြင်ဖို့လိုပါတယ်။
ကောလိပ် ကောင်းတစ်ခုဝင်ဖို့ ကျွန်မကို
ပြောကြတယ်။ ကျွန်မ အဆင့်တွေကောင်းဖို့၊
ကျောင်းလှုပ်ရှားမှုတွေမှာ တတ်နိုင်သမျှ
များများ ပါဝင်ဖို့လိုတယ်။
အဆင့်ကောင်းဖို့နဲ့ ကျောင်း
လှုပ်ရှားမှုတိုင်း မှာပါဝင်ဖို့
ကိုယ်ကိုယ်ကို ဖိစီးမှုတွေ အများကြီး
ပေးနေတာလို့ မြင်တာက
အကောင်းဆုံး အထက်တန်းကျောင်း
အတွေ့အကြုံမဟုတ်ပါ။
ကျွန်မအတွက် ဒါဟာ သင်ယူဖို့ ပိုခက်ခဲအောင်
ဖိစီးမှုနဲ့ ပူပန်မှု ထပ်ထည့်လိုက်တာပါပဲ။
စိတ်ဖိစီးမှုနဲ့
ကျွန်မကြိုးစားပြီး အကောင်းဆုံးအဆင့်တွေ
ရဖို့ ဖိအားက အမြဲကို ရှိနေပါတယ်။
နံပါတ် ၄.၀ ဆိုတာက ကျွန်မအတွက်
တကယ် ဘာကိုဆိုလိုတာ တွေးနေမိခဲ့ပြီး
အဖြေကို ခလုတ်တိုက်မိခဲ့တယ်။
ဒါက ဘာကိုဆိုလိုတာလဲ။
ဒါရဖို့ ကိုယ့်ကိုယ်ကို ဒီလောက် အပင်ပန်းခံ
နေတယ်ဆိုရင် အဓိပ္ပါယ် တစ်ခုခု ရှိရမယ်လေ။
ကျွန်မဟာ အကောင်းဆုံးလုပ်ဖို့
ကြိုးစားတဲ့သူဖြစ်ပြီး
ဖိအားနဲ့ ပူပန်မှုက ဘာကြောင့်ဆိုတာ
ကျွန်မကို မေးခိုင်းတယ်။
ဘာကြောင့် ကျောင်းကို အကျောက်အကန် သွာဖို့
ကိုယ်ကိုယ်ကို ဒီလောက်ကြီး ဖိအားပေးနေတာလဲ။
အဆင့်ကောင်းဖို့ အလုပ်တာဝန် ဖိအားနဲ့
ဆိုင်တဲ့ စိတ်ဖိစီးမှုလား၊ များလိုက်တာ။
ကျောင်းဆိုတာ ဘယ်တော့မှ တအားကြီး
မခက်ဘူလို့ ထင်တဲ့ ကျွန်မတောင်ပါ။
ကိုယ့်ကိုယ်ကို မကြာခဏ
ရုန်းကန်နေရတယ်လို့ မမြင်ပေမဲ့
တစ်ခုခုကို ပိုခက်လာအောင် လုပ်တဲ့အခါ
ဒါက ပိုလွယ်မလာတော့ဘူး။
ဒါဖြစ်နိုင်ပုံကို အတော်မျာများ မမြင်ကြဘူး။
အလားတူ တစ်ယောက်ယောက်က
တစ်ခုခုပြောမဲ့နေရာမှာ အများကြီး
စကားတွေ ပြောခဲ့တယ်။
"သင်ဟာ ကျောင်းမှာ အရမ်းတော်တယ်ဆိုရင်
ကျောင်းကို ဘာလို့ မကြိုက်တာလဲ။"
ဒီမေးခွန်းနဲ့ ကျွန်မကြားဖူးတဲ့
များစွာသော မတူတဲ့ မူကွဲတွေက
ကျွန်မကို ဆက်ပြီးစိတ်ရှုပ်စေတယ်။
ကျောင်းမှာ လုပ်ဆောင်မှုကောင်းဖို့
ကြိုးစားတာက ဘယ်လို
ဖိစီးမှုနဲ့ မနှစ်သက်တာကို ဖြေဖျောက်ပေးလဲ။
ကိုယ်တွေ့ကနေ သိတာက ဒါဟာ စိတ်ဖိစီးမှုနဲ့
မနှစ်သက်တာကို ထပ်ဖြည့်ပေးတာပါ။
ကိုယ်တိုင် အပင်ပန်းခံတော့
အောင်မြင်တဲ့ ဘဝမှာ နေထိုင်ဖို့
အခွင့်အလမ်းတွေ ပိုရလာက
ဘာကြောင့်ဆိုတာ နားလည်ဖို့ ကြိုးစးနေတယ်။
ကျောင်းသွားဖို့ နှိုးစက် ကျွန်မကို နှိုးတာ
ကြားတော့ တစ်နေ့တာလုံးအတွက် ပြင်ဆင်ပါတယ်။
ကျွန်မဟာ သင်ကြားခြင်းရဲ့
ခုနှစ်နာရီကြာ နေ့ထဲကို ဝင်တိုးနေတာပါ။
အမယ်လေးလေး။
ငြီးငွေ့စရာ၊ စိတ်တိုစရာနဲ့
ဆုံးဖြတ်ချက် ခုနှစ်နာရီ။
အိပ်ပျော်မသွားဖို့
စွမ်းအင် အများကြီးလိုတဲ့
အတန်းတွေ အများကြီးရှိပါတယ်။
အစုလိုက် ပရောဂျက်ဖြစ်လို့
အလုပ်ရဲ့ ဘာကိုမှ လုပ်စရာမလိုဘူးလို့
လူတွေဒါကို ခံစားမိတယ်၊
တင်ပြခြင်းတွေဟာ ကြောက်ရွံ့မှုနဲ့
ကျွန်မကို လှုပ်ခါတယ်။
အတန်းတူတွေက အခြားသူတွေကို သေးသိမ်
အောင်လုပ်ဖို့ လိုတယ်လို့ ခံစားမိကြတယ်။
အားလုံး စိတ်ဖိစီးမှုကိုပေါင်းကာ
ဒုက္ခရဲ့ အဓိပ္ပါယ်ကို ကြည့်နေပါတော့တယ်။
ကျောင်းကိုကြည့်တော့
အပျက်သဘောရဲ့ ဗလုံးဗထွေးကို မြင်တယ်
ဒါပေမဲ့ အခြားသူရဲ့ ရှုထောင့်မှာတော့
သူတို့ရဲ့အမြင်ဟာ လုံးဝ ခြားနားပါလိမ့်မယ်။
Adisa ကျောင်းကို သွားမယ်၊
စိတ်လှုပ်ရှားပြီး အလွန်ပျော်နေလိမ့်မယ်။
မတူတဲ့ အတန်းတွေနဲ့ ဘာသာရပ်တွေ
အားလုံးကို တွေ့ကြုံခံစားချင်လိမ့်မယ်။
အဆင့်တွေကို သိပ်အာရုံစိုက်မှာ မဟုတ်ဘူး၊၊
အကြောင်းက တကယ့်သင်ကြားမှုမှာ ပိုပြီး
စိတ်ဝင်စားမိမှာမို့ပါ။
အောင်မြင်ဖို့ အကောင်းဆုံး ကြိုးစားကာ
ကျောင်းမှာ စိတ်ဖိစီးမှုကို
ဘေးသက်ရောက်မှုလေးအဖြစ်ပဲ မြင်လိမ့်မယ်။
ကျောင်းနဲ့စပ်ပြီး
ဒီအမြင်ရှိဖို့ ကြိုးစားတယ်
အထူးသဖြင့် ကျွန်မမှာရှိတာ အကုန်ရှိဖို့
အင်မတန် ကံကောင်းသူဖြစ်လို့ပါ
ဒါပေမဲ့ ဒါက အမြဲရုန်းကန်မှုပါ။
ကျွန်မရဲ့ နေရာယူဖို့ ဘာမဆိုပေးမယ့်
Adisa ရဲ့ ရှုထောင့်ကနေ ကျောင်းကို
တွေးကြည့်ဖို့ ကိုယ့်ကိုယ်ကို ပြောတယ်။
အပြုသဘောတွေ မြင်တဲ့အကြာင်းက
ဒါက သူမလုပ်မှာမို့လိုပါ။
ဒါနဲပတ်သက်ပြီး အကုန်လုံး
မကြိုက်တောင်မှ
သူမဟာ အခြေအနေအတိုင်း လုပ်လိမ့်မယ်။
ဒါလုပ်ဖို့က ပိုလွယ်မယ်လို့ ခံစားမိပေမယ့်
တကယ်ကျတော့ မလွယ်ပါဘူး။
သင့်နေရာယူဖို့ ဘာမဆိုပေးမယ့်
အခြားသူတစ်ယောက်
အမြင်ကနေ သင်ရဲ့ ဘဝအကြောင်း တွေးဖို့
ကျွန်မ စိန်ခေါ်ပါတယ်။
အပြုသဘောတွေ ရှာဖွေပြီး အခြားသူတွေကို
အလားတူလုပ်ဖို့ အားပေးပါ။
ဒါဟာ ဘဝရဲ့ တစ်ခုတည်းသော
ဝေစုဖြစ်ပြီး ဒါဟာ
သင်လုပ်နေနိုင်တဲ့ အဆိုးဆုံး
အရာမဟုတ်တာကို သိပါ။
ခက်နိုင်တာ သိပါတယ်၊ ကျွန်မကို ယုံပါ၊
ကျွန်မ နေ့တိုင်း ရုန်းကန်ပါတယ်။
သတိတော့ရပါ။
ဘာမှ တရားသေမမှတ်ပဲ သင်မကြိုက်တဲ့
အရာကို ပွေ့ဖက်မထားပါနဲ့။
အကြောင်းက သင့်နေရာကိုယူဖို့
ဘာမဆိုပေးမယ့်သူ တစ်ယောက်ယောက်ရှိလို့ပါ။
(လက်ခုပ်သံများ)