ကျွန်တော်က ဒီဇိုင်းနာနဲ့
ကျောင်းဆရာတစ်ယောက်ပါ။
ကျွန်တော်က ပြိုင်တူလုပ်ဆောင်တဲ့
သူတစ်ယောက်ဖြစ်ပြီး ကျောင်းသားတွေကို
အရမ်းဆန်းသစ်တဲ့ မျိုးစုံလုပ်ဆောင်တဲ့ ဒီဇိုင်း
လုပ်ငန်းစဉ်ကို တစ်ဟုန် ထိုးဖောက်ဖို့ တွန်းအားပေးပါတယ်။
ဒါပေမဲ့ တကယ်တမ်း မျိုးစုံလုပ်ဆောင်ခြင်းက
ဘယ်လောက်များခရီးရောက်လို့လဲဗျာ။
တစ်မျိုးတည်းလုပ်ဆောင်ခြင်းရဲ့ ရွေးချယ်စရာကို
ခဏလောက်စဉ်းစားကြည့်ရအောင်ဗျာ။
နနူနာတစ်ခု၊နှစ်ခုလောက်ပေါ့။
ဒါကိုကြည့်လိုက်ပါဦး။
ဒါက ကျွန်တော့ရဲ့ပြိုင်တူလုပ်ဆောင်တဲ့မှုရဲ့
အကျိုးဆက်ပေါ့ဗျာ။ (ရယ်သံများ)
ဒီတော့ ချက်ပြုတ်ဖို့လုံးပမ်းရင်း၊ ဖုန်းလည်းဖြေရင်း၊
SMS လည်းရေးရင်းပေါ့ဗျာ။
နောက်ပြီး ဒီထူးကဲတဲ့ အသားကင်အကြောင်း
ဓာတ်ပုံတွေကိုလည်း
တင်နေရင်းဖြစ်ချင်ဖြစ်မှာပေါ့။
ဒီလိုနဲ့ တစ်ယောက်က ထိပ်တန်းလုပ်ဆောင်သူတွေရဲ့
ဇာတ်လမ်းကို ကျွန်တော်တို့ကိုပြောပြတယ်။
ဒီတော့ ဒါ မျိုးစုံလုပ်ဆောင်တဲ့
ပတ်ဝန်းကျင်ကို
ထိန်းချုပ်နိူင်စွမ်းရှိတဲ့လူတွေရဲ့ ၂ရာခိုင်နှုန်းပေါ့။
ဒါပေမဲ့ ကျွန်တော်တို့တွေကျတော့ရော၊ ပြီးတော့
ကျွန်တော်တို့ရဲ့ ဒိဋ္ဌဖြစ်တည်မှုကျတော့ရော။
ခင်ဗျားသူငယ်ချင်းရဲ့အသံကိုပဲ
ခင်ဗျား တကယ်ကိုနှစ်ခြိုက်မိတဲ့
နောက်ဆုံးအကြိမ်က ဘယ်တုန်းကလဲ။
ဒီတော့ ဒါက ကျွန်တော်လုပ်ဆောင်နေတဲ့
ပရောဂျက်တစ်ခုပါ။
ပြီးတော့ ဒီရှေ့အဖုံးအစဉ်တန်းကတော့
ကွန်တော်တို့ရဲ့ မဟာ့မဟာကြီးကို
အဆင့်လျှော့ချဖို့ပါ။
(ရယ်သံများ) (လက်ခုပ်သံများ)
ကျွန်တော်တို့ရဲ့ မဟာ့မဟာ မိုဘိုင်းဖုန်းတွေကို သူတို့ရဲ့
အသုံးဝင်မှု အနှစ်ချုပ်ထိ အဆင့်လျှော့ချပစ်ဖို့ပါ။
နောက်ထပ် ဥပမာတစ်ခုဗျာ။
ခင်ဗျားတို့ ဗင်းနစ်ကိုရောက်ဖူးလား။
ကျွန်းပေါ်က ဒီလမ်းသေးသေးလေးတွေထဲ
ကိုယ့်ကိုကိုယ်နှစ်မြှပ်လိုက်ရတာ
ဘယ်လောက်များ သာယာလိုက်သလဲဗျာ။
ဒါပေမဲ့ ကျွန်တော်တို့ရဲ့ပြိုင်တူလုပ်ဆောင်
တဲ့ဖြစ်ရပ်ကတော့ဗျာ တစ်ခြားစီပါ။
ပြီးတော့ သတင်းအချက်အလက်
သောင်းခြောက်ထောင်နဲ့ ပြည့်သိပ်လို့။
ဒီတော့ ကျွန်တော်တို့ရဲ့ စွန့်စားတဲ့ သဘောကို
ပြန်ရှာဖွေဖို့ ဒီလိုမျိုးလေးဆိုရင်ရောဗျာ။
ဖြစ်နိူင်ခြေတွေ တစ်ပုံတစ်ခေါင်းကြီး ရှိနေပါလျက်နဲ့
တစ်ခုတည်း အကြောင်းကိုပြောရတာ
ခပ်ကြောင်ကြောင်နိုင်နေမယ်ဆိုတာ
ကျွန်တော်သိပါတယ်ဗျာ။
ဒါပေမဲ့ လုပ်ဆောင်ချက်တစ်ခုတည်းကိုပဲ
အာရုံစိုက်တဲ့ ရွေးချယ်မှုကို
ထည့်စဉ်းစားဖို့ ခင်ဗျားတို့ကို
တိုက်တွန်းပါတယ်။
ဒါမှမဟုတ် ခင်ဗျားတို့ရဲ့ ဒီဂျစ်တယ်အာရုံတွေကို
လုံးဝပိတ်ပစ်လိုက်ခြင်းလည်း ဖြစ်ချင်ဖြစ်မယ်ပေါ့။
ဒီတော့ဗျာ ဒီနေ့ခေတ်မှာ လူတိုင်းဟာ သူ့ရဲ့
တစ်မျိုးတည်းထုတ်ကုန်ကို ထုတ်နိုင်ပါတယ်။
ဘာလို့ မဖြစ်နိူင်ရမှာလဲဗျာ။ ဒီတော့ မျိုးစုံလုပ်ဆောင်နေတဲ့
ကမ္ဘာကြီးထဲမှာ
ခင်ဗျားရဲ့ တစ်မျိုးတည်းလုပ်ဆောင်စရာ
အပိုင်းကို ရှာလိုက်ပေတော့ဗျာ။
(ကျေးဇူးတင်ပါတယ်)
(လက်ခုပ်သံများ)