1 00:00:06,991 --> 00:00:10,051 ကလေးတစ်ယောက်ကို သူ့အနာဂတ် ဘယ်လိုများ ရှိမလဲလို့ မေးကြည့်ရင် 2 00:00:10,051 --> 00:00:14,361 ကလေးက ဆူပါပါဝါလိုချင်တယ် ဒါမှမဟုတ် ကြီးပြင်းလာချင်တယ်လို့ ဖြေပါလိမ့်မယ်။ 3 00:00:14,361 --> 00:00:18,521 မင်း အသက် အသက် ၁၆ နှစ်မှာ ဘယ်လိုပုံစံမျိုး ဖြစ်ချင်လဲ ငယ်စဉ်တုန်းက ကျွန်မကိုမေးခဲ့ရင် 4 00:00:18,521 --> 00:00:21,151 ကျွန်မက ကျွန်မအဖေထက် အရပ်မြင့်မယ်၊ 5 00:00:21,151 --> 00:00:24,541 သူငယ်ချင်းတွေ အများကြီးရှိမယ်၊ မြို့ထဲမှာ တစ်ယောက်တည်းလမ်းလျှောက်မယ်၊ 6 00:00:24,541 --> 00:00:28,721 လုံးဝကို လွတ်လပ်လျက် ဆံပင်ရှည်ရှည်ကို ထားမယ်။ 7 00:00:28,721 --> 00:00:32,762 ကျွန်မစိတ်ထဲမှာ အမြဲတမ်း စိတ်ကူးတွေ များလှခဲ့တယ်၊ စာဖတ်တာကို ကြိုက်ခဲ့တယ်။ 8 00:00:32,762 --> 00:00:35,382 စာလုံးတွေကို ပုံရိပ်များနဲ့ အသံအဖြစ် ပြောင်းလဲပစ်ရေးဟာ 9 00:00:35,382 --> 00:00:37,752 အရာအားလုံးက ဘာသာရေးထဲမှာလို အသံတိတ်နေခဲ့ပေမဲ့၊ 10 00:00:37,752 --> 00:00:42,162 ကလေးလေး၊ လူသားရိုးရိုးဟာ အထူးပုဂ္ဂိုလ် ဖြစ်လာချင်ခဲ့တယ်။ 11 00:00:42,162 --> 00:00:45,467 ဖတ်ခဲ့သမျှ ပုံပြင်အားလုံးတို့က ပုံမှန် ရုပ်ပိုင်းဘဝဟာ တစ်ခုတည်း မဟုတ်၊ 12 00:00:45,467 --> 00:00:50,277 ယုံမရတာတွေလည်း ရှိတာကို ယုံခဲ့တယ်။ 13 00:00:50,277 --> 00:00:54,477 အသက်ကြီးလာတော့ ကျွန်တော်ဟာ အမည်းရောင်ကို စပြီး မြင်တတ်လာတယ်၊ 14 00:00:54,477 --> 00:00:57,227 ဘေးဝန်းကျင် နေရာတွေဟာ ကျွန်မအမြင်ထဲ မှောင်မည်းလာတတ်တယ်၊ 15 00:00:57,227 --> 00:01:00,307 အရာတိုင်း နက်မှောင်လာပြီး ကျွန်မ ခေါင်းနည်းနည်း မူးလာတဲ့ အထိပါပဲ၊ 16 00:01:00,307 --> 00:01:02,287 ဒါပေမဲ့ ကျွန်မ စိတ်ကူးကတော့ သန့်စင်လျက်ပါ၊ 17 00:01:02,287 --> 00:01:05,287 ကျွန်မနဲ့ ဖြစ်ပျက်နေတာဟာ မှော်ဆန်တယ်လို့ ထင်ခဲ့တယ်၊ 18 00:01:05,287 --> 00:01:08,837 ဒါမှမဟုတ် ကျွန်တော်ဟာ စကြဝဠာထံမှ လျှို့ဝှက်ချက်တွေ ရနေခဲ့တယ် ထင်ခဲ့တယ်။ 19 00:01:08,837 --> 00:01:11,107 အစဉ်ပဲ ကျွန်မဟာ သူများထက် ထူးသူဖြစ်ချင်ခဲ့တယ်၊ 20 00:01:11,107 --> 00:01:14,317 ကျွန်မ ကြီးပြင်းလာတာနဲ့အမျှ အံ့ဖွယ်ကမ္ဘာကြီးဟာ 21 00:01:14,317 --> 00:01:17,227 ပိုပို ဝေးလျက် ကျန်ရစ်ခဲ့သလို ခံစားလာရတယ်။ 22 00:01:17,227 --> 00:01:19,397 ကျွန်မဟာ အိမ်ထဲက ဗီရိုထဲကို ဝင်ပြီး နေတတ်တယ်၊ 23 00:01:19,397 --> 00:01:22,557 ကျောဘက်မှာ ရှိနေတဲ့ ပျဉ်းပြားကိုသာ မေ့နိုင်ခဲ့ရင် ကျွန်မဟာ 24 00:01:22,557 --> 00:01:25,867 လွတ်ကျွတ်သွားလျက် Nárnia ဆီကို ရောက်နိုင်ခဲ့မယ် ထင်တယ်။ 25 00:01:25,867 --> 00:01:29,767 ဒါပေမဲ့ အသက် ၈ နှစ်အရွယ်မှာ ကျွန်မ မှော်ဆရာရဲ့ ဝတ်စုံကို ရှာမတွေ့ခဲ့ဘူး။ 26 00:01:29,767 --> 00:01:32,417 ၁၁ နှစ် အရွယ်တုန်းက Hogwarts ထံမှ စာကို မရခဲ့ဘူး၊ 27 00:01:32,417 --> 00:01:35,757 ပြီးတော့ သရော်စာဆရာက ဘုရားသခင်ပဲလို့ ၁၂ နှစ်ပြည့်တော့ ပြောဖော်မရခဲ့ပါ။ 28 00:01:35,757 --> 00:01:42,717 ကျွန်မရဲ့ နောက်ဆုံးမျှော်လင့်ချက်က အသက် ၅၀ ပြည့်ချိန်မှာ Gandalf နဲ့ စွန့်စားဖို့ပါ။ 29 00:01:42,717 --> 00:01:48,217 ဒါပေမဲ့ တကယ်တမ်းတွင် အသက် ၁၃ နှစ် ရှိချိန်မှာ 30 00:01:48,217 --> 00:01:50,697 ကျွန်မဟာ ရုတ်တရက် ပုဂ္ဂိုလ်ထူး ဖြစ်လာတယ်၊ 31 00:01:50,697 --> 00:01:54,637 ကျွန်မ လိုချင်ခဲ့တဲ့ ပုံစံမျိုး မဟုတ်ခဲ့တာ အမှန်ပါပဲ။ 32 00:01:54,637 --> 00:01:57,902 တကယ်တမ်းတွင် စကြဝဠာဟာ ဘာလျှို့ဝှက်ချက်မှ မပေးခဲ့ပါ၊ 33 00:01:57,902 --> 00:02:01,182 ၎င်းဟာ ကျွန်မကို တွင်းနက်ကြီးထဲကို ဆွဲခေါ်နေခဲ့တယ်။ 34 00:02:01,182 --> 00:02:06,532 ၂၀၁၅၊ စက်တင်ဘာ ၂၃ ရက်၊ နံနက် ၇:၃၅ အချိန်တွင်၊ 35 00:02:06,532 --> 00:02:09,481 ထုံးစံအတိုင်း ကျွန်မဟာ ကျောင်းကို နောက်ကျ ရောက်ခဲ့တယ်၊ 36 00:02:09,481 --> 00:02:14,261 ဘတ်စကားက ထုံးစံအတိုင်း အိမ်ကနေလာဖို့ အချိန်ကြာလို့ပါ။ 37 00:02:14,261 --> 00:02:16,851 ကျွန်မ အတန်းထဲ လျှောက်ဝင်သွားစဉ် လဲကျသွားတယ်။ 38 00:02:16,851 --> 00:02:20,091 အတန်းအလယ်မှာ၊ လူအားလုံးရှေ့မှာ။ 39 00:02:20,091 --> 00:02:23,101 ကျွန်မဟာ ကြမ်းပြင်ပေါ်မှာ ကျောပိုးအိတ်ကို မတွေ့ခဲ့ပါ။ 40 00:02:23,101 --> 00:02:27,861 ကျွန်မ ကိုယ်ထိုင်ခုံကို ဝင်ထိုက်လိုက်တော့ သင်ပုန်းက စာလုံးတွေ တစ်ခုမှ မြင်မရခဲ့ပါ။ 41 00:02:27,861 --> 00:02:30,136 ကျွန်မ ဖတ်မရခဲ့ပါ။ 42 00:02:30,136 --> 00:02:34,426 ဒါနဲ့အမေ့ကို ဖုန်းဆက်ခေါ်ခဲ့ရတယ်၊ နောက်ပိုင်းတွင် ဆေးရုံကို သွားရတယ်။ 43 00:02:34,426 --> 00:02:38,095 မျက်မှန် တစ်လက် တပ်ရရင် အရမ်းကောင်းမှာပဲလို့ စဉ်းစားမိသေးတယ်။ 44 00:02:38,095 --> 00:02:44,895 မျက်မှန်ကို မရလိုက်တဲ့ အပြင် ကျွန်မဟာ ဆေးရုံမှာဘဲ နေခဲ့ရတယ်။ 45 00:02:44,895 --> 00:02:47,868 ကျွန်မမှာ hydrocephalus ရောဂါဖြစ်ကြောင်း သိလာရတယ်။ 46 00:02:47,868 --> 00:02:51,818 နားလည်ရန် ခက်ပေမဲ့၊ ဦး နှောက်ထဲမှာ အရည်တွေ များလွန်းတာကို ဆိုလိုတယ်၊ 47 00:02:51,818 --> 00:02:53,478 ပြီးတော့ အန္တရာယ်ရှိတဲ့ အရာပါ၊ 48 00:02:53,478 --> 00:02:57,130 ကျွန်မဖြစ်ပုံက ဦးခေါင်းရဲ့ အောက်ခြေ ပိုင်းမှာ ရှိကြတဲ့ ပထမနဲ့တတိယ အခေါင်းတွေ 49 00:02:57,130 --> 00:02:59,470 အကြားမှာ glioma အကျိတ် တစ်ခု 50 00:02:59,470 --> 00:03:00,820 ပေါ်ပေါက်ာလခဲ့လို့ပါ။ 51 00:03:00,820 --> 00:03:03,610 အဲဒါက အရည်ကို ကျွန်မ ဦးနှောက်ထဲမှာ လည်ပတ်မှုကို ပိတ်ပစ်တယ်၊ 52 00:03:03,610 --> 00:03:05,750 တစ်နေရာမှာ ဝင်တစ်နေခြင်းဖြင့် 53 00:03:05,750 --> 00:03:08,280 ဦးနှောက်တွင်းပိုင်း ဖိအားကို သိပ်ကို မြင့်မားလာစေလျက် 54 00:03:08,280 --> 00:03:11,360 ကျွန်မရဲ့ အမြင်အာရုံကြောတွေကို ပျက်စီးစေတယ်။ 55 00:03:11,360 --> 00:03:14,080 ဒါပေမဲ့ ဆရာဝန်တွေ အဲဒါကို နားမလည်မိကြဘူး။ 56 00:03:14,080 --> 00:03:19,330 ကျွန်မဟာ ခွဲစိတ်ကုသမှုကို တစ်ခုပြီး တစ်ခု ဆက်တိုက် လုပ်နေခဲ့ရတယ်။ 57 00:03:19,330 --> 00:03:23,354 အဲဒီလို သံသရာစက်ဝန်း တစ်ခုပြီးသွားတာနဲ့ ကျွန်မနဲ့ မိဘတွေက ထဖို့ပြင်ဆင်နေစဉ်မှာပဲ 58 00:03:23,354 --> 00:03:26,064 ဘဝ ထပ်ပြီး ထိုးနှက်လို့ ကျုပ်တို့ လဲကျခဲ့ကြရပြန်ပါတယ်။ 59 00:03:26,064 --> 00:03:27,634 အကြိမ်အကြိမ်ပါပဲ။ 60 00:03:27,634 --> 00:03:32,184 ကမ္ဘာဟာ ဇောက်ထိုးဖြစ်သွားပြီး ကျွန်မတို့ အားလုံး အခြေအနေကြောင့် ထုံကျင်နေခဲ့တယ်။ 61 00:03:32,184 --> 00:03:36,254 ကျွန်မရဲ့ မှော်ဆန်တဲ့ အတွေးခေါ်တွေကို ရုတ် တရက် သူတော်စင်တွေ ဝင်နေရာယူလိုက်ကြတယ်။ 62 00:03:36,254 --> 00:03:39,324 ကျွန်မရဲ့ Gandalf အပေါ်ထားခဲ့တဲ့ မျှော်လင့်ချက် ရုပ်တွေပါ။ 63 00:03:39,324 --> 00:03:43,534 ကျွန်မရဲ့ ပြဿနာကို ဆရာဝန်က အသေအချာ သိတယ် ထင်နေခြင်းကမှ ပြဿနာကြီးပါ။ 64 00:03:43,534 --> 00:03:46,574 တကယ်တေ့ ကျွန်မပြဿနာရဲ့ အကြေင်းရင်းကို လုံးတတစ်မျိုးမို့လို့ပါ၊ 65 00:03:46,574 --> 00:03:48,364 များလွန်တဲ့ အရည်ကို ထုတ်ယူပစ်ခဲ့တယ်၊ 66 00:03:48,364 --> 00:03:51,874 အဲဒါနဲ့ ကျွန်မ ပြဿာနာ ဦးခေါင်းတွင်း ဖိအား မြင့်မှုမှ နိမ့်ကျမှု ဖြစ်လာတယ်။ 67 00:03:51,874 --> 00:03:53,554 လွန်စွာမှ နိမ့်ကျေနေတဲ့ ဖိအားပါ။ 68 00:03:53,554 --> 00:03:58,104 ၈ လအတွင်းမှ ခုနက ခွဲစိတ်မှုအပြင် ဆရာဝန် အမှားကြောင့် 69 00:03:58,104 --> 00:04:02,704 နောက်ထပ် ခွဲစိတ်မှု ၃ ခုကို ပြုလုပ်ခံခဲ့ရတယ်။ 70 00:04:02,704 --> 00:04:05,674 ဒါပေမဲ့ ဒဏ်ရာကို ခံစားလိုက်ရပြီ။ 71 00:04:05,674 --> 00:04:08,494 နောက်ဆုံးမှာတော့ ကျွန်မ ကျောင်းကို ပြန်လာနိုင်ခဲ့တယ်။ 72 00:04:08,494 --> 00:04:10,484 ဒါပေမဲ့ ကျွန်မဟာ အရင်လူ မဟုတ်တော့ပါ။ 73 00:04:10,484 --> 00:04:15,344 သာမန်ဘဝဟာ ပုံမှန်ရှိနေခဲ့ပြီး ကျွန်မဟာ အစဉ်အလာ ဖြစ်ရပ်များစွာကို မမြင်လိုက်ရပါ၊ 74 00:04:15,344 --> 00:04:19,404 ပြီးတော့ ဆယ်ကျော်သက်သက် အကျပ်အတည်းကို ကျွန်မ လွတ်မသွားခဲ့ပါ။ 75 00:04:19,675 --> 00:04:23,335 အဓိအားဖြင့် ကျွန်မဟာ တစ်နှစ် အိပ်ခြင်းဖြင့် အချိန်ကို ဖြုန်းခဲ့ရတယ်။ 76 00:04:23,335 --> 00:04:26,295 စာပေကို ကျွန်မ ဖတ်မရနိုင်တော့ 77 00:04:26,295 --> 00:04:30,605 ကျွန်မ အလိုအပ်ဆုံး အရှိတရားကို ရယူဖို့ အိပ်ခြင်းကသာ နည်းလမ်း တစ်ခုပါ။ 78 00:04:30,605 --> 00:04:34,278 ဘယ်လိုပဲဖြစ်ဖြစ်၊ ဒီနေ့ ကျွန်မ ဒီမှာရပ်လျက်ပါ။ 79 00:04:34,278 --> 00:04:38,778 ငါဟာ တွင်းထဲ ကျသွာခဲ့တယ်၊ ဒါပေမဲ့ ထွက်လာ တော့ ဧရာမ လူကြီးပါ - ပြောရိုးစကားရှိပါတယ်။ 80 00:04:38,778 --> 00:04:40,545 ကျွန်မ ခံစားရပုံက အဲဒီလိုမျိုးပါ။ 81 00:04:40,545 --> 00:04:44,875 ကိုယ့်ဘဝထဲမှာ ခက်ထန်တာ တစ်ခုခု ဖြစ်ရင်၊ 82 00:04:44,875 --> 00:04:47,621 ရှိမှန်းတောင် မသိရတဲ့ အားတစ်ခုရှိပြီး 83 00:04:47,621 --> 00:04:49,821 ကိုယ့်ကို ပြန်ပြီး ထူထောင်ပေးပါတယ်၊ 84 00:04:49,821 --> 00:04:52,944 ပြီးတော့ ဒီတချိန်မှာ ကိုယ်ဟာ ပိုပြီးအမြော်အမြင်ရှိလာမှာပါ။ 85 00:04:52,944 --> 00:04:56,694 အခုတော့ ကျွန်မဟာ အရာတစ်ခုကို အရင်ထက် ပိုပြီး အာရုံကို စူးစိုက်လာနိုင်ပါပြီ။ 86 00:04:56,694 --> 00:05:00,404 စားသောက်ရခြင်းကတောင် လုံးဝမတူတဲ့ အတွေ့အကြုံ ဖြစ်လာတယ်။ 87 00:05:00,404 --> 00:05:02,864 ကျွန်မက "bolinho de chuva" ခေါ် မိုးရေကိတ်မုန့်ကို 88 00:05:02,864 --> 00:05:04,934 စားတဲ့ အခါတိုင်းမှာ 89 00:05:04,934 --> 00:05:08,954 သကြားနဲ့ သစ်ကြံပိုးခေါက်မှုန့်တွေရှိရာ နေရာကို ကျွန်မကို ချက်ချင်း 90 00:05:08,954 --> 00:05:10,794 ပို့ဆောင်ပေးကြပါတယ်။ 91 00:05:10,794 --> 00:05:13,504 ပြီးတော့ တေးဂီတကို ကျွန်မ ကြားရရင် ဒါမှမဟုတ် တီးမှုတ်ရင် 92 00:05:13,504 --> 00:05:17,144 ဘဝထဲ ကျွန်မ ဖြတ်ကျော်ရတဲ့ အခက်အခဲများမှ လွတ်မြောက်ရေး နည်းလမ်းပါ။ 93 00:05:17,144 --> 00:05:20,114 အခုဆိုရင် ကျွန်မ သိပ်ကို မလွယ်ကူကြတဲ့ Bob Dylan သီချင်းတွေရဲ့ 94 00:05:20,114 --> 00:05:22,944 စာသားအပြည့်အစုံကို မှတ်မိနေပါပြီ။ 95 00:05:22,944 --> 00:05:26,084 ရှိသမျှအာရုံများထဲက စိတ်ကူးမှုကို အများဆုံး သုံးနေရတာမို့ 96 00:05:26,084 --> 00:05:29,514 ကျွန်မရဲ့ စိတ်ကူးမှုဟာ အရင်ထက် များစွာမှ အားကောင်းလာပါတယ်။ 97 00:05:29,514 --> 00:05:32,251 စိတ်ကူးတွေရဲ့ အကူအညီနဲ့သာ ကျွန်မဟာ မြင်ခဲ့ဘူးတာတွေနဲ့ 98 00:05:32,251 --> 00:05:36,290 အခြား အာရုံခံလမ်းကြောင်းတွေ အသုံးပြုပြီး လုံးဝအသစ်ဖြစ်တဲ့ ကမ္ဘာကို ဖန်တီးနိုင်တာပါ။ 99 00:05:36,290 --> 00:05:39,774 အမြင်အာရုံကို များစွာမှ အားကိုးကြရတာ ဖြစ်တဲ့ ကျွန်မတို့ရဲ့ အရှိတရားထဲတွင် 100 00:05:39,774 --> 00:05:44,894 ကျွန်မဟာ စိတ်ကူးမှုကို ဖန်တီးရေးနဲ့ လက်တွေ့ ကိရိယာအဖြစ် အသုံးပြုရတယ်။ 101 00:05:44,894 --> 00:05:50,074 အကြည့်နဲ့အမြင် အကြားမှာ ကြားရမှုနဲ့ နာထောင်မှု အကြားမှာ 102 00:05:50,074 --> 00:05:53,244 ခြားနားချက် ရှိနေလို့ ကျွန်မက အဲဒီလို သုံးနိုင်တာပါ။ 103 00:05:53,244 --> 00:05:58,534 ကြည့်ခြင်းနဲ့ နားထောင်ခြင်းတို့က ကျုပ် တို့အာရုံများ တိကျမှုကို မဖော်ပြနိုင်ပေမဲ့ 104 00:05:58,534 --> 00:06:00,366 အာရုံခံနိုင်စွမ်း ရှိမှုကိုဆိုလိုပြီး 105 00:06:00,366 --> 00:06:03,416 အရာတွေကို နားလည်ခွင့် နဲ့ လူတွေအချင်းချင်း စာနာရေးကို ကူပေးရာ၊ 106 00:06:03,416 --> 00:06:07,176 ဒီနေ့တွင် ကျွန်မဟာ အရင်နဲ့စာရင် ပိုကောင်း မွန်စွာ မြင်နိုင်တယ်လို့ ဆိုချင်ပါတယ်။ 107 00:06:07,176 --> 00:06:13,256 ဥပမာအားဖြင့်၊ ရှင်တို့က အာရုံစိုက် နေကြတာကို ကျွန်မ မြင်နိုင်တယ်။ 108 00:06:13,256 --> 00:06:19,276 ဂရိခေတ်တုန်းက အကျော်ကြားဆုံး ပရောဖက် ဖြစ်ခဲ့သူ Tiresias ဟာ မျက်စီကန်းနေသူ 109 00:06:19,276 --> 00:06:24,306 ဖြစ်ခဲ့ပြီး အသွင်သဏ္ဍာန်များနဲ့ အမြင်ကမ္ဘာ ရဲ့ ထောင်ချောက်ခံရမှုမှ လွတ်ကင်းခဲ့လို့ပါ။ 110 00:06:24,306 --> 00:06:27,896 ၁၆ နှစ်အရွယ်မှာ ဖြစ်ခဲ့မယ်လို့ ကျွန်မ ထင်ခဲ့တဲ့သူ မဟုတ်တော သေချာပါတယ်၊ 111 00:06:27,896 --> 00:06:30,996 ပြီးတော့ ရှိလိမ့်မယ်လို့ ထင်ခဲ့တဲ့ ဘဝမျိုး ကျွန်မဆီမှာ မရှိပါဘူး။ 112 00:06:30,996 --> 00:06:33,806 ရှင်တို့က အတိတ်ကာလကို ပြန်သွားခွင့်သာ ရှိခဲ့ရင် ပြန်သွားပြီး 113 00:06:33,806 --> 00:06:36,616 ဖြစ်ပျက်ခဲ့တာတွေကို ဟန့်တားဖို့ ကြိုးစားမလားလို့ မေးကြပါက၊ 114 00:06:36,616 --> 00:06:40,466 ကျွန်မ အခုသိလိုက်ရတာတွေဟာ သိပ်ကိုများလွန်း လို့၊ အဆုံးရှုံး မခံလိုပါ၊ မသွားချင်ပါ။ 115 00:06:40,466 --> 00:06:41,976 ကျေးဇူးတင်ပါတယ်။