WEBVTT 00:00:15.000 --> 00:00:19.313 ကျွန်တော်ဟာ ဒီနေ့ လျှို့ဝှက်ကြီး တခုကို ခင်ဗျားတို့အား မျှဝေပေးချင်ပါတယ်။ 00:00:19.314 --> 00:00:24.150 bအဲဒါဟာ ခင်ဗျားတို့ အားလုံး ကြားချင်တာမျိုးတော့ ဟုတ်ချင်မှ ဟုတ်မှာပါ။ 00:00:24.151 --> 00:00:28.342 ဒါပေမဲ့ တချိန်တည်းမှာ သိပ်ကို အရေးကြီးလို့ ခင်ဗျားတို့ကို ပြောကို ပြောရမှာပါ။ 00:00:29.432 --> 00:00:31.525 အဲဒီလျှို့ဝှက်ချက်က- 00:00:31.526 --> 00:00:33.106 ကလေးတွေ ကျောင်းကို သွားကြတဲ့ နေ့ရက်တိုင်းမှာ 00:00:33.107 --> 00:00:38.340 ဉာဏ်စွမ်း ဆုတ်ယုတ်လာနေကြတယ်လို့ ကျွန်တော်က ပြောမယ်ဆိုရင် ဘယ်လို ထင်ကြမလဲ? 00:00:40.330 --> 00:00:43.144 မဟုတ်ပါဘူး၊ အဲဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? 00:00:43.954 --> 00:00:46.326 ကလေးတွေ ကျောင်းကို သွားကြတာ ပညာတွေကို သင်ယူဖို့ မဟုတ်ဘူးလား? 00:00:46.327 --> 00:00:48.711 သူတို့ဟာ ဗဟုသုတတွေကို တနေ့တခြား စုစည်းကြပါတယ်။ 00:00:48.712 --> 00:00:52.557 ဒီတော့၊ သူတို့ဟာ ဖြစ်မယ်ဖြစ်ရင် ပိုလို့ကို တော်လာစရာသာ ရှိရမယ်။ 00:00:52.558 --> 00:00:55.506 သူတို့ဟာ ဘယ်လိုလုပ်ပြီး ဉာဏ်စွမ်း ဆုတ်ယုတ်လာနေကြတာလဲ? 00:00:55.507 --> 00:00:56.858 ကျွန်တော် ပြောနေတာ ဘာအကြောင်းလဲ? 00:00:58.078 --> 00:01:01.058 ကောင်းပြီ၊ ကျွန်တော်ဟာ ဒီနေ့ ခင်ဗျးတို့ကို အဲဒါကို ရှင်းပြနိုင်မယ် မျှော်လင့်ပါတယ်။ 00:01:01.059 --> 00:01:05.486 ကျွန်တော်ဟာ အသက် ၁၄ နှစ်မာပြည့်မီအထိ၊ ဘဝမှာ ဘာလိုချင်မှန်းကိုမသိခဲ့တဲ့ကလေးပါ။ 00:01:05.488 --> 00:01:08.881 ပုံမှန်အားဖြင့် ၅ နှစ် ဒါမှမဟုတ် ၆ နှစ် ကလေးကို ချဉ်းကပ်ပြီး၊ 00:01:08.882 --> 00:01:11.424 "မင်းကြီးလာရင် ဘာဖြစ်ချင်လဲလို့ မေးကြည့်မယ်ဆိုရင်၊ 00:01:11.425 --> 00:01:14.811 သူက "အာကာသယာဉ်မှူး" ဒါမှမဟုတ် "လုပ်ငန်းရှင်" ဖြစ်ချင်တယ်လို့ ကြားနိုင်တယ်။ 00:01:14.812 --> 00:01:18.103 ကျွန်တော်ဆိုရင် Call of Duty ကစားသမား အဖြစ် အသက်မွေးလိုခဲ့ပါတယ်။ 00:01:18.104 --> 00:01:19.849 (ရယ်မောသံများ) 00:01:20.459 --> 00:01:24.313 ကျွန်တော် ကြီးလာရင် ဘာဖြစ်ချင်မှန်း မသိခဲ့ဘူးဆိုတော့ 00:01:24.314 --> 00:01:27.311 ကျွန်တော်ဟာ ကျွန်တော့မိဘတွေကို တချိန်လုံး ၁၀၀% နားထောင်ခဲ့ပါတယ်။ 00:01:27.312 --> 00:01:31.291 ကျွန်တော့အတွက် ဘာဟာ အကောင်းဆုံး ဖြစ်မယ် ဆိုတာကို သူတို့ သိတာကို ယုံကြည်ခဲ့တယ်။ 00:01:31.292 --> 00:01:32.842 ကျွန်တော့ မိဘတွေက၊ ပုံမှန်မိဘတွေလိုပဲ 00:01:32.843 --> 00:01:35.471 ကျွန်တော့ကို ဖြစ်စေချင်ခဲ့ကြတာက- 00:01:35.472 --> 00:01:38.163 ကျောင်းကို သွားဖို့၊ အမှတ်ကောင်းတွေ ရနေဖို့၊ 00:01:38.164 --> 00:01:41.433 နစ်အနည်းငယ်မှာမှ တခါလောက် လေ့ကျင့်ခန်းတွေကို လုပ်ဖို့ စသဖြင့်ပေါ့လေ။ 00:01:41.434 --> 00:01:42.989 (ရယ်မောသံများ) 00:01:42.990 --> 00:01:45.388 အဲဒါနဲ့ ကျွန်တော်ဟာ သူတို့ တောင်းဆိုခဲ့သမျှကို 00:01:45.389 --> 00:01:48.868 လိုက်လုပ်ဖို့ ကြိုးစားခဲ့ပေမဲ့၊ ကျောင်းမှာ သိပ်မတော်ခဲ့ခြင်းဟာ ပြဿနာကြီး ဖြစ်ခဲ့တယ်။ 00:01:48.869 --> 00:01:51.175 ကျွန်တော် သိပ္ပံဘာသာထဲမှာ သိပ်ကို အခြေအနေဆိုးခဲ့တယ်၊ 00:01:51.176 --> 00:01:54.498 ကျွန်တော့အသက် အတွက် သေရေးရှင်ရေး လိုအပ်မယ့် စာစီစာကုံး ၅ ပိုဒ်ကို မရေးနိုင်ပါ။ 00:01:54.499 --> 00:01:56.710 ဒီနေ့အထီကို ကျွန်တော့စိတ်ထင် 00:01:56.711 --> 00:02:00.233 သင်္ချာကို နားမလည်တဲ့ အာရှတိုက်ထဲက တဦးတည်းသော ကလေးပဲလို့ ထင်မိပါတယ်။ 00:02:00.234 --> 00:02:02.138 (ရယ်မောသံများ) 00:02:02.139 --> 00:02:04.112 တကယ်ပြောနေတာ။ 00:02:05.842 --> 00:02:08.953 ဒါပေမဲ့၊ ကျွန်တော် အသက် ၁၄ နှစ် ပြည့်လာတာနဲ့ အားလုံး ပြောင်းသွားတယ်။ 00:02:08.954 --> 00:02:12.165 ကျွန်တော်ဟာ လေထဲမှာ ဝဲပျံနေခဲ့တဲ့ လေပူဖောင်း မဟုတ်တော့ပါဘူး၊ 00:02:12.166 --> 00:02:15.958 ကျွန်တော်ဟာ အခုဆိုရင် ကိုယ့် ဦးတည်ရာကို အသံထက် လျင်မြန်စွာ ပျံတဲ့ လေယာဉ်နဲ့တူတယ်၊ 00:02:15.959 --> 00:02:19.713 တနာရီ မိုင် ၅၀၀၀၀ ဒါမှမဟုတ် အဲဒီထက်တေင် မြန်စွာဖြင့် ပျံသန်းနေသူပါ။ 00:02:21.483 --> 00:02:25.714 စာတိုက်ကနေပြီး စာအိတ်တအိတ် ရလိုက်တဲ့ နောက်မှာ အဲဒီလို ပြောင်းလဲသွားခဲ့တယ်။ 00:02:25.715 --> 00:02:28.714 အဲဒါဟာ ဖိတ်စာပါ၊ -မွေးနေ့ပွဲ တက်ဖို့ မဟုတ်ပါဘူး၊ 00:02:28.715 --> 00:02:31.944 အဲဒါမျိုးကို ကျွန်တော် ရလေ့မရှိခဲ့ဘူး၊ ကစားကွင်းမှာ လာကစားရန်လည်း မဟုတ်ခဲ့ပါ၊ 00:02:31.945 --> 00:02:36.226 Boston မြို့ထဲက လုပ်ငန်း စီမံကိန်း ပြိုင်ပွဲထဲ ပါဝင်ဖို့ ဖိတ်စာပါ။ 00:02:36.227 --> 00:02:40.238 ကျွန်တော်ဟာ သိပ်ကို သိချင်နေခဲ့တယ်၊ သိချင်စိတ်ကြောင့် သွားဖြစ်ခဲ့တယ်။ 00:02:40.239 --> 00:02:43.595 ဒါရိုက်တာက ရှင်းပြတဲ့ အစီအစဉ်အရ ငါးလ ကာလအတွင်းမှာ၊ 00:02:43.596 --> 00:02:46.451 ကျွန်တော်တို့ဟာ အဖွဲ့ကိုဖွဲ့စည်းရမယ်၊ စီးပွားရေး အဆိုပြုချက်ကို စဉ်းစားပြုစုရမယ်၊ 00:02:46.452 --> 00:02:48.799 အဲဒီအဆိုပြုချက်ကို ဂျူရီလူကြီးတွေ ရှေ့မှာ တင်ပြရန်၊ 00:02:48.800 --> 00:02:50.424 ဂျူရီလူကြီးတွေက ကျွန်တော်တို့ရဲ့ စိတ်ကူးတွေ ကောင်းရဲ့လား၊ 00:02:50.425 --> 00:02:54.333 စီးပွားရေး လုပ်ငန်းဆိုင်ရာ အဆိုပြုချက် ကောင်းရဲ့လား ဆုံးဖြတ်ရွေးကြမှာပါ။ 00:02:54.334 --> 00:02:56.973 ဒီတော့ တိုတိုနဲ့ ပြောရရင် အဲဒီငါးလ ကာလအတွင်းမှာ၊ 00:02:56.974 --> 00:02:59.191 ကျွန်တော်ဟာ အဖွဲ့တဖွဲ့ကို စုစည်းခဲ့တယ်၊ စိတ်ကူး တခုကို ချပြလျက် ပြုစုခဲ့ကြတယ်၊ 00:02:59.192 --> 00:03:00.851 နောက်ဆုံးမှာတော့ ကျွန်တော်တို့ဟာ 00:03:00.852 --> 00:03:04.022 အဲဒီပြိုင်ပွဲထဲမှာ အနိုင်ရယူလျက် အိမ်ကို ချက်လက်မှတ်နဲ့ ပြန်လာနိုင်ခဲ့ကြပါတယ်။ 00:03:04.023 --> 00:03:06.816 အဲဒီလို တခုတည်းသော ဖြစ်ရပ်က ကျွန်တော့ကို စိတ်ဝင်စားလာအောင် လှုံ့ဆော်ခဲ့တယ်၊ 00:03:06.817 --> 00:03:09.463 အဲဒီလို ပြိုင်ပွဲတွေကို တိုးတိုး သွားဖို့ အတွက်ပေါ့လေ။ 00:03:09.464 --> 00:03:11.486 အဲဒီနောက် နှစ်နှစ်ကြာအထိကို 00:03:11.487 --> 00:03:15.275 ကျွန်တော်ဟာ အဲဒီလို ပြိုင်ပွဲတွေ ဒါဇင်နဲ့ချီကို သွားဖြစ်ခဲ့ရာ၊ 00:03:15.276 --> 00:03:19.062 ကျွန်တော်ဟာ အကြိမ်တိုင်းလိုလိုမှာ အနိုင်ရခဲ့ပါတယ်။ 00:03:19.063 --> 00:03:21.792 ပြီးတော့ အဲဒီလို သွားရတာကို ကျွန်တော်ဟာ သိပ်ကို သဘောကျလာပါတယ်၊ 00:03:21.793 --> 00:03:24.133 အဲဒီမှာ နိုင်လိုက်ခြင်းကိုသာမက 00:03:24.134 --> 00:03:27.638 ကျွန်တော် လက်တွေ့ ရုပ်လုံး မဖော်ရသေးတဲ့ စိတ်ကူးတွေ ရှိနေခဲ့ကြလို့ပါ။ 00:03:27.639 --> 00:03:30.257 ပစ္စည်းတွေကို ဖန်တီးထုတ်လုပ်ရေး စိတ်ကူးတွေပါ။ 00:03:30.258 --> 00:03:32.975 ကျွန်တော်တို့ရဲ့ အဖွဲ့က အခြားပြိုင်ဖက်တွေနဲ့ မတူဘဲ 00:03:32.976 --> 00:03:37.029 အကြိမ်တိုင်းမှာ တမျိုးလုပ်ခဲ့ကြတဲ့ အရာတခုက 00:03:37.030 --> 00:03:43.104 ကျန်တဲ့သူတွေက သူတို့ရဲ့ စိတ်ကူးကို PowerPoint ကို သုံးပြီး တင်ပြကြပေမဲ့၊ 00:03:43.105 --> 00:03:44.867 ကျွန်တော်တို့ကျတော့ မိမိတို့နေအိမ်မှာ 00:03:44.868 --> 00:03:49.208 လိုတဲ့ ပစ္စည်းတွေကို ဝယ်ယူလျက် တင်ပြလိုတဲ့ စိတ်ကူးကို လက်တွေ့ ဆောက်လုပ်ကြခြင်းပါပဲ။ 00:03:49.209 --> 00:03:51.403 ကလေးတွေက သူတို့စိတ်ကူးကို လက်တွေ့ ဖန်တီးလုပ်ပြနိုင်ကြတာကို 00:03:51.404 --> 00:03:55.220 ရှေ့ပြေးပုံစံ အသေးလေးကို တင်ပြပေးနိုင်ကြတာကို၊ 00:03:55.221 --> 00:03:59.285 လက်တွေ့ ကိုင်ပြီး စမ်းကြည့်လို့ ရနိုင်တာကို ဂျူရီလူကြီးတွေ အံ့အားသင့်မိကြတာပါ။ 00:03:59.286 --> 00:04:01.634 ကျွန်တော်တို့ဟာ ကိုယ့်စိတ်ကူးကို လက်တွေ့ ဖန်တီးလုပ်ပြနိုင်ကြတာကို 00:04:01.635 --> 00:04:06.176 ပြိုင်ပွဲတွေရဲ့ ဂျူရီလူကြီးတွေကို သိပ်ကို သဘောကျခဲ့ကြပါတယ်။ 00:04:06.177 --> 00:04:07.933 အဲဒီလို ပြိုင်ပွဲတခုမှာ ကျွန်တော်ဟာ 00:04:07.934 --> 00:04:13.032 ဖရန့်ဆိုတဲ့ လူလတ်ပိုင်း ပိုလန်လူမျိုးနဲ့ တွေ့ခဲ့ရတယ်။ 00:04:13.033 --> 00:04:15.981 အဲဒီလူသာ ဒီနေ့ ဒီမှာ ရှိနေရင်၊ ပြီးတာနဲ့ ကျွန်တော်ဟာ ဝေးရာကို ပြေးရလိမ့်မည်။ 00:04:15.982 --> 00:04:18.021 (ရယ်မောသံများ) 00:04:18.022 --> 00:04:21.872 သူဟာ ကျွန်တော်တို့ဆီ ပေါက်လာပြီး ပုံစုံ တခုကိုကြည့်ရင်း ပြောလိုက်တာက- 00:04:21.873 --> 00:04:25.750 "ဒါကို တကယ့်ကုမ္ပဏီကြီး အဖြစ်ကို ပြောင်းလဲပစ်ဖို့ မင်းတို့ကို ကူပေးနိုင်တယ်။" 00:04:26.470 --> 00:04:28.165 အဲဒါကို မင်းတို့ စဉ်းစားကြည့်ကြပါ။ 00:04:29.715 --> 00:04:31.708 အဲဒါဟာ မကောင်းပေဘူးလား? 00:04:31.709 --> 00:04:35.959 ကျွန်တော်တို့ဟာ ၁၆ နှစ်ရွယ် ကလေးတွေပါ၊ ကျွန်တော်တို့ဆီမှာ တကယ့်ကို 00:04:35.962 --> 00:04:40.168 ဟာ့ဒ်ဝဲ နည်းပညာကို စထုတ်လုပ်မယ့် ကမ္ဘာ့ကုမ္ပဏီ ပေါ်လာခဲ့မှားပါ။ 00:04:40.169 --> 00:04:43.437 စကြားကြားချင်မှာ ကျွန်တော်တို့ အားလုံးက၊ "Steve Jobs ဖြစ်ဖို့ အချိန် ရောက်လာပြီ၊ 00:04:43.438 --> 00:04:46.072 ကျောင်းကထွက်ပြီး တို့ရဲံ ကိုယ်ပိုင် Apple ကို ထုတ်လုပ်ကြရအောင်" ပေါ့လေ။ 00:04:46.073 --> 00:04:48.821 ဒါပေမဲ့ ချက်ချင်းဆိုသလိုပဲ အဲဒါ အဲဒီလို မလွယ်တာကို နားလည်လာကြတယ်။ 00:04:48.822 --> 00:04:52.653 ဒီတော့ ကိုယ့်ဆီမှာ သိပ်ကို ကောင်းတဲ့ စိတ်ကူး မရှိရင် ကျောင်းမှ ထွက်ဖို့ မလိုပါဘူး။ 00:04:52.654 --> 00:04:55.271 ဒါပေမဲ့... (ရယ်မောသံများ) 00:04:56.681 --> 00:04:59.666 ကုမ္ပဏီကြီး တခုကို ထူထောင်ဖို့အတွက် ပထမ အပိုင်းအနေနဲ့ လုပ်ဖို့ 00:04:59.667 --> 00:05:02.676 အဖွဲ့ကြီးတဖွဲ့ကို စုစည်းရန် လိုတာကို နားလည်လာကြတယ်။ 00:05:02.677 --> 00:05:03.714 ကျောင်းသား ဖြစ်ကြတော့ 00:05:03.715 --> 00:05:06.947 ကွန်ရက်အဖွဲ့တွေထဲကို၊ လူကြီးတွေ အတွက် ဖြစ်တဲ့ ကွန်ရက် ဖြစ်ရပ်များထဲ သွားမရပါဘူး၊ 00:05:06.948 --> 00:05:08.424 အဲဒါနဲ့ ကျွန်တော်တို့ ကိုယ့်ကျောင်းကို ပြန်သွားကြပြီ 00:05:08.425 --> 00:05:11.899 ဒီလို မိတ်ဆက်ရှင်းလင်းပွဲလေးကို ပြုလုပ်ကြပါတယ်၊ 00:05:11.900 --> 00:05:17.296 ကျွန်တော်တို့ရဲ့ စိတ်ကူးတွေကို ရှင်းပြလျက် အဖွဲ့ထဲ ပါဝင်လာမယ်လို့ မျှော်လင့်ကြတယ်။ 00:05:17.297 --> 00:05:20.214 ကျွန်တော်တို့ဟာ အဲဒီလို ဖိတ်စာကို တကျောင်းလုံးကို ပို့ခဲ့ကြတယ်။ 00:05:20.215 --> 00:05:23.261 ပထမဦးဆုံး သတိထားမိကြတာ ဘယ်သူမှာမှ ပေါ်မလာခဲ့ကြခြင်းပါပဲ။ 00:05:23.262 --> 00:05:25.086 စိတ်ဝင်စားမှု လုံးဝနီးပါးလောက်ကို မတွေ့ခဲ့ရဘူး။ 00:05:25.087 --> 00:05:27.983 လာခဲ့ကြတဲ့ သူတွေကျတော့ ကျောင်းဝန်းကျင်မှာ အဲဒီအပတ်ထဲတွင် 00:05:27.984 --> 00:05:30.401 ကျွန်တော်တို့ဟာ ကြွားလိုသူတွေ ဖြစ်တယ်၊ ကိုယ့်စိတ်ကူးတွေကိုပဲ ပြောနေကြတယ်၊ 00:05:30.417 --> 00:05:35.335 Mark Zuckerbergs လိုပဲ တော်လှသလို ထင်နေကြတယ် စသဖြင့် သတင်းထုတ်လွင့်ခဲ့ကြတယ်။ 00:05:35.336 --> 00:05:37.238 (ရယ်မောသံများ) 00:05:37.239 --> 00:05:42.936 အံ့အားသင့်စရာ ကောင်းတာက၊ အဲဒီနောက် တပတ်အကြာမှာ အလားတူ မိတ်ဆက်ပွဲကို 00:05:42.937 --> 00:05:47.358 မူလတန်းကျောင်းမှာ၊ ၅ နှစ် - ၆ နှစ်အရွယ် ကလေးတွေအတွက် ပြုလုပ်ခဲ့ကြပါတယ်။ 00:05:47.359 --> 00:05:49.436 သူတို့ရဲ့ တုံ့ပြန်မှုဟာ မယုံနိုင်စရာကြီးပါပဲ။ 00:05:49.437 --> 00:05:51.723 အဲဒီကလေးတွေကို သူတို့ရဲ့ နေ့လယ်စာ ပိုက်ဆံတွေကို ကျွန်တော်တို့ကို လာပေးလျက် 00:05:51.724 --> 00:05:53.922 ပုံစံတခုခုကို ဝယ်လို့များရမလား မေးကြပါတယ်။ 00:05:53.923 --> 00:05:55.150 (ရယ်မောသံများ) 00:05:55.151 --> 00:05:57.516 ပြီးတော့ ကျွန်တော်တို့ရဲ့ စိတ်ကူးအတွက် ငွေ ဘယ်လောက်များ ရနိုင်မလဲ မေးကြတယ်၊ 00:05:57.517 --> 00:06:00.202 ခင်ဗျားတို့လည်း Shark Tank ကို ကြည့်နေကြရင် သိနိုင်ကြမှာပါ၊ 00:06:00.203 --> 00:06:04.376 ဒါပေမဲ့ အဲဒီလိုငယ်တဲ့ ကလေးတွေက ဒီလိုစကားလုံးတွေ သိကြတာ အံ့အားသင့်မိတယ်၊ 00:06:04.377 --> 00:06:08.473 တကယ်တော့ သူတို့ဟာ အဲဒီလို စကားလုံးတွေကို အသံထွက်ဖို့တောင် မလွယ်ပါဘူး။ 00:06:08.474 --> 00:06:11.131 အဲဒီအချက်က ကျွန်တော့ကို အတော်ကလေး အားတက်စေခဲ့တယ်။ 00:06:11.132 --> 00:06:14.530 ပြီးတော့ ကျွန်တော်တို့ရဲ့ ပညာရေးစနစ်က လုပ်နေတာကို စဉ်းစားမိပါတယ်။ 00:06:14.531 --> 00:06:18.679 ၅-၆ နှစ် အတွင်းမှာကို ပညာရေးစနစ်က 00:06:18.680 --> 00:06:21.313 အဲဒီလို ဖန်တီးလိုကြတဲ့ ကလေးငယ်တွေကို ဒီလို ဆယ်ကျော်သက် အရောက်မှာ 00:06:21.314 --> 00:06:25.205 ဘောင်ရဲ့ အပြင်မှာ ရှိတာကို မစဉ်းစားလိုကြတဲ့ ကလေးတွေအဖြစ် ပြောင်းလဲပစ်လိုက်ပါတယ်။ 00:06:25.206 --> 00:06:28.511 ကျွန်တော် စပြောလာခဲ့တဲ့ လျှို့ဝှက်ချက်ဆီကို ပြန်သွားကြရအောင်။ 00:06:28.512 --> 00:06:33.216 ကျောင်းဟာ ဘယ်လိုလုပ်ပြီး ကလေးတွေရဲ့ ဉာဏ်စွမ်းကို ဆုတ်ယုတ်အောင် လုပ်နေတာလဲ? 00:06:34.476 --> 00:06:40.017 အကြောင်းက၊ ဉာဏ်စွမ်းဆိုတာ အမျိုးမျိုး ရှိနိုင်လို့ပါပ။ 00:06:40.018 --> 00:06:42.986 ကျောင်းဟာ ကျွန်တော်တို့ကို ပညာရေးအရ အသိဉာဏ်တွေကို မြှင့်တင်ပေးနေချိန်မှာ 00:06:42.987 --> 00:06:46.373 ရူပဗေဒ၊ အက္ခရာသင်္ချာ၊ ကဲလ်ကုလပ်စ်၊ စသဖြင့် သင်ပေးနေချိန်မှာ၊ 00:06:46.374 --> 00:06:49.733 ၎င်းဟာ ကလေးတွေရဲ့ ဖန်တီးရေး ဉာဏ်စွမ်းကို လျှော့ချပစ်နေပါတယ်။ 00:06:49.734 --> 00:06:52.123 ကလေးတွေကို ပုံစံတမျိုးတည်းဖြင့် စဉ်းစားကြရေးကို၊ 00:06:52.124 --> 00:06:54.499 ဘဝထဲမှာ သတ်မှတ်ထားတဲ့ လမ်းကြောင်း အတိုင်း သွားကြဖို့ကို ပို့ချရင်း၊ 00:06:54.500 --> 00:06:58.249 မင်းတို့ကို အထက်တန်းကျောင်းကို သွားကြပါ၊ ဒီပလိုမာကို ရယူကြပါ၊ 00:06:58.250 --> 00:07:01.395 ကောင်းတဲ့ ကောလိပ်ကို သွားကြပါ၊ စိတ်ချရတဲ့ အလုပ်ကို ရှာကြပါ၊ 00:07:01.396 --> 00:07:04.467 မင်းတို့ အဲဒီလို မလုပ်ကြဘူးဆိုရင် မင်းတို့ မအောင်မြင်နိုင်ဘူးလို့ နားချနေပါတယ်။ 00:07:04.468 --> 00:07:09.532 အဲဒါဟာ တကယ်မှန်ကန်ခဲ့ရင် ကျွန်တော်ဟာ ဒီမှာ ဒီနေ့ ရပ်နေစရာ အကြောင်း ရှိနိုင်မလား? 00:07:09.533 --> 00:07:12.591 ကျွန်တော်ဟာ၊ တချိန်လုံး C အဆင့်ကိုသာ ရခဲ့တဲ့ ကျောင်းသား တယောက်ဟာ၊ 00:07:12.592 --> 00:07:16.564 အသက် ၁၆ နှစ်အရွယ်မှာ နည်းပညာ ကုမ္ပဏီ တခုကို ဘယ်လိုများ စတင်နိုင်ခဲ့မလဲ? 00:07:16.565 --> 00:07:21.617 လွန်ခဲ့တဲ့ အပတ်တုန်းက Wall Street Journal ထဲ ဖေါ်ပြခံခဲ့ရတဲ့ ကျွန်တော့ကုမ္ပဏီဟာ 00:07:21.618 --> 00:07:26.869 Harvard နဲ့ Stanford ဘွဲ့ရတွေရဲ့ ကုမ္ပဏီတွေထက် ပိုပြီး ဘယ်လိုလုပ် အောင်မြင်နိုင်တာလဲ? 00:07:26.870 --> 00:07:29.201 အဲဒါဟာ ပညာရေးစနစ်က ပေးတဲ့ အသိပညာ တခုတည်းနဲ့ 00:07:29.202 --> 00:07:31.670 တိုင်းလို့ မရနိုင်တဲ့ အရာတခုခု ဖြစ်ရပါမယ်။ 00:07:32.780 --> 00:07:34.940 ဒီတော့၊ ကျွန်တော် ယုံကြည်တာက ဒီလိုပါ။ 00:07:34.941 --> 00:07:38.426 မိဘများ၊ ဆရာများ၊ ပညာပို့ချကြသူများ၊ 00:07:38.427 --> 00:07:43.323 ခင်ဗျားတို့ဟာ လူငယ်တွေကို အားတက်အောင် လှုံ့ဆော်နိုင်တဲ့ အာဏာရှိကြသူတွေပါ။ 00:07:43.324 --> 00:07:46.268 လက်တွေ့အခြေအနေက၊ အခုကိုပဲ ကလေးတွေကို တချိန်လုံး 00:07:46.269 --> 00:07:48.929 ကောလိပ်တွေကို သွားကြပါ၊ အလုပ်ကောင်းကောင်းကို ရှာကြပါ၊ 00:07:48.930 --> 00:07:53.247 " အောင်မြင်သူတွေ" ဖြစ်ကြပါလို့ မရပ်မနား ပြောနေကြသူတွေ သိပ်ကို များလှပါတယ်။ 00:07:53.248 --> 00:07:55.703 ကလေးတွေကို သူတို့အလားအလာတွေကို စူးစမ်းပါ၊ စွန့်ဦးလုပ်ငန်းရှင်တွေ ဖြစ်လာကြပါလို့ 00:07:55.704 --> 00:07:59.382 ပြောဆိုတိုက်တွန်းကြတဲ့ သူတွေ တော်တော့ကို နည်းနေပါတယ်။ 00:08:00.432 --> 00:08:03.631 မိဘများ၊ ကလေးများ၊ ခင်ဗျားတို့ အားလုံးကို မိမိနဲ့အတူ ယူသွားစေချင်တဲ့ စကားတခု ရှိတယ်၊ 00:08:03.632 --> 00:08:05.731 ကျွန်တော် ဒီနေ့ ဒီမှာ ပြောခဲ့တာထဲကနေပြီး ယူသွားစေချင်တာက၊ 00:08:05.732 --> 00:08:08.433 ခင်ဗျားတို့ဟာ ခင်ဗျားတို့ရဲ့ ကိုယ်ပိုင် တံခါးတွေကို ဖွင့်နိုင်ကြပါတယ်၊ 00:08:08.434 --> 00:08:10.863 ပညာရေးစနစ်ကနေပြီး ချမှတ်ပေးထားတဲ့ သမရိုးကျ၊ 00:08:10.864 --> 00:08:14.538 အကန့်အသတ်တွေနဲ့ ကျဉ်းမြောင်းတဲ့ လမ်းမှ တခြားဆီကို လမ်းလျှောက်နိုင်ကြတယ်။ 00:08:14.539 --> 00:08:18.223 ခင်ဗျားတို့ဟာ အဲဒီလမ်းမှ ခွဲထွက်လိုက်ပြီး ကိုယ့်အနာဂတ်ကို ဖန်တီးနိုင်ကြပါတယ်။ 00:08:18.224 --> 00:08:21.246 ခင်ဗျားတို့ဟာ ကိုယ်ပိုင် ကုမ္ပဏီတွေကို၊ ပရဟိတ အဖွဲ့တွေကို စတင်နိုင်ကြပါတယ်။ 00:08:21.247 --> 00:08:24.210 ခင်ဗျားတို့ဟာ ဖန်တီးနိုင်ကြတယ်၊ ဆန်းသစ် တီထွင်နိုင်ကြတယ်။ 00:08:24.211 --> 00:08:26.578 ကျွန်တော် ပြောကြားခဲ့တာထဲမှနေပြီး ခင်ဗျားတို့ အားလုံးကို 00:08:26.579 --> 00:08:29.971 တခုကို ပြောရရင် ဒီလို ရှိပါတယ်- 00:08:29.972 --> 00:08:32.282 ဘယ်သူကမှ သူ့ကို ပြောခဲ့ကြတာကို လုပ်ကိုင်ခဲ့ခြင်းဖြင့် 00:08:32.283 --> 00:08:35.722 ကျွန်တော်တို့ ကမ္ဘာကြီးကို ပြောင်းလဲအောင် မလုပ်နိုင်ခဲ့ပါဘူး။ 00:08:36.602 --> 00:08:37.759 ကျေးဇူးတင်ပါတယ်။ 00:08:37.760 --> 00:08:39.181 (လက်ခုပ်သံများ)