1 00:00:15,000 --> 00:00:19,313 ကျွန်တော်ဟာ ဒီနေ့ လျှို့ဝှက်ကြီး တခုကို ခင်ဗျားတို့အား မျှဝေပေးချင်ပါတယ်။ 2 00:00:19,314 --> 00:00:24,150 bအဲဒါဟာ ခင်ဗျားတို့ အားလုံး ကြားချင်တာမျိုးတော့ ဟုတ်ချင်မှ ဟုတ်မှာပါ။ 3 00:00:24,151 --> 00:00:28,342 ဒါပေမဲ့ တချိန်တည်းမှာ သိပ်ကို အရေးကြီးလို့ ခင်ဗျားတို့ကို ပြောကို ပြောရမှာပါ။ 4 00:00:29,432 --> 00:00:31,525 အဲဒီလျှို့ဝှက်ချက်က- 5 00:00:31,526 --> 00:00:33,106 ကလေးတွေ ကျောင်းကို သွားကြတဲ့ နေ့ရက်တိုင်းမှာ 6 00:00:33,107 --> 00:00:38,340 ဉာဏ်စွမ်း ဆုတ်ယုတ်လာနေကြတယ်လို့ ကျွန်တော်က ပြောမယ်ဆိုရင် ဘယ်လို ထင်ကြမလဲ? 7 00:00:40,330 --> 00:00:43,144 မဟုတ်ပါဘူး၊ အဲဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? 8 00:00:43,954 --> 00:00:46,326 ကလေးတွေ ကျောင်းကို သွားကြတာ ပညာတွေကို သင်ယူဖို့ မဟုတ်ဘူးလား? 9 00:00:46,327 --> 00:00:48,711 သူတို့ဟာ ဗဟုသုတတွေကို တနေ့တခြား စုစည်းကြပါတယ်။ 10 00:00:48,712 --> 00:00:52,557 ဒီတော့၊ သူတို့ဟာ ဖြစ်မယ်ဖြစ်ရင် ပိုလို့ကို တော်လာစရာသာ ရှိရမယ်။ 11 00:00:52,558 --> 00:00:55,506 သူတို့ဟာ ဘယ်လိုလုပ်ပြီး ဉာဏ်စွမ်း ဆုတ်ယုတ်လာနေကြတာလဲ? 12 00:00:55,507 --> 00:00:56,858 ကျွန်တော် ပြောနေတာ ဘာအကြောင်းလဲ? 13 00:00:58,078 --> 00:01:01,058 ကောင်းပြီ၊ ကျွန်တော်ဟာ ဒီနေ့ ခင်ဗျးတို့ကို အဲဒါကို ရှင်းပြနိုင်မယ် မျှော်လင့်ပါတယ်။ 14 00:01:01,059 --> 00:01:05,486 ကျွန်တော်ဟာ အသက် ၁၄ နှစ်မာပြည့်မီအထိ၊ ဘဝမှာ ဘာလိုချင်မှန်းကိုမသိခဲ့တဲ့ကလေးပါ။ 15 00:01:05,488 --> 00:01:08,881 ပုံမှန်အားဖြင့် ၅ နှစ် ဒါမှမဟုတ် ၆ နှစ် ကလေးကို ချဉ်းကပ်ပြီး၊ 16 00:01:08,882 --> 00:01:11,424 "မင်းကြီးလာရင် ဘာဖြစ်ချင်လဲလို့ မေးကြည့်မယ်ဆိုရင်၊ 17 00:01:11,425 --> 00:01:14,811 သူက "အာကာသယာဉ်မှူး" ဒါမှမဟုတ် "လုပ်ငန်းရှင်" ဖြစ်ချင်တယ်လို့ ကြားနိုင်တယ်။ 18 00:01:14,812 --> 00:01:18,103 ကျွန်တော်ဆိုရင် Call of Duty ကစားသမား အဖြစ် အသက်မွေးလိုခဲ့ပါတယ်။ 19 00:01:18,104 --> 00:01:19,849 (ရယ်မောသံများ) 20 00:01:20,459 --> 00:01:24,313 ကျွန်တော် ကြီးလာရင် ဘာဖြစ်ချင်မှန်း မသိခဲ့ဘူးဆိုတော့ 21 00:01:24,314 --> 00:01:27,311 ကျွန်တော်ဟာ ကျွန်တော့မိဘတွေကို တချိန်လုံး ၁၀၀% နားထောင်ခဲ့ပါတယ်။ 22 00:01:27,312 --> 00:01:31,291 ကျွန်တော့အတွက် ဘာဟာ အကောင်းဆုံး ဖြစ်မယ် ဆိုတာကို သူတို့ သိတာကို ယုံကြည်ခဲ့တယ်။ 23 00:01:31,292 --> 00:01:32,842 ကျွန်တော့ မိဘတွေက၊ ပုံမှန်မိဘတွေလိုပဲ 24 00:01:32,843 --> 00:01:35,471 ကျွန်တော့ကို ဖြစ်စေချင်ခဲ့ကြတာက- 25 00:01:35,472 --> 00:01:38,163 ကျောင်းကို သွားဖို့၊ အမှတ်ကောင်းတွေ ရနေဖို့၊ 26 00:01:38,164 --> 00:01:41,433 နစ်အနည်းငယ်မှာမှ တခါလောက် လေ့ကျင့်ခန်းတွေကို လုပ်ဖို့ စသဖြင့်ပေါ့လေ။ 27 00:01:41,434 --> 00:01:42,989 (ရယ်မောသံများ) 28 00:01:42,990 --> 00:01:45,388 အဲဒါနဲ့ ကျွန်တော်ဟာ သူတို့ တောင်းဆိုခဲ့သမျှကို 29 00:01:45,389 --> 00:01:48,868 လိုက်လုပ်ဖို့ ကြိုးစားခဲ့ပေမဲ့၊ ကျောင်းမှာ သိပ်မတော်ခဲ့ခြင်းဟာ ပြဿနာကြီး ဖြစ်ခဲ့တယ်။ 30 00:01:48,869 --> 00:01:51,175 ကျွန်တော် သိပ္ပံဘာသာထဲမှာ သိပ်ကို အခြေအနေဆိုးခဲ့တယ်၊ 31 00:01:51,176 --> 00:01:54,498 ကျွန်တော့အသက် အတွက် သေရေးရှင်ရေး လိုအပ်မယ့် စာစီစာကုံး ၅ ပိုဒ်ကို မရေးနိုင်ပါ။ 32 00:01:54,499 --> 00:01:56,710 ဒီနေ့အထီကို ကျွန်တော့စိတ်ထင် 33 00:01:56,711 --> 00:02:00,233 သင်္ချာကို နားမလည်တဲ့ အာရှတိုက်ထဲက တဦးတည်းသော ကလေးပဲလို့ ထင်မိပါတယ်။ 34 00:02:00,234 --> 00:02:02,138 (ရယ်မောသံများ) 35 00:02:02,139 --> 00:02:04,112 တကယ်ပြောနေတာ။ 36 00:02:05,842 --> 00:02:08,953 ဒါပေမဲ့၊ ကျွန်တော် အသက် ၁၄ နှစ် ပြည့်လာတာနဲ့ အားလုံး ပြောင်းသွားတယ်။ 37 00:02:08,954 --> 00:02:12,165 ကျွန်တော်ဟာ လေထဲမှာ ဝဲပျံနေခဲ့တဲ့ လေပူဖောင်း မဟုတ်တော့ပါဘူး၊ 38 00:02:12,166 --> 00:02:15,958 ကျွန်တော်ဟာ အခုဆိုရင် ကိုယ့် ဦးတည်ရာကို အသံထက် လျင်မြန်စွာ ပျံတဲ့ လေယာဉ်နဲ့တူတယ်၊ 39 00:02:15,959 --> 00:02:19,713 တနာရီ မိုင် ၅၀၀၀၀ ဒါမှမဟုတ် အဲဒီထက်တေင် မြန်စွာဖြင့် ပျံသန်းနေသူပါ။ 40 00:02:21,483 --> 00:02:25,714 စာတိုက်ကနေပြီး စာအိတ်တအိတ် ရလိုက်တဲ့ နောက်မှာ အဲဒီလို ပြောင်းလဲသွားခဲ့တယ်။ 41 00:02:25,715 --> 00:02:28,714 အဲဒါဟာ ဖိတ်စာပါ၊ -မွေးနေ့ပွဲ တက်ဖို့ မဟုတ်ပါဘူး၊ 42 00:02:28,715 --> 00:02:31,944 အဲဒါမျိုးကို ကျွန်တော် ရလေ့မရှိခဲ့ဘူး၊ ကစားကွင်းမှာ လာကစားရန်လည်း မဟုတ်ခဲ့ပါ၊ 43 00:02:31,945 --> 00:02:36,226 Boston မြို့ထဲက လုပ်ငန်း စီမံကိန်း ပြိုင်ပွဲထဲ ပါဝင်ဖို့ ဖိတ်စာပါ။ 44 00:02:36,227 --> 00:02:40,238 ကျွန်တော်ဟာ သိပ်ကို သိချင်နေခဲ့တယ်၊ သိချင်စိတ်ကြောင့် သွားဖြစ်ခဲ့တယ်။ 45 00:02:40,239 --> 00:02:43,595 ဒါရိုက်တာက ရှင်းပြတဲ့ အစီအစဉ်အရ ငါးလ ကာလအတွင်းမှာ၊ 46 00:02:43,596 --> 00:02:46,451 ကျွန်တော်တို့ဟာ အဖွဲ့ကိုဖွဲ့စည်းရမယ်၊ စီးပွားရေး အဆိုပြုချက်ကို စဉ်းစားပြုစုရမယ်၊ 47 00:02:46,452 --> 00:02:48,799 အဲဒီအဆိုပြုချက်ကို ဂျူရီလူကြီးတွေ ရှေ့မှာ တင်ပြရန်၊ 48 00:02:48,800 --> 00:02:50,424 ဂျူရီလူကြီးတွေက ကျွန်တော်တို့ရဲ့ စိတ်ကူးတွေ ကောင်းရဲ့လား၊ 49 00:02:50,425 --> 00:02:54,333 စီးပွားရေး လုပ်ငန်းဆိုင်ရာ အဆိုပြုချက် ကောင်းရဲ့လား ဆုံးဖြတ်ရွေးကြမှာပါ။ 50 00:02:54,334 --> 00:02:56,973 ဒီတော့ တိုတိုနဲ့ ပြောရရင် အဲဒီငါးလ ကာလအတွင်းမှာ၊ 51 00:02:56,974 --> 00:02:59,191 ကျွန်တော်ဟာ အဖွဲ့တဖွဲ့ကို စုစည်းခဲ့တယ်၊ စိတ်ကူး တခုကို ချပြလျက် ပြုစုခဲ့ကြတယ်၊ 52 00:02:59,192 --> 00:03:00,851 နောက်ဆုံးမှာတော့ ကျွန်တော်တို့ဟာ 53 00:03:00,852 --> 00:03:04,022 အဲဒီပြိုင်ပွဲထဲမှာ အနိုင်ရယူလျက် အိမ်ကို ချက်လက်မှတ်နဲ့ ပြန်လာနိုင်ခဲ့ကြပါတယ်။ 54 00:03:04,023 --> 00:03:06,816 အဲဒီလို တခုတည်းသော ဖြစ်ရပ်က ကျွန်တော့ကို စိတ်ဝင်စားလာအောင် လှုံ့ဆော်ခဲ့တယ်၊ 55 00:03:06,817 --> 00:03:09,463 အဲဒီလို ပြိုင်ပွဲတွေကို တိုးတိုး သွားဖို့ အတွက်ပေါ့လေ။ 56 00:03:09,464 --> 00:03:11,486 အဲဒီနောက် နှစ်နှစ်ကြာအထိကို 57 00:03:11,487 --> 00:03:15,275 ကျွန်တော်ဟာ အဲဒီလို ပြိုင်ပွဲတွေ ဒါဇင်နဲ့ချီကို သွားဖြစ်ခဲ့ရာ၊ 58 00:03:15,276 --> 00:03:19,062 ကျွန်တော်ဟာ အကြိမ်တိုင်းလိုလိုမှာ အနိုင်ရခဲ့ပါတယ်။ 59 00:03:19,063 --> 00:03:21,792 ပြီးတော့ အဲဒီလို သွားရတာကို ကျွန်တော်ဟာ သိပ်ကို သဘောကျလာပါတယ်၊ 60 00:03:21,793 --> 00:03:24,133 အဲဒီမှာ နိုင်လိုက်ခြင်းကိုသာမက 61 00:03:24,134 --> 00:03:27,638 ကျွန်တော် လက်တွေ့ ရုပ်လုံး မဖော်ရသေးတဲ့ စိတ်ကူးတွေ ရှိနေခဲ့ကြလို့ပါ။ 62 00:03:27,639 --> 00:03:30,257 ပစ္စည်းတွေကို ဖန်တီးထုတ်လုပ်ရေး စိတ်ကူးတွေပါ။ 63 00:03:30,258 --> 00:03:32,975 ကျွန်တော်တို့ရဲ့ အဖွဲ့က အခြားပြိုင်ဖက်တွေနဲ့ မတူဘဲ 64 00:03:32,976 --> 00:03:37,029 အကြိမ်တိုင်းမှာ တမျိုးလုပ်ခဲ့ကြတဲ့ အရာတခုက 65 00:03:37,030 --> 00:03:43,104 ကျန်တဲ့သူတွေက သူတို့ရဲ့ စိတ်ကူးကို PowerPoint ကို သုံးပြီး တင်ပြကြပေမဲ့၊ 66 00:03:43,105 --> 00:03:44,867 ကျွန်တော်တို့ကျတော့ မိမိတို့နေအိမ်မှာ 67 00:03:44,868 --> 00:03:49,208 လိုတဲ့ ပစ္စည်းတွေကို ဝယ်ယူလျက် တင်ပြလိုတဲ့ စိတ်ကူးကို လက်တွေ့ ဆောက်လုပ်ကြခြင်းပါပဲ။ 68 00:03:49,209 --> 00:03:51,403 ကလေးတွေက သူတို့စိတ်ကူးကို လက်တွေ့ ဖန်တီးလုပ်ပြနိုင်ကြတာကို 69 00:03:51,404 --> 00:03:55,220 ရှေ့ပြေးပုံစံ အသေးလေးကို တင်ပြပေးနိုင်ကြတာကို၊ 70 00:03:55,221 --> 00:03:59,285 လက်တွေ့ ကိုင်ပြီး စမ်းကြည့်လို့ ရနိုင်တာကို ဂျူရီလူကြီးတွေ အံ့အားသင့်မိကြတာပါ။ 71 00:03:59,286 --> 00:04:01,634 ကျွန်တော်တို့ဟာ ကိုယ့်စိတ်ကူးကို လက်တွေ့ ဖန်တီးလုပ်ပြနိုင်ကြတာကို 72 00:04:01,635 --> 00:04:06,176 ပြိုင်ပွဲတွေရဲ့ ဂျူရီလူကြီးတွေကို သိပ်ကို သဘောကျခဲ့ကြပါတယ်။ 73 00:04:06,177 --> 00:04:07,933 အဲဒီလို ပြိုင်ပွဲတခုမှာ ကျွန်တော်ဟာ 74 00:04:07,934 --> 00:04:13,032 ဖရန့်ဆိုတဲ့ လူလတ်ပိုင်း ပိုလန်လူမျိုးနဲ့ တွေ့ခဲ့ရတယ်။ 75 00:04:13,033 --> 00:04:15,981 အဲဒီလူသာ ဒီနေ့ ဒီမှာ ရှိနေရင်၊ ပြီးတာနဲ့ ကျွန်တော်ဟာ ဝေးရာကို ပြေးရလိမ့်မည်။ 76 00:04:15,982 --> 00:04:18,021 (ရယ်မောသံများ) 77 00:04:18,022 --> 00:04:21,872 သူဟာ ကျွန်တော်တို့ဆီ ပေါက်လာပြီး ပုံစုံ တခုကိုကြည့်ရင်း ပြောလိုက်တာက- 78 00:04:21,873 --> 00:04:25,750 "ဒါကို တကယ့်ကုမ္ပဏီကြီး အဖြစ်ကို ပြောင်းလဲပစ်ဖို့ မင်းတို့ကို ကူပေးနိုင်တယ်။" 79 00:04:26,470 --> 00:04:28,165 အဲဒါကို မင်းတို့ စဉ်းစားကြည့်ကြပါ။ 80 00:04:29,715 --> 00:04:31,708 အဲဒါဟာ မကောင်းပေဘူးလား? 81 00:04:31,709 --> 00:04:35,959 ကျွန်တော်တို့ဟာ ၁၆ နှစ်ရွယ် ကလေးတွေပါ၊ ကျွန်တော်တို့ဆီမှာ တကယ့်ကို 82 00:04:35,962 --> 00:04:40,168 ဟာ့ဒ်ဝဲ နည်းပညာကို စထုတ်လုပ်မယ့် ကမ္ဘာ့ကုမ္ပဏီ ပေါ်လာခဲ့မှားပါ။ 83 00:04:40,169 --> 00:04:43,437 စကြားကြားချင်မှာ ကျွန်တော်တို့ အားလုံးက၊ "Steve Jobs ဖြစ်ဖို့ အချိန် ရောက်လာပြီ၊ 84 00:04:43,438 --> 00:04:46,072 ကျောင်းကထွက်ပြီး တို့ရဲံ ကိုယ်ပိုင် Apple ကို ထုတ်လုပ်ကြရအောင်" ပေါ့လေ။ 85 00:04:46,073 --> 00:04:48,821 ဒါပေမဲ့ ချက်ချင်းဆိုသလိုပဲ အဲဒါ အဲဒီလို မလွယ်တာကို နားလည်လာကြတယ်။ 86 00:04:48,822 --> 00:04:52,653 ဒီတော့ ကိုယ့်ဆီမှာ သိပ်ကို ကောင်းတဲ့ စိတ်ကူး မရှိရင် ကျောင်းမှ ထွက်ဖို့ မလိုပါဘူး။ 87 00:04:52,654 --> 00:04:55,271 ဒါပေမဲ့... (ရယ်မောသံများ) 88 00:04:56,681 --> 00:04:59,666 ကုမ္ပဏီကြီး တခုကို ထူထောင်ဖို့အတွက် ပထမ အပိုင်းအနေနဲ့ လုပ်ဖို့ 89 00:04:59,667 --> 00:05:02,676 အဖွဲ့ကြီးတဖွဲ့ကို စုစည်းရန် လိုတာကို နားလည်လာကြတယ်။ 90 00:05:02,677 --> 00:05:03,714 ကျောင်းသား ဖြစ်ကြတော့ 91 00:05:03,715 --> 00:05:06,947 ကွန်ရက်အဖွဲ့တွေထဲကို၊ လူကြီးတွေ အတွက် ဖြစ်တဲ့ ကွန်ရက် ဖြစ်ရပ်များထဲ သွားမရပါဘူး၊ 92 00:05:06,948 --> 00:05:08,424 အဲဒါနဲ့ ကျွန်တော်တို့ ကိုယ့်ကျောင်းကို ပြန်သွားကြပြီ 93 00:05:08,425 --> 00:05:11,899 ဒီလို မိတ်ဆက်ရှင်းလင်းပွဲလေးကို ပြုလုပ်ကြပါတယ်၊ 94 00:05:11,900 --> 00:05:17,296 ကျွန်တော်တို့ရဲ့ စိတ်ကူးတွေကို ရှင်းပြလျက် အဖွဲ့ထဲ ပါဝင်လာမယ်လို့ မျှော်လင့်ကြတယ်။ 95 00:05:17,297 --> 00:05:20,214 ကျွန်တော်တို့ဟာ အဲဒီလို ဖိတ်စာကို တကျောင်းလုံးကို ပို့ခဲ့ကြတယ်။ 96 00:05:20,215 --> 00:05:23,261 ပထမဦးဆုံး သတိထားမိကြတာ ဘယ်သူမှာမှ ပေါ်မလာခဲ့ကြခြင်းပါပဲ။ 97 00:05:23,262 --> 00:05:25,086 စိတ်ဝင်စားမှု လုံးဝနီးပါးလောက်ကို မတွေ့ခဲ့ရဘူး။ 98 00:05:25,087 --> 00:05:27,983 လာခဲ့ကြတဲ့ သူတွေကျတော့ ကျောင်းဝန်းကျင်မှာ အဲဒီအပတ်ထဲတွင် 99 00:05:27,984 --> 00:05:30,401 ကျွန်တော်တို့ဟာ ကြွားလိုသူတွေ ဖြစ်တယ်၊ ကိုယ့်စိတ်ကူးတွေကိုပဲ ပြောနေကြတယ်၊ 100 00:05:30,417 --> 00:05:35,335 Mark Zuckerbergs လိုပဲ တော်လှသလို ထင်နေကြတယ် စသဖြင့် သတင်းထုတ်လွင့်ခဲ့ကြတယ်။ 101 00:05:35,336 --> 00:05:37,238 (ရယ်မောသံများ) 102 00:05:37,239 --> 00:05:42,936 အံ့အားသင့်စရာ ကောင်းတာက၊ အဲဒီနောက် တပတ်အကြာမှာ အလားတူ မိတ်ဆက်ပွဲကို 103 00:05:42,937 --> 00:05:47,358 မူလတန်းကျောင်းမှာ၊ ၅ နှစ် - ၆ နှစ်အရွယ် ကလေးတွေအတွက် ပြုလုပ်ခဲ့ကြပါတယ်။ 104 00:05:47,359 --> 00:05:49,436 သူတို့ရဲ့ တုံ့ပြန်မှုဟာ မယုံနိုင်စရာကြီးပါပဲ။ 105 00:05:49,437 --> 00:05:51,723 အဲဒီကလေးတွေကို သူတို့ရဲ့ နေ့လယ်စာ ပိုက်ဆံတွေကို ကျွန်တော်တို့ကို လာပေးလျက် 106 00:05:51,724 --> 00:05:53,922 ပုံစံတခုခုကို ဝယ်လို့များရမလား မေးကြပါတယ်။ 107 00:05:53,923 --> 00:05:55,150 (ရယ်မောသံများ) 108 00:05:55,151 --> 00:05:57,516 ပြီးတော့ ကျွန်တော်တို့ရဲ့ စိတ်ကူးအတွက် ငွေ ဘယ်လောက်များ ရနိုင်မလဲ မေးကြတယ်၊ 109 00:05:57,517 --> 00:06:00,202 ခင်ဗျားတို့လည်း Shark Tank ကို ကြည့်နေကြရင် သိနိုင်ကြမှာပါ၊ 110 00:06:00,203 --> 00:06:04,376 ဒါပေမဲ့ အဲဒီလိုငယ်တဲ့ ကလေးတွေက ဒီလိုစကားလုံးတွေ သိကြတာ အံ့အားသင့်မိတယ်၊ 111 00:06:04,377 --> 00:06:08,473 တကယ်တော့ သူတို့ဟာ အဲဒီလို စကားလုံးတွေကို အသံထွက်ဖို့တောင် မလွယ်ပါဘူး။ 112 00:06:08,474 --> 00:06:11,131 အဲဒီအချက်က ကျွန်တော့ကို အတော်ကလေး အားတက်စေခဲ့တယ်။ 113 00:06:11,132 --> 00:06:14,530 ပြီးတော့ ကျွန်တော်တို့ရဲ့ ပညာရေးစနစ်က လုပ်နေတာကို စဉ်းစားမိပါတယ်။ 114 00:06:14,531 --> 00:06:18,679 ၅-၆ နှစ် အတွင်းမှာကို ပညာရေးစနစ်က 115 00:06:18,680 --> 00:06:21,313 အဲဒီလို ဖန်တီးလိုကြတဲ့ ကလေးငယ်တွေကို ဒီလို ဆယ်ကျော်သက် အရောက်မှာ 116 00:06:21,314 --> 00:06:25,205 ဘောင်ရဲ့ အပြင်မှာ ရှိတာကို မစဉ်းစားလိုကြတဲ့ ကလေးတွေအဖြစ် ပြောင်းလဲပစ်လိုက်ပါတယ်။ 117 00:06:25,206 --> 00:06:28,511 ကျွန်တော် စပြောလာခဲ့တဲ့ လျှို့ဝှက်ချက်ဆီကို ပြန်သွားကြရအောင်။ 118 00:06:28,512 --> 00:06:33,216 ကျောင်းဟာ ဘယ်လိုလုပ်ပြီး ကလေးတွေရဲ့ ဉာဏ်စွမ်းကို ဆုတ်ယုတ်အောင် လုပ်နေတာလဲ? 119 00:06:34,476 --> 00:06:40,017 အကြောင်းက၊ ဉာဏ်စွမ်းဆိုတာ အမျိုးမျိုး ရှိနိုင်လို့ပါပ။ 120 00:06:40,018 --> 00:06:42,986 ကျောင်းဟာ ကျွန်တော်တို့ကို ပညာရေးအရ အသိဉာဏ်တွေကို မြှင့်တင်ပေးနေချိန်မှာ 121 00:06:42,987 --> 00:06:46,373 ရူပဗေဒ၊ အက္ခရာသင်္ချာ၊ ကဲလ်ကုလပ်စ်၊ စသဖြင့် သင်ပေးနေချိန်မှာ၊ 122 00:06:46,374 --> 00:06:49,733 ၎င်းဟာ ကလေးတွေရဲ့ ဖန်တီးရေး ဉာဏ်စွမ်းကို လျှော့ချပစ်နေပါတယ်။ 123 00:06:49,734 --> 00:06:52,123 ကလေးတွေကို ပုံစံတမျိုးတည်းဖြင့် စဉ်းစားကြရေးကို၊ 124 00:06:52,124 --> 00:06:54,499 ဘဝထဲမှာ သတ်မှတ်ထားတဲ့ လမ်းကြောင်း အတိုင်း သွားကြဖို့ကို ပို့ချရင်း၊ 125 00:06:54,500 --> 00:06:58,249 မင်းတို့ကို အထက်တန်းကျောင်းကို သွားကြပါ၊ ဒီပလိုမာကို ရယူကြပါ၊ 126 00:06:58,250 --> 00:07:01,395 ကောင်းတဲ့ ကောလိပ်ကို သွားကြပါ၊ စိတ်ချရတဲ့ အလုပ်ကို ရှာကြပါ၊ 127 00:07:01,396 --> 00:07:04,467 မင်းတို့ အဲဒီလို မလုပ်ကြဘူးဆိုရင် မင်းတို့ မအောင်မြင်နိုင်ဘူးလို့ နားချနေပါတယ်။ 128 00:07:04,468 --> 00:07:09,532 အဲဒါဟာ တကယ်မှန်ကန်ခဲ့ရင် ကျွန်တော်ဟာ ဒီမှာ ဒီနေ့ ရပ်နေစရာ အကြောင်း ရှိနိုင်မလား? 129 00:07:09,533 --> 00:07:12,591 ကျွန်တော်ဟာ၊ တချိန်လုံး C အဆင့်ကိုသာ ရခဲ့တဲ့ ကျောင်းသား တယောက်ဟာ၊ 130 00:07:12,592 --> 00:07:16,564 အသက် ၁၆ နှစ်အရွယ်မှာ နည်းပညာ ကုမ္ပဏီ တခုကို ဘယ်လိုများ စတင်နိုင်ခဲ့မလဲ? 131 00:07:16,565 --> 00:07:21,617 လွန်ခဲ့တဲ့ အပတ်တုန်းက Wall Street Journal ထဲ ဖေါ်ပြခံခဲ့ရတဲ့ ကျွန်တော့ကုမ္ပဏီဟာ 132 00:07:21,618 --> 00:07:26,869 Harvard နဲ့ Stanford ဘွဲ့ရတွေရဲ့ ကုမ္ပဏီတွေထက် ပိုပြီး ဘယ်လိုလုပ် အောင်မြင်နိုင်တာလဲ? 133 00:07:26,870 --> 00:07:29,201 အဲဒါဟာ ပညာရေးစနစ်က ပေးတဲ့ အသိပညာ တခုတည်းနဲ့ 134 00:07:29,202 --> 00:07:31,670 တိုင်းလို့ မရနိုင်တဲ့ အရာတခုခု ဖြစ်ရပါမယ်။ 135 00:07:32,780 --> 00:07:34,940 ဒီတော့၊ ကျွန်တော် ယုံကြည်တာက ဒီလိုပါ။ 136 00:07:34,941 --> 00:07:38,426 မိဘများ၊ ဆရာများ၊ ပညာပို့ချကြသူများ၊ 137 00:07:38,427 --> 00:07:43,323 ခင်ဗျားတို့ဟာ လူငယ်တွေကို အားတက်အောင် လှုံ့ဆော်နိုင်တဲ့ အာဏာရှိကြသူတွေပါ။ 138 00:07:43,324 --> 00:07:46,268 လက်တွေ့အခြေအနေက၊ အခုကိုပဲ ကလေးတွေကို တချိန်လုံး 139 00:07:46,269 --> 00:07:48,929 ကောလိပ်တွေကို သွားကြပါ၊ အလုပ်ကောင်းကောင်းကို ရှာကြပါ၊ 140 00:07:48,930 --> 00:07:53,247 " အောင်မြင်သူတွေ" ဖြစ်ကြပါလို့ မရပ်မနား ပြောနေကြသူတွေ သိပ်ကို များလှပါတယ်။ 141 00:07:53,248 --> 00:07:55,703 ကလေးတွေကို သူတို့အလားအလာတွေကို စူးစမ်းပါ၊ စွန့်ဦးလုပ်ငန်းရှင်တွေ ဖြစ်လာကြပါလို့ 142 00:07:55,704 --> 00:07:59,382 ပြောဆိုတိုက်တွန်းကြတဲ့ သူတွေ တော်တော့ကို နည်းနေပါတယ်။ 143 00:08:00,432 --> 00:08:03,631 မိဘများ၊ ကလေးများ၊ ခင်ဗျားတို့ အားလုံးကို မိမိနဲ့အတူ ယူသွားစေချင်တဲ့ စကားတခု ရှိတယ်၊ 144 00:08:03,632 --> 00:08:05,731 ကျွန်တော် ဒီနေ့ ဒီမှာ ပြောခဲ့တာထဲကနေပြီး ယူသွားစေချင်တာက၊ 145 00:08:05,732 --> 00:08:08,433 ခင်ဗျားတို့ဟာ ခင်ဗျားတို့ရဲ့ ကိုယ်ပိုင် တံခါးတွေကို ဖွင့်နိုင်ကြပါတယ်၊ 146 00:08:08,434 --> 00:08:10,863 ပညာရေးစနစ်ကနေပြီး ချမှတ်ပေးထားတဲ့ သမရိုးကျ၊ 147 00:08:10,864 --> 00:08:14,538 အကန့်အသတ်တွေနဲ့ ကျဉ်းမြောင်းတဲ့ လမ်းမှ တခြားဆီကို လမ်းလျှောက်နိုင်ကြတယ်။ 148 00:08:14,539 --> 00:08:18,223 ခင်ဗျားတို့ဟာ အဲဒီလမ်းမှ ခွဲထွက်လိုက်ပြီး ကိုယ့်အနာဂတ်ကို ဖန်တီးနိုင်ကြပါတယ်။ 149 00:08:18,224 --> 00:08:21,246 ခင်ဗျားတို့ဟာ ကိုယ်ပိုင် ကုမ္ပဏီတွေကို၊ ပရဟိတ အဖွဲ့တွေကို စတင်နိုင်ကြပါတယ်။ 150 00:08:21,247 --> 00:08:24,210 ခင်ဗျားတို့ဟာ ဖန်တီးနိုင်ကြတယ်၊ ဆန်းသစ် တီထွင်နိုင်ကြတယ်။ 151 00:08:24,211 --> 00:08:26,578 ကျွန်တော် ပြောကြားခဲ့တာထဲမှနေပြီး ခင်ဗျားတို့ အားလုံးကို 152 00:08:26,579 --> 00:08:29,971 တခုကို ပြောရရင် ဒီလို ရှိပါတယ်- 153 00:08:29,972 --> 00:08:32,282 ဘယ်သူကမှ သူ့ကို ပြောခဲ့ကြတာကို လုပ်ကိုင်ခဲ့ခြင်းဖြင့် 154 00:08:32,283 --> 00:08:35,722 ကျွန်တော်တို့ ကမ္ဘာကြီးကို ပြောင်းလဲအောင် မလုပ်နိုင်ခဲ့ပါဘူး။ 155 00:08:36,602 --> 00:08:37,759 ကျေးဇူးတင်ပါတယ်။ 156 00:08:37,760 --> 00:08:39,181 (လက်ခုပ်သံများ)