ကျွန်တော်ဟာ ဒီနေ့ လျှို့ဝှက်ကြီး တခုကို
ခင်ဗျားတို့အား မျှဝေပေးချင်ပါတယ်။
bအဲဒါဟာ ခင်ဗျားတို့ အားလုံး
ကြားချင်တာမျိုးတော့ ဟုတ်ချင်မှ ဟုတ်မှာပါ။
ဒါပေမဲ့ တချိန်တည်းမှာ သိပ်ကို အရေးကြီးလို့
ခင်ဗျားတို့ကို ပြောကို ပြောရမှာပါ။
အဲဒီလျှို့ဝှက်ချက်က-
ကလေးတွေ ကျောင်းကို သွားကြတဲ့
နေ့ရက်တိုင်းမှာ
ဉာဏ်စွမ်း ဆုတ်ယုတ်လာနေကြတယ်လို့
ကျွန်တော်က ပြောမယ်ဆိုရင် ဘယ်လို ထင်ကြမလဲ?
မဟုတ်ပါဘူး၊ အဲဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?
ကလေးတွေ ကျောင်းကို သွားကြတာ
ပညာတွေကို သင်ယူဖို့ မဟုတ်ဘူးလား?
သူတို့ဟာ ဗဟုသုတတွေကို တနေ့တခြား
စုစည်းကြပါတယ်။
ဒီတော့၊ သူတို့ဟာ ဖြစ်မယ်ဖြစ်ရင် ပိုလို့ကို
တော်လာစရာသာ ရှိရမယ်။
သူတို့ဟာ ဘယ်လိုလုပ်ပြီး
ဉာဏ်စွမ်း ဆုတ်ယုတ်လာနေကြတာလဲ?
ကျွန်တော် ပြောနေတာ ဘာအကြောင်းလဲ?
ကောင်းပြီ၊ ကျွန်တော်ဟာ ဒီနေ့ ခင်ဗျးတို့ကို
အဲဒါကို ရှင်းပြနိုင်မယ် မျှော်လင့်ပါတယ်။
ကျွန်တော်ဟာ အသက် ၁၄ နှစ်မာပြည့်မီအထိ၊
ဘဝမှာ ဘာလိုချင်မှန်းကိုမသိခဲ့တဲ့ကလေးပါ။
ပုံမှန်အားဖြင့် ၅ နှစ် ဒါမှမဟုတ် ၆ နှစ်
ကလေးကို ချဉ်းကပ်ပြီး၊
"မင်းကြီးလာရင် ဘာဖြစ်ချင်လဲလို့
မေးကြည့်မယ်ဆိုရင်၊
သူက "အာကာသယာဉ်မှူး" ဒါမှမဟုတ် "လုပ်ငန်းရှင်"
ဖြစ်ချင်တယ်လို့ ကြားနိုင်တယ်။
ကျွန်တော်ဆိုရင် Call of Duty ကစားသမား
အဖြစ် အသက်မွေးလိုခဲ့ပါတယ်။
(ရယ်မောသံများ)
ကျွန်တော် ကြီးလာရင် ဘာဖြစ်ချင်မှန်း
မသိခဲ့ဘူးဆိုတော့
ကျွန်တော်ဟာ ကျွန်တော့မိဘတွေကို
တချိန်လုံး ၁၀၀% နားထောင်ခဲ့ပါတယ်။
ကျွန်တော့အတွက် ဘာဟာ အကောင်းဆုံး ဖြစ်မယ်
ဆိုတာကို သူတို့ သိတာကို ယုံကြည်ခဲ့တယ်။
ကျွန်တော့ မိဘတွေက၊ ပုံမှန်မိဘတွေလိုပဲ
ကျွန်တော့ကို ဖြစ်စေချင်ခဲ့ကြတာက-
ကျောင်းကို သွားဖို့၊
အမှတ်ကောင်းတွေ ရနေဖို့၊
နစ်အနည်းငယ်မှာမှ တခါလောက်
လေ့ကျင့်ခန်းတွေကို လုပ်ဖို့ စသဖြင့်ပေါ့လေ။
(ရယ်မောသံများ)
အဲဒါနဲ့ ကျွန်တော်ဟာ
သူတို့ တောင်းဆိုခဲ့သမျှကို
လိုက်လုပ်ဖို့ ကြိုးစားခဲ့ပေမဲ့၊ ကျောင်းမှာ
သိပ်မတော်ခဲ့ခြင်းဟာ ပြဿနာကြီး ဖြစ်ခဲ့တယ်။
ကျွန်တော် သိပ္ပံဘာသာထဲမှာ
သိပ်ကို အခြေအနေဆိုးခဲ့တယ်၊
ကျွန်တော့အသက် အတွက် သေရေးရှင်ရေး
လိုအပ်မယ့် စာစီစာကုံး ၅ ပိုဒ်ကို မရေးနိုင်ပါ။
ဒီနေ့အထီကို ကျွန်တော့စိတ်ထင်
သင်္ချာကို နားမလည်တဲ့ အာရှတိုက်ထဲက
တဦးတည်းသော ကလေးပဲလို့ ထင်မိပါတယ်။
(ရယ်မောသံများ)
တကယ်ပြောနေတာ။
ဒါပေမဲ့၊ ကျွန်တော် အသက် ၁၄ နှစ်
ပြည့်လာတာနဲ့ အားလုံး ပြောင်းသွားတယ်။
ကျွန်တော်ဟာ လေထဲမှာ ဝဲပျံနေခဲ့တဲ့
လေပူဖောင်း မဟုတ်တော့ပါဘူး၊
ကျွန်တော်ဟာ အခုဆိုရင် ကိုယ့် ဦးတည်ရာကို
အသံထက် လျင်မြန်စွာ ပျံတဲ့ လေယာဉ်နဲ့တူတယ်၊
တနာရီ မိုင် ၅၀၀၀၀ ဒါမှမဟုတ် အဲဒီထက်တေင်
မြန်စွာဖြင့် ပျံသန်းနေသူပါ။
စာတိုက်ကနေပြီး စာအိတ်တအိတ် ရလိုက်တဲ့
နောက်မှာ အဲဒီလို ပြောင်းလဲသွားခဲ့တယ်။
အဲဒါဟာ ဖိတ်စာပါ၊
-မွေးနေ့ပွဲ တက်ဖို့ မဟုတ်ပါဘူး၊
အဲဒါမျိုးကို ကျွန်တော် ရလေ့မရှိခဲ့ဘူး၊
ကစားကွင်းမှာ လာကစားရန်လည်း မဟုတ်ခဲ့ပါ၊
Boston မြို့ထဲက လုပ်ငန်း စီမံကိန်း
ပြိုင်ပွဲထဲ ပါဝင်ဖို့ ဖိတ်စာပါ။
ကျွန်တော်ဟာ သိပ်ကို သိချင်နေခဲ့တယ်၊
သိချင်စိတ်ကြောင့် သွားဖြစ်ခဲ့တယ်။
ဒါရိုက်တာက ရှင်းပြတဲ့ အစီအစဉ်အရ
ငါးလ ကာလအတွင်းမှာ၊
ကျွန်တော်တို့ဟာ အဖွဲ့ကိုဖွဲ့စည်းရမယ်၊
စီးပွားရေး အဆိုပြုချက်ကို စဉ်းစားပြုစုရမယ်၊
အဲဒီအဆိုပြုချက်ကို ဂျူရီလူကြီးတွေ
ရှေ့မှာ တင်ပြရန်၊
ဂျူရီလူကြီးတွေက ကျွန်တော်တို့ရဲ့ စိတ်ကူးတွေ
ကောင်းရဲ့လား၊
စီးပွားရေး လုပ်ငန်းဆိုင်ရာ အဆိုပြုချက်
ကောင်းရဲ့လား ဆုံးဖြတ်ရွေးကြမှာပါ။
ဒီတော့ တိုတိုနဲ့ ပြောရရင်
အဲဒီငါးလ ကာလအတွင်းမှာ၊
ကျွန်တော်ဟာ အဖွဲ့တဖွဲ့ကို စုစည်းခဲ့တယ်၊
စိတ်ကူး တခုကို ချပြလျက် ပြုစုခဲ့ကြတယ်၊
နောက်ဆုံးမှာတော့ ကျွန်တော်တို့ဟာ
အဲဒီပြိုင်ပွဲထဲမှာ အနိုင်ရယူလျက် အိမ်ကို
ချက်လက်မှတ်နဲ့ ပြန်လာနိုင်ခဲ့ကြပါတယ်။
အဲဒီလို တခုတည်းသော ဖြစ်ရပ်က
ကျွန်တော့ကို စိတ်ဝင်စားလာအောင်
လှုံ့ဆော်ခဲ့တယ်၊
အဲဒီလို ပြိုင်ပွဲတွေကို တိုးတိုး
သွားဖို့ အတွက်ပေါ့လေ။
အဲဒီနောက် နှစ်နှစ်ကြာအထိကို
ကျွန်တော်ဟာ အဲဒီလို ပြိုင်ပွဲတွေ
ဒါဇင်နဲ့ချီကို သွားဖြစ်ခဲ့ရာ၊
ကျွန်တော်ဟာ အကြိမ်တိုင်းလိုလိုမှာ
အနိုင်ရခဲ့ပါတယ်။
ပြီးတော့ အဲဒီလို သွားရတာကို ကျွန်တော်ဟာ
သိပ်ကို သဘောကျလာပါတယ်၊
အဲဒီမှာ နိုင်လိုက်ခြင်းကိုသာမက
ကျွန်တော် လက်တွေ့ ရုပ်လုံး မဖော်ရသေးတဲ့
စိတ်ကူးတွေ ရှိနေခဲ့ကြလို့ပါ။
ပစ္စည်းတွေကို ဖန်တီးထုတ်လုပ်ရေး
စိတ်ကူးတွေပါ။
ကျွန်တော်တို့ရဲ့ အဖွဲ့က
အခြားပြိုင်ဖက်တွေနဲ့ မတူဘဲ
အကြိမ်တိုင်းမှာ တမျိုးလုပ်ခဲ့ကြတဲ့ အရာတခုက
ကျန်တဲ့သူတွေက သူတို့ရဲ့ စိတ်ကူးကို
PowerPoint ကို သုံးပြီး တင်ပြကြပေမဲ့၊
ကျွန်တော်တို့ကျတော့ မိမိတို့နေအိမ်မှာ
လိုတဲ့ ပစ္စည်းတွေကို ဝယ်ယူလျက် တင်ပြလိုတဲ့
စိတ်ကူးကို လက်တွေ့ ဆောက်လုပ်ကြခြင်းပါပဲ။
ကလေးတွေက သူတို့စိတ်ကူးကို
လက်တွေ့ ဖန်တီးလုပ်ပြနိုင်ကြတာကို
ရှေ့ပြေးပုံစံ အသေးလေးကို
တင်ပြပေးနိုင်ကြတာကို၊
လက်တွေ့ ကိုင်ပြီး စမ်းကြည့်လို့ ရနိုင်တာကို
ဂျူရီလူကြီးတွေ အံ့အားသင့်မိကြတာပါ။
ကျွန်တော်တို့ဟာ ကိုယ့်စိတ်ကူးကို
လက်တွေ့ ဖန်တီးလုပ်ပြနိုင်ကြတာကို
ပြိုင်ပွဲတွေရဲ့ ဂျူရီလူကြီးတွေကို
သိပ်ကို သဘောကျခဲ့ကြပါတယ်။
အဲဒီလို ပြိုင်ပွဲတခုမှာ ကျွန်တော်ဟာ
ဖရန့်ဆိုတဲ့ လူလတ်ပိုင်း ပိုလန်လူမျိုးနဲ့
တွေ့ခဲ့ရတယ်။
အဲဒီလူသာ ဒီနေ့ ဒီမှာ ရှိနေရင်၊ ပြီးတာနဲ့
ကျွန်တော်ဟာ ဝေးရာကို ပြေးရလိမ့်မည်။
(ရယ်မောသံများ)
သူဟာ ကျွန်တော်တို့ဆီ ပေါက်လာပြီး
ပုံစုံ တခုကိုကြည့်ရင်း ပြောလိုက်တာက-
"ဒါကို တကယ့်ကုမ္ပဏီကြီး အဖြစ်ကို
ပြောင်းလဲပစ်ဖို့ မင်းတို့ကို ကူပေးနိုင်တယ်။"
အဲဒါကို မင်းတို့ စဉ်းစားကြည့်ကြပါ။
အဲဒါဟာ မကောင်းပေဘူးလား?
ကျွန်တော်တို့ဟာ ၁၆ နှစ်ရွယ် ကလေးတွေပါ၊
ကျွန်တော်တို့ဆီမှာ တကယ့်ကို
ဟာ့ဒ်ဝဲ နည်းပညာကို စထုတ်လုပ်မယ့်
ကမ္ဘာ့ကုမ္ပဏီ ပေါ်လာခဲ့မှားပါ။
စကြားကြားချင်မှာ ကျွန်တော်တို့ အားလုံးက၊
"Steve Jobs ဖြစ်ဖို့ အချိန် ရောက်လာပြီ၊
ကျောင်းကထွက်ပြီး တို့ရဲံ ကိုယ်ပိုင်
Apple ကို ထုတ်လုပ်ကြရအောင်" ပေါ့လေ။
ဒါပေမဲ့ ချက်ချင်းဆိုသလိုပဲ
အဲဒါ အဲဒီလို မလွယ်တာကို နားလည်လာကြတယ်။
ဒီတော့ ကိုယ့်ဆီမှာ သိပ်ကို ကောင်းတဲ့
စိတ်ကူး မရှိရင် ကျောင်းမှ ထွက်ဖို့ မလိုပါဘူး။
ဒါပေမဲ့... (ရယ်မောသံများ)
ကုမ္ပဏီကြီး တခုကို ထူထောင်ဖို့အတွက်
ပထမ အပိုင်းအနေနဲ့ လုပ်ဖို့
အဖွဲ့ကြီးတဖွဲ့ကို စုစည်းရန် လိုတာကို
နားလည်လာကြတယ်။
ကျောင်းသား ဖြစ်ကြတော့
ကွန်ရက်အဖွဲ့တွေထဲကို၊ လူကြီးတွေ အတွက်
ဖြစ်တဲ့ ကွန်ရက် ဖြစ်ရပ်များထဲ သွားမရပါဘူး၊
အဲဒါနဲ့ ကျွန်တော်တို့
ကိုယ့်ကျောင်းကို ပြန်သွားကြပြီ
ဒီလို မိတ်ဆက်ရှင်းလင်းပွဲလေးကို
ပြုလုပ်ကြပါတယ်၊
ကျွန်တော်တို့ရဲ့ စိတ်ကူးတွေကို ရှင်းပြလျက်
အဖွဲ့ထဲ ပါဝင်လာမယ်လို့ မျှော်လင့်ကြတယ်။
ကျွန်တော်တို့ဟာ အဲဒီလို ဖိတ်စာကို
တကျောင်းလုံးကို ပို့ခဲ့ကြတယ်။
ပထမဦးဆုံး သတိထားမိကြတာ ဘယ်သူမှာမှ
ပေါ်မလာခဲ့ကြခြင်းပါပဲ။
စိတ်ဝင်စားမှု လုံးဝနီးပါးလောက်ကို
မတွေ့ခဲ့ရဘူး။
လာခဲ့ကြတဲ့ သူတွေကျတော့
ကျောင်းဝန်းကျင်မှာ အဲဒီအပတ်ထဲတွင်
ကျွန်တော်တို့ဟာ ကြွားလိုသူတွေ ဖြစ်တယ်၊
ကိုယ့်စိတ်ကူးတွေကိုပဲ ပြောနေကြတယ်၊
Mark Zuckerbergs လိုပဲ တော်လှသလို
ထင်နေကြတယ် စသဖြင့် သတင်းထုတ်လွင့်ခဲ့ကြတယ်။
(ရယ်မောသံများ)
အံ့အားသင့်စရာ ကောင်းတာက၊ အဲဒီနောက်
တပတ်အကြာမှာ အလားတူ မိတ်ဆက်ပွဲကို
မူလတန်းကျောင်းမှာ၊ ၅ နှစ် - ၆ နှစ်အရွယ်
ကလေးတွေအတွက် ပြုလုပ်ခဲ့ကြပါတယ်။
သူတို့ရဲ့ တုံ့ပြန်မှုဟာ မယုံနိုင်စရာကြီးပါပဲ။
အဲဒီကလေးတွေကို သူတို့ရဲ့ နေ့လယ်စာ
ပိုက်ဆံတွေကို ကျွန်တော်တို့ကို လာပေးလျက်
ပုံစံတခုခုကို ဝယ်လို့များရမလား မေးကြပါတယ်။
(ရယ်မောသံများ)
ပြီးတော့ ကျွန်တော်တို့ရဲ့ စိတ်ကူးအတွက်
ငွေ ဘယ်လောက်များ ရနိုင်မလဲ မေးကြတယ်၊
ခင်ဗျားတို့လည်း Shark Tank ကို
ကြည့်နေကြရင် သိနိုင်ကြမှာပါ၊
ဒါပေမဲ့ အဲဒီလိုငယ်တဲ့ ကလေးတွေက
ဒီလိုစကားလုံးတွေ သိကြတာ အံ့အားသင့်မိတယ်၊
တကယ်တော့ သူတို့ဟာ အဲဒီလို
စကားလုံးတွေကို အသံထွက်ဖို့တောင် မလွယ်ပါဘူး။
အဲဒီအချက်က ကျွန်တော့ကို အတော်ကလေး
အားတက်စေခဲ့တယ်။
ပြီးတော့ ကျွန်တော်တို့ရဲ့ ပညာရေးစနစ်က
လုပ်နေတာကို စဉ်းစားမိပါတယ်။
၅-၆ နှစ် အတွင်းမှာကို ပညာရေးစနစ်က
အဲဒီလို ဖန်တီးလိုကြတဲ့ ကလေးငယ်တွေကို
ဒီလို ဆယ်ကျော်သက် အရောက်မှာ
ဘောင်ရဲ့ အပြင်မှာ ရှိတာကို မစဉ်းစားလိုကြတဲ့
ကလေးတွေအဖြစ် ပြောင်းလဲပစ်လိုက်ပါတယ်။
ကျွန်တော် စပြောလာခဲ့တဲ့ လျှို့ဝှက်ချက်ဆီကို
ပြန်သွားကြရအောင်။
ကျောင်းဟာ ဘယ်လိုလုပ်ပြီး ကလေးတွေရဲ့
ဉာဏ်စွမ်းကို ဆုတ်ယုတ်အောင် လုပ်နေတာလဲ?
အကြောင်းက၊ ဉာဏ်စွမ်းဆိုတာ အမျိုးမျိုး
ရှိနိုင်လို့ပါပ။
ကျောင်းဟာ ကျွန်တော်တို့ကို ပညာရေးအရ
အသိဉာဏ်တွေကို မြှင့်တင်ပေးနေချိန်မှာ
ရူပဗေဒ၊ အက္ခရာသင်္ချာ၊ ကဲလ်ကုလပ်စ်၊
စသဖြင့် သင်ပေးနေချိန်မှာ၊
၎င်းဟာ ကလေးတွေရဲ့ ဖန်တီးရေး ဉာဏ်စွမ်းကို
လျှော့ချပစ်နေပါတယ်။
ကလေးတွေကို ပုံစံတမျိုးတည်းဖြင့်
စဉ်းစားကြရေးကို၊
ဘဝထဲမှာ သတ်မှတ်ထားတဲ့ လမ်းကြောင်း
အတိုင်း သွားကြဖို့ကို ပို့ချရင်း၊
မင်းတို့ကို အထက်တန်းကျောင်းကို သွားကြပါ၊
ဒီပလိုမာကို ရယူကြပါ၊
ကောင်းတဲ့ ကောလိပ်ကို သွားကြပါ၊
စိတ်ချရတဲ့ အလုပ်ကို ရှာကြပါ၊
မင်းတို့ အဲဒီလို မလုပ်ကြဘူးဆိုရင် မင်းတို့
မအောင်မြင်နိုင်ဘူးလို့ နားချနေပါတယ်။
အဲဒါဟာ တကယ်မှန်ကန်ခဲ့ရင် ကျွန်တော်ဟာ
ဒီမှာ ဒီနေ့ ရပ်နေစရာ အကြောင်း ရှိနိုင်မလား?
ကျွန်တော်ဟာ၊ တချိန်လုံး C အဆင့်ကိုသာ
ရခဲ့တဲ့ ကျောင်းသား တယောက်ဟာ၊
အသက် ၁၆ နှစ်အရွယ်မှာ နည်းပညာ ကုမ္ပဏီ
တခုကို ဘယ်လိုများ စတင်နိုင်ခဲ့မလဲ?
လွန်ခဲ့တဲ့ အပတ်တုန်းက Wall Street Journal
ထဲ ဖေါ်ပြခံခဲ့ရတဲ့ ကျွန်တော့ကုမ္ပဏီဟာ
Harvard နဲ့ Stanford ဘွဲ့ရတွေရဲ့ ကုမ္ပဏီတွေထက်
ပိုပြီး ဘယ်လိုလုပ် အောင်မြင်နိုင်တာလဲ?
အဲဒါဟာ ပညာရေးစနစ်က ပေးတဲ့
အသိပညာ တခုတည်းနဲ့
တိုင်းလို့ မရနိုင်တဲ့ အရာတခုခု ဖြစ်ရပါမယ်။
ဒီတော့၊ ကျွန်တော် ယုံကြည်တာက ဒီလိုပါ။
မိဘများ၊ ဆရာများ၊ ပညာပို့ချကြသူများ၊
ခင်ဗျားတို့ဟာ လူငယ်တွေကို အားတက်အောင်
လှုံ့ဆော်နိုင်တဲ့ အာဏာရှိကြသူတွေပါ။
လက်တွေ့အခြေအနေက၊ အခုကိုပဲ
ကလေးတွေကို တချိန်လုံး
ကောလိပ်တွေကို သွားကြပါ၊
အလုပ်ကောင်းကောင်းကို ရှာကြပါ၊
" အောင်မြင်သူတွေ" ဖြစ်ကြပါလို့ မရပ်မနား
ပြောနေကြသူတွေ သိပ်ကို များလှပါတယ်။
ကလေးတွေကို သူတို့အလားအလာတွေကို စူးစမ်းပါ၊
စွန့်ဦးလုပ်ငန်းရှင်တွေ ဖြစ်လာကြပါလို့
ပြောဆိုတိုက်တွန်းကြတဲ့ သူတွေ
တော်တော့ကို နည်းနေပါတယ်။
မိဘများ၊ ကလေးများ၊ ခင်ဗျားတို့ အားလုံးကို
မိမိနဲ့အတူ ယူသွားစေချင်တဲ့ စကားတခု ရှိတယ်၊
ကျွန်တော် ဒီနေ့ ဒီမှာ ပြောခဲ့တာထဲကနေပြီး
ယူသွားစေချင်တာက၊
ခင်ဗျားတို့ဟာ ခင်ဗျားတို့ရဲ့
ကိုယ်ပိုင် တံခါးတွေကို ဖွင့်နိုင်ကြပါတယ်၊
ပညာရေးစနစ်ကနေပြီး ချမှတ်ပေးထားတဲ့
သမရိုးကျ၊
အကန့်အသတ်တွေနဲ့ ကျဉ်းမြောင်းတဲ့ လမ်းမှ
တခြားဆီကို လမ်းလျှောက်နိုင်ကြတယ်။
ခင်ဗျားတို့ဟာ အဲဒီလမ်းမှ ခွဲထွက်လိုက်ပြီး
ကိုယ့်အနာဂတ်ကို ဖန်တီးနိုင်ကြပါတယ်။
ခင်ဗျားတို့ဟာ ကိုယ်ပိုင် ကုမ္ပဏီတွေကို၊
ပရဟိတ အဖွဲ့တွေကို စတင်နိုင်ကြပါတယ်။
ခင်ဗျားတို့ဟာ ဖန်တီးနိုင်ကြတယ်၊
ဆန်းသစ် တီထွင်နိုင်ကြတယ်။
ကျွန်တော် ပြောကြားခဲ့တာထဲမှနေပြီး
ခင်ဗျားတို့ အားလုံးကို
တခုကို ပြောရရင် ဒီလို ရှိပါတယ်-
ဘယ်သူကမှ သူ့ကို ပြောခဲ့ကြတာကို
လုပ်ကိုင်ခဲ့ခြင်းဖြင့်
ကျွန်တော်တို့ ကမ္ဘာကြီးကို
ပြောင်းလဲအောင် မလုပ်နိုင်ခဲ့ပါဘူး။
ကျေးဇူးတင်ပါတယ်။
(လက်ခုပ်သံများ)