1963 ခုနှစ်ကအသက်၂၁နှစ်ရှိတဲ့ ရူပဗေဒပညာရှင် စတီဗင်ဟော့ကင်းကို ALS Amyotrophic lateral sclerosis လို့ခေါ်တဲ့ ဖြစ်ခဲလှတဲ့ အာရုံကြောကြွက်သား ရောဂါတစ်ခု ရှိနေကြောင်း ဖော်ပြခဲ့တယ် တဖြည်းဖြည်းနဲ့ သူဟာ လမ်းလျှောက်လို့မရတော့ဘူး လက်ကို အသုံးပြုတာတွေ မျက်နှာကို လှုပ်ရှားတာတွေနဲ့ နောက်မျိုချတာကိုတောင် မလုပ်နိုင်တော့ဘူး ဒါပေမဲ့ သူဟာ အံ့ဖွယ်ဉာဏ်ရည်ကိုတော့ တလျှောက်လုံး ထိန်းထားနိုင်ခဲ့ပြီး နောက်အနှစ် ၅၀ ကြာတဲ့အခါမှာတော့ ဟော့ကင်းဟာ သမိုင်းမှာ အအောင်မြင်ဆုံးနဲ့ အထင်ရှားဆုံး ရူပဗေဒပညာရှင်ဖြစ်လာခဲ့တယ် ဒါပေမဲ့၊ သူ့ရောဂါကိုတော့ မကုသနိုင်ခဲ့ပဲ ၂၀၁၈ ခုနှစ်၊ အသက်၇၆ နှစ်ကြာတဲ့အခါမှာ ဆုံးပါးသွားခဲ့ရတယ် ရောဂါကိုသိပြီး ဆယ်စုနှစ်တွေကြာတာတောင် ASL က အရှုပ်ထွေးဆုံး၊ အလျှို့ဝှက်ဆုံးနဲ့ လူသားတေွကို ထိခိုက်စေတဲ့ ဆိုးကျိုးပေးတဲ့ရောဂါတွေထဲက တစ်ခုအဖြစ် တန်းဝင်နေပါသေးတယ် သူ့ကို မော်တာနူရုံး ရောဂါနှင့် Lou Gehrig's diseaseလို့လည်းခေါ်ကြတယ် ALS က ကမ္ဘာတစ်ဝှမ်းရှိ လူတစ်သိန်းမှာ ၂ယောက် ဖြစ်စေပါတယ် လူတစ်ယောက်မှာ ALS ရှိရင် မော်တာနူရုံးလို့ခေါ်တဲ့ ခန္ဓာကိုယ်ထဲက စိတ်နဲ့ထိန်းချုပ်လို့ရတဲ့ ကြွက်သားတွေဆီ သွားတဲ့ နာဗ့်ဆဲလေးတွေဟာ လုပ်ဆောင်ချက်ပျက်ယွင်းပြီး သေဆုံးသွားကြတယ် ဒီဆဲလ်လေးတွေ ဘယ်လိုသေသွားလဲဆိုတာ ကိုတော့ ဘယ်သူမှသေချာမသိကြဘူး ဒါကလည်း ALS ကိုကုသရခက်စေတဲ့ အကြောင်းထဲက တစိတ်တပိုင်းပါ ၉၀%သော ဖြစ်စဉ်တွေမှာ ရောဂါဟာ အကြောင်းရင်းမရှိပဲ ရုတ်တရက်ပေါ်လာတယ် ကျန်တဲ့၁၀% ကတော့ မျိုးရိုးလိုက်တာပါ အမေ၊ အဖေကနေ ဗီဇပြောင်းနေတဲ့ Gene ကို သားသမီးဆီ လွှဲပြောင်းလိုက်တာကနေဖြစ်တယ် ရောဂါလက္ခဏာတွေက အသက်၄၀ ကြာပြီးနောက်မှာ စပေါ်တယ် ဟော့ကင်းလို ရှားပါးတဲ့ဖြစ်စဉ်မျိုးမှာတော့ ALS က စောစောစီးစီးဖြစ်လေ့ရှိတယ် ဟော့ကင်းဟာ ALSနဲ့ဒီလောက်ထိ ရှင်သန်နိုင်တာက ဆေးပညာရဲ့အံ့ဖွယ်တစ်ခုပါ ရောဂါကိုသိပြီးနောက်၊ ALS ကြောင့် အသက်ရှု လမ်းကြောင်းဆိုင်ရာ ပြဿနာတွေ ဖြစ်ပြီး မသေဆုံးခင်အထိ လူအများစုက ၂နှစ်ကနေ ၅နှစ်ပဲ ရှင်သန်နိုင်တယ် ဟော့ကင်းအဖြစ်မှာ ပုံမှန်မဟုတ်တာကတော့ သူ့ရဲ့ လေ့လာသင်ယူနိုင်စွမ်း တွေးခေါ်မှုနဲ့ အာရုံသိရှိနိုင်စွမ်းတွေဟာ အကောင်းအတိုင်း ကျန်ရှိနေတာပါ ALS ရှိတဲ့လူအများစုဟာ ဉာဏ်ရည်မမှီ တော့တာမျိုးတော့ မကြုံရတတ်ပါဘူး နှစ်စဉ် ALS လို့ ရောဂါနာမည်တပ်ခံရတဲ့ လူပေါင်း၁၂၀ ၀၀၀အတွက်တော့ ကုသပျောက်ကင်းဖို့ဆိုတာ သိပ္ပံနှင့် ဆေးပညာအတွက် အရေးပါဆုံး စိန်ခေါ်မှုတစ်ခုပဲဖြစ်ပါတယ် မသိတာတွေအများကြီးရှိပေမယ့်လို့ ALS က ကြွက်သားအာရုံကြောစနစ်ကို ဘယ်လိုထိခိုက်စေလဲဆိုတာကိုတော့ သိကြပါတယ် ALS က အထက်နဲ့ အောက်မော်တာနူရုံး ဆိုတဲ့ အာရုံကြောဆဲလ်နှစ်မျိုးကို ထိခိုက်စေတယ် ကျန်းမာတဲ့ခန္ဓာကိုယ်မှာ၊ ဦးနှောက်ရဲ့ cortex နေရာမှာရှိတဲ့ အထက်မော်တာနူရုံးတွေဟာ ဦးနှောက်ကနေ အာရုံကြောမကြီးမှာရှိတဲ့ အောက်မော်တာနူရုံးတွေဆီကို အချက်အလက်တွေပို့ပေးတယ် ဒီနူရုံးတွေကနေ ကြွက်သားဖိုင်ဘာတွေဆီကို အချက်အလက်ဆက်ဖြန့်ပေးတယ် လှုပ်ရှားမှုအနေနဲ့ ကြွက်သား ဆန့်တာ ကျုံ့တာတွေကို ဖြစ်စေဖို့ပေါ့ ကျွန်ုပ်တို့စိတ်နဲ့ ထိန်းလို့ရတဲ့ လှုပ်ရှားမှုတွေဟာ ဒီလမ်းတစ်လျှောက် သတင်း အချက်အလက်တွေ စီးဆင်းကြလို့ သာဖြစ်တယ် ALS မှာ မော်တာနူရုံးတွေ ပျက်စီးသွားရင်တော့ အချက်အလက်ပို့နိုင်စွမ်းဟာ ပျက်ယွင်းသွားပြီး အဓိကအချက်ပြတဲ့ စနစ်ကြီးဟာ ကမောက်ကမဖြစ်တော့တယ် အချက်ပေးတာမရှိရင် ကြွက်သားတွေ ပိန်လှီကုန်တော့တယ် မော်တာနူရုံးတွေကို ဘာကပျက်စီးစေတာလဲ ဆိုတာကတော့ ALSရဲ့ တည်ရှိနေဆဲ လျှို့ဝှက်ချက်ပါ မျိုးရိုးလိုက်တဲ့ဖြစ်စဉ်မှာ မိဘကသားသမီးကို ဗီဇပြောင်းတဲ့ gene တွေ လွှဲပေးတယ် ဒါတောင်မှ ALS ဟာ Gene မျိုးစုံပါပြီး မော်တာနူရုံးဆီပေါ်မှာ သက်ရောက်မှုကလည်း ပေါင်းစုံဖြစ်ကာ တိကျတဲ့ အကြောင်းအရင်းကို ထောက်ပြဖို့ခက်တယ် ALS က ကွက်ကြားဖြစ်ပေါ်လာတဲ့အခါမှာ၊ ဖြစ်နိုင်ခေျအကြောင်းအရင်းတွေလည်း ပေါ်လာတယ် အဆိပ်များ ဗိုင်းရပ်စ်များ နေထိုင်မှုပုံစံ သို့မဟုတ် အခြား ပတ်ဝန်းကျင်အကြောင်း အရင်းတွေ ကလည်း ပါဝင်လာကြတယ် အကြောင်းအရင်းတွေအများကြီးပါဝင်လို့ တစ်ဦးတစ်ယောက်မှာALS ရှိမရှိဆိုတာကို စစ်နိုင်တဲ့ test မရှိသေးပါဘူး။ မည်သို့ပင်ဖြစ်စေ၊ အကြောင်းအရင်းတွေေပေါ် ကျနော်တို့ယူဆချက်တွေဟာ တိုးတက်လာနေပါတယ် ရေပန်းစားလာတဲ့ စိတ်ကူးတစ်ခုကတော့ မော်တာနူရုံးထဲက ပရိုတင်း တစ်ချို့ဟာ ကောင်းကောင်း မခေါက်သိမ်းကြပဲ ပုံမကျ၊ ပန်းမကျတွေဖြစ်စေတယ် ဒီလိုမှားယွင်းခေါက်တဲ့ ပရိုတင်းနဲ့ အရှုပ်တွေကဆဲလ်တစ်ခုကနေတစ်ခုကိုပျံ့စေတယ် ဆဲလ်တွေရှင်သန်ဖို့ စွမ်းအင်နှင့် ပရိုတင်းထုတ်လုပ်တဲ့ ပုံမှန် ဆဲလ် လုပ်ငန်းစဉ်ကို ပိတ်ပင်စေနိုင်တယ် ကျနော်တို့သင်ယူခဲ့တာကတော့ မော်တာနူရုံးနှင့် ကြွက်သားဖိုင်ဘာတွေလိုပဲ အခြားဆဲလ်တွကိုလည်း ALS က ပါဝင်စေနိုင်တယ် ALS လူနာတွေမှာ သူတို့ဦးနှောက်နဲ့ အာရုံကြောမကြီးတွေရောင်ယမ်းတာတွေ ဖြစ်တတ်တယ် ကိုယ်ခံအားဆဲလ်တွေ ပြစ်ချက်ရှိတာလည်း မော်တာ နူရုံးတွေ သေစေတဲ့အကြောင်းဖြစ်နိုင်တယ် ပြီးတော့ ALS က နူရုံးတွေကို ထောက်ပံ့ပေးတဲ့သီးသန့်ဆဲလ်တွေရဲ့ လုပ်ဆောင်ပုံကိုလည်း ပြောင်းလဲနိုင်ပုံပဲ ဒီအချက်တွေဟာ ရောဂါရဲ့ရှုပ်ထွေးမှုကို မီးမောင်းထိုးပြနေပေမယ့် သူတို့ဘယ်လိုအလုပ်လုပ်လဲ ဆိုတာကို ပိုပြည့်ပြည့်စုံစုံနားလည်စေပြီး ကုသနည်းအသစ်တေွကိုလည်းဖွင့်ပေးနိုင်လောက်တယ် နှေးကွေးနေပေမယ့်လို့ တိုးတက်မှုကတော့ တချိန်လုံးရှိနေပါတယ် ကျွန်တော်တို့ ဆေးအသစ်တွေကို တီထွင်နေကြတယ် ပျက်စီးသွားတဲ့ဆဲလ်တွေကို ပြန်ပြင်ဖို့ စတန်းဆဲလ်ကုထုံးတွေနဲ့ ရောဂါဖြစ်တာကိုနှေးကွေးသွားအောင်လုပ်မယ့် မျိုးရိုးဗီဇကုထုံးတွေပေါ့ အသိပညာတွေ တိုးပွားမြင့်တက်လာတာနဲ့အမျှ ALS နဲ့ရှင်သန်နေရတဲ့လူတွေရဲ့ အနာဂတ်ကို ပြောင်းလဲပစ်နိုင်ဖို့ တွေ့ရှိမှုအသစ်တွေကိုမျှော်လင့်လျက်ပါပဲ