တိဗက်ကုန်းပြင်မြင့်ဟာ ပင်လယ် ရေမျက်နှာပြင်
အထက် မီတာ ၄၅၀၀ ခန့်မှာ တည်ရှိပြီး
အောက်ခြေမှာ တွေ့ရတဲ့ အောက်စီဂျင်
ပမာဏရဲ့ ၆၀% သာ ရှိပါတယ်။
လည်ပတ်သူတွေနဲ့ အခြေချနေထိုင်သူအသစ်တေွဟာ
ပင်လယ်ပြင်အမြင့် ရောဂါနဲ့ ရုန်းကန်ရပေမဲ့
ဒေသရင်း တိဗက်လူမျိုးတွေကတော့
တောင်တွေကို အမြန်ပြေးတက်ကြတယ်။
ဒီအရည်အချင်းက လေ့ကျင့်မှုကနေ မဟုတ်ဘဲ
သူတို့ခန္ဓာကိုယ်တွေကို အကန့်အသတ်ရှိတဲ့
အောက်စီဂျင်ကို အများဆုံး သုံးနိုင်ဖို့
ဗီဇအနည်းငယ်ကို ပြောင်းလဲမှုတွေကနေပါ။
ဒီခြားနားမှုတွေဟာ မွေးတည်းက ထင်ရှားတာပါ။
တိဗက် ကလေးငယ်တွေဟာ မွေးစဉ် ပျမ်းမျှ
အားဖြင့် ကိုယ်အလေးချိန် ပိုမြင့်ခြင်း၊
အောက်စီဂျင် ပြည့်ဝနှုန်း မြင့်ခြင်းရှိပြီး
ဒီပတ်ဝန်းကျင်ထဲမှာ မွေးတဲ့ အခြားကလေးတွေထက်
ရှင်ကျန်ဖို့ဖြစ်နိုင်ခြေ အများကြီးပိုတယ်။
ဗီဇဆိုင်ရာ ဒီပြောင်းလဲမှုတွေက လွန်ခဲ့တဲ့
နှစ် ၃၀၀၀ (သို့) အဲဒီလောက်ကနေ
ဆင့်ကဲပြောင်းလဲခဲ့တယ်လို့
ခန်မှန်းရပြီး ဆက်ဖြစ်နေတာပါ။
ဒါက ရှည်လျားတဲ့ ကာလတစ်ခုလို့
ထင်ရလောက်ပေမဲ့
လူသား လူဦးရေတစ်ခုအတွင်းမှာ အမြဲ ပြောင်းလဲ
ခဲ့တဲ့ အမြန်ဆုံး ပြောင်းလဲမှုတစ်ခုဖြစ်မယ်။
လူသား ဆင့်ကဲဖြစ်စဉ်
မပြီးဆုံးသေးတာ ရှင်းပါတယ်။
ဒီတော့ အခြားပြောင်းလဲမှု အသစ်တွေက ဘာတွေလဲ။
နည်းပညာနဲ့ သိပ္ပံဆိုင်ရာ ဆန်းသစ်မှုတွေက
ဆင့်ကဲဖြစ်စဉ်ကို သက်ရောက်မှာလား။
လွန်ခဲ့တဲ့ နှစ်ထောင်အနည်းငယ်အတွင်းမှာ
လူဦးရေများစွာထဲမှာ ဒေသတွင်း ဝန်းကျင်တွေနဲ့
ဗီဇဆိုင်ရာ လိုက်ဖက်ညီမှုတွေ ဖြစ်ခဲ့တယ်။
ဆိုက်ဘေးရီးယားနဲ့ အာတိတ် အထက်ပိုင်း လူတွေ
လွန်ကဲတဲ့ အအေးမှာ ရှင်ကျန်ဖို့ ပြုပြင်တယ်။
သူတို့ဟာ နှင်းကိုက်နာ ဖြစ်ခဲပြီး
သုညအောက် အေးချိန်တွေမှာ အခြား
လူတွေထက် လက်တွေကို ပိုကြာကြာ
ဆက်လက် အသုံးပြုနိုင်တယ်။
သူတို့ရဲ့ ဆင့်ကဲရွေးချယ်မှု တစ်ခုက
ပိုမြင့်တဲ့ ဇီဝဖြစ်ပျက်မှုနှုန်း ရှိလို့
အပူ ထုတ်လုပ်မှုကို တိုးစေပါတယ်။
တောင်ဘက်ရှိ ပိုဝေးတဲ့ အရှေ့တောင် အာရှက
Bajau လူမျိုးတွေဟာ မီတာ ၇၀ ရေငုပ်နိုင်ပြီး
ရေအောက်မှာ ၁၅ မိနစ်နီးပါး နေနိုင်ကြတယ်။
လှည့်လည်နေထိုင်ကြတဲ့ မုဆိုးတွေအဖြစ်
ပင်လယ်မှာ နှစ်ထောင်ချီကာ နေထိုင်ခဲ့ကြတဲ့
သူတို့တွေမှာ ရေအောက်မှာ ပိုကြာကြာနေဖို့
ထောက်ကူတဲ့ အောက်စီဂျင် သိုလှောင်မှုတွေလို
လုပ်ဆောင်တဲ့ ဗီဇပိုင်းအရ
ထူးခြားစွာကြီးတဲ့ သရက်ရွက်တွေရှိတယ်၊
ရေနက် ငုပ်တဲ့ ပင်လယ်ဖျံတွေရဲ့
ပြုပြင်ပြောင်းလဲမှုနဲ့ ဆင်တူတာမျိုးပါ။
ယှဉ်ကြည်လိုက်ရင် အသက်မပါပုံ
ထင်ရလောက်ပေမဲ့
နို့သောက်နိုင်စွမ်းက ဒီလိုမျိုး
နောက်ထပ် ပြုပြင်ပြောင်းလဲမှုပါ။
နို့တိုက်သတ္တဝါအားလုံဟာ ကလေးတွေ
အဖြစ် မိခင်နို့ကို သောက်နိုင်တယ်။
နို့ဖြတ်ပြီးနောက် နို့ကြေချက်ခွင့်ပေးတဲ့
ဗီဇကို ရပ်စဲပစ်လိုက်တယ်။
ဒါပေမဲ့ နို့အတွက် နွားမတွေကို အသုံးပြုတဲ့
ဆာဟာရ အာဖရိကတိုက်ခွဲ၊အရှေ့နဲ့ အနောက်မြောက်
ဥရောပ အတွင်းက လူစုတွေဟာ DNA မူကွဲတွေမှာ
ရုတ်တရက် တိုးပွားမှုတစ်ခုကို မြင်ရတယ်။
ဒါက လွန်ခဲ့တဲ့ ၇၀၀၀ ကနေ နှစ် ၈၀၀၀ ကျော်
ဗီဇ ပိတ်ခံရမှုကို တားဆီးပေးတယ်။
အနည်းဆုံး ဥရောပမှာ နို့သောက်ခြင်းက
ပုံမှန် ဗိုက်တာဗင် ဒီ လျော့ကျတဲ့
မြောက်ဖက်ကို ရွေ့ခဲ့လို့ ဗီတာမင် D ထုတ်
လုပ်ဖို့ ရင်းမြစ်ဖြစ်တဲ့ နေရောင်ခြည်
လျော့နည်းလာခဲ့လို့ ကယ်လ်ဆီယံ ရင်းမြစ်
တစ်ခု ဖြစ်လာခဲ့လောက်တယ်။
နည်းလမ်းတွေ အမြဲ ရှင်းလင်းခဲ့တာ မဟုတ်ပေမဲ့
ပြောင်းလဲမှုအားလုံးက မျိုးပွားနိုင်တဲ့
အရွယ်အထိ လူတွေ ရှင်ကျန်ခွင့် မြှင့်ခဲ့တယ်။
သဘာဝ ရွေးချယ်မှုရဲ့
မောင်းနှင်အား ဖြစ်ပြီး၊
ဒီဆင့်ကဲဖြစ်စဉ်ဆိုင်ရာ ပြောင်းလဲမှုတွေ
အာလုံးနောက်ကွယ်က တွန်းအားပါ။
တစ်ခါတစ်ရံ ကူးစက်ရောဂါတွေကို တိုက်ဖျက်ရင်း
ကျွန်ုပ်တို့ရဲ့ ဗီဇတွေက ကျွန်ုပ်တို့ကို
သတ်ပစ်နိုင်ချိန်မျိုးမှာ ခေတ်ပေါ် ဆေးဝါး
တွေက ဆင့်ကဲရွေးချယ်ရေး
ဖိအားပေးမှုတွေကို ဖယ်ရှားပစ်လိုက်ပြီး
အသက်ရှင်အောင် ကယ်တင်ပေးကြပါတယ်။
ပဋိဇီဝဆေးတွေ၊ ကာကွယ်ဆေးတွေ၊
သန့်ရှင်းတဲ့ ရေ၊ ကောင်းမွန်တဲ့ မိလ္လာစနစ်
အားလုံးက ဗိဇတွေကြားက ခြားနားမှုတွေကို
အရေးပါမှုကို လျော့နည်းလာစေတယ်။
အလားတူပဲ ကလေးဘဝ ကင်ဆာတွေကို
ကုသပေးနိုင်ခြင်း၊
မိခင်ဆီမှာ ကိုယ်ဝန်ဆောင်မှုနဲ့ ဆက်စပ်နေတဲ့
ရောဂါမျိုး ရှိနေလျှင်၊
ကလေးရဲ့ ရောင်ရမ်းနေတဲ့ အူအတက်တွေကို
ခွဲစိတ်ထုတ်ယူပြီး မွေးပေးနိုင်ခြင်း စတာတွေ
အားလုံးက ဆင့်ကဲရွေးချယ်မှုကို ရပ်စဲပစ်
လိုက်ခြင်းဖြင့် မျိုးဆက်ပွားနိုင်တဲ့
အရွယ်အထိ ရှင်ကျန်ရစ်ခဲ့ကြတဲ့
လူတွေရဲ့ ဦးရေဟာ တိုးတိုးလာနေပါတယ်။
ဒါပေမဲ့ ကမ္ဘာမြေပေါ်က လူတိုင်းမှာ
ခေတ်မီ ဆေးဝါး သုံးခွင့်ရှိတာတောင်
ဒါက လူသား ဆင့်ကဲဖြစ်စဉ်ရဲ့
နိဂုံးကို ညွှန်ပြနေတာ မဟုတ်ဘူး။
အကြောင်းက သဘာဝ ရွေးချယ်ခြင်းအပြင် ဆင့်ကဲ့
ဖြစ်စဉ်ရဲ့ အခြားလက္ခဏာတွေ ရှိလို့ပါ။
ခေတ်မီ ဆေးဝါးက သဘာဝ ရွေးချယ်မှုအရ
ဖြစ်လာရမယ့် ဗီဇ ပြောင်းလဲမှုရဲ့ အစား
ဗီဇဆိုင်ရာ ရွေ့လျားမှု ဆိုတာကို
လုပ်ဆောင်ပေးတာပါ။
ဗီဇ ရွေ့လျားမှုနဲ့အတူ လူဦးရေ တစ်ခုအတွင်းက
ဗီဇခြားနားချက်တွေ ကျပန်း ကွဲပြားနိုင်တယ်။
ဗီဇဆိုင်ရာအဆင့်မှာ ခေတ်မီ ဆေးဝါးက မျိုးကွဲ
မှုကို အမှန်တကယ် တိုးပွားစေလောက်တယ်။
အကြောင်းက ဘေးဖြစ်နိုင်တဲ့ သန္ဓေပြောင်းမှုက
လူတွေကို သတ်မပစ်လို့ ဖယ်ထုတ်မခံခဲ့ရလို့ပါ။
ဒါပေမဲ့ ဒီမူကွဲက လူတွေကြားက ကွဲပြားမှု
တွေကို သိသာတဲ့ (သို့) phenotypic
ပုံစံမျိုးသို့ ပြောင်းလဲသွားမယ်လို့
ပြောရနိုင်ပါ။
သီးခြား ပတ်ဝန်းကျင်တစ်ခုအတွက်
ဗီဇဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေက
အလွန် လျင်မြန်စွာ ပေါ်ပေါက်နိုင်လားဆိုတာ
ကို ဗီဇနဲ့မသက်ဆိုင်တဲ့ ပြပြင်မှုတွေကနေ
သုတေသီတွေလည်း စူးစမ်းနေတယ်။
ဗီဇနဲ့မဆိုင်တဲ့ ပြောင်းလဲခြင်းတွေဆိုပေမဲ့
ဗီဇတချို့ကို ဖော်ပြလား၊ ဘယ်တော့ဆိုတာအထိပါ။
ဒီပြောင်းလဲမှုတွေဟာ ဘဝ
တစ်သက်တာအတွင်း ဖြစ်ပေါ်နိုင်ပြီး
သားသမီးဆီတောင် လက်ဆင့်ကမ်းလောက်ပေမဲ့
အခုထိတော့ ဗီဇနဲ့မသက်ဆိုင်တဲ့ ပြုပြင်ခြင်း
တွေ မျိုးဆက်များစွာအထိ တကယ် ဆက်ရှိကာ
လူဦးရေအကြားမှာ ရေရှည် အပြောင်းအလဲတွေကို
ဖြစ်စေနိုင်လား ဆိုတာကိုတော့
သုတေသီတွေ ဝိရောဓိဖြစ်နေကြတယ်။
လူသား ဆင့်ကဲဖြစ်စဉ်ထဲကို အခြား ထောက်ပံ့
ပေးတဲ့ အချက်တွေလည်း ရှိနိုင်လောက်ပါတယ်။
သဘာဝ ရွေးချယ်မှုရဲ့ အမြန်ဆုံးနဲ့ နောက်ဆုံး
အပြောင်းအလဲတွေနဲ့ ယှဉ်ကြည့်ရင်တောင်
ခေတ်မီ ဆေးဝါးနဲ့ နည်းပညာဟာ
ဆန်းသစ်လွန်းတာမို့လို့
ကျွန်ုပ်တို့ ပစ္စုပ္ပန်က အနာဂတ်ကို ဘယ်လို
ပုံဖော်မှာကို အချိန်ကသာ ပြောနိုင်မှာပါ။