WEBVTT 00:00:00.718 --> 00:00:03.222 ကျွန်မ ၁၄ နှစ် အရွယ်တုန်းက 00:00:03.246 --> 00:00:07.640 ကျွန်မ မိသားစုဟာ အီသီယိုးပီးယားက ညီလေးတွေကို မွေးစားဖို့ စီစဉ်နေခဲ့တယ်။ 00:00:07.664 --> 00:00:09.956 တစ်နေ့တွင် ကျွန်မ အမေက 00:00:09.980 --> 00:00:12.783 "သူတို့ရဲ့ မွေးနေ့ကို တို့ဘယ်လို ထည့်ရေးကြမလဲ" မေးလာတယ်။ 00:00:13.216 --> 00:00:16.152 "သူတို့ မွေးတဲ့နေ့ကို ရေးရမယ်ဟာ ရှင်းနေတဲ့ဟာပဲ။" 00:00:16.176 --> 00:00:17.891 ရယ်စရာကောင်းတဲ့ မေးခွန်းပါပဲ။ 00:00:17.915 --> 00:00:19.553 အဲဒါနဲ့ မေမေ ရှင်းပြတာက၊ 00:00:19.577 --> 00:00:20.825 "ကောင်းပြီ၊ Kristen၊ 00:00:20.849 --> 00:00:23.573 နင့် ညီလေး တစ်ယောက်ဆီမှာမှ မွေးစာရင်းမှ မရှိတာ၊ 00:00:23.597 --> 00:00:26.027 ဒီတော့ သူတို့ မွေးနေ့ကို ဘယ်ရှာလို့ ရနိုင်မလဲ။" 00:00:26.034 --> 00:00:27.853 ကျွန်မ ဘာပြောရမှန်း မသိခဲ့ပါ။ 00:00:27.853 --> 00:00:31.282 ဒီနေ့၊ ၂၀ ကြာသွားတာတောင် ကျွန်မ အဲဒီကိစ္စကို ဆက်ပြီး ကြိုးစားနေရတုန်းပါ၊ 00:00:31.306 --> 00:00:33.409 ကျွန်မညီလေးတွေရဲ့ မွေးစာရင်း မရှိတဲ့ ပြဿနာကို 00:00:33.433 --> 00:00:35.339 ဖြေရှင်းဖို့အစား ကျွန်မဟာ အဲဒီပြဿနာအတွက် 00:00:35.339 --> 00:00:37.448 ယေဘုယျ ဖြေရှင်းနည်းကို ရှာဖို့ အားထုတ်နေတယ်။ 00:00:37.448 --> 00:00:41.099 မွေးစာရင်းဟာ နိုင်ငံတကာရေးရာနဲ့ ဘယ်လိုမှ ဆက်စပ်မှု ရှိနိုင်ပါသလဲ။ 00:00:41.099 --> 00:00:44.733 အဲဒါကို ဖြေကြားနိုင်ဖို့ ကျွန်မတို့ဟာ နိုင်ငံတကာ ဖွံ့ဖြိုးမှုရဲ့ ဇာတ်မြစ်ကို 00:00:44.757 --> 00:00:46.811 လူ့အခွင့်အရေး ကိစ္စကို လေ့လာဖို့ လိုပါတယ်။ 00:00:46.811 --> 00:00:50.306 ဒီလိုနဲ့ ၁၉၄၈ ခုနှစ်မှာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းဟာ 00:00:50.330 --> 00:00:51.783 ပထမဦးဆုံး အကြိမ်အဖြစ် 00:00:51.807 --> 00:00:55.528 နိုင်ငံအားလုံးရှိ ပြည်သူအားလုံးတို့အတွက် လက်ခံကျင့်သုံးရမယ့် 00:00:55.552 --> 00:00:58.633 အခြေခံလူ့အခွင့်အရေးနဲ့ဂုဏ်သိက္ခာများကို သတ်မှတ်ပေးခဲ့ပါတယ်- 00:00:58.657 --> 00:01:03.372 အပိုဒ် ၆၊ ဥပဒေရှေ့မှာ ပုဂ္ဂိုလ်တစ်ဦးအဖြစ် အသိအမှတ်ပြုခြင်းကို ခံယူပိုင်ခွင့်ရှိသည်။ 00:01:03.396 --> 00:01:05.202 တနည်း၊ တရားဝင် သက်သေခံမှု ရှိရပါတယ်။ 00:01:05.226 --> 00:01:07.386 ကလေးတွေအတွက် အဲဒါဟာ မွေးစာရင်းပါ။ 00:01:07.410 --> 00:01:10.235 အဲဒါဟာ အားလုံးနဲ့ဆိုင်တဲ့ လူ့အခွင့်အရေးဖြစ်တာတောင် 00:01:10.259 --> 00:01:14.732 ဒီနေ့တွင် လူတစ်ဘီလီယံတို့ဟာ ဘယ်လိုမှတ်တမ်းမှ မရှိဘဲ နေထိုင်နေကြရတာဟာ 00:01:14.756 --> 00:01:18.496 ကျွန်မတို့ ခေတ်ထဲက အကြီးမားဆုံး လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်နေပါတယ်၊ 00:01:18.520 --> 00:01:20.959 ဒီအကြောင်းကို ဘယ်သူမှ သိကြပုံ မရပါဘူး။ 00:01:21.045 --> 00:01:24.182 ကမ္ဘာပေါ်မှာ ဆင်းရဲမွဲတေမှုနဲ့ ငတ်မွတ်ခေါင်းပါးမှု ရှိနေချိန်မှာ 00:01:24.182 --> 00:01:27.436 ကမ္ဘာပေါ် နေထိုင်သူတိုင်းဆီမှာ တရားဝင် သက်သေခံ လက်မှတ်ရှိရေး ကိစ္စဟာ 00:01:27.460 --> 00:01:28.926 သိပ်အရေးကြီးပုံ မရပေမဲ့ 00:01:28.950 --> 00:01:30.608 အဲဒါဟာ သိပ်အရေးကြီးပါတယ်။ 00:01:30.608 --> 00:01:32.492 ကျွန်မရဲ့ အလုပ် အစောပိုင်းတုန်းက 00:01:32.492 --> 00:01:36.480 ကျွန်မဟာ လူမှုရေးဝန်ထမ်းနဲ့အတူ Mumbai မြို့ထဲက ဆင်းရဲသားရပ်ကွက်မှာ လုပ်ခဲ့ဘူးရာ၊ 00:01:36.480 --> 00:01:39.485 ငယ်စဉ်ကတည်းက ပိုလီယို ရောဂါကြောင့် ခါးအောက်ပိုင်း လေဖြတ်နေခဲ့တဲ့ 00:01:39.509 --> 00:01:43.680 ကလေးမရဲ့ ကိစ္စကို ဆောင်ရွက်ဖို့ ကြိုးစားနေခဲ့ကြတယ်။ 00:01:44.476 --> 00:01:46.447 သူ့အိမ်ကို ကျွန်မတို့ရောက်တော့ 00:01:46.471 --> 00:01:48.248 သူမဟာ ကြမ်းပေါ်မှာ လှဲနေတာ တွေ့ရတယ်။ 00:01:48.272 --> 00:01:51.265 သူ့ခြေထောက်တွေဟာ ကူးစက်ထားတဲ့ အနာတွေနဲ့ သိပ်ကို ဆိုးဝါးနေပြီး 00:01:51.289 --> 00:01:52.878 သူမဟာ အာဟာရချို့တဲ့နေခဲ့တယ်၊ 00:01:52.902 --> 00:01:55.278 သူမဟာ ကျောင်းဆိုလို့ ဘယ်တုန်းကမှ မတက်ခဲ့ရပါ၊ 00:01:55.302 --> 00:01:59.569 သူဟာ မှောင်မည်းနေတဲ့ ဒီအခန်းထဲမှာပဲ တသက်လုံးလိုလို နေထိုင်ခဲ့ပုံရတယ်။ 00:01:59.832 --> 00:02:03.691 သူ့အိမ်က ထွက်လာတော့ ဒီကိစ္စအတွက် ဘယ်လို စီစဉ်မလဲ လူမှုရေးဝန်ထမ်းကို မေးကြည့်တော့ 00:02:03.785 --> 00:02:07.253 သူမက "ကောင်းပြီ၊ ပထမဦးဆုံး သူ့အတွက် မွေးစာရင်း လုပ်ပေးရမယ်"လို့ ဖြေပါတယ်။ 00:02:07.507 --> 00:02:09.374 ကျွန်မ နည်းနည်းလေး ထိတ်လန့်သွားခဲ့တယ်။ 00:02:09.398 --> 00:02:12.184 "နေစမ်းပါဦး၊ သူ့အတွက် လူမှုရေး အကူအညီအချို့ စီစဉ်ပေးဖို့နဲ့ 00:02:12.184 --> 00:02:15.646 ပိုလုံခြုံတဲ့ နေအိမ်၊ ကျောင်းသွားဖို့ စီစဉ် မပေးသင့်ဘူးလား" မေးကြည့်တယ်။ 00:02:15.646 --> 00:02:18.824 "အဲဒါတွေ လုပ်ပေးဖို့အတွက် မွေးစာရင်း ရဖို့ လိုတာပါ" သူမကရှင်းပြတယ်။ 00:02:18.824 --> 00:02:20.721 တရားဝင် အထောက်အထားမရှိရင် 00:02:20.745 --> 00:02:23.278 အဲဒီသူကို အစိုးရက အသိအမှတ် မပြုနိုင်ပါဘူး။ 00:02:23.302 --> 00:02:27.936 တရားဝင်မရှိတဲ့လူဟာ အစိုးရ ဝန်ဆောင်မှုတွေကို မရနိုင်ပါဘူး၊ 00:02:27.960 --> 00:02:30.255 ပြီးတော့ အစိုးရဟာ သိထားတဲ့ လူတွေအတွက်သာ 00:02:30.279 --> 00:02:32.269 ဝန်ဆောင်မှုတွေကို စီစဉ်ပေးနိုင်တာပါ။ 00:02:32.293 --> 00:02:36.902 အဲဒါကြောင့် ပုံမှန်လုပ်ပေးရမယ့် ကာကွယ်ဆေးထိုးမှုထဲ သူတို့ မပါဝင်ကြပါဘူး။ 00:02:36.902 --> 00:02:41.676 တရားဝင် အထောက်အထားမရှိတဲ့ လူတွေကို ထည့်မ တွက်တဲ့ အပြင် ကာကွယ်မှုလည်း မရကြပါဘူး။ 00:02:41.727 --> 00:02:45.045 အဲဒီလို လူတွေဟာ လူ့အဖွဲ့အစည်းထဲက အဆင်းရဲဆုံး သူတွေ ဖြစ်ကြပြီး 00:02:45.069 --> 00:02:47.585 ပထုတ်ခံထားကြရတဲ့ အသိုင်းအဝိုင်းတွေပါ။ 00:02:47.609 --> 00:02:49.628 သူတို့ဟာ လူကုန်ကူးမှုရဲ့ သားကောင်တွေပါ။ 00:02:49.652 --> 00:02:53.705 ဇာတိနေရာမှာတောင် ဘယ်လို မှတ်တမ်းမှာ မရှိခဲ့ဘူး ဆိုတော့ 00:02:53.729 --> 00:02:56.866 အဲဒီလိုလူကို ရှာဖွေမရနိုင်တာကို လူကုန်ကူးသူတွေ သိနားလည်ကြပါတယ်။ 00:02:57.438 --> 00:03:01.223 အသက်ငယ်ငယ်နဲ့ အိမ်ထောင်ပေးခံရပြီး ကလေး လုပ်သား အဖြစ် အသုံးချခံကြရမယ့် သူတွေပါ။ 00:03:01.247 --> 00:03:04.822 မွေးစာရင်းမရှိရင် ကလေးတစ်ဦးဟာ ကလေး ဖြစ်တာကို ဘယ်လို သက်သေထူပြနိုင်မလဲ။ 00:03:04.822 --> 00:03:06.882 သူတို့ဟာ နိုင်ငံမဲ့အဖြစ်ကို ရောက်နေကြတယ်၊ 00:03:06.882 --> 00:03:09.854 နိုင်ငံသားဖြစ်ဖို့ အခြေခံလိုအပ်ချက် ဖြစ်တဲ့ မိဘတွေက ဘယ်သူတွေလဲ 00:03:09.878 --> 00:03:11.057 မွေးရပ်က ဘာလဲ၊ 00:03:11.081 --> 00:03:13.953 ဆိုတာကို မွေးစာရင်းက သက်သေထူပြပေးနိုင်တာပါ။ 00:03:14.242 --> 00:03:18.034 ကမ္ဘာပေါ်မှာ တရားဝင် သက်သေခံမရှိဘဲ နေထိုင်နေကြတဲ့ လူ တစ်ဘီလီယံထဲတွင် 00:03:18.268 --> 00:03:21.783 အများစုက မွေးကတည်းက ဘယ်တုန်းကမှ မှတ်တမ်း မတင်ဖြစ်ခဲ့တဲ့ ကလေးတွေပါ။ 00:03:21.860 --> 00:03:24.034 ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများထဲတွင် 00:03:24.058 --> 00:03:28.335 မွေးကြတဲ့ ကလေး ၆၀ ရာနှုန်းကျော်ကို ဘယ်လိုမှာ မှတ်တမ်း မတင်ခဲ့ကြပါဘူး။ 00:03:28.359 --> 00:03:31.756 ဆာဟာရသဲကန္တာရ တောင်ပိုင်းရှိ ၁၇ နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုက 00:03:31.756 --> 00:03:34.785 ကလေး ၈၀ ရာနှုန်းတို့ထံတွင် မွေးစာရင်းမရှိတာကို တွေ့ခဲ့တယ်။ 00:03:34.785 --> 00:03:38.321 ကလေးတွေ အားလုံးကို မှတ်တမ်းပေးနိုင်စွမ်း မရှိကြတဲ့ နိုင်ငံများအနက် 00:03:38.345 --> 00:03:41.120 ၂၆ နိုင်ငံတို့တွင် ကျန်းမာရေး စောင့်ရှောက်မှု၊ 00:03:41.144 --> 00:03:45.251 ကာကွယ်ဆေး ထိုးမှု အပါအဝင်ကို ရယူခံစားနိုင်ဖို့အတွက် 00:03:45.275 --> 00:03:47.224 မွေးစာရင်းကို ပြသဖို့ လိုအပ်ပါတယ်။ 00:03:47.399 --> 00:03:50.761 ပြီးတော့ ၃၇ နိုင်ငံတို့မှာကျတော့ လူတွေကို ဆင်းရဲမ​ွေတေမှုမှ 00:03:50.975 --> 00:03:53.958 ကယ်တင်ပေးဖို့ လူမှုရေး အကူအညီများအတွက် မွေးစာရင်း လိုပါတယ်။ 00:03:55.226 --> 00:03:59.135 နိုင်ငံပေါင်း ၅၉ နိုင်ငံထဲတွင် ကလေး တစ်ယောက်ကို ကျောင်းမှာ 00:03:59.159 --> 00:04:01.951 စာရင်းသွင်းဖို့နဲ့ ပညာသင်နိုင်ဖို့ မွေးစာရင်း လိုအပ်ပါတယ်။ 00:04:02.883 --> 00:04:06.765 ပြီးတော့ အမျိုးသား ID ဒါမှမဟုတ် နိုင်ငံကူးလက်မှတ်လို တရားဝင် စာရွက်စာတမ်း 00:04:06.789 --> 00:04:09.029 ထုတ်ပေးဖို့အတွက်လည်း မွေးစာရင်း လိုပါတယ်။ 00:04:09.053 --> 00:04:12.586 အဲဒါ့အပြင် မဲပေးဖို့၊ SIM ကတ် ဝယ်ဖို့ ဒါမှမဟုတ် ဘဏ်မှာ ငွေစာရင်းဖွင့်ဖို့ 00:04:12.610 --> 00:04:15.960 နိုင်ငံတိုင်းလိုလိုမှာ တရားဝင် အထောက်အထား ပြသဖို့ လိုအပ်ပါတယ်။ 00:04:15.984 --> 00:04:19.741 တကယ်တော့ ဘဏ်ငွေစာရင်း မရှိကြတဲ့ ကမ္ဘာပေါ်ရှိ လူဦးရေ ၁.၇ ဘီလီယံထဲက 00:04:19.765 --> 00:04:23.195 ၂၀ ရာခိုင်နှုန်းတို့ဟာ တရားဝင် သက်သေခံလက်မှတ် မရှိကြလို့ပါ။ 00:04:23.195 --> 00:04:27.023 ဒီတော့ တစ်ဘီလီယံ အထိရှိကြတဲ့ ဒီလိုလူတွေဟာ ဧရာမ ပြဿနာကြီးဖြစ်တာကို နားလည်ဖို့ 00:04:27.023 --> 00:04:28.529 ပါရဂူတစ်ဦးဖြစ်ဖို့ မလိုပါဘူး။ 00:04:28.529 --> 00:04:31.103 ဒါကြောင့်မို့လို့ လက်တွေ့ အထောက်အထားတွေ ပြသနေကြသလို 00:04:31.104 --> 00:04:33.405 မွေးဖွားမှုကိုမှတ်ပုံတင်မှု တိုးတက်လာရေး ကိစ္စဟာ 00:04:33.405 --> 00:04:36.521 ဆင်းရဲမှု ပပျောက်ရေး အစီအစဉ်တွေကို တိုးတက် ရုပ်လုံးဖေါ်နိုင်မှု၊ 00:04:36.545 --> 00:04:37.951 ကျန်းမာရေး၊ အာဟာရ ပြည့်ဝရေး၊ 00:04:37.975 --> 00:04:40.307 ပညာရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာရေးနဲ့ 00:04:40.307 --> 00:04:42.977 စနစ်တကျနဲ့ လုံခြုံစွာ ရွှေ့ပြောင်းနေထိုင်မှုတို့နဲ့အတူ 00:04:42.977 --> 00:04:46.207 ရုပ်လုံးဖေါ်မှုတို့နဲ့ ခွဲခြားမရအောင် ဆက်စပ်နေတာ အံ့ဩစရာ မဟုတ်ပါဘူး။ 00:04:46.284 --> 00:04:50.945 ၂၀၁၅ ခုနှစ်တွင် ကမ္ဘာ့ခေါင်းဆောင်များ တွေ့ဆုံခဲ့ကြပြီး 00:04:50.945 --> 00:04:54.247 လူမျိုးမရွေး၊ လူသားတစ်ရပ်လုံးရဲ့ လူ့အခွင့်အရေးတွေကို ဖြည့်ဆည်းပေးဖို့ 00:04:54.247 --> 00:04:56.168 ဆင်းရဲမွဲတေမှု၊ ငတ်ပြတ်မှု ပပျောက်ရေးနဲ့ 00:04:56.168 --> 00:04:58.191 မညီမျှမှုတွေ လျော့နည်းလာဖို့ 00:04:58.191 --> 00:04:59.357 အားထုတ်ကြရာတွင် 00:04:59.427 --> 00:05:01.389 ဘယ်သူမှ မကျန်ရစ်စေရပါလို့ ကတိပြုခဲ့ကြတယ်။ 00:05:01.413 --> 00:05:03.888 ထိုသူတွေရဲ့ ဇာတ်မြစ် မူလအစကို သူတို့ မသိကြဘူးဆိုရင် 00:05:03.888 --> 00:05:06.027 ဘယ်သူမှ မကျန်ရစ်ခဲ့တာကို 00:05:06.051 --> 00:05:09.331 သူတို့ဟာ ဘယ်လိုလုပ် သိရှိနိုင်ကြပါလဲလို့ 00:05:09.355 --> 00:05:10.726 မေးစရာ ရှိနေပါတယ်။ 00:05:11.339 --> 00:05:14.392 ဒီတော့ ဒီပြဿနာနဲ့ ပတ်သက်ပြီး နိုင်ငံတွေက ဘာများ လုပ်နိုင်ကြလဲ။ 00:05:14.392 --> 00:05:17.346 နိုင်ငံတိုင်းရဲ့ ဖြစ်စဉ်ဟာ တမူဆီ ကွဲပြားလျက် ထူးခြားနေတော့ 00:05:17.346 --> 00:05:20.611 အားလုံးအတွက် ဖြေရှင်းပေးနိုင်မယ့် တစ်ခုတည်းသော နည်းလမ်း မရှိနိုင်ပါ။ 00:05:20.611 --> 00:05:24.391 ဘယ်စနစ်ကိုမဆို စွက်ဖက်ဖို့ သက်သေထူပြီးသား နည်းငါးနည်း ရှိပါတယ်။ 00:05:24.851 --> 00:05:26.776 နံပါတ်တစ်က အကွာအဝေးကိုလျှော့ချပါ။ 00:05:26.800 --> 00:05:28.665 နှစ်က ကုန်ကျစရိတ်ကို ဖယ်ရှားပစ်ပါ။ 00:05:28.689 --> 00:05:30.561 သုံးက လုပ်ငန်းစဉ် ရိုးရှင်းပါစေ။ 00:05:30.585 --> 00:05:32.699 လေးက ခွဲခြားဆက်ဆံမှုကို ဖယ်ရှားပစ်ပါ။ 00:05:32.723 --> 00:05:34.749 ငါးက တောင်းဆိုချက်ကို မြှင့်တင်ပါ။ 00:05:34.969 --> 00:05:38.010 ကျားမဆိုင်ရာ ခွဲခြားဆက်ဆံမှုဟာ မြင်မရတဲ့ ပြဿနာ ဖြစ်နေတုန်းပါ၊ 00:05:38.392 --> 00:05:40.912 စာရင်းအင်းအရ ကလေးနဲ့ မိန်းကလေးကို မှတ်ပုံတင်မှုဟာ 00:05:41.186 --> 00:05:43.326 ဘယ်လိုမှ ခြားနားချက် မရှိသလိုပါပဲ။ 00:05:43.350 --> 00:05:45.681 ရှိနေတဲ့ ခွဲခြားဆက်ဆံမှု ကလေးနဲ့ မဆိုင်ဘဲ 00:05:45.705 --> 00:05:47.155 မိခင်နဲ့ သက်ဆိုင်နေပါတယ်။ 00:05:47.179 --> 00:05:50.923 ကလေးတစ်ဦးကို မှတ်ပုံတင်ဖို့ ဖခင်အမည် သို့မဟုတ် ကိုယ်တိုင်ရှိနေရန် တောင်းဆိုတဲ့ 00:05:50.947 --> 00:05:54.374 ၃၅ နိုင်ငံများထဲမှာ အင်ဂိုလာလည်း ပါဝင်ခဲ့ပါတယ်။ 00:05:54.398 --> 00:05:58.076 အဲဒါကြောင့်လို့လို့ဖခင်ကို မသိဘူး၊ ဖခင် ဘယ်သူဖြစ်မှန်း 00:05:58.100 --> 00:05:59.995 ဖေါ်ပြမပေးနိုင်ရင်၊ 00:06:00.019 --> 00:06:03.276 မိခင်တို့ဟာ သူတို့ကိုယ်တိုင် မွေးလိုက်တဲ့ ကလေးကိုတောင် 00:06:03.300 --> 00:06:04.506 မှတ်ပုံတင် မရနိုင်ကြပါ။ 00:06:04.559 --> 00:06:07.349 အဲဒီပြဿနာကို ဖြေရှင်းပေးဖို့ အင်ဂိုလာနိုင်ငံဟာ 00:06:07.893 --> 00:06:11.888 မိခင်တို့အား ကလေးကို တစ်ဦးတည်းသော မိဘအဖြစ် မှတ်ပုံတင်ခွင့် မူဝါဒကို ချမှတ်ပေးခဲ့ရတယ်။ 00:06:12.346 --> 00:06:14.379 တန်ဇန်းနီးယားမှာ ၂၀၁၂ ခုနှစ်တွင်၊ 00:06:14.403 --> 00:06:17.189 ကလေး ၁၃ ရာခိုင်နှုန်းဆီမှာ မွေးစာရင်းရှိခဲ့တယ်။ 00:06:17.523 --> 00:06:20.006 အဲဒါနဲ့ အစိုးရဟာ စနစ်သစ်ကို တီထွင်ခဲ့ရတယ်။ 00:06:20.782 --> 00:06:26.109 သူတို့ဟာ ရှိနှင့်နေကြတဲ့ ရပ်ကွက်ထဲရှိ အဆောက်အအုံများနဲ့ 00:06:26.133 --> 00:06:28.019 ကျန်းမာရေး စခန်းလို နေရာမှာ 00:06:28.043 --> 00:06:29.785 မှတ်ပုံတင်ရေး ဌာနကို ထားပေးခဲ့ကြတယ်။ 00:06:29.785 --> 00:06:33.218 သူတို့ဟာ ဝန်ဆောင်မှုကို လိုအပ်တဲ့ ပြည်သူ့တို့ အနားကို ယူဆောင်ပေးခဲ့ကြတယ်။ 00:06:33.218 --> 00:06:34.692 သူတို့ဟာ အခမဲ့ လုပ်ပေးခဲ့ကြတယ်။ 00:06:34.692 --> 00:06:37.833 သူတို့ဟာ ဖြစ်စဉ်ကို ရိုးရှင်းစေပြီး အလိုအလျောက် စနစ်သုံးခဲ့ကြလို့ 00:06:37.833 --> 00:06:40.314 မွေးစာရင်းကို အဲဒီနေရာမှာတင် ထုတ်ပေးနိုင်ခဲ့ပါတယ်။ 00:06:40.314 --> 00:06:43.289 လူတွေ ပိုမိုလာကြဖို့အတွက် သူတို့ဟာ ပြည်သူတွေကို ဆော်​ဪခဲ့ကြပြီး 00:06:43.289 --> 00:06:45.589 မွေးစာရင်းအတွက် လုပ်ငန်းစဉ်အသစ် ရှိနေကြောင်းနဲ့ 00:06:45.663 --> 00:06:49.319 သူတို့ရဲ့ ကလေးတွေကို မှတ်ပုံတင်ရန် ဘာလို့ အရေးကြီးကြောင်း ရှင်းပြခဲ့ကြတယ်။ 00:06:50.282 --> 00:06:54.170 အဲဒီလို စနစ်သစ်ကို ခရိုင်တွေမှာ စကျင့်သုံးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာကို 00:06:54.184 --> 00:06:57.182 ကလေး ၈၃ ရာခိုင်နှုန်းတို့ဟာ မွေးစာရင်း ရှိလာကြပြီး 00:06:57.182 --> 00:07:00.632 သူတို့ဟာ အဲဒီစနစ်ကို တစ်နိုင်ငံလုံးမှာ ကျင့်သုံးဖို့ လုပ်ကိုင်နေကြပါတယ်။ 00:07:00.774 --> 00:07:03.052 ဒီတော့ ရှင်တို့ကကော ဘာများ လုပ်ပေးနိုင်ကြမလဲ။ 00:07:03.162 --> 00:07:06.250 လူသားတွေဖြစ်ကြလို့ ကျွန်မတို့ အားလုံးဟာ စည်းလုံး ညီညွတ်ကြရပါမယ်။ 00:07:06.274 --> 00:07:09.700 ကျွန်မတို့ နေကြတာ ကမ္ဘာရော၊ ရှူကြတဲ့ လေဟာလည်း တစ်ခုတည်းပါ။ 00:07:09.700 --> 00:07:13.650 ကျွန်မတို့ဟာ မွေးဖို့ကို ဒါမှမဟုတ် မွေးခဲ့ ရတဲ့ အခြေအနေကို ရွေးခဲ့ကြတာ မဟုတ်တော့၊ 00:07:13.650 --> 00:07:16.550 ကျွန်မတို့ဟာ ဘယ်လို နေထိုင်ကြမလဲ ဆိုတာကိုသာ ရွေးနိုင်ကြပါတယ်။ 00:07:16.592 --> 00:07:19.891 အပြောင်းအလဲဆိုတာက လူတစ်ယောက် သိရှိနားလည်လာချိန် 00:07:19.915 --> 00:07:21.624 ဒါမှမဟုတ် စိတ်ထဲကလှုံ့ဆော်ချိန်မှာ 00:07:21.648 --> 00:07:23.563 ဖြစ်ပေါ်လာနိုင်ပါတယ်။ 00:07:23.587 --> 00:07:25.440 ကျွန်မတို့ အားလုံးလက်တွဲ လုပ်ဆောင်ကြပါက 00:07:25.464 --> 00:07:29.045 ကျွန်မတို့ဟာ ပြောင်းလဲမှုကို ဖန်တီး နိုင်မယ့် မဟာအင်အားကြီး ဖြစ်လာကြမှာပါ။ 00:07:29.045 --> 00:07:33.097 ဘာမှမလုပ်ဘဲ နေမှုရဲ့ တန်ဖိုးအဖြစ် အပြစ်မဲ့ကြတဲ့ ကလေးတွေ အကာအကွယ်မဲ့လာကြမယ်၊ 00:07:33.121 --> 00:07:35.803 ကာကွယ်ဆေးမထိုးဖြစ်ကြဘူး၊ ကျောင်းကို မသွားနိုင်ကြဘူး၊ 00:07:35.827 --> 00:07:39.696 ကြီးပြင်လာကြလို့ လူကြီးဖြစ်လာချိန်မှာ သင့် တော်တဲ့ အလုပ်မရနိုင်၊ မဲမပေးနိုင်ကြဘူး၊ 00:07:39.696 --> 00:07:44.507 ဆင်းရဲမွဲတေမှု၊ ပထုတ်ခံရမှု၊ မြင်မရမှု ဝဲဂယက်ထဲ နစ်မြုပ်နေကြတယ်ဆိုရင် 00:07:44.507 --> 00:07:46.313 အဲဒါဟာ ကျွန်မတို့ရဲ့ တာဝန်ဖြစ်လာပြီး၊ 00:07:46.337 --> 00:07:48.426 အဲဒီပြဿနာကို အမှောင်ထုထဲမှ ထုတ်ယူပြီး 00:07:48.426 --> 00:07:49.942 အလင်းထဲကို ခေါ်ထုတ်ပေးကြရပါမယ်။ 00:07:50.265 --> 00:07:54.359 ရှင်တို့ဟာ ကမ္ဘာကြီးကို ပြောင်းလဲပစ်ဖို့ အခွင့်အလမ်းကို နေ့စဉ် ရရှိကြတာ မဟုတ်ပါဘူး၊ 00:07:54.383 --> 00:07:55.713 ဒါပေမဲ့ ဒီနေ့တော့၊ 00:07:55.737 --> 00:07:57.468 အဲဒါ ရှင်တို့ရဲ့ လက်ထဲမှာ ရှိနေတယ်။ 00:07:57.674 --> 00:07:59.004 ကျေးဇူးတင်ပါတယ်။ 00:07:59.128 --> 00:08:01.105 (လက်ခုပ်သံများ)