1 00:00:00,718 --> 00:00:03,222 ကျွန်မ ၁၄ နှစ် အရွယ်တုန်းက 2 00:00:03,246 --> 00:00:07,640 ကျွန်မ မိသားစုဟာ အီသီယိုးပီးယားက ညီလေးတွေကို မွေးစားဖို့ စီစဉ်နေခဲ့တယ်။ 3 00:00:07,664 --> 00:00:09,956 တစ်နေ့တွင် ကျွန်မ အမေက 4 00:00:09,980 --> 00:00:12,783 "သူတို့ရဲ့ မွေးနေ့ကို တို့ဘယ်လို ထည့်ရေးကြမလဲ" မေးလာတယ်။ 5 00:00:13,216 --> 00:00:16,152 "သူတို့ မွေးတဲ့နေ့ကို ရေးရမယ်ဟာ ရှင်းနေတဲ့ဟာပဲ။" 6 00:00:16,176 --> 00:00:17,891 ရယ်စရာကောင်းတဲ့ မေးခွန်းပါပဲ။ 7 00:00:17,915 --> 00:00:19,553 အဲဒါနဲ့ မေမေ ရှင်းပြတာက၊ 8 00:00:19,577 --> 00:00:20,825 "ကောင်းပြီ၊ Kristen၊ 9 00:00:20,849 --> 00:00:23,573 နင့် ညီလေး တစ်ယောက်ဆီမှာမှ မွေးစာရင်းမှ မရှိတာ၊ 10 00:00:23,597 --> 00:00:26,027 ဒီတော့ သူတို့ မွေးနေ့ကို ဘယ်ရှာလို့ ရနိုင်မလဲ။" 11 00:00:26,034 --> 00:00:27,853 ကျွန်မ ဘာပြောရမှန်း မသိခဲ့ပါ။ 12 00:00:27,853 --> 00:00:31,282 ဒီနေ့၊ ၂၀ ကြာသွားတာတောင် ကျွန်မ အဲဒီကိစ္စကို ဆက်ပြီး ကြိုးစားနေရတုန်းပါ၊ 13 00:00:31,306 --> 00:00:33,409 ကျွန်မညီလေးတွေရဲ့ မွေးစာရင်း မရှိတဲ့ ပြဿနာကို 14 00:00:33,433 --> 00:00:35,339 ဖြေရှင်းဖို့အစား ကျွန်မဟာ အဲဒီပြဿနာအတွက် 15 00:00:35,339 --> 00:00:37,448 ယေဘုယျ ဖြေရှင်းနည်းကို ရှာဖို့ အားထုတ်နေတယ်။ 16 00:00:37,448 --> 00:00:41,099 မွေးစာရင်းဟာ နိုင်ငံတကာရေးရာနဲ့ ဘယ်လိုမှ ဆက်စပ်မှု ရှိနိုင်ပါသလဲ။ 17 00:00:41,099 --> 00:00:44,733 အဲဒါကို ဖြေကြားနိုင်ဖို့ ကျွန်မတို့ဟာ နိုင်ငံတကာ ဖွံ့ဖြိုးမှုရဲ့ ဇာတ်မြစ်ကို 18 00:00:44,757 --> 00:00:46,811 လူ့အခွင့်အရေး ကိစ္စကို လေ့လာဖို့ လိုပါတယ်။ 19 00:00:46,811 --> 00:00:50,306 ဒီလိုနဲ့ ၁၉၄၈ ခုနှစ်မှာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းဟာ 20 00:00:50,330 --> 00:00:51,783 ပထမဦးဆုံး အကြိမ်အဖြစ် 21 00:00:51,807 --> 00:00:55,528 နိုင်ငံအားလုံးရှိ ပြည်သူအားလုံးတို့အတွက် လက်ခံကျင့်သုံးရမယ့် 22 00:00:55,552 --> 00:00:58,633 အခြေခံလူ့အခွင့်အရေးနဲ့ဂုဏ်သိက္ခာများကို သတ်မှတ်ပေးခဲ့ပါတယ်- 23 00:00:58,657 --> 00:01:03,372 အပိုဒ် ၆၊ ဥပဒေရှေ့မှာ ပုဂ္ဂိုလ်တစ်ဦးအဖြစ် အသိအမှတ်ပြုခြင်းကို ခံယူပိုင်ခွင့်ရှိသည်။ 24 00:01:03,396 --> 00:01:05,202 တနည်း၊ တရားဝင် သက်သေခံမှု ရှိရပါတယ်။ 25 00:01:05,226 --> 00:01:07,386 ကလေးတွေအတွက် အဲဒါဟာ မွေးစာရင်းပါ။ 26 00:01:07,410 --> 00:01:10,235 အဲဒါဟာ အားလုံးနဲ့ဆိုင်တဲ့ လူ့အခွင့်အရေးဖြစ်တာတောင် 27 00:01:10,259 --> 00:01:14,732 ဒီနေ့တွင် လူတစ်ဘီလီယံတို့ဟာ ဘယ်လိုမှတ်တမ်းမှ မရှိဘဲ နေထိုင်နေကြရတာဟာ 28 00:01:14,756 --> 00:01:18,496 ကျွန်မတို့ ခေတ်ထဲက အကြီးမားဆုံး လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်နေပါတယ်၊ 29 00:01:18,520 --> 00:01:20,959 ဒီအကြောင်းကို ဘယ်သူမှ သိကြပုံ မရပါဘူး။ 30 00:01:21,045 --> 00:01:24,182 ကမ္ဘာပေါ်မှာ ဆင်းရဲမွဲတေမှုနဲ့ ငတ်မွတ်ခေါင်းပါးမှု ရှိနေချိန်မှာ 31 00:01:24,182 --> 00:01:27,436 ကမ္ဘာပေါ် နေထိုင်သူတိုင်းဆီမှာ တရားဝင် သက်သေခံ လက်မှတ်ရှိရေး ကိစ္စဟာ 32 00:01:27,460 --> 00:01:28,926 သိပ်အရေးကြီးပုံ မရပေမဲ့ 33 00:01:28,950 --> 00:01:30,608 အဲဒါဟာ သိပ်အရေးကြီးပါတယ်။ 34 00:01:30,608 --> 00:01:32,492 ကျွန်မရဲ့ အလုပ် အစောပိုင်းတုန်းက 35 00:01:32,492 --> 00:01:36,480 ကျွန်မဟာ လူမှုရေးဝန်ထမ်းနဲ့အတူ Mumbai မြို့ထဲက ဆင်းရဲသားရပ်ကွက်မှာ လုပ်ခဲ့ဘူးရာ၊ 36 00:01:36,480 --> 00:01:39,485 ငယ်စဉ်ကတည်းက ပိုလီယို ရောဂါကြောင့် ခါးအောက်ပိုင်း လေဖြတ်နေခဲ့တဲ့ 37 00:01:39,509 --> 00:01:43,680 ကလေးမရဲ့ ကိစ္စကို ဆောင်ရွက်ဖို့ ကြိုးစားနေခဲ့ကြတယ်။ 38 00:01:44,476 --> 00:01:46,447 သူ့အိမ်ကို ကျွန်မတို့ရောက်တော့ 39 00:01:46,471 --> 00:01:48,248 သူမဟာ ကြမ်းပေါ်မှာ လှဲနေတာ တွေ့ရတယ်။ 40 00:01:48,272 --> 00:01:51,265 သူ့ခြေထောက်တွေဟာ ကူးစက်ထားတဲ့ အနာတွေနဲ့ သိပ်ကို ဆိုးဝါးနေပြီး 41 00:01:51,289 --> 00:01:52,878 သူမဟာ အာဟာရချို့တဲ့နေခဲ့တယ်၊ 42 00:01:52,902 --> 00:01:55,278 သူမဟာ ကျောင်းဆိုလို့ ဘယ်တုန်းကမှ မတက်ခဲ့ရပါ၊ 43 00:01:55,302 --> 00:01:59,569 သူဟာ မှောင်မည်းနေတဲ့ ဒီအခန်းထဲမှာပဲ တသက်လုံးလိုလို နေထိုင်ခဲ့ပုံရတယ်။ 44 00:01:59,832 --> 00:02:03,691 သူ့အိမ်က ထွက်လာတော့ ဒီကိစ္စအတွက် ဘယ်လို စီစဉ်မလဲ လူမှုရေးဝန်ထမ်းကို မေးကြည့်တော့ 45 00:02:03,785 --> 00:02:07,253 သူမက "ကောင်းပြီ၊ ပထမဦးဆုံး သူ့အတွက် မွေးစာရင်း လုပ်ပေးရမယ်"လို့ ဖြေပါတယ်။ 46 00:02:07,507 --> 00:02:09,374 ကျွန်မ နည်းနည်းလေး ထိတ်လန့်သွားခဲ့တယ်။ 47 00:02:09,398 --> 00:02:12,184 "နေစမ်းပါဦး၊ သူ့အတွက် လူမှုရေး အကူအညီအချို့ စီစဉ်ပေးဖို့နဲ့ 48 00:02:12,184 --> 00:02:15,646 ပိုလုံခြုံတဲ့ နေအိမ်၊ ကျောင်းသွားဖို့ စီစဉ် မပေးသင့်ဘူးလား" မေးကြည့်တယ်။ 49 00:02:15,646 --> 00:02:18,824 "အဲဒါတွေ လုပ်ပေးဖို့အတွက် မွေးစာရင်း ရဖို့ လိုတာပါ" သူမကရှင်းပြတယ်။ 50 00:02:18,824 --> 00:02:20,721 တရားဝင် အထောက်အထားမရှိရင် 51 00:02:20,745 --> 00:02:23,278 အဲဒီသူကို အစိုးရက အသိအမှတ် မပြုနိုင်ပါဘူး။ 52 00:02:23,302 --> 00:02:27,936 တရားဝင်မရှိတဲ့လူဟာ အစိုးရ ဝန်ဆောင်မှုတွေကို မရနိုင်ပါဘူး၊ 53 00:02:27,960 --> 00:02:30,255 ပြီးတော့ အစိုးရဟာ သိထားတဲ့ လူတွေအတွက်သာ 54 00:02:30,279 --> 00:02:32,269 ဝန်ဆောင်မှုတွေကို စီစဉ်ပေးနိုင်တာပါ။ 55 00:02:32,293 --> 00:02:36,902 အဲဒါကြောင့် ပုံမှန်လုပ်ပေးရမယ့် ကာကွယ်ဆေးထိုးမှုထဲ သူတို့ မပါဝင်ကြပါဘူး။ 56 00:02:36,902 --> 00:02:41,676 တရားဝင် အထောက်အထားမရှိတဲ့ လူတွေကို ထည့်မ တွက်တဲ့ အပြင် ကာကွယ်မှုလည်း မရကြပါဘူး။ 57 00:02:41,727 --> 00:02:45,045 အဲဒီလို လူတွေဟာ လူ့အဖွဲ့အစည်းထဲက အဆင်းရဲဆုံး သူတွေ ဖြစ်ကြပြီး 58 00:02:45,069 --> 00:02:47,585 ပထုတ်ခံထားကြရတဲ့ အသိုင်းအဝိုင်းတွေပါ။ 59 00:02:47,609 --> 00:02:49,628 သူတို့ဟာ လူကုန်ကူးမှုရဲ့ သားကောင်တွေပါ။ 60 00:02:49,652 --> 00:02:53,705 ဇာတိနေရာမှာတောင် ဘယ်လို မှတ်တမ်းမှာ မရှိခဲ့ဘူး ဆိုတော့ 61 00:02:53,729 --> 00:02:56,866 အဲဒီလိုလူကို ရှာဖွေမရနိုင်တာကို လူကုန်ကူးသူတွေ သိနားလည်ကြပါတယ်။ 62 00:02:57,438 --> 00:03:01,223 အသက်ငယ်ငယ်နဲ့ အိမ်ထောင်ပေးခံရပြီး ကလေး လုပ်သား အဖြစ် အသုံးချခံကြရမယ့် သူတွေပါ။ 63 00:03:01,247 --> 00:03:04,822 မွေးစာရင်းမရှိရင် ကလေးတစ်ဦးဟာ ကလေး ဖြစ်တာကို ဘယ်လို သက်သေထူပြနိုင်မလဲ။ 64 00:03:04,822 --> 00:03:06,882 သူတို့ဟာ နိုင်ငံမဲ့အဖြစ်ကို ရောက်နေကြတယ်၊ 65 00:03:06,882 --> 00:03:09,854 နိုင်ငံသားဖြစ်ဖို့ အခြေခံလိုအပ်ချက် ဖြစ်တဲ့ မိဘတွေက ဘယ်သူတွေလဲ 66 00:03:09,878 --> 00:03:11,057 မွေးရပ်က ဘာလဲ၊ 67 00:03:11,081 --> 00:03:13,953 ဆိုတာကို မွေးစာရင်းက သက်သေထူပြပေးနိုင်တာပါ။ 68 00:03:14,242 --> 00:03:18,034 ကမ္ဘာပေါ်မှာ တရားဝင် သက်သေခံမရှိဘဲ နေထိုင်နေကြတဲ့ လူ တစ်ဘီလီယံထဲတွင် 69 00:03:18,268 --> 00:03:21,783 အများစုက မွေးကတည်းက ဘယ်တုန်းကမှ မှတ်တမ်း မတင်ဖြစ်ခဲ့တဲ့ ကလေးတွေပါ။ 70 00:03:21,860 --> 00:03:24,034 ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများထဲတွင် 71 00:03:24,058 --> 00:03:28,335 မွေးကြတဲ့ ကလေး ၆၀ ရာနှုန်းကျော်ကို ဘယ်လိုမှာ မှတ်တမ်း မတင်ခဲ့ကြပါဘူး။ 72 00:03:28,359 --> 00:03:31,756 ဆာဟာရသဲကန္တာရ တောင်ပိုင်းရှိ ၁၇ နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုက 73 00:03:31,756 --> 00:03:34,785 ကလေး ၈၀ ရာနှုန်းတို့ထံတွင် မွေးစာရင်းမရှိတာကို တွေ့ခဲ့တယ်။ 74 00:03:34,785 --> 00:03:38,321 ကလေးတွေ အားလုံးကို မှတ်တမ်းပေးနိုင်စွမ်း မရှိကြတဲ့ နိုင်ငံများအနက် 75 00:03:38,345 --> 00:03:41,120 ၂၆ နိုင်ငံတို့တွင် ကျန်းမာရေး စောင့်ရှောက်မှု၊ 76 00:03:41,144 --> 00:03:45,251 ကာကွယ်ဆေး ထိုးမှု အပါအဝင်ကို ရယူခံစားနိုင်ဖို့အတွက် 77 00:03:45,275 --> 00:03:47,224 မွေးစာရင်းကို ပြသဖို့ လိုအပ်ပါတယ်။ 78 00:03:47,399 --> 00:03:50,761 ပြီးတော့ ၃၇ နိုင်ငံတို့မှာကျတော့ လူတွေကို ဆင်းရဲမ​ွေတေမှုမှ 79 00:03:50,975 --> 00:03:53,958 ကယ်တင်ပေးဖို့ လူမှုရေး အကူအညီများအတွက် မွေးစာရင်း လိုပါတယ်။ 80 00:03:55,226 --> 00:03:59,135 နိုင်ငံပေါင်း ၅၉ နိုင်ငံထဲတွင် ကလေး တစ်ယောက်ကို ကျောင်းမှာ 81 00:03:59,159 --> 00:04:01,951 စာရင်းသွင်းဖို့နဲ့ ပညာသင်နိုင်ဖို့ မွေးစာရင်း လိုအပ်ပါတယ်။ 82 00:04:02,883 --> 00:04:06,765 ပြီးတော့ အမျိုးသား ID ဒါမှမဟုတ် နိုင်ငံကူးလက်မှတ်လို တရားဝင် စာရွက်စာတမ်း 83 00:04:06,789 --> 00:04:09,029 ထုတ်ပေးဖို့အတွက်လည်း မွေးစာရင်း လိုပါတယ်။ 84 00:04:09,053 --> 00:04:12,586 အဲဒါ့အပြင် မဲပေးဖို့၊ SIM ကတ် ဝယ်ဖို့ ဒါမှမဟုတ် ဘဏ်မှာ ငွေစာရင်းဖွင့်ဖို့ 85 00:04:12,610 --> 00:04:15,960 နိုင်ငံတိုင်းလိုလိုမှာ တရားဝင် အထောက်အထား ပြသဖို့ လိုအပ်ပါတယ်။ 86 00:04:15,984 --> 00:04:19,741 တကယ်တော့ ဘဏ်ငွေစာရင်း မရှိကြတဲ့ ကမ္ဘာပေါ်ရှိ လူဦးရေ ၁.၇ ဘီလီယံထဲက 87 00:04:19,765 --> 00:04:23,195 ၂၀ ရာခိုင်နှုန်းတို့ဟာ တရားဝင် သက်သေခံလက်မှတ် မရှိကြလို့ပါ။ 88 00:04:23,195 --> 00:04:27,023 ဒီတော့ တစ်ဘီလီယံ အထိရှိကြတဲ့ ဒီလိုလူတွေဟာ ဧရာမ ပြဿနာကြီးဖြစ်တာကို နားလည်ဖို့ 89 00:04:27,023 --> 00:04:28,529 ပါရဂူတစ်ဦးဖြစ်ဖို့ မလိုပါဘူး။ 90 00:04:28,529 --> 00:04:31,103 ဒါကြောင့်မို့လို့ လက်တွေ့ အထောက်အထားတွေ ပြသနေကြသလို 91 00:04:31,104 --> 00:04:33,405 မွေးဖွားမှုကိုမှတ်ပုံတင်မှု တိုးတက်လာရေး ကိစ္စဟာ 92 00:04:33,405 --> 00:04:36,521 ဆင်းရဲမှု ပပျောက်ရေး အစီအစဉ်တွေကို တိုးတက် ရုပ်လုံးဖေါ်နိုင်မှု၊ 93 00:04:36,545 --> 00:04:37,951 ကျန်းမာရေး၊ အာဟာရ ပြည့်ဝရေး၊ 94 00:04:37,975 --> 00:04:40,307 ပညာရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာရေးနဲ့ 95 00:04:40,307 --> 00:04:42,977 စနစ်တကျနဲ့ လုံခြုံစွာ ရွှေ့ပြောင်းနေထိုင်မှုတို့နဲ့အတူ 96 00:04:42,977 --> 00:04:46,207 ရုပ်လုံးဖေါ်မှုတို့နဲ့ ခွဲခြားမရအောင် ဆက်စပ်နေတာ အံ့ဩစရာ မဟုတ်ပါဘူး။ 97 00:04:46,284 --> 00:04:50,945 ၂၀၁၅ ခုနှစ်တွင် ကမ္ဘာ့ခေါင်းဆောင်များ တွေ့ဆုံခဲ့ကြပြီး 98 00:04:50,945 --> 00:04:54,247 လူမျိုးမရွေး၊ လူသားတစ်ရပ်လုံးရဲ့ လူ့အခွင့်အရေးတွေကို ဖြည့်ဆည်းပေးဖို့ 99 00:04:54,247 --> 00:04:56,168 ဆင်းရဲမွဲတေမှု၊ ငတ်ပြတ်မှု ပပျောက်ရေးနဲ့ 100 00:04:56,168 --> 00:04:58,191 မညီမျှမှုတွေ လျော့နည်းလာဖို့ 101 00:04:58,191 --> 00:04:59,357 အားထုတ်ကြရာတွင် 102 00:04:59,427 --> 00:05:01,389 ဘယ်သူမှ မကျန်ရစ်စေရပါလို့ ကတိပြုခဲ့ကြတယ်။ 103 00:05:01,413 --> 00:05:03,888 ထိုသူတွေရဲ့ ဇာတ်မြစ် မူလအစကို သူတို့ မသိကြဘူးဆိုရင် 104 00:05:03,888 --> 00:05:06,027 ဘယ်သူမှ မကျန်ရစ်ခဲ့တာကို 105 00:05:06,051 --> 00:05:09,331 သူတို့ဟာ ဘယ်လိုလုပ် သိရှိနိုင်ကြပါလဲလို့ 106 00:05:09,355 --> 00:05:10,726 မေးစရာ ရှိနေပါတယ်။ 107 00:05:11,339 --> 00:05:14,392 ဒီတော့ ဒီပြဿနာနဲ့ ပတ်သက်ပြီး နိုင်ငံတွေက ဘာများ လုပ်နိုင်ကြလဲ။ 108 00:05:14,392 --> 00:05:17,346 နိုင်ငံတိုင်းရဲ့ ဖြစ်စဉ်ဟာ တမူဆီ ကွဲပြားလျက် ထူးခြားနေတော့ 109 00:05:17,346 --> 00:05:20,611 အားလုံးအတွက် ဖြေရှင်းပေးနိုင်မယ့် တစ်ခုတည်းသော နည်းလမ်း မရှိနိုင်ပါ။ 110 00:05:20,611 --> 00:05:24,391 ဘယ်စနစ်ကိုမဆို စွက်ဖက်ဖို့ သက်သေထူပြီးသား နည်းငါးနည်း ရှိပါတယ်။ 111 00:05:24,851 --> 00:05:26,776 နံပါတ်တစ်က အကွာအဝေးကိုလျှော့ချပါ။ 112 00:05:26,800 --> 00:05:28,665 နှစ်က ကုန်ကျစရိတ်ကို ဖယ်ရှားပစ်ပါ။ 113 00:05:28,689 --> 00:05:30,561 သုံးက လုပ်ငန်းစဉ် ရိုးရှင်းပါစေ။ 114 00:05:30,585 --> 00:05:32,699 လေးက ခွဲခြားဆက်ဆံမှုကို ဖယ်ရှားပစ်ပါ။ 115 00:05:32,723 --> 00:05:34,749 ငါးက တောင်းဆိုချက်ကို မြှင့်တင်ပါ။ 116 00:05:34,969 --> 00:05:38,010 ကျားမဆိုင်ရာ ခွဲခြားဆက်ဆံမှုဟာ မြင်မရတဲ့ ပြဿနာ ဖြစ်နေတုန်းပါ၊ 117 00:05:38,392 --> 00:05:40,912 စာရင်းအင်းအရ ကလေးနဲ့ မိန်းကလေးကို မှတ်ပုံတင်မှုဟာ 118 00:05:41,186 --> 00:05:43,326 ဘယ်လိုမှ ခြားနားချက် မရှိသလိုပါပဲ။ 119 00:05:43,350 --> 00:05:45,681 ရှိနေတဲ့ ခွဲခြားဆက်ဆံမှု ကလေးနဲ့ မဆိုင်ဘဲ 120 00:05:45,705 --> 00:05:47,155 မိခင်နဲ့ သက်ဆိုင်နေပါတယ်။ 121 00:05:47,179 --> 00:05:50,923 ကလေးတစ်ဦးကို မှတ်ပုံတင်ဖို့ ဖခင်အမည် သို့မဟုတ် ကိုယ်တိုင်ရှိနေရန် တောင်းဆိုတဲ့ 122 00:05:50,947 --> 00:05:54,374 ၃၅ နိုင်ငံများထဲမှာ အင်ဂိုလာလည်း ပါဝင်ခဲ့ပါတယ်။ 123 00:05:54,398 --> 00:05:58,076 အဲဒါကြောင့်လို့လို့ဖခင်ကို မသိဘူး၊ ဖခင် ဘယ်သူဖြစ်မှန်း 124 00:05:58,100 --> 00:05:59,995 ဖေါ်ပြမပေးနိုင်ရင်၊ 125 00:06:00,019 --> 00:06:03,276 မိခင်တို့ဟာ သူတို့ကိုယ်တိုင် မွေးလိုက်တဲ့ ကလေးကိုတောင် 126 00:06:03,300 --> 00:06:04,506 မှတ်ပုံတင် မရနိုင်ကြပါ။ 127 00:06:04,559 --> 00:06:07,349 အဲဒီပြဿနာကို ဖြေရှင်းပေးဖို့ အင်ဂိုလာနိုင်ငံဟာ 128 00:06:07,893 --> 00:06:11,888 မိခင်တို့အား ကလေးကို တစ်ဦးတည်းသော မိဘအဖြစ် မှတ်ပုံတင်ခွင့် မူဝါဒကို ချမှတ်ပေးခဲ့ရတယ်။ 129 00:06:12,346 --> 00:06:14,379 တန်ဇန်းနီးယားမှာ ၂၀၁၂ ခုနှစ်တွင်၊ 130 00:06:14,403 --> 00:06:17,189 ကလေး ၁၃ ရာခိုင်နှုန်းဆီမှာ မွေးစာရင်းရှိခဲ့တယ်။ 131 00:06:17,523 --> 00:06:20,006 အဲဒါနဲ့ အစိုးရဟာ စနစ်သစ်ကို တီထွင်ခဲ့ရတယ်။ 132 00:06:20,782 --> 00:06:26,109 သူတို့ဟာ ရှိနှင့်နေကြတဲ့ ရပ်ကွက်ထဲရှိ အဆောက်အအုံများနဲ့ 133 00:06:26,133 --> 00:06:28,019 ကျန်းမာရေး စခန်းလို နေရာမှာ 134 00:06:28,043 --> 00:06:29,785 မှတ်ပုံတင်ရေး ဌာနကို ထားပေးခဲ့ကြတယ်။ 135 00:06:29,785 --> 00:06:33,218 သူတို့ဟာ ဝန်ဆောင်မှုကို လိုအပ်တဲ့ ပြည်သူ့တို့ အနားကို ယူဆောင်ပေးခဲ့ကြတယ်။ 136 00:06:33,218 --> 00:06:34,692 သူတို့ဟာ အခမဲ့ လုပ်ပေးခဲ့ကြတယ်။ 137 00:06:34,692 --> 00:06:37,833 သူတို့ဟာ ဖြစ်စဉ်ကို ရိုးရှင်းစေပြီး အလိုအလျောက် စနစ်သုံးခဲ့ကြလို့ 138 00:06:37,833 --> 00:06:40,314 မွေးစာရင်းကို အဲဒီနေရာမှာတင် ထုတ်ပေးနိုင်ခဲ့ပါတယ်။ 139 00:06:40,314 --> 00:06:43,289 လူတွေ ပိုမိုလာကြဖို့အတွက် သူတို့ဟာ ပြည်သူတွေကို ဆော်​ဪခဲ့ကြပြီး 140 00:06:43,289 --> 00:06:45,589 မွေးစာရင်းအတွက် လုပ်ငန်းစဉ်အသစ် ရှိနေကြောင်းနဲ့ 141 00:06:45,663 --> 00:06:49,319 သူတို့ရဲ့ ကလေးတွေကို မှတ်ပုံတင်ရန် ဘာလို့ အရေးကြီးကြောင်း ရှင်းပြခဲ့ကြတယ်။ 142 00:06:50,282 --> 00:06:54,170 အဲဒီလို စနစ်သစ်ကို ခရိုင်တွေမှာ စကျင့်သုံးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာကို 143 00:06:54,184 --> 00:06:57,182 ကလေး ၈၃ ရာခိုင်နှုန်းတို့ဟာ မွေးစာရင်း ရှိလာကြပြီး 144 00:06:57,182 --> 00:07:00,632 သူတို့ဟာ အဲဒီစနစ်ကို တစ်နိုင်ငံလုံးမှာ ကျင့်သုံးဖို့ လုပ်ကိုင်နေကြပါတယ်။ 145 00:07:00,774 --> 00:07:03,052 ဒီတော့ ရှင်တို့ကကော ဘာများ လုပ်ပေးနိုင်ကြမလဲ။ 146 00:07:03,162 --> 00:07:06,250 လူသားတွေဖြစ်ကြလို့ ကျွန်မတို့ အားလုံးဟာ စည်းလုံး ညီညွတ်ကြရပါမယ်။ 147 00:07:06,274 --> 00:07:09,700 ကျွန်မတို့ နေကြတာ ကမ္ဘာရော၊ ရှူကြတဲ့ လေဟာလည်း တစ်ခုတည်းပါ။ 148 00:07:09,700 --> 00:07:13,650 ကျွန်မတို့ဟာ မွေးဖို့ကို ဒါမှမဟုတ် မွေးခဲ့ ရတဲ့ အခြေအနေကို ရွေးခဲ့ကြတာ မဟုတ်တော့၊ 149 00:07:13,650 --> 00:07:16,550 ကျွန်မတို့ဟာ ဘယ်လို နေထိုင်ကြမလဲ ဆိုတာကိုသာ ရွေးနိုင်ကြပါတယ်။ 150 00:07:16,592 --> 00:07:19,891 အပြောင်းအလဲဆိုတာက လူတစ်ယောက် သိရှိနားလည်လာချိန် 151 00:07:19,915 --> 00:07:21,624 ဒါမှမဟုတ် စိတ်ထဲကလှုံ့ဆော်ချိန်မှာ 152 00:07:21,648 --> 00:07:23,563 ဖြစ်ပေါ်လာနိုင်ပါတယ်။ 153 00:07:23,587 --> 00:07:25,440 ကျွန်မတို့ အားလုံးလက်တွဲ လုပ်ဆောင်ကြပါက 154 00:07:25,464 --> 00:07:29,045 ကျွန်မတို့ဟာ ပြောင်းလဲမှုကို ဖန်တီး နိုင်မယ့် မဟာအင်အားကြီး ဖြစ်လာကြမှာပါ။ 155 00:07:29,045 --> 00:07:33,097 ဘာမှမလုပ်ဘဲ နေမှုရဲ့ တန်ဖိုးအဖြစ် အပြစ်မဲ့ကြတဲ့ ကလေးတွေ အကာအကွယ်မဲ့လာကြမယ်၊ 156 00:07:33,121 --> 00:07:35,803 ကာကွယ်ဆေးမထိုးဖြစ်ကြဘူး၊ ကျောင်းကို မသွားနိုင်ကြဘူး၊ 157 00:07:35,827 --> 00:07:39,696 ကြီးပြင်လာကြလို့ လူကြီးဖြစ်လာချိန်မှာ သင့် တော်တဲ့ အလုပ်မရနိုင်၊ မဲမပေးနိုင်ကြဘူး၊ 158 00:07:39,696 --> 00:07:44,507 ဆင်းရဲမွဲတေမှု၊ ပထုတ်ခံရမှု၊ မြင်မရမှု ဝဲဂယက်ထဲ နစ်မြုပ်နေကြတယ်ဆိုရင် 159 00:07:44,507 --> 00:07:46,313 အဲဒါဟာ ကျွန်မတို့ရဲ့ တာဝန်ဖြစ်လာပြီး၊ 160 00:07:46,337 --> 00:07:48,426 အဲဒီပြဿနာကို အမှောင်ထုထဲမှ ထုတ်ယူပြီး 161 00:07:48,426 --> 00:07:49,942 အလင်းထဲကို ခေါ်ထုတ်ပေးကြရပါမယ်။ 162 00:07:50,265 --> 00:07:54,359 ရှင်တို့ဟာ ကမ္ဘာကြီးကို ပြောင်းလဲပစ်ဖို့ အခွင့်အလမ်းကို နေ့စဉ် ရရှိကြတာ မဟုတ်ပါဘူး၊ 163 00:07:54,383 --> 00:07:55,713 ဒါပေမဲ့ ဒီနေ့တော့၊ 164 00:07:55,737 --> 00:07:57,468 အဲဒါ ရှင်တို့ရဲ့ လက်ထဲမှာ ရှိနေတယ်။ 165 00:07:57,674 --> 00:07:59,004 ကျေးဇူးတင်ပါတယ်။ 166 00:07:59,128 --> 00:08:01,105 (လက်ခုပ်သံများ)