[Script Info] Title: [Events] Format: Layer, Start, End, Style, Name, MarginL, MarginR, MarginV, Effect, Text Dialogue: 0,0:00:00.00,0:00:03.00,Default,,0000,0000,0000,,ကျွန်တော့်အတွက်တော့ ဒါဖြစ်စဉ်ဟာ အခုလို အလုပ်အကိုင် ကမောက်ကမနဲ့ မတည်ငြိမ်ချိန်မျိုးမှာ ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ Dialogue: 0,0:00:03.00,0:00:05.00,Default,,0000,0000,0000,,များသောအားဖြင့် တနင်္ဂနွေ ညနေ၊ Dialogue: 0,0:00:05.00,0:00:07.00,Default,,0000,0000,0000,,နေဝင်လုဆဲဆဲ အချိန်မျိုးလေးမှာပေါ့၊ Dialogue: 0,0:00:07.00,0:00:10.00,Default,,0000,0000,0000,,ကျွန်တော်စံထားတဲ့ မျှော်လင့်ချက်နဲ့ Dialogue: 0,0:00:10.00,0:00:14.00,Default,,0000,0000,0000,,တကယ်ဖြစ်ပျက်နေတဲ့ အခြေအနေရဲ့ ကွာဟမှုပမာဏဟာ ကြေကွဲဖွယ်ကောင်းလောက်အောင်ကို များလာတဲ့အခါမျိုးမှာဆို Dialogue: 0,0:00:14.00,0:00:17.00,Default,,0000,0000,0000,,မျက်နှာကိုခေါင်းအုံးအပ်ပြီး ငိုရတော့တာပါပဲ။ Dialogue: 0,0:00:17.00,0:00:19.00,Default,,0000,0000,0000,,ကျွန်တော် ဒါတွေကို ပြောပြနေတာဟာ Dialogue: 0,0:00:19.00,0:00:22.00,Default,,0000,0000,0000,,ကျွန်တော် ဒါတွေကို ပြောပြနေတာဟာ ဘာကြောင့်လည်းဆိုတော့ ဒီလိုဖြစ်စဉ်မျိုးဟာ လူတဦးတည်းတယောက်တည်းနဲ့ သက်ဆိုင်တဲ့ ပြဿနာ မဟုတ်လို့ပါပဲ။ Dialogue: 0,0:00:22.00,0:00:24.00,Default,,0000,0000,0000,,ကျွန်တော်ပြောတာမှားတယ်လို့ ခင်ဗျား ထင်ချင်ထင်မယ်၊ Dialogue: 0,0:00:24.00,0:00:26.00,Default,,0000,0000,0000,,ဒါပေမယ့် ကျွန်တော်တို့နေထိုင်တဲ့ ရာစုမှာ ကျွန်တော်တို့ရဲ့ဘဝတွေဟာ Dialogue: 0,0:00:26.00,0:00:28.00,Default,,0000,0000,0000,,အလုပ်အကိုင် မတည်ငြိမ်မှုတွေရဲ့ တည်းဖြတ်ခြင်းကို ခံရရုံသာမက Dialogue: 0,0:00:28.00,0:00:30.00,Default,,0000,0000,0000,,သေသေချာချာနားလည်တယ်လို့ ထင်ထားခဲ့တဲ့ Dialogue: 0,0:00:30.00,0:00:32.00,Default,,0000,0000,0000,,ကျွန်တော်တို့ရဲ့ ဘဝတွေ၊ အလုပ်အကိုင်တွေဟာ Dialogue: 0,0:00:32.00,0:00:36.00,Default,,0000,0000,0000,,အင်မတန် စိုးရိမ်စရာ ကောင်းလောက်တဲ့ အဖြစ်မှန်နဲ့ နဖူးတွေ့ဒူးတွေ့ ကြုံနေကြရတယ်နော်။ Dialogue: 0,0:00:36.00,0:00:39.00,Default,,0000,0000,0000,,ဒီလိုအခြေအနေမှာ ကြီးပွားတဲ့ဘဝကို အလွယ်တကူနဲ့ ရနိုင်သလို၊ Dialogue: 0,0:00:39.00,0:00:42.00,Default,,0000,0000,0000,,အရင်ကထက်ပိုပြီး Dialogue: 0,0:00:42.00,0:00:45.00,Default,,0000,0000,0000,,တည်ငြိမ်မှု၊ အလုပ်အကိုင်နဲ့ပတ်သက်တဲ့ စိတ်ဖိစီးမှု ပြေလျော့မှုနိုင်မှုတွေ ပိုနည်းပါးသွားတတ်ပါတယ်။ Dialogue: 0,0:00:45.00,0:00:47.00,Default,,0000,0000,0000,,ကျွန်တော့်ကို ခွင့်ပြုမယ်ဆိုရင် Dialogue: 0,0:00:47.00,0:00:49.00,Default,,0000,0000,0000,,တချို့အကြောင်းအရာတွေကို စမ်းစစ်ကြည့်ချင်ပါတယ်။ ဘာကြောင့် Dialogue: 0,0:00:49.00,0:00:52.00,Default,,0000,0000,0000,,ကျွန်တော်တို့ဟာ အလုပ်အကိုင်နဲ့ပတ်သက်ပြီး စိတ်ဖိစီးမှုတွေ ဖြစ်နေရသလည်း ဆိုတာကိုပေါ့။ Dialogue: 0,0:00:52.00,0:00:54.00,Default,,0000,0000,0000,,ဘာ့ကြောင့် ကျွန်တော်တို့ဟာ ဒီ အလုပ်အကိုင် ကမောက်ကမဖြစ်စဉ်တွေရဲ့ သားကောင်ဖြစ်ကြရတာလည်း ဆိုတာကို Dialogue: 0,0:00:54.00,0:00:58.00,Default,,0000,0000,0000,,ခေါင်းအုံးပေါ် ပါးအပ်ငိုကြွေးရင်းနဲ့ မေးခွန်းထုတ်ကြမယ်လေ။ Dialogue: 0,0:00:58.00,0:01:01.00,Default,,0000,0000,0000,,ကျွန်တော်တို့ဘာလို့ ခံစားနေရလည်းဆိုတာရဲ့ အကြောင်းတရပ်ကတော့ Dialogue: 0,0:01:01.00,0:01:03.00,Default,,0000,0000,0000,,ကျွန်တော်တို့ဟာ ကိန်းခမ်းကြီးတဲ့သူတွေကြားထဲ ရောက်နေလို့ပါပဲ။ Dialogue: 0,0:01:03.00,0:01:06.00,Default,,0000,0000,0000,,ဒါနဲ့ ကျွန်တော့မှာ သတင်းဆိုးတွေ ရှိနေတယ်နော်။ Dialogue: 0,0:01:06.00,0:01:09.00,Default,,0000,0000,0000,,အထူးသဖြင့် ပြည်ပကနေ အောက်စဖို့ဒ်မြို့ကို လာတဲ့သူတွေ အတွက်ပေါ့။ Dialogue: 0,0:01:09.00,0:01:11.00,Default,,0000,0000,0000,,ကိန်းခမ်းကြီးတာဟာ တကယ့်ကိုကြီးမားတဲ့ ပြဿနာပါ။ Dialogue: 0,0:01:11.00,0:01:13.00,Default,,0000,0000,0000,,ဘာလို့လည်းဆိုတော့ တခါတလေ U.Kနိုင်ငံ အပြင်ကလူတွေက Dialogue: 0,0:01:13.00,0:01:15.00,Default,,0000,0000,0000,,ထင်ကြတယ်၊ ကြီးကျယ်တာဟာ U.K. နိုင်ငံရဲ့ Dialogue: 0,0:01:15.00,0:01:18.00,Default,,0000,0000,0000,,အိမ်ကြီးအိမ်ကောင်းတွေ၊ ဘွဲ့တံဆိပ်တွေပေါ် အမှီသဟဲပြုပြီး ဖြစ်လာတဲ့ ပြယုဂ်တခုလို့။ Dialogue: 0,0:01:18.00,0:01:20.00,Default,,0000,0000,0000,,ကျွန်တော့်မှာပါတဲ့ သတင်းဆိုးအရကတော့ အဲဒါက မမှန်ပါဘူးတဲ့။ Dialogue: 0,0:01:20.00,0:01:22.00,Default,,0000,0000,0000,,ကိန်းခမ်းကြီးတာဟာ ကမ္ဘာတဝှမ်းမှာဖြစ်နေတဲ့ ဖြစ်စဉ်တခုပါ။ Dialogue: 0,0:01:22.00,0:01:24.00,Default,,0000,0000,0000,,ကျွန်တော်တို့ဟာ ကမ္ဘာ့အဖွဲ့စည်းတရပ်ပါ။ ဒါဟာ ကမ္ဘာ့ဖြစ်စဉ်တခုပါ။ Dialogue: 0,0:01:24.00,0:01:26.00,Default,,0000,0000,0000,,ဒါဟာတကယ်ရှိပါတယ်။ ကိန်းခမ်းကြီးတယ်ဆိုတာဘာလဲ။ Dialogue: 0,0:01:26.00,0:01:29.00,Default,,0000,0000,0000,,ကိန်းခမ်းကြီးတဲ့သူဆိုတာ ခင်ဗျားဆီကသေးငယ်တဲ့ အစိတ်အပိုင်းတခုကို ရယူသွားတဲ့သူ ဘယ်သူမဆိုဖြစ်နိုင်ပြီး Dialogue: 0,0:01:29.00,0:01:32.00,Default,,0000,0000,0000,,အဲဒီ အစိတ်အပိုင်းကိုကြည့်ပြီး သင်ဘယ်သူလည်းဆိုတာကို အပြည့်အဝမြင်ဖို့ အသုံးချတဲ့သူဖြစ်တယ်။ Dialogue: 0,0:01:32.00,0:01:34.00,Default,,0000,0000,0000,,အဲဒါဟာ ကိန်းခမ်းကြီးတာပဲ။ Dialogue: 0,0:01:34.00,0:01:36.00,Default,,0000,0000,0000,,ဒီကနေ့မှာ ဖြစ်ပေါ်ကြီးစိုးနေတဲဲ့ ကိန်းခမ်းကြီးခြင်း Dialogue: 0,0:01:36.00,0:01:38.00,Default,,0000,0000,0000,,ကတော့ အလုပ်အကိုင်ဆိုင်ရာ ကိန်းခမ်းကြီးခြင်းပဲ ဖြစ်ပါတယ်။ Dialogue: 0,0:01:38.00,0:01:40.00,Default,,0000,0000,0000,,ပါတီသွားတဲ့ တခဏအတွင်းမှာ ခင်ဗျားဒါကို ကြံုတွေ့လိမ့်မယ်။ Dialogue: 0,0:01:40.00,0:01:43.00,Default,,0000,0000,0000,,တကယ်လို့ ခင်ဗျားကို ၂၁ရာစုမှာ မေးလေ့မေးထရှိတဲ့ မေးခွန်းတခု Dialogue: 0,0:01:43.00,0:01:46.00,Default,,0000,0000,0000,,ဖြစ်တဲ့ "ခင်ဗျား ဘာအလုပ်လုပ်သလဲ" ဆိုတဲ့ မေးခွန်းမေးပြီ ဆိုပါစို့။ Dialogue: 0,0:01:46.00,0:01:48.00,Default,,0000,0000,0000,,ပြီးတော့ ခင်ဗျား အဲဒီမေးခွန်းကို ဘယ်လိုဖြေလည်းဆိုတဲ့ အပေါ် မူတည်ပြီး Dialogue: 0,0:01:48.00,0:01:50.00,Default,,0000,0000,0000,,လူတွေက ခင်ဗျားကို အံသြစရာကောင်းလောက်အောင် ခင်ချင်ခင်သွားနိုင်သလို Dialogue: 0,0:01:50.00,0:01:52.00,Default,,0000,0000,0000,,သူတို့နာရီကို ငုံ့ကြည့်မယ်၊ သွားစရာရှိတယ်လို့ ဆင်ခြေပေးပြီး လစ်ထွက်သွားနိုင်ပါတယ်။ Dialogue: 0,0:01:52.00,0:01:53.00,Default,,0000,0000,0000,,(ရီမောသံများ) Dialogue: 0,0:01:53.00,0:01:56.00,Default,,0000,0000,0000,,ကဲ ကိန်းခမ်းကြီးဒါနဲ့ ပြောင်းပြန်ကတော့ ခင်ဗျားအမေပါပဲ။ Dialogue: 0,0:01:56.00,0:01:58.00,Default,,0000,0000,0000,,(ရီမောသံများ) Dialogue: 0,0:01:58.00,0:02:01.00,Default,,0000,0000,0000,,အမေဆိုပေမယ့် ခင်ဗျာ့အမေလည်း ဖြစ်စရာမလိုသလို ကျွန်တော့်အမေလည်း ဖြစ်စရာမလိုပါဘူး။ Dialogue: 0,0:02:01.00,0:02:03.00,Default,,0000,0000,0000,,ဒါပေမယ့်၊ တကယ့် စံပြမိခင်ဆိုတာဟာ Dialogue: 0,0:02:03.00,0:02:05.00,Default,,0000,0000,0000,,ခင်ဗျားရဲ့ တခမ်းတနားအောင်မြင်မှုတွေကို ဂရုစိုက်မယ့်သူတယောက် မဟုတ်ဘူး။ Dialogue: 0,0:02:05.00,0:02:07.00,Default,,0000,0000,0000,,ဒါပေမယ့်၊ စိတ်မကောင်းစရာက၊ လူအတော်များများဟာ ကျွန်တော်တို့ရဲ့ မိခင်တွေ မဟုတ်ကြဘူးဗျာ။ Dialogue: 0,0:02:07.00,0:02:10.00,Default,,0000,0000,0000,,လူအတော်များများဟာ သူတို့ရဲ့ ဘယ်လောက်ရှိတဲ့ အချိန်၊ Dialogue: 0,0:02:10.00,0:02:12.00,Default,,0000,0000,0000,,အချစ် -- သမီးရည်းစား ချစ်တာမျိုး မဟုတ်ဘူး၊ Dialogue: 0,0:02:12.00,0:02:14.00,Default,,0000,0000,0000,,အဲဒီ သမီးရည်းစားလို ချစ်ချင်တာမျိုးက နောက်တမျိုး Dialogue: 0,0:02:14.00,0:02:16.00,Default,,0000,0000,0000,,မေတ္တာလိုမျိုးပေါ့၊ လေးစားမှုအတိုင်းအတာကို Dialogue: 0,0:02:16.00,0:02:19.00,Default,,0000,0000,0000,,ကျွန်တော်တို့ကို ပေးနိုင်မလည်းဆိုတာကို Dialogue: 0,0:02:19.00,0:02:21.00,Default,,0000,0000,0000,,ကျွန်တော်တို့ရဲ့ အလုပ်အကိုင်အနေအထားနဲ့ ဆက်စပ်ကြည့်တတ်ကြတယ်ဗျ။ Dialogue: 0,0:02:21.00,0:02:24.00,Default,,0000,0000,0000,,ဒါဟာ ကျွန်တော်တို့ရဲ့ အလုပ်အကိုင်ကို ဘာကြောင့်အလေးပေးရသလည်း ဆိုတာတင်မက Dialogue: 0,0:02:24.00,0:02:28.00,Default,,0000,0000,0000,,ဘာကြောင့် ကျွန်တော်တို့တွေ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုပမာဏအပေါ် အားသန်ကြသလည်းဆိုတာရဲ့ အကြောင်းတရားပဲ။ Dialogue: 0,0:02:28.00,0:02:31.00,Default,,0000,0000,0000,,ခင်ဗျားသိလား။ ကျွန်တော်တို့တွေဟာ မကြာခဏ ဒီလို အပြောခံကြရတယ်။ ပစ္စည်းဥစ္စာအဓိကထားတဲ့ အချိန်မှာ ကြီးပြင်းလာလို့ Dialogue: 0,0:02:31.00,0:02:33.00,Default,,0000,0000,0000,,အားလုံးဟာ လောဘရဲ့သားကောင်တွေပဲလို့။ Dialogue: 0,0:02:33.00,0:02:35.00,Default,,0000,0000,0000,,ကျွန်တော်ကတော့ ကျွန်တော်တို့ဟာ သတ်သတ်မှတ်မှတ် ပစ္စည်းဥစ္စာအပေါ် တွယ်ငြိတယ်လို့တော့ မထင်မိဘူးဗျ။ Dialogue: 0,0:02:35.00,0:02:37.00,Default,,0000,0000,0000,,ကျွန်တော်ထင်တာက ဒီလို။ ကျွန်တော်တို့ဟာ လူအဖွဲ့အစည်းတခုမှာ နေထိုင်တယ်၊ Dialogue: 0,0:02:37.00,0:02:39.00,Default,,0000,0000,0000,,အဲဒီလူ့အဖွဲ့အစည်းဟာစိတ်အလိုဆန္ဒပြည့်ဝနိုင်မှုရလာဒ်ကို Dialogue: 0,0:02:39.00,0:02:42.00,Default,,0000,0000,0000,,ပစ္စည်းဥစ္စာရယူပိုင်ဆိုင်နိုင်မှုနဲ့ တသားတည်း သွားထားလိုက်လို့ပါပဲ။ Dialogue: 0,0:02:42.00,0:02:45.00,Default,,0000,0000,0000,,ကျွန်တော်တို့လိုချင်တာက ပစ္စည်းဥစ္စာမဟုတ်ဘူး။ တကယ်က ဆုလာဒ်ကိုသာ ကျွန်တော်တို့လိုချင်တာ။ Dialogue: 0,0:02:45.00,0:02:47.00,Default,,0000,0000,0000,,အဲဒါဟာ စည်းစိမ်ချမ်းသာမှုအပေါ်မှာ တနည်းအားဖြင့် မှီတွယ်နေခြင်းပဲ။ Dialogue: 0,0:02:47.00,0:02:49.00,Default,,0000,0000,0000,,နောက်တခါ ခင်ဗျား Ferrariကားမောင်းတဲ့သူကို မြင်ရင် Dialogue: 0,0:02:49.00,0:02:51.00,Default,,0000,0000,0000,,ဒီလူဟာ တော်တော်လောဘကြီးတဲ့သူပဲလို့ တွေးမနေနဲ့ဦးနော်။ Dialogue: 0,0:02:51.00,0:02:54.00,Default,,0000,0000,0000,,ဒီလိုတွေးကြည့်ပေါ့။ ဒီလူဟာ မယုံနိုင်လောက်အောင်ကို လောကဓံခံနိုင်ရည် နည်းပါးပြီး မေတ္တာငတ်နေသူပါလားလို့။ Dialogue: 0,0:02:54.00,0:02:59.00,Default,,0000,0000,0000,,နောက်တမျိုးပြောရရင်တော့ -- (ရီမောသံများ) Dialogue: 0,0:02:59.00,0:03:01.00,Default,,0000,0000,0000,,အပြစ်မြင်မဲ့အစား ဂရုဏာသက်ပေးလိုက်ကြပါနော်။ Dialogue: 0,0:03:01.00,0:03:03.00,Default,,0000,0000,0000,,တခြားအကြောင်းတွေရှိပါသေးတယ် -- Dialogue: 0,0:03:03.00,0:03:04.00,Default,,0000,0000,0000,,(ရီမောသံများ) Dialogue: 0,0:03:04.00,0:03:06.00,Default,,0000,0000,0000,,တခြားအကြောင်းအရာတွေ ရှိသေးတယ်။ ဘာ့ကြောင့် ပိုပြီးခဲယဉ်းနိုင်သလည်း၊ Dialogue: 0,0:03:06.00,0:03:08.00,Default,,0000,0000,0000,,အရင်ကလို စိတ်တည်ငြိမ်ဖို့ဆိုတာ။ Dialogue: 0,0:03:08.00,0:03:11.00,Default,,0000,0000,0000,,အဲဒီထဲက အကြောင်းတရပ်ကတော့ ဇဝေဇဝါဖြစ်နိုင်စရာတခုပါ။ ဘာလို့ဆိုတော့ အဲဒါဟာ ပိုကောင်းတာကို လိုချင်မှုနဲ့ ဆက်စပ်နေခြင်းပါ။ Dialogue: 0,0:03:11.00,0:03:14.00,Default,,0000,0000,0000,,အဲဒီဟာ ကျွန်တော်တို့ရဲ့ အလုပ်အကိုင်တွေအပေါ်ထားတဲ့ မျှော်လင့်ချက်တခုပါ။ Dialogue: 0,0:03:14.00,0:03:16.00,Default,,0000,0000,0000,,ဘယ်တုန်းကမှ မမျှော်မှန်းခဲ့ဖူးပါဘူး။ Dialogue: 0,0:03:16.00,0:03:19.00,Default,,0000,0000,0000,,လူတွေဟာ သူတို့သက်တမ်းတလျှောက်မှာ ဒီလောက်ထိ အောင်မြင်မှုတွေရယူပိုင်ဆိုင်နိုင်လိမ့်မယ်လို့ပါ။ Dialogue: 0,0:03:19.00,0:03:22.00,Default,,0000,0000,0000,,ဘယ်သူမဆို ဘာမဆိုဖြစ်နိုင်တယ်၊ အောင်မြင်နိုင်တယ်လို့ ပြောဆိုရေးသားတာကို ကြားဖူးကြမယ်နော်။ Dialogue: 0,0:03:22.00,0:03:24.00,Default,,0000,0000,0000,,ကျွန်တော်တို့ဟာ အဆင့်အတန်းခွဲခြားဆက်ဆံတဲ့ အစဉ်အလာကနေ လွန်မြောက်ခဲ့ပြီးပြီ။ Dialogue: 0,0:03:24.00,0:03:26.00,Default,,0000,0000,0000,,အခု ကျွန်တော်တို့ဟာ ဘယ်သူမဆို Dialogue: 0,0:03:26.00,0:03:28.00,Default,,0000,0000,0000,,ဘယ်အခွင့်အလမ်းနေရာကို မဆိုရရယူနိုင်တဲ့ အစဉ်အလာထဲရောက်နေပြီ။ Dialogue: 0,0:03:28.00,0:03:30.00,Default,,0000,0000,0000,,ဒါဟာ သိပ်ကို လှပတဲ့ အတွေးအခေါ်တရပ်ပါပဲ။ Dialogue: 0,0:03:30.00,0:03:34.00,Default,,0000,0000,0000,,အဲဒါနဲ့တွဲပါလာတာကတော့ ညီမျှခြင်းအပေါ်ထားတဲ့ စိတ်ဓာတ်ပါပဲ။ ကျွန်တော်တို့အားလုံးဟာ အခြေခံအားဖြင့် တူညီကြပါတယ်။ Dialogue: 0,0:03:34.00,0:03:36.00,Default,,0000,0000,0000,,အတိအကျ သတ်မှတ်ထားတဲ့ Dialogue: 0,0:03:36.00,0:03:38.00,Default,,0000,0000,0000,,အထက်အောက် အတန်းအစားခွဲမှုလည်း မရှိပါဘူး။ Dialogue: 0,0:03:38.00,0:03:40.00,Default,,0000,0000,0000,,အဲဒီမှာ တော်တော်လေးကြီးတဲ့ ပြဿနာတခုထွက်လာပါတယ်။ Dialogue: 0,0:03:40.00,0:03:42.00,Default,,0000,0000,0000,,အဲဒါကတော့ အားကျစိတ်ပါ။ Dialogue: 0,0:03:42.00,0:03:45.00,Default,,0000,0000,0000,,အားကျမှု၊ ခင်ဗျား အားကျတယ်လို့ ပြောလိုက်မိရင် ဒါဟာ တကယ့်ကို မပြောသင့်ဘူးလို့ လူတွေသတ်မှတ်ထားတာကို ခင်ဗျားချိုးဖောက်လိုက်မိတာပါပဲ။ Dialogue: 0,0:03:45.00,0:03:48.00,Default,,0000,0000,0000,,ဒါပေမယ့် အခု ခေတ်သစ်မော်ဒန် အဖွဲ့အစည်းမှာ ကြီးစိုးနေတဲ့ စိတ်ခံစားမှုဟာ ဘာလည်းဆိုရင်တော့ အားကျမှုပါပဲ။ Dialogue: 0,0:03:48.00,0:03:52.00,Default,,0000,0000,0000,,အားကျမှုဟာ ညီမျှလိုတဲ့စိတ်ဓာတ်နဲ့ သွားပြီး ဆက်နွယ်တယ်။ ကျွန်တော် ထပ်ရှင်းပြပါရစေ။ Dialogue: 0,0:03:52.00,0:03:55.00,Default,,0000,0000,0000,,ကျွန်တော်ထင်ပါတယ်။ အခုဒီမှာရှိနေတဲ့ ဘယ်သူမဆို၊ ကျွန်တော့်ကိုကြည့်ရှုနေတဲ့ ဘယ်သူမဆိုဟာ Dialogue: 0,0:03:55.00,0:03:57.00,Default,,0000,0000,0000,,အင်္ဂလန်က ဘုရင်မကြီးရဲ့ဘဝကို အားကျတယ်လို့ဆိုခဲ့ရင် ဒါဟာ တော်တော်ကို ထူးဆန်းစရာကောင်းနေလိမ့်မယ်။ Dialogue: 0,0:03:57.00,0:04:00.00,Default,,0000,0000,0000,,ဘုရင်မကြီးဟာ ခင်ဗျားထက်လည်း ချမ်းသာတယ်။ ဒီမှာရှိတဲ့ ခင်ဗျားတို့ အားလုံးထက်လည်း ချမ်းသာတယ်။ Dialogue: 0,0:04:00.00,0:04:03.00,Default,,0000,0000,0000,,ပြီးတော့ ဘုရင်မကြီးမှာ အိမ်ကြီးကြီးတလုံးလည်း ရှိတယ်နော့။ Dialogue: 0,0:04:03.00,0:04:07.00,Default,,0000,0000,0000,,ဒါပေမယ့် ကျွန်တော်တို့ဘာ့ကြောင့် သူမကို အားမကျကြသလည်းဆိုတော့ ဘုရင်မကြီးဟာ သမရိုးကျမဟုတ်လို့ပဲ။ Dialogue: 0,0:04:07.00,0:04:09.00,Default,,0000,0000,0000,,ဘုရင်မကြီးဟာ အလိုလိုနေရင်းကို ထူးခြားနေတာပဲ။ Dialogue: 0,0:04:09.00,0:04:11.00,Default,,0000,0000,0000,,ကျွန်တော်တို့ဘဝနဲ့ သွားဆက်စပ်လို့မရဘူး ဖြစ်နေတယ်။ သူမ စကားပြောတဲ့ဟန်ကိုက ရယ်စရာကောင်းနေတယ်။ Dialogue: 0,0:04:11.00,0:04:13.00,Default,,0000,0000,0000,,သူမလာတဲ့နေရကလည်း သမရိုးကျပုံမှန်လို နေရာမျိုးက မဟုတ်ဘူး ဖြစ်နေတယ်။ Dialogue: 0,0:04:13.00,0:04:17.00,Default,,0000,0000,0000,,ဒါကြောင့် ကျွန်တော်တို့ သူမနဲ့ ဆက်နွယ်လို့ နှိုင်းယှဉ်လို့ မရဘူးဖြစ်နေတယ်။ ကျွန်တော်တို့ဟာ ကျွန်တော်တို့နဲ့ ဆက်နွယ်နှိုင်းယှဉ်လို့ မရနိုင်လောက်တဲ့သူမျိုးကိုကျတော့ အားမကျဘူး။ Dialogue: 0,0:04:17.00,0:04:20.00,Default,,0000,0000,0000,,လူနှစ်ယောက်ဟာ အသက်အားဖြင့်ရော နောက်ခံအားဖြင့်ရော Dialogue: 0,0:04:20.00,0:04:23.00,Default,,0000,0000,0000,,တော်တော်များများဟာ တူလာတာနဲ့အလျောက် မနာလိုအားကျယှဉ်ပြိုင်မှုတွေ ပိုရှိလာနိုင်ပါတယ်။ Dialogue: 0,0:04:23.00,0:04:26.00,Default,,0000,0000,0000,,ဒါကြောင့် ခင်ဗျားတို့တွေ ကျောင်းသား/သူဟောင်းများ မိတ်ဆုံစားပွဲကို မသွားသင့်ကြတာပေါ့။ Dialogue: 0,0:04:26.00,0:04:29.00,Default,,0000,0000,0000,,ဘာကြောင့်လည်းဆိုတော့ ဘယ်သူစိမ်းကိုမှ Dialogue: 0,0:04:29.00,0:04:31.00,Default,,0000,0000,0000,,တကျောင်းတည်းအတူတူ တက်ခဲ့ကြတဲ့သူတွေထက် နှိုင်းယှဉ်ပြိုင်ဆိုင်ဖို့ စိတ်မဝင်စားလောက်လို့ပဲ။ Dialogue: 0,0:04:31.00,0:04:34.00,Default,,0000,0000,0000,,ဒါပေမယ့် ခေတ်သစ်မော်ဒန် အဖွဲ့အစည်းပြဿနာကတော့ တကမ္ဘာလုံးကို Dialogue: 0,0:04:34.00,0:04:36.00,Default,,0000,0000,0000,,ကျောင်းတကျောင်းအနေနဲ့ အသွင်ပြောင်းကြည့်ခြင်းပဲ ဖြစ်ပါတယ်။ လူတိုင်း ဂျင်းဘောင်းဘီဝတ်ကြတယ်ဆိုရင် လူတိုင်းဟာ အတူတူပဲဆိုသလိုပေါ့။ Dialogue: 0,0:04:36.00,0:04:38.00,Default,,0000,0000,0000,,ဒါပေမယ့်။ မတူကြပါဘူးနော်။ Dialogue: 0,0:04:38.00,0:04:41.00,Default,,0000,0000,0000,,ဒါဖြင့် ညီမျှခြင်းစိတ်ဓာတ်ဟာ အတွင်းကျကျ မညီမျှခြင်းဆိုတာနဲ့ ရောနေပြီပေါ့။ Dialogue: 0,0:04:41.00,0:04:44.00,Default,,0000,0000,0000,,အဲဒါဟာ လူတွေရဲ့စိတ်ကို အရမ်းအရမ်းကို ဖိစီးစေတော့တာပါပဲခင်ဗျား။ Dialogue: 0,0:04:44.00,0:04:46.00,Default,,0000,0000,0000,,အခုခေတ်မှာ Dialogue: 0,0:04:46.00,0:04:48.00,Default,,0000,0000,0000,,ခင်ဗျားဟာ ချမ်းသာပြီး နာမည်ကြီးတဲ့ Bill Gates လိုဖြစ်လာနိုင်ဖို့ အလားအလာနည်းတယ်။ Dialogue: 0,0:04:48.00,0:04:50.00,Default,,0000,0000,0000,,အဲဒီလိုပဲ ခင်ဗျားဟာ ၁၇ရာစုမှာ Dialogue: 0,0:04:50.00,0:04:53.00,Default,,0000,0000,0000,,ပြင်သစ်ဆီကနေ ရာထူးဂုဏ်သိမ်တွေရထားတဲ့ အခွင့်ထူးခံတယောက်ဖြစ်ဖို့လည်း အခွင့်နည်းပါးတယ်။ Dialogue: 0,0:04:53.00,0:04:55.00,Default,,0000,0000,0000,,ဒါပေမယ့် ဆိုလိုတာက ခင်ဗျားက ဒါမျိုးကို တွေးတောခံစားမိလိမ့်မှာ မဟုတ်ဘူး။ Dialogue: 0,0:04:55.00,0:04:58.00,Default,,0000,0000,0000,,magazinesတွေနဲ့ တခြားမီဒီယာတွေက ခင်ဗျားကို ဒီလိုလှုံ့ဆော်လိမ့်မယ်။ Dialogue: 0,0:04:58.00,0:05:01.00,Default,,0000,0000,0000,,ခင်ဗျားမှာ စွမ်းအားရှိတယ်၊ နည်းပညာနဲ့ပတ်သက်လို့ အိုင်ဒီယာအတွေးဉာဏ်ကောင်းကောင်းရှိမယ်၊ Dialogue: 0,0:05:01.00,0:05:05.00,Default,,0000,0000,0000,,ကားဂိုဒေါင်တခုရှိမယ်ဆိုရင် ခင်ဗျားဟာ လုပ်ငန်းအကြီးအကျယ်တခုကို စနိုင်ပြီးဆိုပြီးတော့ပေါ့။ Dialogue: 0,0:05:05.00,0:05:06.00,Default,,0000,0000,0000,,(ရီမောသံများ) Dialogue: 0,0:05:06.00,0:05:09.00,Default,,0000,0000,0000,,ပြီးတော့ ဒီပြဿနာရဲ့ နောက်ဆက်တွဲကိုတော့ စာအုပ်ဆိုင်မှာ ရှင်းရလိမ့်မယ်။ Dialogue: 0,0:05:09.00,0:05:12.00,Default,,0000,0000,0000,,ခင်ဗျား စာအုပ်ဆိုင်အကြီးကြီးကိုသွား၊ ကိုယ့်ကိုယ်ကိုယ် ကယ်တင်နည်း ဆိုတဲ့ ကဏ္ဍကိုရှာ၊ Dialogue: 0,0:05:12.00,0:05:14.00,Default,,0000,0000,0000,,ကျွန်တော်လုပ်လေ့ရှိသလိုမျိုးပေါ့။ Dialogue: 0,0:05:14.00,0:05:16.00,Default,,0000,0000,0000,,တကယ်လို့ ခင်ဗျား အဲဒီ အခုခေတ်ထုတ် ကိုယ့်ကိုယ်ကိုယ် ကယ်တင်နည်း စာအုပ်တွေကို သေချာလေ့လာကြည့်ရင် Dialogue: 0,0:05:16.00,0:05:18.00,Default,,0000,0000,0000,,နှစ်မျိုးနှစ်စားရှိတာကို တွေ့ရလိမ့်မယ်။ Dialogue: 0,0:05:18.00,0:05:21.00,Default,,0000,0000,0000,,ပထမ အမျိုးအစားက ဒီလို "သင် လုပ်နိုင်တယ်။ သင် ဖြစ်အောင်လုပ်နိုင်တယ်။ ဘာမဆိုဖြစ်နိုင်တယ်"လို့ပြောမယ်။ Dialogue: 0,0:05:21.00,0:05:24.00,Default,,0000,0000,0000,,နောက်တမျိုးကတော့ ခင်ဗျားကို ဒီလိုဖြစ်ရင်ဒီလိုနေနိုင်အောင် ကြိုးစားပါလို့ပြောမယ်။ ဘယ်လိုဖြစ်ရင်လည်းဆိုတော့ Dialogue: 0,0:05:24.00,0:05:27.00,Default,,0000,0000,0000,,ယဉ်ယဉ်ကျေးကျေးပြောရရင် "ရှံူးနိမ့်အောက်ကျတဲ့ စိတ်ဘဝင်"ရှိနေရင်၊ Dialogue: 0,0:05:27.00,0:05:29.00,Default,,0000,0000,0000,,ဒါမှမဟုတ် မယဉ်ကျေးတဲ့အသုံးအနှုန်းနဲ့ဆို "ကိုယ့်ကိုယ်ကိုယ် မကောင်းမြင်မှု"တွေများနေရင်ပေါ့။ Dialogue: 0,0:05:29.00,0:05:31.00,Default,,0000,0000,0000,,တကယ့်ကို အမှန်အကန် တူယှဉ်တွဲနေထိုင်မှု ဆိုတာရှိတယ်။ Dialogue: 0,0:05:31.00,0:05:35.00,Default,,0000,0000,0000,,တကယ့် တူယှဉ်တွဲခြင်းဆိုတာ လူ့အဖွဲ့အစည်းတရပ်က လူတွေကို သင်တို့ဘာမဆိုဖြစ်အောင်လုပ်နိုင်တယ် ဆိုတာနဲ့ Dialogue: 0,0:05:35.00,0:05:37.00,Default,,0000,0000,0000,,စိတ်ဓာတ်နိမ့်ကျအားငယ်မှုနဲ့ တွဲယှဉ်နေထိုင်ခြင်းမျိုးပဲ ဖြစ်တယ်။ Dialogue: 0,0:05:37.00,0:05:39.00,Default,,0000,0000,0000,,အဲဒီတော့ ဒါဘာကိုပြောလည်းဆိုရင် အကောင်းဖက်ကိုသန်းတဲ့ အရာတခုမှာ Dialogue: 0,0:05:39.00,0:05:41.00,Default,,0000,0000,0000,,ဆိုးညစ်တဲ့ တွန်းပြန်မှုတခုရှိတယ် ဆိုတာပါပဲ။ Dialogue: 0,0:05:41.00,0:05:44.00,Default,,0000,0000,0000,,နောက်တချက် ရှိသေးတယ်။ ကျွန်တော်တို့ ဘာ့ကြောင့် Dialogue: 0,0:05:44.00,0:05:48.00,Default,,0000,0000,0000,,ကျွန်တော်တို့ရဲ့ အလုပ်အကိုင်တွေ၊ ရာထူးဌာနတွေနဲ့ ပတ်သက်လို့ အရင်ကထက် စိတ်ဖိစီးမှု ပိုများတတ်ကြသလည်း ဆိုတာပါပဲ။ Dialogue: 0,0:05:48.00,0:05:50.00,Default,,0000,0000,0000,,ပြီးတော့ ထပ်ပြောရမယ်ဆိုရင် ဒါဟာ ကောင်းတဲ့အချက်တခုနဲ့ ဆက်နွယ်နေလို့ပါပဲ။ Dialogue: 0,0:05:50.00,0:05:53.00,Default,,0000,0000,0000,,အဲဒီ ကောင်းတဲ့အချက်ဆိုတာဘာလည်းဆိုရင် ဆုပေးစနစ်ဖြစ်ပါတယ်။ Dialogue: 0,0:05:53.00,0:05:55.00,Default,,0000,0000,0000,,လူတိုင်းသာမက လက်ဝဲ လက်ယျာနိုင်ငံရေးသမားအားလုံးဟာ Dialogue: 0,0:05:55.00,0:05:57.00,Default,,0000,0000,0000,,ဆုပေးစနစ်ဟာ တကယ့်ကို ကောင်းတဲ့အရာပဲလို့ သဘောတူညီကြပါတယ်။ Dialogue: 0,0:05:57.00,0:06:01.00,Default,,0000,0000,0000,,ကျွန်တော်တို့တွေဟာ ကိုယ့်အဖွဲ့အစည်းတွေကို ဆုပေးစနစ်ဖြစ်အောင် ကြိုးစားသင့်ပါတယ်။ Dialogue: 0,0:06:01.00,0:06:05.00,Default,,0000,0000,0000,,တနည်းအားဖြင့်ဆိုရင် ဆုပေးစနစ်ကျင့်သုံးတဲ့ အဖွဲ့အစည်းဟာ ဘာလည်းဆိုရင် Dialogue: 0,0:06:05.00,0:06:07.00,Default,,0000,0000,0000,,ဆုပေးစနစ်ကျင့်သုံးတဲ့ အဖွဲ့အစည်းဆိုတာ Dialogue: 0,0:06:07.00,0:06:09.00,Default,,0000,0000,0000,,ခင်ဗျားမှာ ပင်ကိုယ်အစွမ်းသတ္တိရယ်၊ အားအင်ရယ်၊ အရည်အချင်းရယ် ရှိမယ်ဆိုရင် Dialogue: 0,0:06:09.00,0:06:11.00,Default,,0000,0000,0000,,ခင်ဗျားဟာ ထိပ်ဆုံးကို ရောက်ကိုရောက်လိမ့်မယ်။ ဘယ်အရာကမှ သင့်ကို မတားဆီးနိုင်ဘူး။ Dialogue: 0,0:06:11.00,0:06:14.00,Default,,0000,0000,0000,,ဒါဟာ သိပ်ကိုလှပတဲ့ အတွေးအခေါ်တခုပဲနော်။ ပြဿနာက Dialogue: 0,0:06:14.00,0:06:16.00,Default,,0000,0000,0000,,ခင်ဗျား ဒီစနစ်နဲ့အဖွဲ့အစည်းကို တကယ်ယုံကြည်မယ်ဆိုရင် Dialogue: 0,0:06:16.00,0:06:19.00,Default,,0000,0000,0000,,တော်တဲ့သူက ချီးမြောက်ခံရလို့ ထိပ်ရောက်မယ်လို့ ခင်ဗျားယုံကြည်တယ်။ Dialogue: 0,0:06:19.00,0:06:22.00,Default,,0000,0000,0000,,ဒါဆိုရင် သွယ်ဝိုက်သောအားဖြင့် ညစ်စုတ်စုတ်အတွေးနဲ့ ပြောရရင် Dialogue: 0,0:06:22.00,0:06:25.00,Default,,0000,0000,0000,,ခင်ဗျားဟာ ဒီအဖွဲ့အစည်းမှာ မကြိုးစားပဲ လေလွင့်နေတဲ့သူ၊ မအောင်မြင်တဲ့သူတွေဟာလည်း Dialogue: 0,0:06:25.00,0:06:28.00,Default,,0000,0000,0000,,အမြဲတမ်း လူ့အောက်ကျနေမယ်၊ ဘယ်တော့မှာ ထိပ်ရောက်မှာ မဟုတ်တော့ဘူးလို့ ယုံကြည်သလို ဖြစ်သွားလိမ့်မယ်။ Dialogue: 0,0:06:28.00,0:06:31.00,Default,,0000,0000,0000,,နောက်တမျိုးပြောရရင်၊ ခင်ဗျား ဒီဘဝကိုရောက်လာတာ မတော်တဆ မဟုတ်တော့ဘူး Dialogue: 0,0:06:31.00,0:06:33.00,Default,,0000,0000,0000,,ခင်ဗျားဟာ ဘဝမှာ အောင်မြင်မှုတွေကို ရကိုရယူရမယ်၊ ခင်ဗျားဟာ ထိုက်ထိုက်တန်တန် ဒီဘဝကို ရတာလို့ဆိုလိုတာ ဖြစ်သွားတယ်။ Dialogue: 0,0:06:33.00,0:06:36.00,Default,,0000,0000,0000,,ဒီလို ယူဆတာဟာ ရှံူးနိမ့်မှုအပေါ်ထားတဲ့ သဘောထားကို ပိုပြီး နက်နဲစေတော့တာပါပဲ။ Dialogue: 0,0:06:36.00,0:06:38.00,Default,,0000,0000,0000,,ခင်ဗျားသိလား။ အင်္ဂလန်မှာ ခေတ်လယ်ကာလတုန်းကပေါ့ Dialogue: 0,0:06:38.00,0:06:40.00,Default,,0000,0000,0000,,ခင်ဗျားဟာ လူဆင်းရဲတယောက်ကို တွေ့လိုက်ပြီဆိုရင် Dialogue: 0,0:06:40.00,0:06:43.00,Default,,0000,0000,0000,,အဲဒီလူကို ကံမကောင်းတဲ့သူလို့ သတ်မှတ်လေ့ရှိတယ်။ Dialogue: 0,0:06:43.00,0:06:47.00,Default,,0000,0000,0000,,စာစကားအရတော့ ဒီလူဟာ ကုသိုလ်ထူးနဲ့လွဲခဲ့တဲ့ ကံမွဲသူတယောက်ပေါ့။ Dialogue: 0,0:06:47.00,0:06:49.00,Default,,0000,0000,0000,,အခုခေတ်မှာတော့ ဒီလို မဟုတ်ဘူး။ အထူးသဖြင့် အမေရိကားမှာ Dialogue: 0,0:06:49.00,0:06:51.00,Default,,0000,0000,0000,,ခင်ဗျားဟာ လူဆင်းရဲအတန်းအစားကို တွေ့လိုက်ပြီဆိုတာနဲ့ Dialogue: 0,0:06:51.00,0:06:54.00,Default,,0000,0000,0000,,ဒီလူတွေကို လူဖျင်းလူညံ့ အဖြစ်သတ်မှတ်လိုက်တော့တယ်။ Dialogue: 0,0:06:54.00,0:06:57.00,Default,,0000,0000,0000,,စဉ်းစားကြည့်နော်။ ကံမွဲတယောက်နဲ့ လူညံ့တယောက်ရဲ့ အဓိပ္ပါယ်သတ်မှတ်ချက်က တကယ့်ကို မတူဘူးနော်။ Dialogue: 0,0:06:57.00,0:07:00.00,Default,,0000,0000,0000,,ဒါဟာ ဘာကိုပြောသလည်းဆိုရင် လူ့အဖွဲ့အစည်းရဲ့ အနှစ် ၄၀၀ အတွင်း တဖြည်းဖြည်း ပြောင်းလဲလာမှု Dialogue: 0,0:07:00.00,0:07:03.00,Default,,0000,0000,0000,,နဲ့ ငါတို့ရဲ့ဘဝအတွက် ဘယ်သူ့မှာ တာဝန်ရှိသလည်းဆိုတာရဲ့ အတွေးအခေါ် ယုံကြည်ချက်ပဲ။ Dialogue: 0,0:07:03.00,0:07:06.00,Default,,0000,0000,0000,,ထာဝရဘုရားဆိုတာလည်း မရှိတော့ဘူး၊ ငါတိုိ့ဆိုတာပဲရှိတာ။ ငါတို့ဟာ ငါတို့ဘဝကားကို မောင်းနှင်နေတဲ့ ဒရိုင်ဘာတွေပဲ။ Dialogue: 0,0:07:06.00,0:07:08.00,Default,,0000,0000,0000,,ခင်ဗျားဟာ အောင်မြင်နေတဲ့သူဆိုရင်တော့ ဒီအချက်အပေါ်မှာ ခင်ဗျား ပီတိတွေဖြာနေလိမ့်မယ်။ Dialogue: 0,0:07:08.00,0:07:10.00,Default,,0000,0000,0000,,ခင်ဗျားဟာ ရှံူးနိမ့်နေတဲ့သူဆိုရင်တော့ ခင်ဗျား စိတ်မကောင်းတွေ ဖြစ်နေလိမ့်မယ်နော်။ Dialogue: 0,0:07:10.00,0:07:13.00,Default,,0000,0000,0000,,လူမှုဆက်ဆံရေးဗေဒပညာရှင်တယောက်ဖြစ်တဲ့ Dialogue: 0,0:07:13.00,0:07:17.00,Default,,0000,0000,0000,,Emil Durkheim ရဲ့ သုံးသပ်ချက်အရဆိုရင် ဒီအချက်တွေဟာ ကိုယ့်ကိုယ်ကိုယ် သက်သေမှုတွေကို ဖြစ်စေနိုင်တယ်တဲ့။ Dialogue: 0,0:07:17.00,0:07:20.00,Default,,0000,0000,0000,,ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံကြီးတွေရဲ့ ကိုယ့်ကိုယ်ကိုယ်သက်သေမှုနှုန်းဟာ Dialogue: 0,0:07:20.00,0:07:22.00,Default,,0000,0000,0000,,တခြားနိုင်ငံတွေနဲ့ ယှဉ်ရင် ပိုများပါတယ်။ Dialogue: 0,0:07:22.00,0:07:24.00,Default,,0000,0000,0000,,ဒီလို ကိုယ့်ကိုယ်ကိုယ် သက်သေမှုပိုများရခြင်း နောက်တချက်ကတော့ လူတွေဟာ သူတို့ရဲ့ အခြေအနေအပေါ်မှာ Dialogue: 0,0:07:24.00,0:07:26.00,Default,,0000,0000,0000,,ငါမကောင်းလို့၊ ငါ့ကြောင့်ဆိုတဲ့ အစွန်းရောက် ကိုယ့်ကိုယ်ကိုယ် စွပ်စွဲအပြစ်တင်တာတွေကြောင့်ပါပဲ။ Dialogue: 0,0:07:26.00,0:07:30.00,Default,,0000,0000,0000,,ဒီလိုလူစားတွေဟာ သူတို့ရဲ့ အောင်မြင်မှုအတွက် ဂုဏ်ယူဝံ့ကြွားတတ်ကြသလို သူတို့ရဲ့ ရှံူးနိမ့်မှုအတွက်လည်း ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တတ်ကြပါတယ်။ Dialogue: 0,0:07:30.00,0:07:32.00,Default,,0000,0000,0000,,ဒီလို ဖိစီးမှုမျိုးတွေကနေ လွတ်မြောက်မှု မရှိနိုင်တော့ဘူးလား Dialogue: 0,0:07:32.00,0:07:34.00,Default,,0000,0000,0000,,ကျွန်တော် ချပြခဲ့သမျှတွေထဲကပေါ့လို့ မေးရင် Dialogue: 0,0:07:34.00,0:07:36.00,Default,,0000,0000,0000,,ရှိတယ်လို့ ကျွန်တော်ထင်ပါတယ်။ အဲဒီထဲက တချို့တလေကို ကြည့်ကြရအောင်။ Dialogue: 0,0:07:36.00,0:07:38.00,Default,,0000,0000,0000,,ဆုပေးစနစ်ကို ကြည့်ကြရအောင် Dialogue: 0,0:07:38.00,0:07:41.00,Default,,0000,0000,0000,,လူတိုင်းဟာ သူတို့နဲ့ထိုက်တန်တဲ့နေရာကို ရကြတယ်ဆိုတဲ့ အတွေးအခေါ် Dialogue: 0,0:07:41.00,0:07:44.00,Default,,0000,0000,0000,,ဒါဟာ တကယ်ကို ရူးတဲ့အတွေးအခေါ်လို့ ကျွန်တော်ထင်တယ်၊ လုံးဝကို ရူးတာပါပဲ။ Dialogue: 0,0:07:44.00,0:07:46.00,Default,,0000,0000,0000,,ကျွန်တော့ လက်ဝဲလက်ယျာ နိုင်ငံရေးသမားအားလုံးကို ထောက်ခံမယ်။ Dialogue: 0,0:07:46.00,0:07:48.00,Default,,0000,0000,0000,,ဒါပေမယ့် သူတို့တွေရဲ့ ဆုပေးစနစ်ဟာ မယုတ်မလွန်တဲ့ အတွေးအခေါ်တရပ် ဖြစ်ရမယ်။ Dialogue: 0,0:07:48.00,0:07:50.00,Default,,0000,0000,0000,,ကျွန်တော်ဟာ မယုတ်မလွန် ဆုပေးစနစ်ကိုပဲ ယုံတဲ့သူပါ။ Dialogue: 0,0:07:50.00,0:07:52.00,Default,,0000,0000,0000,,ဒါပေမယ့် ကျွန်တော်ထင်ပါတယ်။ Dialogue: 0,0:07:52.00,0:07:56.00,Default,,0000,0000,0000,,စစ်မှန်ဖြောင့်မတ်တဲ့ ဆုပေးစနစ်ကို တည်ဆောက်ဖို့ ဆိုတာကလည်း သိပ်မလွယ်လှပါဘူး။ မဖြစ်နိုင်တဲ့ အိပ်မက်တခုပါ။ Dialogue: 0,0:07:56.00,0:07:58.00,Default,,0000,0000,0000,,ပြောချင်တာကတော့ ကျွန်တော်တို့တွေ တည်ဆောက်မယ့် လူ့အဖွဲ့အစည်းမှာ Dialogue: 0,0:07:58.00,0:08:00.00,Default,,0000,0000,0000,,လူတိုင်းကို အမှတ်ပေးစနစ်နဲ့ထားမယ်။ Dialogue: 0,0:08:00.00,0:08:02.00,Default,,0000,0000,0000,,တော်တဲ့သူ ထိပ်ကိုရောက်မယ်၊ ည့ံတဲ့သူ အောက်ကိုရောက်မယ်၊ Dialogue: 0,0:08:02.00,0:08:04.00,Default,,0000,0000,0000,,ပြီးတော့ ဒါကို တိတိကျကျ လိုက်နာမယ် ဆိုတာဟာ တကယ်တော့ မဖြစ်နိုင်ပါဘူး။ Dialogue: 0,0:08:04.00,0:08:06.00,Default,,0000,0000,0000,,ရိုးရိုးလေးပဲ တွေးကြည့်ပါ။ တခြား ထည့်တွက်စဉ်းစားရမယ့် အချက်တွေ အများကြီးပါ။ Dialogue: 0,0:08:06.00,0:08:08.00,Default,,0000,0000,0000,,မတော်တဆ ထိခိုက်မှု၊ မတော်တဆ မွေးဖွားမှုကစလို့ Dialogue: 0,0:08:08.00,0:08:11.00,Default,,0000,0000,0000,,မတော်တဆ ခေါင်းပေါ်ကို ပစ္စည်းပြုတ်ကျတာ၊ ဖျားနာတာ အထိ အမျိုးစုံပဲပေါ့။ Dialogue: 0,0:08:11.00,0:08:13.00,Default,,0000,0000,0000,,ဒီလိုပုံစံမျိုးနည်း ကျွန်တော်တို့ သူတို့တွေကို ဘယ်လို အမှတ်ပေးကြမှာလည်း။ Dialogue: 0,0:08:13.00,0:08:15.00,Default,,0000,0000,0000,,ဘယ်လိုမှ မတော်တဆ ထိခိုက်နစ်နာတဲ့သူတွေ အပေါ် သာမာန်လူတွေနဲ့ တန်းတူ အမှတ်ပေးလို့ မရနိုင်ပါဘူး။ Dialogue: 0,0:08:15.00,0:08:18.00,Default,,0000,0000,0000,,ကျွန်တော်လေ St. Augustine ရဲ့ "ဘုရားရဲ့မြို့တော်" ထဲက စာတပိုဒ်ကို ရွတ်ပြချင်တယ်။ Dialogue: 0,0:08:18.00,0:08:22.00,Default,,0000,0000,0000,,သူက ဘာပြောသလည်းဆိုရင် "လူတယောက်ကို သူ့ရဲ့အနေအထားကို ကြည့်ပြီး သတ်မှတ်ဆက်ဆံတာဟာ အပြစ်တခုပါ"တဲ့။ Dialogue: 0,0:08:22.00,0:08:24.00,Default,,0000,0000,0000,,ခေတ်သစ်မော်ဒန် စကားနဲ့ ပြောရမယ်ဆိုရင် Dialogue: 0,0:08:24.00,0:08:26.00,Default,,0000,0000,0000,,သင်ဟာ သင်နဲ့ပြောဆိုဆက်ဆံနေသူ တဦးအပေါ်မှာ Dialogue: 0,0:08:26.00,0:08:28.00,Default,,0000,0000,0000,,သူရဲ့ အလုပ်အကိုင် စီးပွားရေး အခြေအနေကို ကြည့်ပြီး ပေါင်းသင်းဆက်ဆံ နေရင်ဖြင့် သင်ဟာ အပြစ်ရှိသူတဦးပါတဲ့။ Dialogue: 0,0:08:28.00,0:08:30.00,Default,,0000,0000,0000,,ဘာလုပ်ဘာကိုင်သလည်း ဆိုတာဟာ ထည့်သွင်းစဉ်းစားရမယ့်အရာ မဟုတ်ပါဘူး။ Dialogue: 0,0:08:30.00,0:08:32.00,Default,,0000,0000,0000,,St. Augustine က ဘာပြောသလည်းဆိုရင် Dialogue: 0,0:08:32.00,0:08:34.00,Default,,0000,0000,0000,,ထာဝရဘုရားသခင်သာ လူတိုင်းကို သူ့နေရာနဲ့သူရှိစေနိုင်တာပါ တဲ့။ Dialogue: 0,0:08:34.00,0:08:36.00,Default,,0000,0000,0000,,သူဟာ လူတိုင်းကို သူ့နေရာနဲ့သူ ရှိဖို့ အဆုံးအဖြတ်နေ့မှာ ဆုံးဖြတ်မှာပါတဲ့။ Dialogue: 0,0:08:36.00,0:08:38.00,Default,,0000,0000,0000,,အဲဒီ အချိန်မှာ နတ်သားနတ်သမီးတွေ၊ နှဲတွေ အစုံနဲ့ ကောင်းကင်ကြီးကို တခမ်းတနားဖွင့်ကြမှာပါတဲ့။ Dialogue: 0,0:08:38.00,0:08:41.00,Default,,0000,0000,0000,,ခင်ဗျားဟာ ကျွန်တော့်လို ဘာသာရေးခုတုန်းလုပ်မှုကို မယုံကြည်သူတယောက်ဖြစ်ခဲ့ရင် တော်တော်ရူးတဲ့ အတွေးအခေါ်ပဲလို့ ထင်လိမ့်မယ်။ Dialogue: 0,0:08:41.00,0:08:43.00,Default,,0000,0000,0000,,ဒါပေမယ့် အဲဒီ အတွေးခေါ်ထဲမှာ အဖိုးမဖြတ်နိုင်တဲ့ အချက်တခု ရှိနေတယ်။ Dialogue: 0,0:08:43.00,0:08:47.00,Default,,0000,0000,0000,,တနည်းပြောရရင် သူများတွေကို အကဲမဖြတ်ခင်မှာ ခင်ဗျား စောင့်ကြည့်သင့်တယ်။ Dialogue: 0,0:08:47.00,0:08:50.00,Default,,0000,0000,0000,,ခင်ဗျားဟာ လူတယောက်ရဲ့ တကယ့်တန်ဖိုးကို လောက်လောက်လားလား မသိနိုင်ဘူး။ Dialogue: 0,0:08:50.00,0:08:52.00,Default,,0000,0000,0000,,ဒါဟာ ဘယ်သူမှ မသိနိုင်တဲ့ အချက်ပဲ။ Dialogue: 0,0:08:52.00,0:08:55.00,Default,,0000,0000,0000,,ဒါကို ခင်ဗျားက လူတယောက်ရဲ့ တကယ့်တန်ဖိုးကို သိသယောင်ယောင် မလုပ်သင့်ဘူး။ Dialogue: 0,0:08:55.00,0:08:58.00,Default,,0000,0000,0000,,နောက်ထပ် နှစ်သိမ့်အားပေးတဲ့ တနေရာရှိသေးတယ်။ Dialogue: 0,0:08:58.00,0:09:01.00,Default,,0000,0000,0000,,ကျွန်တော်တို့ဟာ ဘဝမှာ ရှံူးနိမ့်စရာတွေကို တွေးလိုက်တိုင်း Dialogue: 0,0:09:01.00,0:09:03.00,Default,,0000,0000,0000,,ဘာကြောင့် ရှံုးနိမ့်မှာကို ကြောက်သလည်းဆိုတဲ့ အကြောင်းတရပ်ဟာ Dialogue: 0,0:09:03.00,0:09:05.00,Default,,0000,0000,0000,,၀င်ငွေကိုဆုံးရှံူးမှာ ရာထူးနေရာပျောက်မှာကြောင့်တင် မဟုတ်ပါဘူး။ Dialogue: 0,0:09:05.00,0:09:09.00,Default,,0000,0000,0000,,ကျွန်တော်တို့ကြောက်တာဟာ သူများတွေရဲ့ အကဲဖြတ်ရှံု့ချမှုကိုပါ။ ဒါဟာလည်း တကယ်ရှိပါတယ်။ Dialogue: 0,0:09:09.00,0:09:11.00,Default,,0000,0000,0000,,ခင်ဗျားသိလား။ သူတပါးကိုလှောင်ပြောင်တဲ့ နေရာမှာ နံပါတ်တစ်ပြေးနေတာဟာ Dialogue: 0,0:09:11.00,0:09:13.00,Default,,0000,0000,0000,,အခုခေတ်မှာတော့ သတင်းစာပဲ။ Dialogue: 0,0:09:13.00,0:09:15.00,Default,,0000,0000,0000,,ခင်ဗျား ဘယ်အချိန်မဆို သတင်းစာကို ကောက်လှန်လိုက်ပါ။ Dialogue: 0,0:09:15.00,0:09:17.00,Default,,0000,0000,0000,,ရှုပ်ထွေးပွေလီတဲ့ ဘဝပေါင်းစုံနဲ့ လူတွေအကြောင်းကို ခင်ဗျားဖတ်ရလိမ့်မယ်။ Dialogue: 0,0:09:17.00,0:09:20.00,Default,,0000,0000,0000,,ဟော ဘယ်သူတို့ဖြင့် ဘယ်သူနဲ့ မှားယွင်းကြပြန်ပြီ။ ဘယ်သူကတော့ ဘာအမှားကို ကျူးလွန်လိုက်ပြန်ပြီ။ Dialogue: 0,0:09:20.00,0:09:22.00,Default,,0000,0000,0000,,ဘယ်သူကတော့ ဘယ်လို မတရားမှုကို ဘယ်လိုကြိုးကိုင်လိုက်ပြန်ပြီ စသဖြင့်ပေါ့။ ဘာပဲဖြစ်ဖြစ်လေ Dialogue: 0,0:09:22.00,0:09:25.00,Default,,0000,0000,0000,,နောက်ဆုံးတော့ ဒီ အမှားတွေဟာ လှောင်ပြောင်ခံစရာတွေ ဖြစ်လာတာပေါ့။ Dialogue: 0,0:09:25.00,0:09:28.00,Default,,0000,0000,0000,,တနည်းအားဖြင့် ပြောရရင် သူတို့ ရှံူးနိမ့်ကြသည်ပေါ့။ ပြီးတော့ သူတို့ဟာ လူညံ့တွေ ဖြစ်ကြသည်ပေါ့။ Dialogue: 0,0:09:28.00,0:09:30.00,Default,,0000,0000,0000,,ကဲ ဒါကို တခြားဘယ်နည်းလမ်းနဲ့ ဖြေရှင်းကြမတုန်း။ Dialogue: 0,0:09:30.00,0:09:32.00,Default,,0000,0000,0000,,ကျွန်တော်ထင်တာက အနောက်တိုင်းယဉ်ကျေးမှုမှာ သိသာထင်ရှားတဲ့ တခြားနည်းလမ်းတခုရှိတယ်။ Dialogue: 0,0:09:32.00,0:09:35.00,Default,,0000,0000,0000,,အဲဒါဘာလည်းဆိုရင် ၀မ်းနည်းစရာဖြစ်စဉ်ပဲ။ Dialogue: 0,0:09:35.00,0:09:38.00,Default,,0000,0000,0000,,၀မ်းနည်းပေါက်ကွဲမှုကြောင့်ဖြစ်လာတဲ့ အနုပညာဟာ ရှေးခေတ်ဂရိတွေရဲ့ ဇာတ်ခုံတွေက စခဲ့တာပေါ့။ Dialogue: 0,0:09:38.00,0:09:40.00,Default,,0000,0000,0000,,၅ရာစု ဘီစီလောက်တုန်းက စတင်တဲ့ ဒီပေါက်ကွဲမှုအနုပညာဟာ Dialogue: 0,0:09:40.00,0:09:43.00,Default,,0000,0000,0000,,လူတွေရဲ့ ရှံူးနိမ့်ကျဆုံးမှုတွေကို ပီပီပြင်ပြင် သရုပ်ဖော်ထားတာပဲ။ Dialogue: 0,0:09:43.00,0:09:47.00,Default,,0000,0000,0000,,ပြီးတော့ လူတွေရဲ့ ဂရုဏာသက်မှုတွေအဆင့်အဆင့်ကို Dialogue: 0,0:09:47.00,0:09:51.00,Default,,0000,0000,0000,,သာမာန်လူတယောက်အနေနဲ့ မမှန်းဆနိုင်လောက်တဲ့ အဖြစ်အပျက်တွေနဲ့ ဖော်ကျူးထားတာပါပဲ။ Dialogue: 0,0:09:51.00,0:09:52.00,Default,,0000,0000,0000,,လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်က ကျွန်တော်ဒါတွေကို စဉ်းစားမိသေးတယ်။ Dialogue: 0,0:09:52.00,0:09:54.00,Default,,0000,0000,0000,,ပြီးတော့ ကျွန်တော် "တနင်္ဂနွေ အားကစား" ဆိုတာကို သွားကြည့်တယ်။ Dialogue: 0,0:09:54.00,0:09:57.00,Default,,0000,0000,0000,,အဲဒီ သတင်းစာကို ခင်ဗျားဖတ်ကြည့်ပါလို့ ကျွန်တော်ဖြင့် မတိုက်တွန်းပါဘူး Dialogue: 0,0:09:57.00,0:09:59.00,Default,,0000,0000,0000,,အထူးသဖြင့် ခင်ဗျားအကြောင်းမသိသေးဘူး ဆိုရင်ပေါ့။ Dialogue: 0,0:09:59.00,0:10:01.00,Default,,0000,0000,0000,,အဲဒီ သတင်းစာတိုက်ကို ကျွန်တော်သွားပြီး Dialogue: 0,0:10:01.00,0:10:04.00,Default,,0000,0000,0000,,၀မ်းနည်းကြေကွဲမှုအပြည့်နဲ့ ပုံဖော်ထားတဲ့ အနောက်တိုင်းအနုပညာရဲ့ တစိတ်တဒေသကို ပြောပြကြည့်တယ်။ Dialogue: 0,0:10:04.00,0:10:06.00,Default,,0000,0000,0000,,ကျွန်တော်သိချင်တာက သူတို့ အခုလို အခြေအမြစ်မရှိတဲ့ Dialogue: 0,0:10:06.00,0:10:09.00,Default,,0000,0000,0000,,ဇာတ်လမ်းတချို့ကို သတင်းအနေနဲ့ Dialogue: 0,0:10:09.00,0:10:12.00,Default,,0000,0000,0000,,အခုလို တနင်္ဂနွေနေ့လည်မျိုးမှာ ရခဲ့ရင် ဘာလုပ်မလည်းလို့ပါ။ Dialogue: 0,0:10:12.00,0:10:14.00,Default,,0000,0000,0000,,သူတို့ကို ကျွန်တော်က အော်သဲလို အကြောင်းပြောပြတယ်။ သူတို့ အဲဒီ အကြောင်းအရာကို လုံးဝမကြားဖူးပေမယ့် တော်တော်ကို စိတ်ဝင်စားဟန်ပြကြတယ်။ Dialogue: 0,0:10:14.00,0:10:15.00,Default,,0000,0000,0000,,(ရီမောသံများ) Dialogue: 0,0:10:15.00,0:10:18.00,Default,,0000,0000,0000,,ဒါနဲ့ ကျွန်တော်ကသူတို့ကို အော်သဲလိုအကြောင်းကို ခေါင်းကြီးပိုင်းမှာ ရေးပေးပါလားလို့ တောင်းဆိုလိုက်တယ်။ Dialogue: 0,0:10:18.00,0:10:21.00,Default,,0000,0000,0000,,ဒါနဲ့ သူတို့လည်း "အချစ်ကြီးသော တပြည်သားသည် အမတ်၏ သမီးကို သတ်သည်" ဆိုပြီး Dialogue: 0,0:10:21.00,0:10:23.00,Default,,0000,0000,0000,,ခေါင်းကြီးပိုင်းမှာ ထည့်လိုက်ပါလေရော။ Dialogue: 0,0:10:23.00,0:10:25.00,Default,,0000,0000,0000,,ကျွန်တော်က သူတို့ကို မဒမ် ဘိုဗရီဆိုတဲ့ အမျိုးသမီးရေးတဲ့ ဇာတ်တပုဒ်ကို ပေးလိုက်တာတယ်။ Dialogue: 0,0:10:25.00,0:10:27.00,Default,,0000,0000,0000,,အဲဒီစာအုပ်ကိုတွေ့တော့ သူတို့က ၀မ်းသာအားရနဲ့ Dialogue: 0,0:10:27.00,0:10:32.00,Default,,0000,0000,0000,,ဒီလိုရေးလိုက်ပြန်တယ် "စျေးဝယ်ရတာခုံမင်လွန်းတဲ့ လူမှုရေးဖောက်ပြန်တဲ့ အမျိုးသမီးတဦးဟာ သူမ လိမ်လည်သုံးစွဲမှုကို ဖော်ထုတ်ခံရအပြီးမှာ အဆိပ်ဆေးကို မျိုချလိုက်ပါသည်" တဲ့ Dialogue: 0,0:10:32.00,0:10:33.00,Default,,0000,0000,0000,,(ရီမောသံများ) Dialogue: 0,0:10:33.00,0:10:35.00,Default,,0000,0000,0000,,နောက်တခုကတော့ ကျွန်တော့်နှစ်သက်တဲ့ တခုပါပဲ။ Dialogue: 0,0:10:35.00,0:10:37.00,Default,,0000,0000,0000,,သူတို့ဟာ ပြောရမယ်ဆိုရင် တကယ့်ကို သူတို့လုပ်ရမယ့်အပိုင်းမှာ ထူးချွန်တဲ့သူတွေပါပဲ။ Dialogue: 0,0:10:37.00,0:10:39.00,Default,,0000,0000,0000,,ကျွန်တော်ကြိုက်တာက စာရေးဆရာ ဆိုဖိုကယ်ရေးတဲ့ ဘုရင် အီဒီပတ်စ် အကြောင်း ဖြစ်ပါတယ် Dialogue: 0,0:10:39.00,0:10:42.00,Default,,0000,0000,0000,,သူတို့ ခေါင်းစဉ်တပ်လိုက်ပြန်တာက "သားသယ်အမေနဲ့ လိင်ဆက်ဆံခြင်းဟာ သိပ်ကောင်းပါတယ်"တဲ့။ Dialogue: 0,0:10:42.00,0:10:45.00,Default,,0000,0000,0000,,(ရီမောသံများ) Dialogue: 0,0:10:45.00,0:10:47.00,Default,,0000,0000,0000,,(လက်ခုပ်သံများ) Dialogue: 0,0:10:47.00,0:10:50.00,Default,,0000,0000,0000,,တနည်းပြောရမယ်ဆိုရင် ဂရုဏာ ရောင်စဉ်တန်းရဲ့ အဆုံးတဖက်မှာ Dialogue: 0,0:10:50.00,0:10:52.00,Default,,0000,0000,0000,,ပဋ္ဋိပက္ခသတင်းစာ ရှိနေပါတယ်။ Dialogue: 0,0:10:52.00,0:10:55.00,Default,,0000,0000,0000,,သူရဲ့ တခြားတဖက်က ရောင်စဉ်တန်းမှာတော့ သူတပါးတို့ရဲ့ ၀မ်းနည်းကြေကွဲဆုံးရှံုးမှုတွေနဲ့အတူ အဲဒါတွေရဲ့ အနုပညာပါ ရှိနေမှာပါ။ Dialogue: 0,0:10:55.00,0:10:57.00,Default,,0000,0000,0000,,ကျွန်တော်ထင်တယ် ကျွန်တော်ခင်ဗျားတို့ကို တိုက်တွန်းနေမိသလား၊ Dialogue: 0,0:10:57.00,0:10:59.00,Default,,0000,0000,0000,,၀မ်းနည်းကြေကွဲမှုအနုပညာမှာ ဘာတွေဖြစ်နေသလဲဆိုတာကို လေ့လာသင့်တယ်လို့။ Dialogue: 0,0:10:59.00,0:11:02.00,Default,,0000,0000,0000,,ဟမ်မလတ်ဆိုတဲ့ ဇာတ်ကောင်ကို လူညံ့လို့ ပြောတာဟာ ရူးတာပါပဲ။ Dialogue: 0,0:11:02.00,0:11:05.00,Default,,0000,0000,0000,,သူဟာ ရှံူးနိမ့်သွားခဲ့ပေမယ့် လူညံ့တယောက် မဟုတ်ခဲ့ပါဘူး။ Dialogue: 0,0:11:05.00,0:11:07.00,Default,,0000,0000,0000,,ဒါဟာ ကျွန်တော်တို့ကို ၀မ်းနည်းကြေကွဲစရာ ဇာတ်လမ်းတပုဒ်က ပေးတဲ့ အသိတရားတရပ်ပါ။ Dialogue: 0,0:11:07.00,0:11:10.00,Default,,0000,0000,0000,,ဒါဟာ ဘာကြောင့် အရမ်း အရမ်းကို အရေးကြီးလည်းဆိုတာလည်းပါမယ် ထင်ပါတယ်။ Dialogue: 0,0:11:10.00,0:11:12.00,Default,,0000,0000,0000,,ဒါဟာ အခုခေတ်မော်ဒန် အဖွဲ့အစည်းနဲ့ ပတ်သက်နေပါတယ်။ Dialogue: 0,0:11:12.00,0:11:14.00,Default,,0000,0000,0000,,ပြီးတော့ ဘာက စိတ်ဖိစီးမှုတွေကို ဖြစ်စေသလည်းဆိုတဲ့ မေးခွန်းအတွက် Dialogue: 0,0:11:14.00,0:11:17.00,Default,,0000,0000,0000,,အဖြေကတာ့ ငါတို့ဟာ လူသားတွေဖြစ်နေကြလို့ ဆိုတာပါပဲ။ Dialogue: 0,0:11:17.00,0:11:19.00,Default,,0000,0000,0000,,ကျွန်တော်တို့ဟာ ဒီကမ္ဘာမှာ ပထမဆုံး ဖြစ်ပေါ်နေထိုင်တဲ့ လူ့အဖွဲ့အစည်းတရပ်ပါ။ Dialogue: 0,0:11:19.00,0:11:22.00,Default,,0000,0000,0000,,ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကိုယ်ပဲ ကိုးကွယ်ယုံကြည်တဲ့သူတွေလည်း ဖြစ်ပါတယ်။ Dialogue: 0,0:11:22.00,0:11:24.00,Default,,0000,0000,0000,,ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကိုယ် မြင့်မြင့်မှန်းတာနဲ့ အလျောက် မြင့်မြင့်ကြံသင့်ပါတယ်။ Dialogue: 0,0:11:24.00,0:11:27.00,Default,,0000,0000,0000,,ကျွန်တော်တို့ဟာ လပေါ်ကို လူတွေလွှတ်နိုင်ခဲ့ပြီ။ တခြား မယုံနိုင်လောက်အောင် ဆန်းကြယ်တဲ့ အရာတွေကိုလည်း အကောင်အထည် ဖော်ခဲ့ပြီးပြီ။ Dialogue: 0,0:11:27.00,0:11:29.00,Default,,0000,0000,0000,,ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် ကိုးကွယ်အားကိုးဖို့ပဲ လိုတယ်။ Dialogue: 0,0:11:29.00,0:11:31.00,Default,,0000,0000,0000,,ကျွန်တော်တို့ရဲ့ သူရဲကောင်းတွေဟာ လူသား သူရဲကောင်းတွေပါ။ Dialogue: 0,0:11:31.00,0:11:33.00,Default,,0000,0000,0000,,ဒါဟာ အခုမှဖြစ်လာတဲ့ အခြေအနေသစ်တရပ်ပါ။ Dialogue: 0,0:11:33.00,0:11:35.00,Default,,0000,0000,0000,,တခြားသော လူ့အဖွဲ့အစည်းတွေဟာ သူတို့ရဲ့ အလယ်ခေါင်မှာ Dialogue: 0,0:11:35.00,0:11:37.00,Default,,0000,0000,0000,,တခြားအရပ်က ဆင်းသက်လာတဲ့ ထာဝရဘုရားတို့၊ Dialogue: 0,0:11:37.00,0:11:39.00,Default,,0000,0000,0000,,၀ိဉာဉ်တို၊့ သဘာဝအတွင်းအားတို့၊ စကြာဝဠာတို့၊ Dialogue: 0,0:11:39.00,0:11:42.00,Default,,0000,0000,0000,,တခြား တခြားသော အရာတို့ကို တည်ထား ကိုးကွယ်အားကိုးနေကြတာလည်း ရှိပါတယ်။ Dialogue: 0,0:11:42.00,0:11:44.00,Default,,0000,0000,0000,,ကျွန်တော်တို့မှာတော့ ဒီလိုအကျင့်တွေမရှိတော့ပါဘူး။ Dialogue: 0,0:11:44.00,0:11:46.00,Default,,0000,0000,0000,,ဒါကြောင့်လည်း ကျွန်တော်တို့ဟာ သဘာဝတရားစတင် နားလည် သဘောပေါက်လာအောင် ကြိုးစားလာကြတာပါ။ Dialogue: 0,0:11:46.00,0:11:49.00,Default,,0000,0000,0000,,ဒါဟာလည်း ကျွန်တော်တို့ရဲ့ ကျန်းမာရေးအတွက် မဟုတ်ပါဘူး။ ဒါပေမယ့် တခါတလေတော့လည်း အဲဒါအတွက်လို့ ထင်စရာရှိပါတယ်။ Dialogue: 0,0:11:49.00,0:11:53.00,Default,,0000,0000,0000,,သဘာဝတရားကို နားလည်ဖို့ကြိုးစားတာကတော့ လူတွေရဲ့ နှစ်ပေါင်းများစွာတည်ဆောက်ထားတဲ့ အသိုက်အမြံုကနေ ထွက်ပြေးချင်လို့ပါပဲ။ Dialogue: 0,0:11:53.00,0:11:55.00,Default,,0000,0000,0000,,ဒါဟာ ကျွန်တော်တို့ရဲ့ ပြိုင်ဆိုင်မှုရဲ့ ထွက်ပေါက်ပါ။ Dialogue: 0,0:11:55.00,0:11:57.00,Default,,0000,0000,0000,,ကျွန်တော်တို့ရဲ့ အတောမသတ်နိုင်တဲ့ ငိုကြွေးရယ်မောသံတွေရဲ့ ထွက်ပေါက်ပါ။ Dialogue: 0,0:11:57.00,0:11:59.00,Default,,0000,0000,0000,,ဒါကြောင့် ကျွန်တော်တို့ဟာ ရေခဲပြင်ကြီးတွေ၊ ပင်လယ်ကြီးတွေကို ကြည့်နေရရင် ပျော်နေတတ်ပြီး Dialogue: 0,0:11:59.00,0:12:03.00,Default,,0000,0000,0000,,ကမ္ဘာကြီးကို အပြင်ဖက်ရှုထောင့်ကနေ တွေးတောသုံးသပ်ရတာမျိုးကို ခုံမင်တတ်ကြတာပေါ့။ Dialogue: 0,0:12:03.00,0:12:07.00,Default,,0000,0000,0000,,ကျွန်တော်တို့ဟာ လူမဟုတ်တဲ့အရာတွေ သက်ရှိတွေနဲ့လည်း ထိတွေ့ဆက်ဆံချင်သလို Dialogue: 0,0:12:07.00,0:12:11.00,Default,,0000,0000,0000,,ဒီလိုဆန္ဒတွေဟာလည်း ကျွန်တော်တို့အတွက် အရေးကြီးနေတတ်ပါတယ်။ Dialogue: 0,0:12:11.00,0:12:14.00,Default,,0000,0000,0000,,ကျွန်တော်ဘာကို ပြောပြနေတာလည်းဆိုတာကတော့ အဓိကအားဖြင့် အောင်မြင်မှုနဲ့ ရှံုးနိမ့်မှုကိုပါ။ Dialogue: 0,0:12:14.00,0:12:17.00,Default,,0000,0000,0000,,နောက်ပြီး အောင်မြင်မှုနဲ့ ပတ်သက်လို့ စိတ်ဝင်စားစရာကောင်းတဲ့ အချက်တခုကတော့ Dialogue: 0,0:12:17.00,0:12:19.00,Default,,0000,0000,0000,,ကျွန်တော်တို့ဟာ အောင်မြင်မှုဟာဘာလဲဆိုတာကို သိတယ်လို့ ထင်နေကြတာကိုပါပဲ။ Dialogue: 0,0:12:19.00,0:12:21.00,Default,,0000,0000,0000,,ကွန်တော် ခင်ဗျားကို ခင်ဗျားရဲ့နောက်မှာ လူတယောက်ရှိတယ် Dialogue: 0,0:12:21.00,0:12:24.00,Default,,0000,0000,0000,,အဲဒီလူဟာ အင်မတန် အောင်မြင်တဲ့သူလို့ ပြောရင် ခင်ဗျားရဲ့ခေါင်းထဲကို Dialogue: 0,0:12:24.00,0:12:26.00,Default,,0000,0000,0000,,ဒီလူဟာ ပိုက်ဆံတော်တော်ရှာနိုင်မှာပဲ Dialogue: 0,0:12:26.00,0:12:29.00,Default,,0000,0000,0000,,သူ့ပတ်ဝန်းကျင်မှာ တော်တော်နာမည်ရှိတဲ့သူတယောက်ပဲလို့ အထင်ချက်ချင်း ရောက်လာလိမ့်မယ်။ Dialogue: 0,0:12:29.00,0:12:31.00,Default,,0000,0000,0000,,ကျွန်တော့်ရဲ့ အောင်မြင်မှုနဲ့ ပတ်သက်လို့ လေ့လာသုံးသပ်ချက်တွေ -- ပြီးတော့ ကျွန်တော်ဟာ Dialogue: 0,0:12:31.00,0:12:34.00,Default,,0000,0000,0000,,အောင်မြင်မှုကို အင်မတန်စိတ်ဝင်စားတဲ့ သူတယောက်ပါ။ တကယ်လည်း ကျွန်တော် အောင်မြင်ချင်ပါတယ်။ Dialogue: 0,0:12:34.00,0:12:36.00,Default,,0000,0000,0000,,ကျွန်တော် အမြဲတစေ စဉ်းစားလေ့ရှိတယ် "ငါဘယ်လို လုပ်ပြီး ပိုအောင်မြင်အောင် ကြိုးစားရပါ့မလည်း" လို့ပါ။ Dialogue: 0,0:12:36.00,0:12:38.00,Default,,0000,0000,0000,,ဒါပေမယ့် ကျွန်တော်ဟာ အသက်ကြီးလာလေလေ Dialogue: 0,0:12:38.00,0:12:40.00,Default,,0000,0000,0000,,အောင်မြင်မှုဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို ဖော်ထုတ်တာမှာ နည်းနည်းလေး ကွဲပြားလာလေပဲ။ Dialogue: 0,0:12:40.00,0:12:42.00,Default,,0000,0000,0000,,အခုပြောမှာက အောင်မြင်မှုရဲ့ အဓိပ္ပါယ်အပေါ် ကျွန်တော့်ရဲ့ ကိုယ်ပိုင် ထင်မြင်ယူဆခံယူချက်ပဲ။ Dialogue: 0,0:12:42.00,0:12:45.00,Default,,0000,0000,0000,,ခင်ဗျားဟာ အရာအားလုံးမှာ မအောင်မြင်နိုင်ပါဘူး Dialogue: 0,0:12:45.00,0:12:47.00,Default,,0000,0000,0000,,ကျွန်တော်တို့တွေ အလုပ်နဲ့ဘဝ သဟဇာတဖြစ်အောင်နေနည်းတွေကို အများကြီး ကြားဖူးကြတယ်။ Dialogue: 0,0:12:47.00,0:12:50.00,Default,,0000,0000,0000,,တကယ်တော့ အဲဒီနည်းတွေဟာ အဓိပ္ပါယ်သိပ်မရှိလှဘူး။ အကုန်လုံး ခင်ဗျား မရနိုင်ဘူး။ Dialogue: 0,0:12:50.00,0:12:52.00,Default,,0000,0000,0000,,ဒါဆို အောင်မြင်မှုကို ကြည့်တဲ့အခါမှာ Dialogue: 0,0:12:52.00,0:12:54.00,Default,,0000,0000,0000,,အောင်မြင်မှု အတွက် ဘာတွေ ဆုံးရှံူးနေသလည်း၊ Dialogue: 0,0:12:54.00,0:12:56.00,Default,,0000,0000,0000,,ဘယ်နေရာမှာ ဘာတွေကို ဆုံးရှံူးနေသလည်းဆိုတာကို ထည့်ကို စဉ်းစားကြရမှာ ဖြစ်ပါတယ်။ Dialogue: 0,0:12:56.00,0:12:59.00,Default,,0000,0000,0000,,ကျွန်တော်ယုံတယ်၊ ပညာရှိတဲ့ သက်ရှိအားလုံးက ဒါကိုလက်ခံလိမ့်မယ်။ Dialogue: 0,0:12:59.00,0:13:02.00,Default,,0000,0000,0000,,ခုနကပြောသလိုပဲ ကျွန်တော်တို့ မအောင်မြင်တဲ့ ကဏ္ဍတခု အနည်းဆုံးရှိလိမ့်မယ်။ Dialogue: 0,0:13:02.00,0:13:04.00,Default,,0000,0000,0000,,အောင်မြင်တဲ့ဘဝဆိုတာဟာ Dialogue: 0,0:13:04.00,0:13:06.00,Default,,0000,0000,0000,,များသောအားဖြင့် ကျွန်တော်တို့ ထင်မြင်ယူဆထားတဲ့ Dialogue: 0,0:13:06.00,0:13:09.00,Default,,0000,0000,0000,,ဘဝမှာ အောင်အောင်မြင်မြင်နေနည်းဆိုတာကို တကယ်တော့ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် ထင်မြင်ယူဆချက်တွေ မဟုတ်ဘူး။ Dialogue: 0,0:13:09.00,0:13:11.00,Default,,0000,0000,0000,,သူများတွေရဲ့ ထင်မြင်ယူဆချက်တွေပဲ Dialogue: 0,0:13:11.00,0:13:13.00,Default,,0000,0000,0000,,များသောအားဖြင့် ခင်ဗျားဟာ ယောကျ်ားဆိုရင် ခင်ဗျားရဲ့ အဖေရဲ့ လွှမ်းမိုးမှု Dialogue: 0,0:13:13.00,0:13:15.00,Default,,0000,0000,0000,,တကယ်လို့ ခင်ဗျားဟာ မိန်းမဆိုရင် ခင်ဗျားရဲ့ အမေရဲ့ လွှမ်းမိုးမှုကလာတဲ့ ထင်မြင်ချက်တွေပဲ Dialogue: 0,0:13:15.00,0:13:18.00,Default,,0000,0000,0000,,စိတ်ခံစားမှုဆိုင်ရာ သုံးသပ်တဲ့ ပညာရှင်တွေဟာ ဒီအချက်ကို ထောက်ပြနေတာ အနှစ် ၈၀ကျော်သွားပြီ Dialogue: 0,0:13:18.00,0:13:21.00,Default,,0000,0000,0000,,ဘယ်သူမှ ဒါကို အလေးပေးပြီး နားမထောင်ကြဘူး။ ဒါပေမယ့် ကျွန်တော်ကတော့ အဲဒီအချက်ကို လက်ခံတယ် Dialogue: 0,0:13:21.00,0:13:23.00,Default,,0000,0000,0000,,ကျွန်တော်တို့ဟာ ၀ါဒဖြန့်တာတွေ ခံနေကြရတယ် Dialogue: 0,0:13:23.00,0:13:25.00,Default,,0000,0000,0000,,တီဗွီတွေ၊ ကြော်ငြာတွေ၊ Dialogue: 0,0:13:25.00,0:13:27.00,Default,,0000,0000,0000,,စျေးကွက်ဖြန့်ချီရေးတွေကနေ တဆင့်ပေါ့။ Dialogue: 0,0:13:27.00,0:13:29.00,Default,,0000,0000,0000,,ဒါတွေဟာ တကယ့်ကို ကြီးမားပြီး အင်အားရှိတဲ့ တွန်းအားတွေပဲ Dialogue: 0,0:13:29.00,0:13:33.00,Default,,0000,0000,0000,,ဒါတွေဟာ ကျွန်တော်တို့ ဘာလိုချင်သလည်း၊ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုထင်မြင်သလည်းဆိုတာတွေကို သူတို့လိုချင်သလို သတ်မှတ်ပစ်တယ်။ Dialogue: 0,0:13:33.00,0:13:36.00,Default,,0000,0000,0000,,ကျွန်တော်တို့ကို ဘဏ်စီးပွားရေးဟာ တကယ့်ကို ကြီးပွားတိုးတက်မယ့် အလုပ်အကိုင်လို့ ပြောရင် Dialogue: 0,0:13:36.00,0:13:38.00,Default,,0000,0000,0000,,ကျွန်တော်တို့အားလုံး ဘဏ်နဲ့ပတ်သက်တဲ့ အလုပ်တွေကို လုပ်ချင်ကြတယ်။ Dialogue: 0,0:13:38.00,0:13:41.00,Default,,0000,0000,0000,,ဘဏ်အလုပ်အကိုင်က မကောင်းတော့ဘူးလို့ပြောရင် ကျွန်တော်တို့ဟာဘာ ဘဏ်စီးပွားရေး အလုပ်အကိုင်ကိုမှ စိတ်ဝင်စားတော့မှာ မဟုတ်ဘူး။ Dialogue: 0,0:13:41.00,0:13:44.00,Default,,0000,0000,0000,,ကျွန်တော်တို့ဟာ အကြံဉာဏ်တိုင်းကို လက်ခံပါတယ်။ Dialogue: 0,0:13:44.00,0:13:47.00,Default,,0000,0000,0000,,ဒါဆိုရင် ကျွန်တော်ဘာကို ငြင်းချက်ထုတ်ချင်သလည်းဆိုတာက Dialogue: 0,0:13:47.00,0:13:49.00,Default,,0000,0000,0000,,ကျွန်တော်တို့ရဲ့ အောင်မြင်မှုအပေါ် တွေးထင်ချက်တွေကို လွှင့်ပစ်ဖို့ မဟုတ်ဘူး။ Dialogue: 0,0:13:49.00,0:13:51.00,Default,,0000,0000,0000,,ကျွန်တော်တို့ရဲ့ အောင်မြင်မှု ဒဿနဟာ ကိုယ်ပိုင်ဒဿနနဲ့ ခံယူချက်ဖြစ်ရမယ်လို့သာ တိုက်တွန်းချင်တာပါ Dialogue: 0,0:13:51.00,0:13:53.00,Default,,0000,0000,0000,,ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် အတွေးအခေါ် ဆန္ဒကို အလေးပေးကြရမယ်။ Dialogue: 0,0:13:53.00,0:13:56.00,Default,,0000,0000,0000,,ကျွန်တော်တို့ အစစ်အမှန် ပိုင်တယ်ဆိုတာကို သေချာကြရမယ်။ Dialogue: 0,0:13:56.00,0:13:58.00,Default,,0000,0000,0000,,နောက်ပြီး ကျွန်တော်တို့ဟာ ကျွန်တော်တို့ အောင်မြင်မှုအတွက် ကိုယ်ပိုင် စာရေးဆရာတွေ ဖြစ်ကြရမယ်။ Dialogue: 0,0:13:58.00,0:14:00.00,Default,,0000,0000,0000,,ဘာကြောင့်လည်းဆိုတော့ ကိုယ်လိုချင်တာကို မရတာနဲ့တင် တော်တော်ဆိုးနေပါပြီ။ Dialogue: 0,0:14:00.00,0:14:03.00,Default,,0000,0000,0000,,ပိုဆိုးတာက ကိုယ့်မှာ အတွေးအခေါ်တော့ ရှိပါရဲ့၊ Dialogue: 0,0:14:03.00,0:14:06.00,Default,,0000,0000,0000,,ကိုယ်ဘာလိုချင်သလည်း ဆိုတာ သိပါရဲ့ဆိုပြီး လမ်းဆုံးရောက်ခါမှ Dialogue: 0,0:14:06.00,0:14:09.00,Default,,0000,0000,0000,,ဒါဟာ ငါလိုချင်ခဲ့တဲ့လမ်း မဟုတ်ဘူးဆိုရင် ဘာလုပ်ကြမလည်း။ Dialogue: 0,0:14:09.00,0:14:11.00,Default,,0000,0000,0000,,ကျွန်တော် ဒီမှာပဲ ရပ်လိုက်တော့မယ်။ Dialogue: 0,0:14:11.00,0:14:14.00,Default,,0000,0000,0000,,ဒါပေမယ့် ကျွန်တော် တကယ့်ကို ထောက်ပြချင်တာကတော့ Dialogue: 0,0:14:14.00,0:14:16.00,Default,,0000,0000,0000,,ဘယ်လိုပဲဖြစ်ဖြစ်၊ အောင်မြင်မှု၊ ဟုတ်တယ်၊ အောင်မြင်မှုကိုပဲ Dialogue: 0,0:14:16.00,0:14:18.00,Default,,0000,0000,0000,,ကျွန်တော်တို့ရဲ့ တချို့သော ထင်မြင်ယူဆချက်တွေဟာ အင်မတန် ဆန်းပြားနေတာကိုလည်း လက်ခံကြရမယ်နော်။ Dialogue: 0,0:14:18.00,0:14:21.00,Default,,0000,0000,0000,,ကျွန်တော်တို့ရဲ့ အောင်မြင်မှုဆိုတာကို လေ့လာဆန်းစစ် ငြင်းချက်ထုတ်တာတွေကို အသာထားလိုက်ပါဦး။ Dialogue: 0,0:14:21.00,0:14:25.00,Default,,0000,0000,0000,,ကျွန်တော်တို့ရဲ့ အောင်မြင်မှု အပေါ် သတ်မှတ်ထင်မြင်ချက်ဟာ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် ခံယူချက်စစ်စစ်ဖြစ်တယ်ဆိုတာကို သေချာနိုင်ကြပါစေ။ Dialogue: 0,0:14:25.00,0:14:27.00,Default,,0000,0000,0000,,ကျေးဇူး အများကြီးတင်ပါတယ် ခင်ဗျာ။ Dialogue: 0,0:14:27.00,0:14:43.00,Default,,0000,0000,0000,,(လက်ခုပ်တီးသံများ) Dialogue: 0,0:14:43.00,0:14:45.00,Default,,0000,0000,0000,,Chris Anderson: အရမ်းကို စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ခင်ဗျား ကျွန်တော်အခုပြောမယ့် ၂ချက်ကို ဘယ်လို စေ့စပ်နိုင်မလည်း Dialogue: 0,0:14:45.00,0:14:50.00,Default,,0000,0000,0000,,ခင်ဗျားပြောခဲ့တဲ့ တစုံတယောက်ဟာ -- Dialogue: 0,0:14:50.00,0:14:53.00,Default,,0000,0000,0000,,တစုံတယောက်ကို လူညံ့လို့ထင်တာ မကောင်းဘူးဆိုတဲ့ အချက်နဲ့ Dialogue: 0,0:14:53.00,0:14:57.00,Default,,0000,0000,0000,,လူအတော်များများဟာ ကျွန်တော်တို့ရဲ့ ဘဝကို ချုပ်ခြယ်ကြိုးကိုင်ချင်ကြတယ်ဆိုတဲ့ အချက်ကိုပါပဲ။ Dialogue: 0,0:14:57.00,0:15:00.00,Default,,0000,0000,0000,,ပြီးတော့ လူ့အဖွဲ့အစည်းတရပ်ဟာ Dialogue: 0,0:15:00.00,0:15:03.00,Default,,0000,0000,0000,,အောင်နိုင်သူနဲ့ ရှံူးနိမ့်သူတွေကို ခွဲခြားတဲ့စနစ်ကို အားပေးတယ်ဆိုရင်ပေါ့။ Dialogue: 0,0:15:03.00,0:15:06.00,Default,,0000,0000,0000,,Alain de Bottom: ဟုတ်ကဲ့။ အစဉ်တကျမဟုတ်တဲ့ Dialogue: 0,0:15:06.00,0:15:08.00,Default,,0000,0000,0000,,အောင်မြင်မှုနဲ့ ရှံူးနိမ့်မှုဖြစ်စဉ်ကို ကျွန်တော်က ထောက်ပြချင်တာပါ။ Dialogue: 0,0:15:08.00,0:15:10.00,Default,,0000,0000,0000,,ဘာလို့လည်းဆိုတော့ အခုခေတ် အလေးပေးနေတာတွေဟာ Dialogue: 0,0:15:10.00,0:15:12.00,Default,,0000,0000,0000,,အရာရာအပေါ်မှာ တရားမျှတမှုရှိဖို့ကိုပါ။ Dialogue: 0,0:15:12.00,0:15:14.00,Default,,0000,0000,0000,,နိုင်ငံရေးသမားတွေကလည်း အမြဲတမ်း တရားမျှတမှုရှိဖို့ကို ပြောကြပါတယ်။ Dialogue: 0,0:15:14.00,0:15:17.00,Default,,0000,0000,0000,,အခု ကျွန်တော်က တရားကို မျှမျှတတ စီရင်တာကို အားပေးတဲ့သူပါ။ ဒါပေမယ့် အရာရာ တရားမျှတဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့လည်း ထင်ပါတယ်။ Dialogue: 0,0:15:17.00,0:15:19.00,Default,,0000,0000,0000,,ဒါဖြင့် ကျွန်တော်တို့ဟာ ကိုယ်တတ်နိုင်သလောက် Dialogue: 0,0:15:19.00,0:15:21.00,Default,,0000,0000,0000,,တတ်စွမ်းသလောက် တရားမျှတမှုရှိဖို့ ကြိုးစားကြရမှာပါ။ Dialogue: 0,0:15:21.00,0:15:23.00,Default,,0000,0000,0000,,ဒါပေမယ့်။ အဆုံးသတ်မှာ ကျွန်တော့်တို့ သတိတရရှိကြရမှာက Dialogue: 0,0:15:23.00,0:15:26.00,Default,,0000,0000,0000,,ဘယ်သူ ဘာကိုပဲ ရင်ဆိုင်နေရနေရ။ ဘာတွေပဲ ဘဝမှာ ဖြစ်ခဲ့ ဖြစ်ခဲ့ Dialogue: 0,0:15:26.00,0:15:29.00,Default,,0000,0000,0000,,အားပြင်းတဲ့ မျှော်လင့်စီစဉ်ထားတဲ့ အတိုင်းဖြစ်မလာတတ်တဲ့ အကြောင်းအရာ ဆိုတာရှိပါတယ်။ Dialogue: 0,0:15:29.00,0:15:31.00,Default,,0000,0000,0000,,ဒါ့ကြောင့်လည်း ကျွန်တော်ဟာ ဒီအခန်းထဲက ထွက်ဖို့ကြိုးစားနေတာပဲ Dialogue: 0,0:15:31.00,0:15:33.00,Default,,0000,0000,0000,,မဟုတ်ရင် ပရိတ်သတ်များတဲ့ ဒီအခန်းထဲမှာ ကျွန်တော် မွမ်းကြပ်လာနိုင်လို့ပါ။ Dialogue: 0,0:15:33.00,0:15:35.00,Default,,0000,0000,0000,,CA: ကျွန်တော်ပြောချင်တာက ခင်ဗျား ဒါကို တကယ်ယုံကြည်သလား။ Dialogue: 0,0:15:35.00,0:15:37.00,Default,,0000,0000,0000,,အလုပ်အကိုင်နဲ့ ပတ်သက်တဲ့ ခင်ဗျားရဲ့ နူးညံ့သိမ်မွေ့တဲ့ ဒဿန Dialogue: 0,0:15:37.00,0:15:41.00,Default,,0000,0000,0000,,နဲ့ အောင်မြင်တဲ့ စီးပွားရေးအခြေအနေနဲ့ ပေါင်းစည်းမှုကိုလေ။ Dialogue: 0,0:15:41.00,0:15:43.00,Default,,0000,0000,0000,,ဒါမှမဟုတ် အဲဒီနှစ်ခုကို ပေါင်းဖို့မဖြစ်ဘူးလို့ ခင်ဗျားယုံတာလား။ Dialogue: 0,0:15:43.00,0:15:45.00,Default,,0000,0000,0000,,ဒါပေမယ့် ဒါကို အဓိကထားပြောနေပေမယ့် တကယ်တမ်း အရေးမပါဘူးလို့ ပြောချင်တာလား။ Dialogue: 0,0:15:45.00,0:15:48.00,Default,,0000,0000,0000,,အိပ်မက်ဆိုးကတော့ ထင်တယ်လေ Dialogue: 0,0:15:48.00,0:15:52.00,Default,,0000,0000,0000,,လူတွေကို ကြောက်လန့်အောင်လုပ်ရတာဟာ သူတို့ကို အလုပ်ပေးဖို့ အကောင်းဆုံးနည်းလို့။ Dialogue: 0,0:15:52.00,0:15:55.00,Default,,0000,0000,0000,,ပြီးတော့ ပတ်ဝန်းကျင်အနေအထားက ပိုဆိုးရွားလေ Dialogue: 0,0:15:55.00,0:15:57.00,Default,,0000,0000,0000,,လူတွေဟာ ပိုရုန်းကန်ကြိုးစားလေ ပါပဲ။ Dialogue: 0,0:15:57.00,0:16:01.00,Default,,0000,0000,0000,,ခင်ဗျား ဘယ်သူ့ကို ခင်ဗျားရဲ့ စံပြအဖေအဖြစ် သတ်မှတ်နိုင်မလည်း လို့ စဉ်းစားချင်စဉ်းစားမယ်။ Dialogue: 0,0:16:01.00,0:16:04.00,Default,,0000,0000,0000,,ခင်ဗျားရဲ့ စံပြအဖေဟာ စည်းကမ်းတင်းကြပ်ပေမယ့် နူးညံ့တဲ့သူတယောက်ဖြစ်မယ်။ Dialogue: 0,0:16:04.00,0:16:06.00,Default,,0000,0000,0000,,အဲလိုမျိုးမှာ အတိအကျ သတ်မှတ်ဖို့ ခက်ခဲပါတယ်။ Dialogue: 0,0:16:06.00,0:16:10.00,Default,,0000,0000,0000,,ကျွန်တော်တို့ရဲ့ လူ့အဖွဲ့အစည်းမှာ စံပြအဖေတွေလိုအပ်ပါတယ်။ Dialogue: 0,0:16:10.00,0:16:12.00,Default,,0000,0000,0000,,အစွန်းနှစ်ဖက်ကနေ ကင်းဝေးတဲ့ အဖေမျိုး၊ Dialogue: 0,0:16:12.00,0:16:16.00,Default,,0000,0000,0000,,ဘယ်လိုမျိုးလည်းဆိုရင် တဖက်ကကြည့်ရင် အာဏာရှိတယ်၊ စည်းကမ်းတင်းကြပ်တဲ့သူ၊ Dialogue: 0,0:16:16.00,0:16:20.00,Default,,0000,0000,0000,,နောက်တဖက်အနေနဲ့ ပျော့ပျောင်းတဲ့ စည်းကမ်းလျော့ရဲတဲ့သူမျိုး။ Dialogue: 0,0:16:20.00,0:16:22.00,Default,,0000,0000,0000,,CA: Alain de Botton ပါ ခင်ဗျား။ Dialogue: 0,0:16:22.00,0:16:24.00,Default,,0000,0000,0000,,AB: ကျေးဇူး အများကြီး တင်ပါတယ် ခင်ဗျာ။ Dialogue: 0,0:16:24.00,0:16:34.00,Default,,0000,0000,0000,,(လက်ခုပ်သံများ)