ကျွန်တော့်အတွက်တော့ ဒါဖြစ်စဉ်ဟာ အခုလို အလုပ်အကိုင် ကမောက်ကမနဲ့ မတည်ငြိမ်ချိန်မျိုးမှာ ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။
များသောအားဖြင့် တနင်္ဂနွေ ညနေ၊
နေဝင်လုဆဲဆဲ အချိန်မျိုးလေးမှာပေါ့၊
ကျွန်တော်စံထားတဲ့ မျှော်လင့်ချက်နဲ့
တကယ်ဖြစ်ပျက်နေတဲ့ အခြေအနေရဲ့ ကွာဟမှုပမာဏဟာ ကြေကွဲဖွယ်ကောင်းလောက်အောင်ကို များလာတဲ့အခါမျိုးမှာဆို
မျက်နှာကိုခေါင်းအုံးအပ်ပြီး ငိုရတော့တာပါပဲ။
ကျွန်တော် ဒါတွေကို ပြောပြနေတာဟာ
ကျွန်တော် ဒါတွေကို ပြောပြနေတာဟာ ဘာကြောင့်လည်းဆိုတော့ ဒီလိုဖြစ်စဉ်မျိုးဟာ လူတဦးတည်းတယောက်တည်းနဲ့ သက်ဆိုင်တဲ့ ပြဿနာ မဟုတ်လို့ပါပဲ။
ကျွန်တော်ပြောတာမှားတယ်လို့ ခင်ဗျား ထင်ချင်ထင်မယ်၊
ဒါပေမယ့် ကျွန်တော်တို့နေထိုင်တဲ့ ရာစုမှာ ကျွန်တော်တို့ရဲ့ဘဝတွေဟာ
အလုပ်အကိုင် မတည်ငြိမ်မှုတွေရဲ့ တည်းဖြတ်ခြင်းကို ခံရရုံသာမက
သေသေချာချာနားလည်တယ်လို့ ထင်ထားခဲ့တဲ့
ကျွန်တော်တို့ရဲ့ ဘဝတွေ၊ အလုပ်အကိုင်တွေဟာ
အင်မတန် စိုးရိမ်စရာ ကောင်းလောက်တဲ့ အဖြစ်မှန်နဲ့ နဖူးတွေ့ဒူးတွေ့ ကြုံနေကြရတယ်နော်။
ဒီလိုအခြေအနေမှာ ကြီးပွားတဲ့ဘဝကို အလွယ်တကူနဲ့ ရနိုင်သလို၊
အရင်ကထက်ပိုပြီး
တည်ငြိမ်မှု၊ အလုပ်အကိုင်နဲ့ပတ်သက်တဲ့ စိတ်ဖိစီးမှု ပြေလျော့မှုနိုင်မှုတွေ ပိုနည်းပါးသွားတတ်ပါတယ်။
ကျွန်တော့်ကို ခွင့်ပြုမယ်ဆိုရင်
တချို့အကြောင်းအရာတွေကို စမ်းစစ်ကြည့်ချင်ပါတယ်။ ဘာကြောင့်
ကျွန်တော်တို့ဟာ အလုပ်အကိုင်နဲ့ပတ်သက်ပြီး စိတ်ဖိစီးမှုတွေ ဖြစ်နေရသလည်း ဆိုတာကိုပေါ့။
ဘာ့ကြောင့် ကျွန်တော်တို့ဟာ ဒီ အလုပ်အကိုင် ကမောက်ကမဖြစ်စဉ်တွေရဲ့ သားကောင်ဖြစ်ကြရတာလည်း ဆိုတာကို
ခေါင်းအုံးပေါ် ပါးအပ်ငိုကြွေးရင်းနဲ့ မေးခွန်းထုတ်ကြမယ်လေ။
ကျွန်တော်တို့ဘာလို့ ခံစားနေရလည်းဆိုတာရဲ့ အကြောင်းတရပ်ကတော့
ကျွန်တော်တို့ဟာ ကိန်းခမ်းကြီးတဲ့သူတွေကြားထဲ ရောက်နေလို့ပါပဲ။
ဒါနဲ့ ကျွန်တော့မှာ သတင်းဆိုးတွေ ရှိနေတယ်နော်။
အထူးသဖြင့် ပြည်ပကနေ အောက်စဖို့ဒ်မြို့ကို လာတဲ့သူတွေ အတွက်ပေါ့။
ကိန်းခမ်းကြီးတာဟာ တကယ့်ကိုကြီးမားတဲ့ ပြဿနာပါ။
ဘာလို့လည်းဆိုတော့ တခါတလေ U.Kနိုင်ငံ အပြင်ကလူတွေက
ထင်ကြတယ်၊ ကြီးကျယ်တာဟာ U.K. နိုင်ငံရဲ့
အိမ်ကြီးအိမ်ကောင်းတွေ၊ ဘွဲ့တံဆိပ်တွေပေါ် အမှီသဟဲပြုပြီး ဖြစ်လာတဲ့ ပြယုဂ်တခုလို့။
ကျွန်တော့်မှာပါတဲ့ သတင်းဆိုးအရကတော့ အဲဒါက မမှန်ပါဘူးတဲ့။
ကိန်းခမ်းကြီးတာဟာ ကမ္ဘာတဝှမ်းမှာဖြစ်နေတဲ့ ဖြစ်စဉ်တခုပါ။
ကျွန်တော်တို့ဟာ ကမ္ဘာ့အဖွဲ့စည်းတရပ်ပါ။ ဒါဟာ ကမ္ဘာ့ဖြစ်စဉ်တခုပါ။
ဒါဟာတကယ်ရှိပါတယ်။ ကိန်းခမ်းကြီးတယ်ဆိုတာဘာလဲ။
ကိန်းခမ်းကြီးတဲ့သူဆိုတာ ခင်ဗျားဆီကသေးငယ်တဲ့ အစိတ်အပိုင်းတခုကို ရယူသွားတဲ့သူ ဘယ်သူမဆိုဖြစ်နိုင်ပြီး
အဲဒီ အစိတ်အပိုင်းကိုကြည့်ပြီး သင်ဘယ်သူလည်းဆိုတာကို အပြည့်အဝမြင်ဖို့ အသုံးချတဲ့သူဖြစ်တယ်။
အဲဒါဟာ ကိန်းခမ်းကြီးတာပဲ။
ဒီကနေ့မှာ ဖြစ်ပေါ်ကြီးစိုးနေတဲဲ့ ကိန်းခမ်းကြီးခြင်း
ကတော့ အလုပ်အကိုင်ဆိုင်ရာ ကိန်းခမ်းကြီးခြင်းပဲ ဖြစ်ပါတယ်။
ပါတီသွားတဲ့ တခဏအတွင်းမှာ ခင်ဗျားဒါကို ကြံုတွေ့လိမ့်မယ်။
တကယ်လို့ ခင်ဗျားကို ၂၁ရာစုမှာ မေးလေ့မေးထရှိတဲ့ မေးခွန်းတခု
ဖြစ်တဲ့ "ခင်ဗျား ဘာအလုပ်လုပ်သလဲ" ဆိုတဲ့ မေးခွန်းမေးပြီ ဆိုပါစို့။
ပြီးတော့ ခင်ဗျား အဲဒီမေးခွန်းကို ဘယ်လိုဖြေလည်းဆိုတဲ့ အပေါ် မူတည်ပြီး
လူတွေက ခင်ဗျားကို အံသြစရာကောင်းလောက်အောင် ခင်ချင်ခင်သွားနိုင်သလို
သူတို့နာရီကို ငုံ့ကြည့်မယ်၊ သွားစရာရှိတယ်လို့ ဆင်ခြေပေးပြီး လစ်ထွက်သွားနိုင်ပါတယ်။
(ရီမောသံများ)
ကဲ ကိန်းခမ်းကြီးဒါနဲ့ ပြောင်းပြန်ကတော့ ခင်ဗျားအမေပါပဲ။
(ရီမောသံများ)
အမေဆိုပေမယ့် ခင်ဗျာ့အမေလည်း ဖြစ်စရာမလိုသလို ကျွန်တော့်အမေလည်း ဖြစ်စရာမလိုပါဘူး။
ဒါပေမယ့်၊ တကယ့် စံပြမိခင်ဆိုတာဟာ
ခင်ဗျားရဲ့ တခမ်းတနားအောင်မြင်မှုတွေကို ဂရုစိုက်မယ့်သူတယောက် မဟုတ်ဘူး။
ဒါပေမယ့်၊ စိတ်မကောင်းစရာက၊ လူအတော်များများဟာ ကျွန်တော်တို့ရဲ့ မိခင်တွေ မဟုတ်ကြဘူးဗျာ။
လူအတော်များများဟာ သူတို့ရဲ့ ဘယ်လောက်ရှိတဲ့ အချိန်၊
အချစ် -- သမီးရည်းစား ချစ်တာမျိုး မဟုတ်ဘူး၊
အဲဒီ သမီးရည်းစားလို ချစ်ချင်တာမျိုးက နောက်တမျိုး
မေတ္တာလိုမျိုးပေါ့၊ လေးစားမှုအတိုင်းအတာကို
ကျွန်တော်တို့ကို ပေးနိုင်မလည်းဆိုတာကို
ကျွန်တော်တို့ရဲ့ အလုပ်အကိုင်အနေအထားနဲ့ ဆက်စပ်ကြည့်တတ်ကြတယ်ဗျ။
ဒါဟာ ကျွန်တော်တို့ရဲ့ အလုပ်အကိုင်ကို ဘာကြောင့်အလေးပေးရသလည်း ဆိုတာတင်မက
ဘာကြောင့် ကျွန်တော်တို့တွေ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုပမာဏအပေါ် အားသန်ကြသလည်းဆိုတာရဲ့ အကြောင်းတရားပဲ။
ခင်ဗျားသိလား။ ကျွန်တော်တို့တွေဟာ မကြာခဏ ဒီလို အပြောခံကြရတယ်။ ပစ္စည်းဥစ္စာအဓိကထားတဲ့ အချိန်မှာ ကြီးပြင်းလာလို့
အားလုံးဟာ လောဘရဲ့သားကောင်တွေပဲလို့။
ကျွန်တော်ကတော့ ကျွန်တော်တို့ဟာ သတ်သတ်မှတ်မှတ် ပစ္စည်းဥစ္စာအပေါ် တွယ်ငြိတယ်လို့တော့ မထင်မိဘူးဗျ။
ကျွန်တော်ထင်တာက ဒီလို။ ကျွန်တော်တို့ဟာ လူအဖွဲ့အစည်းတခုမှာ နေထိုင်တယ်၊
အဲဒီလူ့အဖွဲ့အစည်းဟာစိတ်အလိုဆန္ဒပြည့်ဝနိုင်မှုရလာဒ်ကို
ပစ္စည်းဥစ္စာရယူပိုင်ဆိုင်နိုင်မှုနဲ့ တသားတည်း သွားထားလိုက်လို့ပါပဲ။
ကျွန်တော်တို့လိုချင်တာက ပစ္စည်းဥစ္စာမဟုတ်ဘူး။ တကယ်က ဆုလာဒ်ကိုသာ ကျွန်တော်တို့လိုချင်တာ။
အဲဒါဟာ စည်းစိမ်ချမ်းသာမှုအပေါ်မှာ တနည်းအားဖြင့် မှီတွယ်နေခြင်းပဲ။
နောက်တခါ ခင်ဗျား Ferrariကားမောင်းတဲ့သူကို မြင်ရင်
ဒီလူဟာ တော်တော်လောဘကြီးတဲ့သူပဲလို့ တွေးမနေနဲ့ဦးနော်။
ဒီလိုတွေးကြည့်ပေါ့။ ဒီလူဟာ မယုံနိုင်လောက်အောင်ကို လောကဓံခံနိုင်ရည် နည်းပါးပြီး မေတ္တာငတ်နေသူပါလားလို့။
နောက်တမျိုးပြောရရင်တော့ -- (ရီမောသံများ)
အပြစ်မြင်မဲ့အစား ဂရုဏာသက်ပေးလိုက်ကြပါနော်။
တခြားအကြောင်းတွေရှိပါသေးတယ် --
(ရီမောသံများ)
တခြားအကြောင်းအရာတွေ ရှိသေးတယ်။ ဘာ့ကြောင့် ပိုပြီးခဲယဉ်းနိုင်သလည်း၊
အရင်ကလို စိတ်တည်ငြိမ်ဖို့ဆိုတာ။
အဲဒီထဲက အကြောင်းတရပ်ကတော့ ဇဝေဇဝါဖြစ်နိုင်စရာတခုပါ။ ဘာလို့ဆိုတော့ အဲဒါဟာ ပိုကောင်းတာကို လိုချင်မှုနဲ့ ဆက်စပ်နေခြင်းပါ။
အဲဒီဟာ ကျွန်တော်တို့ရဲ့ အလုပ်အကိုင်တွေအပေါ်ထားတဲ့ မျှော်လင့်ချက်တခုပါ။
ဘယ်တုန်းကမှ မမျှော်မှန်းခဲ့ဖူးပါဘူး။
လူတွေဟာ သူတို့သက်တမ်းတလျှောက်မှာ ဒီလောက်ထိ အောင်မြင်မှုတွေရယူပိုင်ဆိုင်နိုင်လိမ့်မယ်လို့ပါ။
ဘယ်သူမဆို ဘာမဆိုဖြစ်နိုင်တယ်၊ အောင်မြင်နိုင်တယ်လို့ ပြောဆိုရေးသားတာကို ကြားဖူးကြမယ်နော်။
ကျွန်တော်တို့ဟာ အဆင့်အတန်းခွဲခြားဆက်ဆံတဲ့ အစဉ်အလာကနေ လွန်မြောက်ခဲ့ပြီးပြီ။
အခု ကျွန်တော်တို့ဟာ ဘယ်သူမဆို
ဘယ်အခွင့်အလမ်းနေရာကို မဆိုရရယူနိုင်တဲ့ အစဉ်အလာထဲရောက်နေပြီ။
ဒါဟာ သိပ်ကို လှပတဲ့ အတွေးအခေါ်တရပ်ပါပဲ။
အဲဒါနဲ့တွဲပါလာတာကတော့ ညီမျှခြင်းအပေါ်ထားတဲ့ စိတ်ဓာတ်ပါပဲ။ ကျွန်တော်တို့အားလုံးဟာ အခြေခံအားဖြင့် တူညီကြပါတယ်။
အတိအကျ သတ်မှတ်ထားတဲ့
အထက်အောက် အတန်းအစားခွဲမှုလည်း မရှိပါဘူး။
အဲဒီမှာ တော်တော်လေးကြီးတဲ့ ပြဿနာတခုထွက်လာပါတယ်။
အဲဒါကတော့ အားကျစိတ်ပါ။
အားကျမှု၊ ခင်ဗျား အားကျတယ်လို့ ပြောလိုက်မိရင် ဒါဟာ တကယ့်ကို မပြောသင့်ဘူးလို့ လူတွေသတ်မှတ်ထားတာကို ခင်ဗျားချိုးဖောက်လိုက်မိတာပါပဲ။
ဒါပေမယ့် အခု ခေတ်သစ်မော်ဒန် အဖွဲ့အစည်းမှာ ကြီးစိုးနေတဲ့ စိတ်ခံစားမှုဟာ ဘာလည်းဆိုရင်တော့ အားကျမှုပါပဲ။
အားကျမှုဟာ ညီမျှလိုတဲ့စိတ်ဓာတ်နဲ့ သွားပြီး ဆက်နွယ်တယ်။ ကျွန်တော် ထပ်ရှင်းပြပါရစေ။
ကျွန်တော်ထင်ပါတယ်။ အခုဒီမှာရှိနေတဲ့ ဘယ်သူမဆို၊ ကျွန်တော့်ကိုကြည့်ရှုနေတဲ့ ဘယ်သူမဆိုဟာ
အင်္ဂလန်က ဘုရင်မကြီးရဲ့ဘဝကို အားကျတယ်လို့ဆိုခဲ့ရင် ဒါဟာ တော်တော်ကို ထူးဆန်းစရာကောင်းနေလိမ့်မယ်။
ဘုရင်မကြီးဟာ ခင်ဗျားထက်လည်း ချမ်းသာတယ်။ ဒီမှာရှိတဲ့ ခင်ဗျားတို့ အားလုံးထက်လည်း ချမ်းသာတယ်။
ပြီးတော့ ဘုရင်မကြီးမှာ အိမ်ကြီးကြီးတလုံးလည်း ရှိတယ်နော့။
ဒါပေမယ့် ကျွန်တော်တို့ဘာ့ကြောင့် သူမကို အားမကျကြသလည်းဆိုတော့ ဘုရင်မကြီးဟာ သမရိုးကျမဟုတ်လို့ပဲ။
ဘုရင်မကြီးဟာ အလိုလိုနေရင်းကို ထူးခြားနေတာပဲ။
ကျွန်တော်တို့ဘဝနဲ့ သွားဆက်စပ်လို့မရဘူး ဖြစ်နေတယ်။ သူမ စကားပြောတဲ့ဟန်ကိုက ရယ်စရာကောင်းနေတယ်။
သူမလာတဲ့နေရကလည်း သမရိုးကျပုံမှန်လို နေရာမျိုးက မဟုတ်ဘူး ဖြစ်နေတယ်။
ဒါကြောင့် ကျွန်တော်တို့ သူမနဲ့ ဆက်နွယ်လို့ နှိုင်းယှဉ်လို့ မရဘူးဖြစ်နေတယ်။ ကျွန်တော်တို့ဟာ ကျွန်တော်တို့နဲ့ ဆက်နွယ်နှိုင်းယှဉ်လို့ မရနိုင်လောက်တဲ့သူမျိုးကိုကျတော့ အားမကျဘူး။
လူနှစ်ယောက်ဟာ အသက်အားဖြင့်ရော နောက်ခံအားဖြင့်ရော
တော်တော်များများဟာ တူလာတာနဲ့အလျောက် မနာလိုအားကျယှဉ်ပြိုင်မှုတွေ ပိုရှိလာနိုင်ပါတယ်။
ဒါကြောင့် ခင်ဗျားတို့တွေ ကျောင်းသား/သူဟောင်းများ မိတ်ဆုံစားပွဲကို မသွားသင့်ကြတာပေါ့။
ဘာကြောင့်လည်းဆိုတော့ ဘယ်သူစိမ်းကိုမှ
တကျောင်းတည်းအတူတူ တက်ခဲ့ကြတဲ့သူတွေထက် နှိုင်းယှဉ်ပြိုင်ဆိုင်ဖို့ စိတ်မဝင်စားလောက်လို့ပဲ။
ဒါပေမယ့် ခေတ်သစ်မော်ဒန် အဖွဲ့အစည်းပြဿနာကတော့ တကမ္ဘာလုံးကို
ကျောင်းတကျောင်းအနေနဲ့ အသွင်ပြောင်းကြည့်ခြင်းပဲ ဖြစ်ပါတယ်။ လူတိုင်း ဂျင်းဘောင်းဘီဝတ်ကြတယ်ဆိုရင် လူတိုင်းဟာ အတူတူပဲဆိုသလိုပေါ့။
ဒါပေမယ့်။ မတူကြပါဘူးနော်။
ဒါဖြင့် ညီမျှခြင်းစိတ်ဓာတ်ဟာ အတွင်းကျကျ မညီမျှခြင်းဆိုတာနဲ့ ရောနေပြီပေါ့။
အဲဒါဟာ လူတွေရဲ့စိတ်ကို အရမ်းအရမ်းကို ဖိစီးစေတော့တာပါပဲခင်ဗျား။
အခုခေတ်မှာ
ခင်ဗျားဟာ ချမ်းသာပြီး နာမည်ကြီးတဲ့ Bill Gates လိုဖြစ်လာနိုင်ဖို့ အလားအလာနည်းတယ်။
အဲဒီလိုပဲ ခင်ဗျားဟာ ၁၇ရာစုမှာ
ပြင်သစ်ဆီကနေ ရာထူးဂုဏ်သိမ်တွေရထားတဲ့ အခွင့်ထူးခံတယောက်ဖြစ်ဖို့လည်း အခွင့်နည်းပါးတယ်။
ဒါပေမယ့် ဆိုလိုတာက ခင်ဗျားက ဒါမျိုးကို တွေးတောခံစားမိလိမ့်မှာ မဟုတ်ဘူး။
magazinesတွေနဲ့ တခြားမီဒီယာတွေက ခင်ဗျားကို ဒီလိုလှုံ့ဆော်လိမ့်မယ်။
ခင်ဗျားမှာ စွမ်းအားရှိတယ်၊ နည်းပညာနဲ့ပတ်သက်လို့ အိုင်ဒီယာအတွေးဉာဏ်ကောင်းကောင်းရှိမယ်၊
ကားဂိုဒေါင်တခုရှိမယ်ဆိုရင် ခင်ဗျားဟာ လုပ်ငန်းအကြီးအကျယ်တခုကို စနိုင်ပြီးဆိုပြီးတော့ပေါ့။
(ရီမောသံများ)
ပြီးတော့ ဒီပြဿနာရဲ့ နောက်ဆက်တွဲကိုတော့ စာအုပ်ဆိုင်မှာ ရှင်းရလိမ့်မယ်။
ခင်ဗျား စာအုပ်ဆိုင်အကြီးကြီးကိုသွား၊ ကိုယ့်ကိုယ်ကိုယ် ကယ်တင်နည်း ဆိုတဲ့ ကဏ္ဍကိုရှာ၊
ကျွန်တော်လုပ်လေ့ရှိသလိုမျိုးပေါ့။
တကယ်လို့ ခင်ဗျား အဲဒီ အခုခေတ်ထုတ် ကိုယ့်ကိုယ်ကိုယ် ကယ်တင်နည်း စာအုပ်တွေကို သေချာလေ့လာကြည့်ရင်
နှစ်မျိုးနှစ်စားရှိတာကို တွေ့ရလိမ့်မယ်။
ပထမ အမျိုးအစားက ဒီလို "သင် လုပ်နိုင်တယ်။ သင် ဖြစ်အောင်လုပ်နိုင်တယ်။ ဘာမဆိုဖြစ်နိုင်တယ်"လို့ပြောမယ်။
နောက်တမျိုးကတော့ ခင်ဗျားကို ဒီလိုဖြစ်ရင်ဒီလိုနေနိုင်အောင် ကြိုးစားပါလို့ပြောမယ်။ ဘယ်လိုဖြစ်ရင်လည်းဆိုတော့
ယဉ်ယဉ်ကျေးကျေးပြောရရင် "ရှံူးနိမ့်အောက်ကျတဲ့ စိတ်ဘဝင်"ရှိနေရင်၊
ဒါမှမဟုတ် မယဉ်ကျေးတဲ့အသုံးအနှုန်းနဲ့ဆို "ကိုယ့်ကိုယ်ကိုယ် မကောင်းမြင်မှု"တွေများနေရင်ပေါ့။
တကယ့်ကို အမှန်အကန် တူယှဉ်တွဲနေထိုင်မှု ဆိုတာရှိတယ်။
တကယ့် တူယှဉ်တွဲခြင်းဆိုတာ လူ့အဖွဲ့အစည်းတရပ်က လူတွေကို သင်တို့ဘာမဆိုဖြစ်အောင်လုပ်နိုင်တယ် ဆိုတာနဲ့
စိတ်ဓာတ်နိမ့်ကျအားငယ်မှုနဲ့ တွဲယှဉ်နေထိုင်ခြင်းမျိုးပဲ ဖြစ်တယ်။
အဲဒီတော့ ဒါဘာကိုပြောလည်းဆိုရင် အကောင်းဖက်ကိုသန်းတဲ့ အရာတခုမှာ
ဆိုးညစ်တဲ့ တွန်းပြန်မှုတခုရှိတယ် ဆိုတာပါပဲ။
နောက်တချက် ရှိသေးတယ်။ ကျွန်တော်တို့ ဘာ့ကြောင့်
ကျွန်တော်တို့ရဲ့ အလုပ်အကိုင်တွေ၊ ရာထူးဌာနတွေနဲ့ ပတ်သက်လို့ အရင်ကထက် စိတ်ဖိစီးမှု ပိုများတတ်ကြသလည်း ဆိုတာပါပဲ။
ပြီးတော့ ထပ်ပြောရမယ်ဆိုရင် ဒါဟာ ကောင်းတဲ့အချက်တခုနဲ့ ဆက်နွယ်နေလို့ပါပဲ။
အဲဒီ ကောင်းတဲ့အချက်ဆိုတာဘာလည်းဆိုရင် ဆုပေးစနစ်ဖြစ်ပါတယ်။
လူတိုင်းသာမက လက်ဝဲ လက်ယျာနိုင်ငံရေးသမားအားလုံးဟာ
ဆုပေးစနစ်ဟာ တကယ့်ကို ကောင်းတဲ့အရာပဲလို့ သဘောတူညီကြပါတယ်။
ကျွန်တော်တို့တွေဟာ ကိုယ့်အဖွဲ့အစည်းတွေကို ဆုပေးစနစ်ဖြစ်အောင် ကြိုးစားသင့်ပါတယ်။
တနည်းအားဖြင့်ဆိုရင် ဆုပေးစနစ်ကျင့်သုံးတဲ့ အဖွဲ့အစည်းဟာ ဘာလည်းဆိုရင်
ဆုပေးစနစ်ကျင့်သုံးတဲ့ အဖွဲ့အစည်းဆိုတာ
ခင်ဗျားမှာ ပင်ကိုယ်အစွမ်းသတ္တိရယ်၊ အားအင်ရယ်၊ အရည်အချင်းရယ် ရှိမယ်ဆိုရင်
ခင်ဗျားဟာ ထိပ်ဆုံးကို ရောက်ကိုရောက်လိမ့်မယ်။ ဘယ်အရာကမှ သင့်ကို မတားဆီးနိုင်ဘူး။
ဒါဟာ သိပ်ကိုလှပတဲ့ အတွေးအခေါ်တခုပဲနော်။ ပြဿနာက
ခင်ဗျား ဒီစနစ်နဲ့အဖွဲ့အစည်းကို တကယ်ယုံကြည်မယ်ဆိုရင်
တော်တဲ့သူက ချီးမြောက်ခံရလို့ ထိပ်ရောက်မယ်လို့ ခင်ဗျားယုံကြည်တယ်။
ဒါဆိုရင် သွယ်ဝိုက်သောအားဖြင့် ညစ်စုတ်စုတ်အတွေးနဲ့ ပြောရရင်
ခင်ဗျားဟာ ဒီအဖွဲ့အစည်းမှာ မကြိုးစားပဲ လေလွင့်နေတဲ့သူ၊ မအောင်မြင်တဲ့သူတွေဟာလည်း
အမြဲတမ်း လူ့အောက်ကျနေမယ်၊ ဘယ်တော့မှာ ထိပ်ရောက်မှာ မဟုတ်တော့ဘူးလို့ ယုံကြည်သလို ဖြစ်သွားလိမ့်မယ်။
နောက်တမျိုးပြောရရင်၊ ခင်ဗျား ဒီဘဝကိုရောက်လာတာ မတော်တဆ မဟုတ်တော့ဘူး
ခင်ဗျားဟာ ဘဝမှာ အောင်မြင်မှုတွေကို ရကိုရယူရမယ်၊ ခင်ဗျားဟာ ထိုက်ထိုက်တန်တန် ဒီဘဝကို ရတာလို့ဆိုလိုတာ ဖြစ်သွားတယ်။
ဒီလို ယူဆတာဟာ ရှံူးနိမ့်မှုအပေါ်ထားတဲ့ သဘောထားကို ပိုပြီး နက်နဲစေတော့တာပါပဲ။
ခင်ဗျားသိလား။ အင်္ဂလန်မှာ ခေတ်လယ်ကာလတုန်းကပေါ့
ခင်ဗျားဟာ လူဆင်းရဲတယောက်ကို တွေ့လိုက်ပြီဆိုရင်
အဲဒီလူကို ကံမကောင်းတဲ့သူလို့ သတ်မှတ်လေ့ရှိတယ်။
စာစကားအရတော့ ဒီလူဟာ ကုသိုလ်ထူးနဲ့လွဲခဲ့တဲ့ ကံမွဲသူတယောက်ပေါ့။
အခုခေတ်မှာတော့ ဒီလို မဟုတ်ဘူး။ အထူးသဖြင့် အမေရိကားမှာ
ခင်ဗျားဟာ လူဆင်းရဲအတန်းအစားကို တွေ့လိုက်ပြီဆိုတာနဲ့
ဒီလူတွေကို လူဖျင်းလူညံ့ အဖြစ်သတ်မှတ်လိုက်တော့တယ်။
စဉ်းစားကြည့်နော်။ ကံမွဲတယောက်နဲ့ လူညံ့တယောက်ရဲ့ အဓိပ္ပါယ်သတ်မှတ်ချက်က တကယ့်ကို မတူဘူးနော်။
ဒါဟာ ဘာကိုပြောသလည်းဆိုရင် လူ့အဖွဲ့အစည်းရဲ့ အနှစ် ၄၀၀ အတွင်း တဖြည်းဖြည်း ပြောင်းလဲလာမှု
နဲ့ ငါတို့ရဲ့ဘဝအတွက် ဘယ်သူ့မှာ တာဝန်ရှိသလည်းဆိုတာရဲ့ အတွေးအခေါ် ယုံကြည်ချက်ပဲ။
ထာဝရဘုရားဆိုတာလည်း မရှိတော့ဘူး၊ ငါတိုိ့ဆိုတာပဲရှိတာ။ ငါတို့ဟာ ငါတို့ဘဝကားကို မောင်းနှင်နေတဲ့ ဒရိုင်ဘာတွေပဲ။
ခင်ဗျားဟာ အောင်မြင်နေတဲ့သူဆိုရင်တော့ ဒီအချက်အပေါ်မှာ ခင်ဗျား ပီတိတွေဖြာနေလိမ့်မယ်။
ခင်ဗျားဟာ ရှံူးနိမ့်နေတဲ့သူဆိုရင်တော့ ခင်ဗျား စိတ်မကောင်းတွေ ဖြစ်နေလိမ့်မယ်နော်။
လူမှုဆက်ဆံရေးဗေဒပညာရှင်တယောက်ဖြစ်တဲ့
Emil Durkheim ရဲ့ သုံးသပ်ချက်အရဆိုရင် ဒီအချက်တွေဟာ ကိုယ့်ကိုယ်ကိုယ် သက်သေမှုတွေကို ဖြစ်စေနိုင်တယ်တဲ့။
ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံကြီးတွေရဲ့ ကိုယ့်ကိုယ်ကိုယ်သက်သေမှုနှုန်းဟာ
တခြားနိုင်ငံတွေနဲ့ ယှဉ်ရင် ပိုများပါတယ်။
ဒီလို ကိုယ့်ကိုယ်ကိုယ် သက်သေမှုပိုများရခြင်း နောက်တချက်ကတော့ လူတွေဟာ သူတို့ရဲ့ အခြေအနေအပေါ်မှာ
ငါမကောင်းလို့၊ ငါ့ကြောင့်ဆိုတဲ့ အစွန်းရောက် ကိုယ့်ကိုယ်ကိုယ် စွပ်စွဲအပြစ်တင်တာတွေကြောင့်ပါပဲ။
ဒီလိုလူစားတွေဟာ သူတို့ရဲ့ အောင်မြင်မှုအတွက် ဂုဏ်ယူဝံ့ကြွားတတ်ကြသလို သူတို့ရဲ့ ရှံူးနိမ့်မှုအတွက်လည်း ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တတ်ကြပါတယ်။
ဒီလို ဖိစီးမှုမျိုးတွေကနေ လွတ်မြောက်မှု မရှိနိုင်တော့ဘူးလား
ကျွန်တော် ချပြခဲ့သမျှတွေထဲကပေါ့လို့ မေးရင်
ရှိတယ်လို့ ကျွန်တော်ထင်ပါတယ်။ အဲဒီထဲက တချို့တလေကို ကြည့်ကြရအောင်။
ဆုပေးစနစ်ကို ကြည့်ကြရအောင်
လူတိုင်းဟာ သူတို့နဲ့ထိုက်တန်တဲ့နေရာကို ရကြတယ်ဆိုတဲ့ အတွေးအခေါ်
ဒါဟာ တကယ်ကို ရူးတဲ့အတွေးအခေါ်လို့ ကျွန်တော်ထင်တယ်၊ လုံးဝကို ရူးတာပါပဲ။
ကျွန်တော့ လက်ဝဲလက်ယျာ နိုင်ငံရေးသမားအားလုံးကို ထောက်ခံမယ်။
ဒါပေမယ့် သူတို့တွေရဲ့ ဆုပေးစနစ်ဟာ မယုတ်မလွန်တဲ့ အတွေးအခေါ်တရပ် ဖြစ်ရမယ်။
ကျွန်တော်ဟာ မယုတ်မလွန် ဆုပေးစနစ်ကိုပဲ ယုံတဲ့သူပါ။
ဒါပေမယ့် ကျွန်တော်ထင်ပါတယ်။
စစ်မှန်ဖြောင့်မတ်တဲ့ ဆုပေးစနစ်ကို တည်ဆောက်ဖို့ ဆိုတာကလည်း သိပ်မလွယ်လှပါဘူး။ မဖြစ်နိုင်တဲ့ အိပ်မက်တခုပါ။
ပြောချင်တာကတော့ ကျွန်တော်တို့တွေ တည်ဆောက်မယ့် လူ့အဖွဲ့အစည်းမှာ
လူတိုင်းကို အမှတ်ပေးစနစ်နဲ့ထားမယ်။
တော်တဲ့သူ ထိပ်ကိုရောက်မယ်၊ ည့ံတဲ့သူ အောက်ကိုရောက်မယ်၊
ပြီးတော့ ဒါကို တိတိကျကျ လိုက်နာမယ် ဆိုတာဟာ တကယ်တော့ မဖြစ်နိုင်ပါဘူး။
ရိုးရိုးလေးပဲ တွေးကြည့်ပါ။ တခြား ထည့်တွက်စဉ်းစားရမယ့် အချက်တွေ အများကြီးပါ။
မတော်တဆ ထိခိုက်မှု၊ မတော်တဆ မွေးဖွားမှုကစလို့
မတော်တဆ ခေါင်းပေါ်ကို ပစ္စည်းပြုတ်ကျတာ၊ ဖျားနာတာ အထိ အမျိုးစုံပဲပေါ့။
ဒီလိုပုံစံမျိုးနည်း ကျွန်တော်တို့ သူတို့တွေကို ဘယ်လို အမှတ်ပေးကြမှာလည်း။
ဘယ်လိုမှ မတော်တဆ ထိခိုက်နစ်နာတဲ့သူတွေ အပေါ် သာမာန်လူတွေနဲ့ တန်းတူ အမှတ်ပေးလို့ မရနိုင်ပါဘူး။
ကျွန်တော်လေ St. Augustine ရဲ့ "ဘုရားရဲ့မြို့တော်" ထဲက စာတပိုဒ်ကို ရွတ်ပြချင်တယ်။
သူက ဘာပြောသလည်းဆိုရင် "လူတယောက်ကို သူ့ရဲ့အနေအထားကို ကြည့်ပြီး သတ်မှတ်ဆက်ဆံတာဟာ အပြစ်တခုပါ"တဲ့။
ခေတ်သစ်မော်ဒန် စကားနဲ့ ပြောရမယ်ဆိုရင်
သင်ဟာ သင်နဲ့ပြောဆိုဆက်ဆံနေသူ တဦးအပေါ်မှာ
သူရဲ့ အလုပ်အကိုင် စီးပွားရေး အခြေအနေကို ကြည့်ပြီး ပေါင်းသင်းဆက်ဆံ နေရင်ဖြင့် သင်ဟာ အပြစ်ရှိသူတဦးပါတဲ့။
ဘာလုပ်ဘာကိုင်သလည်း ဆိုတာဟာ ထည့်သွင်းစဉ်းစားရမယ့်အရာ မဟုတ်ပါဘူး။
St. Augustine က ဘာပြောသလည်းဆိုရင်
ထာဝရဘုရားသခင်သာ လူတိုင်းကို သူ့နေရာနဲ့သူရှိစေနိုင်တာပါ တဲ့။
သူဟာ လူတိုင်းကို သူ့နေရာနဲ့သူ ရှိဖို့ အဆုံးအဖြတ်နေ့မှာ ဆုံးဖြတ်မှာပါတဲ့။
အဲဒီ အချိန်မှာ နတ်သားနတ်သမီးတွေ၊ နှဲတွေ အစုံနဲ့ ကောင်းကင်ကြီးကို တခမ်းတနားဖွင့်ကြမှာပါတဲ့။
ခင်ဗျားဟာ ကျွန်တော့်လို ဘာသာရေးခုတုန်းလုပ်မှုကို မယုံကြည်သူတယောက်ဖြစ်ခဲ့ရင် တော်တော်ရူးတဲ့ အတွေးအခေါ်ပဲလို့ ထင်လိမ့်မယ်။
ဒါပေမယ့် အဲဒီ အတွေးခေါ်ထဲမှာ အဖိုးမဖြတ်နိုင်တဲ့ အချက်တခု ရှိနေတယ်။
တနည်းပြောရရင် သူများတွေကို အကဲမဖြတ်ခင်မှာ ခင်ဗျား စောင့်ကြည့်သင့်တယ်။
ခင်ဗျားဟာ လူတယောက်ရဲ့ တကယ့်တန်ဖိုးကို လောက်လောက်လားလား မသိနိုင်ဘူး။
ဒါဟာ ဘယ်သူမှ မသိနိုင်တဲ့ အချက်ပဲ။
ဒါကို ခင်ဗျားက လူတယောက်ရဲ့ တကယ့်တန်ဖိုးကို သိသယောင်ယောင် မလုပ်သင့်ဘူး။
နောက်ထပ် နှစ်သိမ့်အားပေးတဲ့ တနေရာရှိသေးတယ်။
ကျွန်တော်တို့ဟာ ဘဝမှာ ရှံူးနိမ့်စရာတွေကို တွေးလိုက်တိုင်း
ဘာကြောင့် ရှံုးနိမ့်မှာကို ကြောက်သလည်းဆိုတဲ့ အကြောင်းတရပ်ဟာ
၀င်ငွေကိုဆုံးရှံူးမှာ ရာထူးနေရာပျောက်မှာကြောင့်တင် မဟုတ်ပါဘူး။
ကျွန်တော်တို့ကြောက်တာဟာ သူများတွေရဲ့ အကဲဖြတ်ရှံု့ချမှုကိုပါ။ ဒါဟာလည်း တကယ်ရှိပါတယ်။
ခင်ဗျားသိလား။ သူတပါးကိုလှောင်ပြောင်တဲ့ နေရာမှာ နံပါတ်တစ်ပြေးနေတာဟာ
အခုခေတ်မှာတော့ သတင်းစာပဲ။
ခင်ဗျား ဘယ်အချိန်မဆို သတင်းစာကို ကောက်လှန်လိုက်ပါ။
ရှုပ်ထွေးပွေလီတဲ့ ဘဝပေါင်းစုံနဲ့ လူတွေအကြောင်းကို ခင်ဗျားဖတ်ရလိမ့်မယ်။
ဟော ဘယ်သူတို့ဖြင့် ဘယ်သူနဲ့ မှားယွင်းကြပြန်ပြီ။ ဘယ်သူကတော့ ဘာအမှားကို ကျူးလွန်လိုက်ပြန်ပြီ။
ဘယ်သူကတော့ ဘယ်လို မတရားမှုကို ဘယ်လိုကြိုးကိုင်လိုက်ပြန်ပြီ စသဖြင့်ပေါ့။ ဘာပဲဖြစ်ဖြစ်လေ
နောက်ဆုံးတော့ ဒီ အမှားတွေဟာ လှောင်ပြောင်ခံစရာတွေ ဖြစ်လာတာပေါ့။
တနည်းအားဖြင့် ပြောရရင် သူတို့ ရှံူးနိမ့်ကြသည်ပေါ့။ ပြီးတော့ သူတို့ဟာ လူညံ့တွေ ဖြစ်ကြသည်ပေါ့။
ကဲ ဒါကို တခြားဘယ်နည်းလမ်းနဲ့ ဖြေရှင်းကြမတုန်း။
ကျွန်တော်ထင်တာက အနောက်တိုင်းယဉ်ကျေးမှုမှာ သိသာထင်ရှားတဲ့ တခြားနည်းလမ်းတခုရှိတယ်။
အဲဒါဘာလည်းဆိုရင် ၀မ်းနည်းစရာဖြစ်စဉ်ပဲ။
၀မ်းနည်းပေါက်ကွဲမှုကြောင့်ဖြစ်လာတဲ့ အနုပညာဟာ ရှေးခေတ်ဂရိတွေရဲ့ ဇာတ်ခုံတွေက စခဲ့တာပေါ့။
၅ရာစု ဘီစီလောက်တုန်းက စတင်တဲ့ ဒီပေါက်ကွဲမှုအနုပညာဟာ
လူတွေရဲ့ ရှံူးနိမ့်ကျဆုံးမှုတွေကို ပီပီပြင်ပြင် သရုပ်ဖော်ထားတာပဲ။
ပြီးတော့ လူတွေရဲ့ ဂရုဏာသက်မှုတွေအဆင့်အဆင့်ကို
သာမာန်လူတယောက်အနေနဲ့ မမှန်းဆနိုင်လောက်တဲ့ အဖြစ်အပျက်တွေနဲ့ ဖော်ကျူးထားတာပါပဲ။
လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်က ကျွန်တော်ဒါတွေကို စဉ်းစားမိသေးတယ်။
ပြီးတော့ ကျွန်တော် "တနင်္ဂနွေ အားကစား" ဆိုတာကို သွားကြည့်တယ်။
အဲဒီ သတင်းစာကို ခင်ဗျားဖတ်ကြည့်ပါလို့ ကျွန်တော်ဖြင့် မတိုက်တွန်းပါဘူး
အထူးသဖြင့် ခင်ဗျားအကြောင်းမသိသေးဘူး ဆိုရင်ပေါ့။
အဲဒီ သတင်းစာတိုက်ကို ကျွန်တော်သွားပြီး
၀မ်းနည်းကြေကွဲမှုအပြည့်နဲ့ ပုံဖော်ထားတဲ့ အနောက်တိုင်းအနုပညာရဲ့ တစိတ်တဒေသကို ပြောပြကြည့်တယ်။
ကျွန်တော်သိချင်တာက သူတို့ အခုလို အခြေအမြစ်မရှိတဲ့
ဇာတ်လမ်းတချို့ကို သတင်းအနေနဲ့
အခုလို တနင်္ဂနွေနေ့လည်မျိုးမှာ ရခဲ့ရင် ဘာလုပ်မလည်းလို့ပါ။
သူတို့ကို ကျွန်တော်က အော်သဲလို အကြောင်းပြောပြတယ်။ သူတို့ အဲဒီ အကြောင်းအရာကို လုံးဝမကြားဖူးပေမယ့် တော်တော်ကို စိတ်ဝင်စားဟန်ပြကြတယ်။
(ရီမောသံများ)
ဒါနဲ့ ကျွန်တော်ကသူတို့ကို အော်သဲလိုအကြောင်းကို ခေါင်းကြီးပိုင်းမှာ ရေးပေးပါလားလို့ တောင်းဆိုလိုက်တယ်။
ဒါနဲ့ သူတို့လည်း "အချစ်ကြီးသော တပြည်သားသည် အမတ်၏ သမီးကို သတ်သည်" ဆိုပြီး
ခေါင်းကြီးပိုင်းမှာ ထည့်လိုက်ပါလေရော။
ကျွန်တော်က သူတို့ကို မဒမ် ဘိုဗရီဆိုတဲ့ အမျိုးသမီးရေးတဲ့ ဇာတ်တပုဒ်ကို ပေးလိုက်တာတယ်။
အဲဒီစာအုပ်ကိုတွေ့တော့ သူတို့က ၀မ်းသာအားရနဲ့
ဒီလိုရေးလိုက်ပြန်တယ် "စျေးဝယ်ရတာခုံမင်လွန်းတဲ့ လူမှုရေးဖောက်ပြန်တဲ့ အမျိုးသမီးတဦးဟာ သူမ လိမ်လည်သုံးစွဲမှုကို ဖော်ထုတ်ခံရအပြီးမှာ အဆိပ်ဆေးကို မျိုချလိုက်ပါသည်" တဲ့
(ရီမောသံများ)
နောက်တခုကတော့ ကျွန်တော့်နှစ်သက်တဲ့ တခုပါပဲ။
သူတို့ဟာ ပြောရမယ်ဆိုရင် တကယ့်ကို သူတို့လုပ်ရမယ့်အပိုင်းမှာ ထူးချွန်တဲ့သူတွေပါပဲ။
ကျွန်တော်ကြိုက်တာက စာရေးဆရာ ဆိုဖိုကယ်ရေးတဲ့ ဘုရင် အီဒီပတ်စ် အကြောင်း ဖြစ်ပါတယ်
သူတို့ ခေါင်းစဉ်တပ်လိုက်ပြန်တာက "သားသယ်အမေနဲ့ လိင်ဆက်ဆံခြင်းဟာ သိပ်ကောင်းပါတယ်"တဲ့။
(ရီမောသံများ)
(လက်ခုပ်သံများ)
တနည်းပြောရမယ်ဆိုရင် ဂရုဏာ ရောင်စဉ်တန်းရဲ့ အဆုံးတဖက်မှာ
ပဋ္ဋိပက္ခသတင်းစာ ရှိနေပါတယ်။
သူရဲ့ တခြားတဖက်က ရောင်စဉ်တန်းမှာတော့ သူတပါးတို့ရဲ့ ၀မ်းနည်းကြေကွဲဆုံးရှံုးမှုတွေနဲ့အတူ အဲဒါတွေရဲ့ အနုပညာပါ ရှိနေမှာပါ။
ကျွန်တော်ထင်တယ် ကျွန်တော်ခင်ဗျားတို့ကို တိုက်တွန်းနေမိသလား၊
၀မ်းနည်းကြေကွဲမှုအနုပညာမှာ ဘာတွေဖြစ်နေသလဲဆိုတာကို လေ့လာသင့်တယ်လို့။
ဟမ်မလတ်ဆိုတဲ့ ဇာတ်ကောင်ကို လူညံ့လို့ ပြောတာဟာ ရူးတာပါပဲ။
သူဟာ ရှံူးနိမ့်သွားခဲ့ပေမယ့် လူညံ့တယောက် မဟုတ်ခဲ့ပါဘူး။
ဒါဟာ ကျွန်တော်တို့ကို ၀မ်းနည်းကြေကွဲစရာ ဇာတ်လမ်းတပုဒ်က ပေးတဲ့ အသိတရားတရပ်ပါ။
ဒါဟာ ဘာကြောင့် အရမ်း အရမ်းကို အရေးကြီးလည်းဆိုတာလည်းပါမယ် ထင်ပါတယ်။
ဒါဟာ အခုခေတ်မော်ဒန် အဖွဲ့အစည်းနဲ့ ပတ်သက်နေပါတယ်။
ပြီးတော့ ဘာက စိတ်ဖိစီးမှုတွေကို ဖြစ်စေသလည်းဆိုတဲ့ မေးခွန်းအတွက်
အဖြေကတာ့ ငါတို့ဟာ လူသားတွေဖြစ်နေကြလို့ ဆိုတာပါပဲ။
ကျွန်တော်တို့ဟာ ဒီကမ္ဘာမှာ ပထမဆုံး ဖြစ်ပေါ်နေထိုင်တဲ့ လူ့အဖွဲ့အစည်းတရပ်ပါ။
ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကိုယ်ပဲ ကိုးကွယ်ယုံကြည်တဲ့သူတွေလည်း ဖြစ်ပါတယ်။
ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကိုယ် မြင့်မြင့်မှန်းတာနဲ့ အလျောက် မြင့်မြင့်ကြံသင့်ပါတယ်။
ကျွန်တော်တို့ဟာ လပေါ်ကို လူတွေလွှတ်နိုင်ခဲ့ပြီ။ တခြား မယုံနိုင်လောက်အောင် ဆန်းကြယ်တဲ့ အရာတွေကိုလည်း အကောင်အထည် ဖော်ခဲ့ပြီးပြီ။
ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် ကိုးကွယ်အားကိုးဖို့ပဲ လိုတယ်။
ကျွန်တော်တို့ရဲ့ သူရဲကောင်းတွေဟာ လူသား သူရဲကောင်းတွေပါ။
ဒါဟာ အခုမှဖြစ်လာတဲ့ အခြေအနေသစ်တရပ်ပါ။
တခြားသော လူ့အဖွဲ့အစည်းတွေဟာ သူတို့ရဲ့ အလယ်ခေါင်မှာ
တခြားအရပ်က ဆင်းသက်လာတဲ့ ထာဝရဘုရားတို့၊
၀ိဉာဉ်တို၊့ သဘာဝအတွင်းအားတို့၊ စကြာဝဠာတို့၊
တခြား တခြားသော အရာတို့ကို တည်ထား ကိုးကွယ်အားကိုးနေကြတာလည်း ရှိပါတယ်။
ကျွန်တော်တို့မှာတော့ ဒီလိုအကျင့်တွေမရှိတော့ပါဘူး။
ဒါကြောင့်လည်း ကျွန်တော်တို့ဟာ သဘာဝတရားစတင် နားလည် သဘောပေါက်လာအောင် ကြိုးစားလာကြတာပါ။
ဒါဟာလည်း ကျွန်တော်တို့ရဲ့ ကျန်းမာရေးအတွက် မဟုတ်ပါဘူး။ ဒါပေမယ့် တခါတလေတော့လည်း အဲဒါအတွက်လို့ ထင်စရာရှိပါတယ်။
သဘာဝတရားကို နားလည်ဖို့ကြိုးစားတာကတော့ လူတွေရဲ့ နှစ်ပေါင်းများစွာတည်ဆောက်ထားတဲ့ အသိုက်အမြံုကနေ ထွက်ပြေးချင်လို့ပါပဲ။
ဒါဟာ ကျွန်တော်တို့ရဲ့ ပြိုင်ဆိုင်မှုရဲ့ ထွက်ပေါက်ပါ။
ကျွန်တော်တို့ရဲ့ အတောမသတ်နိုင်တဲ့ ငိုကြွေးရယ်မောသံတွေရဲ့ ထွက်ပေါက်ပါ။
ဒါကြောင့် ကျွန်တော်တို့ဟာ ရေခဲပြင်ကြီးတွေ၊ ပင်လယ်ကြီးတွေကို ကြည့်နေရရင် ပျော်နေတတ်ပြီး
ကမ္ဘာကြီးကို အပြင်ဖက်ရှုထောင့်ကနေ တွေးတောသုံးသပ်ရတာမျိုးကို ခုံမင်တတ်ကြတာပေါ့။
ကျွန်တော်တို့ဟာ လူမဟုတ်တဲ့အရာတွေ သက်ရှိတွေနဲ့လည်း ထိတွေ့ဆက်ဆံချင်သလို
ဒီလိုဆန္ဒတွေဟာလည်း ကျွန်တော်တို့အတွက် အရေးကြီးနေတတ်ပါတယ်။
ကျွန်တော်ဘာကို ပြောပြနေတာလည်းဆိုတာကတော့ အဓိကအားဖြင့် အောင်မြင်မှုနဲ့ ရှံုးနိမ့်မှုကိုပါ။
နောက်ပြီး အောင်မြင်မှုနဲ့ ပတ်သက်လို့ စိတ်ဝင်စားစရာကောင်းတဲ့ အချက်တခုကတော့
ကျွန်တော်တို့ဟာ အောင်မြင်မှုဟာဘာလဲဆိုတာကို သိတယ်လို့ ထင်နေကြတာကိုပါပဲ။
ကွန်တော် ခင်ဗျားကို ခင်ဗျားရဲ့နောက်မှာ လူတယောက်ရှိတယ်
အဲဒီလူဟာ အင်မတန် အောင်မြင်တဲ့သူလို့ ပြောရင် ခင်ဗျားရဲ့ခေါင်းထဲကို
ဒီလူဟာ ပိုက်ဆံတော်တော်ရှာနိုင်မှာပဲ
သူ့ပတ်ဝန်းကျင်မှာ တော်တော်နာမည်ရှိတဲ့သူတယောက်ပဲလို့ အထင်ချက်ချင်း ရောက်လာလိမ့်မယ်။
ကျွန်တော့်ရဲ့ အောင်မြင်မှုနဲ့ ပတ်သက်လို့ လေ့လာသုံးသပ်ချက်တွေ -- ပြီးတော့ ကျွန်တော်ဟာ
အောင်မြင်မှုကို အင်မတန်စိတ်ဝင်စားတဲ့ သူတယောက်ပါ။ တကယ်လည်း ကျွန်တော် အောင်မြင်ချင်ပါတယ်။
ကျွန်တော် အမြဲတစေ စဉ်းစားလေ့ရှိတယ် "ငါဘယ်လို လုပ်ပြီး ပိုအောင်မြင်အောင် ကြိုးစားရပါ့မလည်း" လို့ပါ။
ဒါပေမယ့် ကျွန်တော်ဟာ အသက်ကြီးလာလေလေ
အောင်မြင်မှုဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို ဖော်ထုတ်တာမှာ နည်းနည်းလေး ကွဲပြားလာလေပဲ။
အခုပြောမှာက အောင်မြင်မှုရဲ့ အဓိပ္ပါယ်အပေါ် ကျွန်တော့်ရဲ့ ကိုယ်ပိုင် ထင်မြင်ယူဆခံယူချက်ပဲ။
ခင်ဗျားဟာ အရာအားလုံးမှာ မအောင်မြင်နိုင်ပါဘူး
ကျွန်တော်တို့တွေ အလုပ်နဲ့ဘဝ သဟဇာတဖြစ်အောင်နေနည်းတွေကို အများကြီး ကြားဖူးကြတယ်။
တကယ်တော့ အဲဒီနည်းတွေဟာ အဓိပ္ပါယ်သိပ်မရှိလှဘူး။ အကုန်လုံး ခင်ဗျား မရနိုင်ဘူး။
ဒါဆို အောင်မြင်မှုကို ကြည့်တဲ့အခါမှာ
အောင်မြင်မှု အတွက် ဘာတွေ ဆုံးရှံူးနေသလည်း၊
ဘယ်နေရာမှာ ဘာတွေကို ဆုံးရှံူးနေသလည်းဆိုတာကို ထည့်ကို စဉ်းစားကြရမှာ ဖြစ်ပါတယ်။
ကျွန်တော်ယုံတယ်၊ ပညာရှိတဲ့ သက်ရှိအားလုံးက ဒါကိုလက်ခံလိမ့်မယ်။
ခုနကပြောသလိုပဲ ကျွန်တော်တို့ မအောင်မြင်တဲ့ ကဏ္ဍတခု အနည်းဆုံးရှိလိမ့်မယ်။
အောင်မြင်တဲ့ဘဝဆိုတာဟာ
များသောအားဖြင့် ကျွန်တော်တို့ ထင်မြင်ယူဆထားတဲ့
ဘဝမှာ အောင်အောင်မြင်မြင်နေနည်းဆိုတာကို တကယ်တော့ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် ထင်မြင်ယူဆချက်တွေ မဟုတ်ဘူး။
သူများတွေရဲ့ ထင်မြင်ယူဆချက်တွေပဲ
များသောအားဖြင့် ခင်ဗျားဟာ ယောကျ်ားဆိုရင် ခင်ဗျားရဲ့ အဖေရဲ့ လွှမ်းမိုးမှု
တကယ်လို့ ခင်ဗျားဟာ မိန်းမဆိုရင် ခင်ဗျားရဲ့ အမေရဲ့ လွှမ်းမိုးမှုကလာတဲ့ ထင်မြင်ချက်တွေပဲ
စိတ်ခံစားမှုဆိုင်ရာ သုံးသပ်တဲ့ ပညာရှင်တွေဟာ ဒီအချက်ကို ထောက်ပြနေတာ အနှစ် ၈၀ကျော်သွားပြီ
ဘယ်သူမှ ဒါကို အလေးပေးပြီး နားမထောင်ကြဘူး။ ဒါပေမယ့် ကျွန်တော်ကတော့ အဲဒီအချက်ကို လက်ခံတယ်
ကျွန်တော်တို့ဟာ ၀ါဒဖြန့်တာတွေ ခံနေကြရတယ်
တီဗွီတွေ၊ ကြော်ငြာတွေ၊
စျေးကွက်ဖြန့်ချီရေးတွေကနေ တဆင့်ပေါ့။
ဒါတွေဟာ တကယ့်ကို ကြီးမားပြီး အင်အားရှိတဲ့ တွန်းအားတွေပဲ
ဒါတွေဟာ ကျွန်တော်တို့ ဘာလိုချင်သလည်း၊ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုထင်မြင်သလည်းဆိုတာတွေကို သူတို့လိုချင်သလို သတ်မှတ်ပစ်တယ်။
ကျွန်တော်တို့ကို ဘဏ်စီးပွားရေးဟာ တကယ့်ကို ကြီးပွားတိုးတက်မယ့် အလုပ်အကိုင်လို့ ပြောရင်
ကျွန်တော်တို့အားလုံး ဘဏ်နဲ့ပတ်သက်တဲ့ အလုပ်တွေကို လုပ်ချင်ကြတယ်။
ဘဏ်အလုပ်အကိုင်က မကောင်းတော့ဘူးလို့ပြောရင် ကျွန်တော်တို့ဟာဘာ ဘဏ်စီးပွားရေး အလုပ်အကိုင်ကိုမှ စိတ်ဝင်စားတော့မှာ မဟုတ်ဘူး။
ကျွန်တော်တို့ဟာ အကြံဉာဏ်တိုင်းကို လက်ခံပါတယ်။
ဒါဆိုရင် ကျွန်တော်ဘာကို ငြင်းချက်ထုတ်ချင်သလည်းဆိုတာက
ကျွန်တော်တို့ရဲ့ အောင်မြင်မှုအပေါ် တွေးထင်ချက်တွေကို လွှင့်ပစ်ဖို့ မဟုတ်ဘူး။
ကျွန်တော်တို့ရဲ့ အောင်မြင်မှု ဒဿနဟာ ကိုယ်ပိုင်ဒဿနနဲ့ ခံယူချက်ဖြစ်ရမယ်လို့သာ တိုက်တွန်းချင်တာပါ
ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် အတွေးအခေါ် ဆန္ဒကို အလေးပေးကြရမယ်။
ကျွန်တော်တို့ အစစ်အမှန် ပိုင်တယ်ဆိုတာကို သေချာကြရမယ်။
နောက်ပြီး ကျွန်တော်တို့ဟာ ကျွန်တော်တို့ အောင်မြင်မှုအတွက် ကိုယ်ပိုင် စာရေးဆရာတွေ ဖြစ်ကြရမယ်။
ဘာကြောင့်လည်းဆိုတော့ ကိုယ်လိုချင်တာကို မရတာနဲ့တင် တော်တော်ဆိုးနေပါပြီ။
ပိုဆိုးတာက ကိုယ့်မှာ အတွေးအခေါ်တော့ ရှိပါရဲ့၊
ကိုယ်ဘာလိုချင်သလည်း ဆိုတာ သိပါရဲ့ဆိုပြီး လမ်းဆုံးရောက်ခါမှ
ဒါဟာ ငါလိုချင်ခဲ့တဲ့လမ်း မဟုတ်ဘူးဆိုရင် ဘာလုပ်ကြမလည်း။
ကျွန်တော် ဒီမှာပဲ ရပ်လိုက်တော့မယ်။
ဒါပေမယ့် ကျွန်တော် တကယ့်ကို ထောက်ပြချင်တာကတော့
ဘယ်လိုပဲဖြစ်ဖြစ်၊ အောင်မြင်မှု၊ ဟုတ်တယ်၊ အောင်မြင်မှုကိုပဲ
ကျွန်တော်တို့ရဲ့ တချို့သော ထင်မြင်ယူဆချက်တွေဟာ အင်မတန် ဆန်းပြားနေတာကိုလည်း လက်ခံကြရမယ်နော်။
ကျွန်တော်တို့ရဲ့ အောင်မြင်မှုဆိုတာကို လေ့လာဆန်းစစ် ငြင်းချက်ထုတ်တာတွေကို အသာထားလိုက်ပါဦး။
ကျွန်တော်တို့ရဲ့ အောင်မြင်မှု အပေါ် သတ်မှတ်ထင်မြင်ချက်ဟာ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် ခံယူချက်စစ်စစ်ဖြစ်တယ်ဆိုတာကို သေချာနိုင်ကြပါစေ။
ကျေးဇူး အများကြီးတင်ပါတယ် ခင်ဗျာ။
(လက်ခုပ်တီးသံများ)
Chris Anderson: အရမ်းကို စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ခင်ဗျား ကျွန်တော်အခုပြောမယ့် ၂ချက်ကို ဘယ်လို စေ့စပ်နိုင်မလည်း
ခင်ဗျားပြောခဲ့တဲ့ တစုံတယောက်ဟာ --
တစုံတယောက်ကို လူညံ့လို့ထင်တာ မကောင်းဘူးဆိုတဲ့ အချက်နဲ့
လူအတော်များများဟာ ကျွန်တော်တို့ရဲ့ ဘဝကို ချုပ်ခြယ်ကြိုးကိုင်ချင်ကြတယ်ဆိုတဲ့ အချက်ကိုပါပဲ။
ပြီးတော့ လူ့အဖွဲ့အစည်းတရပ်ဟာ
အောင်နိုင်သူနဲ့ ရှံူးနိမ့်သူတွေကို ခွဲခြားတဲ့စနစ်ကို အားပေးတယ်ဆိုရင်ပေါ့။
Alain de Bottom: ဟုတ်ကဲ့။ အစဉ်တကျမဟုတ်တဲ့
အောင်မြင်မှုနဲ့ ရှံူးနိမ့်မှုဖြစ်စဉ်ကို ကျွန်တော်က ထောက်ပြချင်တာပါ။
ဘာလို့လည်းဆိုတော့ အခုခေတ် အလေးပေးနေတာတွေဟာ
အရာရာအပေါ်မှာ တရားမျှတမှုရှိဖို့ကိုပါ။
နိုင်ငံရေးသမားတွေကလည်း အမြဲတမ်း တရားမျှတမှုရှိဖို့ကို ပြောကြပါတယ်။
အခု ကျွန်တော်က တရားကို မျှမျှတတ စီရင်တာကို အားပေးတဲ့သူပါ။ ဒါပေမယ့် အရာရာ တရားမျှတဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့လည်း ထင်ပါတယ်။
ဒါဖြင့် ကျွန်တော်တို့ဟာ ကိုယ်တတ်နိုင်သလောက်
တတ်စွမ်းသလောက် တရားမျှတမှုရှိဖို့ ကြိုးစားကြရမှာပါ။
ဒါပေမယ့်။ အဆုံးသတ်မှာ ကျွန်တော့်တို့ သတိတရရှိကြရမှာက
ဘယ်သူ ဘာကိုပဲ ရင်ဆိုင်နေရနေရ။ ဘာတွေပဲ ဘဝမှာ ဖြစ်ခဲ့ ဖြစ်ခဲ့
အားပြင်းတဲ့ မျှော်လင့်စီစဉ်ထားတဲ့ အတိုင်းဖြစ်မလာတတ်တဲ့ အကြောင်းအရာ ဆိုတာရှိပါတယ်။
ဒါ့ကြောင့်လည်း ကျွန်တော်ဟာ ဒီအခန်းထဲက ထွက်ဖို့ကြိုးစားနေတာပဲ
မဟုတ်ရင် ပရိတ်သတ်များတဲ့ ဒီအခန်းထဲမှာ ကျွန်တော် မွမ်းကြပ်လာနိုင်လို့ပါ။
CA: ကျွန်တော်ပြောချင်တာက ခင်ဗျား ဒါကို တကယ်ယုံကြည်သလား။
အလုပ်အကိုင်နဲ့ ပတ်သက်တဲ့ ခင်ဗျားရဲ့ နူးညံ့သိမ်မွေ့တဲ့ ဒဿန
နဲ့ အောင်မြင်တဲ့ စီးပွားရေးအခြေအနေနဲ့ ပေါင်းစည်းမှုကိုလေ။
ဒါမှမဟုတ် အဲဒီနှစ်ခုကို ပေါင်းဖို့မဖြစ်ဘူးလို့ ခင်ဗျားယုံတာလား။
ဒါပေမယ့် ဒါကို အဓိကထားပြောနေပေမယ့် တကယ်တမ်း အရေးမပါဘူးလို့ ပြောချင်တာလား။
အိပ်မက်ဆိုးကတော့ ထင်တယ်လေ
လူတွေကို ကြောက်လန့်အောင်လုပ်ရတာဟာ သူတို့ကို အလုပ်ပေးဖို့ အကောင်းဆုံးနည်းလို့။
ပြီးတော့ ပတ်ဝန်းကျင်အနေအထားက ပိုဆိုးရွားလေ
လူတွေဟာ ပိုရုန်းကန်ကြိုးစားလေ ပါပဲ။
ခင်ဗျား ဘယ်သူ့ကို ခင်ဗျားရဲ့ စံပြအဖေအဖြစ် သတ်မှတ်နိုင်မလည်း လို့ စဉ်းစားချင်စဉ်းစားမယ်။
ခင်ဗျားရဲ့ စံပြအဖေဟာ စည်းကမ်းတင်းကြပ်ပေမယ့် နူးညံ့တဲ့သူတယောက်ဖြစ်မယ်။
အဲလိုမျိုးမှာ အတိအကျ သတ်မှတ်ဖို့ ခက်ခဲပါတယ်။
ကျွန်တော်တို့ရဲ့ လူ့အဖွဲ့အစည်းမှာ စံပြအဖေတွေလိုအပ်ပါတယ်။
အစွန်းနှစ်ဖက်ကနေ ကင်းဝေးတဲ့ အဖေမျိုး၊
ဘယ်လိုမျိုးလည်းဆိုရင် တဖက်ကကြည့်ရင် အာဏာရှိတယ်၊ စည်းကမ်းတင်းကြပ်တဲ့သူ၊
နောက်တဖက်အနေနဲ့ ပျော့ပျောင်းတဲ့ စည်းကမ်းလျော့ရဲတဲ့သူမျိုး။
CA: Alain de Botton ပါ ခင်ဗျား။
AB: ကျေးဇူး အများကြီး တင်ပါတယ် ခင်ဗျာ။
(လက်ခုပ်သံများ)