1 00:00:00,000 --> 00:00:03,000 ကျွန်တော့်အတွက်တော့ ဒါဖြစ်စဉ်ဟာ အခုလို အလုပ်အကိုင် ကမောက်ကမနဲ့ မတည်ငြိမ်ချိန်မျိုးမှာ ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ 2 00:00:03,000 --> 00:00:05,000 များသောအားဖြင့် တနင်္ဂနွေ ညနေ၊ 3 00:00:05,000 --> 00:00:07,000 နေ၀င်လုဆဲဆဲ အချိန်မျိုးလေးမှာပေါ့၊ 4 00:00:07,000 --> 00:00:10,000 ကျွန်တော်စံထားတဲ့ မျှော်လင့်ချက်နဲ့ 5 00:00:10,000 --> 00:00:14,000 တကယ်ဖြစ်ပျက်နေတဲ့ အခြေအနေရဲ့ ကွာဟမှုပမာဏဟာ ကြေကွဲဖွယ်ကောင်းလောက်အောင်ကို များလာတဲ့အခါမျိုးမှာဆို 6 00:00:14,000 --> 00:00:17,000 မျက်နှာကိုခေါင်းအုံးအပ်ပြီး ငိုရတော့တာပါပဲ။ 7 00:00:17,000 --> 00:00:19,000 ကျွန်တော် ဒါတွေကို ပြောပြနေတာဟာ 8 00:00:19,000 --> 00:00:22,000 ကျွန်တော် ဒါတွေကို ပြောပြနေတာဟာ ဘာကြောင့်လည်းဆိုတော့ ဒီလိုဖြစ်စဉ်မျိုးဟာ လူတဦးတည်းတယောက်တည်းနဲ့ သက်ဆိုင်တဲ့ ပြဿနာ မဟုတ်လို့ပါပဲ။ 9 00:00:22,000 --> 00:00:24,000 ကျွန်တော်ပြောတာမှားတယ်လို့ ခင်ဗျား ထင်ချင်ထင်မယ်၊ 10 00:00:24,000 --> 00:00:26,000 ဒါပေမယ့် ကျွန်တော်တို့နေထိုင်တဲ့ ရာစုမှာ ကျွန်တော်တို့ရဲ့ဘ၀တွေဟာ 11 00:00:26,000 --> 00:00:28,000 အလုပ်အကိုင် မတည်ငြိမ်မှုတွေရဲ့ တည်းဖြတ်ခြင်းကို ခံရရုံသာမက 12 00:00:28,000 --> 00:00:30,000 သေသေချာချာနားလည်တယ်လို့ ထင်ထားခဲ့တဲ့ 13 00:00:30,000 --> 00:00:32,000 ကျွန်တော်တို့ရဲ့ ဘ၀တွေ၊ အလုပ်အကိုင်တွေဟာ 14 00:00:32,000 --> 00:00:36,000 အင်မတန် စိုးရိမ်စရာ ကောင်းလောက်တဲ့ အဖြစ်မှန်နဲ့ နဖူးတွေ့ဒူးတွေ့ ကြုံနေကြရတယ်နော်။ 15 00:00:36,000 --> 00:00:39,000 ဒီလိုအခြေအနေမှာ ကြီးပွားတဲ့ဘ၀ကို အလွယ်တကူနဲ့ ရနိုင်သလို၊ 16 00:00:39,000 --> 00:00:42,000 အရင်ကထက်ပိုပြီး 17 00:00:42,000 --> 00:00:45,000 တည်ငြိမ်မှု၊ အလုပ်အကိုင်နဲ့ပတ်သက်တဲ့ စိတ်ဖိစီးမှု ပြေလျော့မှုနိုင်မှုတွေ ပိုနည်းပါးသွားတတ်ပါတယ်။ 18 00:00:45,000 --> 00:00:47,000 ကျွန်တော့်ကို ခွင့်ပြုမယ်ဆိုရင် 19 00:00:47,000 --> 00:00:49,000 တချို့အကြောင်းအရာတွေကို စမ်းစစ်ကြည့်ချင်ပါတယ်။ ဘာကြောင့် 20 00:00:49,000 --> 00:00:52,000 ကျွန်တော်တို့ဟာ အလုပ်အကိုင်နဲ့ပတ်သက်ပြီး စိတ်ဖိစီးမှုတွေ ဖြစ်နေရသလည်း ဆိုတာကိုပေါ့။ 21 00:00:52,000 --> 00:00:54,000 ဘာ့ကြောင့် ကျွန်တော်တို့ဟာ ဒီ အလုပ်အကိုင် ကမောက်ကမဖြစ်စဉ်တွေရဲ့ သားကောင်ဖြစ်ကြရတာလည်း ဆိုတာကို 22 00:00:54,000 --> 00:00:58,000 ခေါင်းအုံးပေါ် ပါးအပ်ငိုကြွေးရင်းနဲ့ မေးခွန်းထုတ်ကြမယ်လေ။ 23 00:00:58,000 --> 00:01:01,000 ကျွန်တော်တို့ဘာလို့ ခံစားနေရလည်းဆိုတာရဲ့ အကြောင်းတရပ်ကတော့ 24 00:01:01,000 --> 00:01:03,000 ကျွန်တော်တို့ဟာ ကိန်းခမ်းကြီးတဲ့သူတွေကြားထဲ ရောက်နေလို့ပါပဲ။ 25 00:01:03,000 --> 00:01:06,000 ဒါနဲ့ ကျွန်တော့မှာ သတင်းဆိုးတွေ ရှိနေတယ်နော်။ 26 00:01:06,000 --> 00:01:09,000 အထူးသဖြင့် ပြည်ပကနေ အောက်စဖို့ဒ်မြို့ကို လာတဲ့သူတွေ အတွက်ပေါ့။ 27 00:01:09,000 --> 00:01:11,000 ကိန်းခမ်းကြီးတာဟာ တကယ့်ကိုကြီးမားတဲ့ ပြဿနာပါ။ 28 00:01:11,000 --> 00:01:13,000 ဘာလို့လည်းဆိုတော့ တခါတလေ U.Kနိုင်ငံ အပြင်ကလူတွေက 29 00:01:13,000 --> 00:01:15,000 ထင်ကြတယ်၊ ကြီးကျယ်တာဟာ U.K. နိုင်ငံရဲ့ 30 00:01:15,000 --> 00:01:18,000 အိမ်ကြီးအိမ်ကောင်းတွေ၊ ဘွဲ့တံဆိပ်တွေပေါ် အမှီသဟဲပြုပြီး ဖြစ်လာတဲ့ ပြယုဂ်တခုလို့။ 31 00:01:18,000 --> 00:01:20,000 ကျွန်တော့်မှာပါတဲ့ သတင်းဆိုးအရကတော့ အဲဒါက မမှန်ပါဘူးတဲ့။ 32 00:01:20,000 --> 00:01:22,000 ကိန်းခမ်းကြီးတာဟာ ကမ္ဘာတ၀ှမ်းမှာဖြစ်နေတဲ့ ဖြစ်စဉ်တခုပါ။ 33 00:01:22,000 --> 00:01:24,000 ကျွန်တော်တို့ဟာ ကမ္ဘာ့အဖွဲ့စည်းတရပ်ပါ။ ဒါဟာ ကမ္ဘာ့ဖြစ်စဉ်တခုပါ။ 34 00:01:24,000 --> 00:01:26,000 ဒါဟာတကယ်ရှိပါတယ်။ ကိန်းခမ်းကြီးတယ်ဆိုတာဘာလဲ။ 35 00:01:26,000 --> 00:01:29,000 ကိန်းခမ်းကြီးတဲ့သူဆိုတာ ခင်ဗျားဆီကသေးငယ်တဲ့ အစိတ်အပိုင်းတခုကို ရယူသွားတဲ့သူ ဘယ်သူမဆိုဖြစ်နိုင်ပြီး 36 00:01:29,000 --> 00:01:32,000 အဲဒီ အစိတ်အပိုင်းကိုကြည့်ပြီး သင်ဘယ်သူလည်းဆိုတာကို အပြည့်အ၀မြင်ဖို့ အသုံးချတဲ့သူဖြစ်တယ်။ 37 00:01:32,000 --> 00:01:34,000 အဲဒါဟာ ကိန်းခမ်းကြီးတာပဲ။ 38 00:01:34,000 --> 00:01:36,000 ဒီကနေ့မှာ ဖြစ်ပေါ်ကြီးစိုးနေတဲ့ ကိန်းခမ်းကြီးခြင်း 39 00:01:36,000 --> 00:01:38,000 ကတော့ အလုပ်အကိုင်ဆိုင်ရာ ကိန်းခမ်းကြီးခြင်းပဲ ဖြစ်ပါတယ်။ 40 00:01:38,000 --> 00:01:40,000 ပါတီသွားတဲ့ တခဏအတွင်းမှာ ခင်ဗျားဒါကို ကြုံတွေ့လိမ့်မယ်။ 41 00:01:40,000 --> 00:01:43,000 တကယ်လို့ ခင်ဗျားကို ၂၁ရာစုမှာ မေးလေ့မေးထရှိတဲ့ မေးခွန်းတခု 42 00:01:43,000 --> 00:01:46,000 ဖြစ်တဲ့ "ခင်ဗျား ဘာအလုပ်လုပ်သလဲ" ဆိုတဲ့ မေးခွန်းမေးပြီ ဆိုပါစို့။ 43 00:01:46,000 --> 00:01:48,000 ပြီးတော့ ခင်ဗျား အဲဒီမေးခွန်းကို ဘယ်လိုဖြေလည်းဆိုတဲ့ အပေါ် မူတည်ပြီး 44 00:01:48,000 --> 00:01:50,000 လူတွေက ခင်ဗျားကို အံသြစရာကောင်းလောက်အောင် ခင်ချင်ခင်သွားနိုင်သလို 45 00:01:50,000 --> 00:01:52,000 သူတို့နာရီကို ငုံ့ကြည့်မယ်၊ သွားစရာရှိတယ်လို့ ဆင်ခြေပေးပြီး လစ်ထွက်သွားနိုင်ပါတယ်။ 46 00:01:52,000 --> 00:01:53,000 (ရီမောသံများ) 47 00:01:53,000 --> 00:01:56,000 ကဲ ကိန်းခမ်းကြီးဒါနဲ့ ပြောင်းပြန်ကတော့ ခင်ဗျားအမေပါပဲ။ 48 00:01:56,000 --> 00:01:58,000 (ရီမောသံများ) 49 00:01:58,000 --> 00:02:01,000 အမေဆိုပေမယ့် ခင်ဗျာ့အမေလည်း ဖြစ်စရာမလိုသလို ကျွန်တော့်အမေလည်း ဖြစ်စရာမလိုပါဘူး။ 50 00:02:01,000 --> 00:02:03,000 ဒါပေမယ့်၊ တကယ့် စံပြမိခင်ဆိုတာဟာ 51 00:02:03,000 --> 00:02:05,000 ခင်ဗျားရဲ့ တခမ်းတနားအောင်မြင်မှုတွေကို ဂရုစိုက်မယ့်သူတယောက် မဟုတ်ဘူး။ 52 00:02:05,000 --> 00:02:07,000 ဒါပေမယ့်၊ စိတ်မကောင်းစရာက၊ လူအတော်များများဟာ ကျွန်တော်တို့ရဲ့ မိခင်တွေ မဟုတ်ကြဘူးဗျာ။ 53 00:02:07,000 --> 00:02:10,000 လူအတော်များများဟာ သူတို့ရဲ့ ဘယ်လောက်ရှိတဲ့ အချိန်၊ 54 00:02:10,000 --> 00:02:12,000 အချစ် -- သမီးရည်းစား ချစ်တာမျိုး မဟုတ်ဘူး၊ 55 00:02:12,000 --> 00:02:14,000 အဲဒီ သမီးရည်းစားလို ချစ်ချင်တာမျိုးက နောက်တမျိုး 56 00:02:14,000 --> 00:02:16,000 မေတ္တာလိုမျိုးပေါ့၊ လေးစားမှုအတိုင်းအတာကို 57 00:02:16,000 --> 00:02:19,000 ကျွန်တော်တို့ကို ပေးနိုင်မလည်းဆိုတာကို 58 00:02:19,000 --> 00:02:21,000 ကျွန်တော်တို့ရဲ့ အလုပ်အကိုင်အနေအထားနဲ့ ဆက်စပ်ကြည့်တတ်ကြတယ်ဗျ။ 59 00:02:21,000 --> 00:02:24,000 ဒါဟာ ကျွန်တော်တို့ရဲ့ အလုပ်အကိုင်ကို ဘာကြောင့်အလေးပေးရသလည်း ဆိုတာတင်မက 60 00:02:24,000 --> 00:02:28,000 ဘာကြောင့် ကျွန်တော်တို့တွေ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုပမာဏအပေါ် အားသန်ကြသလည်းဆိုတာရဲ့ အကြောင်းတရားပဲ။ 61 00:02:28,000 --> 00:02:31,000 ခင်ဗျားသိလား။ ကျွန်တော်တို့တွေဟာ မကြာခဏ ဒီလို အပြောခံကြရတယ်။ ပစ္စည်းဥစ္စာအဓိကထားတဲ့ အချိန်မှာ ကြီးပြင်းလာလို့ 62 00:02:31,000 --> 00:02:33,000 အားလုံးဟာ လောဘရဲ့သားကောင်တွေပဲလို့။ 63 00:02:33,000 --> 00:02:35,000 ကျွန်တော်ကတော့ ကျွန်တော်တို့ဟာ သတ်သတ်မှတ်မှတ် ပစ္စည်းဥစ္စာအပေါ် တွယ်ငြိတယ်လို့တော့ မထင်မိဘူးဗျ။ 64 00:02:35,000 --> 00:02:37,000 ကျွန်တော်ထင်တာက ဒီလို။ ကျွန်တော်တို့ဟာ လူအဖွဲ့အစည်းတခုမှာ နေထိုင်တယ်၊ 65 00:02:37,000 --> 00:02:39,000 အဲဒီလူ့အဖွဲ့အစည်းဟာစိတ်အလိုဆန္ဒပြည့်ဝနိုင်မှုရလာဒ်ကို 66 00:02:39,000 --> 00:02:42,000 ပစ္စည်းဥစ္စာရယူပိုင်ဆိုင်နိုင်မှုနဲ့ တသားတည်း သွားထားလိုက်လို့ပါပဲ။ 67 00:02:42,000 --> 00:02:45,000 ကျွန်တော်တို့လိုချင်တာက ပစ္စည်းဥစ္စာမဟုတ်ဘူး။ တကယ်က ဆုလာဒ်ကိုသာ ကျွန်တော်တို့လိုချင်တာ။ 68 00:02:45,000 --> 00:02:47,000 အဲဒါဟာ စည်းစိမ်ချမ်းသာမှုအပေါ်မှာ တနည်းအားဖြင့် မှီတွယ်နေခြင်းပဲ။ 69 00:02:47,000 --> 00:02:49,000 နောက်တခါ ခင်ဗျား Ferrariကားမောင်းတဲ့သူကို မြင်ရင် 70 00:02:49,000 --> 00:02:51,000 ဒီလူဟာ တော်တော်လောဘကြီးတဲ့သူပဲလို့ တွေးမနေနဲ့ဦးနော်။ 71 00:02:51,000 --> 00:02:54,000 ဒီလိုတွေးကြည့်ပေါ့။ ဒီလူဟာ မယုံနိုင်လောက်အောင်ကို လောကဓံခံနိုင်ရည် နည်းပါးပြီး မေတ္တာငတ်နေသူပါလားလို့။ 72 00:02:54,000 --> 00:02:59,000 နောက်တမျိုးပြောရရင်တော့ -- (ရီမောသံများ) 73 00:02:59,000 --> 00:03:01,000 အပြစ်မြင်မဲ့အစား ဂရုဏာသက်ပေးလိုက်ကြပါနော်။ 74 00:03:01,000 --> 00:03:03,000 တခြားအကြောင်းတွေရှိပါသေးတယ် -- 75 00:03:03,000 --> 00:03:04,000 (ရီမောသံများ) 76 00:03:04,000 --> 00:03:06,000 တခြားအကြောင်းအရာတွေ ရှိသေးတယ်။ ဘာ့ကြောင့် ပိုပြီးခဲယဉ်းနိုင်သလည်း၊ 77 00:03:06,000 --> 00:03:08,000 အရင်ကလို စိတ်တည်ငြိမ်ဖို့ဆိုတာ။ 78 00:03:08,000 --> 00:03:11,000 အဲဒီထဲက အကြောင်းတရပ်ကတော့ ဇဝေဇ၀ါဖြစ်နိုင်စရာတခုပါ။ ဘာလို့ဆိုတော့ အဲဒါဟာ ပိုကောင်းတာကို လိုချင်မှုနဲ့ ဆက်စပ်နေခြင်းပါ။ 79 00:03:11,000 --> 00:03:14,000 အဲဒီဟာ ကျွန်တော်တို့ရဲ့ အလုပ်အကိုင်တွေအပေါ်ထားတဲ့ မျှော်လင့်ချက်တခုပါ။ 80 00:03:14,000 --> 00:03:16,000 ဘယ်တုန်းကမှ မမျှော်မှန်းခဲ့ဖူးပါဘူး။ 81 00:03:16,000 --> 00:03:19,000 လူတွေဟာ သူတို့သက်တမ်းတလျှောက်မှာ ဒီလောက်ထိ အောင်မြင်မှုတွေရယူပိုင်ဆိုင်နိုင်လိမ့်မယ်လို့ပါ။ 82 00:03:19,000 --> 00:03:22,000 ဘယ်သူမဆို ဘာမဆိုဖြစ်နိုင်တယ်၊ အောင်မြင်နိုင်တယ်လို့ ပြောဆိုရေးသားတာကို ကြားဖူးကြမယ်နော်။ 83 00:03:22,000 --> 00:03:24,000 ကျွန်တော်တို့ဟာ အဆင့်အတန်းခွဲခြားဆက်ဆံတဲ့ အစဉ်အလာကနေ လွန်မြောက်ခဲ့ပြီးပြီ။ 84 00:03:24,000 --> 00:03:26,000 အခု ကျွန်တော်တို့ဟာ ဘယ်သူမဆို 85 00:03:26,000 --> 00:03:28,000 ဘယ်အခွင့်အလမ်းနေရာကို မဆိုရရယူနိုင်တဲ့ အစဉ်အလာထဲရောက်နေပြီ။ 86 00:03:28,000 --> 00:03:30,000 ဒါဟာ သိပ်ကို လှပတဲ့ အတွေးအခေါ်တရပ်ပါပဲ။ 87 00:03:30,000 --> 00:03:34,000 အဲဒါနဲ့တွဲပါလာတာကတော့ ညီမျှခြင်းအပေါ်ထားတဲ့ စိတ်ဓာတ်ပါပဲ။ ကျွန်တော်တို့အားလုံးဟာ အခြေခံအားဖြင့် တူညီကြပါတယ်။ 88 00:03:34,000 --> 00:03:36,000 အတိအကျ သတ်မှတ်ထားတဲ့ 89 00:03:36,000 --> 00:03:38,000 အထက်အောက် အတန်းအစားခွဲမှုလည်း မရှိပါဘူး။ 90 00:03:38,000 --> 00:03:40,000 အဲဒီမှာ တော်တော်လေးကြီးတဲ့ ပြဿနာတခုထွက်လာပါတယ်။ 91 00:03:40,000 --> 00:03:42,000 အဲဒါကတော့ အားကျစိတ်ပါ။ 92 00:03:42,000 --> 00:03:45,000 အားကျမှု၊ ခင်ဗျား အားကျတယ်လို့ ပြောလိုက်မိရင် ဒါဟာ တကယ့်ကို မပြောသင့်ဘူးလို့ လူတွေသတ်မှတ်ထားတာကို ခင်ဗျားချိုးဖောက်လိုက်မိတာပါပဲ။ 93 00:03:45,000 --> 00:03:48,000 ဒါပေမယ့် အခု ခေတ်သစ်မော်ဒန် အဖွဲ့အစည်းမှာ ကြီးစိုးနေတဲ့ စိတ်ခံစားမှုဟာ ဘာလည်းဆိုရင်တော့ အားကျမှုပါပဲ။ 94 00:03:48,000 --> 00:03:52,000 အားကျမှုဟာ ညီမျှလိုတဲ့စိတ်ဓာတ်နဲ့ သွားပြီး ဆက်နွယ်တယ်။ ကျွန်တော် ထပ်ရှင်းပြပါရစေ။ 95 00:03:52,000 --> 00:03:55,000 ကျွန်တော်ထင်ပါတယ်။ အခုဒီမှာရှိနေတဲ့ ဘယ်သူမဆို၊ ကျွန်တော့်ကိုကြည့်ရှုနေတဲ့ ဘယ်သူမဆိုဟာ 96 00:03:55,000 --> 00:03:57,000 အင်္ဂလန်က ဘုရင်မကြီးရဲ့ဘ၀ကို အားကျတယ်လို့ဆိုခဲ့ရင် ဒါဟာ တော်တော်ကို ထူးဆန်းစရာကောင်းနေလိမ့်မယ်။ 97 00:03:57,000 --> 00:04:00,000 ဘုရင်မကြီးဟာ ခင်ဗျားထက်လည်း ချမ်းသာတယ်။ ဒီမှာရှိတဲ့ ခင်ဗျားတို့ အားလုံးထက်လည်း ချမ်းသာတယ်။ 98 00:04:00,000 --> 00:04:03,000 ပြီးတော့ ဘုရင်မကြီးမှာ အိမ်ကြီးကြီးတလုံးလည်း ရှိတယ်နော့။ 99 00:04:03,000 --> 00:04:07,000 ဒါပေမယ့် ကျွန်တော်တို့ဘာ့ကြောင့် သူမကို အားမကျကြသလည်းဆိုတော့ ဘုရင်မကြီးဟာ သမရိုးကျမဟုတ်လို့ပဲ။ 100 00:04:07,000 --> 00:04:09,000 ဘုရင်မကြီးဟာ အလိုလိုနေရင်းကို ထူးခြားနေတာပဲ။ 101 00:04:09,000 --> 00:04:11,000 ကျွန်တော်တို့ဘ၀နဲ့ သွားဆက်စပ်လို့မရဘူး ဖြစ်နေတယ်။ သူမ စကားပြောတဲ့ဟန်ကိုက ရယ်စရာကောင်းနေတယ်။ 102 00:04:11,000 --> 00:04:13,000 သူမလာတဲ့နေရကလည်း သမရိုးကျပုံမှန်လို နေရာမျိုးက မဟုတ်ဘူး ဖြစ်နေတယ်။ 103 00:04:13,000 --> 00:04:17,000 ဒါကြောင့် ကျွန်တော်တို့ သူမနဲ့ ဆက်နွယ်လို့ နှိုင်းယှဉ်လို့ မရဘူးဖြစ်နေတယ်။ ကျွန်တော်တို့ဟာ ကျွန်တော်တို့နဲ့ ဆက်နွယ်နှိုင်းယှဉ်လို့ မရနိုင်လောက်တဲ့သူမျိုးကိုကျတော့ အားမကျဘူး။ 104 00:04:17,000 --> 00:04:20,000 လူနှစ်ယောက်ဟာ အသက်အားဖြင့်ရော နောက်ခံအားဖြင့်ရော 105 00:04:20,000 --> 00:04:23,000 တော်တော်များများဟာ တူလာတာနဲ့အလျောက် မနာလိုအားကျယှဉ်ပြိုင်မှုတွေ ပိုရှိလာနိုင်ပါတယ်။ 106 00:04:23,000 --> 00:04:26,000 ဒါကြောင့် ခင်ဗျားတို့တွေ ကျောင်းသား/သူဟောင်းများ မိတ်ဆုံစားပွဲကို မသွားသင့်ကြတာပေါ့။ 107 00:04:26,000 --> 00:04:29,000 ဘာကြောင့်လည်းဆိုတော့ ဘယ်သူစိမ်းကိုမှ 108 00:04:29,000 --> 00:04:31,000 တကျောင်းတည်းအတူတူ တက်ခဲ့ကြတဲ့သူတွေထက် နှိုင်းယှဉ်ပြိုင်ဆိုင်ဖို့ စိတ်မ၀င်စားလောက်လို့ပဲ။ 109 00:04:31,000 --> 00:04:34,000 ဒါပေမယ့် ခေတ်သစ်မော်ဒန် အဖွဲ့အစည်းပြဿနာကတော့ တကမ္ဘာလုံးကို 110 00:04:34,000 --> 00:04:36,000 ကျောင်းတကျောင်းအနေနဲ့ အသွင်ပြောင်းကြည့်ခြင်းပဲ ဖြစ်ပါတယ်။ လူတိုင်း ဂျင်းဘောင်းဘီဝတ်ကြတယ်ဆိုရင် လူတိုင်းဟာ အတူတူပဲဆိုသလိုပေါ့။ 111 00:04:36,000 --> 00:04:38,000 ဒါပေမယ့်။ မတူကြပါဘူးနော်။ 112 00:04:38,000 --> 00:04:41,000 ဒါဖြင့် ညီမျှခြင်းစိတ်ဓာတ်ဟာ အတွင်းကျကျ မညီမျှခြင်းဆိုတာနဲ့ ရောနေပြီပေါ့။ 113 00:04:41,000 --> 00:04:44,000 အဲဒါဟာ လူတွေရဲ့စိတ်ကို အရမ်းအရမ်းကို ဖိစီးစေတော့တာပါပဲခင်ဗျား။ 114 00:04:44,000 --> 00:04:46,000 အခုခေတ်မှာ 115 00:04:46,000 --> 00:04:48,000 ခင်ဗျားဟာ ချမ်းသာပြီး နာမည်ကြီးတဲ့ Bill Gates လိုဖြစ်လာနိုင်ဖို့ အလားအလာနည်းတယ်။ 116 00:04:48,000 --> 00:04:50,000 အဲဒီလိုပဲ ခင်ဗျားဟာ ၁၇ရာစုမှာ 117 00:04:50,000 --> 00:04:53,000 ပြင်သစ်ဆီကနေ ရာထူးဂုဏ်သိမ်တွေရထားတဲ့ အခွင့်ထူးခံတယောက်ဖြစ်ဖို့လည်း အခွင့်နည်းပါးတယ်။ 118 00:04:53,000 --> 00:04:55,000 ဒါပေမယ့် ဆိုလိုတာက ခင်ဗျားက ဒါမျိုးကို တွေးတောခံစားမိလိမ့်မှာ မဟုတ်ဘူး။ 119 00:04:55,000 --> 00:04:58,000 magazinesတွေနဲ့ တခြားမီဒီယာတွေက ခင်ဗျားကို ဒီလိုလှုံ့ဆော်လိမ့်မယ်။ 120 00:04:58,000 --> 00:05:01,000 ခင်ဗျားမှာ စွမ်းအားရှိတယ်၊ နည်းပညာနဲ့ပတ်သက်လို့ အိုင်ဒီယာအတွေးဥာဏ်ကောင်းကောင်းရှိမယ်၊ 121 00:05:01,000 --> 00:05:05,000 ကားဂိုဒေါင်တခုရှိမယ်ဆိုရင် ခင်ဗျားဟာ လုပ်ငန်းအကြီးအကျယ်တခုကို စနိုင်ပြီးဆိုပြီးတော့ပေါ့။ 122 00:05:05,000 --> 00:05:06,000 (ရီမောသံများ) 123 00:05:06,000 --> 00:05:09,000 ပြီးတော့ ဒီပြဿနာရဲ့ နောက်ဆက်တွဲကိုတော့ စာအုပ်ဆိုင်မှာ ရှင်းရလိမ့်မယ်။ 124 00:05:09,000 --> 00:05:12,000 ခင်ဗျား စာအုပ်ဆိုင်အကြီးကြီးကိုသွား၊ ကိုယ့်ကိုယ်ကိုယ် ကယ်တင်နည်း ဆိုတဲ့ ကဏ္ဍကိုရှာ၊ 125 00:05:12,000 --> 00:05:14,000 ကျွန်တော်လုပ်လေ့ရှိသလိုမျိုးပေါ့။ 126 00:05:14,000 --> 00:05:16,000 တကယ်လို့ ခင်ဗျား အဲဒီ အခုခေတ်ထုတ် ကိုယ့်ကိုယ်ကိုယ် ကယ်တင်နည်း စာအုပ်တွေကို သေချာလေ့လာကြည့်ရင် 127 00:05:16,000 --> 00:05:18,000 နှစ်မျိုးနှစ်စားရှိတာကို တွေ့ရလိမ့်မယ်။ 128 00:05:18,000 --> 00:05:21,000 ပထမ အမျိုးအစားက ဒီလို "သင် လုပ်နိုင်တယ်။ သင် ဖြစ်အောင်လုပ်နိုင်တယ်။ ဘာမဆိုဖြစ်နိုင်တယ်"လို့ပြောမယ်။ 129 00:05:21,000 --> 00:05:24,000 နောက်တမျိုးကတော့ ခင်ဗျားကို ဒီလိုဖြစ်ရင်ဒီလိုနေနိုင်အောင် ကြိုးစားပါလို့ပြောမယ်။ ဘယ်လိုဖြစ်ရင်လည်းဆိုတော့ 130 00:05:24,000 --> 00:05:27,000 ယဉ်ယဉ်ကျေးကျေးပြောရရင် "ရှူံးနိမ့်အောက်ကျတဲ့ စိတ်ဘ၀င်"ရှိနေရင်၊ 131 00:05:27,000 --> 00:05:29,000 ဒါမှမဟုတ် မယဉ်ကျေးတဲ့အသုံးအနှုန်းနဲ့ဆို "ကိုယ့်ကိုယ်ကိုယ် မကောင်းမြင်မှု"တွေများနေရင်ပေါ့။ 132 00:05:29,000 --> 00:05:31,000 တကယ့်ကို အမှန်အကန် တူယှဉ်တွဲနေထိုင်မှု ဆိုတာရှိတယ်။ 133 00:05:31,000 --> 00:05:35,000 တကယ့် တူယှဉ်တွဲခြင်းဆိုတာ လူ့အဖွဲ့အစည်းတရပ်က လူတွေကို သင်တို့ဘာမဆိုဖြစ်အောင်လုပ်နိုင်တယ် ဆိုတာနဲ့ 134 00:05:35,000 --> 00:05:37,000 စိတ်ဓာတ်နိမ့်ကျအားငယ်မှုနဲ့ တွဲယှဉ်နေထိုင်ခြင်းမျိုးပဲ ဖြစ်တယ်။ 135 00:05:37,000 --> 00:05:39,000 အဲဒီတော့ ဒါဘာကိုပြောလည်းဆိုရင် အကောင်းဖက်ကိုသန်းတဲ့ အရာတခုမှာ 136 00:05:39,000 --> 00:05:41,000 ဆိုးညစ်တဲ့ တွန်းပြန်မှုတခုရှိတယ် ဆိုတာပါပဲ။ 137 00:05:41,000 --> 00:05:44,000 နောက်တချက် ရှိသေးတယ်။ ကျွန်တော်တို့ ဘာ့ကြောင့် 138 00:05:44,000 --> 00:05:48,000 ကျွန်တော်တို့ရဲ့ အလုပ်အကိုင်တွေ၊ ရာထူးဌာနတွေနဲ့ ပတ်သက်လို့ အရင်ကထက် စိတ်ဖိစီးမှု ပိုများတတ်ကြသလည်း ဆိုတာပါပဲ။ 139 00:05:48,000 --> 00:05:50,000 ပြီးတော့ ထပ်ပြောရမယ်ဆိုရင် ဒါဟာ ကောင်းတဲ့အချက်တခုနဲ့ ဆက်နွယ်နေလို့ပါပဲ။ 140 00:05:50,000 --> 00:05:53,000 အဲဒီ ကောင်းတဲ့အချက်ဆိုတာဘာလည်းဆိုရင် ဆုပေးစနစ်ဖြစ်ပါတယ်။ 141 00:05:53,000 --> 00:05:55,000 လူတိုင်းသာမက လက်ဝဲ လက်ယျာနိုင်ငံရေးသမားအားလုံးဟာ 142 00:05:55,000 --> 00:05:57,000 ဆုပေးစနစ်ဟာ တကယ့်ကို ကောင်းတဲ့အရာပဲလို့ သဘောတူညီကြပါတယ်။ 143 00:05:57,000 --> 00:06:01,000 ကျွန်တော်တို့တွေဟာ ကိုယ့်အဖွဲ့အစည်းတွေကို ဆုပေးစနစ်ဖြစ်အောင် ကြိုးစားသင့်ပါတယ်။ 144 00:06:01,000 --> 00:06:05,000 တနည်းအားဖြင့်ဆိုရင် ဆုပေးစနစ်ကျင့်သုံးတဲ့ အဖွဲ့အစည်းဟာ ဘာလည်းဆိုရင် 145 00:06:05,000 --> 00:06:07,000 ဆုပေးစနစ်ကျင့်သုံးတဲ့ အဖွဲ့အစည်းဆိုတာ 146 00:06:07,000 --> 00:06:09,000 ခင်ဗျားမှာ ပင်ကိုယ်အစွမ်းသတ္တိရယ်၊ အားအင်ရယ်၊ အရည်အချင်းရယ် ရှိမယ်ဆိုရင် 147 00:06:09,000 --> 00:06:11,000 ခင်ဗျားဟာ ထိပ်ဆုံးကို ရောက်ကိုရောက်လိမ့်မယ်။ ဘယ်အရာကမှ သင့်ကို မတားဆီးနိုင်ဘူး။ 148 00:06:11,000 --> 00:06:14,000 ဒါဟာ သိပ်ကိုလှပတဲ့ အတွေးအခေါ်တခုပဲနော်။ ပြဿနာက 149 00:06:14,000 --> 00:06:16,000 ခင်ဗျား ဒီစနစ်နဲ့အဖွဲ့အစည်းကို တကယ်ယုံကြည်မယ်ဆိုရင် 150 00:06:16,000 --> 00:06:19,000 တော်တဲ့သူက ချီးမြောက်ခံရလို့ ထိပ်ရောက်မယ်လို့ ခင်ဗျားယုံကြည်တယ်။ 151 00:06:19,000 --> 00:06:22,000 ဒါဆိုရင် သွယ်ဝိုက်သောအားဖြင့် ညစ်စုတ်စုတ်အတွေးနဲ့ ပြောရရင် 152 00:06:22,000 --> 00:06:25,000 ခင်ဗျားဟာ ဒီအဖွဲ့အစည်းမှာ မကြိုးစားပဲ လေလွင့်နေတဲ့သူ၊ မအောင်မြင်တဲ့သူတွေဟာလည်း 153 00:06:25,000 --> 00:06:28,000 အမြဲတမ်း လူ့အောက်ကျနေမယ်၊ ဘယ်တော့မှာ ထိပ်ရောက်မှာ မဟုတ်တော့ဘူးလို့ ယုံကြည်သလို ဖြစ်သွားလိမ့်မယ်။ 154 00:06:28,000 --> 00:06:31,000 နောက်တမျိုးပြောရရင်၊ ခင်ဗျား ဒီဘ၀ကိုရောက်လာတာ မတော်တဆ မဟုတ်တော့ဘူး 155 00:06:31,000 --> 00:06:33,000 ခင်ဗျားဟာ ဘ၀မှာ အောင်မြင်မှုတွေကို ရကိုရယူရမယ်၊ ခင်ဗျားဟာ ထိုက်ထိုက်တန်တန် ဒီဘ၀ကို ရတာလို့ဆိုလိုတာ ဖြစ်သွားတယ်။ 156 00:06:33,000 --> 00:06:36,000 ဒီလို ယူဆတာဟာ ရှူံးနိမ့်မှုအပေါ်ထားတဲ့ သဘောထားကို ပိုပြီး နက်နဲစေတော့တာပါပဲ။ 157 00:06:36,000 --> 00:06:38,000 ခင်ဗျားသိလား။ အင်္ဂလန်မှာ ခေတ်လယ်ကာလတုန်းကပေါ့ 158 00:06:38,000 --> 00:06:40,000 ခင်ဗျားဟာ လူဆင်းရဲတယောက်ကို တွေ့လိုက်ပြီဆိုရင် 159 00:06:40,000 --> 00:06:43,000 အဲဒီလူကို ကံမကောင်းတဲ့သူလို့ သတ်မှတ်လေ့ရှိတယ်။ 160 00:06:43,000 --> 00:06:47,000 စာစကားအရတော့ ဒီလူဟာ ကုသိုလ်ထူးနဲ့လွဲခဲ့တဲ့ ကံမွဲသူတယောက်ပေါ့။ 161 00:06:47,000 --> 00:06:49,000 အခုခေတ်မှာတော့ ဒီလို မဟုတ်ဘူး။ အထူးသဖြင့် အမေရိကားမှာ 162 00:06:49,000 --> 00:06:51,000 ခင်ဗျားဟာ လူဆင်းရဲအတန်းအစားကို တွေ့လိုက်ပြီဆိုတာနဲ့ 163 00:06:51,000 --> 00:06:54,000 ဒီလူတွေကို လူဖျင်းလူညံ့ အဖြစ်သတ်မှတ်လိုက်တော့တယ်။ 164 00:06:54,000 --> 00:06:57,000 စဉ်းစားကြည့်နော်။ ကံမွဲတယောက်နဲ့ လူညံ့တယောက်ရဲ့ အဓိပ္ပါယ်သတ်မှတ်ချက်က တကယ့်ကို မတူဘူးနော်။ 165 00:06:57,000 --> 00:07:00,000 ဒါဟာ ဘာကိုပြောသလည်းဆိုရင် လူ့အဖွဲ့အစည်းရဲ့ အနှစ် ၄၀၀ အတွင်း တဖြည်းဖြည်း ပြောင်းလဲလာမှု 166 00:07:00,000 --> 00:07:03,000 နဲ့ ငါတို့ရဲ့ဘ၀အတွက် ဘယ်သူ့မှာ တာဝန်ရှိသလည်းဆိုတာရဲ့ အတွေးအခေါ် ယုံကြည်ချက်ပဲ။ 167 00:07:03,000 --> 00:07:06,000 ထာဝရဘုရားဆိုတာလည်း မရှိတော့ဘူး၊ ငါတို့ဆိုတာပဲရှိတာ။ ငါတို့ဟာ ငါတို့ဘ၀ကားကို မောင်းနှင်နေတဲ့ ဒရိုင်ဘာတွေပဲ။ 168 00:07:06,000 --> 00:07:08,000 ခင်ဗျားဟာ အောင်မြင်နေတဲ့သူဆိုရင်တော့ ဒီအချက်အပေါ်မှာ ခင်ဗျား ပီတိတွေဖြာနေလိမ့်မယ်။ 169 00:07:08,000 --> 00:07:10,000 ခင်ဗျားဟာ ရှူံးနိမ့်နေတဲ့သူဆိုရင်တော့ ခင်ဗျား စိတ်မကောင်းတွေ ဖြစ်နေလိမ့်မယ်နော်။ 170 00:07:10,000 --> 00:07:13,000 လူမှုဆက်ဆံရေးဗေဒပညာရှင်တယောက်ဖြစ်တဲ့ 171 00:07:13,000 --> 00:07:17,000 Emil Durkheim ရဲ့ သုံးသပ်ချက်အရဆိုရင် ဒီအချက်တွေဟာ ကိုယ့်ကိုယ်ကိုယ် သက်သေမှုတွေကို ဖြစ်စေနိုင်တယ်တဲ့။ 172 00:07:17,000 --> 00:07:20,000 ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံကြီးတွေရဲ့ ကိုယ့်ကိုယ်ကိုယ်သက်သေမှုနှုန်းဟာ 173 00:07:20,000 --> 00:07:22,000 တခြားနိုင်ငံတွေနဲ့ ယှဉ်ရင် ပိုများပါတယ်။ 174 00:07:22,000 --> 00:07:24,000 ဒီလို ကိုယ့်ကိုယ်ကိုယ် သက်သေမှုပိုများရခြင်း နောက်တချက်ကတော့ လူတွေဟာ သူတို့ရဲ့ အခြေအနေအပေါ်မှာ 175 00:07:24,000 --> 00:07:26,000 ငါမကောင်းလို့၊ ငါ့ကြောင့်ဆိုတဲ့ အစွန်းရောက် ကိုယ့်ကိုယ်ကိုယ် စွပ်စွဲအပြစ်တင်တာတွေကြောင့်ပါပဲ။ 176 00:07:26,000 --> 00:07:30,000 ဒီလိုလူစားတွေဟာ သူတို့ရဲ့ အောင်မြင်မှုအတွက် ဂုဏ်ယူဝံ့ကြွားတတ်ကြသလို သူတို့ရဲ့ ရှူံးနိမ့်မှုအတွက်လည်း ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တတ်ကြပါတယ်။ 177 00:07:30,000 --> 00:07:32,000 ဒီလို ဖိစီးမှုမျိုးတွေကနေ လွတ်မြောက်မှု မရှိနိုင်တော့ဘူးလား 178 00:07:32,000 --> 00:07:34,000 ကျွန်တော် ချပြခဲ့သမျှတွေထဲကပေါ့လို့ မေးရင် 179 00:07:34,000 --> 00:07:36,000 ရှိတယ်လို့ ကျွန်တော်ထင်ပါတယ်။ အဲဒီထဲက တချို့တလေကို ကြည့်ကြရအောင်။ 180 00:07:36,000 --> 00:07:38,000 ဆုပေးစနစ်ကို ကြည့်ကြရအောင် 181 00:07:38,000 --> 00:07:41,000 လူတိုင်းဟာ သူတို့နဲ့ထိုက်တန်တဲ့နေရာကို ရကြတယ်ဆိုတဲ့ အတွေးအခေါ် 182 00:07:41,000 --> 00:07:44,000 ဒါဟာ တကယ်ကို ရူးတဲ့အတွေးအခေါ်လို့ ကျွန်တော်ထင်တယ်၊ လုံးဝကို ရူးတာပါပဲ။ 183 00:07:44,000 --> 00:07:46,000 ကျွန်တော့ လက်ဝဲလက်ယျာ နိုင်ငံရေးသမားအားလုံးကို ထောက်ခံမယ်။ 184 00:07:46,000 --> 00:07:48,000 ဒါပေမယ့် သူတို့တွေရဲ့ ဆုပေးစနစ်ဟာ မယုတ်မလွန်တဲ့ အတွေးအခေါ်တရပ် ဖြစ်ရမယ်။ 185 00:07:48,000 --> 00:07:50,000 ကျွန်တော်ဟာ မယုတ်မလွန် ဆုပေးစနစ်ကိုပဲ ယုံတဲ့သူပါ။ 186 00:07:50,000 --> 00:07:52,000 ဒါပေမယ့် ကျွန်တော်ထင်ပါတယ်။ 187 00:07:52,000 --> 00:07:56,000 စစ်မှန်ဖြောင့်မတ်တဲ့ ဆုပေးစနစ်ကို တည်ဆောက်ဖို့ ဆိုတာကလည်း သိပ်မလွယ်လှပါဘူး။ မဖြစ်နိုင်တဲ့ အိပ်မက်တခုပါ။ 188 00:07:56,000 --> 00:07:58,000 ပြောချင်တာကတော့ ကျွန်တော်တို့တွေ တည်ဆောက်မယ့် လူ့အဖွဲ့အစည်းမှာ 189 00:07:58,000 --> 00:08:00,000 လူတိုင်းကို အမှတ်ပေးစနစ်နဲ့ထားမယ်။ 190 00:08:00,000 --> 00:08:02,000 တော်တဲ့သူ ထိပ်ကိုရောက်မယ်၊ ညံ့တဲ့သူ အောက်ကိုရောက်မယ်၊ 191 00:08:02,000 --> 00:08:04,000 ပြီးတော့ ဒါကို တိတိကျကျ လိုက်နာမယ် ဆိုတာဟာ တကယ်တော့ မဖြစ်နိုင်ပါဘူး။ 192 00:08:04,000 --> 00:08:06,000 ရိုးရိုးလေးပဲ တွေးကြည့်ပါ။ တခြား ထည့်တွက်စဉ်းစားရမယ့် အချက်တွေ အများကြီးပါ။ 193 00:08:06,000 --> 00:08:08,000 မတော်တဆ ထိခိုက်မှု၊ မတော်တဆ မွေးဖွားမှုကစလို့ 194 00:08:08,000 --> 00:08:11,000 မတော်တဆ ခေါင်းပေါ်ကို ပစ္စည်းပြုတ်ကျတာ၊ ဖျားနာတာ အထိ အမျိုးစုံပဲပေါ့။ 195 00:08:11,000 --> 00:08:13,000 ဒီလိုပုံစံမျိုးနည်း ကျွန်တော်တို့ သူတို့တွေကို ဘယ်လို အမှတ်ပေးကြမှာလည်း။ 196 00:08:13,000 --> 00:08:15,000 ဘယ်လိုမှ မတော်တဆ ထိခိုက်နစ်နာတဲ့သူတွေ အပေါ် သာမာန်လူတွေနဲ့ တန်းတူ အမှတ်ပေးလို့ မရနိုင်ပါဘူး။ 197 00:08:15,000 --> 00:08:18,000 ကျွန်တော်လေ St. Augustine ရဲ့ "ဘုရားရဲ့မြို့တော်" ထဲက စာတပိုဒ်ကို ရွတ်ပြချင်တယ်။ 198 00:08:18,000 --> 00:08:22,000 သူက ဘာပြောသလည်းဆိုရင် "လူတယောက်ကို သူ့ရဲ့အနေအထားကို ကြည့်ပြီး သတ်မှတ်ဆက်ဆံတာဟာ အပြစ်တခုပါ"တဲ့။ 199 00:08:22,000 --> 00:08:24,000 ခေတ်သစ်မော်ဒန် စကားနဲ့ ပြောရမယ်ဆိုရင် 200 00:08:24,000 --> 00:08:26,000 သင်ဟာ သင်နဲ့ပြောဆိုဆက်ဆံနေသူ တဦးအပေါ်မှာ 201 00:08:26,000 --> 00:08:28,000 သူရဲ့ အလုပ်အကိုင် စီးပွားရေး အခြေအနေကို ကြည့်ပြီး ပေါင်းသင်းဆက်ဆံ နေရင်ဖြင့် သင်ဟာ အပြစ်ရှိသူတဦးပါတဲ့။ 202 00:08:28,000 --> 00:08:30,000 ဘာလုပ်ဘာကိုင်သလည်း ဆိုတာဟာ ထည့်သွင်းစဉ်းစားရမယ့်အရာ မဟုတ်ပါဘူး။ 203 00:08:30,000 --> 00:08:32,000 St. Augustine က ဘာပြောသလည်းဆိုရင် 204 00:08:32,000 --> 00:08:34,000 ထာဝရဘုရားသခင်သာ လူတိုင်းကို သူ့နေရာနဲ့သူရှိစေနိုင်တာပါ တဲ့။ 205 00:08:34,000 --> 00:08:36,000 သူဟာ လူတိုင်းကို သူ့နေရာနဲ့သူ ရှိဖို့ အဆုံးအဖြတ်နေ့မှာ ဆုံးဖြတ်မှာပါတဲ့။ 206 00:08:36,000 --> 00:08:38,000 အဲဒီ အချိန်မှာ နတ်သားနတ်သမီးတွေ၊ နှဲတွေ အစုံနဲ့ ကောင်းကင်ကြီးကို တခမ်းတနားဖွင့်ကြမှာပါတဲ့။ 207 00:08:38,000 --> 00:08:41,000 ခင်ဗျားဟာ ကျွန်တော့်လို ဘာသာရေးခုတုန်းလုပ်မှုကို မယုံကြည်သူတယောက်ဖြစ်ခဲ့ရင် တော်တော်ရူးတဲ့ အတွေးအခေါ်ပဲလို့ ထင်လိမ့်မယ်။ 208 00:08:41,000 --> 00:08:43,000 ဒါပေမယ့် အဲဒီ အတွေးခေါ်ထဲမှာ အဖိုးမဖြတ်နိုင်တဲ့ အချက်တခု ရှိနေတယ်။ 209 00:08:43,000 --> 00:08:47,000 တနည်းပြောရရင် သူများတွေကို အကဲမဖြတ်ခင်မှာ ခင်ဗျား စောင့်ကြည့်သင့်တယ်။ 210 00:08:47,000 --> 00:08:50,000 ခင်ဗျားဟာ လူတယောက်ရဲ့ တကယ့်တန်ဖိုးကို လောက်လောက်လားလား မသိနိုင်ဘူး။ 211 00:08:50,000 --> 00:08:52,000 ဒါဟာ ဘယ်သူမှ မသိနိုင်တဲ့ အချက်ပဲ။ 212 00:08:52,000 --> 00:08:55,000 ဒါကို ခင်ဗျားက လူတယောက်ရဲ့ တကယ့်တန်ဖိုးကို သိသယောင်ယောင် မလုပ်သင့်ဘူး။ 213 00:08:55,000 --> 00:08:58,000 နောက်ထပ် နှစ်သိမ့်အားပေးတဲ့ တနေရာရှိသေးတယ်။ 214 00:08:58,000 --> 00:09:01,000 ကျွန်တော်တို့ဟာ ဘ၀မှာ ရှူံးနိမ့်စရာတွေကို တွေးလိုက်တိုင်း 215 00:09:01,000 --> 00:09:03,000 ဘာကြောင့် ရှုံးနိမ့်မှာကို ကြောက်သလည်းဆိုတဲ့ အကြောင်းတရပ်ဟာ 216 00:09:03,000 --> 00:09:05,000 ၀င်ငွေကိုဆုံးရှူံးမှာ ရာထူးနေရာပျောက်မှာကြောင့်တင် မဟုတ်ပါဘူး။ 217 00:09:05,000 --> 00:09:09,000 ကျွန်တော်တို့ကြောက်တာဟာ သူများတွေရဲ့ အကဲဖြတ်ရှုံ့ချမှုကိုပါ။ ဒါဟာလည်း တကယ်ရှိပါတယ်။ 218 00:09:09,000 --> 00:09:11,000 ခင်ဗျားသိလား။ သူတပါးကိုလှောင်ပြောင်တဲ့ နေရာမှာ နံပါတ်တစ်ပြေးနေတာဟာ 219 00:09:11,000 --> 00:09:13,000 အခုခေတ်မှာတော့ သတင်းစာပဲ။ 220 00:09:13,000 --> 00:09:15,000 ခင်ဗျား ဘယ်အချိန်မဆို သတင်းစာကို ကောက်လှန်လိုက်ပါ။ 221 00:09:15,000 --> 00:09:17,000 ရှုပ်ထွေးပွေလီတဲ့ ဘ၀ပေါင်းစုံနဲ့ လူတွေအကြောင်းကို ခင်ဗျားဖတ်ရလိမ့်မယ်။ 222 00:09:17,000 --> 00:09:20,000 ဟော ဘယ်သူတို့ဖြင့် ဘယ်သူနဲ့ မှားယွင်းကြပြန်ပြီ။ ဘယ်သူကတော့ ဘာအမှားကို ကျူးလွန်လိုက်ပြန်ပြီ။ 223 00:09:20,000 --> 00:09:22,000 ဘယ်သူကတော့ ဘယ်လို မတရားမှုကို ဘယ်လိုကြိုးကိုင်လိုက်ပြန်ပြီ စသဖြင့်ပေါ့။ ဘာပဲဖြစ်ဖြစ်လေ 224 00:09:22,000 --> 00:09:25,000 နောက်ဆုံးတော့ ဒီ အမှားတွေဟာ လှောင်ပြောင်ခံစရာတွေ ဖြစ်လာတာပေါ့။ 225 00:09:25,000 --> 00:09:28,000 တနည်းအားဖြင့် ပြောရရင် သူတို့ ရှူံးနိမ့်ကြသည်ပေါ့။ ပြီးတော့ သူတို့ဟာ လူညံ့တွေ ဖြစ်ကြသည်ပေါ့။ 226 00:09:28,000 --> 00:09:30,000 ကဲ ဒါကို တခြားဘယ်နည်းလမ်းနဲ့ ဖြေရှင်းကြမတုန်း။ 227 00:09:30,000 --> 00:09:32,000 ကျွန်တော်ထင်တာက အနောက်တိုင်းယဉ်ကျေးမှုမှာ သိသာထင်ရှားတဲ့ တခြားနည်းလမ်းတခုရှိတယ်။ 228 00:09:32,000 --> 00:09:35,000 အဲဒါဘာလည်းဆိုရင် ၀မ်းနည်းစရာဖြစ်စဉ်ပဲ။ 229 00:09:35,000 --> 00:09:38,000 ၀မ်းနည်းပေါက်ကွဲမှုကြောင့်ဖြစ်လာတဲ့ အနုပညာဟာ ရှေးခေတ်ဂရိတွေရဲ့ ဇာတ်ခုံတွေက စခဲ့တာပေါ့။ 230 00:09:38,000 --> 00:09:40,000 ၅ရာစု ဘီစီလောက်တုန်းက စတင်တဲ့ ဒီပေါက်ကွဲမှုအနုပညာဟာ 231 00:09:40,000 --> 00:09:43,000 လူတွေရဲ့ ရှူံးနိမ့်ကျဆုံးမှုတွေကို ပီပီပြင်ပြင် သရုပ်ဖော်ထားတာပဲ။ 232 00:09:43,000 --> 00:09:47,000 ပြီးတော့ လူတွေရဲ့ ဂရုဏာသက်မှုတွေအဆင့်အဆင့်ကို 233 00:09:47,000 --> 00:09:51,000 သာမာန်လူတယောက်အနေနဲ့ မမှန်းဆနိုင်လောက်တဲ့ အဖြစ်အပျက်တွေနဲ့ ဖော်ကျူးထားတာပါပဲ။ 234 00:09:51,000 --> 00:09:52,000 လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်က ကျွန်တော်ဒါတွေကို စဉ်းစားမိသေးတယ်။ 235 00:09:52,000 --> 00:09:54,000 ပြီးတော့ ကျွန်တော် "တနင်္ဂနွေ အားကစား" ဆိုတာကို သွားကြည့်တယ်။ 236 00:09:54,000 --> 00:09:57,000 အဲဒီ သတင်းစာကို ခင်ဗျားဖတ်ကြည့်ပါလို့ ကျွန်တော်ဖြင့် မတိုက်တွန်းပါဘူး 237 00:09:57,000 --> 00:09:59,000 အထူးသဖြင့် ခင်ဗျားအကြောင်းမသိသေးဘူး ဆိုရင်ပေါ့။ 238 00:09:59,000 --> 00:10:01,000 အဲဒီ သတင်းစာတိုက်ကို ကျွန်တော်သွားပြီး 239 00:10:01,000 --> 00:10:04,000 ၀မ်းနည်းကြေကွဲမှုအပြည့်နဲ့ ပုံဖော်ထားတဲ့ အနောက်တိုင်းအနုပညာရဲ့ တစိတ်တဒေသကို ပြောပြကြည့်တယ်။ 240 00:10:04,000 --> 00:10:06,000 ကျွန်တော်သိချင်တာက သူတို့ အခုလို အခြေအမြစ်မရှိတဲ့ 241 00:10:06,000 --> 00:10:09,000 ဇာတ်လမ်းတချို့ကို သတင်းအနေနဲ့ 242 00:10:09,000 --> 00:10:12,000 အခုလို တနင်္ဂနွေနေ့လည်မျိုးမှာ ရခဲ့ရင် ဘာလုပ်မလည်းလို့ပါ။ 243 00:10:12,000 --> 00:10:14,000 သူတို့ကို ကျွန်တော်က အော်သဲလို အကြောင်းပြောပြတယ်။ သူတို့ အဲဒီ အကြောင်းအရာကို လုံးဝမကြားဖူးပေမယ့် တော်တော်ကို စိတ်ဝင်စားဟန်ပြကြတယ်။ 244 00:10:14,000 --> 00:10:15,000 (ရီမောသံများ) 245 00:10:15,000 --> 00:10:18,000 ဒါနဲ့ ကျွန်တော်ကသူတို့ကို အော်သဲလိုအကြောင်းကို ခေါင်းကြီးပိုင်းမှာ ရေးပေးပါလားလို့ တောင်းဆိုလိုက်တယ်။ 246 00:10:18,000 --> 00:10:21,000 ဒါနဲ့ သူတို့လည်း "အချစ်ကြီးသော တပြည်သားသည် အမတ်၏ သမီးကို သတ်သည်" ဆိုပြီး 247 00:10:21,000 --> 00:10:23,000 ခေါင်းကြီးပိုင်းမှာ ထည့်လိုက်ပါလေရော။ 248 00:10:23,000 --> 00:10:25,000 ကျွန်တော်က သူတို့ကို မဒမ် ဘိုဗရီဆိုတဲ့ အမျိုးသမီးရေးတဲ့ ဇာတ်တပုဒ်ကို ပေးလိုက်တာတယ်။ 249 00:10:25,000 --> 00:10:27,000 အဲဒီစာအုပ်ကိုတွေ့တော့ သူတို့က ၀မ်းသာအားရနဲ့ 250 00:10:27,000 --> 00:10:32,000 ဒီလိုရေးလိုက်ပြန်တယ် "ဈေးဝယ်ရတာခုံမင်လွန်းတဲ့ လူမှုရေးဖောက်ပြန်တဲ့ အမျိုးသမီးတဦးဟာ သူမ လိမ်လည်သုံးစွဲမှုကို ဖော်ထုတ်ခံရအပြီးမှာ အဆိပ်ဆေးကို မျိုချလိုက်ပါသည်" တဲ့ 251 00:10:32,000 --> 00:10:33,000 (ရီမောသံများ) 252 00:10:33,000 --> 00:10:35,000 နောက်တခုကတော့ ကျွန်တော့်နှစ်သက်တဲ့ တခုပါပဲ။ 253 00:10:35,000 --> 00:10:37,000 သူတို့ဟာ ပြောရမယ်ဆိုရင် တကယ့်ကို သူတို့လုပ်ရမယ့်အပိုင်းမှာ ထူးချွန်တဲ့သူတွေပါပဲ။ 254 00:10:37,000 --> 00:10:39,000 ကျွန်တော်ကြိုက်တာက စာရေးဆရာ ဆိုဖိုကယ်ရေးတဲ့ ဘုရင် အီဒီပတ်စ် အကြောင်း ဖြစ်ပါတယ် 255 00:10:39,000 --> 00:10:42,000 သူတို့ ခေါင်းစဉ်တပ်လိုက်ပြန်တာက "သားသယ်အမေနဲ့ လိင်ဆက်ဆံခြင်းဟာ သိပ်ကောင်းပါတယ်"တဲ့။ 256 00:10:42,000 --> 00:10:45,000 (ရီမောသံများ) 257 00:10:45,000 --> 00:10:47,000 (လက်ခုပ်သံများ) 258 00:10:47,000 --> 00:10:50,000 တနည်းပြောရမယ်ဆိုရင် ဂရုဏာ ရောင်စဉ်တန်းရဲ့ အဆုံးတဖက်မှာ 259 00:10:50,000 --> 00:10:52,000 ပဋ္ဋိပက္ခသတင်းစာ ရှိနေပါတယ်။ 260 00:10:52,000 --> 00:10:55,000 သူရဲ့ တခြားတဖက်က ရောင်စဉ်တန်းမှာတော့ သူတပါးတို့ရဲ့ ၀မ်းနည်းကြေကွဲဆုံးရှုံးမှုတွေနဲ့အတူ အဲဒါတွေရဲ့ အနုပညာပါ ရှိနေမှာပါ။ 261 00:10:55,000 --> 00:10:57,000 ကျွန်တော်ထင်တယ် ကျွန်တော်ခင်ဗျားတို့ကို တိုက်တွန်းနေမိသလား၊ 262 00:10:57,000 --> 00:10:59,000 ၀မ်းနည်းကြေကွဲမှုအနုပညာမှာ ဘာတွေဖြစ်နေသလဲဆိုတာကို လေ့လာသင့်တယ်လို့။ 263 00:10:59,000 --> 00:11:02,000 ဟမ်မလတ်ဆိုတဲ့ ဇာတ်ကောင်ကို လူညံ့လို့ ပြောတာဟာ ရူးတာပါပဲ။ 264 00:11:02,000 --> 00:11:05,000 သူဟာ ရှူံးနိမ့်သွားခဲ့ပေမယ့် လူညံ့တယောက် မဟုတ်ခဲ့ပါဘူး။ 265 00:11:05,000 --> 00:11:07,000 ဒါဟာ ကျွန်တော်တို့ကို ၀မ်းနည်းကြေကွဲစရာ ဇာတ်လမ်းတပုဒ်က ပေးတဲ့ အသိတရားတရပ်ပါ။ 266 00:11:07,000 --> 00:11:10,000 ဒါဟာ ဘာကြောင့် အရမ်း အရမ်းကို အရေးကြီးလည်းဆိုတာလည်းပါမယ် ထင်ပါတယ်။ 267 00:11:10,000 --> 00:11:12,000 ဒါဟာ အခုခေတ်မော်ဒန် အဖွဲ့အစည်းနဲ့ ပတ်သက်နေပါတယ်။ 268 00:11:12,000 --> 00:11:14,000 ပြီးတော့ ဘာက စိတ်ဖိစီးမှုတွေကို ဖြစ်စေသလည်းဆိုတဲ့ မေးခွန်းအတွက် 269 00:11:14,000 --> 00:11:17,000 အဖြေကတာ့ ငါတို့ဟာ လူသားတွေဖြစ်နေကြလို့ ဆိုတာပါပဲ။ 270 00:11:17,000 --> 00:11:19,000 ကျွန်တော်တို့ဟာ ဒီကမ္ဘာမှာ ပထမဆုံး ဖြစ်ပေါ်နေထိုင်တဲ့ လူ့အဖွဲ့အစည်းတရပ်ပါ။ 271 00:11:19,000 --> 00:11:22,000 ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကိုယ်ပဲ ကိုးကွယ်ယုံကြည်တဲ့သူတွေလည်း ဖြစ်ပါတယ်။ 272 00:11:22,000 --> 00:11:24,000 ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကိုယ် မြင့်မြင့်မှန်းတာနဲ့ အလျောက် မြင့်မြင့်ကြံသင့်ပါတယ်။ 273 00:11:24,000 --> 00:11:27,000 ကျွန်တော်တို့ဟာ လပေါ်ကို လူတွေလွှတ်နိုင်ခဲ့ပြီ။ တခြား မယုံနိုင်လောက်အောင် ဆန်းကြယ်တဲ့ အရာတွေကိုလည်း အကောင်အထည် ဖော်ခဲ့ပြီးပြီ။ 274 00:11:27,000 --> 00:11:29,000 ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် ကိုးကွယ်အားကိုးဖို့ပဲ လိုတယ်။ 275 00:11:29,000 --> 00:11:31,000 ကျွန်တော်တို့ရဲ့ သူရဲကောင်းတွေဟာ လူသား သူရဲကောင်းတွေပါ။ 276 00:11:31,000 --> 00:11:33,000 ဒါဟာ အခုမှဖြစ်လာတဲ့ အခြေအနေသစ်တရပ်ပါ။ 277 00:11:33,000 --> 00:11:35,000 တခြားသော လူ့အဖွဲ့အစည်းတွေဟာ သူတို့ရဲ့ အလယ်ခေါင်မှာ 278 00:11:35,000 --> 00:11:37,000 တခြားအရပ်က ဆင်းသက်လာတဲ့ ထာဝရဘုရားတို့၊ 279 00:11:37,000 --> 00:11:39,000 ၀ိဥာဉ်တို၊့ သဘာဝအတွင်းအားတို့၊ စကြာဝဠာတို့၊ 280 00:11:39,000 --> 00:11:42,000 တခြား တခြားသော အရာတို့ကို တည်ထား ကိုးကွယ်အားကိုးနေကြတာလည်း ရှိပါတယ်။ 281 00:11:42,000 --> 00:11:44,000 ကျွန်တော်တို့မှာတော့ ဒီလိုအကျင့်တွေမရှိတော့ပါဘူး။ 282 00:11:44,000 --> 00:11:46,000 ဒါကြောင့်လည်း ကျွန်တော်တို့ဟာ သဘာဝတရားစတင် နားလည် သဘောပေါက်လာအောင် ကြိုးစားလာကြတာပါ။ 283 00:11:46,000 --> 00:11:49,000 ဒါဟာလည်း ကျွန်တော်တို့ရဲ့ ကျန်းမာရေးအတွက် မဟုတ်ပါဘူး။ ဒါပေမယ့် တခါတလေတော့လည်း အဲဒါအတွက်လို့ ထင်စရာရှိပါတယ်။ 284 00:11:49,000 --> 00:11:53,000 သဘာဝတရားကို နားလည်ဖို့ကြိုးစားတာကတော့ လူတွေရဲ့ နှစ်ပေါင်းများစွာတည်ဆောက်ထားတဲ့ အသိုက်အမြုံကနေ ထွက်ပြေးချင်လို့ပါပဲ။ 285 00:11:53,000 --> 00:11:55,000 ဒါဟာ ကျွန်တော်တို့ရဲ့ ပြိုင်ဆိုင်မှုရဲ့ ထွက်ပေါက်ပါ။ 286 00:11:55,000 --> 00:11:57,000 ကျွန်တော်တို့ရဲ့ အတောမသတ်နိုင်တဲ့ ငိုကြွေးရယ်မောသံတွေရဲ့ ထွက်ပေါက်ပါ။ 287 00:11:57,000 --> 00:11:59,000 ဒါကြောင့် ကျွန်တော်တို့ဟာ ရေခဲပြင်ကြီးတွေ၊ ပင်လယ်ကြီးတွေကို ကြည့်နေရရင် ပျော်နေတတ်ပြီး 288 00:11:59,000 --> 00:12:03,000 ကမ္ဘာကြီးကို အပြင်ဖက်ရှုထောင့်ကနေ တွေးတောသုံးသပ်ရတာမျိုးကို ခုံမင်တတ်ကြတာပေါ့။ 289 00:12:03,000 --> 00:12:07,000 ကျွန်တော်တို့ဟာ လူမဟုတ်တဲ့အရာတွေ သက်ရှိတွေနဲ့လည်း ထိတွေ့ဆက်ဆံချင်သလို 290 00:12:07,000 --> 00:12:11,000 ဒီလိုဆန္ဒတွေဟာလည်း ကျွန်တော်တို့အတွက် အရေးကြီးနေတတ်ပါတယ်။ 291 00:12:11,000 --> 00:12:14,000 ကျွန်တော်ဘာကို ပြောပြနေတာလည်းဆိုတာကတော့ အဓိကအားဖြင့် အောင်မြင်မှုနဲ့ ရှုံးနိမ့်မှုကိုပါ။ 292 00:12:14,000 --> 00:12:17,000 နောက်ပြီး အောင်မြင်မှုနဲ့ ပတ်သက်လို့ စိတ်ဝင်စားစရာကောင်းတဲ့ အချက်တခုကတော့ 293 00:12:17,000 --> 00:12:19,000 ကျွန်တော်တို့ဟာ အောင်မြင်မှုဟာဘာလဲဆိုတာကို သိတယ်လို့ ထင်နေကြတာကိုပါပဲ။ 294 00:12:19,000 --> 00:12:21,000 ကွန်တော် ခင်ဗျားကို ခင်ဗျားရဲ့နောက်မှာ လူတယောက်ရှိတယ် 295 00:12:21,000 --> 00:12:24,000 အဲဒီလူဟာ အင်မတန် အောင်မြင်တဲ့သူလို့ ပြောရင် ခင်ဗျားရဲ့ခေါင်းထဲကို 296 00:12:24,000 --> 00:12:26,000 ဒီလူဟာ ပိုက်ဆံတော်တော်ရှာနိုင်မှာပဲ 297 00:12:26,000 --> 00:12:29,000 သူ့ပတ်ဝန်းကျင်မှာ တော်တော်နာမည်ရှိတဲ့သူတယောက်ပဲလို့ အထင်ချက်ချင်း ရောက်လာလိမ့်မယ်။ 298 00:12:29,000 --> 00:12:31,000 ကျွန်တော့်ရဲ့ အောင်မြင်မှုနဲ့ ပတ်သက်လို့ လေ့လာသုံးသပ်ချက်တွေ -- ပြီးတော့ ကျွန်တော်ဟာ 299 00:12:31,000 --> 00:12:34,000 အောင်မြင်မှုကို အင်မတန်စိတ်ဝင်စားတဲ့ သူတယောက်ပါ။ တကယ်လည်း ကျွန်တော် အောင်မြင်ချင်ပါတယ်။ 300 00:12:34,000 --> 00:12:36,000 ကျွန်တော် အမြဲတစေ စဉ်းစားလေ့ရှိတယ် "ငါဘယ်လို လုပ်ပြီး ပိုအောင်မြင်အောင် ကြိုးစားရပါ့မလည်း" လို့ပါ။ 301 00:12:36,000 --> 00:12:38,000 ဒါပေမယ့် ကျွန်တော်ဟာ အသက်ကြီးလာလေလေ 302 00:12:38,000 --> 00:12:40,000 အောင်မြင်မှုဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို ဖော်ထုတ်တာမှာ နည်းနည်းလေး ကွဲပြားလာလေပဲ။ 303 00:12:40,000 --> 00:12:42,000 အခုပြောမှာက အောင်မြင်မှုရဲ့ အဓိပ္ပါယ်အပေါ် ကျွန်တော့်ရဲ့ ကိုယ်ပိုင် ထင်မြင်ယူဆခံယူချက်ပဲ။ 304 00:12:42,000 --> 00:12:45,000 ခင်ဗျားဟာ အရာအားလုံးမှာ မအောင်မြင်နိုင်ပါဘူး 305 00:12:45,000 --> 00:12:47,000 ကျွန်တော်တို့တွေ အလုပ်နဲ့ဘ၀ သဟဇာတဖြစ်အောင်နေနည်းတွေကို အများကြီး ကြားဖူးကြတယ်။ 306 00:12:47,000 --> 00:12:50,000 တကယ်တော့ အဲဒီနည်းတွေဟာ အဓိပ္ပါယ်သိပ်မရှိလှဘူး။ အကုန်လုံး ခင်ဗျား မရနိုင်ဘူး။ 307 00:12:50,000 --> 00:12:52,000 ဒါဆို အောင်မြင်မှုကို ကြည့်တဲ့အခါမှာ 308 00:12:52,000 --> 00:12:54,000 အောင်မြင်မှု အတွက် ဘာတွေ ဆုံးရှူံးနေသလည်း၊ 309 00:12:54,000 --> 00:12:56,000 ဘယ်နေရာမှာ ဘာတွေကို ဆုံးရှူံးနေသလည်းဆိုတာကို ထည့်ကို စဉ်းစားကြရမှာ ဖြစ်ပါတယ်။ 310 00:12:56,000 --> 00:12:59,000 ကျွန်တော်ယုံတယ်၊ ပညာရှိတဲ့ သက်ရှိအားလုံးက ဒါကိုလက်ခံလိမ့်မယ်။ 311 00:12:59,000 --> 00:13:02,000 ခုနကပြောသလိုပဲ ကျွန်တော်တို့ မအောင်မြင်တဲ့ ကဏ္ဍတခု အနည်းဆုံးရှိလိမ့်မယ်။ 312 00:13:02,000 --> 00:13:04,000 အောင်မြင်တဲ့ဘ၀ဆိုတာဟာ 313 00:13:04,000 --> 00:13:06,000 များသောအားဖြင့် ကျွန်တော်တို့ ထင်မြင်ယူဆထားတဲ့ 314 00:13:06,000 --> 00:13:09,000 ဘ၀မှာ အောင်အောင်မြင်မြင်နေနည်းဆိုတာကို တကယ်တော့ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် ထင်မြင်ယူဆချက်တွေ မဟုတ်ဘူး။ 315 00:13:09,000 --> 00:13:11,000 သူများတွေရဲ့ ထင်မြင်ယူဆချက်တွေပဲ 316 00:13:11,000 --> 00:13:13,000 များသောအားဖြင့် ခင်ဗျားဟာ ယောက်ျားဆိုရင် ခင်ဗျားရဲ့ အဖေရဲ့ လွှမ်းမိုးမှု 317 00:13:13,000 --> 00:13:15,000 တကယ်လို့ ခင်ဗျားဟာ မိန်းမဆိုရင် ခင်ဗျားရဲ့ အမေရဲ့ လွှမ်းမိုးမှုကလာတဲ့ ထင်မြင်ချက်တွေပဲ 318 00:13:15,000 --> 00:13:18,000 စိတ်ခံစားမှုဆိုင်ရာ သုံးသပ်တဲ့ ပညာရှင်တွေဟာ ဒီအချက်ကို ထောက်ပြနေတာ အနှစ် ၈၀ကျော်သွားပြီ 319 00:13:18,000 --> 00:13:21,000 ဘယ်သူမှ ဒါကို အလေးပေးပြီး နားမထောင်ကြဘူး။ ဒါပေမယ့် ကျွန်တော်ကတော့ အဲဒီအချက်ကို လက်ခံတယ် 320 00:13:21,000 --> 00:13:23,000 ကျွန်တော်တို့ဟာ ၀ါဒဖြန့်တာတွေ ခံနေကြရတယ် 321 00:13:23,000 --> 00:13:25,000 တီဗွီတွေ၊ ကြော်ငြာတွေ၊ 322 00:13:25,000 --> 00:13:27,000 ဈေးကွက်ဖြန့်ချီရေးတွေကနေ တဆင့်ပေါ့။ 323 00:13:27,000 --> 00:13:29,000 ဒါတွေဟာ တကယ့်ကို ကြီးမားပြီး အင်အားရှိတဲ့ တွန်းအားတွေပဲ 324 00:13:29,000 --> 00:13:33,000 ဒါတွေဟာ ကျွန်တော်တို့ ဘာလိုချင်သလည်း၊ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုထင်မြင်သလည်းဆိုတာတွေကို သူတို့လိုချင်သလို သတ်မှတ်ပစ်တယ်။ 325 00:13:33,000 --> 00:13:36,000 ကျွန်တော်တို့ကို ဘဏ်စီးပွားရေးဟာ တကယ့်ကို ကြီးပွားတိုးတက်မယ့် အလုပ်အကိုင်လို့ ပြောရင် 326 00:13:36,000 --> 00:13:38,000 ကျွန်တော်တို့အားလုံး ဘဏ်နဲ့ပတ်သက်တဲ့ အလုပ်တွေကို လုပ်ချင်ကြတယ်။ 327 00:13:38,000 --> 00:13:41,000 ဘဏ်အလုပ်အကိုင်က မကောင်းတော့ဘူးလို့ပြောရင် ကျွန်တော်တို့ဟာဘာ ဘဏ်စီးပွားရေး အလုပ်အကိုင်ကိုမှ စိတ်ဝင်စားတော့မှာ မဟုတ်ဘူး။ 328 00:13:41,000 --> 00:13:44,000 ကျွန်တော်တို့ဟာ အကြံဥာဏ်တိုင်းကို လက်ခံပါတယ်။ 329 00:13:44,000 --> 00:13:47,000 ဒါဆိုရင် ကျွန်တော်ဘာကို ငြင်းချက်ထုတ်ချင်သလည်းဆိုတာက 330 00:13:47,000 --> 00:13:49,000 ကျွန်တော်တို့ရဲ့ အောင်မြင်မှုအပေါ် တွေးထင်ချက်တွေကို လွှင့်ပစ်ဖို့ မဟုတ်ဘူး။ 331 00:13:49,000 --> 00:13:51,000 ကျွန်တော်တို့ရဲ့ အောင်မြင်မှု ဒဿနဟာ ကိုယ်ပိုင်ဒဿနနဲ့ ခံယူချက်ဖြစ်ရမယ်လို့သာ တိုက်တွန်းချင်တာပါ 332 00:13:51,000 --> 00:13:53,000 ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် အတွေးအခေါ် ဆန္ဒကို အလေးပေးကြရမယ်။ 333 00:13:53,000 --> 00:13:56,000 ကျွန်တော်တို့ အစစ်အမှန် ပိုင်တယ်ဆိုတာကို သေချာကြရမယ်။ 334 00:13:56,000 --> 00:13:58,000 နောက်ပြီး ကျွန်တော်တို့ဟာ ကျွန်တော်တို့ အောင်မြင်မှုအတွက် ကိုယ်ပိုင် စာရေးဆရာတွေ ဖြစ်ကြရမယ်။ 335 00:13:58,000 --> 00:14:00,000 ဘာကြောင့်လည်းဆိုတော့ ကိုယ်လိုချင်တာကို မရတာနဲ့တင် တော်တော်ဆိုးနေပါပြီ။ 336 00:14:00,000 --> 00:14:03,000 ပိုဆိုးတာက ကိုယ့်မှာ အတွေးအခေါ်တော့ ရှိပါရဲ့၊ 337 00:14:03,000 --> 00:14:06,000 ကိုယ်ဘာလိုချင်သလည်း ဆိုတာ သိပါရဲ့ဆိုပြီး လမ်းဆုံးရောက်ခါမှ 338 00:14:06,000 --> 00:14:09,000 ဒါဟာ ငါလိုချင်ခဲ့တဲ့လမ်း မဟုတ်ဘူးဆိုရင် ဘာလုပ်ကြမလည်း။ 339 00:14:09,000 --> 00:14:11,000 ကျွန်တော် ဒီမှာပဲ ရပ်လိုက်တော့မယ်။ 340 00:14:11,000 --> 00:14:14,000 ဒါပေမယ့် ကျွန်တော် တကယ့်ကို ထောက်ပြချင်တာကတော့ 341 00:14:14,000 --> 00:14:16,000 ဘယ်လိုပဲဖြစ်ဖြစ်၊ အောင်မြင်မှု၊ ဟုတ်တယ်၊ အောင်မြင်မှုကိုပဲ 342 00:14:16,000 --> 00:14:18,000 ကျွန်တော်တို့ရဲ့ တချို့သော ထင်မြင်ယူဆချက်တွေဟာ အင်မတန် ဆန်းပြားနေတာကိုလည်း လက်ခံကြရမယ်နော်။ 343 00:14:18,000 --> 00:14:21,000 ကျွန်တော်တို့ရဲ့ အောင်မြင်မှုဆိုတာကို လေ့လာဆန်းစစ် ငြင်းချက်ထုတ်တာတွေကို အသာထားလိုက်ပါဦး။ 344 00:14:21,000 --> 00:14:25,000 ကျွန်တော်တို့ရဲ့ အောင်မြင်မှု အပေါ် သတ်မှတ်ထင်မြင်ချက်ဟာ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် ခံယူချက်စစ်စစ်ဖြစ်တယ်ဆိုတာကို သေချာနိုင်ကြပါစေ။ 345 00:14:25,000 --> 00:14:27,000 ကျေးဇူး အများကြီးတင်ပါတယ် ခင်ဗျာ။ 346 00:14:27,000 --> 00:14:43,000 (လက်ခုပ်တီးသံများ) 347 00:14:43,000 --> 00:14:45,000 Chris Anderson: အရမ်းကို စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ခင်ဗျား ကျွန်တော်အခုပြောမယ့် ၂ချက်ကို ဘယ်လို စေ့စပ်နိုင်မလည်း 348 00:14:45,000 --> 00:14:50,000 ခင်ဗျားပြောခဲ့တဲ့ တစုံတယောက်ဟာ -- 349 00:14:50,000 --> 00:14:53,000 တစုံတယောက်ကို လူညံ့လို့ထင်တာ မကောင်းဘူးဆိုတဲ့ အချက်နဲ့ 350 00:14:53,000 --> 00:14:57,000 လူအတော်များများဟာ ကျွန်တော်တို့ရဲ့ ဘ၀ကို ချုပ်ခြယ်ကြိုးကိုင်ချင်ကြတယ်ဆိုတဲ့ အချက်ကိုပါပဲ။ 351 00:14:57,000 --> 00:15:00,000 ပြီးတော့ လူ့အဖွဲ့အစည်းတရပ်ဟာ 352 00:15:00,000 --> 00:15:03,000 အောင်နိုင်သူနဲ့ ရှူံးနိမ့်သူတွေကို ခွဲခြားတဲ့စနစ်ကို အားပေးတယ်ဆိုရင်ပေါ့။ 353 00:15:03,000 --> 00:15:06,000 Alain de Bottom: ဟုတ်ကဲ့။ အစဉ်တကျမဟုတ်တဲ့ 354 00:15:06,000 --> 00:15:08,000 အောင်မြင်မှုနဲ့ ရှူံးနိမ့်မှုဖြစ်စဉ်ကို ကျွန်တော်က ထောက်ပြချင်တာပါ။ 355 00:15:08,000 --> 00:15:10,000 ဘာလို့လည်းဆိုတော့ အခုခေတ် အလေးပေးနေတာတွေဟာ 356 00:15:10,000 --> 00:15:12,000 အရာရာအပေါ်မှာ တရားမျှတမှုရှိဖို့ကိုပါ။ 357 00:15:12,000 --> 00:15:14,000 နိုင်ငံရေးသမားတွေကလည်း အမြဲတမ်း တရားမျှတမှုရှိဖို့ကို ပြောကြပါတယ်။ 358 00:15:14,000 --> 00:15:17,000 အခု ကျွန်တော်က တရားကို မျှမျှတတ စီရင်တာကို အားပေးတဲ့သူပါ။ ဒါပေမယ့် အရာရာ တရားမျှတဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့လည်း ထင်ပါတယ်။ 359 00:15:17,000 --> 00:15:19,000 ဒါဖြင့် ကျွန်တော်တို့ဟာ ကိုယ်တတ်နိုင်သလောက် 360 00:15:19,000 --> 00:15:21,000 တတ်စွမ်းသလောက် တရားမျှတမှုရှိဖို့ ကြိုးစားကြရမှာပါ။ 361 00:15:21,000 --> 00:15:23,000 ဒါပေမယ့်။ အဆုံးသတ်မှာ ကျွန်တော့်တို့ သတိတရရှိကြရမှာက 362 00:15:23,000 --> 00:15:26,000 ဘယ်သူ ဘာကိုပဲ ရင်ဆိုင်နေရနေရ။ ဘာတွေပဲ ဘ၀မှာ ဖြစ်ခဲ့ ဖြစ်ခဲ့ 363 00:15:26,000 --> 00:15:29,000 အားပြင်းတဲ့ မျှော်လင့်စီစဉ်ထားတဲ့ အတိုင်းဖြစ်မလာတတ်တဲ့ အကြောင်းအရာ ဆိုတာရှိပါတယ်။ 364 00:15:29,000 --> 00:15:31,000 ဒါ့ကြောင့်လည်း ကျွန်တော်ဟာ ဒီအခန်းထဲက ထွက်ဖို့ကြိုးစားနေတာပဲ 365 00:15:31,000 --> 00:15:33,000 မဟုတ်ရင် ပရိတ်သတ်များတဲ့ ဒီအခန်းထဲမှာ ကျွန်တော် မွမ်းကြပ်လာနိုင်လို့ပါ။ 366 00:15:33,000 --> 00:15:35,000 CA: ကျွန်တော်ပြောချင်တာက ခင်ဗျား ဒါကို တကယ်ယုံကြည်သလား။ 367 00:15:35,000 --> 00:15:37,000 အလုပ်အကိုင်နဲ့ ပတ်သက်တဲ့ ခင်ဗျားရဲ့ နူးညံ့သိမ်မွေ့တဲ့ ဒဿန 368 00:15:37,000 --> 00:15:41,000 နဲ့ အောင်မြင်တဲ့ စီးပွားရေးအခြေအနေနဲ့ ပေါင်းစည်းမှုကိုလေ။ 369 00:15:41,000 --> 00:15:43,000 ဒါမှမဟုတ် အဲဒီနှစ်ခုကို ပေါင်းဖို့မဖြစ်ဘူးလို့ ခင်ဗျားယုံတာလား။ 370 00:15:43,000 --> 00:15:45,000 ဒါပေမယ့် ဒါကို အဓိကထားပြောနေပေမယ့် တကယ်တမ်း အရေးမပါဘူးလို့ ပြောချင်တာလား။ 371 00:15:45,000 --> 00:15:48,000 အိပ်မက်ဆိုးကတော့ ထင်တယ်လေ 372 00:15:48,000 --> 00:15:52,000 လူတွေကို ကြောက်လန့်အောင်လုပ်ရတာဟာ သူတို့ကို အလုပ်ပေးဖို့ အကောင်းဆုံးနည်းလို့။ 373 00:15:52,000 --> 00:15:55,000 ပြီးတော့ ပတ်ဝန်းကျင်အနေအထားက ပိုဆိုးရွားလေ 374 00:15:55,000 --> 00:15:57,000 လူတွေဟာ ပိုရုန်းကန်ကြိုးစားလေ ပါပဲ။ 375 00:15:57,000 --> 00:16:01,000 ခင်ဗျား ဘယ်သူ့ကို ခင်ဗျားရဲ့ စံပြအဖေအဖြစ် သတ်မှတ်နိုင်မလည်း လို့ စဉ်းစားချင်စဉ်းစားမယ်။ 376 00:16:01,000 --> 00:16:04,000 ခင်ဗျားရဲ့ စံပြအဖေဟာ စည်းကမ်းတင်းကြပ်ပေမယ့် နူးညံ့တဲ့သူတယောက်ဖြစ်မယ်။ 377 00:16:04,000 --> 00:16:06,000 အဲလိုမျိုးမှာ အတိအကျ သတ်မှတ်ဖို့ ခက်ခဲပါတယ်။ 378 00:16:06,000 --> 00:16:10,000 ကျွန်တော်တို့ရဲ့ လူ့အဖွဲ့အစည်းမှာ စံပြအဖေတွေလိုအပ်ပါတယ်။ 379 00:16:10,000 --> 00:16:12,000 အစွန်းနှစ်ဖက်ကနေ ကင်းဝေးတဲ့ အဖေမျိုး၊ 380 00:16:12,000 --> 00:16:16,000 ဘယ်လိုမျိုးလည်းဆိုရင် တဖက်ကကြည့်ရင် အာဏာရှိတယ်၊ စည်းကမ်းတင်းကြပ်တဲ့သူ၊ 381 00:16:16,000 --> 00:16:20,000 နောက်တဖက်အနေနဲ့ ပျော့ပျောင်းတဲ့ စည်းကမ်းလျော့ရဲတဲ့သူမျိုး။ 382 00:16:20,000 --> 00:16:22,000 CA: Alain de Botton ပါ ခင်ဗျား။ 383 00:16:22,000 --> 00:16:24,000 AB: ကျေးဇူး အများကြီး တင်ပါတယ် ခင်ဗျာ။ 384 00:16:24,000 --> 00:16:34,000 (လက်ခုပ်သံများ)