0:00:00.000,0:00:03.000 ကျွန်တော့်အတွက်တော့ ဒါဖြစ်စဉ်ဟာ အခုလို အလုပ်အကိုင် ကမောက်ကမနဲ့ မတည်ငြိမ်ချိန်မျိုးမှာ ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ 0:00:03.000,0:00:05.000 များသောအားဖြင့် တနင်္ဂနွေ ညနေ၊ 0:00:05.000,0:00:07.000 နေ၀င်လုဆဲဆဲ အချိန်မျိုးလေးမှာပေါ့၊ 0:00:07.000,0:00:10.000 ကျွန်တော်စံထားတဲ့ မျှော်လင့်ချက်နဲ့ 0:00:10.000,0:00:14.000 တကယ်ဖြစ်ပျက်နေတဲ့ အခြေအနေရဲ့ ကွာဟမှုပမာဏဟာ ကြေကွဲဖွယ်ကောင်းလောက်အောင်ကို များလာတဲ့အခါမျိုးမှာဆို 0:00:14.000,0:00:17.000 မျက်နှာကိုခေါင်းအုံးအပ်ပြီး ငိုရတော့တာပါပဲ။ 0:00:17.000,0:00:19.000 ကျွန်တော် ဒါတွေကို ပြောပြနေတာဟာ 0:00:19.000,0:00:22.000 ကျွန်တော် ဒါတွေကို ပြောပြနေတာဟာ ဘာကြောင့်လည်းဆိုတော့ ဒီလိုဖြစ်စဉ်မျိုးဟာ လူတဦးတည်းတယောက်တည်းနဲ့ သက်ဆိုင်တဲ့ ပြဿနာ မဟုတ်လို့ပါပဲ။ 0:00:22.000,0:00:24.000 ကျွန်တော်ပြောတာမှားတယ်လို့ ခင်ဗျား ထင်ချင်ထင်မယ်၊ 0:00:24.000,0:00:26.000 ဒါပေမယ့် ကျွန်တော်တို့နေထိုင်တဲ့ ရာစုမှာ ကျွန်တော်တို့ရဲ့ဘ၀တွေဟာ 0:00:26.000,0:00:28.000 အလုပ်အကိုင် မတည်ငြိမ်မှုတွေရဲ့ တည်းဖြတ်ခြင်းကို ခံရရုံသာမက 0:00:28.000,0:00:30.000 သေသေချာချာနားလည်တယ်လို့ ထင်ထားခဲ့တဲ့ 0:00:30.000,0:00:32.000 ကျွန်တော်တို့ရဲ့ ဘ၀တွေ၊ အလုပ်အကိုင်တွေဟာ 0:00:32.000,0:00:36.000 အင်မတန် စိုးရိမ်စရာ ကောင်းလောက်တဲ့ အဖြစ်မှန်နဲ့ နဖူးတွေ့ဒူးတွေ့ ကြုံနေကြရတယ်နော်။ 0:00:36.000,0:00:39.000 ဒီလိုအခြေအနေမှာ ကြီးပွားတဲ့ဘ၀ကို အလွယ်တကူနဲ့ ရနိုင်သလို၊ 0:00:39.000,0:00:42.000 အရင်ကထက်ပိုပြီး 0:00:42.000,0:00:45.000 တည်ငြိမ်မှု၊ အလုပ်အကိုင်နဲ့ပတ်သက်တဲ့ စိတ်ဖိစီးမှု ပြေလျော့မှုနိုင်မှုတွေ ပိုနည်းပါးသွားတတ်ပါတယ်။ 0:00:45.000,0:00:47.000 ကျွန်တော့်ကို ခွင့်ပြုမယ်ဆိုရင် 0:00:47.000,0:00:49.000 တချို့အကြောင်းအရာတွေကို စမ်းစစ်ကြည့်ချင်ပါတယ်။ ဘာကြောင့် 0:00:49.000,0:00:52.000 ကျွန်တော်တို့ဟာ အလုပ်အကိုင်နဲ့ပတ်သက်ပြီး စိတ်ဖိစီးမှုတွေ ဖြစ်နေရသလည်း ဆိုတာကိုပေါ့။ 0:00:52.000,0:00:54.000 ဘာ့ကြောင့် ကျွန်တော်တို့ဟာ ဒီ အလုပ်အကိုင် ကမောက်ကမဖြစ်စဉ်တွေရဲ့ သားကောင်ဖြစ်ကြရတာလည်း ဆိုတာကို 0:00:54.000,0:00:58.000 ခေါင်းအုံးပေါ် ပါးအပ်ငိုကြွေးရင်းနဲ့ မေးခွန်းထုတ်ကြမယ်လေ။ 0:00:58.000,0:01:01.000 ကျွန်တော်တို့ဘာလို့ ခံစားနေရလည်းဆိုတာရဲ့ အကြောင်းတရပ်ကတော့ 0:01:01.000,0:01:03.000 ကျွန်တော်တို့ဟာ ကိန်းခမ်းကြီးတဲ့သူတွေကြားထဲ ရောက်နေလို့ပါပဲ။ 0:01:03.000,0:01:06.000 ဒါနဲ့ ကျွန်တော့မှာ သတင်းဆိုးတွေ ရှိနေတယ်နော်။ 0:01:06.000,0:01:09.000 အထူးသဖြင့် ပြည်ပကနေ အောက်စဖို့ဒ်မြို့ကို လာတဲ့သူတွေ အတွက်ပေါ့။ 0:01:09.000,0:01:11.000 ကိန်းခမ်းကြီးတာဟာ တကယ့်ကိုကြီးမားတဲ့ ပြဿနာပါ။ 0:01:11.000,0:01:13.000 ဘာလို့လည်းဆိုတော့ တခါတလေ U.Kနိုင်ငံ အပြင်ကလူတွေက 0:01:13.000,0:01:15.000 ထင်ကြတယ်၊ ကြီးကျယ်တာဟာ U.K. နိုင်ငံရဲ့ 0:01:15.000,0:01:18.000 အိမ်ကြီးအိမ်ကောင်းတွေ၊ ဘွဲ့တံဆိပ်တွေပေါ် အမှီသဟဲပြုပြီး ဖြစ်လာတဲ့ ပြယုဂ်တခုလို့။ 0:01:18.000,0:01:20.000 ကျွန်တော့်မှာပါတဲ့ သတင်းဆိုးအရကတော့ အဲဒါက မမှန်ပါဘူးတဲ့။ 0:01:20.000,0:01:22.000 ကိန်းခမ်းကြီးတာဟာ ကမ္ဘာတ၀ှမ်းမှာဖြစ်နေတဲ့ ဖြစ်စဉ်တခုပါ။ 0:01:22.000,0:01:24.000 ကျွန်တော်တို့ဟာ ကမ္ဘာ့အဖွဲ့စည်းတရပ်ပါ။ ဒါဟာ ကမ္ဘာ့ဖြစ်စဉ်တခုပါ။ 0:01:24.000,0:01:26.000 ဒါဟာတကယ်ရှိပါတယ်။ ကိန်းခမ်းကြီးတယ်ဆိုတာဘာလဲ။ 0:01:26.000,0:01:29.000 ကိန်းခမ်းကြီးတဲ့သူဆိုတာ ခင်ဗျားဆီကသေးငယ်တဲ့ အစိတ်အပိုင်းတခုကို ရယူသွားတဲ့သူ ဘယ်သူမဆိုဖြစ်နိုင်ပြီး 0:01:29.000,0:01:32.000 အဲဒီ အစိတ်အပိုင်းကိုကြည့်ပြီး သင်ဘယ်သူလည်းဆိုတာကို အပြည့်အ၀မြင်ဖို့ အသုံးချတဲ့သူဖြစ်တယ်။ 0:01:32.000,0:01:34.000 အဲဒါဟာ ကိန်းခမ်းကြီးတာပဲ။ 0:01:34.000,0:01:36.000 ဒီကနေ့မှာ ဖြစ်ပေါ်ကြီးစိုးနေတဲ့ ကိန်းခမ်းကြီးခြင်း 0:01:36.000,0:01:38.000 ကတော့ အလုပ်အကိုင်ဆိုင်ရာ ကိန်းခမ်းကြီးခြင်းပဲ ဖြစ်ပါတယ်။ 0:01:38.000,0:01:40.000 ပါတီသွားတဲ့ တခဏအတွင်းမှာ ခင်ဗျားဒါကို ကြုံတွေ့လိမ့်မယ်။ 0:01:40.000,0:01:43.000 တကယ်လို့ ခင်ဗျားကို ၂၁ရာစုမှာ မေးလေ့မေးထရှိတဲ့ မေးခွန်းတခု 0:01:43.000,0:01:46.000 ဖြစ်တဲ့ "ခင်ဗျား ဘာအလုပ်လုပ်သလဲ" ဆိုတဲ့ မေးခွန်းမေးပြီ ဆိုပါစို့။ 0:01:46.000,0:01:48.000 ပြီးတော့ ခင်ဗျား အဲဒီမေးခွန်းကို ဘယ်လိုဖြေလည်းဆိုတဲ့ အပေါ် မူတည်ပြီး 0:01:48.000,0:01:50.000 လူတွေက ခင်ဗျားကို အံသြစရာကောင်းလောက်အောင် ခင်ချင်ခင်သွားနိုင်သလို 0:01:50.000,0:01:52.000 သူတို့နာရီကို ငုံ့ကြည့်မယ်၊ သွားစရာရှိတယ်လို့ ဆင်ခြေပေးပြီး လစ်ထွက်သွားနိုင်ပါတယ်။ 0:01:52.000,0:01:53.000 (ရီမောသံများ) 0:01:53.000,0:01:56.000 ကဲ ကိန်းခမ်းကြီးဒါနဲ့ ပြောင်းပြန်ကတော့ ခင်ဗျားအမေပါပဲ။ 0:01:56.000,0:01:58.000 (ရီမောသံများ) 0:01:58.000,0:02:01.000 အမေဆိုပေမယ့် ခင်ဗျာ့အမေလည်း ဖြစ်စရာမလိုသလို ကျွန်တော့်အမေလည်း ဖြစ်စရာမလိုပါဘူး။ 0:02:01.000,0:02:03.000 ဒါပေမယ့်၊ တကယ့် စံပြမိခင်ဆိုတာဟာ 0:02:03.000,0:02:05.000 ခင်ဗျားရဲ့ တခမ်းတနားအောင်မြင်မှုတွေကို ဂရုစိုက်မယ့်သူတယောက် မဟုတ်ဘူး။ 0:02:05.000,0:02:07.000 ဒါပေမယ့်၊ စိတ်မကောင်းစရာက၊ လူအတော်များများဟာ ကျွန်တော်တို့ရဲ့ မိခင်တွေ မဟုတ်ကြဘူးဗျာ။ 0:02:07.000,0:02:10.000 လူအတော်များများဟာ သူတို့ရဲ့ ဘယ်လောက်ရှိတဲ့ အချိန်၊ 0:02:10.000,0:02:12.000 အချစ် -- သမီးရည်းစား ချစ်တာမျိုး မဟုတ်ဘူး၊ 0:02:12.000,0:02:14.000 အဲဒီ သမီးရည်းစားလို ချစ်ချင်တာမျိုးက နောက်တမျိုး 0:02:14.000,0:02:16.000 မေတ္တာလိုမျိုးပေါ့၊ လေးစားမှုအတိုင်းအတာကို 0:02:16.000,0:02:19.000 ကျွန်တော်တို့ကို ပေးနိုင်မလည်းဆိုတာကို 0:02:19.000,0:02:21.000 ကျွန်တော်တို့ရဲ့ အလုပ်အကိုင်အနေအထားနဲ့ ဆက်စပ်ကြည့်တတ်ကြတယ်ဗျ။ 0:02:21.000,0:02:24.000 ဒါဟာ ကျွန်တော်တို့ရဲ့ အလုပ်အကိုင်ကို ဘာကြောင့်အလေးပေးရသလည်း ဆိုတာတင်မက 0:02:24.000,0:02:28.000 ဘာကြောင့် ကျွန်တော်တို့တွေ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုပမာဏအပေါ် အားသန်ကြသလည်းဆိုတာရဲ့ အကြောင်းတရားပဲ။ 0:02:28.000,0:02:31.000 ခင်ဗျားသိလား။ ကျွန်တော်တို့တွေဟာ မကြာခဏ ဒီလို အပြောခံကြရတယ်။ ပစ္စည်းဥစ္စာအဓိကထားတဲ့ အချိန်မှာ ကြီးပြင်းလာလို့ 0:02:31.000,0:02:33.000 အားလုံးဟာ လောဘရဲ့သားကောင်တွေပဲလို့။ 0:02:33.000,0:02:35.000 ကျွန်တော်ကတော့ ကျွန်တော်တို့ဟာ သတ်သတ်မှတ်မှတ် ပစ္စည်းဥစ္စာအပေါ် တွယ်ငြိတယ်လို့တော့ မထင်မိဘူးဗျ။ 0:02:35.000,0:02:37.000 ကျွန်တော်ထင်တာက ဒီလို။ ကျွန်တော်တို့ဟာ လူအဖွဲ့အစည်းတခုမှာ နေထိုင်တယ်၊ 0:02:37.000,0:02:39.000 အဲဒီလူ့အဖွဲ့အစည်းဟာစိတ်အလိုဆန္ဒပြည့်ဝနိုင်မှုရလာဒ်ကို 0:02:39.000,0:02:42.000 ပစ္စည်းဥစ္စာရယူပိုင်ဆိုင်နိုင်မှုနဲ့ တသားတည်း သွားထားလိုက်လို့ပါပဲ။ 0:02:42.000,0:02:45.000 ကျွန်တော်တို့လိုချင်တာက ပစ္စည်းဥစ္စာမဟုတ်ဘူး။ တကယ်က ဆုလာဒ်ကိုသာ ကျွန်တော်တို့လိုချင်တာ။ 0:02:45.000,0:02:47.000 အဲဒါဟာ စည်းစိမ်ချမ်းသာမှုအပေါ်မှာ တနည်းအားဖြင့် မှီတွယ်နေခြင်းပဲ။ 0:02:47.000,0:02:49.000 နောက်တခါ ခင်ဗျား Ferrariကားမောင်းတဲ့သူကို မြင်ရင် 0:02:49.000,0:02:51.000 ဒီလူဟာ တော်တော်လောဘကြီးတဲ့သူပဲလို့ တွေးမနေနဲ့ဦးနော်။ 0:02:51.000,0:02:54.000 ဒီလိုတွေးကြည့်ပေါ့။ ဒီလူဟာ မယုံနိုင်လောက်အောင်ကို လောကဓံခံနိုင်ရည် နည်းပါးပြီး မေတ္တာငတ်နေသူပါလားလို့။ 0:02:54.000,0:02:59.000 နောက်တမျိုးပြောရရင်တော့ -- (ရီမောသံများ) 0:02:59.000,0:03:01.000 အပြစ်မြင်မဲ့အစား ဂရုဏာသက်ပေးလိုက်ကြပါနော်။ 0:03:01.000,0:03:03.000 တခြားအကြောင်းတွေရှိပါသေးတယ် -- 0:03:03.000,0:03:04.000 (ရီမောသံများ) 0:03:04.000,0:03:06.000 တခြားအကြောင်းအရာတွေ ရှိသေးတယ်။ ဘာ့ကြောင့် ပိုပြီးခဲယဉ်းနိုင်သလည်း၊ 0:03:06.000,0:03:08.000 အရင်ကလို စိတ်တည်ငြိမ်ဖို့ဆိုတာ။ 0:03:08.000,0:03:11.000 အဲဒီထဲက အကြောင်းတရပ်ကတော့ ဇဝေဇ၀ါဖြစ်နိုင်စရာတခုပါ။ ဘာလို့ဆိုတော့ အဲဒါဟာ ပိုကောင်းတာကို လိုချင်မှုနဲ့ ဆက်စပ်နေခြင်းပါ။ 0:03:11.000,0:03:14.000 အဲဒီဟာ ကျွန်တော်တို့ရဲ့ အလုပ်အကိုင်တွေအပေါ်ထားတဲ့ မျှော်လင့်ချက်တခုပါ။ 0:03:14.000,0:03:16.000 ဘယ်တုန်းကမှ မမျှော်မှန်းခဲ့ဖူးပါဘူး။ 0:03:16.000,0:03:19.000 လူတွေဟာ သူတို့သက်တမ်းတလျှောက်မှာ ဒီလောက်ထိ အောင်မြင်မှုတွေရယူပိုင်ဆိုင်နိုင်လိမ့်မယ်လို့ပါ။ 0:03:19.000,0:03:22.000 ဘယ်သူမဆို ဘာမဆိုဖြစ်နိုင်တယ်၊ အောင်မြင်နိုင်တယ်လို့ ပြောဆိုရေးသားတာကို ကြားဖူးကြမယ်နော်။ 0:03:22.000,0:03:24.000 ကျွန်တော်တို့ဟာ အဆင့်အတန်းခွဲခြားဆက်ဆံတဲ့ အစဉ်အလာကနေ လွန်မြောက်ခဲ့ပြီးပြီ။ 0:03:24.000,0:03:26.000 အခု ကျွန်တော်တို့ဟာ ဘယ်သူမဆို 0:03:26.000,0:03:28.000 ဘယ်အခွင့်အလမ်းနေရာကို မဆိုရရယူနိုင်တဲ့ အစဉ်အလာထဲရောက်နေပြီ။ 0:03:28.000,0:03:30.000 ဒါဟာ သိပ်ကို လှပတဲ့ အတွေးအခေါ်တရပ်ပါပဲ။ 0:03:30.000,0:03:34.000 အဲဒါနဲ့တွဲပါလာတာကတော့ ညီမျှခြင်းအပေါ်ထားတဲ့ စိတ်ဓာတ်ပါပဲ။ ကျွန်တော်တို့အားလုံးဟာ အခြေခံအားဖြင့် တူညီကြပါတယ်။ 0:03:34.000,0:03:36.000 အတိအကျ သတ်မှတ်ထားတဲ့ 0:03:36.000,0:03:38.000 အထက်အောက် အတန်းအစားခွဲမှုလည်း မရှိပါဘူး။ 0:03:38.000,0:03:40.000 အဲဒီမှာ တော်တော်လေးကြီးတဲ့ ပြဿနာတခုထွက်လာပါတယ်။ 0:03:40.000,0:03:42.000 အဲဒါကတော့ အားကျစိတ်ပါ။ 0:03:42.000,0:03:45.000 အားကျမှု၊ ခင်ဗျား အားကျတယ်လို့ ပြောလိုက်မိရင် ဒါဟာ တကယ့်ကို မပြောသင့်ဘူးလို့ လူတွေသတ်မှတ်ထားတာကို ခင်ဗျားချိုးဖောက်လိုက်မိတာပါပဲ။ 0:03:45.000,0:03:48.000 ဒါပေမယ့် အခု ခေတ်သစ်မော်ဒန် အဖွဲ့အစည်းမှာ ကြီးစိုးနေတဲ့ စိတ်ခံစားမှုဟာ ဘာလည်းဆိုရင်တော့ အားကျမှုပါပဲ။ 0:03:48.000,0:03:52.000 အားကျမှုဟာ ညီမျှလိုတဲ့စိတ်ဓာတ်နဲ့ သွားပြီး ဆက်နွယ်တယ်။ ကျွန်တော် ထပ်ရှင်းပြပါရစေ။ 0:03:52.000,0:03:55.000 ကျွန်တော်ထင်ပါတယ်။ အခုဒီမှာရှိနေတဲ့ ဘယ်သူမဆို၊ ကျွန်တော့်ကိုကြည့်ရှုနေတဲ့ ဘယ်သူမဆိုဟာ 0:03:55.000,0:03:57.000 အင်္ဂလန်က ဘုရင်မကြီးရဲ့ဘ၀ကို အားကျတယ်လို့ဆိုခဲ့ရင် ဒါဟာ တော်တော်ကို ထူးဆန်းစရာကောင်းနေလိမ့်မယ်။ 0:03:57.000,0:04:00.000 ဘုရင်မကြီးဟာ ခင်ဗျားထက်လည်း ချမ်းသာတယ်။ ဒီမှာရှိတဲ့ ခင်ဗျားတို့ အားလုံးထက်လည်း ချမ်းသာတယ်။ 0:04:00.000,0:04:03.000 ပြီးတော့ ဘုရင်မကြီးမှာ အိမ်ကြီးကြီးတလုံးလည်း ရှိတယ်နော့။ 0:04:03.000,0:04:07.000 ဒါပေမယ့် ကျွန်တော်တို့ဘာ့ကြောင့် သူမကို အားမကျကြသလည်းဆိုတော့ ဘုရင်မကြီးဟာ သမရိုးကျမဟုတ်လို့ပဲ။ 0:04:07.000,0:04:09.000 ဘုရင်မကြီးဟာ အလိုလိုနေရင်းကို ထူးခြားနေတာပဲ။ 0:04:09.000,0:04:11.000 ကျွန်တော်တို့ဘ၀နဲ့ သွားဆက်စပ်လို့မရဘူး ဖြစ်နေတယ်။ သူမ စကားပြောတဲ့ဟန်ကိုက ရယ်စရာကောင်းနေတယ်။ 0:04:11.000,0:04:13.000 သူမလာတဲ့နေရကလည်း သမရိုးကျပုံမှန်လို နေရာမျိုးက မဟုတ်ဘူး ဖြစ်နေတယ်။ 0:04:13.000,0:04:17.000 ဒါကြောင့် ကျွန်တော်တို့ သူမနဲ့ ဆက်နွယ်လို့ နှိုင်းယှဉ်လို့ မရဘူးဖြစ်နေတယ်။ ကျွန်တော်တို့ဟာ ကျွန်တော်တို့နဲ့ ဆက်နွယ်နှိုင်းယှဉ်လို့ မရနိုင်လောက်တဲ့သူမျိုးကိုကျတော့ အားမကျဘူး။ 0:04:17.000,0:04:20.000 လူနှစ်ယောက်ဟာ အသက်အားဖြင့်ရော နောက်ခံအားဖြင့်ရော 0:04:20.000,0:04:23.000 တော်တော်များများဟာ တူလာတာနဲ့အလျောက် မနာလိုအားကျယှဉ်ပြိုင်မှုတွေ ပိုရှိလာနိုင်ပါတယ်။ 0:04:23.000,0:04:26.000 ဒါကြောင့် ခင်ဗျားတို့တွေ ကျောင်းသား/သူဟောင်းများ မိတ်ဆုံစားပွဲကို မသွားသင့်ကြတာပေါ့။ 0:04:26.000,0:04:29.000 ဘာကြောင့်လည်းဆိုတော့ ဘယ်သူစိမ်းကိုမှ 0:04:29.000,0:04:31.000 တကျောင်းတည်းအတူတူ တက်ခဲ့ကြတဲ့သူတွေထက် နှိုင်းယှဉ်ပြိုင်ဆိုင်ဖို့ စိတ်မ၀င်စားလောက်လို့ပဲ။ 0:04:31.000,0:04:34.000 ဒါပေမယ့် ခေတ်သစ်မော်ဒန် အဖွဲ့အစည်းပြဿနာကတော့ တကမ္ဘာလုံးကို 0:04:34.000,0:04:36.000 ကျောင်းတကျောင်းအနေနဲ့ အသွင်ပြောင်းကြည့်ခြင်းပဲ ဖြစ်ပါတယ်။ လူတိုင်း ဂျင်းဘောင်းဘီဝတ်ကြတယ်ဆိုရင် လူတိုင်းဟာ အတူတူပဲဆိုသလိုပေါ့။ 0:04:36.000,0:04:38.000 ဒါပေမယ့်။ မတူကြပါဘူးနော်။ 0:04:38.000,0:04:41.000 ဒါဖြင့် ညီမျှခြင်းစိတ်ဓာတ်ဟာ အတွင်းကျကျ မညီမျှခြင်းဆိုတာနဲ့ ရောနေပြီပေါ့။ 0:04:41.000,0:04:44.000 အဲဒါဟာ လူတွေရဲ့စိတ်ကို အရမ်းအရမ်းကို ဖိစီးစေတော့တာပါပဲခင်ဗျား။ 0:04:44.000,0:04:46.000 အခုခေတ်မှာ 0:04:46.000,0:04:48.000 ခင်ဗျားဟာ ချမ်းသာပြီး နာမည်ကြီးတဲ့ Bill Gates လိုဖြစ်လာနိုင်ဖို့ အလားအလာနည်းတယ်။ 0:04:48.000,0:04:50.000 အဲဒီလိုပဲ ခင်ဗျားဟာ ၁၇ရာစုမှာ 0:04:50.000,0:04:53.000 ပြင်သစ်ဆီကနေ ရာထူးဂုဏ်သိမ်တွေရထားတဲ့ အခွင့်ထူးခံတယောက်ဖြစ်ဖို့လည်း အခွင့်နည်းပါးတယ်။ 0:04:53.000,0:04:55.000 ဒါပေမယ့် ဆိုလိုတာက ခင်ဗျားက ဒါမျိုးကို တွေးတောခံစားမိလိမ့်မှာ မဟုတ်ဘူး။ 0:04:55.000,0:04:58.000 magazinesတွေနဲ့ တခြားမီဒီယာတွေက ခင်ဗျားကို ဒီလိုလှုံ့ဆော်လိမ့်မယ်။ 0:04:58.000,0:05:01.000 ခင်ဗျားမှာ စွမ်းအားရှိတယ်၊ နည်းပညာနဲ့ပတ်သက်လို့ အိုင်ဒီယာအတွေးဥာဏ်ကောင်းကောင်းရှိမယ်၊ 0:05:01.000,0:05:05.000 ကားဂိုဒေါင်တခုရှိမယ်ဆိုရင် ခင်ဗျားဟာ လုပ်ငန်းအကြီးအကျယ်တခုကို စနိုင်ပြီးဆိုပြီးတော့ပေါ့။ 0:05:05.000,0:05:06.000 (ရီမောသံများ) 0:05:06.000,0:05:09.000 ပြီးတော့ ဒီပြဿနာရဲ့ နောက်ဆက်တွဲကိုတော့ စာအုပ်ဆိုင်မှာ ရှင်းရလိမ့်မယ်။ 0:05:09.000,0:05:12.000 ခင်ဗျား စာအုပ်ဆိုင်အကြီးကြီးကိုသွား၊ ကိုယ့်ကိုယ်ကိုယ် ကယ်တင်နည်း ဆိုတဲ့ ကဏ္ဍကိုရှာ၊ 0:05:12.000,0:05:14.000 ကျွန်တော်လုပ်လေ့ရှိသလိုမျိုးပေါ့။ 0:05:14.000,0:05:16.000 တကယ်လို့ ခင်ဗျား အဲဒီ အခုခေတ်ထုတ် ကိုယ့်ကိုယ်ကိုယ် ကယ်တင်နည်း စာအုပ်တွေကို သေချာလေ့လာကြည့်ရင် 0:05:16.000,0:05:18.000 နှစ်မျိုးနှစ်စားရှိတာကို တွေ့ရလိမ့်မယ်။ 0:05:18.000,0:05:21.000 ပထမ အမျိုးအစားက ဒီလို "သင် လုပ်နိုင်တယ်။ သင် ဖြစ်အောင်လုပ်နိုင်တယ်။ ဘာမဆိုဖြစ်နိုင်တယ်"လို့ပြောမယ်။ 0:05:21.000,0:05:24.000 နောက်တမျိုးကတော့ ခင်ဗျားကို ဒီလိုဖြစ်ရင်ဒီလိုနေနိုင်အောင် ကြိုးစားပါလို့ပြောမယ်။ ဘယ်လိုဖြစ်ရင်လည်းဆိုတော့ 0:05:24.000,0:05:27.000 ယဉ်ယဉ်ကျေးကျေးပြောရရင် "ရှူံးနိမ့်အောက်ကျတဲ့ စိတ်ဘ၀င်"ရှိနေရင်၊ 0:05:27.000,0:05:29.000 ဒါမှမဟုတ် မယဉ်ကျေးတဲ့အသုံးအနှုန်းနဲ့ဆို "ကိုယ့်ကိုယ်ကိုယ် မကောင်းမြင်မှု"တွေများနေရင်ပေါ့။ 0:05:29.000,0:05:31.000 တကယ့်ကို အမှန်အကန် တူယှဉ်တွဲနေထိုင်မှု ဆိုတာရှိတယ်။ 0:05:31.000,0:05:35.000 တကယ့် တူယှဉ်တွဲခြင်းဆိုတာ လူ့အဖွဲ့အစည်းတရပ်က လူတွေကို သင်တို့ဘာမဆိုဖြစ်အောင်လုပ်နိုင်တယ် ဆိုတာနဲ့ 0:05:35.000,0:05:37.000 စိတ်ဓာတ်နိမ့်ကျအားငယ်မှုနဲ့ တွဲယှဉ်နေထိုင်ခြင်းမျိုးပဲ ဖြစ်တယ်။ 0:05:37.000,0:05:39.000 အဲဒီတော့ ဒါဘာကိုပြောလည်းဆိုရင် အကောင်းဖက်ကိုသန်းတဲ့ အရာတခုမှာ 0:05:39.000,0:05:41.000 ဆိုးညစ်တဲ့ တွန်းပြန်မှုတခုရှိတယ် ဆိုတာပါပဲ။ 0:05:41.000,0:05:44.000 နောက်တချက် ရှိသေးတယ်။ ကျွန်တော်တို့ ဘာ့ကြောင့် 0:05:44.000,0:05:48.000 ကျွန်တော်တို့ရဲ့ အလုပ်အကိုင်တွေ၊ ရာထူးဌာနတွေနဲ့ ပတ်သက်လို့ အရင်ကထက် စိတ်ဖိစီးမှု ပိုများတတ်ကြသလည်း ဆိုတာပါပဲ။ 0:05:48.000,0:05:50.000 ပြီးတော့ ထပ်ပြောရမယ်ဆိုရင် ဒါဟာ ကောင်းတဲ့အချက်တခုနဲ့ ဆက်နွယ်နေလို့ပါပဲ။ 0:05:50.000,0:05:53.000 အဲဒီ ကောင်းတဲ့အချက်ဆိုတာဘာလည်းဆိုရင် ဆုပေးစနစ်ဖြစ်ပါတယ်။ 0:05:53.000,0:05:55.000 လူတိုင်းသာမက လက်ဝဲ လက်ယျာနိုင်ငံရေးသမားအားလုံးဟာ 0:05:55.000,0:05:57.000 ဆုပေးစနစ်ဟာ တကယ့်ကို ကောင်းတဲ့အရာပဲလို့ သဘောတူညီကြပါတယ်။ 0:05:57.000,0:06:01.000 ကျွန်တော်တို့တွေဟာ ကိုယ့်အဖွဲ့အစည်းတွေကို ဆုပေးစနစ်ဖြစ်အောင် ကြိုးစားသင့်ပါတယ်။ 0:06:01.000,0:06:05.000 တနည်းအားဖြင့်ဆိုရင် ဆုပေးစနစ်ကျင့်သုံးတဲ့ အဖွဲ့အစည်းဟာ ဘာလည်းဆိုရင် 0:06:05.000,0:06:07.000 ဆုပေးစနစ်ကျင့်သုံးတဲ့ အဖွဲ့အစည်းဆိုတာ 0:06:07.000,0:06:09.000 ခင်ဗျားမှာ ပင်ကိုယ်အစွမ်းသတ္တိရယ်၊ အားအင်ရယ်၊ အရည်အချင်းရယ် ရှိမယ်ဆိုရင် 0:06:09.000,0:06:11.000 ခင်ဗျားဟာ ထိပ်ဆုံးကို ရောက်ကိုရောက်လိမ့်မယ်။ ဘယ်အရာကမှ သင့်ကို မတားဆီးနိုင်ဘူး။ 0:06:11.000,0:06:14.000 ဒါဟာ သိပ်ကိုလှပတဲ့ အတွေးအခေါ်တခုပဲနော်။ ပြဿနာက 0:06:14.000,0:06:16.000 ခင်ဗျား ဒီစနစ်နဲ့အဖွဲ့အစည်းကို တကယ်ယုံကြည်မယ်ဆိုရင် 0:06:16.000,0:06:19.000 တော်တဲ့သူက ချီးမြောက်ခံရလို့ ထိပ်ရောက်မယ်လို့ ခင်ဗျားယုံကြည်တယ်။ 0:06:19.000,0:06:22.000 ဒါဆိုရင် သွယ်ဝိုက်သောအားဖြင့် ညစ်စုတ်စုတ်အတွေးနဲ့ ပြောရရင် 0:06:22.000,0:06:25.000 ခင်ဗျားဟာ ဒီအဖွဲ့အစည်းမှာ မကြိုးစားပဲ လေလွင့်နေတဲ့သူ၊ မအောင်မြင်တဲ့သူတွေဟာလည်း 0:06:25.000,0:06:28.000 အမြဲတမ်း လူ့အောက်ကျနေမယ်၊ ဘယ်တော့မှာ ထိပ်ရောက်မှာ မဟုတ်တော့ဘူးလို့ ယုံကြည်သလို ဖြစ်သွားလိမ့်မယ်။ 0:06:28.000,0:06:31.000 နောက်တမျိုးပြောရရင်၊ ခင်ဗျား ဒီဘ၀ကိုရောက်လာတာ မတော်တဆ မဟုတ်တော့ဘူး 0:06:31.000,0:06:33.000 ခင်ဗျားဟာ ဘ၀မှာ အောင်မြင်မှုတွေကို ရကိုရယူရမယ်၊ ခင်ဗျားဟာ ထိုက်ထိုက်တန်တန် ဒီဘ၀ကို ရတာလို့ဆိုလိုတာ ဖြစ်သွားတယ်။ 0:06:33.000,0:06:36.000 ဒီလို ယူဆတာဟာ ရှူံးနိမ့်မှုအပေါ်ထားတဲ့ သဘောထားကို ပိုပြီး နက်နဲစေတော့တာပါပဲ။ 0:06:36.000,0:06:38.000 ခင်ဗျားသိလား။ အင်္ဂလန်မှာ ခေတ်လယ်ကာလတုန်းကပေါ့ 0:06:38.000,0:06:40.000 ခင်ဗျားဟာ လူဆင်းရဲတယောက်ကို တွေ့လိုက်ပြီဆိုရင် 0:06:40.000,0:06:43.000 အဲဒီလူကို ကံမကောင်းတဲ့သူလို့ သတ်မှတ်လေ့ရှိတယ်။ 0:06:43.000,0:06:47.000 စာစကားအရတော့ ဒီလူဟာ ကုသိုလ်ထူးနဲ့လွဲခဲ့တဲ့ ကံမွဲသူတယောက်ပေါ့။ 0:06:47.000,0:06:49.000 အခုခေတ်မှာတော့ ဒီလို မဟုတ်ဘူး။ အထူးသဖြင့် အမေရိကားမှာ 0:06:49.000,0:06:51.000 ခင်ဗျားဟာ လူဆင်းရဲအတန်းအစားကို တွေ့လိုက်ပြီဆိုတာနဲ့ 0:06:51.000,0:06:54.000 ဒီလူတွေကို လူဖျင်းလူညံ့ အဖြစ်သတ်မှတ်လိုက်တော့တယ်။ 0:06:54.000,0:06:57.000 စဉ်းစားကြည့်နော်။ ကံမွဲတယောက်နဲ့ လူညံ့တယောက်ရဲ့ အဓိပ္ပါယ်သတ်မှတ်ချက်က တကယ့်ကို မတူဘူးနော်။ 0:06:57.000,0:07:00.000 ဒါဟာ ဘာကိုပြောသလည်းဆိုရင် လူ့အဖွဲ့အစည်းရဲ့ အနှစ် ၄၀၀ အတွင်း တဖြည်းဖြည်း ပြောင်းလဲလာမှု 0:07:00.000,0:07:03.000 နဲ့ ငါတို့ရဲ့ဘ၀အတွက် ဘယ်သူ့မှာ တာဝန်ရှိသလည်းဆိုတာရဲ့ အတွေးအခေါ် ယုံကြည်ချက်ပဲ။ 0:07:03.000,0:07:06.000 ထာဝရဘုရားဆိုတာလည်း မရှိတော့ဘူး၊ ငါတို့ဆိုတာပဲရှိတာ။ ငါတို့ဟာ ငါတို့ဘ၀ကားကို မောင်းနှင်နေတဲ့ ဒရိုင်ဘာတွေပဲ။ 0:07:06.000,0:07:08.000 ခင်ဗျားဟာ အောင်မြင်နေတဲ့သူဆိုရင်တော့ ဒီအချက်အပေါ်မှာ ခင်ဗျား ပီတိတွေဖြာနေလိမ့်မယ်။ 0:07:08.000,0:07:10.000 ခင်ဗျားဟာ ရှူံးနိမ့်နေတဲ့သူဆိုရင်တော့ ခင်ဗျား စိတ်မကောင်းတွေ ဖြစ်နေလိမ့်မယ်နော်။ 0:07:10.000,0:07:13.000 လူမှုဆက်ဆံရေးဗေဒပညာရှင်တယောက်ဖြစ်တဲ့ 0:07:13.000,0:07:17.000 Emil Durkheim ရဲ့ သုံးသပ်ချက်အရဆိုရင် ဒီအချက်တွေဟာ ကိုယ့်ကိုယ်ကိုယ် သက်သေမှုတွေကို ဖြစ်စေနိုင်တယ်တဲ့။ 0:07:17.000,0:07:20.000 ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံကြီးတွေရဲ့ ကိုယ့်ကိုယ်ကိုယ်သက်သေမှုနှုန်းဟာ 0:07:20.000,0:07:22.000 တခြားနိုင်ငံတွေနဲ့ ယှဉ်ရင် ပိုများပါတယ်။ 0:07:22.000,0:07:24.000 ဒီလို ကိုယ့်ကိုယ်ကိုယ် သက်သေမှုပိုများရခြင်း နောက်တချက်ကတော့ လူတွေဟာ သူတို့ရဲ့ အခြေအနေအပေါ်မှာ 0:07:24.000,0:07:26.000 ငါမကောင်းလို့၊ ငါ့ကြောင့်ဆိုတဲ့ အစွန်းရောက် ကိုယ့်ကိုယ်ကိုယ် စွပ်စွဲအပြစ်တင်တာတွေကြောင့်ပါပဲ။ 0:07:26.000,0:07:30.000 ဒီလိုလူစားတွေဟာ သူတို့ရဲ့ အောင်မြင်မှုအတွက် ဂုဏ်ယူဝံ့ကြွားတတ်ကြသလို သူတို့ရဲ့ ရှူံးနိမ့်မှုအတွက်လည်း ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တတ်ကြပါတယ်။ 0:07:30.000,0:07:32.000 ဒီလို ဖိစီးမှုမျိုးတွေကနေ လွတ်မြောက်မှု မရှိနိုင်တော့ဘူးလား 0:07:32.000,0:07:34.000 ကျွန်တော် ချပြခဲ့သမျှတွေထဲကပေါ့လို့ မေးရင် 0:07:34.000,0:07:36.000 ရှိတယ်လို့ ကျွန်တော်ထင်ပါတယ်။ အဲဒီထဲက တချို့တလေကို ကြည့်ကြရအောင်။ 0:07:36.000,0:07:38.000 ဆုပေးစနစ်ကို ကြည့်ကြရအောင် 0:07:38.000,0:07:41.000 လူတိုင်းဟာ သူတို့နဲ့ထိုက်တန်တဲ့နေရာကို ရကြတယ်ဆိုတဲ့ အတွေးအခေါ် 0:07:41.000,0:07:44.000 ဒါဟာ တကယ်ကို ရူးတဲ့အတွေးအခေါ်လို့ ကျွန်တော်ထင်တယ်၊ လုံးဝကို ရူးတာပါပဲ။ 0:07:44.000,0:07:46.000 ကျွန်တော့ လက်ဝဲလက်ယျာ နိုင်ငံရေးသမားအားလုံးကို ထောက်ခံမယ်။ 0:07:46.000,0:07:48.000 ဒါပေမယ့် သူတို့တွေရဲ့ ဆုပေးစနစ်ဟာ မယုတ်မလွန်တဲ့ အတွေးအခေါ်တရပ် ဖြစ်ရမယ်။ 0:07:48.000,0:07:50.000 ကျွန်တော်ဟာ မယုတ်မလွန် ဆုပေးစနစ်ကိုပဲ ယုံတဲ့သူပါ။ 0:07:50.000,0:07:52.000 ဒါပေမယ့် ကျွန်တော်ထင်ပါတယ်။ 0:07:52.000,0:07:56.000 စစ်မှန်ဖြောင့်မတ်တဲ့ ဆုပေးစနစ်ကို တည်ဆောက်ဖို့ ဆိုတာကလည်း သိပ်မလွယ်လှပါဘူး။ မဖြစ်နိုင်တဲ့ အိပ်မက်တခုပါ။ 0:07:56.000,0:07:58.000 ပြောချင်တာကတော့ ကျွန်တော်တို့တွေ တည်ဆောက်မယ့် လူ့အဖွဲ့အစည်းမှာ 0:07:58.000,0:08:00.000 လူတိုင်းကို အမှတ်ပေးစနစ်နဲ့ထားမယ်။ 0:08:00.000,0:08:02.000 တော်တဲ့သူ ထိပ်ကိုရောက်မယ်၊ ညံ့တဲ့သူ အောက်ကိုရောက်မယ်၊ 0:08:02.000,0:08:04.000 ပြီးတော့ ဒါကို တိတိကျကျ လိုက်နာမယ် ဆိုတာဟာ တကယ်တော့ မဖြစ်နိုင်ပါဘူး။ 0:08:04.000,0:08:06.000 ရိုးရိုးလေးပဲ တွေးကြည့်ပါ။ တခြား ထည့်တွက်စဉ်းစားရမယ့် အချက်တွေ အများကြီးပါ။ 0:08:06.000,0:08:08.000 မတော်တဆ ထိခိုက်မှု၊ မတော်တဆ မွေးဖွားမှုကစလို့ 0:08:08.000,0:08:11.000 မတော်တဆ ခေါင်းပေါ်ကို ပစ္စည်းပြုတ်ကျတာ၊ ဖျားနာတာ အထိ အမျိုးစုံပဲပေါ့။ 0:08:11.000,0:08:13.000 ဒီလိုပုံစံမျိုးနည်း ကျွန်တော်တို့ သူတို့တွေကို ဘယ်လို အမှတ်ပေးကြမှာလည်း။ 0:08:13.000,0:08:15.000 ဘယ်လိုမှ မတော်တဆ ထိခိုက်နစ်နာတဲ့သူတွေ အပေါ် သာမာန်လူတွေနဲ့ တန်းတူ အမှတ်ပေးလို့ မရနိုင်ပါဘူး။ 0:08:15.000,0:08:18.000 ကျွန်တော်လေ St. Augustine ရဲ့ "ဘုရားရဲ့မြို့တော်" ထဲက စာတပိုဒ်ကို ရွတ်ပြချင်တယ်။ 0:08:18.000,0:08:22.000 သူက ဘာပြောသလည်းဆိုရင် "လူတယောက်ကို သူ့ရဲ့အနေအထားကို ကြည့်ပြီး သတ်မှတ်ဆက်ဆံတာဟာ အပြစ်တခုပါ"တဲ့။ 0:08:22.000,0:08:24.000 ခေတ်သစ်မော်ဒန် စကားနဲ့ ပြောရမယ်ဆိုရင် 0:08:24.000,0:08:26.000 သင်ဟာ သင်နဲ့ပြောဆိုဆက်ဆံနေသူ တဦးအပေါ်မှာ 0:08:26.000,0:08:28.000 သူရဲ့ အလုပ်အကိုင် စီးပွားရေး အခြေအနေကို ကြည့်ပြီး ပေါင်းသင်းဆက်ဆံ နေရင်ဖြင့် သင်ဟာ အပြစ်ရှိသူတဦးပါတဲ့။ 0:08:28.000,0:08:30.000 ဘာလုပ်ဘာကိုင်သလည်း ဆိုတာဟာ ထည့်သွင်းစဉ်းစားရမယ့်အရာ မဟုတ်ပါဘူး။ 0:08:30.000,0:08:32.000 St. Augustine က ဘာပြောသလည်းဆိုရင် 0:08:32.000,0:08:34.000 ထာဝရဘုရားသခင်သာ လူတိုင်းကို သူ့နေရာနဲ့သူရှိစေနိုင်တာပါ တဲ့။ 0:08:34.000,0:08:36.000 သူဟာ လူတိုင်းကို သူ့နေရာနဲ့သူ ရှိဖို့ အဆုံးအဖြတ်နေ့မှာ ဆုံးဖြတ်မှာပါတဲ့။ 0:08:36.000,0:08:38.000 အဲဒီ အချိန်မှာ နတ်သားနတ်သမီးတွေ၊ နှဲတွေ အစုံနဲ့ ကောင်းကင်ကြီးကို တခမ်းတနားဖွင့်ကြမှာပါတဲ့။ 0:08:38.000,0:08:41.000 ခင်ဗျားဟာ ကျွန်တော့်လို ဘာသာရေးခုတုန်းလုပ်မှုကို မယုံကြည်သူတယောက်ဖြစ်ခဲ့ရင် တော်တော်ရူးတဲ့ အတွေးအခေါ်ပဲလို့ ထင်လိမ့်မယ်။ 0:08:41.000,0:08:43.000 ဒါပေမယ့် အဲဒီ အတွေးခေါ်ထဲမှာ အဖိုးမဖြတ်နိုင်တဲ့ အချက်တခု ရှိနေတယ်။ 0:08:43.000,0:08:47.000 တနည်းပြောရရင် သူများတွေကို အကဲမဖြတ်ခင်မှာ ခင်ဗျား စောင့်ကြည့်သင့်တယ်။ 0:08:47.000,0:08:50.000 ခင်ဗျားဟာ လူတယောက်ရဲ့ တကယ့်တန်ဖိုးကို လောက်လောက်လားလား မသိနိုင်ဘူး။ 0:08:50.000,0:08:52.000 ဒါဟာ ဘယ်သူမှ မသိနိုင်တဲ့ အချက်ပဲ။ 0:08:52.000,0:08:55.000 ဒါကို ခင်ဗျားက လူတယောက်ရဲ့ တကယ့်တန်ဖိုးကို သိသယောင်ယောင် မလုပ်သင့်ဘူး။ 0:08:55.000,0:08:58.000 နောက်ထပ် နှစ်သိမ့်အားပေးတဲ့ တနေရာရှိသေးတယ်။ 0:08:58.000,0:09:01.000 ကျွန်တော်တို့ဟာ ဘ၀မှာ ရှူံးနိမ့်စရာတွေကို တွေးလိုက်တိုင်း 0:09:01.000,0:09:03.000 ဘာကြောင့် ရှုံးနိမ့်မှာကို ကြောက်သလည်းဆိုတဲ့ အကြောင်းတရပ်ဟာ 0:09:03.000,0:09:05.000 ၀င်ငွေကိုဆုံးရှူံးမှာ ရာထူးနေရာပျောက်မှာကြောင့်တင် မဟုတ်ပါဘူး။ 0:09:05.000,0:09:09.000 ကျွန်တော်တို့ကြောက်တာဟာ သူများတွေရဲ့ အကဲဖြတ်ရှုံ့ချမှုကိုပါ။ ဒါဟာလည်း တကယ်ရှိပါတယ်။ 0:09:09.000,0:09:11.000 ခင်ဗျားသိလား။ သူတပါးကိုလှောင်ပြောင်တဲ့ နေရာမှာ နံပါတ်တစ်ပြေးနေတာဟာ 0:09:11.000,0:09:13.000 အခုခေတ်မှာတော့ သတင်းစာပဲ။ 0:09:13.000,0:09:15.000 ခင်ဗျား ဘယ်အချိန်မဆို သတင်းစာကို ကောက်လှန်လိုက်ပါ။ 0:09:15.000,0:09:17.000 ရှုပ်ထွေးပွေလီတဲ့ ဘ၀ပေါင်းစုံနဲ့ လူတွေအကြောင်းကို ခင်ဗျားဖတ်ရလိမ့်မယ်။ 0:09:17.000,0:09:20.000 ဟော ဘယ်သူတို့ဖြင့် ဘယ်သူနဲ့ မှားယွင်းကြပြန်ပြီ။ ဘယ်သူကတော့ ဘာအမှားကို ကျူးလွန်လိုက်ပြန်ပြီ။ 0:09:20.000,0:09:22.000 ဘယ်သူကတော့ ဘယ်လို မတရားမှုကို ဘယ်လိုကြိုးကိုင်လိုက်ပြန်ပြီ စသဖြင့်ပေါ့။ ဘာပဲဖြစ်ဖြစ်လေ 0:09:22.000,0:09:25.000 နောက်ဆုံးတော့ ဒီ အမှားတွေဟာ လှောင်ပြောင်ခံစရာတွေ ဖြစ်လာတာပေါ့။ 0:09:25.000,0:09:28.000 တနည်းအားဖြင့် ပြောရရင် သူတို့ ရှူံးနိမ့်ကြသည်ပေါ့။ ပြီးတော့ သူတို့ဟာ လူညံ့တွေ ဖြစ်ကြသည်ပေါ့။ 0:09:28.000,0:09:30.000 ကဲ ဒါကို တခြားဘယ်နည်းလမ်းနဲ့ ဖြေရှင်းကြမတုန်း။ 0:09:30.000,0:09:32.000 ကျွန်တော်ထင်တာက အနောက်တိုင်းယဉ်ကျေးမှုမှာ သိသာထင်ရှားတဲ့ တခြားနည်းလမ်းတခုရှိတယ်။ 0:09:32.000,0:09:35.000 အဲဒါဘာလည်းဆိုရင် ၀မ်းနည်းစရာဖြစ်စဉ်ပဲ။ 0:09:35.000,0:09:38.000 ၀မ်းနည်းပေါက်ကွဲမှုကြောင့်ဖြစ်လာတဲ့ အနုပညာဟာ ရှေးခေတ်ဂရိတွေရဲ့ ဇာတ်ခုံတွေက စခဲ့တာပေါ့။ 0:09:38.000,0:09:40.000 ၅ရာစု ဘီစီလောက်တုန်းက စတင်တဲ့ ဒီပေါက်ကွဲမှုအနုပညာဟာ 0:09:40.000,0:09:43.000 လူတွေရဲ့ ရှူံးနိမ့်ကျဆုံးမှုတွေကို ပီပီပြင်ပြင် သရုပ်ဖော်ထားတာပဲ။ 0:09:43.000,0:09:47.000 ပြီးတော့ လူတွေရဲ့ ဂရုဏာသက်မှုတွေအဆင့်အဆင့်ကို 0:09:47.000,0:09:51.000 သာမာန်လူတယောက်အနေနဲ့ မမှန်းဆနိုင်လောက်တဲ့ အဖြစ်အပျက်တွေနဲ့ ဖော်ကျူးထားတာပါပဲ။ 0:09:51.000,0:09:52.000 လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်က ကျွန်တော်ဒါတွေကို စဉ်းစားမိသေးတယ်။ 0:09:52.000,0:09:54.000 ပြီးတော့ ကျွန်တော် "တနင်္ဂနွေ အားကစား" ဆိုတာကို သွားကြည့်တယ်။ 0:09:54.000,0:09:57.000 အဲဒီ သတင်းစာကို ခင်ဗျားဖတ်ကြည့်ပါလို့ ကျွန်တော်ဖြင့် မတိုက်တွန်းပါဘူး 0:09:57.000,0:09:59.000 အထူးသဖြင့် ခင်ဗျားအကြောင်းမသိသေးဘူး ဆိုရင်ပေါ့။ 0:09:59.000,0:10:01.000 အဲဒီ သတင်းစာတိုက်ကို ကျွန်တော်သွားပြီး 0:10:01.000,0:10:04.000 ၀မ်းနည်းကြေကွဲမှုအပြည့်နဲ့ ပုံဖော်ထားတဲ့ အနောက်တိုင်းအနုပညာရဲ့ တစိတ်တဒေသကို ပြောပြကြည့်တယ်။ 0:10:04.000,0:10:06.000 ကျွန်တော်သိချင်တာက သူတို့ အခုလို အခြေအမြစ်မရှိတဲ့ 0:10:06.000,0:10:09.000 ဇာတ်လမ်းတချို့ကို သတင်းအနေနဲ့ 0:10:09.000,0:10:12.000 အခုလို တနင်္ဂနွေနေ့လည်မျိုးမှာ ရခဲ့ရင် ဘာလုပ်မလည်းလို့ပါ။ 0:10:12.000,0:10:14.000 သူတို့ကို ကျွန်တော်က အော်သဲလို အကြောင်းပြောပြတယ်။ သူတို့ အဲဒီ အကြောင်းအရာကို လုံးဝမကြားဖူးပေမယ့် တော်တော်ကို စိတ်ဝင်စားဟန်ပြကြတယ်။ 0:10:14.000,0:10:15.000 (ရီမောသံများ) 0:10:15.000,0:10:18.000 ဒါနဲ့ ကျွန်တော်ကသူတို့ကို အော်သဲလိုအကြောင်းကို ခေါင်းကြီးပိုင်းမှာ ရေးပေးပါလားလို့ တောင်းဆိုလိုက်တယ်။ 0:10:18.000,0:10:21.000 ဒါနဲ့ သူတို့လည်း "အချစ်ကြီးသော တပြည်သားသည် အမတ်၏ သမီးကို သတ်သည်" ဆိုပြီး 0:10:21.000,0:10:23.000 ခေါင်းကြီးပိုင်းမှာ ထည့်လိုက်ပါလေရော။ 0:10:23.000,0:10:25.000 ကျွန်တော်က သူတို့ကို မဒမ် ဘိုဗရီဆိုတဲ့ အမျိုးသမီးရေးတဲ့ ဇာတ်တပုဒ်ကို ပေးလိုက်တာတယ်။ 0:10:25.000,0:10:27.000 အဲဒီစာအုပ်ကိုတွေ့တော့ သူတို့က ၀မ်းသာအားရနဲ့ 0:10:27.000,0:10:32.000 ဒီလိုရေးလိုက်ပြန်တယ် "ဈေးဝယ်ရတာခုံမင်လွန်းတဲ့ လူမှုရေးဖောက်ပြန်တဲ့ အမျိုးသမီးတဦးဟာ သူမ လိမ်လည်သုံးစွဲမှုကို ဖော်ထုတ်ခံရအပြီးမှာ အဆိပ်ဆေးကို မျိုချလိုက်ပါသည်" တဲ့ 0:10:32.000,0:10:33.000 (ရီမောသံများ) 0:10:33.000,0:10:35.000 နောက်တခုကတော့ ကျွန်တော့်နှစ်သက်တဲ့ တခုပါပဲ။ 0:10:35.000,0:10:37.000 သူတို့ဟာ ပြောရမယ်ဆိုရင် တကယ့်ကို သူတို့လုပ်ရမယ့်အပိုင်းမှာ ထူးချွန်တဲ့သူတွေပါပဲ။ 0:10:37.000,0:10:39.000 ကျွန်တော်ကြိုက်တာက စာရေးဆရာ ဆိုဖိုကယ်ရေးတဲ့ ဘုရင် အီဒီပတ်စ် အကြောင်း ဖြစ်ပါတယ် 0:10:39.000,0:10:42.000 သူတို့ ခေါင်းစဉ်တပ်လိုက်ပြန်တာက "သားသယ်အမေနဲ့ လိင်ဆက်ဆံခြင်းဟာ သိပ်ကောင်းပါတယ်"တဲ့။ 0:10:42.000,0:10:45.000 (ရီမောသံများ) 0:10:45.000,0:10:47.000 (လက်ခုပ်သံများ) 0:10:47.000,0:10:50.000 တနည်းပြောရမယ်ဆိုရင် ဂရုဏာ ရောင်စဉ်တန်းရဲ့ အဆုံးတဖက်မှာ 0:10:50.000,0:10:52.000 ပဋ္ဋိပက္ခသတင်းစာ ရှိနေပါတယ်။ 0:10:52.000,0:10:55.000 သူရဲ့ တခြားတဖက်က ရောင်စဉ်တန်းမှာတော့ သူတပါးတို့ရဲ့ ၀မ်းနည်းကြေကွဲဆုံးရှုံးမှုတွေနဲ့အတူ အဲဒါတွေရဲ့ အနုပညာပါ ရှိနေမှာပါ။ 0:10:55.000,0:10:57.000 ကျွန်တော်ထင်တယ် ကျွန်တော်ခင်ဗျားတို့ကို တိုက်တွန်းနေမိသလား၊ 0:10:57.000,0:10:59.000 ၀မ်းနည်းကြေကွဲမှုအနုပညာမှာ ဘာတွေဖြစ်နေသလဲဆိုတာကို လေ့လာသင့်တယ်လို့။ 0:10:59.000,0:11:02.000 ဟမ်မလတ်ဆိုတဲ့ ဇာတ်ကောင်ကို လူညံ့လို့ ပြောတာဟာ ရူးတာပါပဲ။ 0:11:02.000,0:11:05.000 သူဟာ ရှူံးနိမ့်သွားခဲ့ပေမယ့် လူညံ့တယောက် မဟုတ်ခဲ့ပါဘူး။ 0:11:05.000,0:11:07.000 ဒါဟာ ကျွန်တော်တို့ကို ၀မ်းနည်းကြေကွဲစရာ ဇာတ်လမ်းတပုဒ်က ပေးတဲ့ အသိတရားတရပ်ပါ။ 0:11:07.000,0:11:10.000 ဒါဟာ ဘာကြောင့် အရမ်း အရမ်းကို အရေးကြီးလည်းဆိုတာလည်းပါမယ် ထင်ပါတယ်။ 0:11:10.000,0:11:12.000 ဒါဟာ အခုခေတ်မော်ဒန် အဖွဲ့အစည်းနဲ့ ပတ်သက်နေပါတယ်။ 0:11:12.000,0:11:14.000 ပြီးတော့ ဘာက စိတ်ဖိစီးမှုတွေကို ဖြစ်စေသလည်းဆိုတဲ့ မေးခွန်းအတွက် 0:11:14.000,0:11:17.000 အဖြေကတာ့ ငါတို့ဟာ လူသားတွေဖြစ်နေကြလို့ ဆိုတာပါပဲ။ 0:11:17.000,0:11:19.000 ကျွန်တော်တို့ဟာ ဒီကမ္ဘာမှာ ပထမဆုံး ဖြစ်ပေါ်နေထိုင်တဲ့ လူ့အဖွဲ့အစည်းတရပ်ပါ။ 0:11:19.000,0:11:22.000 ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကိုယ်ပဲ ကိုးကွယ်ယုံကြည်တဲ့သူတွေလည်း ဖြစ်ပါတယ်။ 0:11:22.000,0:11:24.000 ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကိုယ် မြင့်မြင့်မှန်းတာနဲ့ အလျောက် မြင့်မြင့်ကြံသင့်ပါတယ်။ 0:11:24.000,0:11:27.000 ကျွန်တော်တို့ဟာ လပေါ်ကို လူတွေလွှတ်နိုင်ခဲ့ပြီ။ တခြား မယုံနိုင်လောက်အောင် ဆန်းကြယ်တဲ့ အရာတွေကိုလည်း အကောင်အထည် ဖော်ခဲ့ပြီးပြီ။ 0:11:27.000,0:11:29.000 ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် ကိုးကွယ်အားကိုးဖို့ပဲ လိုတယ်။ 0:11:29.000,0:11:31.000 ကျွန်တော်တို့ရဲ့ သူရဲကောင်းတွေဟာ လူသား သူရဲကောင်းတွေပါ။ 0:11:31.000,0:11:33.000 ဒါဟာ အခုမှဖြစ်လာတဲ့ အခြေအနေသစ်တရပ်ပါ။ 0:11:33.000,0:11:35.000 တခြားသော လူ့အဖွဲ့အစည်းတွေဟာ သူတို့ရဲ့ အလယ်ခေါင်မှာ 0:11:35.000,0:11:37.000 တခြားအရပ်က ဆင်းသက်လာတဲ့ ထာဝရဘုရားတို့၊ 0:11:37.000,0:11:39.000 ၀ိဥာဉ်တို၊့ သဘာဝအတွင်းအားတို့၊ စကြာဝဠာတို့၊ 0:11:39.000,0:11:42.000 တခြား တခြားသော အရာတို့ကို တည်ထား ကိုးကွယ်အားကိုးနေကြတာလည်း ရှိပါတယ်။ 0:11:42.000,0:11:44.000 ကျွန်တော်တို့မှာတော့ ဒီလိုအကျင့်တွေမရှိတော့ပါဘူး။ 0:11:44.000,0:11:46.000 ဒါကြောင့်လည်း ကျွန်တော်တို့ဟာ သဘာဝတရားစတင် နားလည် သဘောပေါက်လာအောင် ကြိုးစားလာကြတာပါ။ 0:11:46.000,0:11:49.000 ဒါဟာလည်း ကျွန်တော်တို့ရဲ့ ကျန်းမာရေးအတွက် မဟုတ်ပါဘူး။ ဒါပေမယ့် တခါတလေတော့လည်း အဲဒါအတွက်လို့ ထင်စရာရှိပါတယ်။ 0:11:49.000,0:11:53.000 သဘာဝတရားကို နားလည်ဖို့ကြိုးစားတာကတော့ လူတွေရဲ့ နှစ်ပေါင်းများစွာတည်ဆောက်ထားတဲ့ အသိုက်အမြုံကနေ ထွက်ပြေးချင်လို့ပါပဲ။ 0:11:53.000,0:11:55.000 ဒါဟာ ကျွန်တော်တို့ရဲ့ ပြိုင်ဆိုင်မှုရဲ့ ထွက်ပေါက်ပါ။ 0:11:55.000,0:11:57.000 ကျွန်တော်တို့ရဲ့ အတောမသတ်နိုင်တဲ့ ငိုကြွေးရယ်မောသံတွေရဲ့ ထွက်ပေါက်ပါ။ 0:11:57.000,0:11:59.000 ဒါကြောင့် ကျွန်တော်တို့ဟာ ရေခဲပြင်ကြီးတွေ၊ ပင်လယ်ကြီးတွေကို ကြည့်နေရရင် ပျော်နေတတ်ပြီး 0:11:59.000,0:12:03.000 ကမ္ဘာကြီးကို အပြင်ဖက်ရှုထောင့်ကနေ တွေးတောသုံးသပ်ရတာမျိုးကို ခုံမင်တတ်ကြတာပေါ့။ 0:12:03.000,0:12:07.000 ကျွန်တော်တို့ဟာ လူမဟုတ်တဲ့အရာတွေ သက်ရှိတွေနဲ့လည်း ထိတွေ့ဆက်ဆံချင်သလို 0:12:07.000,0:12:11.000 ဒီလိုဆန္ဒတွေဟာလည်း ကျွန်တော်တို့အတွက် အရေးကြီးနေတတ်ပါတယ်။ 0:12:11.000,0:12:14.000 ကျွန်တော်ဘာကို ပြောပြနေတာလည်းဆိုတာကတော့ အဓိကအားဖြင့် အောင်မြင်မှုနဲ့ ရှုံးနိမ့်မှုကိုပါ။ 0:12:14.000,0:12:17.000 နောက်ပြီး အောင်မြင်မှုနဲ့ ပတ်သက်လို့ စိတ်ဝင်စားစရာကောင်းတဲ့ အချက်တခုကတော့ 0:12:17.000,0:12:19.000 ကျွန်တော်တို့ဟာ အောင်မြင်မှုဟာဘာလဲဆိုတာကို သိတယ်လို့ ထင်နေကြတာကိုပါပဲ။ 0:12:19.000,0:12:21.000 ကွန်တော် ခင်ဗျားကို ခင်ဗျားရဲ့နောက်မှာ လူတယောက်ရှိတယ် 0:12:21.000,0:12:24.000 အဲဒီလူဟာ အင်မတန် အောင်မြင်တဲ့သူလို့ ပြောရင် ခင်ဗျားရဲ့ခေါင်းထဲကို 0:12:24.000,0:12:26.000 ဒီလူဟာ ပိုက်ဆံတော်တော်ရှာနိုင်မှာပဲ 0:12:26.000,0:12:29.000 သူ့ပတ်ဝန်းကျင်မှာ တော်တော်နာမည်ရှိတဲ့သူတယောက်ပဲလို့ အထင်ချက်ချင်း ရောက်လာလိမ့်မယ်။ 0:12:29.000,0:12:31.000 ကျွန်တော့်ရဲ့ အောင်မြင်မှုနဲ့ ပတ်သက်လို့ လေ့လာသုံးသပ်ချက်တွေ -- ပြီးတော့ ကျွန်တော်ဟာ 0:12:31.000,0:12:34.000 အောင်မြင်မှုကို အင်မတန်စိတ်ဝင်စားတဲ့ သူတယောက်ပါ။ တကယ်လည်း ကျွန်တော် အောင်မြင်ချင်ပါတယ်။ 0:12:34.000,0:12:36.000 ကျွန်တော် အမြဲတစေ စဉ်းစားလေ့ရှိတယ် "ငါဘယ်လို လုပ်ပြီး ပိုအောင်မြင်အောင် ကြိုးစားရပါ့မလည်း" လို့ပါ။ 0:12:36.000,0:12:38.000 ဒါပေမယ့် ကျွန်တော်ဟာ အသက်ကြီးလာလေလေ 0:12:38.000,0:12:40.000 အောင်မြင်မှုဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို ဖော်ထုတ်တာမှာ နည်းနည်းလေး ကွဲပြားလာလေပဲ။ 0:12:40.000,0:12:42.000 အခုပြောမှာက အောင်မြင်မှုရဲ့ အဓိပ္ပါယ်အပေါ် ကျွန်တော့်ရဲ့ ကိုယ်ပိုင် ထင်မြင်ယူဆခံယူချက်ပဲ။ 0:12:42.000,0:12:45.000 ခင်ဗျားဟာ အရာအားလုံးမှာ မအောင်မြင်နိုင်ပါဘူး 0:12:45.000,0:12:47.000 ကျွန်တော်တို့တွေ အလုပ်နဲ့ဘ၀ သဟဇာတဖြစ်အောင်နေနည်းတွေကို အများကြီး ကြားဖူးကြတယ်။ 0:12:47.000,0:12:50.000 တကယ်တော့ အဲဒီနည်းတွေဟာ အဓိပ္ပါယ်သိပ်မရှိလှဘူး။ အကုန်လုံး ခင်ဗျား မရနိုင်ဘူး။ 0:12:50.000,0:12:52.000 ဒါဆို အောင်မြင်မှုကို ကြည့်တဲ့အခါမှာ 0:12:52.000,0:12:54.000 အောင်မြင်မှု အတွက် ဘာတွေ ဆုံးရှူံးနေသလည်း၊ 0:12:54.000,0:12:56.000 ဘယ်နေရာမှာ ဘာတွေကို ဆုံးရှူံးနေသလည်းဆိုတာကို ထည့်ကို စဉ်းစားကြရမှာ ဖြစ်ပါတယ်။ 0:12:56.000,0:12:59.000 ကျွန်တော်ယုံတယ်၊ ပညာရှိတဲ့ သက်ရှိအားလုံးက ဒါကိုလက်ခံလိမ့်မယ်။ 0:12:59.000,0:13:02.000 ခုနကပြောသလိုပဲ ကျွန်တော်တို့ မအောင်မြင်တဲ့ ကဏ္ဍတခု အနည်းဆုံးရှိလိမ့်မယ်။ 0:13:02.000,0:13:04.000 အောင်မြင်တဲ့ဘ၀ဆိုတာဟာ 0:13:04.000,0:13:06.000 များသောအားဖြင့် ကျွန်တော်တို့ ထင်မြင်ယူဆထားတဲ့ 0:13:06.000,0:13:09.000 ဘ၀မှာ အောင်အောင်မြင်မြင်နေနည်းဆိုတာကို တကယ်တော့ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် ထင်မြင်ယူဆချက်တွေ မဟုတ်ဘူး။ 0:13:09.000,0:13:11.000 သူများတွေရဲ့ ထင်မြင်ယူဆချက်တွေပဲ 0:13:11.000,0:13:13.000 များသောအားဖြင့် ခင်ဗျားဟာ ယောက်ျားဆိုရင် ခင်ဗျားရဲ့ အဖေရဲ့ လွှမ်းမိုးမှု 0:13:13.000,0:13:15.000 တကယ်လို့ ခင်ဗျားဟာ မိန်းမဆိုရင် ခင်ဗျားရဲ့ အမေရဲ့ လွှမ်းမိုးမှုကလာတဲ့ ထင်မြင်ချက်တွေပဲ 0:13:15.000,0:13:18.000 စိတ်ခံစားမှုဆိုင်ရာ သုံးသပ်တဲ့ ပညာရှင်တွေဟာ ဒီအချက်ကို ထောက်ပြနေတာ အနှစ် ၈၀ကျော်သွားပြီ 0:13:18.000,0:13:21.000 ဘယ်သူမှ ဒါကို အလေးပေးပြီး နားမထောင်ကြဘူး။ ဒါပေမယ့် ကျွန်တော်ကတော့ အဲဒီအချက်ကို လက်ခံတယ် 0:13:21.000,0:13:23.000 ကျွန်တော်တို့ဟာ ၀ါဒဖြန့်တာတွေ ခံနေကြရတယ် 0:13:23.000,0:13:25.000 တီဗွီတွေ၊ ကြော်ငြာတွေ၊ 0:13:25.000,0:13:27.000 ဈေးကွက်ဖြန့်ချီရေးတွေကနေ တဆင့်ပေါ့။ 0:13:27.000,0:13:29.000 ဒါတွေဟာ တကယ့်ကို ကြီးမားပြီး အင်အားရှိတဲ့ တွန်းအားတွေပဲ 0:13:29.000,0:13:33.000 ဒါတွေဟာ ကျွန်တော်တို့ ဘာလိုချင်သလည်း၊ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုထင်မြင်သလည်းဆိုတာတွေကို သူတို့လိုချင်သလို သတ်မှတ်ပစ်တယ်။ 0:13:33.000,0:13:36.000 ကျွန်တော်တို့ကို ဘဏ်စီးပွားရေးဟာ တကယ့်ကို ကြီးပွားတိုးတက်မယ့် အလုပ်အကိုင်လို့ ပြောရင် 0:13:36.000,0:13:38.000 ကျွန်တော်တို့အားလုံး ဘဏ်နဲ့ပတ်သက်တဲ့ အလုပ်တွေကို လုပ်ချင်ကြတယ်။ 0:13:38.000,0:13:41.000 ဘဏ်အလုပ်အကိုင်က မကောင်းတော့ဘူးလို့ပြောရင် ကျွန်တော်တို့ဟာဘာ ဘဏ်စီးပွားရေး အလုပ်အကိုင်ကိုမှ စိတ်ဝင်စားတော့မှာ မဟုတ်ဘူး။ 0:13:41.000,0:13:44.000 ကျွန်တော်တို့ဟာ အကြံဥာဏ်တိုင်းကို လက်ခံပါတယ်။ 0:13:44.000,0:13:47.000 ဒါဆိုရင် ကျွန်တော်ဘာကို ငြင်းချက်ထုတ်ချင်သလည်းဆိုတာက 0:13:47.000,0:13:49.000 ကျွန်တော်တို့ရဲ့ အောင်မြင်မှုအပေါ် တွေးထင်ချက်တွေကို လွှင့်ပစ်ဖို့ မဟုတ်ဘူး။ 0:13:49.000,0:13:51.000 ကျွန်တော်တို့ရဲ့ အောင်မြင်မှု ဒဿနဟာ ကိုယ်ပိုင်ဒဿနနဲ့ ခံယူချက်ဖြစ်ရမယ်လို့သာ တိုက်တွန်းချင်တာပါ 0:13:51.000,0:13:53.000 ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် အတွေးအခေါ် ဆန္ဒကို အလေးပေးကြရမယ်။ 0:13:53.000,0:13:56.000 ကျွန်တော်တို့ အစစ်အမှန် ပိုင်တယ်ဆိုတာကို သေချာကြရမယ်။ 0:13:56.000,0:13:58.000 နောက်ပြီး ကျွန်တော်တို့ဟာ ကျွန်တော်တို့ အောင်မြင်မှုအတွက် ကိုယ်ပိုင် စာရေးဆရာတွေ ဖြစ်ကြရမယ်။ 0:13:58.000,0:14:00.000 ဘာကြောင့်လည်းဆိုတော့ ကိုယ်လိုချင်တာကို မရတာနဲ့တင် တော်တော်ဆိုးနေပါပြီ။ 0:14:00.000,0:14:03.000 ပိုဆိုးတာက ကိုယ့်မှာ အတွေးအခေါ်တော့ ရှိပါရဲ့၊ 0:14:03.000,0:14:06.000 ကိုယ်ဘာလိုချင်သလည်း ဆိုတာ သိပါရဲ့ဆိုပြီး လမ်းဆုံးရောက်ခါမှ 0:14:06.000,0:14:09.000 ဒါဟာ ငါလိုချင်ခဲ့တဲ့လမ်း မဟုတ်ဘူးဆိုရင် ဘာလုပ်ကြမလည်း။ 0:14:09.000,0:14:11.000 ကျွန်တော် ဒီမှာပဲ ရပ်လိုက်တော့မယ်။ 0:14:11.000,0:14:14.000 ဒါပေမယ့် ကျွန်တော် တကယ့်ကို ထောက်ပြချင်တာကတော့ 0:14:14.000,0:14:16.000 ဘယ်လိုပဲဖြစ်ဖြစ်၊ အောင်မြင်မှု၊ ဟုတ်တယ်၊ အောင်မြင်မှုကိုပဲ 0:14:16.000,0:14:18.000 ကျွန်တော်တို့ရဲ့ တချို့သော ထင်မြင်ယူဆချက်တွေဟာ အင်မတန် ဆန်းပြားနေတာကိုလည်း လက်ခံကြရမယ်နော်။ 0:14:18.000,0:14:21.000 ကျွန်တော်တို့ရဲ့ အောင်မြင်မှုဆိုတာကို လေ့လာဆန်းစစ် ငြင်းချက်ထုတ်တာတွေကို အသာထားလိုက်ပါဦး။ 0:14:21.000,0:14:25.000 ကျွန်တော်တို့ရဲ့ အောင်မြင်မှု အပေါ် သတ်မှတ်ထင်မြင်ချက်ဟာ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် ခံယူချက်စစ်စစ်ဖြစ်တယ်ဆိုတာကို သေချာနိုင်ကြပါစေ။ 0:14:25.000,0:14:27.000 ကျေးဇူး အများကြီးတင်ပါတယ် ခင်ဗျာ။ 0:14:27.000,0:14:43.000 (လက်ခုပ်တီးသံများ) 0:14:43.000,0:14:45.000 Chris Anderson: အရမ်းကို စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ခင်ဗျား ကျွန်တော်အခုပြောမယ့် ၂ချက်ကို ဘယ်လို စေ့စပ်နိုင်မလည်း 0:14:45.000,0:14:50.000 ခင်ဗျားပြောခဲ့တဲ့ တစုံတယောက်ဟာ -- 0:14:50.000,0:14:53.000 တစုံတယောက်ကို လူညံ့လို့ထင်တာ မကောင်းဘူးဆိုတဲ့ အချက်နဲ့ 0:14:53.000,0:14:57.000 လူအတော်များများဟာ ကျွန်တော်တို့ရဲ့ ဘ၀ကို ချုပ်ခြယ်ကြိုးကိုင်ချင်ကြတယ်ဆိုတဲ့ အချက်ကိုပါပဲ။ 0:14:57.000,0:15:00.000 ပြီးတော့ လူ့အဖွဲ့အစည်းတရပ်ဟာ 0:15:00.000,0:15:03.000 အောင်နိုင်သူနဲ့ ရှူံးနိမ့်သူတွေကို ခွဲခြားတဲ့စနစ်ကို အားပေးတယ်ဆိုရင်ပေါ့။ 0:15:03.000,0:15:06.000 Alain de Bottom: ဟုတ်ကဲ့။ အစဉ်တကျမဟုတ်တဲ့ 0:15:06.000,0:15:08.000 အောင်မြင်မှုနဲ့ ရှူံးနိမ့်မှုဖြစ်စဉ်ကို ကျွန်တော်က ထောက်ပြချင်တာပါ။ 0:15:08.000,0:15:10.000 ဘာလို့လည်းဆိုတော့ အခုခေတ် အလေးပေးနေတာတွေဟာ 0:15:10.000,0:15:12.000 အရာရာအပေါ်မှာ တရားမျှတမှုရှိဖို့ကိုပါ။ 0:15:12.000,0:15:14.000 နိုင်ငံရေးသမားတွေကလည်း အမြဲတမ်း တရားမျှတမှုရှိဖို့ကို ပြောကြပါတယ်။ 0:15:14.000,0:15:17.000 အခု ကျွန်တော်က တရားကို မျှမျှတတ စီရင်တာကို အားပေးတဲ့သူပါ။ ဒါပေမယ့် အရာရာ တရားမျှတဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့လည်း ထင်ပါတယ်။ 0:15:17.000,0:15:19.000 ဒါဖြင့် ကျွန်တော်တို့ဟာ ကိုယ်တတ်နိုင်သလောက် 0:15:19.000,0:15:21.000 တတ်စွမ်းသလောက် တရားမျှတမှုရှိဖို့ ကြိုးစားကြရမှာပါ။ 0:15:21.000,0:15:23.000 ဒါပေမယ့်။ အဆုံးသတ်မှာ ကျွန်တော့်တို့ သတိတရရှိကြရမှာက 0:15:23.000,0:15:26.000 ဘယ်သူ ဘာကိုပဲ ရင်ဆိုင်နေရနေရ။ ဘာတွေပဲ ဘ၀မှာ ဖြစ်ခဲ့ ဖြစ်ခဲ့ 0:15:26.000,0:15:29.000 အားပြင်းတဲ့ မျှော်လင့်စီစဉ်ထားတဲ့ အတိုင်းဖြစ်မလာတတ်တဲ့ အကြောင်းအရာ ဆိုတာရှိပါတယ်။ 0:15:29.000,0:15:31.000 ဒါ့ကြောင့်လည်း ကျွန်တော်ဟာ ဒီအခန်းထဲက ထွက်ဖို့ကြိုးစားနေတာပဲ 0:15:31.000,0:15:33.000 မဟုတ်ရင် ပရိတ်သတ်များတဲ့ ဒီအခန်းထဲမှာ ကျွန်တော် မွမ်းကြပ်လာနိုင်လို့ပါ။ 0:15:33.000,0:15:35.000 CA: ကျွန်တော်ပြောချင်တာက ခင်ဗျား ဒါကို တကယ်ယုံကြည်သလား။ 0:15:35.000,0:15:37.000 အလုပ်အကိုင်နဲ့ ပတ်သက်တဲ့ ခင်ဗျားရဲ့ နူးညံ့သိမ်မွေ့တဲ့ ဒဿန 0:15:37.000,0:15:41.000 နဲ့ အောင်မြင်တဲ့ စီးပွားရေးအခြေအနေနဲ့ ပေါင်းစည်းမှုကိုလေ။ 0:15:41.000,0:15:43.000 ဒါမှမဟုတ် အဲဒီနှစ်ခုကို ပေါင်းဖို့မဖြစ်ဘူးလို့ ခင်ဗျားယုံတာလား။ 0:15:43.000,0:15:45.000 ဒါပေမယ့် ဒါကို အဓိကထားပြောနေပေမယ့် တကယ်တမ်း အရေးမပါဘူးလို့ ပြောချင်တာလား။ 0:15:45.000,0:15:48.000 အိပ်မက်ဆိုးကတော့ ထင်တယ်လေ 0:15:48.000,0:15:52.000 လူတွေကို ကြောက်လန့်အောင်လုပ်ရတာဟာ သူတို့ကို အလုပ်ပေးဖို့ အကောင်းဆုံးနည်းလို့။ 0:15:52.000,0:15:55.000 ပြီးတော့ ပတ်ဝန်းကျင်အနေအထားက ပိုဆိုးရွားလေ 0:15:55.000,0:15:57.000 လူတွေဟာ ပိုရုန်းကန်ကြိုးစားလေ ပါပဲ။ 0:15:57.000,0:16:01.000 ခင်ဗျား ဘယ်သူ့ကို ခင်ဗျားရဲ့ စံပြအဖေအဖြစ် သတ်မှတ်နိုင်မလည်း လို့ စဉ်းစားချင်စဉ်းစားမယ်။ 0:16:01.000,0:16:04.000 ခင်ဗျားရဲ့ စံပြအဖေဟာ စည်းကမ်းတင်းကြပ်ပေမယ့် နူးညံ့တဲ့သူတယောက်ဖြစ်မယ်။ 0:16:04.000,0:16:06.000 အဲလိုမျိုးမှာ အတိအကျ သတ်မှတ်ဖို့ ခက်ခဲပါတယ်။ 0:16:06.000,0:16:10.000 ကျွန်တော်တို့ရဲ့ လူ့အဖွဲ့အစည်းမှာ စံပြအဖေတွေလိုအပ်ပါတယ်။ 0:16:10.000,0:16:12.000 အစွန်းနှစ်ဖက်ကနေ ကင်းဝေးတဲ့ အဖေမျိုး၊ 0:16:12.000,0:16:16.000 ဘယ်လိုမျိုးလည်းဆိုရင် တဖက်ကကြည့်ရင် အာဏာရှိတယ်၊ စည်းကမ်းတင်းကြပ်တဲ့သူ၊ 0:16:16.000,0:16:20.000 နောက်တဖက်အနေနဲ့ ပျော့ပျောင်းတဲ့ စည်းကမ်းလျော့ရဲတဲ့သူမျိုး။ 0:16:20.000,0:16:22.000 CA: Alain de Botton ပါ ခင်ဗျား။ 0:16:22.000,0:16:24.000 AB: ကျေးဇူး အများကြီး တင်ပါတယ် ခင်ဗျာ။ 0:16:24.000,0:16:34.000 (လက်ခုပ်သံများ)